C-155 Ten thousand python demon plain.
အခန်း ၁၅၅ - နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်
သုခဘုံနယ်မြေကို သုခဘုံနယ်မြေဟု ခေါ်နေသော်လည်း တစ်ရာ ရာခိုင်နှုန်းအန္တရယ်များသော နေရာတွင် တည်ရှိသည်။
အဘယ့်ကြောင့်ဆိုသော် သုခဘုံနယ်မြေသည် နတ်ဆိုးစပါးအုံးမြွေတစ်သောင်း လွင်ပြင်တွင် တည်ရှိသည်။ ပြောကြသည်မှာ ပျက်စီးခြင်း တောအုပ်ပြီးလျှင် အဆိုပါ နေရာမှာ ဒုတိယအန္တာရယ်အများဆုံးနေရာ ဖြစ်သည်။ အထဲတွင် စပါးအုံးမြွေများ၏ အသိုက်ဟောင်းများရှိသည်။ နတ်ဆိုးလွင်ပြင်တစ်ခုလုံးတွင် ထောင် သောင်းချီသော ကောင်းကင်ထိတောင် ဆိုးယုတ်သော စပါးအုံးမြွေများ ကို တွေ့နိုင်သည်။ အင်အားအကြီးဆုံးသည် အဆင့်ကိုး ရှိကာ အာကာသအဆင့် တိုက်ခိုက်သူနှင့် ညီမျှသည်။
ထို့ကြောင့် သုခဘုံနယ်မြေ ပွင့်သည့် အချိန်တိုင်း လွန်ခဲ့သော အနှစ်ငါးဆယ်ကအတိုင်း Tang Fan ကဦးဆောင်လာခြင်း ဖြစ်သည်။ QingChengဂိုဏ်းနှင့် XingLuoအုပ်စုသည်လည်းပဲ အတူတူဖြစ်သည်။ အင်ပါယာအဆင့်နှင့် အထက် တိုက်ခိုက်သူ ရှိနေမှသာလျှင် နတ်ဆိုးစပါးအုံးမြွေတစ်သောင်းလွင်ပြင်မှ အဆင့်ကိုး အဆင့် ကောင်းကင်ထိအောင် ဆိုးယုတ်သော စပါးအုံးမြွေ ထွက်မလာရဲမည် ဖြစ်သည်။
You XiaoMo က တောင်ပံငှက်၏ ထိပ်နားတွင် မတ်တပ်ရပ်နေသည်။ နတ်ဆိုးစပါးအုံးမြွေတစ်သောင်းလွင်ပြင် ကို အဝေးကနေ လှမ်းကြည့်ပြီး အကြီးကြီးကို အံ့အားသင့်နေသည်။
နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်တစ်ခုလုံး၏ မြေမျက်နှာသွင်ပြင်သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေမှ ဧရာမစပါးအုံးမြွေ များကဲ့သို့ ထူးခြားလှသည်။ သူ့ရဲ့ မြွေပုံစံ အသွင်က အလယ်တွင် နေရာယူထားကာ အရှေ့မှ အနောက်ကို ဖြတ်ပိုင်းထားပုံက နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်ကို လူသားမျိုးနွယ်များဆီမှကာကွယ်သလိုပင်။ ခန့်ညားလှသော တောင်တန်းကြီး၏ အလယ်ပိုင်းတွင် မီးခိုးရောင် မီးခိုးငွေ့များက အဆက်မပြတ် တလူလူ ထွက်နေကာ မီးတောင် မပေါက်ကွဲခင် လေထဲထုတွင် မီးခိုးရောင် မီးခိုးငွေများပြည့်နေသည်နှင့် များစွာ တူလှသည်။
