C- 167 Causing trouble
အခန္း ၁၆၇ ျပႆနာ တက္ျခင္း
Ling Xiao ေခါင္းေဆာင္းျပီး ၾကည့္လုိက္ေတာ့ သူ႕လက္ထဲမွာ ႏြားသားေရတစ္ခုေတြ႕လုိက္ရသည္
ထုိသားေရပုိင္းက ၾကည့္ရတာ အလြန္ရင္းႏွီးေနသည္။ သူ႕မွာ ရွိတဲ႕ ေက်ာက္စိမ္းစိတ္၀ိဉာဏ္ဂူ၏ မျပည့္စံုေသာ ေျမပံုႏွင့္ အလြန္တူသည္။
You XiaoMo က ျဖန္႕ခ်ျပီး တစ္ခ်က္ၾကည့္လုိက္သည္။ အဲဒိမွာ လမ္းေၾကာင္းတစ္ခုကို အမွတ္အသားျပဳထားေသာ္လည္း မရွင္းလင္းေပ။ ျပီးေတာ့ ဘယ္ကို ဦးတည္ေနသလဲ ဆိုတာကိုလဲ မေဖာ္ျပထား။ ထုိေျမပံုကို Ye Dan၏ ေမွာ္အိတ္ထဲကေန ေတြ႕တာ ျဖစ္သည္။
အဲဒိအခ်ိန္မွာပဲ Ling Xiao က ခိုးလာေသာ ပစၥည္းအပံုထဲက ေနာက္ထပ္ သားေရအပိုင္းအစတစ္ခုကုိ ဆြဲထုတ္လုိက္သည္။ သူကလက္ထဲက ရွိေနသည္ႏွင့္ အတူတူပဲ ျဖစ္သည္။ အေသးစိတ္ကို ေထာက္ျပရမည္ဆိုရင္ေတာ့ သူတုိ႕က အရြယ္အစားမတူေပ။
သူ႕လက္ထဲ(YXM) ကဟာက လက္ႏွစ္၀ါးစာသာ ရွိသည္။ Ling Xiao လက္ထဲက တစ္ခုကေတာ့ A4 စာရြက္တစ္ရြက္အရြယ္အစား ရွိသည္။ အဲဒိအေပၚမွာက ေျမမ်က္ႏွာသြင္ျပင္ႏွင့္ လမ္းေၾကာင္းမ်ားက ပိုျပီး ရွင္းရွင္းလင္းလင္း ဆြဲျပထားသည္။ ေျမပံု၏ အလယ္တြင္ နန္းေတာ္တစ္ခု အမွတ္အသားရွိသည္။ ၾကည့္ရတာ လမ္းေၾကာင္းအမ်ားစုက နန္းေတာ္ကို ဦးတည္ဟန္ ရွိသည္။
ေျမပံုႏွစ္ခုယွဥ္ၾကည့္လွ်င္ Ling Xiaoလက္ထဲက တစ္ခုက ပိုေကာင္းတာ သိသာသည္။ You XiaoMo က ခ်က္ခ်င္း သူကလက္ထဲက ေျမပံုကို လႊင့္ပစ္ျပီးေတာ့ Ling Xiaoဆီကို သြားကာ ေျမပံုကို အတူတူ ၾကည့္ေတာ့သည္။
“အစ္ကိုၾကီးLing သုခဘံုနယ္ေျမမွာ ဒီလုိေနရာမ်ိဳး ရွိေနတာလား” You XiaoMo က သိခ်င္စိတ္အျပည့္ႏွင့္ ေမးလုိက္သည္။
“သုခဘံုနယ္ေျမမွာလဲ အရွင္သခင္ဆိုတာ ရွိတာေပါ့ နန္းေတာ္တစ္ခု ရွိတယ္ဆိုတာ ထူးဆန္းတာမွ မဟုတ္တာ”
Ling Xiao က ေျမပံုကို ဖြင့္ကာ ေျမျပင္ေပၚကို ခ်ခင္းလုိက္သည္။ ၾကည့္ရတာ ဒီေျမပံုက တကယ့္ကို အလြန္ျပည့္စံုသည္။ သူတို႕ သြားျပီးေသာ ေနရာအမ်ားစုက အထဲမွာ ပါျပီးေတာ့ သူတို႕ မေရာက္ေသးေသာ ေနရာအမ်ားအျပားလဲ ရွိေနေသးသည္။
မေကာင္းဆုိး၀ါးမ်ား၏ ၾကိဳတင္ျပင္ဆင္မႈမ်ားက အေတာ္ ျပည့္စံုသည္။ သူတုိ႕ သုခဘံုနယ္ေျမကို စိတ္၀င္စားေနတာ အေတာ္ၾကာပံုရသည္။ ဒါမွမဟုတ္ သူတို႕က ဒီအရာအားလံုးကို အေရးပါေသာ ဂိုဏ္းမ်ားမွ ဂိုဏ္းသားမ်ားႏွင့္ ညွိႏိႈင္းရန္ ျပင္ဆင္ထားတာလဲ ျဖစ္ႏို္င္သည္။ ျပီးေတာ့ ေမွာ္ေဆးပင္အမ်ားစုက သူတို႕သံုးလို႕ မရ။ ေမွာ္၀င္သားရဲမ်ားကိုသာ သံုးႏို္င္သည္။
You XiaoMo က အဲဒိဟာ ႏွစ္ခုကို တစ္စကၠန္႕ေလာက္ ႏႈိုင္းယွဥ္ၾကည့္ျပီးေနာက္ Ye Dan၏ ေျမပံုက ေသးငယ္ေသာ္လည္း ေျမပံု၏ ေနာက္ဆံုးပန္းတို္င္က အျခားလမ္းတစ္ခုက ဦးတည္ထားေသာ ထုိနန္းေတာ္သာ ျဖစ္ေၾကာင္း ေတြ႕ရွိသြားသည္။
“အစ္ကိုၾကီးLing အဲဒိႏွစ္ခုစလံုက ဒီနန္းေတာကိုပဲ ဦးတည္ေနတယ္လုိ႕ မထင္ဘူးလား။ Qing Cheng ဂိုဏ္းမွာလဲ ရွိမွေတာ့ TianXin မွာလဲ ရွိႏို္င္တယ္မလား”
You XiaoMo ေသခ်ာ စဥ္းစားၾကည့္ျပီးေတာ့ ရုတ္တရက္ Ling Xiao ဆီကို ၾကည့္လုိက္သည္။
ဒါေပမယ့္ Ling Xiao မွာ ထုိေျမပံု ေသခ်ာေပါက္မရခဲ့ေပ။ ျပီးေတာ့ အၾကီးအကဲShi က သူတို႕ကို ထိုနန္းေတာ္၏ လံုး၀ဆန္႕က်င္ဘက္ ကိုေတာင္ ညႊန္လုိက္ေသးသည္။ သူတုိ႕ကို ရည္ရြယ္ခ်က္ရွိရွိ ႏွင့္ နန္းေတာ္အေ၀းကို ပို႕ပံုရေတာ့မွေတာ့ သူ႕ရဲ႕ ရည္ရြယ္ခ်က္က ဘာလဲဆိုတာ ရွင္းလင္းေအာင္ ျပေနသလိုျဖစ္ေနသည္။
Ling Xiao ကဟန္လုပ္ျပဳံးကာ “ ကိုယ့္ကုိ ဒီေလာက္ အေရးၾကီးတဲ့ဟာတစ္ခုကို ေျပာေတာင္ မေျပာျပဘူး။ ၾကည့္ရတာ Tang Fan က ကို္ယ့္ကို သတိထားေနတာ အေတာ္ၾကာေနပံုပဲ။ အြန္း .. ေကာင္းျပီေလ။ အဲဒိကို သြားျပီး တစ္ခ်က္ေလာက္ ၾကည့္ၾကတာေပ့ါ။ အေရးပါတဲ့ ဂိုဏ္းေတြအကုန္လံုးကိုေတာင္ ဆြဲေဆာင္ႏိုင္ေအာင္ နန္းေတာ္ထဲမွာ ဘာတြ လွ်ိဳ႕၀ွက္ျပီး ဖြက္ထားလဲ မသိဘူး”
