C-168 Infighting.
အခန္း ၁၆၈ ယွဥ္ျပိဳင္ျခင္း
“ဟိုမွာ ေသြးျပာ၀ံပုေလြ”
ေျမျပင္ေပၚသက္ဆင္းျပီးသည္ႏွင့္ သူတို႕ထဲက တစ္ေယာက္က အံအားသင့္စြာႏွင့္ ထုတ္ေဖာ္ေျပာဆုိလုိက္သည္။
လူတိုင္းက သူညႊန္ျပရာကို ၾကည့္လုိက္ၾကသည္။ ေသခ်ာတာေပါ့ သူတို႕ေတြ ေသြးေတြႏွင့္ ေရခ်ိဳးထားသလို ျဖစ္ေနေသာ ေသြးျပာ၀ံပုေလြတစ္ေကာင္ကို ေတြ႕လုိက္ရသည္။ သို႕ေသာ္ တစ္ခ်ိန္တည္းမွာပဲ ေသြးျပာ၀ံပုေလြနားတြင္ မတ္တပ္ရပ္ေနေသာ လူႏွစ္ေယာက္ကိုလဲ သူတို႕အျမင္အာရံုုကေန လ်စ္လ်ဴရႈထားလို႕ မရေပ။
အျပင္းထန္ဆံုး တုန္႕ျပန္မႈ ရွိသူက Tang YunQi ျဖစ္သည္။
သူ(မ)Ling Xiao ကိုျမင္လုိက္ခ်ိန္မွာ သူ႕မ်က္ႏွာ တစ္ခုလံုးက ၀င္းလက္ေတာက္ပသြားသည္။ သူက Ling Xiao ေဘးက You XiaoMo ကို အျမန္ပဲ တစ္ခ်က္ၾကည့္လုိက္ျပီးေတာ့ စိတ္လႈပ္ရွားစြာႏွင့္ ေျပးလာကာ အံ့အားသင့္စြာႏွင့္ “အစ္ကိုXiao. အစ္ကိုဘယ္လုိလုပ္ ဒီေရာက္လာတာလဲ”
သုခဘံုနယ္ေျမထဲ မ၀င္ခင္ Tang YunQi က Ling Xiao ႏွင့္ ဟိုနားဒီနား အတူသြားခ်င္သည္။ အခ်ိဳ႕ေသာ အေၾကာင္းျပခ်က္မ်ားေၾကာင့္ သူ႕အေဖက Lei Ju ႏွင့္ အျခားအၾကီးအကဲႏွစ္ေယာက္ကို သူ(မ)ႏွင့္ အဖြဲ႕ ဖြဲ႕ေပးလုိက္သည္။ ေနာက္က်ေတာ့လဲ သူတို႕ေတြက သူ(မ)ကို အစ္ကိုXiao ကို ေစာင့္ခြင့္မေပးၾကေခ်။ သူက အစ္ကိုXioa ကို အခ်ိန္အေတာ္ၾကာအထိ မေတြ႕ရေတာ့ဘူးဟု ထင္ေနခဲ့ေသာ္လည္း မေမွ်ာ္လင့္စြာႏွင့္ ရက္အနည္းငယ္သာ ရွိေသးသည္ ဘုရားက သူ႕(မ)ကို အစ္ကုိXiao ႏွင့္ ေတြ႕ဆံုခြင့္ေပးလိုက္သည္။
သို႕ေသာ္လည္း သူအဲဒိကို ေရာက္ခ်ိန္က်ေတာ့ အစ္ကိုXiao ေဘးတြင္ ဆိုးရြားလွစြာေသာ You XiaoMo မတ္တပ္ရပ္ေနတာ သူေတြ႕ရွိသြားသည္။
အရင္ကလုိသာဆုိလွ်င္ေတာ့ Tang YunQi က သူ(မ)ရဲ႕ မႏွစ္ျမိဳ႕ျခင္းေတြကို ျပသဖို႕ ေသခ်ာေပါက္ တုံ႕ဆိုင္းေနမွာမဟုတ္ သို႕ေသာ္လည္း သူ(မ)က အေတြ႕အၾကံဳေတြကေန သင္ယူျပီးျပီ။ You XiaoMo ကုိ မႏွစ္ျမိဳ႕ျခင္း တစ္စံုတစ္ရာ ျပသသည့္ အခ်ိန္က အစ္ကိုXiao ႏွင့္ သူမ ေ၀းသထက္ ေ၀းသြားေအာင္သာ ျပဳလုပ္ႏို္င္သည္။
“ဂ်ဴနီယာေမာင္ေလးYou မငး္ အစ္ကိုXiao နဲ႕ အတူရွိမယ္ဆုိတာ မမသိတယ္။ ႏွစ္ေယာက္စလံုးကို ေတြ႕ရတာ အရမ္း၀မ္းသာတာပဲ”
ေပ်ာ္ရႊင္စြားျပံဳးျပကာ You XiaoMo ကို ဖ်တ္ခနဲ အၾကည့္တစ္ခ်က္ ေပးလိုက္သည္။
You XiaoMo က ယံုရခက္ၾကီးႏွင့္ ပုတ္ခတ္ပုတ္ခတ္ ႏွစ္ၾကိမ္ျဖစ္သြားသည္။ သူတုိ႕ကုိ ေတြ႕ရတာ အရမ္း၀မ္းသာသည္ဟု ေျပာေနေသာ မိန္းမငယ္က သူ႕ကို အျမဲတမ္းမုန္းတီးစြာ ၾကည့္ေလ့ရွိေသာ Tang YunQi မွ ဟုတ္ရဲ႕လား။ သူေတြ႕ရတာ ၀မ္းသာသည္ဆုိတာ သူမဟုတ္ပဲ သူ႕ရဲ႕အစ္ကိုၾကီး ေနမွာေပ့ါ။
Tang YunQi ၏ သူ႕ကို မႏွစ္ျမိဳ႕မႈက အရင္ကလုိေတာ့ ၀ရုန္းသုန္းကား မဟုတ္ေတာ့ေပမယ့္ ဒီလုိအသြင္ကူးေျပာင္းမႈက သူ႕ကို ပိုျပီး ထိတ္လန္႕ေစသည္။ ဒီတစ္ေယာက္ကေတာ့ ေသခ်ာေပါက္ ျပႆနာေတြ ရွိေနတာပဲ။
အျခားတစ္ဖက္ကမူ Lei Ji ကေတာ့ Ling Xiao ကို ေတြ႕ရတာ မေပ်ာ္ရႊင္ေပ။
မီးေသြးမ်ားဖံုးအုပ္ထားသလိုမ်ိဳး မည္းေမွာင္ေနေသာ မ်က္ႏွာႏွင့္ ဓါးေျမာင္ႏွင့္ အၾကိမ္ၾကိမ္ထိုးေနသလုိ စူးရွေသာ အၾကည့္ႏွင့္ သာ ၾကည့္ေနသည္။ အခ်ိန္တစ္ခုၾကာမွ ေခ်ာက္တီးေခ်ာက္ခ်က္အျပံဳးျပံဳးကာ ေျပာသည္။
“Lin Xiao မင္း ဒီမွာ ဘာလုပ္ေနတာလဲ? မင္းရွိေနရမွာ……”
“ဘယ္မွာလဲ?” Ling Xiao ျပန္ေမးလုိက္သည္။
Lei Ju သီးသြားေတာ့မလို ျဖစ္ျပီး သူဆက္ေျပာမည့္အရာကို ဆက္မေျပာႏို္င္ေတာ့ေခ်။
Ling Xaio ကို ေျမာက္ဘက္ကို လႊတ္ဖို႕ဆိုတာ ကို လူနည္းစုသာ သိသည္ကို သူရုတ္တရက္ သတိရသြားသည္။ သူက Ling Xiao ထက္အရင္ သုခဘံုနယ္ေျမကို ၀င္လာတာျဖစ္သည္။ ေနာက္ပိုင္း သူႏွင့္ ထပ္မေတြ႕ေတာ့ပဲ ဒီအခ်ိန္ထိလည္း TianXinဂိုဏ္းက အျခားေသာ ဂိုဏ္းသားမ်ားႏွင့္လည္း မေတြ႕ခဲ့ေပ။ အကယ္လုိ႕ သူသာ ထုတ္ေျပာမိပါက Ling Xiao က ေသခ်ာေပါက္ သံသယ၀င္လိမ့္မည္။
ဒီလိုေတြးလုိ္က္သည္ႏွင့္ ဆက္မေျပာခင္ တစ္ခဏေလာက္ ရပ္ေနျပီးမွ “ဘာလုိ႕ မင္းတို႕ ႏွစ္ေယာက္ထဲ ျဖစ္ေနတာလဲ? အျခားဂိုဏ္းသားေတြေကာ ဘယ္မွာလဲ?”
Ling Xiao က သူ႕ကို အမူအယာ ကင္းမဲ့စြာၾကည့္ျပီးေတာ့ တည္ၿငိမ္စြာႏွင့္ “ သတိမထားမိတဲ့အခ်ိ္န္မွာပဲ ငါတို႕ကြဲသြားတာပဲ။ လမ္းမွာ ငါတို႕ အရမ္းအားေကာင္းတဲ့ ေမွာ္၀င္သားရဲနဲ႕ တုိးတယ္ေလ။ ငါတုိ႕လဲ ျပန္မတိုက္ႏို္င္ေတာ့ ေျပးရံုပဲ တတ္ႏို္င္တယ္ ဘယ္သူက ခန္႕မွန္းမိမွလဲ ငါတို႕ေတြ လူစုကြဲသြားလိမ့္မယ္ဆိုတာ? ဂ်ဴနီယာညီေလးYou ေကာ ငါေရာမွာ သုခဘံုနယ္ေျမရဲ႕ ေျမပံုမွ မပါတာ ဒီေတာ့ ဒီကို ေျပးမိတာနဲပဲ အဆံုးသတ္သြားတယ္”
အေရွ႕အရပ္က ေျမာက္အရပ္ေဘးကပ္ရပ္ဆိုတာ့ သူတုိ႕ သူ႕ကို သံသယ၀င္မွာ မစိုးရိမ္ေပ။ သူတုိ႕ေတြ သံသယ၀င္ရင္ေတာင္ သူတို႕ဒီကိစၥကို ဘာမွ မတတ္ႏိုင္ေပ။
“အဲလုိလား”
Lei Ju ၏ ပါးစပ္အစြန္းနားက တြန္႕သြားသည္။ သူက အဲဒိ ေမွာ္၀င္သားရဲက Ling Xiao ကို သတ္လုိက္ပါေစေတာင္ တကယ္ၾကီး ဆုေတာင္းသည္။
“အိုး.. ဟုတ္သားပဲ မင္းတုိ႕ေကာ ဘာလုိ႕ အကုန္ဒီေရာက္ေနတာလဲ? ငါမွတ္မိတာေတာ့ မင္းတို႕အကုန္လံုးက အေနာက္ေတာင္ဘက္ကို သြားရမွာပဲ။ မင္းတို႕ေရာ ငါတို႕လိုပဲ လမ္းေပ်ာက္သြားတာလား?”
