C-156 The Legendary Master.
Zawgyi
အခန္း ၁၅၆ ဒ႑ာရီလာ အရွင္သခင္
Kong Wen ၏ အဆင့္အတန္းမွာ ေတာင္ထြတ္အရွင္သခင္ သာျဖစ္သည္။ သူ႕၏ စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ႏို္င္စြမ္းမွာ Tang Fan ေလာက္ မေကာငး္သည္က သနားစဖြယ္ျဖစ္သည္။
You XiaoMo တစ္ေယာက္ Lin Xiaoႏွင့္ အတူ ေပၚလာေတာ သူ႕အနားက တပည့္အနည္းငယ္က သူ႕စိတ္ခံစားခ်က္ကို ခံစားမိၾကသည္။ ဖိႏွိပ္ထားေသာ ေဒါသမ်ားႏွင့္ အထင္ေသးျခင္းမ်ားကုိ အနည္းငယ္ေတာင္ မဖံုးကြယ္ႏုိ္င္ေလာက္ေအာင္ အတိုင္းသာ ေဖာ္ျပထားသည္။
You XiaoMo ၏ ေရာက္ရွိလာျခင္းသည္ လူတစ္ေယာက္က လူျမင္ကြင္းမွာ သူ႕မ်က္ႏွာကို ေရဆိုးတစ္ပံုး ေလာင္းခ်လိုက္ သည္ႏွင့္ ညီမွ်သည္။ အထူးသျဖင့္သူ႕တပည့္အနည္းငယ္၏အေရွ႕မွာ သူ႕ကို မ်က္ႏွာပ်က္ေအာင္ လုပ္လိုက္သလိုကို ခံစားရသည္။ သူ႕ေဒါသေတြ ေျပေပ်ာက္သြားေအာင္ အတင္းဖိႏွိပ္ထိန္းခ်ဳပ္ေသာ္လည္း သူမတတ္ႏုိ္င္ေပ။
သူေျမကမၻာေတာင္ထြတ္၏ ဆရာသခင္္အျဖစ္ တာ၀န္ယူျပီးကတည္းက သူ႕မ်က္ႏွာက မ်က္ႏွာဖံုးကို တစ္ေယာက္ေယာက္ က လာျပီး ဆြဲခြာတာ ခံရသည္မွာ ပထမဆံုးအၾကိမ္ျဖစ္လိမ့္မည္။ ျပီးေတာ့ ထုိသူက လညး္ သူ ပုဂၢိဳလ္ေရးသက္သက္ လက္ခံထားေသာ သတၱမေျမာက္တပည့္ျဖစ္ေနသည္။ အဲဒိအခ်ိန္က သူနဲ႕ Ling Xiao ၏ ဆက္ဆံေရးကို အေျခခံျပီးေတာ့ သူလုပ္ခဲ့တာျဖစ္သည္။ သူ႕တပည့္က သူ႕ကို ဒီပံုစံႏွင့္ ျပန္ေပးဆပ္လိမ့္မည္ဟု သူဘယ္ေတာ့မွ အထင္မွတ္ထားေပ။
Ling Xiao က You XiaoMo ကို Kong Wen ဆီသို႕ ဆြဲေခၚသြားသည္။ သူ႔ကို ေတာက္ေတာက္ပပျပံဳးကာ ေျပာလုိက္ေသးသည္။
“ ဦးေလးKong ဘယ္သူလဲလို႕ၾကည့္ပါဦး ဂ်ဴနီယာညီေလးYou က ကံေတာ္ေတာ္ေကာင္းတယ္။ ဆရာ တပည့္ ႏွစ္ေယာက္ မေမွ်ာ္လင့္ပဲ ဆံုရတာေပ့ါ ဟ..”
သူ႕စကားေတြၾကားေတာ့ You XiaoMo ႏႈတ္ခမ္းေတြ တြန္႕သြားသည္။ Ling Xiao ကို ဖ်တ္ခနဲ ခိုးၾကည့္လိုက္ေသးသည္။ မင္းသူ႕ကိုု ေဒါသထြက္ေအာင္ တမင္လုပ္ေနတာလား? အားး.. ကၽြန္ေတာ္တို႕ျပန္ေရာက္ရင္ ကံဆိုးမယ့္သူက ကၽြန္ေတာ္ေလ။
“ဆရာ ………”
You XiaoMo သူ႕ေခါင္းသူကုတ္ျပီး Kong Wen ကို ေတာင္ မၾကည့္ရဲေပ။ သူ႕ပံုက နည္းနည္းလည္း ရွက္ေနပံုေပၚသည္။
“ အမ္း… မင္းမွာ တကယ္ပဲ ကၽြမ္းက်င္မႈေလးေတြ ရွိတာပဲ ၾကည့္ရတာဆရာက မင္းကို ေလ်ာ့တြက္မိပံုပဲ ”
Kong Wen က ေငါ့သံေလး မ်ဥ္းမ်ဥ္း ေပးျပီးမွ ၀ိေရာဓိျဖစ္ေစေသာ စကားအနည္းငယ္ကို ပါ ထပ္ထည့္လိုက္သည္။ သူဘာကို ေျပာခ်င္သလဲဆိုတာ မရွင္းလင္းဘူးျဖစ္သြားသည္။
You XiaoMo သူ႕ကို ဘယ္လိုတုန္႕ျပန္ရမလဲ မသိေတာ့ေပ။ သုိ႕ေသာ္ သူေသခ်ာသိတာ တစ္ခုေတာ့ ရွိသည္။ Kong Wen ေဒါသထြက္ေနသည္။ Ling Xiao ကို အၾကည့္တစ္ခ်က္ မပစ္လႊတ္ပဲ မေနႏို္င္ေတာ့………….ဘဲၾကီး သူ စိတ္ဆုိးေနျပီ ငါတုိ႕ ဘာလုပ္ၾကမလဲ?