တောင်တန်းကြီး၏ အနောက်တွင် ကောင်းကင်ထိဆိုးယုတ်သော စပါးအုံးမြွေများ ၏ ပိုင်နက်ဖြစ်ကာ ထိုမှော်ဝင်သားရဲများ ကိုသာ တွေ့နိုင်သည်။ အခြားသော မှော်ဝင်သားရဲများကမူ ထိုနေရာသို့ ခြေပင်မချရဲပေ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ထိဆိးယုတ်သော စပါးအုံးမြွေများ လာစရာတောင်မလိုအောင် မီးခိုးရောင် မီးခိုးငွေ့ များ၏ အဆိပ်ကြောင့် သေစေလိမ့်မည်ဖြစ်သည်။
ထူးဆန်းသည့်အရာမှာ ထို တောင်တန်းကြီးအပေါ်က မီးခိုးရောင် မီးခိုးငွေ့များသည် နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင် ကို ကျော်ပြီး ပျံနှံမသွားပေ။ ပြောကြသည်မှာ ကျင့်ကြံသူများက သူတို့ဘာသာ နတ်ဆိုးလွင်ပြင်ကို မ၀င်လျှင် နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်၏ အစွန်းတွင် မတ်တပ်ရပ်နေစေကာမူ ထိုမီးခိုးရောင် မီးခိုးငွေ့များ၏ အဆိပ် မမိနိုင်ဟု ဆိုသည်။
ထို့ကြောင့် You XiaoMo နှင့် Ling Xiao ရောက်ရှိချိန်တွင် နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်၏ အစွန်းတွင် လူများအဖွဲ့လိုက် စုဝေးနေသည်ကို တွေ့ရသည်။
ထိုလူစုထဲတွင် You XiaoMo ရင်းနှီးနေသော လူစုလဲ ပါဝင်သည်။ သူတို့တွေက အစောပိုင်းက သွားကြသော Tang Fan နှင့် သူ့လူများဖြစ်သည်။
တစ်ချက်ကြည့်လိုက်သည်နှင့် TianXinဂိုဏ်းမှ လူစုမှာ လေးဆယ်ကနေ ငါးဆယ်အထိရှိကြောင်း You XiaoMo သဘောပေါက်သည်။ မှော်ဆရာ ဆယ်ယောက်ကျော်လောက်ကို ဖယ်လိုက်လျှင် သုံးဆယ်ကျော်မှာ စစ်သည် ဌာန မှ လူများဖြစ်သည်။ လူအများ မတ်တပ်ရပ်နေသည့်အထဲတွင့် မျက်စိအဖမ်းစားဆုံးမှာ Tang Fan ဖြစ်သည်။
သူသည် ဧကရာဇ်အဆင့် သိုင်းသမားမို့ မျက်လုံးပေါင်းတစ်သောင်းကျော်လောက်၏ အကြည့်ကို ဆွဲဆောင်နိုင်သည်။ သူပေါ်လာလျှင် လူအများ၏ အာရုံကို သူသာ ဖမ်းစားလိမ့်မည်။ လူအတော်များများက သူကဆီကို တစ်သုတ်ပြီး တစ်သုတ်သွားကာ နှုတ်ဆက်ပြီး စကားစမြီပြောဆိုကြသည်။
TianXin ဂိုဏ်းအပြင် အခြားသော အင်အားကြီး QingCheng ဂိုဏ်းနှင့် XingLuoအဖွဲ့လည်း ရှိသည်။