Ling Xiao က ျပဳံးကာ သူတုိ႕ကို ျပန္ေမးလုိက္သည္ သူ႕မ်က္လံုးေတြကေတာ့ Lei Juကုိ စုိက္ၾကည့္ရင္းႏွင့္ေပ့ါ။
Lei Ju က သူ႕အၾကည့္မွာတင္ ပ်ာယာခတ္သြားေသာေၾကာင့္ သူ႕ေမးခြန္းကို မင္ေသေသ ျပန္ေျဖဖို႕ပ်က္ကြက္သြားသည္။
ဒီတစ္ခ်ိန္မွာေတာ့ ေဘးမွာ တိတ္တိတ္ေလးရပ္ေနေသာ အၾကီးအကဲWang က ရုတ္တရက္ ၾကီး ၀င္ရွင္းျပလုိက္သည္။
“ညီေလးLinေရ ငါတို႕က ေမွာ္၀င္သားရဲတစ္ေကာင္ကို လုိက္ဖမ္းလုိ႕ ေရာက္လာတာ။ ဒါေပမယ့္ အဲဒိေမွာ္၀င္သားရဲက ဥာဏ္နီဥာဏ္နက္မ်ားလြန္းတယ္ ငါတို႕ကို ဒီကို ေရာက္ေအာင္ ေခၚလာတယ္ေလ။ မေမွ်ာ္လင့္ပဲ ဒီအထိလုိက္လာမိတာ ဒါေပမယ့္…… ”
အေတာ္ၾကာေအာင္ ေျပာျပီးမွ အၾကီးအကဲWang က ရုတ္တရက္ ေျပာခ်င္သည့္အခ်က္ကို ေရာက္သြားသည္။ သူ႕ရဲ႕ လိမၼာပါးနပ္ေသာ အၾကည့္က You XiaoMo ေရွ႕က Da PiQiu ဆီေရာက္သြားသည္။ “ဒီေမွာ္၀င္သားရဲက ဒီဘက္ကိုသာ မေျပးခဲ့ရင္ ငါတို႕ ဒီေမွာ္၀င္သားရဲကို ဖမ္းမိတာ ၾကာလွျပီ”
သူ႕စကားက လူတုိင္း၏ အာရံုကို ခ်က္ခ်င္းဖမ္းစားသြားသည္။
ဒီေတာ့မွာ လူတိုင္းက သူတုိ႕လိုက္ဖမ္းေနေသာ ေသြးျပာ၀ံပုေလြက တကယ္ၾကီး You XiaoMoအေရွ႕မွာ တိတ္တိတ္ေလးလွဲေနမွန္း သတိထားေတာ့သည္။ ျပီးေတာ့ အဲဒိအေကာင္က You XiaoMo သူ႕ဒါဏ္ရာေတြကို သန္႕ရွင္းေရး လုပ္ေပးေနတာကို လံုး၀ မခုခံေပ။
Tang YunQi က You XiaoMo ကို ဖ်တ္ခနဲ တစ္ခ်က္ၾကည့္ျပီးေတာ့ Ling Xiao ကို ၾကည့္လုိက္သည္။ သူက ရုတ္တရက္ သိသာစြာႏွင့္ “အစ္ကိုXiao အဲဒိေသြးျပာ၀ံပုေလြက အရမ္းလွတာပဲ။ အစ္ကို႕ကို သခင္အျဖစ္ အသိအမွတ္ျပဳျပီးျပီလား? အဲဒါကိုQiေလးကို ေပးပါလား၊ Qiေလးက အရမ္းသေဘာက်လို႕”
လူတိုင္းက ခ်က္ခ်င္း Ling Xiao ကို လွည့္ၾကည့္ၾကသည္။
သူတုိ႕က ေသြးျပာ၀ံပုေလြတြင္ သခင္မရွိေသးဘူးဟု ထင္ၾကသည္။ သူတို႕ လိုက္ဖမ္းေနတုန္းမွာပဲ Ling Xiao က ယဥ္ပါးေအာင္ လုပ္လုိက္တာလဲ ျဖစ္ႏုိ္င္တာပဲ။ အခ်ိန္က တိုေတာင္းေပမယ့္ သူတုိ႕ေၾကာင့့္ ေသြးျပာ၀ံပုေလြက ပင္ပန္းေနတာေၾကာင့္ဟု ယံုုၾကည္လုိက္သည္။ အဲဒါေၾကာင့္ပဲ Ling Xiaoက ေအာင္ျမင္စြာႏွင့္ ယဥ္ပါးေစႏို္င္သည္။ ထုိ႕ေၾကာင့္ ဒီေသြးျပာ၀ံပုေလြက သူတို႕ႏွင့္ သက္ဆုိင္မွသာ မွန္ကန္လိမ့္မည္။ ညီမငယ္ေလးကို ေပးတာက မဆီေလ်ာ္တာေတာ့ မဟုတ္ေပ။
“အဲလုိ လုပ္လို႕မရဘူး”
Ling Xiao ၏ ႏႈတ္ခမ္းစြန္းမ်ားက အနည္းငယ္တက္သြားကာ နည္းနည္းေလးေတာင္ တုန္႕ဆို္င္းျခင္းမရွိပဲ ျငင္းဆုိလုိက္သည္။
Tang YunQiက ေၾကာင္သြားသည္။ ျမန္ျမန္ဆန္ဆန္ပဲ ျပန္ျပီးအာရံုျပန္၀င္လာကာ သူ႕ဘာသာ တည္ျငိမ္သည့္ ေလသံရေအာင္ အားတင္းကာ ေမးလုိက္သည္။ “ဘာလုိ႕မရတာလဲ? ဒီေသြးျပာ၀ံပုေလြက ဆက္ႏြယ္ျပီးသားလို႕ေတာ့ အစ္ကိုXiao မေျပာနဲ႕ေနာ္?”
Ling Xiao ေခါင္းခါလုိက္သည္။ သူ႕ႏႈတ္ခမ္းစြန္းက ျပံဳးလိုက္သလို ေကြးတက္သြားကာ “ခန္႕မွန္းတာ ေတာ့ မွန္တယ္ ဒါေပမယ့္ ေသြးျပာ၀ံပုေလြနဲ႕ ဆက္ႏြယ္တဲ့သူက ငါမဟုတ္ဘူး”
အဲဒါႏွင့္ လူတိုင္း၏ အၾကည့္ေတြက You XiaoMo ဆီသုိ႕ ကူးေျပာင္းသြားၾကသည္။ အကယ္လုိ႕ Ling Xiao မဟုတ္ဘူးဆိုရင္ You XiaoMo ပဲ ျဖစ္လိမ့္မည္။ အဖြဲ႕ထဲက လူတစ္ေယာက္ကေတာ့ သူ႕ရဲ႕မနာလုိမႈေတြကို ၾကိဳးစားထိန္းခ်ဳပ္ေနရကာ မသိမသာ ခိုးေခ်ာင္ခိုး၀ွက္ႏွင့္ သူ႕မ်က္လံုးေထာင့္ကေန You XiaoMo ကို ၾကည့္ေနသည္။
Tang YunQi မေျပာခင္မွာတင္ Lei Ju က ခ်က္ခ်င္းကို သေဘာမက်ျဖစ္ကာ ျဖတ္၀င္လာသည္။ “Lin Xiao မင္းအရမ္းမ်ားသြားျပီ။ ငါတုိ႕က ေသြးျပာ၀ံပုေလြကို အရင္ေတြ႕တာ။ ဘာေၾကာင့္ You XiaoMo ကို ေပးလုိ႕ရတယ္လုိ႕ မင္းေတြးလုိက္ရတာလဲ? ငါတို႕ကသာ ျပင္းျပင္းထန္ထန္ ဒဏ္ရာ ရေအာင္ မလုပ္ထားဘူးဆုိရင္ မင္းအဲဒါကို ဖမ္းလို႕ရမယ္လုိ႕ ထင္လား?”
