The Deal With A Demon King

By HninAung913

130K 12.8K 931

မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ... More

Intro And Characters
Part 1 (အမှတ်အသား)
Part 2 ( ဘဝရဲ့စာမျက်နှာ)
Part 3 ( ပူလောင်ခြင်း)
Part 4 ( ကျေးဇူးကြွေး)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 15
Characters of Deal (Edit)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31**
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57

Part 14

2K 256 17
By HninAung913

"ချီယွမ်!!!!"

ယွင်းရန်က သူ၏ ဓားဖြင့် ထိုပိုးတုံးလုံးပုံစံအထုပ်အား အလည်မှ ထပ်ခြမ်းခွဲပစ်လိုက်သည်။ အထဲရှိ ချီယွမ်က မတ်တပ်ရပ်နေသည့်အနေအထားမျိုးနှင့် တောင့်တင်းလျက်ပင်ပြုတ်ကျလာလေ၏။ ယွင်းရန်က သူ၏ဓားကိုလက်ထဲမှအမြန်ဖျောက်ပစ်လိုက်ပြီးနောက် ပြုတ်ကျလာသော ချီယွမ်အားလှမ်းဖမ်းလိုက်သည်။

ချီယွမ်၏ ပုခုံးရှိအမှတ်အသားကပူခြစ်ကာနီရဲနေသည်။ ထိုအမှတ်အသားဆီကပင် အလင်းရောင်တစ်ချို့က သူ၏အင်္ကျီအောက်မှ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ ဖြာထွက်နေလေ၏။ ဒီတစ်ကြိမ်တွင်တော့ ယွင်းရန်က ချီယွမ်အား သေချာစွာပွေ့ဖက်ထားလိုက်သည်။သို့သော်လည်း ချီယွမ်၏ အသက်ရှုနှုန်းအား သူခံစား၍ မရချေ။ ချီယွမ်၏ မျက်နှာသည် သွေးမရှိစွာဖြူဖြော့နေလေ၏။

"ချီယွမ်...ချီယွမ်...ယွမ်လေး..."

ယွင်းရန်က ချီယွမ်အားပွေ့ဖက်ထားလျက်ပင် လှုပ်နှိုးနေသည်။ ချီယွမ်ဆီမှ မည်သည့်တုံ့ပြန်မှုမျိုးမှ မရသည့်အပြင် လှုပ်ရှားမှုဟူ၍လည်းမတွေ့ရ။

"မဖြစ်ဘူး။ မင်းသေလို့မရသေးဘူး။"

ယွင်းရန်က ချီယွမ်အား ပိုမိုတင်းကျပ်စွာဖက်တွယ်ရင်း ထပ်မံကာလှုပ်နှိုးနေပြန်သည်။

"ဖြေး...ဖြေးဖြေး..လုပ်ပါဗျာ...အဖိုးကြီးလုပ်မှ ကျွန်တော်တကယ်သေသွားအုန်းမယ်။"

ချီယွမ်၏ မျက်ဝန်းများကတဖြည်းဖြည်းချင်းပွင့်ကာလာသည်။ သူ၏နှုတ်ခမ်းပါးလေးများက အထက်သိူ့ကော့ညွှန့်ကာနေပြီး ယွင်းရန်ကိုကြည့်နေသည်။ အစောပိုင်း သွေးမရှိသလိုဖြစ်ကာ ဖြူဖြော့နေသော မျက်နှာသည်လည်း ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပြီး ပြန်လည်ဝင်းလာလေ၏။

"နိုးလာပြီလား။"

ယွင်းရန်က မျက်နှာသေဖြင့်မေးလိုက်သည်။ သူ၏ပုံစံက မကြာသေးခင်ကပင် ချီယွမ်သေပြီ အထင်နှင့် ပြာယာခတ်သွားသောသူတစ်ယောက်နှင့် လုံးဝပင်မဆိုင်တော့သည့်နှယ်။ ချီယွမ်က ထပ်မံကာပြုံးလိုက်ပြီး သူ၏ လက်ကိုမြှောက်လိုက်သည်။ သူ၏ ခန္တာကိုယ်လေးသည် ယွင်းရန်၏ ရင်ခွင်ကျယ်ကြီးထဲတွင်နစ်မြုပ်နေလေ၏။ ချီယွမ်က သူ၏ မျက်နှာကို ယွင်းရန်၏ ရင်ဘတ်တွင် တေ့ကာ လက်သည်က အကျီရင်ဘတ်နားရှိအစကို ဆွဲထားလိုက်လေ၏။ မိခင်ရင်ခွင်ကို ကပ်တွယ်နေသည့် ကလေးတယောက်ပုံစံနှင့်ပင် ဆင်တူလှသည်။

"ပြန်ကြရအောင်။ မင်းပင်ပန်းနေမယ်ထင်တယ်။"

ချီယွမ်က စကားတစ်ခွန်းမျှမပြောတော့ပဲ ယွင်းရန်၏ ရင်ခွင်ထဲတွင်သာ ခေါင်းထိုးအပ်လျက် မျက်စိမှိတ်ကာအိပ်သွားလေတော့သည်။ ယွင်းရန်က ချီယွမ်အားပွေ့ချီထားလျက်ပင် ထိုလိုဏ်ဂူအတွင်းမှ ထွက်လာခဲ့လိုက်တော့သည်။

