C-161 Sword formations and silencing witnesses.
အခန္း ၁၆၁ ဓါးဖြဲ႕စည္းပံုပံုစံႏွင့္ မ်က္ျမင္သက္ေသမ်ားကို ႏႈတ္ပိတ္ျခင္း
"က်ဳပ္ရဲ႕ညီငယ္ေလးက စိတ္ေကာင္း ေစတနာေကာင္းနဲ႕ သတိေပးတယ္။ ေက်းဇူးမတင္လဲ ရတယ္ ဒါေပမယ့္ ဘယ္လုိ လုပ္ျပီမ်ား ခံ်ဳခို တိုက္ရတာတုန္း ? ေတာ္ေတာ္ၾကီး မ်ားသြားျပီ"
လူပိုမ်ားတယ္ဆိုျပီးေတာ့ ေၾကာက္ရြ႕ံဟန္မျပတဲ့အဖြဲ႕ေခါင္းေဆာင္ Ye Dan ကို ၾကည့္ရင္း Ling Xiao အရွိန္အ၀ါ ထုတ္လႊတ္လုိက္သည္။
ေနာက္ဆံုးမွာ Lin Xiao ေပၚထြက္လာတာကို ၾကည့္ျပီးေတာ့ Ye Dan ႏွင့္ အေပါင္းအပါမ်ားက သူ႕တို႕ေတြရဲ႕ လႈပ္ရွားေနသာ ေသြးမ်ား ေအးသြားသလုိ ခံစားရသည္။ Ling Xiao ေပၚလာမွာကို သူတို႕ေတြ တကယ္ မေမွ်ာ္လင့္ ထား။ သူတို႕က သူ႕အရိပ္အေယာင္ကို မျမင္တာ ေသခ်ာလွသည္ ။ သို႕ေသာ္ ျငားလည္း သူတို႕ရဲ႕ အေရအတြက္ က ပိုမ်ားေနတာမိဳ႕ ခ်က္ခ်င္းထြက္ေျပးရေအာင္ေတာ့ ထိတ္လန္႕ မသြားေခ်။
ျပီးေတာ့ Ye Dan၏ က်င့္ၾကံဆင့္က ၾကယ္အဆင့္ ၾကယ္တစ္ပြင့္ျဖစ္ကာ Lin Xiao ထက္ ၾကယ္တစ္ပြင့္သာ နိမ့္သည္။ သူတို႕ေတြ ေပါင္းတိုက္ရင္ေတာ့ မရံႈးႏိုင္။
သုိ႕ေသာ္ Ye Dan က ပါတ္၀န္းက်င္ကို ႏိုးႏိုးၾကားၾကားႏွင့္ ေ၀႕၀ိုက္ၾကည့္ေသာ္လည္း အျခားသူမ်ား၏ အရိပ္ေယာင္ရွာ မရ ေပ။ သူ႕ရင္ထဲမွာ အနည္းငယ္မအံ့ၾသပဲ မေနႏိုင္
Lin Xiao က အတည္ၾကီး သုခဘံုနယ္ေျမထဲမွာ ေမွာ္ဆရာေလး တစ္ေယာက္နဲ႕ သြားလာေနတယ္။ သူက အခ်ိဳ႕ကိစၥ ေတြအတြက္ စြန္႕စားေနတာ ျဖစ္ႏိုင္တယ္မလား? သူ႕စိတ္ထဲတြင္ Lin Xiao မွာ TianXinဂိုဏ္း၏ တပည့္ၾကီးျဖစ္သည္။ ဒီေတာ့ အခ်ိဳ႕ေသာ အေရးၾကီးေသာ ကိစၥမ်ားကုိ လုပ္ေဆာင္ရန္ ေသခ်ာေပါက္ တာ၀န္ေပးခံလိမ့္မည္။ သူ႕အနားမွာ ညီအစ္ကို အမ်ားအျပား ရွိေနႏိုင္သည္။
အခုေတာ့ သူတို႕ႏွစ္ေယာက္တည္းႏွင့္ ေမွာ္၀င္သားရဲ တစ္ေကာင္းတည္း Tian Xinဂိုဏ္းက အျခားဂိုဏ္းသားမ်ား၏ အရိပ္အေယာင္မရွိ သူ႕ရင္ထဲမွာ အရမ္းထိတ္လန္႕ ေနေသာ္လည္း တိတ္တဆိတ္ေတာ့ စိတ္သက္သာရာ ရစြာ သက္ျပင္းခ်လုိက္သည္။
"မင္းပါးစပ္က ေသခါနီးဆဲဆဲေတာင္မွ အရမ္းထက္ေနပါလား။ မင္းသာ သုခဘံုနယ္ေျမမွာ ေသသြားတာကို မင္းဆရာနဲ႕ ဂိုဏ္းသားေတြ သိသြားရင္ ဘယ္လုိအမူအယာ ျဖစ္သြားမလဲဆိုတာ သိခ်င္လွတယ္ ။ အမွန္ျဖစ္သြားေအာင္ တကယ္လုပ္ဖို႕ ရည္ရြယ္ထားတယ္ "
Ye Dan က Lin Xiao ကို အံၾသဖြယ္ေကာင္းသည္ဟု လူတုိ္င္းက ေျပာေပမယ့္ သူက ဘယ္တုန္းက မွ အဲေလာက္လို႕ မေတြးထင္ထားပဲ အာဃာတ ထားထားသည္။ သူ႕ရင္ထဲမွာက သူကသာ Lin Xiao ထပ္ ပိုျပီး ေတာ္သည္ဟု အျမဲ ခံစားရသည္။ အခုေတာ့ ဒီအခ်က္ကို သက္ေသျပဖို႕ အခြင့္ေကာင္းရလာျပီ။
" မလိုတာေတြ တအား မ်ားသြားျပီ"
Ling Xiao က သူ႕ရဲ႕ မရွက္မေၾကာက္နဲ႕ ေလလံုးထြားထြားၾကီးကို ၾကားျပီးေတာ့ ထိုလူကို စိတ္၀င္စားစြာႏွင့္ ၾကည့္လုိက္သည္။
ထိုစကား မလိုအပ္တာေတြ ဆိုတာကို Ye Dan ကေတာ့ နားလည္လိမ့္မည္ မဟုတ္။ You XiaoMo ကေတာ့ ထို အဓိပါၸယ္ ကို ရွင္းရွင္းလင္းလင္းၾကီးကို နားလည္သည္။ Ye Dan သာ သူႏွင့္ Ling Xiao ကို ဒီမွာ သတ္ႏို္င္မယ္ဆိုလွ်င္ ထိုအေၾကာင္းကို Tang Fan ႏွင့္ Kong Wen နားထဲသာ ေရာက္သြားမည္ဆိုပါက သူတို႕က Ye Dan ကို ေက်းဇူးေတာင္ တင္ႏို္င္ေသးသည္။
မည္သို႕ပင္ ဆိုေစကာမူ ဒါက အဓိပါၸယ္ေပါင္း ေသာင္းေျခာက္ေထာင္ထဲမွ တစ္ခုတည္းသာ ျဖစ္သည္။
အဓိပၸါယ္ အမွန္ကေတာ့ Ling Xiao က ဒီလုိ ထူးခၽြန္ေသာ ပါရမီ ရွိသူက ဒီေန႕မွ ကံအေၾကာင္းမလွစြာႏွင့္ သူနဲ႕ ကို ဆံုမိတာကို မလိုလား မၾကိဳဆိုလွဘူးဆုိတာ သိေစခ်င္တာျဖစ္သည္။ သိပ္မၾကာခင္ သူက ေသရေတာ့မည္။ သနားဖို႕ မေကာင္းဘူးလား?