အေစာက ေသြးျပာ၀ံပုေလြက အဆင့္ငါး သာ ရွိသည္။ သုိ႕ေသာ္ အဲဒါက Lei Ju ႏွင့္ အေဖာ္အေပါင္းမ်ားကို မေတြ႕ခင္ျဖစ္က ျဖစ္သည္။ သူက ၾကယ္အဆင့္ က်င့္ၾကံသူတစ္ေယာက္ႏွင့္ တုိက္ခုိ္က္ရင္းႏွင့္ အဆင့္ေျခာက္ ေမွာ္၀င္သားရဲအျဖစ္ ေအာင္ေအာင္ျမင္ျမင္ အဆင့္တက္သြားသည္။
Lin Xiao ကလည္း ၾကယ္အဆင့္ က်င့္ၾကံသူ ျဖစ္ေသာေၾကာင့္ ေသြးျပာ၀ံပုေလြ၏ အားအင္က သူ႕ထက္ နိမ့္က်ကာ ဆက္ႏြယ္ဖို႕အတြက္ အမိန္႕ေပးေစခုိင္းႏို္င္သည္။ ထုိ႕ေၾကာင့္ သူတို႕က သူတုိ႕ရဲ႕ လုပ္ေဆာင္ခ်က္ေၾကာင့္ဟု ခံစားရတာျဖစ္သည္။
Lei Ju ေျပာတာ ျပီးသြားသည္ႏွင့္ အျခားသူမ်ားက လဲ သေဘာတူညီေၾကာင့္ အသံထြက္လာၾကသည္။ အၾကီးအကဲ ႏွစ္ေယာက္က လဲေခါင္းညိမ့္ကာ Ling Xiao ကို အျပစ္တင္သည့္အၾကည့္ႏွင့္ ၾကည့္ေနၾကသည္။
Ling Xiao က သူ မတတ္ႏို္င္သည့္ ေလသံႏွင့္ လက္ေျမွာက္ကာ ေျပာေသာ္လည္း ေျပာေနတုန္းမွာ စိတ္ၾကီး၀င္ကာ ေက်နပ္ႏွစ္သိမ့္ေနမွန္း သိသာေနသည္ “ဂ်ဴနီယာညီေလးYou က ေသြးျပာ၀ံပုေလြနဲ႕မင္းတုိ႕နဲ႕ ဆံုခါနီးမွ ဆက္ႏြယ္လုိက္တာလုိ႕ ငါဘယ္တုန္းကေျပာလုိ႕လဲ ”
Lei Ju က ေၾကာင္သြားေသာ္လည္း ျပီးေတာ့မွ သေရာ္ေတာ္ေတာ္ႏွင့္ “မင္းဘာေျပာခ်င္တာလဲ? မင္းက တကယ္ၾကီးကို ေသြးျပာ၀ံပုေလြနဲ႕ မင္းနဲ႕ ဆက္ႏြယ္ထားတာ အေစာပို္င္းထဲကလုိ႕ ေျပာခ်င္တာလား? လာေနာက္မေနနဲ႕ မင္းတုိ႕ေသြးျပာ၀ံပုေလြနဲ႕ တကယ္ၾကီးဆက္ႏြယ္ထားတယ္ဆိုရင္ ဘာလို႕ လႊတ္ထားတာလဲ? ျပီးေတာ့ ငါတို႕မေတြ႕ခင္ထဲက မင္းတို႕ဆက္ႏြယ္ထားတာဆိုတာေကာ သက္ေသျပလို႕ရလုိ႕လား?”
သူေမးလိမ့္မည္ဆိုတာ Ling Xiao ခန္႕မွန္းျပီးသားျဖစ္ေသာေၾကာင့္ သူက စိုးရိမ္မေနပဲနဲ႕ သူတုိ႕ကို ၾကည့္ျပီး သက္ေတာင့္သက္သာပဲ “ငါက ဘာလို႕ သက္ေသျပဖုိ႕ လုိမွာလဲ? အားနည္းေနတဲ့ အခ်ိန္မွာေတာင္ အဆင့္ေျခာက္ေမွာ္၀င္သားရဲတစ္ေကာင္က ဆက္ႏြယ္ဖို႕ခက္တာ ဦးေႏွာက္ရွိတဲ့သူတုိ္င္း က သိတယ္။ ဆက္ႏြယ္တယ္ဆိုတာလဲ အခ်ိန္ေပးရတယ္။ မင္းက လက္မခံႏို္င္ေသးဘူးဆုိရင္လဲ ေသြးျပာ၀ံပုေလြသာ သြားေမးၾကည့္လုိက္”
Ling Xiao က ဦးေႏွာက္မရွိဘူးဆိုကာ ပ်က္ရယ္ျပဳလုိ္က္တာေၾကာင့္ Lei Ju ႏွင့္ အၾကီးအကဲWang တုိ႕မ်က္ႏွာက အနည္းငယ္ ပ်က္ယြင္းသြားသည္။
သူတုိ႕က သူေျပာတာ မွန္မွန္းသိေနေသာ္လည္း သူတုိ႕က အဆင့္ရွစ္ေသြးျပာ၀ံပုေလြကို ေပးပစ္ဖို႕ စိတ္လိုလက္ရမရွိေသးဘူး ျဖစ္ေနသည္။ ျပီးေတာ့ ဒီေသြးျပာ၀ံပုေလြက အခုခ်ိ္န္မွာ အဆင့္ေျခာက္ရွိေနတာေၾကာင့္ ပိုျပီးေတာ့ေတာင္ ရွားပါးေနေသးသည္။
သို႕ေသာ္ လူတုိင္း၏ အၾကည့္ေတြက You XiaoMoႏွင့္ ေသြးျပာ၀ံပုေလြဆီကို ေရာက္သြားတာႏွင့္ သူတုိ႕ေတြ ေမးဖို႕ေတာင္ မလုိေလာက္ေအာင္ အေျဖကို သိသြားၾကသည္။ ေသြးျပာ၀ံပုေလြက You XiaoMoႏွင့္ ဘယ္လုိေတြ အျပန္အလွန္ျပဳမူေနသလဲဆိုတာ ၾကည့္တာနဲ႕တင္ မင္းဘယ္လိုပဲ ၾကည့္ၾကည့္ သူတုိ႕က သခင္ႏွင့္ အေစခံ ဆက္ဆံေရးက အခုမွ ျပဳလုပ္ထားမွန္း မထင္ရေခ်။
ေသြးျပာ၀ံပုေလြက ဒဏ္ရာ ရေနေသာ္ေၾကာင့္ You XiaoMoက စိတ္ပူေနကာ ပိုဆိုးသြားမည္ဆိုးေသာ္ေၾကာင့္ ေျမျပင္ေပၚတြင္ လွဲေလ်ာင္းေနေစသည္။
ေသြးျပာ၀ံပုေလြက အလြန္နာခံလွသည္။ လွဲေနယံုသာ မကပဲ သူ႕ဗိုက္သားကိုေတာင္ ေဖာ္ထားကာ You XiaoMo ကို ညိဳးငယ္စြာ ၾကည့္ေနသည္။ စူးရွစြာ ၾကည့္ေနျပီးေတာ့ အလြန္အမင္းကို အားနာေနေသာ အသံေတာင္ ထြက္ေနေသးကာ အလုိလုိက္ခံထားရသလုိေတာင္ လုပ္ေနေသးသည္။
သုိ႕ေသာ္ You XiaoMo ကေတာ့ ခြင့္မလႊတ္ေပ။ သူက ဒဏ္ရာ ရေနတာသာ မဟုတ္လွ်င္ ရုိက္ခ်င္ေနျပီ ျဖစ္သည္။ သူက တုိက္ခိုက္တာ ေတာ္တယ္ဆုိလွ်င္ေတာင္ ဒီလိုအေျခအေနနဲ႕ အဆံုးသတ္ရမည္ဟု မဆိုလိုေပ။ ျပီးေတာ့ ဒီမွာ ဒီေလာက္ လူေတြအမ်ားၾကီးထဲကမွာ ဒီလုိအရည္အခ်င္းနဲ႕ ဒီလူေတြနဲ႕မွ သြားတိုးျပီးေတာ့ ဒီကိုေတာင္ ေခၚလာလုိက္ေသးသည္။ ၾကီးျပင္းေအာင္ ေမြးရတာက တကယ့္ကို ခက္ခဲတာပဲ။
ကံေကာင္းစြာႏွင့္ သူ႕မွာ ကုစားေမွာ္ေဆးလံုးပါသည္။ မဟုတ္လွ်င္ေတာ့ ကိုင္တြယ္ဖို႕ ခက္ခဲလိမ့္မည္။
သုိ႕ေသာ္ သူေဖာ္ထားေသာ ကုစားေမွာ္ေဆးလံုး ထုတ္ဖို႕ေတာ့ မျဖစ္ႏို္င္ေပ အဘယ့္ေၾကာင့္ဆိုေသာ္ အဲဒါေတြ အကုန္လံုးက အရည္အေသြးျမင့္ေသာ ေမွာ္ေဆးလံုးေတြျဖစ္ေနသည္။ Tang YunQi က ေမွာ္ဆရာ တစ္ေယာက္ ျဖစ္သည္။ တစ္ခ်က္ၾကည့္လုိက္တာႏွင့္ ေမွာ္ေဆးလံုး၏ အရည္အေသြးကို ေျပာနိုင္လိမ့္မည္။ သူက အေစာပိုင္း တုိက္ပြဲေတြက လုယူထားတာေတြကရတာသာ သံုးႏို္င္သည္။ အရည္အေသြးက အရမ္းၾကီး ေကာင္းတယ္မဆိုေသာ္လည္း အနည္းဆံုးေတာ့ ကုသျခင္းစြမ္းရည္ေတြေတာ့ ရွိလိမ့္မည္။
You XiaoMo က ေမွာ္ေဆးလံုး လက္တစ္ဆုပ္စာၾကီး ေလာင္းခ်လုိက္ကာ Da PiQiu၏ ပါးစပ္ထဲကို တုိက္ရိုက္ ထည့္လုိက္သည္။ ျပီးေတာ့ ေဆးလံုးအနညး္ငယ္ကို ေခ်ကာ အနာ ေပၚျဖဴးေပးလုိက္သည္။ ကုစားဖုိ႕အခ်ိန္ခဏေတာ့ ယူရမွာေပမယ့္ အနညး္ဆံုးေတာ့ ေသြးထပ္မထြက္ေတာ့ေပ။ အဲဒိေတာ့မွသာ စိတ္သက္သာရာ ရကာ သက္ျပင္းခ်ႏိုင္သည္။