You XiaoMo က ခ်က္ခ်င္းကို ေပ်ာ္ရႊင္ျမဴးတူးစြာနဲ႕ ေခါင္းညိမ့္လုိက္သည္။
သူလဲ အဲဒိကုိ သြားျပီးေတာ့ တစ္ခ်က္ေလာက္ ၾကည့္ခ်င္သည္ ဒါေပမယ့္ သူကေတာ့ အလ်င္မလိုပါဘူး။
သူတို႕အခုေရာက္ေနတဲ့ ေနရာက ေက်ာက္စိမ္းစိတ္၀ိဉာဏ္ဂူျဖစ္သည္။ ဒီေနရာကေန အဲဒိ ေရာက္ဖုိ႕အတြက္ အနည္းဆံုး ေန႕တစ္၀က္အခ်ိန္ယူရမည္။ ျပီးေတာ့ သူတုိ႕က ေမွာ္၀င္သားရဲမ်ား နဲ႕ ေမွာ္ေဆးပင္မ်ားကိုလဲ လမ္းမွာ ေတြ႕ႏုိ္င္ေသးသည္။ ဟိုနားတူး ဒီနားတူးက အခ်ိန္နည္းနညး္လဲ ယူႏိုင္ေသးသည္။ အဆံုးမွာေတာ့ တစ္ရက္ေလာက္လဲ အခ်ိန္ကုန္သြားႏို္င္သည္။
အျခားသူမ်ားအတြက္ကေတာ့ သူတို႕ရဲ႕ အေျခအေနကလည္း သူတုိ႕ႏွင့္ အတူတူပဲ ျဖစ္ေလာက္သည္။ ျပိးေတာ့ သူတုိ႕က ဒီေလာက္ ရွင္းလင္းေသာ ေျမပံုတစ္ခုလည္း ရွိခ်င္မွ ရွိလိမ့္မည္။
အဲဒိေနာက္ေတာ့ You XaioMo က Ling Xiao ပစၥည္းေတြ ကို စုစည္းလုိက္ၾကသည္ အဆံုးမွာေတာ့ တိုက္ပြဲက လုလာေသာ ပစၥည္းအကုန္လံုးကို ခြဲျခားစိတ္ျဖာျပီး ျဖစ္သြားသည္။
အဲဒိတြင္ ကိုယ္ခံပညာနည္းစနစ္မ်ားအားလံုးေပါင္းလွ်င္ ခုနစ္ခု ရွစ္ခုေလာက္ ရွိသည္။ သူတုိ႕ေတြက တူညီေတာ့ အဖြဲ႕ထဲမွ ျဖစ္သျဖင့္ အခ်ိဳ႕နည္းစနစ္မ်ားက အတူတူ ျဖစ္ေနသည္။ ကံေကာင္းစြာႏွင့္ ၾကယ္ဆယ့္တစ္၏ ကိုယ္ခံပညာ နည္းစနစ္ က အဆင့္ျမင့္အရည္အေသြး အလယ္အလတ္က်မ္းတစ္ခု ျဖစ္ေနသည္။ XingLuo အဖြဲ႕၏ ပင္မဂိုဏ္းသားမ်ားသာ က်င့္ၾကံရေသာ ဟာ ျဖစ္လိမ့္မည္။ သို႕ေသာ္လည္း သူ႕ရဲ႕ သေဘာသဘာ၀ကေတာ့ အေမွာင္ဘက္ကို သြားကာ အမည္းစက္စြန္းထင္းေသာ သူမ်ားသာ သိမ္းျခင္း ေရာင္းျခင္းျပဳလုပ္ႏို္င္မည္။
မေကာင္းဆုိး၀ါးမ်ားဘက္ကေတာ့ သူတို႕၏ ကိုယ္ခံပညာနည္းစနစ္မ်ားက မ်ိဳးရိုးစဥ္ဆက္ မွာ တစ္ဆင့္ျပီး တစ္ဆင့္ ဆင္းသက္လာရာ ကိုယ္ခံပညာနည္းစနည္းကို သီးျခားက်မ္းမ်ားဆိုျပီး မရွိေပ။
ေနာက္တစ္ခုက ေမွာ္ေဆးလံုးေတြ။ အဲဒိမွာ အလယ္အလတ္ေဆးလံုး ခုနစ္လံုးရွိျပီး ငါးရာအထက္က အဆင့္နိမ့္ေဆးလံုးမ်ား ျဖစ္သည္။ တစ္၀က္ေလာက္က ေမွာ္ဆရာ ႏွစ္ေယာက္၏ ေမွာ္အိတ္မ်ားဆီက ရတာ ျဖစ္သည္။ Ling Xiao က မၾကိဳက္တာ အေတာ္ဆိုးလွကာ You XiaoMo က အဲဒါေတြကို သိမ္းပဲထားကာ ေနာက္မွ အဲဒါေတြကို ေရာင္းဖို႕နည္းလမ္းရွာရမည္။
ေနာက္ဆံုးမွာေတာ့ ေမွာ္ေဆးပင္ေတြ။ ဂိုဏ္းၾကီးမ်ားက အတူတူေတာ့ မဟုတ္ေပ။ သူတုိ႕၏ ပိုင္ဆုိင္မႈမ်ားက ထူးျခားေသာ ၀ိေသသမ်ားရွိသည္။ ၾကယ္ဆယ့္တစ္လုိလူမ်ားက ေမွာ္ေဆးပင္ေကာင္းမ်ား ၾကံဳၾကိဳက္ျပီး ရွာေတြ႕တတ္သည္။ You XiaoMo ဆီမွာ မရွိေသာ အလယ္အလတ္အဆင့္ ေမွာ္ေဆးပင္ အနည္းငယ္ ရွိေနသည္။ ျပီးေတာ့ အရည္အေသြးကလည္း မနိမ့္ေပ။ သူတို႕ ေမွာ္အိတ္ထဲမွာ အဆင့္ခုနစ္ေမွာ္ေဆးပင္ တစ္ပင္ေတာင္ မရွိတာေတာ့ ဆိုးလွသည္။
သူတို႕ ခြဲျခမ္းစိတ္ျဖာျပီး ပစၥည္းမ်ားကို သိ္မ္းျပဳျပီးခ်ိန္က ကြက္တိကို တစ္နာရီျဖစ္သည္။
You XaioMo က ေမွာ္အိတ္အားလံုးကို ေမွာ္အိတ္တစ္လံုးထဲ ထည့္လုိက္ျပီး Ling Xiao ဆီကို လက္လႊဲလုိ္က္ေတာ့သည္။
Ling Xiao က ေမွာ္အိတ္ကို ယူျပီး သူ႕မ်က္လံုးမ်ား ဟဟေလးသာ ရွိေတာ့သည္အထိ ျပံဳးလုိက္သည္။ သူ႕လက္ႏွင့္ အသာေလးတစ္ခ်က္ပုတ္တာနဲ႕တင္ ေမွာ္အိတ္ကို ခြန္အားအေတာ္မ်ားမ်ားႏွင့္ လႊင့္ပစ္လုိ္က္သည္။ ပကတိမ်က္လံုးႏွင့္ေတာင္ ထုိ ေမွာ္အိတ္က ေလထဲကို ၀ဲပ်ံသြားကာ တစ္ခဏေလးသာ ၾကာလုိက္သည္။ အလြန္လ်င္ျမန္စြာႏွင့္ သူတို႕အျမင္အာရံုထဲက ေပ်ာက္ကြယ္သြားသည္။ ဘယ္ကိုပ်ံသြားသလဲဆိုတာကိုေတာ့ ဘယ္သူမွ မသိေတာ့။