QingCheng ဂိုဏ်းမှ လူများထဲတွင် You XiaoMo အများကြားထဲမှ တစ်ယောက်ကို သာ သိသည်။ ငွေဖြူရောင်ပိုးချည်များနှင့် ကျောက်များတစ်လက်လက်အဖွယ် ပန်းထိုးတောက်ပသော အပြာရောင် ၀တ်ရုံ ၀တ်ဆင်ထားသူဖြစ်သည်။ အရိပ်တွေကိုတောင် တားဆီးနိုင်အောင် တစ်လက်လက်တောက်ပနေသည်။ ယောက်ျားတစ်ယောက် ၀တ်ဆင်ထားသော်လည်း သူ့ကိုအမိုက်စား အလန်းစားတက်ကြွပုံပေါ်စေသည်။ သူ၏ ခန့်ညားသော ရုပ်ရည်ကိုပါ ပေါင်းထည့်လိုက်။ မတ်တပ်ရပ်နေယုံနှင့် သူဘယ်နားနေနေ လှပသော မြင်ကွင်းတစ်ခု ကို ဖန်တီးမှာဖြစ်သည်။ အမျိုးသမီးအားလုံး၏ အကြည့်တွေကို ဖမ်းစားပြီး သူ့တို့ပါးလေးတွေမှာ အနီစက်လေး တဖြည်းဖြည်းနီလာကာ သူ့နားမှာပဲ တရစ်ရစ်ဝဲ၀ဲဖြစ်အောင် လုပ်လိမ့်မည်။ ထိုလူမှာ QingChengဂိုဏ်းမှ ပါရမီရှင်လေး Luo ShuHe ဖြစ်သည်။
Luo ShuHe က အလွန်ထင်ရှားနေသလောက် သူ့ဘေးမှာ မတ်တပ်ရပ်နေသော အသက်လတ်ပိုင်းလူသည်လည်း နိမ့်ကျပုံ မပေါ်။
ထို အသက်လတ်ပိုင်း လူကြီးသည် Luo ChengYuan ဖြစ်ရမည်ဟု You XiaoMo ခန့်မှန်းလိုက်သည်။ TianXin ဂိုဏ်းမှ အဆင့်ကိုး မှော်ဆေးလုံးဖော်စပ်နည်းကို ခိုးသွားသော QingCheng ဂိုဏ်းချုပ်ဖြစ်သည်။ သူသည် ထူးချွန်သူဖြစ်သော်လည်း သစ္စာမရှိ လိမ်လည်လှည့်ဖျားတတ်သူဖြစ်သည်။
သူ ဦးဆောင်ခဲ့သော QingCheng ဂိုဏ်းသားများနှင့် အကြီးအကဲများမှာ TianXinဂိုဏ်းမှ လူအရေအတွက်နှင့် တူညီလှသည်။ တိုက်ပွဲအခင်းအကျင်းက စိတ်ပျက်အားလျော့စရာတော့ မဟုတ်ပေ။
ဒီ အဓိကကျသော ဂိုဏ်းကြီးနှစ်ခုနှင့် ယှဉ်လျှင် XingLuoအဖွဲ့ သည် လက်ရှိတွင် မရှိဟုပင် ပြတ်ပြတ်သားသား ပြောနိုင်သည်။
ခြုံထည်မီးခိုးရောင်များ မ၀တ်ဆင်ထားသော ဂိုဏ်သားလူနည်းစုတွင် အားလုံး၏ မျက်နှာမှာ တစ်မျိုးမျိုးဖြင့် ဖျော့တော့နေသည်မှာ သူတို့လေ့ကျင့်သော နည်း ၏ရလဒ်တစ်ခုကြောင့် အများကြီးဖြစ်နိုင်သည်။ အခြားသူများမှာ ထိပ်ဆုံးမှာ ဟိုးအောက်အထိ မီးခိုးရောင်ခြုံထည်များဖြင့် ရစ်ပတ်ဖုံးထားကာ နားလည်ရခက်သော အသွင်ဖြစ်နေသည်။
နောက်ဆုံးအကြိမ်နှင့်တူညီသော်လည်း ဒီအကြိမ်တွင် အရေးအကြီးဆုံး ဦးဆောင်သူ ဧကရာဇ်အဆင့် အဖွဲ့ခေါင်းဆောင် ShenTu Dao ပျောက်ဆုံးနေသည်။ ကောလဟာလများအရ သူသည် သီးသန့်ကျင့်ကြံနေသဖြင့် အခုချိန်တွင် ထွက်လာ၍ မရဟု ဆိုကြသည်။ ထို့ကြောင့် သူ့နေရာတွင် အကြီးအကဲ နှစ်ယောက် ဦးဆောင်လာကာ တစ်ယောက်မှာ တိုက်ဆိုင်စွာပင် You XiaoMo သိသောသူ တစ်ယောက် ဖြစ်နေသည်။