You XiaoMo ကေတာ့ သူ႕က ပိုပိုျပီးေတာ့ လမ္းေတြ လြဲလြဲလာတယ္လို႕ ခံစားရသည္။ Ling Xaio ၏ အေတြးေတြကို သူခန္႕မွန္းတိုင္း သူ႕အေတြးေတြက ပံုမွန္မဟုတ္ေသာ လမ္းေၾကာင္းကို အျမဲေရာက္ေရာက္သြားသည္။
ဒီအခ်ိန္မွာပဲ Ye Dan က ရုတ္တရက္ ခပ္က်ယ္က်ယ္ေျပာလိုက္သည္ "ဂုိဏ္းသားတို႕ေရ ပံုစံေဖာ္"
သူတို႕ကို ခ်ံဳခို တိုက္မည့္သူ ဘယ္သူမွ မရွိဘူးလို႕ ထင္ရေသာ္လည္း မထင္မွတ္ထားတာေတြ ျဖစ္လာျခင္းကို ေရွာင္ၾကဥ္ရန္ အတြက္ ဒီမွာ ဘာေတြ ျဖစ္ေနသလဲဆိုတာ သိသြားမည့္သူ တစ္ေယာက္မွ မရွိသည့္ အခ်ိန္ကို အက်ိဳးရွိစြာ အသံုးခ်ကာ Lin Mo ႏွင့္ You XiaoMo ကို အျပီးသတ္ခ်င္သည္။
သူ႕အတြက္ အေသးစိတ္ စီစဥ္စရာေတာင္ မလိုအပ္ေပ။ အျခားေသာ ဂိုဏ္းသားမ်ား ကလည္း ဒီအတိုင္းသာ ေတြးၾကသည္။ တစ္ေယာက္ျပီး တစ္ေယာက္ သူတို႕ရဲ႕ လက္နက္ေတြကို ထုတ္ျပီး Ling Xiao ႏွင့္ You XiaoMo ကို အျမဲ၀ိုင္းလုိက္သည္။
Qing Cheng ဂိုဏ္းတြင္ လူသိမ်ားထင္ရွား ေက်ာ္ၾကားလွေသာ လႈပ္ရွားမႈ တစ္ကြက္ရွိသည္။ ထိုအရာက ဓါး (ရွည္)ဖြဲ႕စည္းပံု ပံုစံျဖစ္သည္။
ဓါး(ရွည္)ဖြဲ႕စည္းပံု ပံုစံ က ဂိုဏ္းသားမ်ား၏ က်င့္ၾကံဆင့္ေပၚမွာ မူတည္ျပီး ေတာ့ မတူညီေသာ ခြန္အား ကို ျဖစ္ေစသည္။ ဒ႑ာရီအရေတာ့ လူတိုင္းက စိတ္၀ိဥာဏ္အဆင့္ ရွိလွ်င္ ထို ဓါးဖြဲ႕စညး္ပံု၏ ရလဒ္က ဧကရာဇ္အဆင့္ တိုက္ခုိက္သူႏွင့္ တူညီသည္ဟု ဆိုသည္။
ထို သတင္းထြက္ေပၚလာေတာ့ မေရမတြက္ႏိုင္ေသာ က်င့္ၾကံသူမ်ား၏ အာရံုကို ဆြဲေဆာင္ႏိုင္ခဲ့သည္။ TianXin ဂိုဏ္းေတာင္မွ တြန္႕ဆုတ္သြားသည္။ ျပီးေတာ့ ေသမွာ မေၾကာက္ေသာသူမ်ားက Qing Cheng ဂိုဏ္းကို ထိုးေဖာက္၀င္ေရာက္ျပီးေတာ့ ဓါးဖြဲ႕စည္းပံုကို ခိုးယူရန္ ၾကိဳးစားၾကသည္။ သို႕ေသာ္ျငားလည္း သူတို႕အားလံုးက ရႈံးနိမ့္ ခဲ့ၾကသည္။ သူတို႕ေတြ ရႈံးနိမ့္ျပီးေတာ့ ဘယ္လိုမ်ိဳး ကံၾကမၼာက ေစာင့္ ေမွ်ာ္ေနမလဲ ဆိုတာ လူတစ္ေယာက္က ေကာင္းေကာင္းမွန္းဆႏိ္ုင္သည္။
သို႕ေသာ္ သတင္းမ်ားက ပိုျပီးထြက္လာသည္။
စိတ္၀ိဥာဏ္အဆင့္ က်င့္ၾကံသူမ်ား၏ ဓါးဖြဲ႕စည္းပံု ပံုစံက အလြန္ထိတ္လန္႕ဖြယ္ေကာင္းသည္ ဆိုတာကို သံသယ ျဖစ္စရာပင္ မလို။ သုိ႕ေသာ္ ထိုအခ်က္က လူမ်ား၏ တုန္႕ျပန္မႈ အမ်ားအျပားလဲ ေပၚထြက္လာသည္။
ဥပမာ အေနႏွင့္ ဓါးဖြဲ႕စည္းပံု ပံုစံတစ္ခု အသြင္ေပၚလာျပီး အင္အား ရွိလာေစရန္ အတြက္ ထိုဖြဲ႕စည္းပံုကို ပံုေဖာ္ေသာ သူမ်ား၏ အင္အားအမ်ားစုကို ဆြဲယူသြားသည္။ အကယ္လုိ႕ အင္အားမ်ားစြာ ဆြဲယူျခင္း ခံရပါက ဖြဲ႕စည္းေသာ သူမ်ား၏ က်င့္ၾကံျခင္းကို ထိခိုက္ေစကာ သူတုိ႕၏ က်င့္ၾကံဆင့္လည္း က်ဆင္းသြားေစႏိုင္သည္။ ထို႕ေၾကာင္ ့ ဒီ ဓါးဖြဲ႕စည္းပံု ပံုစံမွာ အေရးပါအရာေရာက္ေသာ စြန္႕စားမႈႏွင့္ ျဖစ္ေပၚလာကာ ထို ဖြဲ႕စည္းပံုကို ဖြဲ႕စည္းသည့္ သူမ်ား၏ သူတို႕ကိုယ္ပို္င္ က်င့္ၾကံဆင့္မ်ားကို လိုလိုလားလား စေတးခံမႈမရွိလွ်င္ ျဖစ္ေပၚ မလာႏိုင္ေပ။
ထို႕ေၾကာင့္ Qing Chengဂိုဏ္းက ထုိဓါးဖြဲ႕စည္းပံု ပံုစံ ရွိေသာ္လည္း ထိုဖြဲ႕စည္းပံု၏ အံၾသတုန္လႈပ္ဖြယ္ေကာင္းေသာ အားကို အလြယ္တကူ မယူသံုးျခင္းျဖစ္သည္။ ျပီးေတာ့ ထိုဖြဲ႕စည္းပံု၏ မူလ အေျခခံက စိတ္၀ိဥာဏ္အဆင့္ က်င့္ၾကံသူ ရွစ္ေယာက္လိုအပ္သည္။ Qing Chen ဂိုဏ္းေတာင္မွ ထိုေလာက္မ်ားျပားေသာ သန္စြမ္းေသာ တုိက္ခိုက္သူမ်ားကို အလ်င္စလို မထုတ္ရဲေပ။
စိတ္၀ိဥာဏ္အဆင့္ သိုင္းသမားပါေသာ ဓါးဖြဲ႕စည္းပံုကသာ ထိုကဲ႕သို႕ေသာ္ ခိုင္ခံသန္မာေသာ သက္ေရာက္မႈမ်ိဳးကို ရရွိႏိုင္ မည္ျဖစ္သည္။ အနည္းငယ္ေလ်ာ့က်ေသာ ခြန္အားႏွင့္ ဖြဲ႕စည္းပံုက ထိုကဲ့သုိ႕ သိသာထင္ရွားေသာ သက္ေရာက္မႈမ်ိဳး မျဖစ္ေစႏိုင္ေပ။ မည္သို႕ပင္ ဆိုေစကာမူ ဓါးဖြဲ႕စည္းပံုငယ္ေလးဆိုျပီးေတာ့ လဲ ေလ်ာ့တြက္၍မရ။