“ထူးဆန္းလုိ္က္တာ ဘာလုိ႕ Da PiQiu ျပန္မလာေသးတာလဲ”
You XiaoMo ေမွာ္အိတ္ေပ်ာက္သြားတာကို ၾကည့္ေနရင္းကမွ သေဘာတူထားေသာ အခ်ိန္ကုန္လြန္သြားျပီ ဆိုတာကို ေနာက္ဆံုးက်မွ သတိထားမိေတာ့သည္။
“သူကစားရတာ အေပ်ာ္လြန္ေနလို႕ ေနမွာေပါ့”
Ling Xiao က တစ္ခုခုကို စဥ္းစားမိသြားပံုရကာ သူ႕ႏႈတ္ခမ္းစြန္းေလး ျမင့္တက္သြားတာက ရႊင္ျမဴးသြားဟန္ကို ေဖာ္ျပေနသည္။
“ကစားတာ” You XiaoMo က နားမလည္ေပ။
“ေသြးျပာ၀ံပုေလြေတြက သူတုိ႕ရဲ႕ တုိက္ပြဲ၀င္စြမး္ရည္အတြက္ နာမည္ၾကီးတာ။ ျပီးေတာ့ တုိက္ခိုက္တာက သူတို႕အတြက္ အဆင့္တက္ဖို႕ အျမန္ဆံုးနည္းလမ္းပဲ။ မင္းက သူ႕ကို ဒီေလာက္အခ်ိန္ၾကီးေနမွ သြားခြင့္ေပးတာဆိုေတာ့ သူက ျပန္မလာခင္ သူ႕ရင္ထဲကဆႏၵအတိုင္း ကစားေနမွာေပ့ါ”
Ling Xiao က သူ႕လက္ေမာင္းေပၚ သူကေခါင္းတင္ျပီးျပီး နားေနကာ အားရေက်နပ္စြာ ေျပာလိုက္သည္။
“………….” You XiaoMo
ကစားတယ္ဆုိတာ တုိက္ခိုက္တာကို ရည္ညႊန္းသည္ဟု ထင္သည္။ သူက ေသြးျပာ၀ံပုေလြ၏ သဘာ၀က တိုက္ခိုက္ရတာ ကုိ ႏွစ္သက္ျမတ္ႏို္းတာ သိေသာ္လည္း တိုက္ခိုက္ျခင္းကေန အဆင့္တက္တာကိုေတာ့ သူတကယ္ မသိေပ။
You XiaoMo က မတတ္ႏို္င္ေတာ့ပဲ “ဒါဆို သူဘယ္အခ်ိန္မွ ျပန္လာမယ္ ထင္လဲ”
Ling Xiao က ခဏေလာက္ ေတြးဆေနျပီးမွ ရယ္ကာေျပာသည္။ “သူ႕စိတ္လႈပ္ရွားတာ ျပီးသြားတဲ့အခ်ိန္ထိေစာင့္တာေပါ့ ေနာက္ေတာ့လဲ မင္းရဲ႕ အမိန္႕ေတြကို သတိရလိမ့္မယ္”
You XiaoMo က ခ်က္ခ်င္းကို အသက္ရႈမွားေလာက္ေအာင္ ေမာပန္းသြားသလို ခံစားလုိက္ရျပီး ေနာက္ သိပ္မၾကာခင္ တစ္ခုခုကို သြားေတြးမိသည္။
“အစ္ကိုသိေနသားနဲ႕ ဘာလို႕ အေစာထဲက တစ္ခုခုမေျပာတာလဲ”
“ဘာလို႕ ကိုယ္က တစ္ခုခုေျပာသင့္ရတာလဲ ”
Ling Xiao က သူ႕ကို ထူးဆန္းသည့္ အၾကည့္တစ္ခ်က္ ေပးလုိက္သည္။
“မင္းရဲ႕Da PiQiu က ေလ့က်င့္မႈ နည္းနည္းေတာ့ လုိတယ္။ သုခဘံုနယ္ေျမက အေကာင္းဆံုးအခြင့္အေရး မဟုတ္ဘူးလား ျပီးေတာ့ အၾကာၾကီး မေလ့က်င့္ပဲထားရင္ သာမာန္ အဆင့္ရွစ္ေမွာ္၀င္သားရဲေတြထက္တာင္ အားနည္းသြားမွာေပ့ါ။ မင္းက စြမ္းအင္ၾကီးမားလွတဲ့ ေသြးျပာ၀ံပုေလြတစ္ေကာင္ ကို အသံုးမက်တဲ့ အသားတံုးၾကီး အျဖစ္ အဆံုးသတ္တာ ျမင္ခ်င္တာလား”
You XiaoMo က တစ္စကၠန္႕ေလာက္ ျပန္စဥ္းစားၾကည့္လုိက္သည္။ အသံုးမက်တဲ့ အသားတံုးၾကီး၊ Da PiQiu ဘယ္ေလာက္ထိမ်ား ၀ႏုိ္င္မလဲ။ ဒီလုိ အရာမ်ိဳးက ႏွစ္ဆယ့္တစ္ရာစု ကမၻာေျမမွာေတာ့ သာမာန္မဟုတ္သည့္ အရာ မဟုတ္ေခ်။ မၾကာခဏဆုိသလို ဒီလုိအရာကမ်ိဳးကုိ ၀က္ဆိုက္ မ်ား ႏွင့့္ တီဗီြထဲတြင္ ေတြ႕ရတတ္သည္။
သူ မႏွစ္ျမိဳ႕စြာႏွင့္ တြန္႕သြားသည္။ Da PiQiu သာ အဲလိုမ်ိဳး အဆံုးသတ္သြားမည္ဆိုပါက အျပစ္မကင္းမႈျဖင့္ သူ သတ္ေတာင္ သတ္ေသျဖစ္ေလာက္သည္။ သို႕ေသာ္ သူက သိခ်င္ေနျပီ။ Ling Xiao က ဒီလုိအမူအယာက ဘယ္လုိမ်ား ျဖစ္သြားတာလဲ။
You XiaoMo က Ling Xiao ကို တစ္ခ်က္ခိုးၾကည့္လုိက္သည္။ ထိုလူက ဘာမွကို လႈပ္ရွားမႈ မရွိေတာ့မွေတာ့ “ျပီးတာပဲေလ ေနာက္တစ္နာရီေလာက္ ေစာင့္ၾကတာေပါ့” လို႕သာ ေျပာရေတာ့သည္။
ဒါနဲ႕ပဲ သူတို႕တစ္ကယ္ကို တစ္နာရီ ေစာင့္လုိက္ၾကရသည္။
တစ္နာရီ အျပည့္ေသးခင္အခ်ိန္ အတြင္းမွာ You XiaoMo က အၾကိမ္အနည္းငယ္ေလာက္ေတာ့ ေမွ်ာ္ၾကည့္ေသးသည္။ ဒီတစ္ၾကိမ္ ေခါင္းေလး ဆန္႕ထုတ္ျပီး တစ္ခ်က္ၾကည့္လုိက္ခ်ိန္မွာ ေနာက္ဆံုးေတာ့ ေမွာ္၀င္သားရဲတစ္ေကာင္ကို ရိပ္ခနဲ ျမင္လုိက္ရသည္။ အဆိုပါ ေမွာ္၀င္သားရဲက အျဖဴေရာင္ Da PiQiu မဟုတ္တာက လြဲရင္ေပါ့။ အဲဒါက အရမ္းကို ေသြးမ်ားရဲရဲေတာက္ေနသာ Da PiQiu ျဖစ္ေနသည္။