အပြင်ဘက်တွင်လည်း ထုံးစံအတိုင်းပင့်ကူများက စောင့်တည်ရာမရဖြစ်နေကြသလိုပင် ရုတ်ရုတ်သဲသဲလျှောက်ပြေးလွှားနေကြ၏။ ယွင်းရန်က ချီယွမ်အား ပွေ့ချီထားကာ ထိုပင့်ကူလိုဏ်ဂူကိုကျောပေးထားရာမှ သူ၏ ဦးခေါင်းကိုသာ ဘေးဘက်သို့အနည်းငယ်စောင်းလိုက်သည်။ ယွင်းရန်၏ မျက်ဝန်းရှိ မျက်ဆံများက ချက်ချင်းဆိုသလိုပင် နီရဲကာ မီးတောက်တစ်ခုတောက်လောင်သကဲ့သို့ ဖြစ်သွားပြီးနောက် နောက်ဘက်ရှိ ပင့်ကူလိုဏ်ဂူကြီးသည်လည်း ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ကာ ကျောက်တုံး၊ ကျောက်ခဲများကဲ့သို့ တစ်စစီ ကြေမွသွားလေတော့သည်။

ယွင်းရန်က သူ၏ရင်ခွင်ထဲတွင်အိပ်ပျော်နေသော ချီယွမ်အားတစ်ချက်ကြည့်ကာ သူ၏ရင်ခွင်ထဲသို့ပို၍ပင် သွင်းလိုက်ရင်း ထိုနေရာမှ ထွက်လာခဲ့သည်။

...........................................

ယွင်းရန်၏ နန်းဆောင်ရှိ အိပ်ယာထက်တွင် တိဟွက ချီယွမ်အား စောင်ခြုံပေးနေသည်။ ချီယွမ်၏ မျက်ဝန်းများက မှေးစင်းကာနေသေး၏။ နာကျင်မှုကို တင်းခံနေသကဲ့သို့ပင်။ ယွင်းရန်က တိဟွကို နန်းတွင်းသမားတော်အား ခေါ်လာရန် မေးမော့ကာ အမိန့်ပေးလိုက်သည်။ စိတ်ခြင်းဆက်သွယ်ထားသလိုပင် တိဟွက ခေါင်းငြိမ့်ပြလိုက်၏။ ချီယွမ်က မျက်ဝန်းကျဥ်းလေးများနှင့်ပင် အိပ်ယာနှင့် မလှမ်းမကမ်းတွင်လက်နှစ်ဖက်နောက်ပစ်ကာ မတ်တပ်ရပ်နေသော ယွင်းရန်ကိုလှမ်းကြည့်ရင်း

"အဖိုးကြီး...ခင်ဗျားသိလား။"

"......."

ယွင်းရန်က ချီယွမ်ကိုပြန်ကြည့်သည်။ မည်သည့်အဖြေကိုမျှတော့သူမပေးချေ။ ချီယွမ်ကပင် ဆက်ပြောလာလေ၏။ သို့သော်လည်း ချီယွမ်က ထိုစကားအား အိပ်ခန်းအဆောင်၏ အပေါ်ဘက်မျက်နှာချပ်ကိုအကြည့်ပြောင်းလိုက်ရင်းဆိုသည်။

"ကျွန်တော် အဖိုးကြီးကိုသဘောကျနေမိပြီထင်တယ်။"

"......."

ယွင်းရန်၏ မျက်ဝန်းတို့ကမသိမသာတော့ပြောင်းလဲသွားလေသည်။ ထိုအချိန် အခန်းအပြင်ထွက်ရန် တံခါးကိုဖွင့်နေသည့် တိဟွသည်လည်း သူ၏ခြေလှမ်းအားထိုနေရာတွင်ပင် ရပ်တန့်သွားမိ၏။ သူက ယွင်းရန်ကို လှမ်းကြည့်သည်။ နောက်ကျောဘက်ကိုသာမြင်ရသော်လည်း တစ်ခုခုထူးခြားနေသည်ကိုတော့ သူထင်လိုက်မိသည်။ သို့သော်လည်း တိဟွက မကြားလိုက်မိသည်ပုံစံဖြင့်​​ပင် တံခါးကိုဖွင့်ကာအပြင်ဘက်သို့ထွက်လာခဲ့လိုက်တော့သည်။

ချီယွမ်က မည်သည့်အသံမျှမကြားရတာကြောင့် သူကယွင်းရန်ကိုလှမ်းကြည့်သည်။ ယွင်းရန်က သူ၏မျက်ဝန်းများကို မှိတ်ကာထားပြီး မတ်တပ်ရပ်ကာတရားထိုင်နေသည့်နှယ် ပြုမှုနေသည်။ လက်နှစ်ဖက်ကတော့ နောက်သို့ပစ်ထားဆဲပင်။

"အိပ်ပျော်နေတာလား။"

ချီယွမ်က လှမ်းမေးလိုက်သည်။ သို့သော်လည်း ယွင်းရန်ကမည်သည့်တုံ့ပြန်မှုမျိုးကိုမျှ မပေးချေ။ ချီယွမ်က မျက်နှာကျက်ကိုသာ ပြန်ကြည့်လိုက်ရင်း ဆက်ပြောသည်။

" ကျွန်တော်ငယ်ငယ်ထဲက အမေတို့နဲ့ဝေးခဲ့ရတာ၊ မွေးစားအဖေက ကျွန်တော့ကိုဂရုစိုက်ပေမဲ့ မွေးစားအမေရဲ့ အကြည့်တွေကြောင့် ကျွန်တော့်ဘဝကအဆင်မပြေခဲ့ဘူး။ မွေးစားအဖေဆုံးပါးသွားပြီးတဲ့နောက်ကျတော့ ပိုဆိုးလာခဲ့တာပေါ့။ ကျွန်တော်အနေနဲ့ ဂရုစိုက်ခံရတာတွေ၊ နွေးထွေးမှုဆိုတဲ့ မိဘမေတ္တာတွေဆိုတာ ဘာမှန်းကိုမသိခဲ့တော့တာ။ မေ့နေခဲ့တာ ကြာပြီ။ "