Ling Xiao က သတၱိရွိရွိနဲ႕ ေရွ႕တစ္လွမ္းတုိးကာ ေခါငး္ညိမ့္ျပီး သေဘာတူေၾကာင္းျပသည္။
“ဦးေလးKong ေျပာတာ မမွားဘူး။ ဂ်ဴနီယာညီေလးYouကံက ေကာင္းေတ့ာ ဘယ္သူမွ မရပ္ႏို္င္ဘူး။ ဒီတစ္ခါသာ အကယ္လုိ႕ဂ်ဴနီယာညီေလး Zhou သာ ျပႆနာေလးေတြ အဲဒိအခိ်န္မွာ မရွိဘူးဆိုရင္ ဂ်ဴနီယာညီေလး You က အခြင့္အေရးလံုး၀ ရမွာ မဟုတ္ဘူး”
သူက တကယ္ၾကီး ဒီလုိျဖစ္သြားသလို ေျပာေနေပမယ့္ သူနဲ႕Zhou Peng ၏ ဆက္ဆံေရးက အရမး္ရင္းႏွီးတာ မသိသူ အနည္းငယ္သာ လွ်င္ ယံုၾကည္ၾကလိမ့္မည္။ အကယ္လို႕ သူသာ Zhou Peng ကို You XiaoMoအတြက္ သူကေနရာကို ေတာင္းလွ်င္ Zhou Peng ကလည္း လက္ခံဖို႕မ်ားသည္ အခ်ိဳ႕အရာမ်ားက ေသခ်ာေပါက္ေျပာလို႕မရေပမယ့္ေပါ့ေလ။
သုိ႕ေသာ္ အမွန္တရာကို သိသူ လူအခ်ိဳ႕လဲ ရွိသည္။ ဥပမာ Fang ChenLe နဲ႕ Fu ZiLin တို႕ ျဖစ္သည္။ You XiaoMo က သူတို႕ကို သူ႕မွာ သုခဘံုနယ္ေျမကို ၀င္ရန္ နည္းလမ္းရွိသည္ဟု ေျပာထားျပီးသာ ျဖစ္သည္။ ျပန္စဥ္းစားၾကည့္ျပီး အခုျမင္ကြင္းနဲ႕ ဆက္စပ္ၾကည့္လွ်င္ အေျဖက ဒီလုိျဖစ္ႏို္င္သည္က ရွင္းလင္းေနသည္။ သို႕ေသာ္ သူတို႕ ႏွစ္ေယာက္က Ling Xiao ၏ စကားမ်ားကို ေပၚေစမည္ မဟုတ္။
Kong Wen အနည္းငယ္ မ်က္နွာ မဲ့သြားျပီး You XiaoMo ကို အေရျပားတစ္ေထာက္မွ်ေသာ အျပံဳးတစ္ခုႏွင့္ ၾကည့္လုိက္သည္။
“ သတၱမေျမာက္ေလးရဲ႕ ကံက အျခားသူေတြနဲ႕ ယွဥ္ရင္ တကယ့္ကို ေကာင္းလြန္းတာပဲ”
You XiaoMo ပါးစပ္ေလးပြင့္ျပီး ဘာမွ မေျပာတာ ပိုေကာင္းမည္ဟု ဆံုးျဖတ္ျပီးေနာက္ ပါးစပ္ျပန္ပိတ္သြားသည္။ Kong Wen ဘာေတြးေနလဲဆိုတာ သူနားမလည္ႏိုင္ေပ။
သူတို႕ေတြ စကားေျပာေနတုန္းမွာ အျခားေသာအဖြဲ႕အနည္းငယ္မွ လူမ်ားကလည္း သူတို႕ကို စူးစမ္းေနၾကသည္။
Ling Xiao က အေတာ္ကို ထင္ေပၚေက်ာ္ၾကားသူျဖစ္သည္။ Luo ShuHe ႏွင့္ အဆင့္တူထားျပီး သူတို႕ ႏွစ္ေယာက္ကို ႏႈိင္းယွဥ္ကာ ေျပာဆိုၾကေသာ လူအခ်ိဳ႕လဲ အျမဲရွိသည္။ သုိ႕ေသာ္ Ling Xiao က ျပင္ပတြင္ အျခားတစ္ေယာက္ႏွင့္ အလြန္နီးကပ္စြာ ေနသည္ကို ေတြ႕ရခဲလွသည္။ ဒီဟာကို ရုတ္တရက္ေတြ႕ျပီးေနာက္ သူတို႕ အလြန္သိခ်င္သြားၾကတာ ပံုမွန္ပဲ ျဖစ္သည္။
သိပ္မေ၀းေသာ ေနရာတြင္ Luo Shuhe က သူ႕အေဖဆီမွ အခ်က္ျပခ်က္ကို ရျပီးေနာက္ Ling Xiao ကို တိတ္တဆိတ္ စူးစမး္လ်က္ရွိသည္။ သူက ကေလးဆန္တဲ႕ခပ္ေခ်ာေခ်ာေကာင္ေလးကို အလြန္ရင္းႏွီးစြာ ဆက္ဆံေနတာကို ျမင္ေတာ့ သူ႕ရဲ႕ ေခ်ာေမာတဲ့ မ်က္ႏွာေလးမွာ အံ့ၾသသြားေသာ အရိပ္အေယာင္ ဖ်တ္ခနဲ ေပၚသြားသည္။
သူ Lin Xiao ေပၚမွာ ရွိေသာ ထင္ျမင္ခ်က္က လူတုိ္င္းႏွင့္ ေကာင္းမြန္စြာ ဆက္ဆံႏိုင္ျပီး အားတက္ေအာင္ ရယ္ေမာႏိုင္ကာ စကားမ်ားေျပာႏို္္င္သူတစ္ေယာက္ ျဖစ္ေပမယ့္ အျခားသူမ်ားႏွင့္ သူ၏ ျခားနားခ်က္အတြက္ ခြဲဲျခားမႈတစ္ခု ထားရွိေသာ သူလည္းျဖစ္သည္။ သူတို႕က လူခ်င္းအမ်ိဳးအစားတူတာေၾကာင့္ မ်က္ႏွာဖံုးေနာက္ကြယ္ကိုသူျမင္ႏို္င္သည္။
ဒီေန႕ Ling Xiao၏ အျပဳအမူပံု ကို ၾကည့္သည္ႏွင့္ သူဟန္ေဆာင္ေနတာ ေသခ်ာေပါက္ မဟုတ္မွန္း Luo ShuHe သိသည္။
Luo ShuHe၏ ႏႈတ္ခမ္းမ်ား မသိမသာအေပၚေကြးတက္သြားသည္။ Ling Xiaoက သူ႕အားနည္းခ်က္ကို လူတုိင္း ၏ေရွ႕တြင္ တကယ္ၾကီး ေၾကျငာလိမ့္မည္ဟု သူမေမွ်ာ္လင့္ခဲ့ေပ။ သူေသခ်ာ မစဥ္းစားပဲနဲ႕လား ထိုလူငယ္ေလးကို သူကာကြယ္ႏို္င္တယ္လို႕ ေသခ်ာေပါက္ ခံစားေနရလုိ႕လားေတာ့ မသိ?
မသိႏို္္င္တဲ့ အေၾကာင္းျပခ်က္အခ်ိဳ႕အတြက္ သူရုတ္တရက္ ထိုျမင္ကြင္းအတြက္ကို မ်က္ျမင္သက္ေသ အရမး္ျဖစ္ခ်င္သြားသည္ ဘယ္လိုမ်ိဳးမ်ား တြန္းလွန္လိမ့္ မလဲ?
ျဖစ္ႏုိ္င္သည္က Luo ShuHe တစ္ေယာက္ပဲ အဲဒိအေတြးကို ရွိပံုရသည္မဟုတ္။ အေပၚယံေတာင္ ဟန္မေဆာင္ႏို္င္ပဲ ၾကည့္ေနသာ အျခားေသာ လူအမ်ားသည္လည္း သူ႕တုိ႕ရင္ထဲမွာ လွ်ိဳ႕၀ွက္ၾကံစည္ေနျပီးၾကျပီျဖစ္သည္။
အဲဒိအခ်ိန္မွာပဲ သုခဘံုနယ္ေျမအနားမွ အကာအကြယ္မ်ားက စတင္ လႈပ္ရွားလာကာ သိပ္မၾကာခင္ အကာအကြယ္ ပြင့္ေတာ့မည့္ဟန္ ေပၚလာသည္။
အကာအကြယ္က ပြင့္မည္ဆိုေသာ္လည္း အခ်ိန္က ေတာ့ သိပ္မၾကာေပ။ သူ႕ဘာသာသူ အလိုေလ်ာက္ ျပန္ျပီး နဂိုအတိုင္း ျပန္ျဖစ္သြားလိမ့္မည္။ အကာအကြယ္ က်ိဳးေပါက္ရာေနရာ တစ္ခုကို အရင္ဆံုးတည္ျငိမ္ေအာင္လုပ္ရမည္ ျဖစ္သည္။ သို႕ေသာ္ သူတို႕က ထို က်ိဳးေပါက္မႈကို တည္ျငိမ္ေအာင္ လုပ္ႏို္င္ေသာ္လည္း တစ္လၾကာလွ်င္ အကာအကြယ္က သူ႕ဘာသာ နဂိုအတုိ္င္း ျပန္ပိတ္သြားလိမ့္မည္။ ဒီေတာ့ သူတို႕က တစ္လအတြင္း ျပန္ထြက္လာမွ ျဖစ္မည္ မဟုတ္ပါက အထဲမွာ ပိတ္မိသြားမည္ ျဖစ္သည္။ သူတို႕ေတြ ေနာက္ ႏွစ္ငါးဆယ္အၾကာမွာ ျပန္ထြက္လာႏုိင္မ လားဆိုတာက ေသခ်ာေသာ အရာ မဟုတ္ေပ။