You XiaoMo က အထိတ္တလန္႕ႏွင့္ ေျပးထြက္သြားသည္။ “Da PiQiu ဘယ္လိုလုပ္ ဒီလုိျဖစ္သြားရတာတုန္း”
Da PiQiu ကလည္း သူမွားေနတာ ကို သိေနပံုေပၚသည္။ အာ ..၀ု ကနည္းေအာ္ကာ ရွက္ရြံ႕စြာႏွင့္ ေျပးထြက္ကာ သူ႕ကို မၾကည့္ရဲသလုိ အနားလဲ တုိးမလာရဲေပ။
You XiaoMo က လည္း အနားကို မတိုးသြားရဲေပ။ ေသြးညီနံ႕မ်ားက အလြန္ျပင္းလွေသာေၾကာင့္ သူ႕ကို မြန္းၾကပ္ျပီးေတာင္ ေမ႕ေလာက္ေစလု နီးပါး ျဖစ္ေနသည္။
Ling Xiao က အေနာက္ကေန လွမ္းထြက္လာကာ Da PiQiu ကုိ ေက်နပ္ ႏွစ္သိမ့္စြာ စိုက္ၾကည့္ေနသည္။ အကဲျဖတ္ေနသာ ေလသံျဖင့္ “ မဆိုးဘူး မဆိုးဘူး။ မင္းပထမဆံုးအၾကိမ္ အျပင္ထြက္တာ အေတာ္မ်ားမ်ား အမဲလိုက္ႏုိ္င္တာပဲ။ ေမြးကာစေလးအေနနဲ႕ေတာ့ မင္းရဲ႕ လုပ္ေဆာင္ခ်က္က တကယ္ မဆိုးဘူး ဒါေပမယ့္ နည္းနည္းေတာ့ လုိေနေသးသည္။ ညစ္ပတ္ေနရံုသာမကေသးဘူး ဒဏ္ရာပါ ရေနေသးတယ္”
“Da PiQiuက ဒဏ္ရာ ရေနတယ္..”
You XiaoMo အထိတ္တလန္႕ေအာ္ဟစ္ကာ ေသြးေတြအေၾကာင္း ခ်က္ခ်င္းေမ့သြားသည္။ အျမန္ေလွ်ာက္သြားကာ တစ္ကိုယ္လိုးကို စစ္ေဆးေတာ့သည္။ ေနာက္ဆံုးက်မွ ညာဘက္ေနာက္ေျခေနာက္နားမွာ ရွရာ တစ္ခုကို ေတြ႕ေတာ့သည္ ။
ရွရာေတြ႕မွပဲ You XaioMo ပင့္သက္ရႈိက္မိေတာ့သည္။
ထိုရွရာမွာ အေတာ္ၾကီးသည္။ ဘာျဖစ္မွန္း ဘယ္သူမွ မသိပဲႏွင့္ ရလဒ္က ဒီေလာက္ ဒဏ္ရာ အၾကီးၾကီးျဖစ္သြားသည္။ ရွရာၾကီးက ေလးစင္တီမီတာ နက္သည္။ အရိုးျဖဴျဖဴကိုေတာင္ ျမင္ရလုနီးပါးျဖစ္ကာ ေသြးမ်ားက အဆက္မျပတ္ ထြက္က်ေနသည္။ ေသခ်ာသာ မစစ္ၾကည့္လွ်င္ အေပၚယံသာ ျမင္မိလိမ့္မည္။ အာရံုမစိုက္မိသည့္ တစ္ခဏေလး အတြင္းမွာ အေပၚယံသာ ၾကည့္မိပါက ေသြးေတြနဲက ဖံုးေနလိမ့္မည္ဟု ဘယ္သူက သိမွာလဲ
တစ္ခဏေလာက္ အထိ္တ္တလန္႕ျဖစ္ျပီးေတာ့ You XaioMo က သူ႕ကို ခ်က္ခ်င္း နယ္ေျမထဲ ထည့္လုိက္ခ်င္ေနသည္။
သူ႕ေဘးက Ling Xiao က သူ႕ပခံုးေပၚကို လက္တစ္ဖက္ တင္ကာ သူ႕ကို တားလိုက္သည္ ။ “ခဏေစာင့္ဦး လူေတြ လာေနတယ္”
သူေျပာလုိက္တဲ့ေနာက္မွာပဲ အေ၀းကေန လာေနေသာ အသံစူးစူးမ်ားကို ၾကားႏို္င္သည္။ အသံက ပိုပို နီးလာသည္။ ဒါက ဓါးပ်ံေတြ ေကာင္းကင္ကေန လာေသာ အသံျဖစ္သည္။ လူအေတာ္မ်ားမ်ား လာေနမွန္းလဲ သိသာလွသည္။ ေဒါသထြက္ေနေသာ အသံမ်ားကိုလဲ ၾကားႏို္င္သည္။
You XiaoMo က အဆင့္ေလး ေမွာ္ဆရာတစ္ေယာက္အျဖစ္ တက္ေရာက္ခါနီးေနျပီ ျဖစ္ေသာေၾကာင့္ သူ႕စိတ္၀ိဉာဏ္၏ သေဘာေပါက္ နားလည္ႏို္င္စြမ္းက ပိုပ္ုိ အားေကာင္းလာသည္။ အေ၀းထဲက အသံေတြ ဘာေတြ ေျပာေနသလဲဆိုတာ သူၾကားႏို္င္သည္။ အမ်ားစုက ‘ အဲဒါ ဘယ္ကို ေျပးသြားတာလဲ အျမန္လို္က္ၾက ထြက္မေျပးေစနဲ႕’ ဆိုတာမ်ိဳးေတြ ျဖစ္သည္။ သူတို႕က အဲဒါ ဆိုတာက ဘာကို ရည္ညႊန္းသလဲ မသိေပမယ့္ You XiaoMo က Da PiQiu ကို ရည္ညႊန္းခ်င္တယ္ဆိုတာေတာ့ မွန္းဆႏို္င္ေနျပီ။
သိပ္မၾကာခင္ ထိုလူစုက သူတို႕တုိ႕ ျမင္ကြင္းက်ယ္ထဲကို တစ္ေယာက္ျပီးတစ္ေယာက္ေပၚလာၾကသည္။
ေကာင္းကင္ကေန ေခတ္ဆန္ဆန္ ၀တ္ဆင္ထားျပီး တစ္ေယာက္ျပီး တစ္ေယာက္ ေကာင္းကင္ကေန ပ်ံ၀ဲျပီး ဆင္းလာျပီး ၾကြားလံုးထုတ္လာၾကလုိက္တာက သူတုိ႕က အင္အားရွိေသာ ေနာက္ခံကေန လာတာမွန္း အျခားသူမ်ားက မသိမွာ စိုးေနသလားျဖစ္ေနသည္။
You XiaoMo တစ္ခ်က္ေလာက္ အနီးကပ္ၾကည့္လုိက္ရတာႏွင့္သူ႕မ်က္လံုးေတြက သူကတုိ႕ေျခအိတ္နားကို ထြက္က်ေတာ့ မတတ္ျဖစ္သြားသည္။
သူတို႕အေရွ႕က သူမ်ားက သူမွတ္မိေနေသာ သူမ်ားျဖစ္သည္။ ဒီလူမ်ားက အေနာက္ေတာင္ဘက္ကို ဦးတည္သြားေနသင့္သည့္ Lei Ju ႏွင့္ အဖြဲ႕ျဖစ္သည္။ ဘာ့ေၾကာင့္မ်ားသူတို႕ေတြ ဒီမွာ လာဆံုေနရသလဲ/
Unicode
C- 167 Causing trouble
အခန်း ၁၆၇ ပြဿနာ တက်ခြင်း