ထိုတစ်ယောက်မှာ ရတနာတစ်သောင်းစင်မြင့် လေလံပွဲတွင် ပါဝင်ဆင်နွှဲသူ XingLuo အဖွဲ့ကိုယ်စားလှယ် ကြယ်ခုနစ်ပွင့်အာကာသအဆင့်ရှိ Ding Shiဖြစ်သည်။ သူ့အင်အားမှာ XingLouအဖွဲ့အတွက် လုံလောက်ခြင်းမရှိသည့်အတွက် အခြားအကြီးအကဲ တစ်ယောက် အဖြစ် ကြယ်ခြောက်ပွင့် စိတ်ဝိဥာဏ်အဆင့်အကြီးအကဲ Xiang PengTianကိုပါ စေလွှတ်လိုက်သည်။
အင်ပါယာအဆင့် ကျင့်ကြံသူ မပါသော်လည်း ကြယ်ခြောက်ပွင့် စိတ်ဝိဥာဏ်အဆင့် သည် လည်း အရှင်သခင်ဖြစ်ရန် လုံလောက်သည်။ ထို့ကြောင့် XingLuo အဖွဲ့ကို ဘယ်သူမှ အထင်မသေးရဲပေ။ အထူးသဖြင့် XiaoYao အဖွဲ့ JiLe တာဝါ နှင့် Xue Shaမျိုးနွယ်စုတို့ဖြစ်သည်။
You XiaoMo ကို အံ့သြစေသည်မှာ ထိုအဖွဲ့သုံးဖွဲ့တို့ ရောက်ရှိနေခြင်းဖြစ်သည်။
သို့သော် ဒုတိယအဆင့် အဖွဲ့များအနေနှင့် သူတို့ ရရှိသော ၀င်ခွင့်အရေအတွက်မှာ သိပ်မများပေ။ သူတို့အပြင် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများလည်း ရှိသည်။
တစ်သီးပုဂ္ဂလ ကျင့်ကြံသူများသည် မည်သည့်အဖွဲ့တွင်မှ ပါဝင်ခြင်း မရှိသူများဖြစ်သည်။ သူတို့ဆန္ဒရှိသလို လွတ်လပ်စွာလုပ်ခွင့်ရှိသော်လည်း သူတို့၏ ကျင့်ကြံခြင်းလမ်းတွင် ကိုယ့်ကိုကိုယ်သာ မှီခိုနိုင်သည်။ ကျင့်ကြံခြင်းနည်းလမ်းများ၊ အဆင့်တိုးမြှင့်မှော်ဆေးလုံးများ မှော်ဆေးပင်များ အစရှိသောအရာများကို ရရှိနိုင်အောင် ကိုယ့်ဘာသာ အားကိုးရသည်။
ထိုကိစ္စများကြောင့် အသတ်ခံရခြင်း လုယက်ခံရခြင်းများ အလွန်ဖြစ်ပွားလွယ်သည်။ ထို့အပြင် အဖွဲ့တစ်ခု၏ ကာကွယ်ခြင်းမရှိပဲ အခြားအဖွဲ့တစ်ခုခုကို မတော်တဆ အာခံမိပါက သေခြင်းနှင့် အဆုံးသတ်သည် သာများသည်။
မည်သို့ပင်ဆိုစေကာမူ တစ်သီးပုဂ္ဂလ ကျင့်ကြံသူ အရေအတွကို လျော့တွက်၍ မရပေ။
Long Xiao တိုက်မကြီးတွင် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများမှာ သောင်းဂဏန်း ထောင်ပေါင်းများစွာရှိသည်။ သူတို့ ထဲမှ လူတိုင်းသည် အချို့သော အဖွဲ့များ နှင့် ပါဝင်ပတ်သတ်သည် မဟုတ်ပေ။ တစ်အချက် ထိုအဖွဲ့များသည် လူတိုင်းကို လက်ခံရန် မကြိုက်ပေ။ ဒုတိယ ၀င်ခွင့်ရရန် ကန့်သက်ချက်မှာ မြင့်မားကာ မွေးရပါ ပါရမီကောင်းမွန်သူများကိုသာ လက်ခံသည်။ သို့သော် တစ်သီးပုဂ္ဂလ ကျင့်ကြံသူတိုင်းသည် မွေးရပါ ပါရမီကောင်းမွန်သူများမဟုတ်ဟု မဆိုလို။ အဓိက အရေးပါသော ဂိုဏ်းများသို့ မ၀င်ချင်သော မွေးရာပါ ပါရမီ ကောင်းမွန်သူ အချို့လည်း ရှိသည်။