အကာအကြယ္ကို တည္ျငိ္မ္ေအာင္ လုပ္မည့္သူမွာ Tang Fan ႏွင့္ Luo ChengYuanတို႕ျဖစ္သည္ အဘယ့္ေၾကာင့္ဆိုေသာ္ အင္ပါယာအဆင့္ သိုင္းသမားမ်ားသာ လုပ္ႏိုင္ေသာေၾကာင့္ျဖစ္သည္။ ဒီအေၾကာင္းရင္းေၾကာင့္ လည္း TianXin ဂိုဏ္းႏွင့္ QingChengဂိုဏ္းတုိ႕က ေနရာ ေလးဆယ္မွ ငါးဆယ္အထိအရ ရွိျပီး အျခား XingLuo အဖြဲ႕က ေနရာ ႏွစ္ဆယ္ေက်ာ္ေလာက္သာ ရျခင္းျဖစ္သည္။
သုခဘံုနယ္ေျမ၏ အကာအကြယ္သည္ နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္၏ အတြင္းပိုင္းတြင္ ျဖစ္သည္။ သူတို႕က မလုပ္ႏို္င္ခင္မွာ နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္ အထဲကို ၀င္ရမည္ ျဖစ္သည္။ ကံေကာင္းစြာနဲ႕ လြန္ခဲ့ေသာ ႏွစ္မ်ားစြာက အင္အားၾကီး အဖြဲ႕မ်ားစြာက နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္မွ အရွင္သခင္ႏွင့္ သေဘာတူညီခ်က္ ကိုလံုျခံဳစြာ လုပ္ထားၾကသည္။ နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္အရွင္သခင္က အင္ပါယာအဆင့္သိုင္းသမား ႏွစ္ေယာက္၏ အမ်က္ေဒါသကို မခံခ်င္ဘူးဆိုလွ်င္ ဒီလိုအေျခအေနမ်ိဳးမွာ လူသားက်င့္ၾကံသူမ်ားကို မတိုက္ခုိက္ရန္ ျဖစ္သည္။
ဒီအခ်ိန္ကို အခြင့္ေကာင္းယူျပီး Tang Fan ႏွင့္ Luo ChengYuan က အခ်င္းခ်င္းယွဥ္ျပိဳင္ျပီး အကာအကြယ္ကို တည္ျငိမ္ေအာင္လုပ္ၾကသည္။ You XiaoMo ကလည္း ထို ထူးဆန္းေသာ အေျခအေနၾကီးကို ဖယ္ထုတ္ႏို္င္ရန္အတြက္ Ling Xiao ႏွင့္ စကားစေျပာေတာ့သည္။
သိပ္မၾကာခင္က သူက နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္အေၾကာင္း ရွင္းျပခဲ့သည္။ နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္က Long Xiaoတိုက္၏ ေတာင္ပိုင္းေဒသတြင္ အႏၱရယ္အမ်ားဆံုး နံပါတ္တစ္ေနရာလို႕ မွတ္ယူ ႏိုင္သည္။ သို႕ေသာ္ ထုိသို႕ ျဖစ္တည္ခဲ့ျခင္းမွာ လြန္ခဲ႕ေသာ ႏွစ္သံုးေထာင္ေလာက္ကသာျဖစ္သည္။ အင္အားၾကီး လာသည္ဟု မွတ္ယူႏိုင္သည္။
ေကာင္းကင္ထိေအာင္ ဆိုးယုတ္ေသာ စပါးအံုးေျမြမ်ားဆိသို႕လာရန္ က်င့္ၾကံသူမ်ားက အၾကံရွိေသာ္လည္း သူတို႕ခႏၱာကိုယ္၏ အစိတ္အပိုင္းတုိ္င္းကို ရတနာမ်ားကဲ့သို႕ ယူဆၾကသျဖင့္ ဘယ္သူကမွ အဆင့္ကိုး ေကာင္းကင္ထိေအာင္ ဆိုးယုတ္ေသာ စပါးအံုးေျမြ အရွင္သခင္ကို သြားမစရဲျခင္းျဖစ္သည္။ အဲဒါက စပါးအံုးေျမြဂူၾကီးက TianXinဂိုဏ္းႏွင့္ Qing Chenဂိုဏ္း တို႕ႏွင့္ ယွဥ္လုနီးပါး အဖြဲ႕တစ္ခုျဖစ္လာျခင္းျဖစ္သည္။
သို႕ေသာ္ You XiaoMo နားမလည္ သူက အဓိကအဖြဲ႕ၾကီးမ်ား ပူးေပါင္းျခင္းက အဆင့္ကိုးစပါးအံုးေျမြကို ေသခ်ာေပါက္ သုတ္သင္ႏို္င္သားနဲ႕ နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္ဆိုျပီး ထင္ေပၚမေက်ာ္ၾကားခင္ အစပ်ိဳးေနခ်ိန္တည္းက ဘာလို႕ မဖိႏွိပ္သလဲ ဆိုတာပင္။ ဒီဟာသည္ သူအၾကိမ္တစ္ရာေလာက္ ျပန္စဥ္းစားတာေတာင္ နားမလည္ႏိ္ုင္ေသာ အခ်ိန္ျဖစ္သည္။
သူ႕ေဘးတစ္ဖက္တင္ ရွိေနေသာ Fang ChenLe က သူ႕ရဲ႕ စိတ္ရႈပ္ေထြးေနမႈကို ၾကားသြားကာ ခ်က္ခ်က္ အနားေရာက္လာျပီး ေျပာေလသည္။
“ညီငယ္ေလး ဒီအေၾကာင္းေတြကို စာၾကည့္တိုက္ အေရွ႕ဘက္အေဆာင္မွာ မွတ္တမ္းတင္ထားတာေတြရွိတယ္ေလ မင္း မဖတ္ဘူးလား?”
You XiaoMo, “………………..”
အေရွ႕ေဆာင္????? သူသြားေနက်က အေနာက္ေဆာင္ျဖစ္သည္။
အဓိက အေရးပါေသာ အင္အားစုမ်ားႏွင့္နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္ တို႕၏ သေဘာတူညီခ်က္မွာ ႏွစ္သံုးေထာင္သက္တမ္းရွိျပီး ျဖစ္သည္။ လြန္ခဲ့ေသာ အခ်ိန္မ်ားစြာက အပစ္အခတ္ရပ္စဲေရးအတြက္ လွ်ိဳ႕၀ွက္ခ်က္ျဖစ္ကာ စာၾကည့္တိုက္ ဒုတိယထပ္ အေရွ႕ေဆာင္တြင္ ေပၚေပၚထင္ထင္ ထားထားသည္။
“ ဒီကိစၥက တကယ္ေတာ့ ေနာက္ေၾကာင္းလိုက္ရင္ လြန္ခဲ့ေသာ ႏွစ္တစ္ေသာင္းက စတယ္။ အဲဒိအခ်ိန္တုန္းက မင္းေတာင္ မေမြးေသးဘူး…….”
Fang ChenLe ကေျပာေနရင္းနဲ႕ တဟားဟား ထရယ္ေလသည္။
You XiaoMo ေျပာစရာ စကား မရွိျဖစ္သြားသည္။ လြန္ခဲ႕ေသာ ႏွစ္တစ္ေသာင္းမေျပာနဲ႕ သူက လြန္ခဲ့တဲ့ တစ္ႏွစ္ ဆိုရင္ေတာင္ မေမြးဖြားေသးဘူး..