ချီယွမ်က ယွင်းရန်ဘက်သို့အကြည့်ရောက်လာပြန်သည်။ ယွင်းရန်က မျက်စိဆုံမှိတ်ကာငြိမ်သက်နေဆဲ။ ချီယွမ်က ပြုံးလိုက်ပြီး သူ၏ရင်ဘတ်နားထိရှိနေသောခြုံစောင်အား သူ့၏မျက်နှာထက်ရှိ နှခေါင်းဖုံးသည်အထိ ဆွဲတင်ကာ အုပ်လိုက်ရင်းဆိုသည်။

"အဲ့တာကြောင့် ကျွန်တော် အဖိုးကြီးကို သဘောကျနေမိပြီထင်တယ်။ "

"မင်း ဖျားနေပြီ။ ခဏနေရင် သမားတော်ရောက်လာလိမ့်မယ်။ သူပေးတဲ့ဆေးသောက်လိုက်။"

ယွင်းရန်က ထိုစကားကိုပြောပြီးနောက်  ချက်ချင်းပင် အခန်းအပြင်ဘက်သို့ဦးတည်ထွက်လိုက်သည်။ အခန်းတံခါးအား အမြန်ဆွဲဖွင့်လိုက်ပြီး အပြင်သိူ့ထွက်ကာ အသံမြည်သည်အထိပင် ဆွဲပိတ်ပစ်လိုက်သည်။ ချီယွမ်က ပြူးကြောင်ကြောင်လေးနှင့်ပင် ထိုဆောင့်ပိတ်ခံလိုက်ရသော တံခါးအားကြည့်နေလေ၏။

ယွင်းရန်က အပြင်ဘက်တွင်တံခါးအားမှီချလိူက်သည်။ သူ၏ ဘယ်ဘက်ရင်အုံ၏ ခပ်မြန်မြန်လှုပ်ရှားနေမှုကို သူမခံစားနိုင်​ေတ့ာတာကြောင့် ပြေးထွက်လာလိုက်ခြင်းက အကောင်းဆုံးဖြေရှင်းနည်းတစ်ခုပင်။ ယွင်းရန်က သူ၏ရင်ဘတ်အား ဖိထားလိုက်သည်။

"အရှင်ယွင်းရန် ။"

ယွင်းရန်က အသံကြားရာကိုကြည့်လိုက်လေတော့တိဟွနှင့်အတူ ဆေးသေတ္တာကိုင်ကာထားသော သမားတော်တစ်ယောက်က ယွင်းရန်အား ခေါင်းငုံ့ကာဂါရဝပြုနေကြသည်။ ယွင်းရန်က သူ၏လက်ကိုအောက်သို့ပြန်ချလိုက်ပြီး ချောင်းဟန့်လိုက်သည်။

"အဟမ်း......အထဲကိုဝင်သွားလိုက်။"

"အမိန့်အတိုင်းပါအရှင်။"

တိဟွက သမားတော်ကိုအထဲသို့ဝင်ရင် လက်ပြလိုက်သည်။ သမားတော်က တံခါးကိုတွန်းဖွင့်ကာပင် အထဲသို့ဝင်သွားလေ၏။ တိဟွက ထိုနေရာတွင်သာ ရပ်နေပြီး ယွင်းရန်ကိုကြည့်နေသည်။

"အရှင်ယွင်းရန်....ကျွန်တော်တို့ သေရည်သောက်ကြမလား။"

ယွင်းရန်က တိဟွကိုစိုက်ကြည့်လိုက်သည်။ တိဟွက ခေါင်းကိုငုံ့ကာထားပြီး သူ၏အဖြေကိုစောင့်နေပုံရသည်။ ယွင်းရန်က မျက်လွှာချလိုက်ပြီး

"ကောင်းပြီ။"

..............................

"အရှင် မှတ်မိသေးလား။ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်လောက်က သုံးလောကစွမ်းရည် ပြိုင်ပွဲတစ်ခုကိုလေ။"

နန်းဆောင်ကြီး၏ ခေါင်းမိုးပေါ်တွင် ယွင်းရန်ရော တိဟွပါ တောက်ပနေသော လမင်းကြီးကို မျက်နှာမူလျက်ထိုင်နေကြသည်။ ယွင်းရန်က သေရည်ခွက်အသေးလေးကိုကိုင်ထားကာ ထိုခွက်ထဲရှိသေရည်များကို ကြည့်နေသည်။

"အင်း။"

ယွင်းရန်ကဖြေသည်။ တိဟွက သူတို့ကြားတွင်ချထားသော သေရည်ပုလင်းကိုယူလိုက်ရင်း သူ၏ခွက်လေးထဲတွင်ဖြည့်လိုက်သည်။

"အဲ့နေရာက အရာအားလုံးရဲ့အစပဲမဟုတ်လား။

အဲ့နေ့က အရှင်သာအဲ့ဒီပွဲကိုမသွားခဲ့ရင် ၊ နျူးနဲ့သာ မတွေ့ခဲ့ရင် အရာအားလုံးကပြောင်းလဲသွားလိမ့်မယ်လို့ထင်တယ်။ "

"ဖြစ်ခဲ့တာတွေက ဖြစ်ခဲ့ပြီးပြီ။"