တစ်သီးပုဂ္ဂလ ကျင့်ကြံသူများ မကျေမချမ်းနှင့် အဓိကရုဏ်းဖြစ်စေခြင်းမှ ကာကွယ်ရန်အတွက် TianXinဂိုဏ်းနှင့် အခြား အရေးပါသော ဂိုဏ်းနှစ်ခု က သုခဘုံနယ်မြေပွင့်ချိန်ရောက်တိုင်း တစ်သီးပုဂ္ဂလ ကျင့်ကြံသူများကို ဆယ်နေရာ ပေးလေ့ရှိသည်။ ထိုနေရာများအတွက် လာမည့်သူများကိုတော့ သူတို့ဘာသာ ဆုံးဖြတ်စေသည်။
ငေးမောနေသော You XiaoMo ကို Ling Xiao ပုတ်ကာ တောင်ပံငှက် ဆင်းသက်တော့မည်ဖြစ်ကြောင်း အချက်ပြလိုက်သည်။
You XiaoMo ချက်ချင်း Ling Xiao လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ တောင်ပံငှက် ဆင်းသက်ချိန်တွင် အကြီးအကျယ်ဒုက္ခရောက်သော မြင်ကွင်းမျိုး သူမဖြစ်ချင်ပေ။ သူ့ဂိုဏ်းသားများရှေ့မှာတင်မက ကျင့်ကြံသူများအားလုံး ရှေ့တွင် ပါ သူမျက်နှာပျက်ရလိမ့်မည်။
Ling Xiao၏ အချက်ပြမှုကြောင့် တောင်ပံပါငှက်က ၀မ်းမြောက်ဝမ်းသာ နှင့် ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သည်။ တောင်ပံပါငှက်၏ ကျယ်လောင်သော အော်သံကြောင့် အောက်မှသူရှိသူ အားလုံး၏ စိတ်ဝင်ခြင်း ကိုချက်ချင်း ရရှိလိုက်သည်။ လူတိုင်းက ခေါင်းမော့လိုက်ချိန်မှာပဲ တောင်ပံပါငှက်က အောက်ကို တန်းဆင်းလာပြီဖြစ်။ အားကောင်းသော လေများ ဝေ့၀ိုက်ကျလာသောကြောင့် မျက်လုံးများ မှိတ်သွားကြသည်။ သူတို့ မျက်လုံးပြန်ဖွင့်ချိန်တွင် လေးမီတာမှ ငါးမီတာ အမြင့်ရှိသော တောင်ပံပါငှက်တစ်ကာင် က လူနှစ်ယောက်ကိုကျောပေါ်တင်ကာ သူတို့မျက်လုံးရှေ့တွင် ရောက်နေသည်။
တစ်ချက်လောက် သေချာကြည့်သည်နှင့် သူတို့ထဲမှ တစ်ယောက်မှာ Luo ShuHe နှင့် အောင်မြင်မှုအဆင့်တူရှိသော ဥာဏ်ကြီးရှင် Lin Xiao ဖြစ်သည်။
သူက အမိုက်စား အလန်းစား Luo ShuHe နှင့် မတူပေ။ Ling Xiao သည် နှင်းဖြူရောင် ရွှေပိုးဝတ်စုံကို ၀တ်ဆင်ထားကာ လေထဲတွင့် တဖျတ်ဖျတ်လွင့်နေသည်။ သူ့မှင်နက်ရောင် ဆံပင်ရှည်များက ကျော့ရှင်းစွာ ကခုန်နေသည်မို့ အခြားကမ္ဘာက အလားထင်မြင်ရစေသည်။ အရင်ကလိုပဲ သူ့နှုတ်ခမ်းထောင့်စွန်းတွင် ချိတ်ဆွဲထားသော နူးညံ့သော အပြုံးလေးတစ်ခုက သူ့ကို ယဉ်ကျေးသိမ်မွေ့ပြီး ပညာရှိပိုဆန်စေသည်။ သူ့ရဲ့ ယောက်ျားပီသသော မျက်နှာ၏ မျက်နှာကျက လုံခြုံမှုရှိသော စိတ်ခံစားချက်ကို ပေးစွမ်းနေသည်။