Ling Xiao ခေါင်းဆောင်းပြီး ကြည့်လိုက်တော့ သူ့လက်ထဲမှာ နွားသားရေတစ်ခုတွေ့လိုက်ရသည်
ထိုသားရေပိုင်းက ကြည့်ရတာ အလွန်ရင်းနှီးနေသည်။ သူ့မှာ ရှိတဲ့ ကျောက်စိမ်းစိတ်ဝိဉာဏ်ဂူ၏ မပြည့်စုံသော မြေပုံနှင့် အလွန်တူသည်။
You XiaoMo က ဖြန့်ချပြီး တစ်ချက်ကြည့်လိုက်သည်။ အဲဒိမှာ လမ်းကြောင်းတစ်ခုကို အမှတ်အသားပြုထားသော်လည်း မရှင်းလင်းပေ။ ပြီးတော့ ဘယ်ကို ဦးတည်နေသလဲ ဆိုတာကိုလဲ မဖော်ပြထား။ ထိုမြေပုံကို Ye Dan၏ မှော်အိတ်ထဲကနေ တွေ့တာ ဖြစ်သည်။
အဲဒိအချိန်မှာပဲ Ling Xiao က ခိုးလာသော ပစ္စည်းအပုံထဲက နောက်ထပ် သားရေအပိုင်းအစတစ်ခုကို ဆွဲထုတ်လိုက်သည်။ သူကလက်ထဲက ရှိနေသည်နှင့် အတူတူပဲ ဖြစ်သည်။ အသေးစိတ်ကို ထောက်ပြရမည်ဆိုရင်တော့ သူတို့က အရွယ်အစားမတူပေ။
သူ့လက်ထဲ(YXM) ကဟာက လက်နှစ်ဝါးစာသာ ရှိသည်။ Ling Xiao လက်ထဲက တစ်ခုကတော့ A4 စာရွက်တစ်ရွက်အရွယ်အစား ရှိသည်။ အဲဒိအပေါ်မှာက မြေမျက်နှာသွင်ပြင်နှင့် လမ်းကြောင်းများက ပိုပြီး ရှင်းရှင်းလင်းလင်း ဆွဲပြထားသည်။ မြေပုံ၏ အလယ်တွင် နန်းတော်တစ်ခု အမှတ်အသားရှိသည်။ ကြည့်ရတာ လမ်းကြောင်းအများစုက နန်းတော်ကို ဦးတည်ဟန် ရှိသည်။
မြေပုံနှစ်ခုယှဉ်ကြည့်လျှင် Ling Xiaoလက်ထဲက တစ်ခုက ပိုကောင်းတာ သိသာသည်။ You XiaoMo က ချက်ချင်း သူကလက်ထဲက မြေပုံကို လွှင့်ပစ်ပြီးတော့ Ling Xiaoဆီကို သွားကာ မြေပုံကို အတူတူ ကြည့်တော့သည်။
“အစ်ကိုကြီးLing သုခဘုံနယ်မြေမှာ ဒီလိုနေရာမျိုး ရှိနေတာလား” You XiaoMo က သိချင်စိတ်အပြည့်နှင့် မေးလိုက်သည်။
“သုခဘုံနယ်မြေမှာလဲ အရှင်သခင်ဆိုတာ ရှိတာပေါ့ နန်းတော်တစ်ခု ရှိတယ်ဆိုတာ ထူးဆန်းတာမှ မဟုတ်တာ”
Ling Xiao က မြေပုံကို ဖွင့်ကာ မြေပြင်ပေါ်ကို ချခင်းလိုက်သည်။ ကြည့်ရတာ ဒီမြေပုံက တကယ့်ကို အလွန်ပြည့်စုံသည်။ သူတို့ သွားပြီးသော နေရာအများစုက အထဲမှာ ပါပြီးတော့ သူတို့ မရောက်သေးသော နေရာအများအပြားလဲ ရှိနေသေးသည်။
မကောင်းဆိုးဝါးများ၏ ကြိုတင်ပြင်ဆင်မှုများက အတော် ပြည့်စုံသည်။ သူတို့ သုခဘုံနယ်မြေကို စိတ်ဝင်စားနေတာ အတော်ကြာပုံရသည်။ ဒါမှမဟုတ် သူတို့က ဒီအရာအားလုံးကို အရေးပါသော ဂိုဏ်းများမှ ဂိုဏ်းသားများနှင့် ညှိနှိုင်းရန် ပြင်ဆင်ထားတာလဲ ဖြစ်နိုင်သည်။ ပြီးတော့ မှော်ဆေးပင်အများစုက သူတို့သုံးလို့ မရ။ မှော်ဝင်သားရဲများကိုသာ သုံးနိုင်သည်။
You XiaoMo က အဲဒိဟာ နှစ်ခုကို တစ်စက္ကန့်လောက် နှိုင်းယှဉ်ကြည့်ပြီးနောက် Ye Dan၏ မြေပုံက သေးငယ်သော်လည်း မြေပုံ၏ နောက်ဆုံးပန်းတိုင်က အခြားလမ်းတစ်ခုက ဦးတည်ထားသော ထိုနန်းတော်သာ ဖြစ်ကြောင်း တွေ့ရှိသွားသည်။
“အစ်ကိုကြီးLing အဲဒိနှစ်ခုစလုံက ဒီနန်းတောကိုပဲ ဦးတည်နေတယ်လို့ မထင်ဘူးလား။ Qing Cheng ဂိုဏ်းမှာလဲ ရှိမှတော့ TianXin မှာလဲ ရှိနိုင်တယ်မလား”
You XiaoMo သေချာ စဉ်းစားကြည့်ပြီးတော့ ရုတ်တရက် Ling Xiao ဆီကို ကြည့်လိုက်သည်။
ဒါပေမယ့် Ling Xiao မှာ ထိုမြေပုံ သေချာပေါက်မရခဲ့ပေ။ ပြီးတော့ အကြီးအကဲShi က သူတို့ကို ထိုနန်းတော်၏ လုံးဝဆန့်ကျင်ဘက် ကိုတောင် ညွှန်လိုက်သေးသည်။ သူတို့ကို ရည်ရွယ်ချက်ရှိရှိ နှင့် နန်းတော်အဝေးကို ပို့ပုံရတော့မှတော့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းလင်းအောင် ပြနေသလိုဖြစ်နေသည်။
Ling Xiao ကဟန်လုပ်ပြုံးကာ “ ကိုယ့်ကို ဒီလောက် အရေးကြီးတဲ့ဟာတစ်ခုကို ပြောတောင် မပြောပြဘူး။ ကြည့်ရတာ Tang Fan က ကိုယ့်ကို သတိထားနေတာ အတော်ကြာနေပုံပဲ။ အွန်း .. ကောင်းပြီလေ။ အဲဒိကို သွားပြီး တစ်ချက်လောက် ကြည့်ကြတာပေ့ါ။ အရေးပါတဲ့ ဂိုဏ်းတွေအကုန်လုံးကိုတောင် ဆွဲဆောင်နိုင်အောင် နန်းတော်ထဲမှာ ဘာတွ လျှို့ဝှက်ပြီး ဖွက်ထားလဲ မသိဘူး”