ယွင်းရန်က ထိုစကားကိုပြောပြီး သေရည်ခွက်ကို ပါးစပ်တွင်တေ့ကာမော့ချလိုက်သည်။ ရုတ်တရက်ပင် တိဟွက ယွင်းရန်ကိုပြူးကြည့်လာသည်။ သူ၏ သေရည်ခွက်ကို အဝေးသိူ့လွင့်ပစ်လိုက်ပြီး

" အဲ့တာဆို ဘာလို့နျူးကိုခွင့်မလွတ်နိုင်တာလဲ။ သူ့မှာလည်း အ​ကြောင်းပြချက်တစ်ခုခုရှိမှာပေါ့။ ဘာလို့ဒီလိုလုပ်ရလဲ ဆိုတာ မေးကြည့်ဖူးလား။ သူ့မှာလဲ အခက်အခဲတွေရှိခဲ့မှာပေါ့ မဟုတ်ဘူးလား။"

"........."

တိဟွကဆက်တိုက်ပင် ယွင်းရန်ကိုကြည့်ရင်းပြောနေသည်။ ယွင်းရန်ကလည်း တိဟွကိုကြည့်နေ၏။ သူ၏ မျက်နှာက မည်သည့်အမူအရာမျိုးမှမရှိသော်လည်း မျက်မှောင်ကြုတ်နေသည်။ တိဟွက တခဏကြာမှ သူ၏ ခေါင်းကိုခါလိုက်သည်။ သူက ရုတ်တရက် အသိဝင်လာသည့်ပုံစံဖြင့် အံသြသည့်မျက်နှာအမူအရာနှင့်ပင် မတ်တပ်ကောက်ရပ်လိုက်သည်။ ခါးကို ကိုင်းကာ ခေါင်းသည်ပင် ဒူးနားထိရောက်လုနီးသည်အထိ ငုံ့လိုက်ပြီး

"အ..အရှင်ယွင်းရန် ။ ကျွန်...ကျွန်တော်တောင်းပန်ပါတယ်။ မူးနေလို့ပါ။ ကျွန်တော့်ကိုခွင့်ပြုပါအုန်း။"

တိဟွက ချက်ချင်းပင် အခိုးအငွေ့ပုံစံဖြင့် ပျောက်ကွယ်သွားလေတော့သည်။ ယွင်းရန်သည်ပင်လျင် မည်သည့်စကားတစ်ခွန်းမျှ ဟချိန်မရလိုက်ချေ။

ယွင်းရန်က သူ၏သေရည်အားတစ်ကျိုက်မော့လိုက်သည်။ ပြောင်ကာသွားသော သေရည်ခွက်အား လက်ညိုးနှင့်လက်မကြား လှိမ့်ရင်း ခနဲ့သည့်ပုံစံဖြင့်ရီလိုက်သည်။

"ငါတကယ်ပဲ အဆုံးစွန်ထိယုံကြည်ခဲ့တာပေါ့။ ဖြေရှင်းချက်တွေလည်းတောင်းခဲ့တာပေါ့။ ငါအရာအားလုံးလုပ်ခဲ့တာ။ အဖြစ်မှန်တစ်ခုသိလိုက်ရတိုင်းမှာ ငါ့နှလုံးသားက ဓားနဲ့တစ်ချက်ချင်းမွှန်းခံရသလိုနာကျင်ခဲ့ရတယ်။

နျူး.....နျူး....နျူးတဲ့။ တစ်သက်လုံးမမေ့နိုင်တဲ့ နာမည်တစ်ခုပေါ့။ ဟူး..........ငါမင်းကိုဘယ်လိုလုပ်ပြီးထပ်ချစ်ရဲပါ့မလဲ။"