သူ့သွင်ပြင်၏ အရှိန်အဟုန်က အင်အားကြီးလွန်းသောကြောင့် လူတိုင်းက မျှော်လင့်ချက်ကြီးစွာနှင့် ကြည့်ရှုနေကြသည်။ Ling Xiao က သူက ငွေရောင်ဘရိုကိတ် ဘွတ်ဖိနပ်စိးကာ သူ့ဘေးက You XiaoMo ကို အသာကောက်မကာ အောက်ကို ခုန်ဆင်းလိုက်သည်။
သူ့လှုပ်ရှားမှုများမှာ လျင်မြန်ပြီး ချောမွေ့လှသည်။ သူတို့ မြေပြင်ကို သေချာ ဆင်းသက်ပြီးချိန်မှာ လူတိုင်း၏ အာရုံက Ling Xiao လက်မောင်းထဲမှာ အသယ်ခံထားရသူဆီ ရောက်သွားကာ ထိုလူများ တစ်ယောက်ချင်းစီက ကြောင်စီသွားကြသည်။
ဘယ်လိုလူကိုများ TianXinဂိုဏ်း၏ အထူးချွန်းဆုံးပါရမီရှင် Lin Xiao က သယ်လာတာလဲ? အလွယ်တကူခွင့်ပြုသော ဂုဏ်သရေမှ မဟုတ်ပဲနဲ့။ Lin Xiao၏ လက်မောင်းများဖြင့် အသယ်ခံချင်သော အမျိုးသမီး အရေအတွက်မှာ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်ကိုပင် အကြိမ်ရည် အနည်းငယ် ပတ်နိုင်သည်ဟု ဆိုရမည်။
သို့သော် သူတို့ သေချာကြည့်လိုက်ချိန်မှာတော့ သူ သယ်ထားသော သူမှာ ကလေးဆန်သော လူငယ်လေး တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်၏ မျက်နှာမှာ ရဲတွတ်နေသည်။ သူတို့မြေပေါ် ရောက်သည်နှင့် သူက Lin Xiao၏ ကိုယ်မှာ စိတ်စောကာ ခုန်ဆင်းလိုက်သည်။ သူက အရမ်းအလျင်လိုနေသောကြောင့် သူအောက်ခုန်ဆင်းချိန်တွင် ခြေချင်းဝတ်တစ်ဖက်က လည်သွားတော့သည်။ ကံကောင်းစွာနဲ့ Lin Xiao က အချိန်မီ သူ့ကို ဆွဲလိုက်လေသည်။
Lin Xiao ထိုလူ့ကို ကြည့်နေသာ မျက်လုံးမှာ သဲသဲလှုပ်အကြည့် နှင့် နူးညံ့စွာ ပြုံးကာ ပြောသည်
“ညီငယ်လေး မင်းအဆင်ပြေရဲ့လား?”
You XiaoMo သူ့ကို စိတ်တိုပြီး ဖျတ်ခနဲ ကြည့်လိုက်သည်။ ဒီလူကတော့ သေချာပေါက် ရည်ရွယ်ချက်ကြီးနဲ့ လုပ်နေသည်။ သို့သော်….. လူတိုင်း၏ အာရုံစိုက်မှုအောက်တွင် သူက ထူးဆန်းတာ ဘာတစ်ခုမှ မလုပ်ရဲသည်မို့ အသံတိုးတိုးလေးနှင့် ပြန်ဖြေရုံ သာ တတ်နိုင်သည်။
“ပြေပါတယ်”
အနားတွင် တိတ်ဆိတ်ကုန်သည်…….