“လြန္ခဲ့တဲ့ ႏွစ္တစ္ေသာင္းက က်င့္ၾကံသူေတြနဲ႕ ေမွာ္၀င္သားရဲေတြက မုဆုိးနဲ႕သားေကာင္ေတြပဲ။ က်င့္ၾကံသူေတြက မုဆိုးေတြ။ ေမွာ္၀င္သားရဲေတြက သားေကာင္ေတြ။ အခ်ိဳ႕က်င့္ၾကံသူေတြက သူတို႕ အင္အားတုိးျမွင့္ဖို႕အတြက္ ဒါမွမဟုတ္ ေမွာ္ေဆးပင္နဲ႕ ေမွာ္ေဆးလံုးေတြ ၀ယ္ဖို႕ ေငြလိုေတာ့ ေမွာ္၀င္သားရဲေတြ ေပၚလုိက္ ေပ်ာက္လိုက္ျဖစ္ေနတဲ႕ ပ်က္စီးျခင္းေတာအုပ္ကို ၀င္ျပီးေတာ့ သက္သက္မဲ့ အမဲလိုက္ၾကတယ္။ အဲဒိအခ်ိန္တုန္းက ေမွာ္၀င္သားရဲေတြရဲ႕ ခြန္အားကလည္း အခုေလာက္ မသန္မာေသးဘူး။ ဒီေတာ့ မင္းေတြးၾကည့္ေလ ေမွာ္၀င္သားရဲေတြရဲ႕ အေလာင္းက စုပံုလုိက္ရင္ ေတာင္ေတြေလာက္ ျမင့္ႏိုင္တာကို။ အၾကမ္းဖက္ ေပါက္ကြဲျခင္းကေန အျမတ္အစြန္းေတြ အမ်ားၾကီးရခဲ့ၾကတယ္။ ဒါေပမယ့္ ေလာဘၾကီးတဲ႕ က်င့္ၾကံသူေတြက အဆံုးကို မသိဘူး……………”
Fang ChenLe ၏ အသံက ပိုပုိျပီး ညင္သာလာသည္။
အဆံုးမရွိတဲ့ ေလာဘက အျပစ္ေပးခံရလိမ့္မယ္။
ထို က်င့္ၾကံသူအနည္းငယ္က ေလာဘေၾကာင့္ အဆံုးမွာ နတ္ဆုိးေငြေရာင္လေျမေခြးမ်ိဳးႏြယ္စု ကို စျပီး ပစ္မွတ္ထား တုိက္ခိုက္ၾကသည္။
နတ္ဆိုးေငြေရာင္လေျမေခြးမ်ိဳးႏြယ္စု ကို Long Xiaoတိုက္မၾကီးတြင္ ပိုျပီး သန္႕စင္ကာ ျမင့္ျမတ္ေသာ ေမွာ္၀င္သားရဲမ်ား ဟု မွတ္ယူႏို္င္သည္။ အဲဒါကလည္း ေကာလဟာလ မ်ားအရ သူတို႕က ေရွးက်ေသာ ေသြးေၾကာမွအေမြခံၾကသည္ဟု ဆုိသည္။ ထိုအခ်ိန္တုန္းက အဆင့္ တစ္ဆယ္ႏွင့္ အဆင့္ဆယ့္တစ္ ေမွာ္၀င္သားရဲမ်ား ျဖစ္ႏုိ္င္ေသာ အခြင့္အေရး ၇ွိေသာ သူ မ်ားဟု လည္း ေကာလဟာလမ်ား ရွိသည္။
အဆင့္ဆယ့္တစ္သည္ နတ္ဘုရားအဆင့္ က်င့္ၾကံသူႏွင့္ အဆင့္တူသည္။
ရလဒ္အေနနဲ႕ကေတာ့ ထုိေကာလဟာလပ်ံသြားကာ က်င့္ၾကံသူမ်ားအားလံုး ေသြးရူးေသြးတန္းေတြ ျဖစ္ကုန္သည္။ ထိုအခ်ိန္တုန္းက နတ္ဆိုးေငြေရာင္လေျမေခြးမိ်ဳးႏြယ္စု တြင္ အဆင့္ကိုးအထက္မည္သူမွ် မရွိေပ။ သူတို႕၏ အင္အားက နိမ့္က်ေသာ္လည္း သူတို႕က အလြန္မာနၾကီးေသာ ေမွာ္၀င္သားရဲမ်ားျဖစ္ေနဆဲျဖစ္ကာ က်င့္ၾကံသူမ်ားစိတ္ၾကိဳက္ မကျပႏုိ္င္သျဖင့္ သူတို႕ႏွင့္ ဆက္ႏြယ္ရန္ ျငင္းဆိုၾကသည္။
ျငင္းဆိုျခင္း၏ ရလဒ္ အရ နတ္ဆိုးေငြေရာင္လေျမေခြး အေရအတြက္သည္ တစ္ေသာင္းေက်ာ္မွ တစ္ရာေက်ာ္အထိ သိသိသာသာ က်ဆင္းသြားေတာ့သည္။
အဖမ္းခံရေသာသူမ်ားက အတင္းအၾကပ္ဆက္ႏြယ္ျခင္းမ်ားႏွင့္ ကြ်န္ျပဳျခင္းမ်ားကို မခံရ ထုိအစား အေရခြံႏြာခံလို္က္ရသည္။ က်န္ရွိေသာ နတ္ဆိုးေငြေရာင္လေျမေခြး အေရအတြက္မွာ တစ္ရာေက်ာ္မွ်သာ ရွိေတာ့ေသာ္လည္း ေလာဘၾကီးေသာ က်င့္ၾကံသူမ်ားက သူတို႕ကို ဆက္ျပီး အမဲလုိက္ၾကသည္။ သူတို႕နဲ႕ မဆက္ႏြယ္ႏုိ္င္ ရင္ေတာင္ မိုးထိေအာင္ ျမင့္မားေသာ ေစ်းမ်ားျဖင့္ ေရာင္းခ်ႏို္င္သည္။
ေငြေရာင္ေျမေခြး၏ ေသြးမွာ ေတေဇာဓါတ္ႏွီးႏြယ္ေနေသာ က်င့္ၾကံသူမ်ား အတြက္ ၾကီးမားေသာ အေထာက္အကူ ျဖစ္ေစသည္ ဟု ဆိုႏိုင္သည္။ ျပီးေတာ့ သူ၏ သားေမြး။ သားေမြးမ်ားကို ခ်ပ္၀တ္တန္ဆာအျဖစ္ ေျပာင္းလဲလိုက္လွ်င္ လူတစ္ေယာက္၏ အသက္ကို ကယ္တင္ႏို္င္သည္။
ထိန္းမႏိုင္ သိမ္းမရနဲ႕ က်င့္ၾကံသူမ်ားက က်န္ေနေသာ နတ္ဆုိးေငြေရာင္လေျမေခြး တစ္ရာေက်ာ္ေလာက္ကို ပ်က္စီးျခင္းေတာအုပ္ အလယ္ရွိ ပရမ္းပတာနတ္ဆိုးေတာင္ထြတ္ သို႕ အတင္းအၾကပ္ ေမာင္းသြင္းလိုက္ၾကသည္။
ထို အခ်ိန္တုန္းက ပ်က္စီးျခင္းေတာအုပ္မွာ အခုထက္ အႏၱရာယ္ မ်ားစြာ နညး္လွသည္။ ထို အနည္းငယ္ေသာ ေငြေရာင္ေျမေခြး မ်ားက ပရမ္းပတာနတ္ဆိုးေတာင္ထြတ္တြင္ အ၀ိုင္းခံလုိက္ၾကရသည္။ ေမွ်ာ္လင့္ခ်က္အကုန္လံုး လက္ေလ်ာ့လိုက္ရမည့္ အခ်ိန္တြင္ အံ့ၾသဖြယ္ ျဖစ္ရပ္တစ္ခု ျဖစ္ပြားခဲ့သည္။
ေကာင္းကင္ဘံုကေန ေတာက္ပေသာ အျဖဴေရာင္ အလင္းတန္းၾကီးက ရုတ္တရက္ က်ဆင္းလာကာ ပရမ္းပတာနတ္ဆိုးေတာင္ထြတ္ေပၚကို တန္းက်လာလာသည္။
အတုမရွိ ခမ္းနားလွေသာ ပံုစံႏွင့္ ေယာက္်ားတစ္ေယာက္က အျဖဴေရာင္ အလင္းတန္းမွ ထြက္ေပၚလာသည္။ ထိုအမ်ိဳးသား၏ကုိ္ယ္က အျဖဴေရာင္အလင္းအလႊာတစ္ခုႏွင့္ ေရခ်ိဳးထားသလုိျဖစ္ေနသည္။ ထို အျဖဴေရာင္အလင္းအလႊာက သူ႕ကုိ္ယ္ထဲမွ လင္းထြက္လာသည္ဟု ထင္ရာ အျခားသူမ်ား၏အေပၚမွာ သူ႕အလင္းေတြ ေတာက္ပေအာင္ ျပဳလုပ္ထားသလိုျဖစ္ကာ နတ္ဘုရားတစ္ပါး ေျမကမၻာေပၚသို႕ သက္ဆင္းလာသည့္အလား အလြန္႕အလြန္ကို ေတာက္ေျပာင္လြန္းလွသည္။
ထို ရုတ္တရက္ေပၚေပါက္လာေသာ အမ်ိဳးသားက နတ္ဆိုးေငြေရာင္လေျမေခြးမ်ိဳးႏြယ္စုကို ကယ္တင္ခဲ့သည္။ သူက ထို နတ္ဆိုးေငြေရာင္လေျမေခြးမ်ိဳးႏြယ္စုကို အမဲလိုက္ေနေသာ က်င့္ၾကံသူမ်ားအားလံုးကို ရွင္းပစ္ခဲ့သည္။ ထိုလူမ်ားက သူ႕အားလံုး၀ မယွဥ္ႏုိ္င္ေပ။ သူတို႕ထဲက တစ္ေယာက္မွ် အကြက္ ငါးကြက္ထက္ပိုျပီး မခံႏုိ္င္။ ပရမ္းပတာနတ္ဆိုးေတာင္ထြတ္သည္ ေသြးမ်ားေၾကာင့္ အနီေရာင္ဆုိးထားသလို ျဖစ္ကာ မေရမတြက္ႏိုင္ေသာ ေမွာ္၀င္သားရဲမ်ားစြာကို ဆြဲေဆာင္ခဲ့သည္။
ထိုလူေပၚေပါက္လာမႈက ေမွာ္၀င္သားရဲမ်ားကို သားေကာင္အဆင့္မွတ္ယူထားျခင္းမ်ားမွ ဖယ္ရွားခံလုိက္ရေစကာ သူတို႕ကို က်င့္ၾကံသူမ်ားႏွင့္ အဆင့္တူမ်ား အခ်ဳိ႕ဆိုလွ်င္ ပိုျမင့္သည့္အတန္းအစားမ်ားအျဖစ္ ရပ္တည္ႏိုင္ေအာင္ ခြင့္ျပဳလိုက္သလို ျဖစ္သည္။ ထိုအခ်ိန္မွ စကာ ပုိျပီးသန္မာလာေသာ ေမွာ္၀င္သားရဲမ်ား စတင္ ေပၚထါက္လာကာ အခ်ိဳ႕သူမ်ား၏ ခြန္အားသည္ က်င့္ၾကံသူမ်ားကိုပင္ စိန္ေခၚလာႏုိ္င္သည္အထိ ျဖစ္လာခဲ့သည္။
ေမွာ္၀င္သားရဲမ်ိဳးႏြယ္စုမ်ားၾကားတြင္ သူတို႕ ေမွာ္၀င္သားရဲ အရွင္သခင္ဆိုေသာ သူတစ္ေယာက္ရွိေနသည္ဟု ေကာလဟာလမ်ားထြက္လာျပီးေနာက္ ထိုအခ်ိန္မွ စကာ မည္သည့္အဖြဲ႕ကမွ ေမွာ္၀င္သားရဲမ်ားကို သူတို႕ ဆႏၵရွိသလို မသတ္ျဖတ္ရဲေတာ့ေပ။ ထိုပုဂၢိဳလ္မွာ ေမွာ္၀င္သားရဲတို႕၏ ဒ႑ာရီလာ အရွင္သခင္ျဖစ္သည္။
Unicode
C-156 The Legendary Master.