ယွင်းရန်ကသူ၏ ရင်ဘတ်ကိုခပ်ပြင်းပြင်းထုရိုက်ပစ်လိုက်သည်။ သူ၏မှတ်ဉာဏ်များကလည်း သူနှင့် နျူးတို့စတင်တွေ့ဆုံသည့် အချိန်သို့ ရောက်မိသွားလေ၏။

~~~~~~~~~~~

"ခ်ီယြမ္!!!!"

ယြင္းရန္က သူ၏ ဓားျဖင့္ ထိုပိုးတုံးလုံးပုံစံအထုပ္အား အလည္မွ ထပ္ျခမ္းခြဲပစ္လိုက္သည္။ အထဲရွိ ခ်ီယြမ္က မတ္တပ္ရပ္ေနသည့္အေနအထားမ်ိဳးႏွင့္ ေတာင့္တင္းလ်က္ပင္ျပဳတ္က်လာေလ၏။ ယြင္းရန္က သူ၏ဓားကိုလက္ထဲမွအျမန္ေဖ်ာက္ပစ္လိုက္ၿပီးေနာက္ ျပဳတ္က်လာေသာ ခ်ီယြမ္အားလွမ္းဖမ္းလိုက္သည္။

ခ်ီယြမ္၏ ပုခုံးရွိအမွတ္အသားကပူျခစ္ကာနီရဲေနသည္။ ထိုအမွတ္အသားဆီကပင္ အလင္းေရာင္တစ္ခ်ိဳ႕က သူ၏အကၤ်ီေအာက္မွ မွိတ္တုတ္မွိတ္တုတ္ျဖစ္ကာ ျဖာထြက္ေနေလ၏။ ဒီတစ္ႀကိမ္တြင္ေတာ့ ယြင္းရန္က ခ်ီယြမ္အား ေသခ်ာစြာေပြ႕ဖက္ထားလိုက္သည္။သို႔ေသာ္လည္း ခ်ီယြမ္၏ အသက္ရႈႏႈန္းအား သူခံစား၍ မရေခ်။ ခ်ီယြမ္၏ မ်က္ႏွာသည္ ေသြးမရွိစြာျဖဴေျဖာ့ေနေလ၏။

"ခ်ီယြမ္...ခ်ီယြမ္...ယြမ္ေလး..."

ယြင္းရန္က ခ်ီယြမ္အားေပြ႕ဖက္ထားလ်က္ပင္ လႈပ္ႏွိုးေနသည္။ ခ်ီယြမ္ဆီမွ မည္သည့္တုံ႕ျပန္မႈမ်ိဳးမွ မရသည့္အျပင္ လႈပ္ရွားမႈဟူ၍လည္းမေတြ႕ရ။

"မျဖစ္ဘူး။ မင္းေသလို႔မရေသးဘူး။"

ယြင္းရန္က ခ်ီယြမ္အား ပိုမိုတင္းက်ပ္စြာဖက္တြယ္ရင္း ထပ္မံကာလႈပ္ႏွိုးေနျပန္သည္။

"ေျဖး...ေျဖးေျဖး..လုပ္ပါဗ်ာ...အဖိုးႀကီးလုပ္မွ ကြၽန္ေတာ္တကယ္ေသသြားအုန္းမယ္။"

ခ်ီယြမ္၏ မ်က္ဝန္းမ်ားကတျဖည္းျဖည္းခ်င္းပြင့္ကာလာသည္။ သူ၏ႏႈတ္ခမ္းပါးေလးမ်ားက အထက္သိူ႕ေကာ့ၫႊန့္ကာေနၿပီး ယြင္းရန္ကိုၾကည့္ေနသည္။ အေစာပိုင္း ေသြးမရွိသလိုျဖစ္ကာ ျဖဴေျဖာ့ေနေသာ မ်က္ႏွာသည္လည္း ခ်က္ခ်င္းဆိုသလိုပင္ ေပ်ာက္ကြယ္သြားၿပီး ျပန္လည္ဝင္းလာေလ၏။

"နိုးလာၿပီလား။"

ယြင္းရန္က မ်က္ႏွာေသျဖင့္ေမးလိုက္သည္။ သူ၏ပုံစံက မၾကာေသးခင္ကပင္ ခ်ီယြမ္ေသၿပီ အထင္ႏွင့္ ျပာယာခတ္သြားေသာသူတစ္ေယာက္ႏွင့္ လုံးဝပင္မဆိုင္ေတာ့သည့္ႏွယ္။ ခ်ီယြမ္က ထပ္မံကာၿပဳံးလိုက္ၿပီး သူ၏ လက္ကိုျမႇောက္လိုက္သည္။ သူ၏ ခႏၱာကိုယ္ေလးသည္ ယြင္းရန္၏ ရင္ခြင္က်ယ္ႀကီးထဲတြင္နစ္ျမဳပ္ေနေလ၏။ ခ်ီယြမ္က သူ၏ မ်က္ႏွာကို ယြင္းရန္၏ ရင္ဘတ္တြင္ ေတ့ကာ လက္သည္က အက်ီရင္ဘတ္နားရွိအစကို ဆြဲထားလိုက္ေလ၏။ မိခင္ရင္ခြင္ကို ကပ္တြယ္ေနသည့္ ကေလးတေယာက္ပုံစံႏွင့္ပင္ ဆင္တူလွသည္။

"ျပန္ၾကရေအာင္။ မင္းပင္ပန္းေနမယ္ထင္တယ္။"

ခ်ီယြမ္က စကားတစ္ခြန္းမွ်မေျပာေတာ့ပဲ ယြင္းရန္၏ ရင္ခြင္ထဲတြင္သာ ေခါင္းထိုးအပ္လ်က္ မ်က္စိမွိတ္ကာအိပ္သြားေလေတာ့သည္။ ယြင္းရန္က ခ်ီယြမ္အားေပြ႕ခ်ီထားလ်က္ပင္ ထိုလိုဏ္ဂူအတြင္းမွ ထြက္လာခဲ့လိုက္ေတာ့သည္။