ထိုု႕ေၾကာင့္သာ Ye Dan က သူ၏ ဂိုဏ္းသားမ်ားကို ဓါးဖြဲ႕စည္းပံုကို ခ်က္ခ်င္း ေဖာ္ေဆာင္ေစျခင္းျဖစ္သည္။ ျပီးေတာ့ Lin Xiao ၏ ခြန္အားကလည္း သူ႕ထက္ ၾကယ္တစ္ပြင့္သာ သာသည္။ ၾကယ္တစ္ပြင့္တည္း ကြာျခားမႈသည္ ေျပပေလာက္သည္ မဟုတ္။ ဒီလိုမ်ိဳး ရာႏႈန္းျပည့္ ေသခ်ာေနေသာ အေျခအေနမွာ တိုက္ပြဲကို ျမန္ျမန္တို္က္တာက အက်ိဳးေက်းဇးူ ျမန္ျမန္ ရေစသည္။
Ling Xiao က Qing Chen ဂိုဏ္း၏ ဓါးဖြဲ႕စည္းပံုဆိုတာကို ၾကားဖူးတာ ၾကာလွေနျပီ။ လြန္ခဲ့ေသာ လအနည္းငယ္က သူက ကုိယ္တိုင္ေတာင္ မ်က္ျမင္ေတြ႕ခဲ့ေသးသည္။ မေကာင္းဆိုး၀ါးမ်ားကို ႏွိမ္နင္းသည့္ အခ်ိန္တုန္း က Luo ShuHe က သူ႕ဂိုဏ္းသားမ်ားကို ဦးေဆာင္ျပီး ေကာင္းမြန္စြာ သံုးသြားသည္
အမွန္ေတာ့ ဓါးဖြဲ႕စည္းပံုက အားက ရယ္ေမာစရာအရာ မဟုတ္။ ၾကမ္းေထာ္ေနေသာ အရည္ျပားႏွင့္ ခြန္အားၾကီးေသာ မေကာင္းစိုး၀ါးမ်ား ေတာင္မွ ဓါးပ်ံရွစ္စင္းက တစ္စကၠန္႕တြင္ ဓါးခ်က္ ရွစ္ခ်က္ထြက္လာေသာ ရိုက္ခ်က္ကို မခံစားႏို္င္ေပ။ အကယ္လို႕ ဒီေနရာမွ ရွိေသာသူက သူမဟုတ္ပဲ Lin Xiao အစစ္သာဆုိပါက မေသလွ်င္ေတာင္ ဒါဏ္ရာ အၾကီးအက်ယ္ေတာ့ ရသြားမွာ ျဖစ္သည္။
Ye Dan အပါအ၀င္ Qing Cheng ဂိုဏ္းသား ရွစ္ေယာက္က သူတို႕ကိုယ္ထဲက စိတ္၀ိဥာဏ္အားေတြကို စိတ္အားထက္ သန္စြာ လႈပ္ရွားျပီး ျဖစ္သည္။ ဓါးပ်ံရွစ္ေခ်ာင္းက သူ႕တို႕၏ ထိန္းခ်ဳပ္မႈမ်ားေအာက္မွာ လွည့္လည္ေနကာ လူတိုင္း၏ နားထဲတြင္ တ၀ီ၀ီ ျဖစ္ေနသည္။
ဖြဲ႕စည္းထားေသာ ခြန္အားမ်ားက မတူညီေသာ္လည္း ဒါက ဓါးဖြဲ႕စည္းပံု၏ အားအစစ္အမွန္ျဖစ္သည္။ ဖြဲ႕စည္းပံုထဲမွာ ပါ၀င္ေသာ သူမ်ား ၏ မညီမွ်ေသာ ခြန္အားေၾကာင့္ေတာ့ သူတြင္ အားနည္းခ်က္ အားသာခ်က္ မရွိ။
" တိုက္!"
Ye Dan က ေနာက္တစ္ၾကိမ္ ၾကံဳး၀ါးလုိက္သည္။
ဖြဲ႕စည္းပံု၏ အလည္တြင္ေတာ့ တည္ျငိမ္ေနသည္။ Ling Xiao ဆီကေန ေတာ့ ထိတ္လန္႕ျခင္းအနည္းငယ္ေတာင္ ထြက္မလာေပ။ သူ႕ရင္ထဲမွာေတာ့ အက်ိဳးေက်းဇူး ျမန္ျမန္ရေအာင္ တုိက္ပြဲကို ျမန္ျမန္တိုက္မွ ျဖစ္မည္ဟုသာ ဆံုးျဖတ္ထားသည္။
သူကအသံၾကားသည္ႏွင့္ ဂိုဏ္းသား ခုနစ္ေယာက္က ခ်က္ခ်င္း သူတို႕ ဓါးပ်ံေတြ၏ အစြမ္းကို အျမင့္ဆံုးသို႕ တင္ကာ Ling Xiao ဆီကို တုိက္ခိုက္မႈ စတင္လုိက္သည္။
Qing Cheng ဂိုဏ္း၏ ဓါးဖြဲ႕စည္းပံု၏ အလုပ္လုပ္ပံုမွာ အေပၚမွာ ပိုက္ကြန္ထားျပီး ေအာက္မွာ ညြန္ကြင္း ထားေသာ ဟန္ႏွင့္ တူသည္။ ဓါးပ်ံက ရွစ္ေခ်ာင္းသာ ရွိေသာ္လည္း ထိုဓါးပ်ံရွစ္ေခ်ာင္းက ဓါးဖြဲ႕စည္းပံု ၏ တစ္ေထာင့္ခ်င္းစီ ကို ဖံုးကြယ္ႏို္င္သည္။ ထို ဓါးပ်ံရွစ္ေခ်ာင္းက အလယ္က လူမ်ားကို တစ္ေခ်ာင္းျပီး တစ္ေခ်ာင္း၀င္ကာ တုိက္ခိုက္မည္ ျဖစ္သည္။ အကယ္လုိ႕ ထိုသူမွာ ခြန္အားေကာင္းေကာင္းႏွင့္ မခုခံႏို္င္ပါက ေတာင့္ ခံႏို္င္မည္ မဟုတ္။
ဓါးပ်ံရွစ္ေခ်ာင္းက တစ္၀ီ၀ီ ေအာ္ျမည္ျပီး Ling Xiao ဆီကို ထုိုးေဖာက္ခါနီးတြင္ ဒင္ ခနဲ အသံတစ္ခု ၾကားလုိက္ရသည္။ ဓါးပ်ံမ်ားက ေလထဲမွာ ရပ္ေနကာ အလြန္မာေၾကာေသာ အရာတစ္ခုခုမွာ ညပ္ေနပံု ေပၚသည္။ Ling Xiao ၏ ကိုယ္နားတြင္ ခံစားသိျမင္ရန္ ခက္ခဲေသာ လိႈင္းေလးတစ္ခု အျပင္ဘက္ကို ပ်ံႏွံသြားသည္။ ဓါးပ်ံမ်ားက နဂိုမူလ အေနအထားကို အျမန္ျပန္ေရာက္ သြားေသာ္လည္း လူတိုင္းကေတာ့ သတိျပဳမိသည္။
Ye Dan ၏ မ်က္ႏွာက လံုး၀ကို ပ်က္ရြင္းသြားသည္။ တစ္ခုခုကိုေတြးမိသည့္ အလား ပိုျပီးေတာင္ ျမင္မေကာင္း ရႈမေကာင္းျဖစ္လာေသးသည္။ သူ က အျမန္ ၾကံဳး၀ါးလုိက္သည္။
"တိုက္ခိုက္ႏႈန္းတင္"
ဂိုဏ္းသား ခုနစ္ေယာက္ကလည္း ဓါးပ်ံမ်ားဆီကို ပို႕လႊတ္ထားေသာ စိတ္၀ိဥာဏ္အားမ်ားကို တြန္႕ဆုတ္မႈ မရွိ ထပ္တင္လိုက္သည္။
ဒီတိုက္ပြဲမွာ က အကယ္လို႕သူသာ မေသလွ်င္ ေသသြားမည္က ကုိယ္တိုင္သာျဖစ္သည္။ ဘယ္သူက အလြယ္ေလးလို႕ ေတြးရဲမလဲ?