အခန်း ၁၅၆ ဒဏ္ဍာရီလာ အရှင်သခင်
Kong Wen ၏ အဆင့်အတန်းမှာ တောင်ထွတ်အရှင်သခင် သာဖြစ်သည်။ သူ့၏ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းမှာ Tang Fan လောက် မကောင်းသည်က သနားစဖွယ်ဖြစ်သည်။
You XiaoMo တစ်ယောက် Lin Xiaoနှင့် အတူ ပေါ်လာတော သူ့အနားက တပည့်အနည်းငယ်က သူ့စိတ်ခံစားချက်ကို ခံစားမိကြသည်။ ဖိနှိပ်ထားသော ဒေါသများနှင့် အထင်သေးခြင်းများကို အနည်းငယ်တောင် မဖုံးကွယ်နိုင်လောက်အောင် အတိုင်းသာ ဖော်ပြထားသည်။
You XiaoMo ၏ ရောက်ရှိလာခြင်းသည် လူတစ်ယောက်က လူမြင်ကွင်းမှာ သူ့မျက်နှာကို ရေဆိုးတစ်ပုံး လောင်းချလိုက် သည်နှင့် ညီမျှသည်။ အထူးသဖြင့်သူ့တပည့်အနည်းငယ်၏အရှေ့မှာ သူ့ကို မျက်နှာပျက်အောင် လုပ်လိုက်သလိုကို ခံစားရသည်။ သူ့ဒေါသတွေ ပြေပျောက်သွားအောင် အတင်းဖိနှိပ်ထိန်းချုပ်သော်လည်း သူမတတ်နိုင်ပေ။
သူမြေကမ္ဘာတောင်ထွတ်၏ ဆရာသခင်အဖြစ် တာဝန်ယူပြီးကတည်းက သူ့မျက်နှာက မျက်နှာဖုံးကို တစ်ယောက်ယောက် က လာပြီး ဆွဲခွာတာ ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်လိမ့်မည်။ ပြီးတော့ ထိုသူက လည်း သူ ပုဂ္ဂိုလ်ရေးသက်သက် လက်ခံထားသော သတ္တမမြောက်တပည့်ဖြစ်နေသည်။ အဲဒိအချိန်က သူနဲ့ Ling Xiao ၏ ဆက်ဆံရေးကို အခြေခံပြီးတော့ သူလုပ်ခဲ့တာဖြစ်သည်။ သူ့တပည့်က သူ့ကို ဒီပုံစံနှင့် ပြန်ပေးဆပ်လိမ့်မည်ဟု သူဘယ်တော့မှ အထင်မှတ်ထားပေ။
Ling Xiao က You XiaoMo ကို Kong Wen ဆီသို့ ဆွဲခေါ်သွားသည်။ သူ့ကို တောက်တောက်ပပပြုံးကာ ပြောလိုက်သေးသည်။
“ ဦးလေးKong ဘယ်သူလဲလို့ကြည့်ပါဦး ဂျူနီယာညီလေးYou က ကံတော်တော်ကောင်းတယ်။ ဆရာ တပည့် နှစ်ယောက် မမျှော်လင့်ပဲ ဆုံရတာပေ့ါ ဟ..”
သူ့စကားတွေကြားတော့ You XiaoMo နှုတ်ခမ်းတွေ တွန့်သွားသည်။ Ling Xiao ကို ဖျတ်ခနဲ ခိုးကြည့်လိုက်သေးသည်။ မင်းသူ့ကို ဒေါသထွက်အောင် တမင်လုပ်နေတာလား? အားး.. ကျွန်တော်တို့ပြန်ရောက်ရင် ကံဆိုးမယ့်သူက ကျွန်တော်လေ။
“ဆရာ ………”
You XiaoMo သူ့ခေါင်းသူကုတ်ပြီး Kong Wen ကို တောင် မကြည့်ရဲပေ။ သူ့ပုံက နည်းနည်းလည်း ရှက်နေပုံပေါ်သည်။
“ အမ်း… မင်းမှာ တကယ်ပဲ ကျွမ်းကျင်မှုလေးတွေ ရှိတာပဲ ကြည့်ရတာဆရာက မင်းကို လျော့တွက်မိပုံပဲ ”
Kong Wen က ငေါ့သံလေး မျဉ်းမျဉ်း ပေးပြီးမှ ၀ိရောဓိဖြစ်စေသော စကားအနည်းငယ်ကို ပါ ထပ်ထည့်လိုက်သည်။ သူဘာကို ပြောချင်သလဲဆိုတာ မရှင်းလင်းဘူးဖြစ်သွားသည်။
You XiaoMo သူ့ကို ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ပေ။ သို့သော် သူသေချာသိတာ တစ်ခုတော့ ရှိသည်။ Kong Wen ဒေါသထွက်နေသည်။ Ling Xiao ကို အကြည့်တစ်ချက် မပစ်လွှတ်ပဲ မနေနိုင်တော့………….ဘဲကြီး သူ စိတ်ဆိုးနေပြီ ငါတို့ ဘာလုပ်ကြမလဲ?