အျပင္ဘက္တြင္လည္း ထုံးစံအတိုင္းပင့္ကူမ်ားက ေစာင့္တည္ရာမရျဖစ္ေနၾကသလိုပင္ ႐ုတ္႐ုတ္သဲသဲေလွ်ာက္ေျပးလႊားေနၾက၏။ ယြင္းရန္က ခ်ီယြမ္အား ေပြ႕ခ်ီထားကာ ထိုပင့္ကူလိုဏ္ဂူကိုေက်ာေပးထားရာမွ သူ၏ ဦးေခါင္းကိုသာ ေဘးဘက္သို႔အနည္းငယ္ေစာင္းလိုက္သည္။ ယြင္းရန္၏ မ်က္ဝန္းရွိ မ်က္ဆံမ်ားက ခ်က္ခ်င္းဆိုသလိုပင္ နီရဲကာ မီးေတာက္တစ္ခုေတာက္ေလာင္သကဲ့သို႔ ျဖစ္သြားၿပီးေနာက္ ေနာက္ဘက္ရွိ ပင့္ကူလိုဏ္ဂူႀကီးသည္လည္း ျပင္းထန္ေသာ ေပါက္ကြဲမႈတစ္ခုျဖစ္ကာ ေက်ာက္တုံး၊ ေက်ာက္ခဲမ်ားကဲ့သို႔ တစ္စစီ ေၾကမြသြားေလေတာ့သည္။

ယြင္းရန္က သူ၏ရင္ခြင္ထဲတြင္အိပ္ေပ်ာ္ေနေသာ ခ်ီယြမ္အားတစ္ခ်က္ၾကည့္ကာ သူ၏ရင္ခြင္ထဲသို႔ပို၍ပင္ သြင္းလိုက္ရင္း ထိုေနရာမွ ထြက္လာခဲ့သည္။

...........................................

ယြင္းရန္၏ နန္းေဆာင္ရွိ အိပ္ယာထက္တြင္ တိဟြက ခ်ီယြမ္အား ေစာင္ၿခဳံေပးေနသည္။ ခ်ီယြမ္၏ မ်က္ဝန္းမ်ားက ေမွးစင္းကာေနေသး၏။ နာက်င္မႈကို တင္းခံေနသကဲ့သို႔ပင္။ ယြင္းရန္က တိဟြကို နန္းတြင္းသမားေတာ္အား ေခၚလာရန္ ေမးေမာ့ကာ အမိန့္ေပးလိုက္သည္။ စိတ္ျခင္းဆက္သြယ္ထားသလိုပင္ တိဟြက ေခါင္းၿငိမ့္ျပလိုက္၏။ ခ်ီယြမ္က မ်က္ဝန္းက်ဥ္းေလးမ်ားႏွင့္ပင္ အိပ္ယာႏွင့္ မလွမ္းမကမ္းတြင္လက္ႏွစ္ဖက္ေနာက္ပစ္ကာ မတ္တပ္ရပ္ေနေသာ ယြင္းရန္ကိုလွမ္းၾကည့္ရင္း

"အဖိုးႀကီး...ခင္ဗ်ားသိလား။"

"......."

ယြင္းရန္က ခ်ီယြမ္ကိုျပန္ၾကည့္သည္။ မည္သည့္အေျဖကိုမွ်ေတာ့သူမေပးေခ်။ ခ်ီယြမ္ကပင္ ဆက္ေျပာလာေလ၏။ သို႔ေသာ္လည္း ခ်ီယြမ္က ထိုစကားအား အိပ္ခန္းအေဆာင္၏ အေပၚဘက္မ်က္ႏွာခ်ပ္ကိုအၾကည့္ေျပာင္းလိုက္ရင္းဆိုသည္။

"ကြၽန္ေတာ္ အဖိုးႀကီးကိုသေဘာက်ေနမိၿပီထင္တယ္။"

"......."

ယြင္းရန္၏ မ်က္ဝန္းတို႔ကမသိမသာေတာ့ေျပာင္းလဲသြားေလသည္။ ထိုအခ်ိန္ အခန္းအျပင္ထြက္ရန္ တံခါးကိုဖြင့္ေနသည့္ တိဟြသည္လည္း သူ၏ေျခလွမ္းအားထိုေနရာတြင္ပင္ ရပ္တန့္သြားမိ၏။ သူက ယြင္းရန္ကို လွမ္းၾကည့္သည္။ ေနာက္ေက်ာဘက္ကိုသာျမင္ရေသာ္လည္း တစ္ခုခုထူးျခားေနသည္ကိုေတာ့ သူထင္လိုက္မိသည္။ သို႔ေသာ္လည္း တိဟြက မၾကားလိုက္မိသည္ပုံစံျဖင့္​​ပင္ တံခါးကိုဖြင့္ကာအျပင္ဘက္သို႔ထြက္လာခဲ့လိုက္ေတာ့သည္။

ခ်ီယြမ္က မည္သည့္အသံမွ်မၾကားရတာေၾကာင့္ သူကယြင္းရန္ကိုလွမ္းၾကည့္သည္။ ယြင္းရန္က သူ၏မ်က္ဝန္းမ်ားကို မွိတ္ကာထားၿပီး မတ္တပ္ရပ္ကာတရားထိုင္ေနသည့္ႏွယ္ ျပဳမႈေနသည္။ လက္ႏွစ္ဖက္ကေတာ့ ေနာက္သို႔ပစ္ထားဆဲပင္။

"အိပ္ေပ်ာ္ေနတာလား။"

ခ်ီယြမ္က လွမ္းေမးလိုက္သည္။ သို႔ေသာ္လည္း ယြင္းရန္ကမည္သည့္တုံ႕ျပန္မႈမ်ိဳးကိုမွ် မေပးေခ်။ ခ်ီယြမ္က မ်က္ႏွာက်က္ကိုသာ ျပန္ၾကည့္လိုက္ရင္း ဆက္ေျပာသည္။

" ကြၽန္ေတာ္ငယ္ငယ္ထဲက အေမတို႔နဲ႕ေဝးခဲ့ရတာ၊ ေမြးစားအေဖက ကြၽန္ေတာ့ကိုဂ႐ုစိုက္ေပမဲ့ ေမြးစားအေမရဲ႕ အၾကည့္ေတြေၾကာင့္ ကြၽန္ေတာ့္ဘဝကအဆင္မေျပခဲ့ဘူး။ ေမြးစားအေဖဆုံးပါးသြားၿပီးတဲ့ေနာက္က်ေတာ့ ပိုဆိုးလာခဲ့တာေပါ့။ ကြၽန္ေတာ္အေနနဲ႕ ဂ႐ုစိုက္ခံရတာေတြ၊ ႏြေးေထြးမႈဆိုတဲ့ မိဘေမတၱာေတြဆိုတာ ဘာမွန္းကိုမသိခဲ့ေတာ့တာ။ ေမ့ေနခဲ့တာ ၾကာၿပီ။ "