You XiaoMo က ချက်ချင်းကို ပျော်ရွှင်မြူးတူးစွာနဲ့ ခေါင်းညိမ့်လိုက်သည်။
သူလဲ အဲဒိကို သွားပြီးတော့ တစ်ချက်လောက် ကြည့်ချင်သည် ဒါပေမယ့် သူကတော့ အလျင်မလိုပါဘူး။
သူတို့အခုရောက်နေတဲ့ နေရာက ကျောက်စိမ်းစိတ်ဝိဉာဏ်ဂူဖြစ်သည်။ ဒီနေရာကနေ အဲဒိ ရောက်ဖို့အတွက် အနည်းဆုံး နေ့တစ်ဝက်အချိန်ယူရမည်။ ပြီးတော့ သူတို့က မှော်ဝင်သားရဲများ နဲ့ မှော်ဆေးပင်များကိုလဲ လမ်းမှာ တွေ့နိုင်သေးသည်။ ဟိုနားတူး ဒီနားတူးက အချိန်နည်းနည်းလဲ ယူနိုင်သေးသည်။ အဆုံးမှာတော့ တစ်ရက်လောက်လဲ အချိန်ကုန်သွားနိုင်သည်။
အခြားသူများအတွက်ကတော့ သူတို့ရဲ့ အခြေအနေကလည်း သူတို့နှင့် အတူတူပဲ ဖြစ်လောက်သည်။ ပြိးတော့ သူတို့က ဒီလောက် ရှင်းလင်းသော မြေပုံတစ်ခုလည်း ရှိချင်မှ ရှိလိမ့်မည်။
အဲဒိနောက်တော့ You XaioMo က Ling Xiao ပစ္စည်းတွေ ကို စုစည်းလိုက်ကြသည် အဆုံးမှာတော့ တိုက်ပွဲက လုလာသော ပစ္စည်းအကုန်လုံးကို ခွဲခြားစိတ်ဖြာပြီး ဖြစ်သွားသည်။
အဲဒိတွင် ကိုယ်ခံပညာနည်းစနစ်များအားလုံးပေါင်းလျှင် ခုနစ်ခု ရှစ်ခုလောက် ရှိသည်။ သူတို့တွေက တူညီတော့ အဖွဲ့ထဲမှ ဖြစ်သဖြင့် အချို့နည်းစနစ်များက အတူတူ ဖြစ်နေသည်။ ကံကောင်းစွာနှင့် ကြယ်ဆယ့်တစ်၏ ကိုယ်ခံပညာ နည်းစနစ် က အဆင့်မြင့်အရည်အသွေး အလယ်အလတ်ကျမ်းတစ်ခု ဖြစ်နေသည်။ XingLuo အဖွဲ့၏ ပင်မဂိုဏ်းသားများသာ ကျင့်ကြံရသော ဟာ ဖြစ်လိမ့်မည်။ သို့သော်လည်း သူ့ရဲ့ သဘောသဘာဝကတော့ အမှောင်ဘက်ကို သွားကာ အမည်းစက်စွန်းထင်းသော သူများသာ သိမ်းခြင်း ရောင်းခြင်းပြုလုပ်နိုင်မည်။
မကောင်းဆိုးဝါးများဘက်ကတော့ သူတို့၏ ကိုယ်ခံပညာနည်းစနစ်များက မျိုးရိုးစဉ်ဆက် မှာ တစ်ဆင့်ပြီး တစ်ဆင့် ဆင်းသက်လာရာ ကိုယ်ခံပညာနည်းစနည်းကို သီးခြားကျမ်းများဆိုပြီး မရှိပေ။
နောက်တစ်ခုက မှော်ဆေးလုံးတွေ။ အဲဒိမှာ အလယ်အလတ်ဆေးလုံး ခုနစ်လုံးရှိပြီး ငါးရာအထက်က အဆင့်နိမ့်ဆေးလုံးများ ဖြစ်သည်။ တစ်ဝက်လောက်က မှော်ဆရာ နှစ်ယောက်၏ မှော်အိတ်များဆီက ရတာ ဖြစ်သည်။ Ling Xiao က မကြိုက်တာ အတော်ဆိုးလှကာ You XiaoMo က အဲဒါတွေကို သိမ်းပဲထားကာ နောက်မှ အဲဒါတွေကို ရောင်းဖို့နည်းလမ်းရှာရမည်။
နောက်ဆုံးမှာတော့ မှော်ဆေးပင်တွေ။ ဂိုဏ်းကြီးများက အတူတူတော့ မဟုတ်ပေ။ သူတို့၏ ပိုင်ဆိုင်မှုများက ထူးခြားသော ၀ိသေသများရှိသည်။ ကြယ်ဆယ့်တစ်လိုလူများက မှော်ဆေးပင်ကောင်းများ ကြုံကြိုက်ပြီး ရှာတွေ့တတ်သည်။ You XiaoMo ဆီမှာ မရှိသော အလယ်အလတ်အဆင့် မှော်ဆေးပင် အနည်းငယ် ရှိနေသည်။ ပြီးတော့ အရည်အသွေးကလည်း မနိမ့်ပေ။ သူတို့ မှော်အိတ်ထဲမှာ အဆင့်ခုနစ်မှော်ဆေးပင် တစ်ပင်တောင် မရှိတာတော့ ဆိုးလှသည်။
သူတို့ ခွဲခြမ်းစိတ်ဖြာပြီး ပစ္စည်းများကို သ်ိမ်းပြုပြီးချိန်က ကွက်တိကို တစ်နာရီဖြစ်သည်။
You XaioMo က မှော်အိတ်အားလုံးကို မှော်အိတ်တစ်လုံးထဲ ထည့်လိုက်ပြီး Ling Xiao ဆီကို လက်လွှဲလိုက်တော့သည်။
Ling Xiao က မှော်အိတ်ကို ယူပြီး သူ့မျက်လုံးများ ဟဟလေးသာ ရှိတော့သည်အထိ ပြုံးလိုက်သည်။ သူ့လက်နှင့် အသာလေးတစ်ချက်ပုတ်တာနဲ့တင် မှော်အိတ်ကို ခွန်အားအတော်များများနှင့် လွှင့်ပစ်လိုက်သည်။ ပကတိမျက်လုံးနှင့်တောင် ထို မှော်အိတ်က လေထဲကို ၀ဲပျံသွားကာ တစ်ခဏလေးသာ ကြာလိုက်သည်။ အလွန်လျင်မြန်စွာနှင့် သူတို့အမြင်အာရုံထဲက ပျောက်ကွယ်သွားသည်။ ဘယ်ကိုပျံသွားသလဲဆိုတာကိုတော့ ဘယ်သူမှ မသိတော့။