အကယ္လုိ႕ တစ္ေယာက္ေယာက္ကသာ သူတုိ႕၏ သခင္ အေစခံ ဆက္ႏြယ္မႈက လြန္ခဲ့ေသာ ဆယ့္ငါးမိနစ္ေလာက္ကသာ စတယ္ဟု ဆုိလွ်င္ ဘယ္သူမွ ယံုမွာမဟုတ္တာေတာ့ သံသယပင္ ျဖစ္စရာ မလိုေပ။
ဘယ္ သခင္ အေစခံအတြဲကမ်ား ဒီလို အျပန္အလွန္ သိရွိနားလည္ေနမႈက ဒီေလာက္ျမန္ျမန္ၾကီး ဖြံ႕ျဖိဳးတိုးတက္တာမ်ိဳး ကိုဘယ္မွာရွာႏုိ္င္ပါ့မလဲ ? ဆက္ႏြယ္ထားတာ ဆယ့္ငါးမိနစ္သာ ရွိေသးေသာ သခင္ကို ဒီလုိ အလုိလုိက္ခံရေသာ အျပဳအမူမ်ိဳးႏွင့္ ဆက္ဆံေသာ ေမွာ္၀င္သားရဲတစ္ေကာင္ကို ဘယ္မွာမ်ား ရွာႏိုင္ပါ့မလဲ? အျပဳအမူအားလံုးက Ling Xiao ေျပာထားတာက အမွန္ဆိုတာ ေဖာ္ျပေနသလုိပါပဲ။ ဒီေသြးျပာ၀ံပုေလြက သူတို႕ႏွင့္ ဆက္ႏြယ္ထားတာ အခ်ိန္အေတာ္ၾကာေနျပီ ျဖစ္သည္။
Lei Ju က ဒါေတာင္ ဆႏၵမရွိေသးတာကို သူ႕မ်က္ႏွာက မေသခ်ာမေရရာေသးေသာ အမူအယာကေဖာ္ျပေနသည္။
အဲဒိအခ်ိန္မွာပဲ လူတစ္ေယာက္က အေရွ႕ကို ရုတ္တရက္ တိုးထြက္လာသည္။ ထုိသူက Jiang Liu ျဖစ္သည္။
Jiang Liu က အခုလက္ရွိတြင္ ေကာင္းကင္ေတာင္ထြတ္သခင္၏ အႏွစ္သက္ဆံုးတပည့္ျဖစ္သည္။ သူ၏ ေဘးကင္းလံုျခံဳမႈကို အာမခံခ်က္ေပးႏုိ္င္ရန္အတြက္ Tang Fan က Lei Juတုိ႕ အဖြဲ႕ထဲ ထည့္ေပးလုိက္သည္။ လူငါးေယာက္တြင္ သူႏွင့္ Tang YunQiက ေမွာ္ဆရာမ်ား ျဖစ္သည္။ သူတုိ႕အဆင့္အတန္းက မနိမ့္က်ေခ်။
ျပီးေတာ့ က်န္သည့္ ကိုယ္ခံပညာရွင္မ်ားက ၾကယ္အဆင့္ႏွင့္ အထက္မွာ ရွိသည္။ ဥပမာ အားျဖင့္ Lei Ju က ၾကယ္အဆင့္ ၾကယ္တစ္ပြင့္ျဖစ္သည္။ အၾကီးအကဲWang ႏွင့္ အျခားတစ္ေယာက္တြင္ တစ္ေယာက္က ၾကယ္အဆင့္ ၾကယ္ခုနစ္ပြင့္ ျဖစ္ကာ အျခားတစ္ေယာက္က ၾကယ္အဆင့္ ၾကယ္ေလးပြင့္ ျဖစ္သည္။ ဒီလုိအဖြဲ႕မ်ိဳးက သုခဘံုနယ္ေျမတြင္ ေက်ာ္လႊားလုိ႕ မရႏို္င္ဟု မွတ္ယူႏုိ္င္သည္။ Tang Fan၏ ရည္ရြယ္ခ်က္ကို ေပၚေပၚထင္ထင္ပဲ ျမင္ႏုိင္သည္။
Jiang Liu ကအေစာပိုင္းက စကားမေျပာပဲ အေနာက္ဘက္တြင္သာ မတ္တပ္ရပ္ေနျခင္းေၾကာင့္ You XiaoMo က သူ႕ကို တကယ္ သတိမျပဳမိေပ။ အခုေတာ့ သူက ေရွ႕ထြက္လာကာမို႕ လူတိုင္း၏အာရံုက သူ႕အေပၚ ေရာက္သြားသည္။
လူတုိ္င္း၏ မ်က္လံုးမ်ားက သူ႕ဆီသို႕ေရာက္လာေသာေၾကာင့္ သက္ေတာင္ သက္သာ မရွိသလုိမ်ိဳး Jiang Liu ကို ၾကည့္ရတာ အနညး္ငယ္ရွက္ေနဟန္ေပၚသည္။ သူက Ling Xiao ကို ၾကည့္ကာ ေျပာလုိက္သည္ “ ကၽြန္ေတာ္က ဒီေသြးျပာ၀ံပုေလြက အစ္ကိုၾကီးYou နဲ႕ဆက္ႏြယ္ျပီးသားလုိ႕ ခံစားရမွေတာ့ သူ႕သခင္က အစ္ကိုၾကီးYou ပဲျဖစ္ႏို္င္တာေပ့ါ အျခားဘယ္သူျဖစ္မွလဲ။ ကၽြန္ေတာ္တို႕ ဘယ္ေလာက္ပဲ သေဘာမတူပါေစ ရလဒ္က ေျပာင္းမွာမွ မဟုတ္တာ။ ကၽြန္ေတာ္တုိ႕ ေနာက္တစ္လွမ္းစီေလာက္ ျပန္ဆုတ္ၾကမယ္ဆိုရင္ေကာ ဘယ္လိုလဲ? ကၽြန္ေတာ္တို႕မွာ အခ်ိန္ရွိေသးတာပဲ။ သုခဘံုနယ္ေျမထဲမွာလဲ ေမွာ္၀င္သားရဲေတြ အမ်ားၾကီးပဲဟာ။ ကၽြန္ေတာ္တို႕မွာ အခြင့္အေရးေတြ အမ်ားၾကီး ရွိေသးတာပဲ။ အစ္ကိုၾကီးLin ေကာ ဘာမ်ား ေျပာခ်င္ေသးလဲ?”
You XiaoMo က ခဏေလာက္ ေသခ်ာစဥ္းစားျပီးေတာ့ Jiang Liu ေျပာတဲ့ ဒီစကားေတြက တကယ့္ကို ပညာသားအေတာ္ပါမွန္း ခံစားလုိ္က္ရသည္။
အရင္ကလုိ္သာဆိုလွ်င္ သူက ေသခ်ာေပါက္ကို သူ႕စကားေတြကို ဆန္းစစ္မိမွာ မဟုတ္ေပ။ သို႕ေသာ္ သူတုိ႕ၾကားထဲတြင္ မ်ဥ္းေၾကာင္းတစ္ခုကို သူ႕ရင္ထဲတြင္ ဆြဲထားလုိက္ဖို႕ ဆံုးျဖတ္ျပီးကတည္းက သူက Jiang Liu ႏွင့္ ေတြ႕တုိင္း ပိုပုိျပီး သတိထားေနမိသည္။ ဥပမာ အခု သူ႕စကားေတြေပ့ါ။
သူက တမင္တကာကို ဒီမတုိ္င္ခင္ထဲက Da PiQiu ႏွင့္သူ ဆက္ႏြယ္ထားတာကုိ မေျပာတာျဖစ္ကာ သူကပဲ ဒီအေျခအေနတစ္ခုလံုးကို အခြင့္ေကာင္းယူျပီး Da PiQiu ႏွင့္ ဆက္ႏြယ္လုိ္က္သလိုေျပာဆိုေနသည္။ သူ႕က သူ႕YXM ကုိ သူတုိ႕ေမွာ္၀င္သားရဲကို ျဖတ္ယူသည္ဟု တိတ္ဆိတ္အျပစ္တင္ စြပ္စြဲလုိက္တာႏွင့္ တူသည္။ ဒီတစ္ရြာတည္းသားေကာင္ေလးက ဘယ္ေလာက္ေတာင္ စဥ္းလဲသလဲဆိုတာ သူအရင္က ဘယ္လိုလုပ္ျပီးမ်ား သတိမထားမိရတာပါလိမ့္။
ေကာင္းျပီေလ သူကပဲ အရမး္ကို စိတ္သေဘာထားေကာင္းေနသလုိမ်ိဳးပဲ။
Ling Xiao ကျပံဳးေနေသာ္လည္း စကားမေျပာေခ်။
ေဘးတြင္ မတ္တပ္ရပ္ေသာ Tang YunQiကလည္း ခ်က္ခ်င္းကို သေဘာတူသည္။ “ဂ်ဴနီယာေမာင္ေလးJiang ေျပာတာ မွန္တယ္။ အခုခ်ိန္က အားလံုး တစ္စိတ္တည္းနဲ႕ ပူးေပါင္းေဆာင္ရြက္ရမယ့္အခ်ိန္ပဲ။ ဒါက ေမွာ္၀င္သားရဲေလး တစ္ေကာင္ပဲဟာ။ လူတိုင္းက ေနာက္တစ္ေကာင္ ရွာေတြ႕ႏို္င္တာပဲဟာ သုခဘံုနယ္ေျမလို အက်ယ္ၾကီးမွာ အျခားအေကာင္ေတြ ရွာမေတြ႕မွာကို စိတ္ပူေနစရာကို မလိုတာပဲ။ အၾကီးအကဲWang ကေရာ”
“သခင္မေလး ေျပာတာ မွန္တယ္” အၾကီးအကဲWang က ခ်က္ခ်င္းေခါင္းညိမ့္သည္။
Lei Ju က ငါးေယာက္မွာ သံုးေယာက္က သေဘာတူတာေတြ႕ေတာ့ သူစိတ္မပါတာေတာင္မွ သူက ဒီလုိသာ ထားႏုိင္ေတာ့သည္။
“မင္းတို႕အားလံုးက ေမွာ္၀င္သားရဲရွာေနၾကတာ ဆိုရင္ေတာ့ ကဲ ငါတို႕ ဒီမွာတင္ လမ္းခြဲလုိက္ၾကတာေပ့ါ..”