Ling Xiao ၏ ႏႈတ္ခမ္းစြန္းမ်ားကလည္း သိမ္သိမ္ေမြ႕ေမြ႕ေလး တက္သြားကာ သူ႕လက္ေမာင္းထဲမွာ ရွိေနေသးေသာ You XiaoMo ကို Da Piqiu၏ ေစာင့္ေရွာက္မႈေအာက္ကို ေျပာင္းေပးလုိက္သည္။ ရုတ္တရက္ သူ႕လက္၀ါးတစ္ခုက ၀ုန္းခနဲ ပဲ အျမင့္ဆံုးက်င့္ၾကံအားရွိသည့္ Ye Dan ဆီသို႕ ပစ္လႊတ္လုိက္သည္။ ေဆြးေျမ႕ေနသည့္ သစ္တံုးကို ခြဲေခ်ရလုိ ေျခာက္ေသြ႕ေနေသာ ျမက္ပင္မ်ားကို ခ်ိဳးေခ်ရသလိုမ်ိဳး Ye Dan ဆီကို သူ႕လက္၀ါးက အားမ်ားက တုိက္ရိုက္ ထိခတ္သြားသည္။
Ye Dan ပါးစပ္ထဲကေန ျပင္းျပင္းထန္ထန္ ေသြးတစ္ပြက္ထြက္လာကာ ဆယ္မီတာ ေက်ာ္ေက်ာ္ေလာက္ကို ေနာက္ဆုတ္သြားသည္။ သူ႕ကို အဓိကထားေသာ ဓါးဖြဲ႕စည္းပံုကလဲ သူမရွိသည္ႏွင့္ သူကဘာသာ ပ်က္ဆီးသြားသည္။ ျပီးေတာ့ က်န္ ဂိုဏ္းသားခုနစ္ေယာက္ကလည္း မခံမရပ္နိုင္ေသာ တန္ျပန္မႈကို ခံစားရကာ သူတို႕ မ်က္ႏွာမ်ားက ျဖဴျဖဴလာသည္။ သူတို႕အားလံုးက အတြင္းဒါဏ္ရာ အၾကီးၾကီး ရလိုက္ၾကတာ ေသခ်ာလွသည္။
ဒီအရာက ထံုးစံအတုိင္း Qing Cheng ဂိုဏ္း၏ ဓါးဖြဲ႕စည္းပံု ပံုစံ၏ အားနည္းခ်က္ ျဖစ္သည္။
ဓါးဖြဲ႕စည္းပံုက ခြန္အားၾကီးမားေသာ္လည္းသူ႕ရဲ႕ အသန္မာဆံုးသူ ေျပာရလွ်င္ ဗဟိုခ်က္ က သူ႕အေနအထား ပ်က္ယြင္းသြားျပီဆိုလွ်င္ ဓါးဖြဲ႕စည္းပံုၾကီး တစ္ခုလံုးက အသံုးမ၀င္ေတာ့ဟု ဆိုရလိမ့္မည္။ အေရးအၾကီးဆံုးကေတာ့ အဆိုပါ ဓါးဖြဲ႕စည္းပံုက သာမာန္သာ ပ်က္ျပယ္သြားမည္ မဟုတ္ပဲ သူ႕တြင္ပါ၀င္ေနေသာ အဖြဲ႕၀င္မ်ားကို တန္ျပန္ မႈ ရွိသည္။ အဖြဲ႕၀င္မ်ား၏ ခြန္အားက ကြာျခားသလို တုန္ျပန္မႈကလဲ ပိုျပီးေတာ့ ျပင္းထန္မွာျဖစ္သည္။
Ling Xiao က ဓါးဖြဲ႕စည္းပံု ပံုစံကို တစ္ၾကိမ္သာ လက္ေတြ႕ ျမင္လုိက္ရေသာ္လည္း သူက ထို ဓါးဖြဲ႕စည္းပံု၏ အားနည္းခ်က္ကို အျမန္သိရွိသြားသည္။ ဒါ့ေၾကာင့္ပဲ သူက အသန္မာဆံုးတစ္ေယာက္ျဖစ္ေသာ Ye Dan ကို ေရြးတုိက္တာ ျဖစ္သည္။
ထိုအခ်ိန္မွာပဲ ေျမျပင္ေပၚမွာ လဲက်ေနေသာ Ye Dan က ရုတ္တရက္ ေလထဲ ခုန္ထြက္လာသည္။ ကုသျခင္းေဆးလံုး တစ္မ်ိဳးမ်ိဳးကုိ ေသာက္သံုးသည္ဟု ထင္ရကာ သူ႕ဓါးပ်ံေပၚကို တက္ျပီးေတာ့ သူ႕ရဲ႕ အံ့ၾသေနေသာ ဂိုဏ္းသားအေဖာ္မ်ား၏ မ်က္ႏွာမ်ားေရွ႕မွာပဲ ထြက္ေျပးသြားသည္။
သူ ခပ္ေ၀းေ၀းကို ပ်ံသြားျပီးေနာက္မွာ သူ႕ အသံက အေ၀းက ထြက္ေပၚလာသည္။
"က်ဳပ္ရဲ႕ညီအစ္ကိုတို႕ကို အေကာင္းဆံုးျဖစ္ပါေစလုိ႕ ဆုေတာင္းေပးတယ္။ က်ဳပ္က ဒီကိစၥကို ဆရာတင္ျပေပးရင္ ဆရာက မင္းတို႕အတြက္ ကလဲ့စားေခ်ေပးႏိုင္မွာပါ"
မယံုၾကည္ျခင္းေတြက ထို ဂိုဏ္းသား ခုနစ္ေယာက္၏ မ်က္ႏွာမွာ ခ်က္ခ်င္းေပၚထြက္သည္။ သူတို႕ သူတုိ႕ရဲ႕ အစ္ကိုၾကီး Ye Dan က သူတို႕ကို ဒီလုိ အလြယ္တကူ စြန္႕ပစ္ျပီးေတာ့ သူ႕ဘာသာ သူထြက္ေျပးသြားလိမ့္မည္ဟု ဘယ္တုန္းကမွ စိတ္ေတာင္ မကူးထားဖူးေပ။
"အာ...."
Ling Xiao က သူ ပ်ံေျပးသြားေသာ အရပ္ကို ၾကည့္ျပီး ရယ္သံထြက္လာသည္။ သူက Ye Dan ကို ဒီလုိမ်ိဳး သြားခြင့္ မေပးႏို္င္ေပ။ သူ႕ေနာက္ကို လုိက္မသြားခင္မွာ အစြန္႕ပစ္ခံ လူခုႏွစ္ေယာက္ကို တစ္ခ်က္ၾကည့္ကာ တစ္ေယာက္ကို တစ္ခ်က္လႈပ္ရွားလုိက္သည္။ ျပီးေနာက္မွာေတာ့ ဟုိလူကို လုိက္လံ ဖမ္းဆီးေတာ့သည္။
You XiaoMo က သူ႕ေရွ႕ကို လူခုနစ္ေယာက္ ျပဳတ္က်ကာ ေသသြားသည္ကို တအံ့တေအာႏွင့္ ေငးၾကည့္ေနသည္။ ရုတ္တရက္ သိပ္မၾကာခင္ေလးက မွ Ling Xiao သူ႕ကို ေျပာခဲ့တာေတြကို မွတ္မိသြားသည္။
သူ႕ရဲ႕ ေကာင္းမြန္တဲ႕ အေဖာ္ကေတာ့ တစ္ခဏပဲ ရွိေသးသည္။ သူ႕စကားကို အမွန္ျဖစ္ေအာင္ တစ္ကယ္လုပ္လုိက္သည္။ သူက တကယ္ကို သူ႕ေရွ႕တင္ပဲ လူအခ်ိဳ႕ကို သတ္လုိက္တာ ျဖစ္သည္။ အေစာတုန္းကေတာ့ ဒီနားမွ အသက္ရွင္ေသာ သူမ်ား ရွိေနေပမယ့္ အခုခ်ိန္မွာေတာ့ အသက္ကင္းမဲ့ေနေသာ အေလာင္း ခုနစ္ေလာင္းသာ က်န္ေတာ့သည္။
ဒီကမၻာမွာ အသက္တစ္ေခ်ာင္း၏ တန္ဖိုးက ဘယ္ေလာက္ပဲ တန္သလဲဆိုတာ သူထပ္ျပီး သေဘာေပါက္နားလည္ သြားသည္
You XiaoMo အလြန္၀မး္နည္းသြားေပမည့္ သူ႕ေနာက္က အေၾကာင္းျပခ်က္ကိုလဲ သူနားလည္သည္။
ငါက မင္းကို မသတ္လွ်င္ မင္းက ငါ့ကို သတ္မည္ ဆိုတာက အလြန္ရိုးရွင္းေသာ ညီမွ်ျခင္းျဖစ္သည္။ ထာ၀ရ ရွင္သန္ျခင္း၏ လမ္းက ေသြးမစြန္းပဲ ေနဖို႕ဆိုတာ မျဖစ္ႏိုင္ေပ။ တီဗီမွာလဲ အဲလိုပဲ မဟုတ္ဘူးလား? ျငိမ္းခ်မ္းျခင္းေသာ ခ်စ္ျမတ္ႏိုးေသာ ေခတ္သစ္လူတစ္ေယာက္ အေနနွင့္ လုိက္ေလ်ာညီ ေထြျဖစ္ေအာင္ ေနႏို္င္စြမ္းက အလြန္ ေကာင္းသည္။
You XiaoMo က ေကာင္းကင္ကို ေမာ့ၾကည့္ျပီး သက္ျပင္းခ်လုိက္သည္။ ျပီးေတာ့ သူက အေလာင္းမ်ား၏ ခါးက ေမွာ္အိတ္မ်ားဆီကို အၾကည့္ေတြ ေရြ႕သြားသည္။ သူသာ မယူဘူးဆိုလွ်င္ အျခားသူမ်ားက ယူမွာ ျဖစ္သည္။ အျခားသူမ်ားကို အက်ိဳးရွိေစမည့္ အစား ကိုယ့္ဘာသာပဲ အက်ိဳးမ်ားေအာင္ လုပ္လုိက္တာက ပိုမေကာင္းဘူးလား?