လူတိုင်းက သူတို့ ဆက်ဆံရေးကို မှန်းဆကုန်ကာ TianXin ဂိုဏ်းက မထင်ထားအောင်ကို တိတ်ဆိတ်နေသည်။
အစောက တောင်ပံပါငှက် ပေါ်လာချိန်တွင် TianXinဂိုဏ်းက လူများက သူတို့ထဲက တစ်ယောက်ဆိုတာ သတိပြုမိပြီး ဖြစ်သည်။ ဒီတော့ သူတို့က အပေါ်တွင် ပါလာမည့်သူများသည် Lin Xiao နှင့် Zhou Peng တို့ ဖြစ်လိမ့်မည်ဆိုသည်ကို ချက်ချင်းမှန်းဆပြီး ဖြစ်သည်။
Tang YunQi နှင့် အခြားသူများက နှုတ်ဆက်ရန် ပျော်ရွှင်စွားလာချိန်တွင် Ling Xiao ၏ဘေးနားတွင် ရှိသူမှာ Zhou Peng ဖြစ်ရမည့်အစား သူတို့ မနှစ်သက်ဆုံးသူ You XiaoMo ဖြစ်နေသည်။ Tang YunQi နှင့် အခြားသူများသည် ဘာစကားမှ မပြောနိုင်အောင် ကျက်သေသေသွားကြသည်။
Tang Fan ကလည်း သတိပြုမိလိုကသည်။ သူ၏ အမူအယာက ဖတ်မရအောင် မည်းနက်သွားသည်။ ဒါသည် ပထမဆုံးအကြိမ် အခြားသူများ၏ အရှေ့တွင် သဘောမကျသည့် အမူအယာကို ဖော်ပြခြင်းဖြစ်သည်။ သို့သော် ဘယ်သူကကော သူတို့ရဲ့ တပည့် လှည့်စားတာ ကို သိလိုက်ရရင် သဘောမကျပဲ မဖြစ်နေမလဲ။ သူလို လိမ္မာပါးနပ်သူတစ်ယောက်က ဒီ တပည့်ကြီးက သူတို့ကို အရင် သွားစေချင်သည့် အကြောင်းကို မမှန်းဆပဲ မနေပေ။ ဒီဟာက အကြောင်းပြချက်ဖြစ်လိမ့်မည်။
မှန်တာပြောရလျှင် Tang Fan က သူ့ တပည့်ကြီး၏ လုပ်ဆောင်ချက်များကို စိတ်ပျက်တာ ပိုပို များလာသည်။
ပထမတော့ ဆန်းသစ်တဲ့အရာတစ်ခုခု၏ ဆွဲဆောင်မှု ခံရသည်မို့ သူ You XiaoMo အနားကပ်နေသည်ဟု ထင်လိုက်သည်။ သို့သော် You XiaoMo ကိုယ်စား သူလုပ်သော လုပ်ဆောင်ချက်များက ပိုပ်ိုပြီးတော့ ထိပ်ရောက်လာကာ Tang Fan က တစ်ခုခုတော့ မမှန်တော့မှန်း သိလိုက်သည်။
ဆန်းသစ်တဲ့အရာတစ်ခုအတွက်မျှသာဆိုလျှင် သူ့ဆန္ဒကို ဘာလို့ ထပ်ထပ်ပြီး ဆန့်ကျင်ကာ အခြားအကြီးအကဲများကို တောင် သူ့အတွက် ရန်သူအဖြစ်ခံနေရသလဲ? ထပ်ပြီးတော့ သူ့စရိုက်မှာ အပြောင်းလဲကြီး ပြောင်းလဲ လာကတည်းက သူ့ လုပ်ဆောင်ချက်များနှင့် စီမံခန့်ခွဲမှုများက ပိုပိုပြီး မျက်နှာပြောင်တိုက်လာသည်။ သူ့တပည့်ရင်းကြီးက ဆိုတာ သူ မငြင်းဆိုနိုင်တာ လုံးဝသေချာနေလို့ မဟုတ်လျှင် သူ့က မကောင်းဆိုးရွားဝါးများဘက်က စေလွှတ်သော လျှို့ဝှက် သူလျှိုလို့ သူသံသယ၀င်မှာ ဖြစ်သည်။
သို့သော် သူ့အပြုအမူများက ပိုပိုပြီး ရက်စက်လာသည်။ ဒီလို အားနည်းတဲ့ မှော်ဆရာလေး တစ်ယောက်အတွက် သူ့ဆရာရင်းကို အာခံရဲသည်။ ဒါက သူ့အောက်ခြေပိုင်းကနေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တာဖြစ်နေပြီ။