Ling Xiao က You XiaoMo ေဘးနားသြားရပ္ကာ သူတုိ႕ဘက္ကို လွည့္ျပီးေျပာလုိက္သည္။ သူ႕စကားႏွင့္ အျပဴအမူက သူတို႕ႏွင့္ ဒီေနရာမွာတင္ လမ္းခြဲခ်င္ေနမွန္း ရွင္းရွင္းလင္းလင္း ေဖာ္ျပေနသည္။
လူေပါင္းမ်ားစြာက ေၾကာင္သြားကာ အထူးသျဖင့္ေတာ့ Tang YunQiျဖစ္သည္။ သူ(မ)၏ လွပေသာ မ်က္ႏွာေလးက ရုတ္တရက္ စိုးရိမ္ေသာက ေရာက္သြားဟန္ေပၚလာကာ အျမန္ေျပာလုိက္သည္။
“အစ္ကုိXiao အတူတူသြားတာ ပိုမေကာင္းဘူးလား? ျပီးေတာ့ အစ္ကိုတို႕က ႏွစ္ေယာက္ထဲေလ။ အႏၱရယ္ၾကံဳရင္ ဘယ္လုိလုပ္မလဲ? လူနည္းနည္းမ်ားတာက အခ်င္းခ်င္းျပန္ျပီး ၾကည့္ရႈေစာင့္ေရွာက္ေပးႏို္င္တာက ပိုေကာင္းတယ္မလား? ”
“ဂ်ဴနီယာညီေလးYou နဲ႕ငါနဲ႕က ေမွာ္ေဆးပင္ေတြ သြားရွာမွာ။ မင္းတို႕အားလံုးက ေမွာ္၀င္သားရဲရွာမွာေလ။ အရမ္းၾကီး အဆင္မေျပျဖစ္ေနမွာ စိုးရိမ္ေန……. ”
Ling Xiao ေျပာလုိ႕မျပီးေသးခင္မွာပဲ Tang YunQi ကခ်က္ခ်င္းျဖတ္ေျပာလုိက္သည္။
“အဆင္မေျပ မျဖစ္ပါဘူး။ အစ္ကိုXiao တို႕ ေမွာ္ေဆးပင္ေတြ ရွာတဲ့ေနာက္ကို လုိက္ႏို္င္တာပဲ ျပီးေတာ့ ေမွာ္၀င္သားရဲေတြကလည္း ေမွာ္ေဆးပင္ေတြကို ေစာင့္ၾကပ္ေနတတ္တာပဲဟာ ေကာင္းလုိက္တာ ညီမတို႕က ေမွာ္၀င္သားရဲေတြကို ဖမ္းေနတုန္း အစ္ကိုတို႕ႏွစ္ေယာက္က ေမွာ္ေဆးပင္ေတြ တူးလုိ႕ရတယ္ေလ။ ေက်ာက္တံုးတစ္ခုနဲ႕ ငွက္ႏွစ္ေကာင္ပစ္သလုိေပါ့”
“အာ့ဆုိလဲ ျပီးေရာေလ”
Ling Xiaio ကခဏေတာ့ စဥ္းစားကာ သေဘာတူလုိက္သည္။
You XiaoMo ေျပာခ်င္ေနတာကို သူကေျပာထည့္လုိ္က္သည္ ..အ…
Unicode
C-168 Infighting.
အခန်း ၁၆၈ ယှဉ်ပြိုင်ခြင်း
“ဟိုမှာ သွေးပြာဝံပုလွေ”
မြေပြင်ပေါ်သက်ဆင်းပြီးသည်နှင့် သူတို့ထဲက တစ်ယောက်က အံအားသင့်စွာနှင့် ထုတ်ဖော်ပြောဆိုလိုက်သည်။
လူတိုင်းက သူညွှန်ပြရာကို ကြည့်လိုက်ကြသည်။ သေချာတာပေါ့ သူတို့တွေ သွေးတွေနှင့် ရေချိုးထားသလို ဖြစ်နေသော သွေးပြာဝံပုလွေတစ်ကောင်ကို တွေ့လိုက်ရသည်။ သို့သော် တစ်ချိန်တည်းမှာပဲ သွေးပြာဝံပုလွေနားတွင် မတ်တပ်ရပ်နေသော လူနှစ်ယောက်ကိုလဲ သူတို့အမြင်အာရုံကနေ လျစ်လျူရှုထားလို့ မရပေ။
အပြင်းထန်ဆုံး တုန့်ပြန်မှု ရှိသူက Tang YunQi ဖြစ်သည်။
သူ(မ)Ling Xiao ကိုမြင်လိုက်ချိန်မှာ သူ့မျက်နှာ တစ်ခုလုံးက ၀င်းလက်တောက်ပသွားသည်။ သူက Ling Xiao ဘေးက You XiaoMo ကို အမြန်ပဲ တစ်ချက်ကြည့်လိုက်ပြီးတော့ စိတ်လှုပ်ရှားစွာနှင့် ပြေးလာကာ အံ့အားသင့်စွာနှင့် “အစ်ကိုXiao. အစ်ကိုဘယ်လိုလုပ် ဒီရောက်လာတာလဲ”
သုခဘုံနယ်မြေထဲ မ၀င်ခင် Tang YunQi က Ling Xiao နှင့် ဟိုနားဒီနား အတူသွားချင်သည်။ အချို့သော အကြောင်းပြချက်များကြောင့် သူ့အဖေက Lei Ju နှင့် အခြားအကြီးအကဲနှစ်ယောက်ကို သူ(မ)နှင့် အဖွဲ့ ဖွဲ့ပေးလိုက်သည်။ နောက်ကျတော့လဲ သူတို့တွေက သူ(မ)ကို အစ်ကိုXiao ကို စောင့်ခွင့်မပေးကြချေ။ သူက အစ်ကိုXioa ကို အချိန်အတော်ကြာအထိ မတွေ့ရတော့ဘူးဟု ထင်နေခဲ့သော်လည်း မမျှော်လင့်စွာနှင့် ရက်အနည်းငယ်သာ ရှိသေးသည် ဘုရားက သူ့(မ)ကို အစ်ကိုXiao နှင့် တွေ့ဆုံခွင့်ပေးလိုက်သည်။
သို့သော်လည်း သူအဲဒိကို ရောက်ချိန်ကျတော့ အစ်ကိုXiao ဘေးတွင် ဆိုးရွားလှစွာသော You XiaoMo မတ်တပ်ရပ်နေတာ သူတွေ့ရှိသွားသည်။
အရင်ကလိုသာဆိုလျှင်တော့ Tang YunQi က သူ(မ)ရဲ့ မနှစ်မြို့ခြင်းတွေကို ပြသဖို့ သေချာပေါက် တုံ့ဆိုင်းနေမှာမဟုတ် သို့သော်လည်း သူ(မ)က အတွေ့အကြုံတွေကနေ သင်ယူပြီးပြီ။ You XiaoMo ကို မနှစ်မြို့ခြင်း တစ်စုံတစ်ရာ ပြသသည့် အချိန်က အစ်ကိုXiao နှင့် သူမ ဝေးသထက် ဝေးသွားအောင်သာ ပြုလုပ်နိုင်သည်။
“ဂျူနီယာမောင်လေးYou မင်း အစ်ကိုXiao နဲ့ အတူရှိမယ်ဆိုတာ မမသိတယ်။ နှစ်ယောက်စလုံးကို တွေ့ရတာ အရမ်းဝမ်းသာတာပဲ”
ပျော်ရွှင်စွားပြုံးပြကာ You XiaoMo ကို ဖျတ်ခနဲ အကြည့်တစ်ချက် ပေးလိုက်သည်။
You XiaoMo က ယုံရခက်ကြီးနှင့် ပုတ်ခတ်ပုတ်ခတ် နှစ်ကြိမ်ဖြစ်သွားသည်။ သူတို့ကို တွေ့ရတာ အရမ်းဝမ်းသာသည်ဟု ပြောနေသော မိန်းမငယ်က သူ့ကို အမြဲတမ်းမုန်းတီးစွာ ကြည့်လေ့ရှိသော Tang YunQi မှ ဟုတ်ရဲ့လား။ သူတွေ့ရတာ ၀မ်းသာသည်ဆိုတာ သူမဟုတ်ပဲ သူ့ရဲ့အစ်ကိုကြီး နေမှာပေ့ါ။
Tang YunQi ၏ သူ့ကို မနှစ်မြို့မှုက အရင်ကလိုတော့ ၀ရုန်းသုန်းကား မဟုတ်တော့ပေမယ့် ဒီလိုအသွင်ကူးပြောင်းမှုက သူ့ကို ပိုပြီး ထိတ်လန့်စေသည်။ ဒီတစ်ယောက်ကတော့ သေချာပေါက် ပြဿနာတွေ ရှိနေတာပဲ။
အခြားတစ်ဖက်ကမူ Lei Ji ကတော့ Ling Xiao ကို တွေ့ရတာ မပျော်ရွှင်ပေ။
မီးသွေးများဖုံးအုပ်ထားသလိုမျိုး မည်းမှောင်နေသော မျက်နှာနှင့် ဓါးမြောင်နှင့် အကြိမ်ကြိမ်ထိုးနေသလို စူးရှသော အကြည့်နှင့် သာ ကြည့်နေသည်။ အချိန်တစ်ခုကြာမှ ချောက်တီးချောက်ချက်အပြုံးပြုံးကာ ပြောသည်။
“Lin Xiao မင်း ဒီမှာ ဘာလုပ်နေတာလဲ? မင်းရှိနေရမှာ……”
“ဘယ်မှာလဲ?” Ling Xiao ပြန်မေးလိုက်သည်။
Lei Ju သီးသွားတော့မလို ဖြစ်ပြီး သူဆက်ပြောမည့်အရာကို ဆက်မပြောနိုင်တော့ချေ။
Ling Xaio ကို မြောက်ဘက်ကို လွှတ်ဖို့ဆိုတာ ကို လူနည်းစုသာ သိသည်ကို သူရုတ်တရက် သတိရသွားသည်။ သူက Ling Xiao ထက်အရင် သုခဘုံနယ်မြေကို ၀င်လာတာဖြစ်သည်။ နောက်ပိုင်း သူနှင့် ထပ်မတွေ့တော့ပဲ ဒီအချိန်ထိလည်း TianXinဂိုဏ်းက အခြားသော ဂိုဏ်းသားများနှင့်လည်း မတွေ့ခဲ့ပေ။ အကယ်လို့ သူသာ ထုတ်ပြောမိပါက Ling Xiao က သေချာပေါက် သံသယ၀င်လိမ့်မည်။
ဒီလိုတွေးလိုက်သည်နှင့် ဆက်မပြောခင် တစ်ခဏလောက် ရပ်နေပြီးမှ “ဘာလို့ မင်းတို့ နှစ်ယောက်ထဲ ဖြစ်နေတာလဲ? အခြားဂိုဏ်းသားတွေကော ဘယ်မှာလဲ?”