ဒီေတာ့ Ling Xiao က Ye Dan၏ ေမွာ္အိတ္ကိုယူျပီး ျပန္လာခ်ိန္မွာ အေလာင္းခုနစ္ခုမွ ေမွာ္အိတ္မ်ားကို You XiaoMo က အားသြန္ခြန္စိုက္ ရွင္းလင္းျပီး ျဖစ္သည္။ အထဲက ပစၥည္းအကုန္လံုးကို ျမက္ခင္းေပၚမွာ ခ်ခင္းထားျပီး သူက ထို အမ်ိဳးအစားအလို္က္ ခြဲထားသည္မ်ား၏ အလယ္တြင္ ရွိေနသည္။
Ling Xiao က ထူးဆန္းေသာမ်က္ႏွာ အမူအယာႏွင့္ ျပန္လာေနေသာ လမ္းေၾကာင္းကို မရပ္တန္႕ပဲ မေနႏိုင္ေခ်။
C-161 Sword formations and silencing witnesses.
အခန်း ၁၆၁ ဓါးဖွဲ့စည်းပုံပုံစံနှင့် မျက်မြင်သက်သေများကို နှုတ်ပိတ်ခြင်း
"ကျုပ်ရဲ့ညီငယ်လေးက စိတ်ကောင်း စေတနာကောင်းနဲ့ သတိပေးတယ်။ ကျေးဇူးမတင်လဲ ရတယ် ဒါပေမယ့် ဘယ်လို လုပ်ပြီများ ချုံခို တိုက်ရတာတုန်း ? တော်တော်ကြီး များသွားပြီ"
လူပိုများတယ်ဆိုပြီးတော့ ကြောက်ရွံ့ဟန်မပြတဲ့အဖွဲ့ခေါင်းဆောင် Ye Dan ကို ကြည့်ရင်း Ling Xiao အရှိန်အ၀ါ ထုတ်လွှတ်လိုက်သည်။
နောက်ဆုံးမှာ Lin Xiao ပေါ်ထွက်လာတာကို ကြည့်ပြီးတော့ Ye Dan နှင့် အပေါင်းအပါများက သူ့တို့တွေရဲ့ လှုပ်ရှားနေသာ သွေးများ အေးသွားသလို ခံစားရသည်။ Ling Xiao ပေါ်လာမှာကို သူတို့တွေ တကယ် မမျှော်လင့် ထား။ သူတို့က သူ့အရိပ်အယောင်ကို မမြင်တာ သေချာလှသည် ။ သို့သော် ငြားလည်း သူတို့ရဲ့ အရေအတွက် က ပိုများနေတာမို့ ချက်ချင်းထွက်ပြေးရအောင်တော့ ထိတ်လန့် မသွားချေ။
ပြီးတော့ Ye Dan၏ ကျင့်ကြံဆင့်က ကြယ်အဆင့် ကြယ်တစ်ပွင့်ဖြစ်ကာ Lin Xiao ထက် ကြယ်တစ်ပွင့်သာ နိမ့်သည်။ သူတို့တွေ ပေါင်းတိုက်ရင်တော့ မရှုံးနိုင်။
သို့သော် Ye Dan က ပါတ်ဝန်းကျင်ကို နိုးနိုးကြားကြားနှင့် ဝေ့၀ိုက်ကြည့်သော်လည်း အခြားသူများ၏ အရိပ်ယောင်ရှာ မရ ပေ။ သူ့ရင်ထဲမှာ အနည်းငယ်မအံ့သြပဲ မနေနိုင်
Lin Xiao က အတည်ကြီး သုခဘုံနယ်မြေထဲမှာ မှော်ဆရာလေး တစ်ယောက်နဲ့ သွားလာနေတယ်။ သူက အချို့ကိစ္စ တွေအတွက် စွန့်စားနေတာ ဖြစ်နိုင်တယ်မလား? သူ့စိတ်ထဲတွင် Lin Xiao မှာ TianXinဂိုဏ်း၏ တပည့်ကြီးဖြစ်သည်။ ဒီတော့ အချို့သော အရေးကြီးသော ကိစ္စများကို လုပ်ဆောင်ရန် သေချာပေါက် တာဝန်ပေးခံလိမ့်မည်။ သူ့အနားမှာ ညီအစ်ကို အများအပြား ရှိနေနိုင်သည်။
အခုတော့ သူတို့နှစ်ယောက်တည်းနှင့် မှော်ဝင်သားရဲ တစ်ကောင်းတည်း Tian Xinဂိုဏ်းက အခြားဂိုဏ်းသားများ၏ အရိပ်အယောင်မရှိ သူ့ရင်ထဲမှာ အရမ်းထိတ်လန့် နေသော်လည်း တိတ်တဆိတ်တော့ စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်သည်။
"မင်းပါးစပ်က သေခါနီးဆဲဆဲတောင်မှ အရမ်းထက်နေပါလား။ မင်းသာ သုခဘုံနယ်မြေမှာ သေသွားတာကို မင်းဆရာနဲ့ ဂိုဏ်းသားတွေ သိသွားရင် ဘယ်လိုအမူအယာ ဖြစ်သွားမလဲဆိုတာ သိချင်လှတယ် ။ အမှန်ဖြစ်သွားအောင် တကယ်လုပ်ဖို့ ရည်ရွယ်ထားတယ် "
Ye Dan က Lin Xiao ကို အံသြဖွယ်ကောင်းသည်ဟု လူတိုင်းက ပြောပေမယ့် သူက ဘယ်တုန်းက မှ အဲလောက်လို့ မတွေးထင်ထားပဲ အာဃာတ ထားထားသည်။ သူ့ရင်ထဲမှာက သူကသာ Lin Xiao ထပ် ပိုပြီး တော်သည်ဟု အမြဲ ခံစားရသည်။ အခုတော့ ဒီအချက်ကို သက်သေပြဖို့ အခွင့်ကောင်းရလာပြီ။
" မလိုတာတွေ တအား များသွားပြီ"
Ling Xiao က သူ့ရဲ့ မရှက်မကြောက်နဲ့ လေလုံးထွားထွားကြီးကို ကြားပြီးတော့ ထိုလူကို စိတ်ဝင်စားစွာနှင့် ကြည့်လိုက်သည်။
ထိုစကား မလိုအပ်တာတွေ ဆိုတာကို Ye Dan ကတော့ နားလည်လိမ့်မည် မဟုတ်။ You XiaoMo ကတော့ ထို အဓိပ္ပါယ် ကို ရှင်းရှင်းလင်းလင်းကြီးကို နားလည်သည်။ Ye Dan သာ သူနှင့် Ling Xiao ကို ဒီမှာ သတ်နိုင်မယ်ဆိုလျှင် ထိုအကြောင်းကို Tang Fan နှင့် Kong Wen နားထဲသာ ရောက်သွားမည်ဆိုပါက သူတို့က Ye Dan ကို ကျေးဇူးတောင် တင်နိုင်သေးသည်။
မည်သို့ပင် ဆိုစေကာမူ ဒါက အဓိပ္ပါယ်ပေါင်း သောင်းခြောက်ထောင်ထဲမှ တစ်ခုတည်းသာ ဖြစ်သည်။
အဓိပ္ပါယ် အမှန်ကတော့ Ling Xiao က ဒီလို ထူးချွန်သော ပါရမီ ရှိသူက ဒီနေ့မှ ကံအကြောင်းမလှစွာနှင့် သူနဲ့ ကို ဆုံမိတာကို မလိုလား မကြိုဆိုလှဘူးဆိုတာ သိစေချင်တာဖြစ်သည်။ သိပ်မကြာခင် သူက သေရတော့မည်။ သနားဖို့ မကောင်းဘူးလား?