Ling Xiao က သတ္တိရှိရှိနဲ့ ရှေ့တစ်လှမ်းတိုးကာ ခေါင်းညိမ့်ပြီး သဘောတူကြောင်းပြသည်။
“ဦးလေးKong ပြောတာ မမှားဘူး။ ဂျူနီယာညီလေးYouကံက ကောင်းတေ့ာ ဘယ်သူမှ မရပ်နိုင်ဘူး။ ဒီတစ်ခါသာ အကယ်လို့ဂျူနီယာညီလေး Zhou သာ ပြဿနာလေးတွေ အဲဒိအချိန်မှာ မရှိဘူးဆိုရင် ဂျူနီယာညီလေး You က အခွင့်အရေးလုံးဝ ရမှာ မဟုတ်ဘူး”
သူက တကယ်ကြီး ဒီလိုဖြစ်သွားသလို ပြောနေပေမယ့် သူနဲ့Zhou Peng ၏ ဆက်ဆံရေးက အရမ်းရင်းနှီးတာ မသိသူ အနည်းငယ်သာ လျှင် ယုံကြည်ကြလိမ့်မည်။ အကယ်လို့ သူသာ Zhou Peng ကို You XiaoMoအတွက် သူကနေရာကို တောင်းလျှင် Zhou Peng ကလည်း လက်ခံဖို့များသည် အချို့အရာများက သေချာပေါက်ပြောလို့မရပေမယ့်ပေါ့လေ။
သို့သော် အမှန်တရာကို သိသူ လူအချို့လဲ ရှိသည်။ ဥပမာ Fang ChenLe နဲ့ Fu ZiLin တို့ ဖြစ်သည်။ You XiaoMo က သူတို့ကို သူ့မှာ သုခဘုံနယ်မြေကို ၀င်ရန် နည်းလမ်းရှိသည်ဟု ပြောထားပြီးသာ ဖြစ်သည်။ ပြန်စဉ်းစားကြည့်ပြီး အခုမြင်ကွင်းနဲ့ ဆက်စပ်ကြည့်လျှင် အဖြေက ဒီလိုဖြစ်နိုင်သည်က ရှင်းလင်းနေသည်။ သို့သော် သူတို့ နှစ်ယောက်က Ling Xiao ၏ စကားများကို ပေါ်စေမည် မဟုတ်။
Kong Wen အနည်းငယ် မျက်နှာ မဲ့သွားပြီး You XiaoMo ကို အရေပြားတစ်ထောက်မျှသော အပြုံးတစ်ခုနှင့် ကြည့်လိုက်သည်။
“ သတ္တမမြောက်လေးရဲ့ ကံက အခြားသူတွေနဲ့ ယှဉ်ရင် တကယ့်ကို ကောင်းလွန်းတာပဲ”
You XiaoMo ပါးစပ်လေးပွင့်ပြီး ဘာမှ မပြောတာ ပိုကောင်းမည်ဟု ဆုံးဖြတ်ပြီးနောက် ပါးစပ်ပြန်ပိတ်သွားသည်။ Kong Wen ဘာတွေးနေလဲဆိုတာ သူနားမလည်နိုင်ပေ။
သူတို့တွေ စကားပြောနေတုန်းမှာ အခြားသောအဖွဲ့အနည်းငယ်မှ လူများကလည်း သူတို့ကို စူးစမ်းနေကြသည်။
Ling Xiao က အတော်ကို ထင်ပေါ်ကျော်ကြားသူဖြစ်သည်။ Luo ShuHe နှင့် အဆင့်တူထားပြီး သူတို့ နှစ်ယောက်ကို နှိုင်းယှဉ်ကာ ပြောဆိုကြသော လူအချို့လဲ အမြဲရှိသည်။ သို့သော် Ling Xiao က ပြင်ပတွင် အခြားတစ်ယောက်နှင့် အလွန်နီးကပ်စွာ နေသည်ကို တွေ့ရခဲလှသည်။ ဒီဟာကို ရုတ်တရက်တွေ့ပြီးနောက် သူတို့ အလွန်သိချင်သွားကြတာ ပုံမှန်ပဲ ဖြစ်သည်။
သိပ်မဝေးသော နေရာတွင် Luo Shuhe က သူ့အဖေဆီမှ အချက်ပြချက်ကို ရပြီးနောက် Ling Xiao ကို တိတ်တဆိတ် စူးစမ်းလျက်ရှိသည်။ သူက ကလေးဆန်တဲ့ခပ်ချောချောကောင်လေးကို အလွန်ရင်းနှီးစွာ ဆက်ဆံနေတာကို မြင်တော့ သူ့ရဲ့ ချောမောတဲ့ မျက်နှာလေးမှာ အံ့သြသွားသော အရိပ်အယောင် ဖျတ်ခနဲ ပေါ်သွားသည်။
သူ Lin Xiao ပေါ်မှာ ရှိသော ထင်မြင်ချက်က လူတိုင်းနှင့် ကောင်းမွန်စွာ ဆက်ဆံနိုင်ပြီး အားတက်အောင် ရယ်မောနိုင်ကာ စကားများပြောနို်င်သူတစ်ယောက် ဖြစ်ပေမယ့် အခြားသူများနှင့် သူ၏ ခြားနားချက်အတွက် ခွဲခြားမှုတစ်ခု ထားရှိသော သူလည်းဖြစ်သည်။ သူတို့က လူချင်းအမျိုးအစားတူတာကြောင့် မျက်နှာဖုံးနောက်ကွယ်ကိုသူမြင်နိုင်သည်။
ဒီနေ့ Ling Xiao၏ အပြုအမူပုံ ကို ကြည့်သည်နှင့် သူဟန်ဆောင်နေတာ သေချာပေါက် မဟုတ်မှန်း Luo ShuHe သိသည်။
Luo ShuHe၏ နှုတ်ခမ်းများ မသိမသာအပေါ်ကွေးတက်သွားသည်။ Ling Xiaoက သူ့အားနည်းချက်ကို လူတိုင်း ၏ရှေ့တွင် တကယ်ကြီး ကြေငြာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ သူသေချာ မစဉ်းစားပဲနဲ့လား ထိုလူငယ်လေးကို သူကာကွယ်နိုင်တယ်လို့ သေချာပေါက် ခံစားနေရလို့လားတော့ မသိ?
မသိနို်င်တဲ့ အကြောင်းပြချက်အချို့အတွက် သူရုတ်တရက် ထိုမြင်ကွင်းအတွက်ကို မျက်မြင်သက်သေ အရမ်းဖြစ်ချင်သွားသည် ဘယ်လိုမျိုးများ တွန်းလှန်လိမ့် မလဲ?