“ထူးဆန်းလိုက်တာ ဘာလို့ Da PiQiu ပြန်မလာသေးတာလဲ”
You XiaoMo မှော်အိတ်ပျောက်သွားတာကို ကြည့်နေရင်းကမှ သဘောတူထားသော အချိန်ကုန်လွန်သွားပြီ ဆိုတာကို နောက်ဆုံးကျမှ သတိထားမိတော့သည်။
“သူကစားရတာ အပျော်လွန်နေလို့ နေမှာပေါ့”
Ling Xiao က တစ်ခုခုကို စဉ်းစားမိသွားပုံရကာ သူ့နှုတ်ခမ်းစွန်းလေး မြင့်တက်သွားတာက ရွှင်မြူးသွားဟန်ကို ဖော်ပြနေသည်။
“ကစားတာ” You XiaoMo က နားမလည်ပေ။
“သွေးပြာဝံပုလွေတွေက သူတို့ရဲ့ တိုက်ပွဲဝင်စွမ်းရည်အတွက် နာမည်ကြီးတာ။ ပြီးတော့ တိုက်ခိုက်တာက သူတို့အတွက် အဆင့်တက်ဖို့ အမြန်ဆုံးနည်းလမ်းပဲ။ မင်းက သူ့ကို ဒီလောက်အချိန်ကြီးနေမှ သွားခွင့်ပေးတာဆိုတော့ သူက ပြန်မလာခင် သူ့ရင်ထဲကဆန္ဒအတိုင်း ကစားနေမှာပေ့ါ”
Ling Xiao က သူ့လက်မောင်းပေါ် သူကခေါင်းတင်ပြီးပြီး နားနေကာ အားရကျေနပ်စွာ ပြောလိုက်သည်။
“………….” You XiaoMo
ကစားတယ်ဆိုတာ တိုက်ခိုက်တာကို ရည်ညွှန်းသည်ဟု ထင်သည်။ သူက သွေးပြာဝံပုလွေ၏ သဘာဝက တိုက်ခိုက်ရတာ ကို နှစ်သက်မြတ်နိုးတာ သိသော်လည်း တိုက်ခိုက်ခြင်းကနေ အဆင့်တက်တာကိုတော့ သူတကယ် မသိပေ။
You XiaoMo က မတတ်နိုင်တော့ပဲ “ဒါဆို သူဘယ်အချိန်မှ ပြန်လာမယ် ထင်လဲ”
Ling Xiao က ခဏလောက် တွေးဆနေပြီးမှ ရယ်ကာပြောသည်။ “သူ့စိတ်လှုပ်ရှားတာ ပြီးသွားတဲ့အချိန်ထိစောင့်တာပေါ့ နောက်တော့လဲ မင်းရဲ့ အမိန့်တွေကို သတိရလိမ့်မယ်”
You XiaoMo က ချက်ချင်းကို အသက်ရှုမှားလောက်အောင် မောပန်းသွားသလို ခံစားလိုက်ရပြီး နောက် သိပ်မကြာခင် တစ်ခုခုကို သွားတွေးမိသည်။
“အစ်ကိုသိနေသားနဲ့ ဘာလို့ အစောထဲက တစ်ခုခုမပြောတာလဲ”
“ဘာလို့ ကိုယ်က တစ်ခုခုပြောသင့်ရတာလဲ ”
Ling Xiao က သူ့ကို ထူးဆန်းသည့် အကြည့်တစ်ချက် ပေးလိုက်သည်။
“မင်းရဲ့Da PiQiu က လေ့ကျင့်မှု နည်းနည်းတော့ လိုတယ်။ သုခဘုံနယ်မြေက အကောင်းဆုံးအခွင့်အရေး မဟုတ်ဘူးလား ပြီးတော့ အကြာကြီး မလေ့ကျင့်ပဲထားရင် သာမာန် အဆင့်ရှစ်မှော်ဝင်သားရဲတွေထက်တာင် အားနည်းသွားမှာပေ့ါ။ မင်းက စွမ်းအင်ကြီးမားလှတဲ့ သွေးပြာဝံပုလွေတစ်ကောင် ကို အသုံးမကျတဲ့ အသားတုံးကြီး အဖြစ် အဆုံးသတ်တာ မြင်ချင်တာလား”
You XiaoMo က တစ်စက္ကန့်လောက် ပြန်စဉ်းစားကြည့်လိုက်သည်။ အသုံးမကျတဲ့ အသားတုံးကြီး၊ Da PiQiu ဘယ်လောက်ထိများ ၀နိုင်မလဲ။ ဒီလို အရာမျိုးက နှစ်ဆယ့်တစ်ရာစု ကမ္ဘာမြေမှာတော့ သာမာန်မဟုတ်သည့် အရာ မဟုတ်ချေ။ မကြာခဏဆိုသလို ဒီလိုအရာကမျိုးကို ၀က်ဆိုက် များ နှင့် တီဗွီထဲတွင် တွေ့ရတတ်သည်။
သူ မနှစ်မြို့စွာနှင့် တွန့်သွားသည်။ Da PiQiu သာ အဲလိုမျိုး အဆုံးသတ်သွားမည်ဆိုပါက အပြစ်မကင်းမှုဖြင့် သူ သတ်တောင် သတ်သေဖြစ်လောက်သည်။ သို့သော် သူက သိချင်နေပြီ။ Ling Xiao က ဒီလိုအမူအယာက ဘယ်လိုများ ဖြစ်သွားတာလဲ။
You XiaoMo က Ling Xiao ကို တစ်ချက်ခိုးကြည့်လိုက်သည်။ ထိုလူက ဘာမှကို လှုပ်ရှားမှု မရှိတော့မှတော့ “ပြီးတာပဲလေ နောက်တစ်နာရီလောက် စောင့်ကြတာပေါ့” လို့သာ ပြောရတော့သည်။
ဒါနဲ့ပဲ သူတို့တစ်ကယ်ကို တစ်နာရီ စောင့်လိုက်ကြရသည်။
တစ်နာရီ အပြည့်သေးခင်အချိန် အတွင်းမှာ You XiaoMo က အကြိမ်အနည်းငယ်လောက်တော့ မျှော်ကြည့်သေးသည်။ ဒီတစ်ကြိမ် ခေါင်းလေး ဆန့်ထုတ်ပြီး တစ်ချက်ကြည့်လိုက်ချိန်မှာ နောက်ဆုံးတော့ မှော်ဝင်သားရဲတစ်ကောင်ကို ရိပ်ခနဲ မြင်လိုက်ရသည်။ အဆိုပါ မှော်ဝင်သားရဲက အဖြူရောင် Da PiQiu မဟုတ်တာက လွဲရင်ပေါ့။ အဲဒါက အရမ်းကို သွေးများရဲရဲတောက်နေသာ Da PiQiu ဖြစ်နေသည်။