You XiaoMo ကတော့ သူ့က ပိုပိုပြီးတော့ လမ်းတွေ လွဲလွဲလာတယ်လို့ ခံစားရသည်။ Ling Xaio ၏ အတွေးတွေကို သူခန့်မှန်းတိုင်း သူ့အတွေးတွေက ပုံမှန်မဟုတ်သော လမ်းကြောင်းကို အမြဲရောက်ရောက်သွားသည်။
ဒီအချိန်မှာပဲ Ye Dan က ရုတ်တရက် ခပ်ကျယ်ကျယ်ပြောလိုက်သည် "ဂိုဏ်းသားတို့ရေ ပုံစံဖော်"
သူတို့ကို ချုံခို တိုက်မည့်သူ ဘယ်သူမှ မရှိဘူးလို့ ထင်ရသော်လည်း မထင်မှတ်ထားတာတွေ ဖြစ်လာခြင်းကို ရှောင်ကြဉ်ရန် အတွက် ဒီမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ သိသွားမည့်သူ တစ်ယောက်မှ မရှိသည့် အချိန်ကို အကျိုးရှိစွာ အသုံးချကာ Lin Mo နှင့် You XiaoMo ကို အပြီးသတ်ချင်သည်။
သူ့အတွက် အသေးစိတ် စီစဉ်စရာတောင် မလိုအပ်ပေ။ အခြားသော ဂိုဏ်းသားများ ကလည်း ဒီအတိုင်းသာ တွေးကြသည်။ တစ်ယောက်ပြီး တစ်ယောက် သူတို့ရဲ့ လက်နက်တွေကို ထုတ်ပြီး Ling Xiao နှင့် You XiaoMo ကို အမြဲဝိုင်းလိုက်သည်။
Qing Cheng ဂိုဏ်းတွင် လူသိများထင်ရှား ကျော်ကြားလှသော လှုပ်ရှားမှု တစ်ကွက်ရှိသည်။ ထိုအရာက ဓါး (ရှည်)ဖွဲ့စည်းပုံ ပုံစံဖြစ်သည်။
ဓါး(ရှည်)ဖွဲ့စည်းပုံ ပုံစံ က ဂိုဏ်းသားများ၏ ကျင့်ကြံဆင့်ပေါ်မှာ မူတည်ပြီး တော့ မတူညီသော ခွန်အား ကို ဖြစ်စေသည်။ ဒဏ္ဍာရီအရတော့ လူတိုင်းက စိတ်ဝိဥာဏ်အဆင့် ရှိလျှင် ထို ဓါးဖွဲ့စည်းပုံ၏ ရလဒ်က ဧကရာဇ်အဆင့် တိုက်ခိုက်သူနှင့် တူညီသည်ဟု ဆိုသည်။
ထို သတင်းထွက်ပေါ်လာတော့ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ TianXin ဂိုဏ်းတောင်မှ တွန့်ဆုတ်သွားသည်။ ပြီးတော့ သေမှာ မကြောက်သောသူများက Qing Cheng ဂိုဏ်းကို ထိုးဖောက်ဝင်ရောက်ပြီးတော့ ဓါးဖွဲ့စည်းပုံကို ခိုးယူရန် ကြိုးစားကြသည်။ သို့သော်ငြားလည်း သူတို့အားလုံးက ရှုံးနိမ့် ခဲ့ကြသည်။ သူတို့တွေ ရှုံးနိမ့်ပြီးတော့ ဘယ်လိုမျိုး ကံကြမ္မာက စောင့် မျှော်နေမလဲ ဆိုတာ လူတစ်ယောက်က ကောင်းကောင်းမှန်းဆနိ်ုင်သည်။
သို့သော် သတင်းများက ပိုပြီးထွက်လာသည်။
စိတ်ဝိဥာဏ်အဆင့် ကျင့်ကြံသူများ၏ ဓါးဖွဲ့စည်းပုံ ပုံစံက အလွန်ထိတ်လန့်ဖွယ်ကောင်းသည် ဆိုတာကို သံသယ ဖြစ်စရာပင် မလို။ သို့သော် ထိုအချက်က လူများ၏ တုန့်ပြန်မှု အများအပြားလဲ ပေါ်ထွက်လာသည်။
ဥပမာ အနေနှင့် ဓါးဖွဲ့စည်းပုံ ပုံစံတစ်ခု အသွင်ပေါ်လာပြီး အင်အား ရှိလာစေရန် အတွက် ထိုဖွဲ့စည်းပုံကို ပုံဖော်သော သူများ၏ အင်အားအများစုကို ဆွဲယူသွားသည်။ အကယ်လို့ အင်အားများစွာ ဆွဲယူခြင်း ခံရပါက ဖွဲ့စည်းသော သူများ၏ ကျင့်ကြံခြင်းကို ထိခိုက်စေကာ သူတို့၏ ကျင့်ကြံဆင့်လည်း ကျဆင်းသွားစေနိုင်သည်။ ထို့ကြောင့် ဒီ ဓါးဖွဲ့စည်းပုံ ပုံစံမှာ အရေးပါအရာရောက်သော စွန့်စားမှုနှင့် ဖြစ်ပေါ်လာကာ ထို ဖွဲ့စည်းပုံကို ဖွဲ့စည်းသည့် သူများ၏ သူတို့ကိုယ်ပိုင် ကျင့်ကြံဆင့်များကို လိုလိုလားလား စတေးခံမှုမရှိလျှင် ဖြစ်ပေါ် မလာနိုင်ပေ။
ထို့ကြောင့် Qing Chengဂိုဏ်းက ထိုဓါးဖွဲ့စည်းပုံ ပုံစံ ရှိသော်လည်း ထိုဖွဲ့စည်းပုံ၏ အံသြတုန်လှုပ်ဖွယ်ကောင်းသော အားကို အလွယ်တကူ မယူသုံးခြင်းဖြစ်သည်။ ပြီးတော့ ထိုဖွဲ့စည်းပုံ၏ မူလ အခြေခံက စိတ်ဝိဥာဏ်အဆင့် ကျင့်ကြံသူ ရှစ်ယောက်လိုအပ်သည်။ Qing Chen ဂိုဏ်းတောင်မှ ထိုလောက်များပြားသော သန်စွမ်းသော တိုက်ခိုက်သူများကို အလျင်စလို မထုတ်ရဲပေ။
စိတ်ဝိဥာဏ်အဆင့် သိုင်းသမားပါသော ဓါးဖွဲ့စည်းပုံကသာ ထိုကဲ့သို့သော် ခိုင်ခံသန်မာသော သက်ရောက်မှုမျိုးကို ရရှိနိုင် မည်ဖြစ်သည်။ အနည်းငယ်လျော့ကျသော ခွန်အားနှင့် ဖွဲ့စည်းပုံက ထိုကဲ့သို့ သိသာထင်ရှားသော သက်ရောက်မှုမျိုး မဖြစ်စေနိုင်ပေ။ မည်သို့ပင် ဆိုစေကာမူ ဓါးဖွဲ့စည်းပုံငယ်လေးဆိုပြီးတော့ လဲ လျော့တွက်၍မရ။