Ling Xiao က သူ့ကို အမူအယာ ကင်းမဲ့စွာကြည့်ပြီးတော့ တည်ငြိမ်စွာနှင့် “ သတိမထားမိတဲ့အချိ်န်မှာပဲ ငါတို့ကွဲသွားတာပဲ။ လမ်းမှာ ငါတို့ အရမ်းအားကောင်းတဲ့ မှော်ဝင်သားရဲနဲ့ တိုးတယ်လေ။ ငါတို့လဲ ပြန်မတိုက်နိုင်တော့ ပြေးရုံပဲ တတ်နိုင်တယ် ဘယ်သူက ခန့်မှန်းမိမှလဲ ငါတို့တွေ လူစုကွဲသွားလိမ့်မယ်ဆိုတာ? ဂျူနီယာညီလေးYou ကော ငါရောမှာ သုခဘုံနယ်မြေရဲ့ မြေပုံမှ မပါတာ ဒီတော့ ဒီကို ပြေးမိတာနဲပဲ အဆုံးသတ်သွားတယ်”
အရှေ့အရပ်က မြောက်အရပ်ဘေးကပ်ရပ်ဆိုတာ့ သူတို့ သူ့ကို သံသယ၀င်မှာ မစိုးရိမ်ပေ။ သူတို့တွေ သံသယ၀င်ရင်တောင် သူတို့ဒီကိစ္စကို ဘာမှ မတတ်နိုင်ပေ။
“အဲလိုလား”
Lei Ju ၏ ပါးစပ်အစွန်းနားက တွန့်သွားသည်။ သူက အဲဒိ မှော်ဝင်သားရဲက Ling Xiao ကို သတ်လိုက်ပါစေတောင် တကယ်ကြီး ဆုတောင်းသည်။
“အိုး.. ဟုတ်သားပဲ မင်းတို့ကော ဘာလို့ အကုန်ဒီရောက်နေတာလဲ? ငါမှတ်မိတာတော့ မင်းတို့အကုန်လုံးက အနောက်တောင်ဘက်ကို သွားရမှာပဲ။ မင်းတို့ရော ငါတို့လိုပဲ လမ်းပျောက်သွားတာလား?”
Ling Xiao က ပြုံးကာ သူတို့ကို ပြန်မေးလိုက်သည် သူ့မျက်လုံးတွေကတော့ Lei Juကို စိုက်ကြည့်ရင်းနှင့်ပေ့ါ။
Lei Ju က သူ့အကြည့်မှာတင် ပျာယာခတ်သွားသောကြောင့် သူ့မေးခွန်းကို မင်သေသေ ပြန်ဖြေဖို့ပျက်ကွက်သွားသည်။
ဒီတစ်ချိန်မှာတော့ ဘေးမှာ တိတ်တိတ်လေးရပ်နေသော အကြီးအကဲWang က ရုတ်တရက် ကြီး ၀င်ရှင်းပြလိုက်သည်။
“ညီလေးLinရေ ငါတို့က မှော်ဝင်သားရဲတစ်ကောင်ကို လိုက်ဖမ်းလို့ ရောက်လာတာ။ ဒါပေမယ့် အဲဒိမှော်ဝင်သားရဲက ဥာဏ်နီဥာဏ်နက်များလွန်းတယ် ငါတို့ကို ဒီကို ရောက်အောင် ခေါ်လာတယ်လေ။ မမျှော်လင့်ပဲ ဒီအထိလိုက်လာမိတာ ဒါပေမယ့်…… ”
အတော်ကြာအောင် ပြောပြီးမှ အကြီးအကဲWang က ရုတ်တရက် ပြောချင်သည့်အချက်ကို ရောက်သွားသည်။ သူ့ရဲ့ လိမ္မာပါးနပ်သော အကြည့်က You XiaoMo ရှေ့က Da PiQiu ဆီရောက်သွားသည်။ “ဒီမှော်ဝင်သားရဲက ဒီဘက်ကိုသာ မပြေးခဲ့ရင် ငါတို့ ဒီမှော်ဝင်သားရဲကို ဖမ်းမိတာ ကြာလှပြီ”
သူ့စကားက လူတိုင်း၏ အာရုံကို ချက်ချင်းဖမ်းစားသွားသည်။
ဒီတော့မှာ လူတိုင်းက သူတို့လိုက်ဖမ်းနေသော သွေးပြာဝံပုလွေက တကယ်ကြီး You XiaoMoအရှေ့မှာ တိတ်တိတ်လေးလှဲနေမှန်း သတိထားတော့သည်။ ပြီးတော့ အဲဒိအကောင်က You XiaoMo သူ့ဒါဏ်ရာတွေကို သန့်ရှင်းရေး လုပ်ပေးနေတာကို လုံးဝ မခုခံပေ။
Tang YunQi က You XiaoMo ကို ဖျတ်ခနဲ တစ်ချက်ကြည့်ပြီးတော့ Ling Xiao ကို ကြည့်လိုက်သည်။ သူက ရုတ်တရက် သိသာစွာနှင့် “အစ်ကိုXiao အဲဒိသွေးပြာဝံပုလွေက အရမ်းလှတာပဲ။ အစ်ကို့ကို သခင်အဖြစ် အသိအမှတ်ပြုပြီးပြီလား? အဲဒါကိုQiလေးကို ပေးပါလား၊ Qiလေးက အရမ်းသဘောကျလို့”
လူတိုင်းက ချက်ချင်း Ling Xiao ကို လှည့်ကြည့်ကြသည်။
သူတို့က သွေးပြာဝံပုလွေတွင် သခင်မရှိသေးဘူးဟု ထင်ကြသည်။ သူတို့ လိုက်ဖမ်းနေတုန်းမှာပဲ Ling Xiao က ယဉ်ပါးအောင် လုပ်လိုက်တာလဲ ဖြစ်နိုင်တာပဲ။ အချိန်က တိုတောင်းပေမယ့် သူတို့ကြောင့် သွေးပြာဝံပုလွေက ပင်ပန်းနေတာကြောင့်ဟု ယုံကြည်လိုက်သည်။ အဲဒါကြောင့်ပဲ Ling Xiaoက အောင်မြင်စွာနှင့် ယဉ်ပါးစေနိုင်သည်။ ထို့ကြောင့် ဒီသွေးပြာဝံပုလွေက သူတို့နှင့် သက်ဆိုင်မှသာ မှန်ကန်လိမ့်မည်။ ညီမငယ်လေးကို ပေးတာက မဆီလျော်တာတော့ မဟုတ်ပေ။
“အဲလို လုပ်လို့မရဘူး”
Ling Xiao ၏ နှုတ်ခမ်းစွန်းများက အနည်းငယ်တက်သွားကာ နည်းနည်းလေးတောင် တုန့်ဆိုင်းခြင်းမရှိပဲ ငြင်းဆိုလိုက်သည်။
Tang YunQiက ကြောင်သွားသည်။ မြန်မြန်ဆန်ဆန်ပဲ ပြန်ပြီးအာရုံပြန်ဝင်လာကာ သူ့ဘာသာ တည်ငြိမ်သည့် လေသံရအောင် အားတင်းကာ မေးလိုက်သည်။ “ဘာလို့မရတာလဲ? ဒီသွေးပြာဝံပုလွေက ဆက်နွယ်ပြီးသားလို့တော့ အစ်ကိုXiao မပြောနဲ့နော်?”
Ling Xiao ခေါင်းခါလိုက်သည်။ သူ့နှုတ်ခမ်းစွန်းက ပြုံးလိုက်သလို ကွေးတက်သွားကာ “ခန့်မှန်းတာ တော့ မှန်တယ် ဒါပေမယ့် သွေးပြာဝံပုလွေနဲ့ ဆက်နွယ်တဲ့သူက ငါမဟုတ်ဘူး”
အဲဒါနှင့် လူတိုင်း၏ အကြည့်တွေက You XiaoMo ဆီသို့ ကူးပြောင်းသွားကြသည်။ အကယ်လို့ Ling Xiao မဟုတ်ဘူးဆိုရင် You XiaoMo ပဲ ဖြစ်လိမ့်မည်။ အဖွဲ့ထဲက လူတစ်ယောက်ကတော့ သူ့ရဲ့မနာလိုမှုတွေကို ကြိုးစားထိန်းချုပ်နေရကာ မသိမသာ ခိုးချောင်ခိုးဝှက်နှင့် သူ့မျက်လုံးထောင့်ကနေ You XiaoMo ကို ကြည့်နေသည်။
Tang YunQi မပြောခင်မှာတင် Lei Ju က ချက်ချင်းကို သဘောမကျဖြစ်ကာ ဖြတ်ဝင်လာသည်။ “Lin Xiao မင်းအရမ်းများသွားပြီ။ ငါတို့က သွေးပြာဝံပုလွေကို အရင်တွေ့တာ။ ဘာကြောင့် You XiaoMo ကို ပေးလို့ရတယ်လို့ မင်းတွေးလိုက်ရတာလဲ? ငါတို့ကသာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရအောင် မလုပ်ထားဘူးဆိုရင် မင်းအဲဒါကို ဖမ်းလို့ရမယ်လို့ ထင်လား?”