You XiaoMo က အထိတ်တလန့်နှင့် ပြေးထွက်သွားသည်။ “Da PiQiu ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာတုန်း”
Da PiQiu ကလည်း သူမှားနေတာ ကို သိနေပုံပေါ်သည်။ အာ ..၀ု ကနည်းအော်ကာ ရှက်ရွံ့စွာနှင့် ပြေးထွက်ကာ သူ့ကို မကြည့်ရဲသလို အနားလဲ တိုးမလာရဲပေ။
You XiaoMo က လည်း အနားကို မတိုးသွားရဲပေ။ သွေးညီနံ့များက အလွန်ပြင်းလှသောကြောင့် သူ့ကို မွန်းကြပ်ပြီးတောင် မေ့လောက်စေလု နီးပါး ဖြစ်နေသည်။
Ling Xiao က အနောက်ကနေ လှမ်းထွက်လာကာ Da PiQiu ကို ကျေနပ် နှစ်သိမ့်စွာ စိုက်ကြည့်နေသည်။ အကဲဖြတ်နေသာ လေသံဖြင့် “ မဆိုးဘူး မဆိုးဘူး။ မင်းပထမဆုံးအကြိမ် အပြင်ထွက်တာ အတော်များများ အမဲလိုက်နိုင်တာပဲ။ မွေးကာစလေးအနေနဲ့တော့ မင်းရဲ့ လုပ်ဆောင်ချက်က တကယ် မဆိုးဘူး ဒါပေမယ့် နည်းနည်းတော့ လိုနေသေးသည်။ ညစ်ပတ်နေရုံသာမကသေးဘူး ဒဏ်ရာပါ ရနေသေးတယ်”
“Da PiQiuက ဒဏ်ရာ ရနေတယ်..”
You XiaoMo အထိတ်တလန့်အော်ဟစ်ကာ သွေးတွေအကြောင်း ချက်ချင်းမေ့သွားသည်။ အမြန်လျှောက်သွားကာ တစ်ကိုယ်လိုးကို စစ်ဆေးတော့သည်။ နောက်ဆုံးကျမှ ညာဘက်နောက်ခြေနောက်နားမှာ ရှရာ တစ်ခုကို တွေ့တော့သည် ။
ရှရာတွေ့မှပဲ You XaioMo ပင့်သက်ရှိုက်မိတော့သည်။
ထိုရှရာမှာ အတော်ကြီးသည်။ ဘာဖြစ်မှန်း ဘယ်သူမှ မသိပဲနှင့် ရလဒ်က ဒီလောက် ဒဏ်ရာ အကြီးကြီးဖြစ်သွားသည်။ ရှရာကြီးက လေးစင်တီမီတာ နက်သည်။ အရိုးဖြူဖြူကိုတောင် မြင်ရလုနီးပါးဖြစ်ကာ သွေးများက အဆက်မပြတ် ထွက်ကျနေသည်။ သေချာသာ မစစ်ကြည့်လျှင် အပေါ်ယံသာ မြင်မိလိမ့်မည်။ အာရုံမစိုက်မိသည့် တစ်ခဏလေး အတွင်းမှာ အပေါ်ယံသာ ကြည့်မိပါက သွေးတွေနဲက ဖုံးနေလိမ့်မည်ဟု ဘယ်သူက သိမှာလဲ
တစ်ခဏလောက် အထ်ိတ်တလန့်ဖြစ်ပြီးတော့ You XaioMo က သူ့ကို ချက်ချင်း နယ်မြေထဲ ထည့်လိုက်ချင်နေသည်။
သူ့ဘေးက Ling Xiao က သူ့ပခုံးပေါ်ကို လက်တစ်ဖက် တင်ကာ သူ့ကို တားလိုက်သည် ။ “ခဏစောင့်ဦး လူတွေ လာနေတယ်”
သူပြောလိုက်တဲ့နောက်မှာပဲ အဝေးကနေ လာနေသော အသံစူးစူးများကို ကြားနိုင်သည်။ အသံက ပိုပို နီးလာသည်။ ဒါက ဓါးပျံတွေ ကောင်းကင်ကနေ လာသော အသံဖြစ်သည်။ လူအတော်များများ လာနေမှန်းလဲ သိသာလှသည်။ ဒေါသထွက်နေသော အသံများကိုလဲ ကြားနိုင်သည်။
You XiaoMo က အဆင့်လေး မှော်ဆရာတစ်ယောက်အဖြစ် တက်ရောက်ခါနီးနေပြီ ဖြစ်သောကြောင့် သူ့စိတ်ဝိဉာဏ်၏ သဘောပေါက် နားလည်နိုင်စွမ်းက ပိုပ်ို အားကောင်းလာသည်။ အဝေးထဲက အသံတွေ ဘာတွေ ပြောနေသလဲဆိုတာ သူကြားနိုင်သည်။ အများစုက ‘ အဲဒါ ဘယ်ကို ပြေးသွားတာလဲ အမြန်လိုက်ကြ ထွက်မပြေးစေနဲ့’ ဆိုတာမျိုးတွေ ဖြစ်သည်။ သူတို့က အဲဒါ ဆိုတာက ဘာကို ရည်ညွှန်းသလဲ မသိပေမယ့် You XiaoMo က Da PiQiu ကို ရည်ညွှန်းချင်တယ်ဆိုတာတော့ မှန်းဆနိုင်နေပြီ။
သိပ်မကြာခင် ထိုလူစုက သူတို့တို့ မြင်ကွင်းကျယ်ထဲကို တစ်ယောက်ပြီးတစ်ယောက်ပေါ်လာကြသည်။
ကောင်းကင်ကနေ ခေတ်ဆန်ဆန် ၀တ်ဆင်ထားပြီး တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်ကနေ ပျံဝဲပြီး ဆင်းလာပြီး ကြွားလုံးထုတ်လာကြလိုက်တာက သူတို့က အင်အားရှိသော နောက်ခံကနေ လာတာမှန်း အခြားသူများက မသိမှာ စိုးနေသလားဖြစ်နေသည်။
You XiaoMo တစ်ချက်လောက် အနီးကပ်ကြည့်လိုက်ရတာနှင့်သူ့မျက်လုံးတွေက သူကတို့ခြေအိတ်နားကို ထွက်ကျတော့ မတတ်ဖြစ်သွားသည်။
သူတို့အရှေ့က သူများက သူမှတ်မိနေသော သူများဖြစ်သည်။ ဒီလူများက အနောက်တောင်ဘက်ကို ဦးတည်သွားနေသင့်သည့် Lei Ju နှင့် အဖွဲ့ဖြစ်သည်။ ဘာ့ကြောင့်များသူတို့တွေ ဒီမှာ လာဆုံနေရသလဲ/