ထို့ကြောင့်သာ Ye Dan က သူ၏ ဂိုဏ်းသားများကို ဓါးဖွဲ့စည်းပုံကို ချက်ချင်း ဖော်ဆောင်စေခြင်းဖြစ်သည်။ ပြီးတော့ Lin Xiao ၏ ခွန်အားကလည်း သူ့ထက် ကြယ်တစ်ပွင့်သာ သာသည်။ ကြယ်တစ်ပွင့်တည်း ကွာခြားမှုသည် ပြေပလောက်သည် မဟုတ်။ ဒီလိုမျိုး ရာနှုန်းပြည့် သေချာနေသော အခြေအနေမှာ တိုက်ပွဲကို မြန်မြန်တိုက်တာက အကျိုးကျေးဇူး မြန်မြန် ရစေသည်။
Ling Xiao က Qing Chen ဂိုဏ်း၏ ဓါးဖွဲ့စည်းပုံဆိုတာကို ကြားဖူးတာ ကြာလှနေပြီ။ လွန်ခဲ့သော လအနည်းငယ်က သူက ကိုယ်တိုင်တောင် မျက်မြင်တွေ့ခဲ့သေးသည်။ မကောင်းဆိုးဝါးများကို နှိမ်နင်းသည့် အချိန်တုန်း က Luo ShuHe က သူ့ဂိုဏ်းသားများကို ဦးဆောင်ပြီး ကောင်းမွန်စွာ သုံးသွားသည်
အမှန်တော့ ဓါးဖွဲ့စည်းပုံက အားက ရယ်မောစရာအရာ မဟုတ်။ ကြမ်းထော်နေသော အရည်ပြားနှင့် ခွန်အားကြီးသော မကောင်းစိုးဝါးများ တောင်မှ ဓါးပျံရှစ်စင်းက တစ်စက္ကန့်တွင် ဓါးချက် ရှစ်ချက်ထွက်လာသော ရိုက်ချက်ကို မခံစားနိုင်ပေ။ အကယ်လို့ ဒီနေရာမှ ရှိသောသူက သူမဟုတ်ပဲ Lin Xiao အစစ်သာဆိုပါက မသေလျှင်တောင် ဒါဏ်ရာ အကြီးအကျယ်တော့ ရသွားမှာ ဖြစ်သည်။
Ye Dan အပါအ၀င် Qing Cheng ဂိုဏ်းသား ရှစ်ယောက်က သူတို့ကိုယ်ထဲက စိတ်ဝိဥာဏ်အားတွေကို စိတ်အားထက် သန်စွာ လှုပ်ရှားပြီး ဖြစ်သည်။ ဓါးပျံရှစ်ချောင်းက သူ့တို့၏ ထိန်းချုပ်မှုများအောက်မှာ လှည့်လည်နေကာ လူတိုင်း၏ နားထဲတွင် တ၀ီဝီ ဖြစ်နေသည်။
ဖွဲ့စည်းထားသော ခွန်အားများက မတူညီသော်လည်း ဒါက ဓါးဖွဲ့စည်းပုံ၏ အားအစစ်အမှန်ဖြစ်သည်။ ဖွဲ့စည်းပုံထဲမှာ ပါဝင်သော သူများ ၏ မညီမျှသော ခွန်အားကြောင့်တော့ သူတွင် အားနည်းချက် အားသာချက် မရှိ။
" တိုက်!"
Ye Dan က နောက်တစ်ကြိမ် ကြုံးဝါးလိုက်သည်။
ဖွဲ့စည်းပုံ၏ အလည်တွင်တော့ တည်ငြိမ်နေသည်။ Ling Xiao ဆီကနေ တော့ ထိတ်လန့်ခြင်းအနည်းငယ်တောင် ထွက်မလာပေ။ သူ့ရင်ထဲမှာတော့ အကျိုးကျေးဇူး မြန်မြန်ရအောင် တိုက်ပွဲကို မြန်မြန်တိုက်မှ ဖြစ်မည်ဟုသာ ဆုံးဖြတ်ထားသည်။
သူကအသံကြားသည်နှင့် ဂိုဏ်းသား ခုနစ်ယောက်က ချက်ချင်း သူတို့ ဓါးပျံတွေ၏ အစွမ်းကို အမြင့်ဆုံးသို့ တင်ကာ Ling Xiao ဆီကို တိုက်ခိုက်မှု စတင်လိုက်သည်။
Qing Cheng ဂိုဏ်း၏ ဓါးဖွဲ့စည်းပုံ၏ အလုပ်လုပ်ပုံမှာ အပေါ်မှာ ပိုက်ကွန်ထားပြီး အောက်မှာ ညွန်ကွင်း ထားသော ဟန်နှင့် တူသည်။ ဓါးပျံက ရှစ်ချောင်းသာ ရှိသော်လည်း ထိုဓါးပျံရှစ်ချောင်းက ဓါးဖွဲ့စည်းပုံ ၏ တစ်ထောင့်ချင်းစီ ကို ဖုံးကွယ်နိုင်သည်။ ထို ဓါးပျံရှစ်ချောင်းက အလယ်က လူများကို တစ်ချောင်းပြီး တစ်ချောင်းဝင်ကာ တိုက်ခိုက်မည် ဖြစ်သည်။ အကယ်လို့ ထိုသူမှာ ခွန်အားကောင်းကောင်းနှင့် မခုခံနိုင်ပါက တောင့် ခံနိုင်မည် မဟုတ်။
ဓါးပျံရှစ်ချောင်းက တစ်ဝီ၀ီ အော်မြည်ပြီး Ling Xiao ဆီကို ထိုးဖောက်ခါနီးတွင် ဒင် ခနဲ အသံတစ်ခု ကြားလိုက်ရသည်။ ဓါးပျံများက လေထဲမှာ ရပ်နေကာ အလွန်မာကြောသော အရာတစ်ခုခုမှာ ညပ်နေပုံ ပေါ်သည်။ Ling Xiao ၏ ကိုယ်နားတွင် ခံစားသိမြင်ရန် ခက်ခဲသော လှိုင်းလေးတစ်ခု အပြင်ဘက်ကို ပျံနှံသွားသည်။ ဓါးပျံများက နဂိုမူလ အနေအထားကို အမြန်ပြန်ရောက် သွားသော်လည်း လူတိုင်းကတော့ သတိပြုမိသည်။
Ye Dan ၏ မျက်နှာက လုံးဝကို ပျက်ရွင်းသွားသည်။ တစ်ခုခုကိုတွေးမိသည့် အလား ပိုပြီးတောင် မြင်မကောင်း ရှုမကောင်းဖြစ်လာသေးသည်။ သူ က အမြန် ကြုံးဝါးလိုက်သည်။
"တိုက်ခိုက်နှုန်းတင်"
ဂိုဏ်းသား ခုနစ်ယောက်ကလည်း ဓါးပျံများဆီကို ပို့လွှတ်ထားသော စိတ်ဝိဥာဏ်အားများကို တွန့်ဆုတ်မှု မရှိ ထပ်တင်လိုက်သည်။
ဒီတိုက်ပွဲမှာ က အကယ်လို့သူသာ မသေလျှင် သေသွားမည်က ကိုယ်တိုင်သာဖြစ်သည်။ ဘယ်သူက အလွယ်လေးလို့ တွေးရဲမလဲ?