ခ်ီယြမ္က ယြင္းရန္ဘက္သို႔အၾကည့္ေရာက္လာျပန္သည္။ ယြင္းရန္က မ်က္စိဆုံမွိတ္ကာၿငိမ္သက္ေနဆဲ။ ခ်ီယြမ္က ၿပဳံးလိုက္ၿပီး သူ၏ရင္ဘတ္နားထိရွိေနေသာၿခဳံေစာင္အား သူ႕၏မ်က္ႏွာထက္ရွိ ႏွေခါင္းဖုံးသည္အထိ ဆြဲတင္ကာ အုပ္လိုက္ရင္းဆိုသည္။

"အဲ့တာေၾကာင့္ ကြၽန္ေတာ္ အဖိုးႀကီးကို သေဘာက်ေနမိၿပီထင္တယ္။ "

"မင္း ဖ်ားေနၿပီ။ ခဏေနရင္ သမားေတာ္ေရာက္လာလိမ့္မယ္။ သူေပးတဲ့ေဆးေသာက္လိုက္။"

ယြင္းရန္က ထိုစကားကိုေျပာၿပီးေနာက္  ခ်က္ခ်င္းပင္ အခန္းအျပင္ဘက္သို႔ဦးတည္ထြက္လိုက္သည္။ အခန္းတံခါးအား အျမန္ဆြဲဖြင့္လိုက္ၿပီး အျပင္သိူ႕ထြက္ကာ အသံျမည္သည္အထိပင္ ဆြဲပိတ္ပစ္လိုက္သည္။ ခ်ီယြမ္က ျပဴးေၾကာင္ေၾကာင္ေလးႏွင့္ပင္ ထိုေဆာင့္ပိတ္ခံလိုက္ရေသာ တံခါးအားၾကည့္ေနေလ၏။

ယြင္းရန္က အျပင္ဘက္တြင္တံခါးအားမွီခ်လိဴက္သည္။ သူ၏ ဘယ္ဘက္ရင္အုံ၏ ခပ္ျမန္ျမန္လႈပ္ရွားေနမႈကို သူမခံစားနိုင္​ေတ့ာတာေၾကာင့္ ေျပးထြက္လာလိုက္ျခင္းက အေကာင္းဆုံးေျဖရွင္းနည္းတစ္ခုပင္။ ယြင္းရန္က သူ၏ရင္ဘတ္အား ဖိထားလိုက္သည္။

"အရွင္ယြင္းရန္ ။"

ယြင္းရန္က အသံၾကားရာကိုၾကည့္လိုက္ေလေတာ့တိဟြႏွင့္အတူ ေဆးေသတၱာကိုင္ကာထားေသာ သမားေတာ္တစ္ေယာက္က ယြင္းရန္အား ေခါင္းငုံ႕ကာဂါရဝျပဳေနၾကသည္။ ယြင္းရန္က သူ၏လက္ကိုေအာက္သို႔ျပန္ခ်လိဳက္ၿပီး ေခ်ာင္းဟန့္လိုက္သည္။

"အဟမ္း......အထဲကိုဝင္သြားလိုက္။"

"အမိန့္အတိုင္းပါအရွင္။"

တိဟြက သမားေတာ္ကိုအထဲသို႔ဝင္ရင္ လက္ျပလိုက္သည္။ သမားေတာ္က တံခါးကိုတြန္းဖြင့္ကာပင္ အထဲသို႔ဝင္သြားေလ၏။ တိဟြက ထိုေနရာတြင္သာ ရပ္ေနၿပီး ယြင္းရန္ကိုၾကည့္ေနသည္။

"အရွင္ယြင္းရန္....ကြၽန္ေတာ္တို႔ ေသရည္ေသာက္ၾကမလား။"

ယြင္းရန္က တိဟြကိုစိုက္ၾကည့္လိုက္သည္။ တိဟြက ေခါင္းကိုငုံ႕ကာထားၿပီး သူ၏အေျဖကိုေစာင့္ေနပုံရသည္။ ယြင္းရန္က မ်က္လႊာခ်လိဳက္ၿပီး

"ေကာင္းၿပီ။"

..............................

"အရွင္ မွတ္မိေသးလား။ လြန္ခဲ့တဲ့ႏွစ္တစ္ေထာင္ေက်ာ္ေလာက္က သုံးေလာကစြမ္းရည္ ၿပိဳင္ပြဲတစ္ခုကိုေလ။"

နန္းေဆာင္ႀကီး၏ ေခါင္းမိုးေပၚတြင္ ယြင္းရန္ေရာ တိဟြပါ ေတာက္ပေနေသာ လမင္းႀကီးကို မ်က္ႏွာမူလ်က္ထိုင္ေနၾကသည္။ ယြင္းရန္က ေသရည္ခြက္အေသးေလးကိုကိုင္ထားကာ ထိုခြက္ထဲရွိေသရည္မ်ားကို ၾကည့္ေနသည္။

"အင္း။"

ယြင္းရန္ကေျဖသည္။ တိဟြက သူတို႔ၾကားတြင္ခ်ထားေသာ ေသရည္ပုလင္းကိုယူလိုက္ရင္း သူ၏ခြက္ေလးထဲတြင္ျဖည့္လိုက္သည္။

"အဲ့ေနရာက အရာအားလုံးရဲ႕အစပဲမဟုတ္လား။

အဲ့ေန႕က အရွင္သာအဲ့ဒီပြဲကိုမသြားခဲ့ရင္ ၊ န်ဴးနဲ႕သာ မေတြ႕ခဲ့ရင္ အရာအားလုံးကေျပာင္းလဲသြားလိမ့္မယ္လို႔ထင္တယ္။ "

"ျဖစ္ခဲ့တာေတြက ျဖစ္ခဲ့ၿပီးၿပီ။"