အစောက သွေးပြာဝံပုလွေက အဆင့်ငါး သာ ရှိသည်။ သို့သော် အဲဒါက Lei Ju နှင့် အဖော်အပေါင်းများကို မတွေ့ခင်ဖြစ်က ဖြစ်သည်။ သူက ကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ရင်းနှင့် အဆင့်ခြောက် မှော်ဝင်သားရဲအဖြစ် အောင်အောင်မြင်မြင် အဆင့်တက်သွားသည်။
Lin Xiao ကလည်း ကြယ်အဆင့် ကျင့်ကြံသူ ဖြစ်သောကြောင့် သွေးပြာဝံပုလွေ၏ အားအင်က သူ့ထက် နိမ့်ကျကာ ဆက်နွယ်ဖို့အတွက် အမိန့်ပေးစေခိုင်းနိုင်သည်။ ထို့ကြောင့် သူတို့က သူတို့ရဲ့ လုပ်ဆောင်ချက်ကြောင့်ဟု ခံစားရတာဖြစ်သည်။
Lei Ju ပြောတာ ပြီးသွားသည်နှင့် အခြားသူများက လဲ သဘောတူညီကြောင့် အသံထွက်လာကြသည်။ အကြီးအကဲ နှစ်ယောက်က လဲခေါင်းညိမ့်ကာ Ling Xiao ကို အပြစ်တင်သည့်အကြည့်နှင့် ကြည့်နေကြသည်။
Ling Xiao က သူ မတတ်နိုင်သည့် လေသံနှင့် လက်မြှောက်ကာ ပြောသော်လည်း ပြောနေတုန်းမှာ စိတ်ကြီးဝင်ကာ ကျေနပ်နှစ်သိမ့်နေမှန်း သိသာနေသည် “ဂျူနီယာညီလေးYou က သွေးပြာဝံပုလွေနဲ့မင်းတို့နဲ့ ဆုံခါနီးမှ ဆက်နွယ်လိုက်တာလို့ ငါဘယ်တုန်းကပြောလို့လဲ ”
Lei Ju က ကြောင်သွားသော်လည်း ပြီးတော့မှ သရော်တော်တော်နှင့် “မင်းဘာပြောချင်တာလဲ? မင်းက တကယ်ကြီးကို သွေးပြာဝံပုလွေနဲ့ မင်းနဲ့ ဆက်နွယ်ထားတာ အစောပိုင်းထဲကလို့ ပြောချင်တာလား? လာနောက်မနေနဲ့ မင်းတို့သွေးပြာဝံပုလွေနဲ့ တကယ်ကြီးဆက်နွယ်ထားတယ်ဆိုရင် ဘာလို့ လွှတ်ထားတာလဲ? ပြီးတော့ ငါတို့မတွေ့ခင်ထဲက မင်းတို့ဆက်နွယ်ထားတာဆိုတာကော သက်သေပြလို့ရလို့လား?”
သူမေးလိမ့်မည်ဆိုတာ Ling Xiao ခန့်မှန်းပြီးသားဖြစ်သောကြောင့် သူက စိုးရိမ်မနေပဲနဲ့ သူတို့ကို ကြည့်ပြီး သက်တောင့်သက်သာပဲ “ငါက ဘာလို့ သက်သေပြဖို့ လိုမှာလဲ? အားနည်းနေတဲ့ အချိန်မှာတောင် အဆင့်ခြောက်မှော်ဝင်သားရဲတစ်ကောင်က ဆက်နွယ်ဖို့ခက်တာ ဦးနှောက်ရှိတဲ့သူတိုင်း က သိတယ်။ ဆက်နွယ်တယ်ဆိုတာလဲ အချိန်ပေးရတယ်။ မင်းက လက်မခံနိုင်သေးဘူးဆိုရင်လဲ သွေးပြာဝံပုလွေသာ သွားမေးကြည့်လိုက်”
Ling Xiao က ဦးနှောက်မရှိဘူးဆိုကာ ပျက်ရယ်ပြုလိုက်တာကြောင့် Lei Ju နှင့် အကြီးအကဲWang တို့မျက်နှာက အနည်းငယ် ပျက်ယွင်းသွားသည်။
သူတို့က သူပြောတာ မှန်မှန်းသိနေသော်လည်း သူတို့က အဆင့်ရှစ်သွေးပြာဝံပုလွေကို ပေးပစ်ဖို့ စိတ်လိုလက်ရမရှိသေးဘူး ဖြစ်နေသည်။ ပြီးတော့ ဒီသွေးပြာဝံပုလွေက အခုချိ်န်မှာ အဆင့်ခြောက်ရှိနေတာကြောင့် ပိုပြီးတော့တောင် ရှားပါးနေသေးသည်။
သို့သော် လူတိုင်း၏ အကြည့်တွေက You XiaoMoနှင့် သွေးပြာဝံပုလွေဆီကို ရောက်သွားတာနှင့် သူတို့တွေ မေးဖို့တောင် မလိုလောက်အောင် အဖြေကို သိသွားကြသည်။ သွေးပြာဝံပုလွေက You XiaoMoနှင့် ဘယ်လိုတွေ အပြန်အလှန်ပြုမူနေသလဲဆိုတာ ကြည့်တာနဲ့တင် မင်းဘယ်လိုပဲ ကြည့်ကြည့် သူတို့က သခင်နှင့် အစေခံ ဆက်ဆံရေးက အခုမှ ပြုလုပ်ထားမှန်း မထင်ရချေ။
သွေးပြာဝံပုလွေက ဒဏ်ရာ ရနေသော်ကြောင့် You XiaoMoက စိတ်ပူနေကာ ပိုဆိုးသွားမည်ဆိုးသော်ကြောင့် မြေပြင်ပေါ်တွင် လှဲလျောင်းနေစေသည်။
သွေးပြာဝံပုလွေက အလွန်နာခံလှသည်။ လှဲနေယုံသာ မကပဲ သူ့ဗိုက်သားကိုတောင် ဖော်ထားကာ You XiaoMo ကို ညိုးငယ်စွာ ကြည့်နေသည်။ စူးရှစွာ ကြည့်နေပြီးတော့ အလွန်အမင်းကို အားနာနေသော အသံတောင် ထွက်နေသေးကာ အလိုလိုက်ခံထားရသလိုတောင် လုပ်နေသေးသည်။
သို့သော် You XiaoMo ကတော့ ခွင့်မလွှတ်ပေ။ သူက ဒဏ်ရာ ရနေတာသာ မဟုတ်လျှင် ရိုက်ချင်နေပြီ ဖြစ်သည်။ သူက တိုက်ခိုက်တာ တော်တယ်ဆိုလျှင်တောင် ဒီလိုအခြေအနေနဲ့ အဆုံးသတ်ရမည်ဟု မဆိုလိုပေ။ ပြီးတော့ ဒီမှာ ဒီလောက် လူတွေအများကြီးထဲကမှာ ဒီလိုအရည်အချင်းနဲ့ ဒီလူတွေနဲ့မှ သွားတိုးပြီးတော့ ဒီကိုတောင် ခေါ်လာလိုက်သေးသည်။ ကြီးပြင်းအောင် မွေးရတာက တကယ့်ကို ခက်ခဲတာပဲ။
ကံကောင်းစွာနှင့် သူ့မှာ ကုစားမှော်ဆေးလုံးပါသည်။ မဟုတ်လျှင်တော့ ကိုင်တွယ်ဖို့ ခက်ခဲလိမ့်မည်။
သို့သော် သူဖော်ထားသော ကုစားမှော်ဆေးလုံး ထုတ်ဖို့တော့ မဖြစ်နိုင်ပေ အဘယ့်ကြောင့်ဆိုသော် အဲဒါတွေ အကုန်လုံးက အရည်အသွေးမြင့်သော မှော်ဆေးလုံးတွေဖြစ်နေသည်။ Tang YunQi က မှော်ဆရာ တစ်ယောက် ဖြစ်သည်။ တစ်ချက်ကြည့်လိုက်တာနှင့် မှော်ဆေးလုံး၏ အရည်အသွေးကို ပြောနိုင်လိမ့်မည်။ သူက အစောပိုင်း တိုက်ပွဲတွေက လုယူထားတာတွေကရတာသာ သုံးနိုင်သည်။ အရည်အသွေးက အရမ်းကြီး ကောင်းတယ်မဆိုသော်လည်း အနည်းဆုံးတော့ ကုသခြင်းစွမ်းရည်တွေတော့ ရှိလိမ့်မည်။
You XiaoMo က မှော်ဆေးလုံး လက်တစ်ဆုပ်စာကြီး လောင်းချလိုက်ကာ Da PiQiu၏ ပါးစပ်ထဲကို တိုက်ရိုက် ထည့်လိုက်သည်။ ပြီးတော့ ဆေးလုံးအနည်းငယ်ကို ချေကာ အနာ ပေါ်ဖြူးပေးလိုက်သည်။ ကုစားဖို့အချိန်ခဏတော့ ယူရမှာပေမယ့် အနည်းဆုံးတော့ သွေးထပ်မထွက်တော့ပေ။ အဲဒိတော့မှသာ စိတ်သက်သာရာ ရကာ သက်ပြင်းချနိုင်သည်။
အကယ်လို့ တစ်ယောက်ယောက်ကသာ သူတို့၏ သခင် အစေခံ ဆက်နွယ်မှုက လွန်ခဲ့သော ဆယ့်ငါးမိနစ်လောက်ကသာ စတယ်ဟု ဆိုလျှင် ဘယ်သူမှ ယုံမှာမဟုတ်တာတော့ သံသယပင် ဖြစ်စရာ မလိုပေ။
ဘယ် သခင် အစေခံအတွဲကများ ဒီလို အပြန်အလှန် သိရှိနားလည်နေမှုက ဒီလောက်မြန်မြန်ကြီး ဖွံ့ဖြိုးတိုးတက်တာမျိုး ကိုဘယ်မှာရှာနိုင်ပါ့မလဲ ? ဆက်နွယ်ထားတာ ဆယ့်ငါးမိနစ်သာ ရှိသေးသော သခင်ကို ဒီလို အလိုလိုက်ခံရသော အပြုအမူမျိုးနှင့် ဆက်ဆံသော မှော်ဝင်သားရဲတစ်ကောင်ကို ဘယ်မှာများ ရှာနိုင်ပါ့မလဲ? အပြုအမူအားလုံးက Ling Xiao ပြောထားတာက အမှန်ဆိုတာ ဖော်ပြနေသလိုပါပဲ။ ဒီသွေးပြာဝံပုလွေက သူတို့နှင့် ဆက်နွယ်ထားတာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။