Ling Xiao ၏ နှုတ်ခမ်းစွန်းများကလည်း သိမ်သိမ်မွေ့မွေ့လေး တက်သွားကာ သူ့လက်မောင်းထဲမှာ ရှိနေသေးသော You XiaoMo ကို Da Piqiu၏ စောင့်ရှောက်မှုအောက်ကို ပြောင်းပေးလိုက်သည်။ ရုတ်တရက် သူ့လက်ဝါးတစ်ခုက ၀ုန်းခနဲ ပဲ အမြင့်ဆုံးကျင့်ကြံအားရှိသည့် Ye Dan ဆီသို့ ပစ်လွှတ်လိုက်သည်။ ဆွေးမြေ့နေသည့် သစ်တုံးကို ခွဲချေရလို ခြောက်သွေ့နေသော မြက်ပင်များကို ချိုးချေရသလိုမျိုး Ye Dan ဆီကို သူ့လက်ဝါးက အားများက တိုက်ရိုက် ထိခတ်သွားသည်။
Ye Dan ပါးစပ်ထဲကနေ ပြင်းပြင်းထန်ထန် သွေးတစ်ပွက်ထွက်လာကာ ဆယ်မီတာ ကျော်ကျော်လောက်ကို နောက်ဆုတ်သွားသည်။ သူ့ကို အဓိကထားသော ဓါးဖွဲ့စည်းပုံကလဲ သူမရှိသည်နှင့် သူကဘာသာ ပျက်ဆီးသွားသည်။ ပြီးတော့ ကျန် ဂိုဏ်းသားခုနစ်ယောက်ကလည်း မခံမရပ်နိုင်သော တန်ပြန်မှုကို ခံစားရကာ သူတို့ မျက်နှာများက ဖြူဖြူလာသည်။ သူတို့အားလုံးက အတွင်းဒါဏ်ရာ အကြီးကြီး ရလိုက်ကြတာ သေချာလှသည်။
ဒီအရာက ထုံးစံအတိုင်း Qing Cheng ဂိုဏ်း၏ ဓါးဖွဲ့စည်းပုံ ပုံစံ၏ အားနည်းချက် ဖြစ်သည်။
ဓါးဖွဲ့စည်းပုံက ခွန်အားကြီးမားသော်လည်းသူ့ရဲ့ အသန်မာဆုံးသူ ပြောရလျှင် ဗဟိုချက် က သူ့အနေအထား ပျက်ယွင်းသွားပြီဆိုလျှင် ဓါးဖွဲ့စည်းပုံကြီး တစ်ခုလုံးက အသုံးမ၀င်တော့ဟု ဆိုရလိမ့်မည်။ အရေးအကြီးဆုံးကတော့ အဆိုပါ ဓါးဖွဲ့စည်းပုံက သာမာန်သာ ပျက်ပြယ်သွားမည် မဟုတ်ပဲ သူ့တွင်ပါဝင်နေသော အဖွဲ့ဝင်များကို တန်ပြန် မှု ရှိသည်။ အဖွဲ့ဝင်များ၏ ခွန်အားက ကွာခြားသလို တုန်ပြန်မှုကလဲ ပိုပြီးတော့ ပြင်းထန်မှာဖြစ်သည်။
Ling Xiao က ဓါးဖွဲ့စည်းပုံ ပုံစံကို တစ်ကြိမ်သာ လက်တွေ့ မြင်လိုက်ရသော်လည်း သူက ထို ဓါးဖွဲ့စည်းပုံ၏ အားနည်းချက်ကို အမြန်သိရှိသွားသည်။ ဒါ့ကြောင့်ပဲ သူက အသန်မာဆုံးတစ်ယောက်ဖြစ်သော Ye Dan ကို ရွေးတိုက်တာ ဖြစ်သည်။
ထိုအချိန်မှာပဲ မြေပြင်ပေါ်မှာ လဲကျနေသော Ye Dan က ရုတ်တရက် လေထဲ ခုန်ထွက်လာသည်။ ကုသခြင်းဆေးလုံး တစ်မျိုးမျိုးကို သောက်သုံးသည်ဟု ထင်ရကာ သူ့ဓါးပျံပေါ်ကို တက်ပြီးတော့ သူ့ရဲ့ အံ့သြနေသော ဂိုဏ်းသားအဖော်များ၏ မျက်နှာများရှေ့မှာပဲ ထွက်ပြေးသွားသည်။
သူ ခပ်ဝေးဝေးကို ပျံသွားပြီးနောက်မှာ သူ့ အသံက အဝေးက ထွက်ပေါ်လာသည်။
"ကျုပ်ရဲ့ညီအစ်ကိုတို့ကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးတယ်။ ကျုပ်က ဒီကိစ္စကို ဆရာတင်ပြပေးရင် ဆရာက မင်းတို့အတွက် ကလဲ့စားချေပေးနိုင်မှာပါ"
မယုံကြည်ခြင်းတွေက ထို ဂိုဏ်းသား ခုနစ်ယောက်၏ မျက်နှာမှာ ချက်ချင်းပေါ်ထွက်သည်။ သူတို့ သူတို့ရဲ့ အစ်ကိုကြီး Ye Dan က သူတို့ကို ဒီလို အလွယ်တကူ စွန့်ပစ်ပြီးတော့ သူ့ဘာသာ သူထွက်ပြေးသွားလိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်တောင် မကူးထားဖူးပေ။
"အာ...."
Ling Xiao က သူ ပျံပြေးသွားသော အရပ်ကို ကြည့်ပြီး ရယ်သံထွက်လာသည်။ သူက Ye Dan ကို ဒီလိုမျိုး သွားခွင့် မပေးနိုင်ပေ။ သူ့နောက်ကို လိုက်မသွားခင်မှာ အစွန့်ပစ်ခံ လူခုနှစ်ယောက်ကို တစ်ချက်ကြည့်ကာ တစ်ယောက်ကို တစ်ချက်လှုပ်ရှားလိုက်သည်။ ပြီးနောက်မှာတော့ ဟိုလူကို လိုက်လံ ဖမ်းဆီးတော့သည်။
You XiaoMo က သူ့ရှေ့ကို လူခုနစ်ယောက် ပြုတ်ကျကာ သေသွားသည်ကို တအံ့တအောနှင့် ငေးကြည့်နေသည်။ ရုတ်တရက် သိပ်မကြာခင်လေးက မှ Ling Xiao သူ့ကို ပြောခဲ့တာတွေကို မှတ်မိသွားသည်။
သူ့ရဲ့ ကောင်းမွန်တဲ့ အဖော်ကတော့ တစ်ခဏပဲ ရှိသေးသည်။ သူ့စကားကို အမှန်ဖြစ်အောင် တစ်ကယ်လုပ်လိုက်သည်။ သူက တကယ်ကို သူ့ရှေ့တင်ပဲ လူအချို့ကို သတ်လိုက်တာ ဖြစ်သည်။ အစောတုန်းကတော့ ဒီနားမှ အသက်ရှင်သော သူများ ရှိနေပေမယ့် အခုချိန်မှာတော့ အသက်ကင်းမဲ့နေသော အလောင်း ခုနစ်လောင်းသာ ကျန်တော့သည်။
ဒီကမ္ဘာမှာ အသက်တစ်ချောင်း၏ တန်ဖိုးက ဘယ်လောက်ပဲ တန်သလဲဆိုတာ သူထပ်ပြီး သဘောပေါက်နားလည် သွားသည်
You XiaoMo အလွန်ဝမ်းနည်းသွားပေမည့် သူ့နောက်က အကြောင်းပြချက်ကိုလဲ သူနားလည်သည်။
ငါက မင်းကို မသတ်လျှင် မင်းက ငါ့ကို သတ်မည် ဆိုတာက အလွန်ရိုးရှင်းသော ညီမျှခြင်းဖြစ်သည်။ ထာဝရ ရှင်သန်ခြင်း၏ လမ်းက သွေးမစွန်းပဲ နေဖို့ဆိုတာ မဖြစ်နိုင်ပေ။ တီဗီမှာလဲ အဲလိုပဲ မဟုတ်ဘူးလား? ငြိမ်းချမ်းခြင်းသော ချစ်မြတ်နိုးသော ခေတ်သစ်လူတစ်ယောက် အနေနှင့် လိုက်လျောညီ ထွေဖြစ်အောင် နေနိုင်စွမ်းက အလွန် ကောင်းသည်။
You XiaoMo က ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ပြီးတော့ သူက အလောင်းများ၏ ခါးက မှော်အိတ်များဆီကို အကြည့်တွေ ရွေ့သွားသည်။ သူသာ မယူဘူးဆိုလျှင် အခြားသူများက ယူမှာ ဖြစ်သည်။ အခြားသူများကို အကျိုးရှိစေမည့် အစား ကိုယ့်ဘာသာပဲ အကျိုးများအောင် လုပ်လိုက်တာက ပိုမကောင်းဘူးလား?
ဒီတော့ Ling Xiao က Ye Dan၏ မှော်အိတ်ကိုယူပြီး ပြန်လာချိန်မှာ အလောင်းခုနစ်ခုမှ မှော်အိတ်များကို You XiaoMo က အားသွန်ခွန်စိုက် ရှင်းလင်းပြီး ဖြစ်သည်။ အထဲက ပစ္စည်းအကုန်လုံးကို မြက်ခင်းပေါ်မှာ ချခင်းထားပြီး သူက ထို အမျိုးအစားအလိုက် ခွဲထားသည်များ၏ အလယ်တွင် ရှိနေသည်။
Ling Xiao က ထူးဆန်းသောမျက်နှာ အမူအယာနှင့် ပြန်လာနေသော လမ်းကြောင်းကို မရပ်တန့်ပဲ မနေနိုင်ချေ။