ဖြစ်နိုင်သည်က Luo ShuHe တစ်ယောက်ပဲ အဲဒိအတွေးကို ရှိပုံရသည်မဟုတ်။ အပေါ်ယံတောင် ဟန်မဆောင်နိုင်ပဲ ကြည့်နေသာ အခြားသော လူအများသည်လည်း သူ့တို့ရင်ထဲမှာ လျှို့ဝှက်ကြံစည်နေပြီးကြပြီဖြစ်သည်။
အဲဒိအချိန်မှာပဲ သုခဘုံနယ်မြေအနားမှ အကာအကွယ်များက စတင် လှုပ်ရှားလာကာ သိပ်မကြာခင် အကာအကွယ် ပွင့်တော့မည့်ဟန် ပေါ်လာသည်။
အကာအကွယ်က ပွင့်မည်ဆိုသော်လည်း အချိန်က တော့ သိပ်မကြာပေ။ သူ့ဘာသာသူ အလိုလျောက် ပြန်ပြီး နဂိုအတိုင်း ပြန်ဖြစ်သွားလိမ့်မည်။ အကာအကွယ် ကျိုးပေါက်ရာနေရာ တစ်ခုကို အရင်ဆုံးတည်ငြိမ်အောင်လုပ်ရမည် ဖြစ်သည်။ သို့သော် သူတို့က ထို ကျိုးပေါက်မှုကို တည်ငြိမ်အောင် လုပ်နိုင်သော်လည်း တစ်လကြာလျှင် အကာအကွယ်က သူ့ဘာသာ နဂိုအတိုင်း ပြန်ပိတ်သွားလိမ့်မည်။ ဒီတော့ သူတို့က တစ်လအတွင်း ပြန်ထွက်လာမှ ဖြစ်မည် မဟုတ်ပါက အထဲမှာ ပိတ်မိသွားမည် ဖြစ်သည်။ သူတို့တွေ နောက် နှစ်ငါးဆယ်အကြာမှာ ပြန်ထွက်လာနိုင်မ လားဆိုတာက သေချာသော အရာ မဟုတ်ပေ။
အကာအကွယ်ကို တည်ငြိ်မ်အောင် လုပ်မည့်သူမှာ Tang Fan နှင့် Luo ChengYuanတို့ဖြစ်သည် အဘယ့်ကြောင့်ဆိုသော် အင်ပါယာအဆင့် သိုင်းသမားများသာ လုပ်နိုင်သောကြောင့်ဖြစ်သည်။ ဒီအကြောင်းရင်းကြောင့် လည်း TianXin ဂိုဏ်းနှင့် QingChengဂိုဏ်းတို့က နေရာ လေးဆယ်မှ ငါးဆယ်အထိအရ ရှိပြီး အခြား XingLuo အဖွဲ့က နေရာ နှစ်ဆယ်ကျော်လောက်သာ ရခြင်းဖြစ်သည်။
သုခဘုံနယ်မြေ၏ အကာအကွယ်သည် နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်၏ အတွင်းပိုင်းတွင် ဖြစ်သည်။ သူတို့က မလုပ်နိုင်ခင်မှာ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင် အထဲကို ၀င်ရမည် ဖြစ်သည်။ ကံကောင်းစွာနဲ့ လွန်ခဲ့သော နှစ်များစွာက အင်အားကြီး အဖွဲ့များစွာက နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်မှ အရှင်သခင်နှင့် သဘောတူညီချက် ကိုလုံခြုံစွာ လုပ်ထားကြသည်။ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်အရှင်သခင်က အင်ပါယာအဆင့်သိုင်းသမား နှစ်ယောက်၏ အမျက်ဒေါသကို မခံချင်ဘူးဆိုလျှင် ဒီလိုအခြေအနေမျိုးမှာ လူသားကျင့်ကြံသူများကို မတိုက်ခိုက်ရန် ဖြစ်သည်။
ဒီအချိန်ကို အခွင့်ကောင်းယူပြီး Tang Fan နှင့် Luo ChengYuan က အချင်းချင်းယှဉ်ပြိုင်ပြီး အကာအကွယ်ကို တည်ငြိမ်အောင်လုပ်ကြသည်။ You XiaoMo ကလည်း ထို ထူးဆန်းသော အခြေအနေကြီးကို ဖယ်ထုတ်နိုင်ရန်အတွက် Ling Xiao နှင့် စကားစပြောတော့သည်။
သိပ်မကြာခင်က သူက နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်အကြောင်း ရှင်းပြခဲ့သည်။ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်က Long Xiaoတိုက်၏ တောင်ပိုင်းဒေသတွင် အန္တရယ်အများဆုံး နံပါတ်တစ်နေရာလို့ မှတ်ယူ နိုင်သည်။ သို့သော် ထိုသို့ ဖြစ်တည်ခဲ့ခြင်းမှာ လွန်ခဲ့သော နှစ်သုံးထောင်လောက်ကသာဖြစ်သည်။ အင်အားကြီး လာသည်ဟု မှတ်ယူနိုင်သည်။
ကောင်းကင်ထိအောင် ဆိုးယုတ်သော စပါးအုံးမြွေများဆိသို့လာရန် ကျင့်ကြံသူများက အကြံရှိသော်လည်း သူတို့ခန္တာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ရတနာများကဲ့သို့ ယူဆကြသဖြင့် ဘယ်သူကမှ အဆင့်ကိုး ကောင်းကင်ထိအောင် ဆိုးယုတ်သော စပါးအုံးမြွေ အရှင်သခင်ကို သွားမစရဲခြင်းဖြစ်သည်။ အဲဒါက စပါးအုံးမြွေဂူကြီးက TianXinဂိုဏ်းနှင့် Qing Chenဂိုဏ်း တို့နှင့် ယှဉ်လုနီးပါး အဖွဲ့တစ်ခုဖြစ်လာခြင်းဖြစ်သည်။
သို့သော် You XiaoMo နားမလည် သူက အဓိကအဖွဲ့ကြီးများ ပူးပေါင်းခြင်းက အဆင့်ကိုးစပါးအုံးမြွေကို သေချာပေါက် သုတ်သင်နိုင်သားနဲ့ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်ဆိုပြီး ထင်ပေါ်မကျော်ကြားခင် အစပျိုးနေချိန်တည်းက ဘာလို့ မဖိနှိပ်သလဲ ဆိုတာပင်။ ဒီဟာသည် သူအကြိမ်တစ်ရာလောက် ပြန်စဉ်းစားတာတောင် နားမလည်နိ်ုင်သော အချိန်ဖြစ်သည်။
သူ့ဘေးတစ်ဖက်တင် ရှိနေသော Fang ChenLe က သူ့ရဲ့ စိတ်ရှုပ်ထွေးနေမှုကို ကြားသွားကာ ချက်ချက် အနားရောက်လာပြီး ပြောလေသည်။
“ညီငယ်လေး ဒီအကြောင်းတွေကို စာကြည့်တိုက် အရှေ့ဘက်အဆောင်မှာ မှတ်တမ်းတင်ထားတာတွေရှိတယ်လေ မင်း မဖတ်ဘူးလား?”
You XiaoMo, “………………..”
အရှေ့ဆောင်????? သူသွားနေကျက အနောက်ဆောင်ဖြစ်သည်။
အဓိက အရေးပါသော အင်အားစုများနှင့်နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင် တို့၏ သဘောတူညီချက်မှာ နှစ်သုံးထောင်သက်တမ်းရှိပြီး ဖြစ်သည်။ လွန်ခဲ့သော အချိန်များစွာက အပစ်အခတ်ရပ်စဲရေးအတွက် လျှို့ဝှက်ချက်ဖြစ်ကာ စာကြည့်တိုက် ဒုတိယထပ် အရှေ့ဆောင်တွင် ပေါ်ပေါ်ထင်ထင် ထားထားသည်။
“ ဒီကိစ္စက တကယ်တော့ နောက်ကြောင်းလိုက်ရင် လွန်ခဲ့သော နှစ်တစ်သောင်းက စတယ်။ အဲဒိအချိန်တုန်းက မင်းတောင် မမွေးသေးဘူး…….”
Fang ChenLe ကပြောနေရင်းနဲ့ တဟားဟား ထရယ်လေသည်။
You XiaoMo ပြောစရာ စကား မရှိဖြစ်သွားသည်။ လွန်ခဲ့သော နှစ်တစ်သောင်းမပြောနဲ့ သူက လွန်ခဲ့တဲ့ တစ်နှစ် ဆိုရင်တောင် မမွေးဖွားသေးဘူး..
“လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ကျင့်ကြံသူတွေနဲ့ မှော်ဝင်သားရဲတွေက မုဆိုးနဲ့သားကောင်တွေပဲ။ ကျင့်ကြံသူတွေက မုဆိုးတွေ။ မှော်ဝင်သားရဲတွေက သားကောင်တွေ။ အချို့ကျင့်ကြံသူတွေက သူတို့ အင်အားတိုးမြှင့်ဖို့အတွက် ဒါမှမဟုတ် မှော်ဆေးပင်နဲ့ မှော်ဆေးလုံးတွေ ၀ယ်ဖို့ ငွေလိုတော့ မှော်ဝင်သားရဲတွေ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတဲ့ ပျက်စီးခြင်းတောအုပ်ကို ၀င်ပြီးတော့ သက်သက်မဲ့ အမဲလိုက်ကြတယ်။ အဲဒိအချိန်တုန်းက မှော်ဝင်သားရဲတွေရဲ့ ခွန်အားကလည်း အခုလောက် မသန်မာသေးဘူး။ ဒီတော့ မင်းတွေးကြည့်လေ မှော်ဝင်သားရဲတွေရဲ့ အလောင်းက စုပုံလိုက်ရင် တောင်တွေလောက် မြင့်နိုင်တာကို။ အကြမ်းဖက် ပေါက်ကွဲခြင်းကနေ အမြတ်အစွန်းတွေ အများကြီးရခဲ့ကြတယ်။ ဒါပေမယ့် လောဘကြီးတဲ့ ကျင့်ကြံသူတွေက အဆုံးကို မသိဘူး……………”
Fang ChenLe ၏ အသံက ပိုပိုပြီး ညင်သာလာသည်။
အဆုံးမရှိတဲ့ လောဘက အပြစ်ပေးခံရလိမ့်မယ်။
ထို ကျင့်ကြံသူအနည်းငယ်က လောဘကြောင့် အဆုံးမှာ နတ်ဆိုးငွေရောင်လမြေခွေးမျိုးနွယ်စု ကို စပြီး ပစ်မှတ်ထား တိုက်ခိုက်ကြသည်။
နတ်ဆိုးငွေရောင်လမြေခွေးမျိုးနွယ်စု ကို Long Xiaoတိုက်မကြီးတွင် ပိုပြီး သန့်စင်ကာ မြင့်မြတ်သော မှော်ဝင်သားရဲများ ဟု မှတ်ယူနိုင်သည်။ အဲဒါကလည်း ကောလဟာလ များအရ သူတို့က ရှေးကျသော သွေးကြောမှအမွေခံကြသည်ဟု ဆိုသည်။ ထိုအချိန်တုန်းက အဆင့် တစ်ဆယ်နှင့် အဆင့်ဆယ့်တစ် မှော်ဝင်သားရဲများ ဖြစ်နိုင်သော အခွင့်အရေး ၇ှိသော သူ များဟု လည်း ကောလဟာလများ ရှိသည်။
အဆင့်ဆယ့်တစ်သည် နတ်ဘုရားအဆင့် ကျင့်ကြံသူနှင့် အဆင့်တူသည်။
ရလဒ်အနေနဲ့ကတော့ ထိုကောလဟာလပျံသွားကာ ကျင့်ကြံသူများအားလုံး သွေးရူးသွေးတန်းတွေ ဖြစ်ကုန်သည်။ ထိုအချိန်တုန်းက နတ်ဆိုးငွေရောင်လမြေခွေးမျိုးနွယ်စု တွင် အဆင့်ကိုးအထက်မည်သူမျှ မရှိပေ။ သူတို့၏ အင်အားက နိမ့်ကျသော်လည်း သူတို့က အလွန်မာနကြီးသော မှော်ဝင်သားရဲများဖြစ်နေဆဲဖြစ်ကာ ကျင့်ကြံသူများစိတ်ကြိုက် မကပြနိုင်သဖြင့် သူတို့နှင့် ဆက်နွယ်ရန် ငြင်းဆိုကြသည်။
ငြင်းဆိုခြင်း၏ ရလဒ် အရ နတ်ဆိုးငွေရောင်လမြေခွေး အရေအတွက်သည် တစ်သောင်းကျော်မှ တစ်ရာကျော်အထိ သိသိသာသာ ကျဆင်းသွားတော့သည်။
အဖမ်းခံရသောသူများက အတင်းအကြပ်ဆက်နွယ်ခြင်းများနှင့် ကျွန်ပြုခြင်းများကို မခံရ ထိုအစား အရေခွံနွာခံလိုက်ရသည်။ ကျန်ရှိသော နတ်ဆိုးငွေရောင်လမြေခွေး အရေအတွက်မှာ တစ်ရာကျော်မျှသာ ရှိတော့သော်လည်း လောဘကြီးသော ကျင့်ကြံသူများက သူတို့ကို ဆက်ပြီး အမဲလိုက်ကြသည်။ သူတို့နဲ့ မဆက်နွယ်နိုင် ရင်တောင် မိုးထိအောင် မြင့်မားသော ဈေးများဖြင့် ရောင်းချနိုင်သည်။
ငွေရောင်မြေခွေး၏ သွေးမှာ တေဇောဓါတ်နှီးနွယ်နေသော ကျင့်ကြံသူများ အတွက် ကြီးမားသော အထောက်အကူ ဖြစ်စေသည် ဟု ဆိုနိုင်သည်။ ပြီးတော့ သူ၏ သားမွေး။ သားမွေးများကို ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲလိုက်လျှင် လူတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်သည်။
ထိန်းမနိုင် သိမ်းမရနဲ့ ကျင့်ကြံသူများက ကျန်နေသော နတ်ဆိုးငွေရောင်လမြေခွေး တစ်ရာကျော်လောက်ကို ပျက်စီးခြင်းတောအုပ် အလယ်ရှိ ပရမ်းပတာနတ်ဆိုးတောင်ထွတ် သို့ အတင်းအကြပ် မောင်းသွင်းလိုက်ကြသည်။
ထို အချိန်တုန်းက ပျက်စီးခြင်းတောအုပ်မှာ အခုထက် အန္တရာယ် များစွာ နည်းလှသည်။ ထို အနည်းငယ်သော ငွေရောင်မြေခွေး များက ပရမ်းပတာနတ်ဆိုးတောင်ထွတ်တွင် အ၀ိုင်းခံလိုက်ကြရသည်။ မျှော်လင့်ချက်အကုန်လုံး လက်လျော့လိုက်ရမည့် အချိန်တွင် အံ့သြဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ကောင်းကင်ဘုံကနေ တောက်ပသော အဖြူရောင် အလင်းတန်းကြီးက ရုတ်တရက် ကျဆင်းလာကာ ပရမ်းပတာနတ်ဆိုးတောင်ထွတ်ပေါ်ကို တန်းကျလာလာသည်။
အတုမရှိ ခမ်းနားလှသော ပုံစံနှင့် ယောက်ျားတစ်ယောက်က အဖြူရောင် အလင်းတန်းမှ ထွက်ပေါ်လာသည်။ ထိုအမျိုးသား၏ကိုယ်က အဖြူရောင်အလင်းအလွှာတစ်ခုနှင့် ရေချိုးထားသလိုဖြစ်နေသည်။ ထို အဖြူရောင်အလင်းအလွှာက သူ့ကိုယ်ထဲမှ လင်းထွက်လာသည်ဟု ထင်ရာ အခြားသူများ၏အပေါ်မှာ သူ့အလင်းတွေ တောက်ပအောင် ပြုလုပ်ထားသလိုဖြစ်ကာ နတ်ဘုရားတစ်ပါး မြေကမ္ဘာပေါ်သို့ သက်ဆင်းလာသည့်အလား အလွန့်အလွန်ကို တောက်ပြောင်လွန်းလှသည်။
ထို ရုတ်တရက်ပေါ်ပေါက်လာသော အမျိုးသားက နတ်ဆိုးငွေရောင်လမြေခွေးမျိုးနွယ်စုကို ကယ်တင်ခဲ့သည်။ သူက ထို နတ်ဆိုးငွေရောင်လမြေခွေးမျိုးနွယ်စုကို အမဲလိုက်နေသော ကျင့်ကြံသူများအားလုံးကို ရှင်းပစ်ခဲ့သည်။ ထိုလူများက သူ့အားလုံးဝ မယှဉ်နိုင်ပေ။ သူတို့ထဲက တစ်ယောက်မျှ အကွက် ငါးကွက်ထက်ပိုပြီး မခံနိုင်။ ပရမ်းပတာနတ်ဆိုးတောင်ထွတ်သည် သွေးများကြောင့် အနီရောင်ဆိုးထားသလို ဖြစ်ကာ မရေမတွက်နိုင်သော မှော်ဝင်သားရဲများစွာကို ဆွဲဆောင်ခဲ့သည်။
ထိုလူပေါ်ပေါက်လာမှုက မှော်ဝင်သားရဲများကို သားကောင်အဆင့်မှတ်ယူထားခြင်းများမှ ဖယ်ရှားခံလိုက်ရစေကာ သူတို့ကို ကျင့်ကြံသူများနှင့် အဆင့်တူများ အချို့ဆိုလျှင် ပိုမြင့်သည့်အတန်းအစားများအဖြစ် ရပ်တည်နိုင်အောင် ခွင့်ပြုလိုက်သလို ဖြစ်သည်။ ထိုအချိန်မှ စကာ ပိုပြီးသန်မာလာသော မှော်ဝင်သားရဲများ စတင် ပေါ်ထါက်လာကာ အချို့သူများ၏ ခွန်အားသည် ကျင့်ကြံသူများကိုပင် စိန်ခေါ်လာနိုင်သည်အထိ ဖြစ်လာခဲ့သည်။
မှော်ဝင်သားရဲမျိုးနွယ်စုများကြားတွင် သူတို့ မှော်ဝင်သားရဲ အရှင်သခင်ဆိုသော သူတစ်ယောက်ရှိနေသည်ဟု ကောလဟာလများထွက်လာပြီးနောက် ထိုအချိန်မှ စကာ မည်သည့်အဖွဲ့ကမှ မှော်ဝင်သားရဲများကို သူတို့ ဆန္ဒရှိသလို မသတ်ဖြတ်ရဲတော့ပေ။ ထိုပုဂ္ဂိုလ်မှာ မှော်ဝင်သားရဲတို့၏ ဒဏ္ဍာရီလာ အရှင်သခင်ဖြစ်သည်။