Lei Ju က ဒါတောင် ဆန္ဒမရှိသေးတာကို သူ့မျက်နှာက မသေချာမရေရာသေးသော အမူအယာကဖော်ပြနေသည်။
အဲဒိအချိန်မှာပဲ လူတစ်ယောက်က အရှေ့ကို ရုတ်တရက် တိုးထွက်လာသည်။ ထိုသူက Jiang Liu ဖြစ်သည်။
Jiang Liu က အခုလက်ရှိတွင် ကောင်းကင်တောင်ထွတ်သခင်၏ အနှစ်သက်ဆုံးတပည့်ဖြစ်သည်။ သူ၏ ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးနိုင်ရန်အတွက် Tang Fan က Lei Juတို့ အဖွဲ့ထဲ ထည့်ပေးလိုက်သည်။ လူငါးယောက်တွင် သူနှင့် Tang YunQiက မှော်ဆရာများ ဖြစ်သည်။ သူတို့အဆင့်အတန်းက မနိမ့်ကျချေ။
ပြီးတော့ ကျန်သည့် ကိုယ်ခံပညာရှင်များက ကြယ်အဆင့်နှင့် အထက်မှာ ရှိသည်။ ဥပမာ အားဖြင့် Lei Ju က ကြယ်အဆင့် ကြယ်တစ်ပွင့်ဖြစ်သည်။ အကြီးအကဲWang နှင့် အခြားတစ်ယောက်တွင် တစ်ယောက်က ကြယ်အဆင့် ကြယ်ခုနစ်ပွင့် ဖြစ်ကာ အခြားတစ်ယောက်က ကြယ်အဆင့် ကြယ်လေးပွင့် ဖြစ်သည်။ ဒီလိုအဖွဲ့မျိုးက သုခဘုံနယ်မြေတွင် ကျော်လွှားလို့ မရနိုင်ဟု မှတ်ယူနိုင်သည်။ Tang Fan၏ ရည်ရွယ်ချက်ကို ပေါ်ပေါ်ထင်ထင်ပဲ မြင်နိုင်သည်။
Jiang Liu ကအစောပိုင်းက စကားမပြောပဲ အနောက်ဘက်တွင်သာ မတ်တပ်ရပ်နေခြင်းကြောင့် You XiaoMo က သူ့ကို တကယ် သတိမပြုမိပေ။ အခုတော့ သူက ရှေ့ထွက်လာကာမို့ လူတိုင်း၏အာရုံက သူ့အပေါ် ရောက်သွားသည်။
လူတိုင်း၏ မျက်လုံးများက သူ့ဆီသို့ရောက်လာသောကြောင့် သက်တောင် သက်သာ မရှိသလိုမျိုး Jiang Liu ကို ကြည့်ရတာ အနည်းငယ်ရှက်နေဟန်ပေါ်သည်။ သူက Ling Xiao ကို ကြည့်ကာ ပြောလိုက်သည် “ ကျွန်တော်က ဒီသွေးပြာဝံပုလွေက အစ်ကိုကြီးYou နဲ့ဆက်နွယ်ပြီးသားလို့ ခံစားရမှတော့ သူ့သခင်က အစ်ကိုကြီးYou ပဲဖြစ်နိုင်တာပေ့ါ အခြားဘယ်သူဖြစ်မှလဲ။ ကျွန်တော်တို့ ဘယ်လောက်ပဲ သဘောမတူပါစေ ရလဒ်က ပြောင်းမှာမှ မဟုတ်တာ။ ကျွန်တော်တို့ နောက်တစ်လှမ်းစီလောက် ပြန်ဆုတ်ကြမယ်ဆိုရင်ကော ဘယ်လိုလဲ? ကျွန်တော်တို့မှာ အချိန်ရှိသေးတာပဲ။ သုခဘုံနယ်မြေထဲမှာလဲ မှော်ဝင်သားရဲတွေ အများကြီးပဲဟာ။ ကျွန်တော်တို့မှာ အခွင့်အရေးတွေ အများကြီး ရှိသေးတာပဲ။ အစ်ကိုကြီးLin ကော ဘာများ ပြောချင်သေးလဲ?”
You XiaoMo က ခဏလောက် သေချာစဉ်းစားပြီးတော့ Jiang Liu ပြောတဲ့ ဒီစကားတွေက တကယ့်ကို ပညာသားအတော်ပါမှန်း ခံစားလိုက်ရသည်။
အရင်ကလိုသာဆိုလျှင် သူက သေချာပေါက်ကို သူ့စကားတွေကို ဆန်းစစ်မိမှာ မဟုတ်ပေ။ သို့သော် သူတို့ကြားထဲတွင် မျဉ်းကြောင်းတစ်ခုကို သူ့ရင်ထဲတွင် ဆွဲထားလိုက်ဖို့ ဆုံးဖြတ်ပြီးကတည်းက သူက Jiang Liu နှင့် တွေ့တိုင်း ပိုပိုပြီး သတိထားနေမိသည်။ ဥပမာ အခု သူ့စကားတွေပေ့ါ။
သူက တမင်တကာကို ဒီမတိုင်ခင်ထဲက Da PiQiu နှင့်သူ ဆက်နွယ်ထားတာကို မပြောတာဖြစ်ကာ သူကပဲ ဒီအခြေအနေတစ်ခုလုံးကို အခွင့်ကောင်းယူပြီး Da PiQiu နှင့် ဆက်နွယ်လိုက်သလိုပြောဆိုနေသည်။ သူ့က သူ့YXM ကို သူတို့မှော်ဝင်သားရဲကို ဖြတ်ယူသည်ဟု တိတ်ဆိတ်အပြစ်တင် စွပ်စွဲလိုက်တာနှင့် တူသည်။ ဒီတစ်ရွာတည်းသားကောင်လေးက ဘယ်လောက်တောင် စဉ်းလဲသလဲဆိုတာ သူအရင်က ဘယ်လိုလုပ်ပြီးများ သတိမထားမိရတာပါလိမ့်။
ကောင်းပြီလေ သူကပဲ အရမ်းကို စိတ်သဘောထားကောင်းနေသလိုမျိုးပဲ။
Ling Xiao ကပြုံးနေသော်လည်း စကားမပြောချေ။
ဘေးတွင် မတ်တပ်ရပ်သော Tang YunQiကလည်း ချက်ချင်းကို သဘောတူသည်။ “ဂျူနီယာမောင်လေးJiang ပြောတာ မှန်တယ်။ အခုချိန်က အားလုံး တစ်စိတ်တည်းနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ပဲ။ ဒါက မှော်ဝင်သားရဲလေး တစ်ကောင်ပဲဟာ။ လူတိုင်းက နောက်တစ်ကောင် ရှာတွေ့နိုင်တာပဲဟာ သုခဘုံနယ်မြေလို အကျယ်ကြီးမှာ အခြားအကောင်တွေ ရှာမတွေ့မှာကို စိတ်ပူနေစရာကို မလိုတာပဲ။ အကြီးအကဲWang ကရော”
“သခင်မလေး ပြောတာ မှန်တယ်” အကြီးအကဲWang က ချက်ချင်းခေါင်းညိမ့်သည်။
Lei Ju က ငါးယောက်မှာ သုံးယောက်က သဘောတူတာတွေ့တော့ သူစိတ်မပါတာတောင်မှ သူက ဒီလိုသာ ထားနိုင်တော့သည်။
“မင်းတို့အားလုံးက မှော်ဝင်သားရဲရှာနေကြတာ ဆိုရင်တော့ ကဲ ငါတို့ ဒီမှာတင် လမ်းခွဲလိုက်ကြတာပေ့ါ..”
Ling Xiao က You XiaoMo ဘေးနားသွားရပ်ကာ သူတို့ဘက်ကို လှည့်ပြီးပြောလိုက်သည်။ သူ့စကားနှင့် အပြူအမူက သူတို့နှင့် ဒီနေရာမှာတင် လမ်းခွဲချင်နေမှန်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။
လူပေါင်းများစွာက ကြောင်သွားကာ အထူးသဖြင့်တော့ Tang YunQiဖြစ်သည်။ သူ(မ)၏ လှပသော မျက်နှာလေးက ရုတ်တရက် စိုးရိမ်သောက ရောက်သွားဟန်ပေါ်လာကာ အမြန်ပြောလိုက်သည်။
“အစ်ကိုXiao အတူတူသွားတာ ပိုမကောင်းဘူးလား? ပြီးတော့ အစ်ကိုတို့က နှစ်ယောက်ထဲလေ။ အန္တရယ်ကြုံရင် ဘယ်လိုလုပ်မလဲ? လူနည်းနည်းများတာက အချင်းချင်းပြန်ပြီး ကြည့်ရှုစောင့်ရှောက်ပေးနိုင်တာက ပိုကောင်းတယ်မလား? ”
“ဂျူနီယာညီလေးYou နဲ့ငါနဲ့က မှော်ဆေးပင်တွေ သွားရှာမှာ။ မင်းတို့အားလုံးက မှော်ဝင်သားရဲရှာမှာလေ။ အရမ်းကြီး အဆင်မပြေဖြစ်နေမှာ စိုးရိမ်နေ……. ”
Ling Xiao ပြောလို့မပြီးသေးခင်မှာပဲ Tang YunQi ကချက်ချင်းဖြတ်ပြောလိုက်သည်။
“အဆင်မပြေ မဖြစ်ပါဘူး။ အစ်ကိုXiao တို့ မှော်ဆေးပင်တွေ ရှာတဲ့နောက်ကို လိုက်နိုင်တာပဲ ပြီးတော့ မှော်ဝင်သားရဲတွေကလည်း မှော်ဆေးပင်တွေကို စောင့်ကြပ်နေတတ်တာပဲဟာ ကောင်းလိုက်တာ ညီမတို့က မှော်ဝင်သားရဲတွေကို ဖမ်းနေတုန်း အစ်ကိုတို့နှစ်ယောက်က မှော်ဆေးပင်တွေ တူးလို့ရတယ်လေ။ ကျောက်တုံးတစ်ခုနဲ့ ငှက်နှစ်ကောင်ပစ်သလိုပေါ့”
“အာ့ဆိုလဲ ပြီးရောလေ”
Ling Xiaio ကခဏတော့ စဉ်းစားကာ သဘောတူလိုက်သည်။
You XiaoMo ပြောချင်နေတာကို သူကပြောထည့်လိုက်သည် ….