ယြင္းရန္က ထိုစကားကိုေျပာၿပီး ေသရည္ခြက္ကို ပါးစပ္တြင္ေတ့ကာေမာ့ခ်လိဳက္သည္။ ႐ုတ္တရက္ပင္ တိဟြက ယြင္းရန္ကိုျပဴးၾကည့္လာသည္။ သူ၏ ေသရည္ခြက္ကို အေဝးသိူ႕လြင့္ပစ္လိုက္ၿပီး

" အဲ့တာဆို ဘာလို႔န်ဴးကိုခြင့္မလြတ္နိုင္တာလဲ။ သူ႕မွာလည္း အ​ေၾကာင္းျပခ်က္တစ္ခုခုရွိမွာေပါ့။ ဘာလို႔ဒီလိုလုပ္ရလဲ ဆိုတာ ေမးၾကည့္ဖူးလား။ သူ႕မွာလဲ အခက္အခဲေတြရွိခဲ့မွာေပါ့ မဟုတ္ဘူးလား။"

"........."

တိဟြကဆက္တိုက္ပင္ ယြင္းရန္ကိုၾကည့္ရင္းေျပာေနသည္။ ယြင္းရန္ကလည္း တိဟြကိုၾကည့္ေန၏။ သူ၏ မ်က္ႏွာက မည္သည့္အမူအရာမ်ိဳးမွမရွိေသာ္လည္း မ်က္ေမွာင္ၾကဳတ္ေနသည္။ တိဟြက တခဏၾကာမွ သူ၏ ေခါင္းကိုခါလိုက္သည္။ သူက ႐ုတ္တရက္ အသိဝင္လာသည့္ပုံစံျဖင့္ အံၾသသည့္မ်က္ႏွာအမူအရာႏွင့္ပင္ မတ္တပ္ေကာက္ရပ္လိုက္သည္။ ခါးကို ကိုင္းကာ ေခါင္းသည္ပင္ ဒူးနားထိေရာက္လုနီးသည္အထိ ငုံ႕လိုက္ၿပီး

"အ..အရွင္ယြင္းရန္ ။ ကြၽန္...ကြၽန္ေတာ္ေတာင္းပန္ပါတယ္။ မူးေနလို႔ပါ။ ကြၽန္ေတာ့္ကိုခြင့္ျပဳပါအုန္း။"

တိဟြက ခ်က္ခ်င္းပင္ အခိုးအေငြ႕ပုံစံျဖင့္ ေပ်ာက္ကြယ္သြားေလေတာ့သည္။ ယြင္းရန္သည္ပင္လ်င္ မည္သည့္စကားတစ္ခြန္းမွ် ဟခ်ိန္မရလိုက္ေခ်။

ယြင္းရန္က သူ၏ေသရည္အားတစ္က်ိဳက္ေမာ့လိုက္သည္။ ေျပာင္ကာသြားေသာ ေသရည္ခြက္အား လက္ညိုးႏွင့္လက္မၾကား လွိမ့္ရင္း ခနဲ႕သည့္ပုံစံျဖင့္ရီလိုက္သည္။

"ငါတကယ္ပဲ အဆုံးစြန္ထိယုံၾကည္ခဲ့တာေပါ့။ ေျဖရွင္းခ်က္ေတြလည္းေတာင္းခဲ့တာေပါ့။ ငါအရာအားလုံးလုပ္ခဲ့တာ။ အျဖစ္မွန္တစ္ခုသိလိုက္ရတိုင္းမွာ ငါ့ႏွလုံးသားက ဓားနဲ႕တစ္ခ်က္ခ်င္းမႊန္းခံရသလိုနာက်င္ခဲ့ရတယ္။

န်ဴး.....န်ဴး....န်ဴးတဲ့။ တစ္သက္လုံးမေမ့နိုင္တဲ့ နာမည္တစ္ခုေပါ့။ ဟူး..........ငါမင္းကိုဘယ္လိုလုပ္ၿပီးထပ္ခ်စ္ရဲပါ့မလဲ။"

ယြင္းရန္ကသူ၏ ရင္ဘတ္ကိုခပ္ျပင္းျပင္းထုရိုက္ပစ္လိုက္သည္။ သူ၏မွတ္ဉာဏ္မ်ားကလည္း သူႏွင့္ န်ဴးတို႔စတင္ေတြ႕ဆုံသည့္ အခ်ိန္သို႔ ေရာက္မိသြားေလ၏။

~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

356K 27.7K 56
Kaman yanda kaddara ta hada aurensu bayan ta rabata da wanda take so. Haka yake tunanin kaddara zata sa dole ya cika alkawarin daya dauka bayan cikar...
235K 32.4K 200
Book-8 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
142K 15.8K 25
ဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် ။ မည်သည့်အယူအဆများကိုမျှ ထိပါးလိုခြင်းမရှိပါ ။ ဇာတ္လမ္းသည္ စာေရးသူ၏စိတ္ကူးယဥ္သက္သက္သာျဖစ္သည္ ။ မည္သည...
113K 2.4K 33
ကျွန်တော်က ကျွန်တော့်ကောင်မလေးကို *စာအုပ်လေး* လို့ ချစ်စနိုးခေါ်တယ်။ လောကမှာ ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့ မိန်းကလေးဖြစ်နေပါစေ လိုအပ်ချက် တစ်ခုတော့ ရှိ...