Tang Fan ၏ မျက်လုံးထဲတွင် မိုးကြိုးမုန်တိးင်များ တိုက်ခတ်နေသည်။ သို့သော် ထိုအရာသည် တစ်ခဏသာဖြစ်သည်။ အခုအချိန်က ဒီကိစ္စကို ဖြေချင်းရမည့် အချိန် သေချာပေါက် မဟုတ်သေး။ အခုသာ သူပြောလိုက်လျှင် TianXinဂိုဏ်းက ဟာသကြီးဖြစ်သွားမှာ သေချာသည်။ ပြီးတော့ Lin Xiao က တကယ့်ကို ရှားပါးသော ဥာဏ်ကြီးရှင်ဖြစ်သည်။ အကယ်လို့ သူ့ကိုသာ ဆုံးရှုံးလိုက်ရလျှင် TianXin ဂိုဏ်းအတွက် ထိုးနှက်ချက် အသေးလေးမဟုတ်ပေ။
Tang YunQi က သူ့အဖေဆီ လျှောက်သွားကာ သူ့အဖေလက်မောင်းကို ဖက်ပြီး မကျေမနပ်လေသံနှင့်
“ အဖေ။ အစ်ကိုXiao က ဟိုအပျက်ကောင်ကို ခေါ်လာပြန်ပြီ။ ဒီတစ်ခါတော့ အဖေ သေချာပေါက် အစ်ကိုXiao ကို အပြစ်တင်မှ ဖြစ်မယ်”
Tang Fan က တည်ကြည်သော လေသံနှင့်
“Qiလေး မင်းက ငါ Tang Fanရဲ့ သမီးလေ။ အပျက်ကောင်ဆိုတာကို အလွယ်အကူ မပြောသင့်ဘူး။ အခြားသူတွေကြားရင် သူတို့က ဒီအဖေTang Fan က သူ့သမီးကို ကောင်းကောင်းမွန်မွန် မဆုံးမ တတ်သူ မသွန်သင် နိုင်သူလို့ ထင်လိမ့်ဦးမယ်”
Tang YunQi က သူ့ရဲ့ စိတ်ပျက်နေသော လေသံကို ကြောက်ရွံ့သွားသည်။ သူ့ခေါင်းလေးငုံကာ
“သမီး နားလည်ပါပြီ”
သူ ထိုစကားများပြောတုန်းမှာ You XiaoMo ကို ကြည့်တဲ့ မုန်းတီးနေသောအကြည့်ထဲမှာ ခါးသီးသော ခံစားချက်က ဖြတ်ခနဲ ပေါ်သွားသည်။
အခြားတစ်ဖက်မှာ Ling Xiao က You XiaoMo ကို ခေါ်လာသည်။
Ling Xiao ၏ မျက်နှာက ပြုံးနေသေးသည်။ Tang Fan ၏ အိုမင်းနေသော မျက်နှာမှာ မပျော်ရွှင်သော အရိပ်အယောင်ပြနေတာ ကိုသူမြင်သော်လည်း သူက သူ့သမာဓိသူထိန်းကာ လျှောက်လှမ်းလာသည်
“ ဆရာ ကျွန်တော် ရောက်ပြီ”
အသံကြားတာနဲ့ Tang Fan ၏မျက်နှာက တစ်ခြမ်းပိုမည်းသွားကာ
“ မင်း ငါ့ကို အကြောင်းပြချက် ပေးဖို့ စိတ်မကူးထားဘူးလား?”
သူဘာကို ပြောသလဲဆိုတာ သူသိသွားသလို Ling Xiao တန့်သွားသည်။ သူ့ ဟန်ဆောင်မှု တစ်ခုနဲ့ နဖူးသူပြန်ရိုက်ကာ ရယ်မောပြီး ဆိုသည်။
“ ဆရာ့ကို တောင်းပန်ပါတယ်။ လူတိုင်းကို မြင်လိုက်ရတော့ စိတ်လှုပ်ရှားပြီး ကျွန်တော် မေ့တော့မလိုဖြစ်သွားတယ်”
ပြောပြီးတာနဲ့ You XiaoMo ကို အရှေ့ကို ဆွဲလိုက်သည်။
You XiaoMo က Tang Fanကို ကို့ယိုကားယားဖျတ်ခနဲ ကြည့်လိုက်သည်။ သူ့အမူအရာကြောင့် ရင်ထဲနေကို တုန်သွားသည်။ သူက Ling Xiao၏ ကိုယ်နောက်ထဲမှာပဲ အလျင်အမြန် ပုန်းကွယ်နေချင်သည်။ ရိုသေလေးစွာနဲ့သူ ဆိုလိုက်သည်။
“ ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်ပါတယ်”
“ဆရာ ဒါဂျူနီယာညီလေးYou ပါ ဆရာနဲ့ WuShuang တောင်မှာ တွေ့ဖူးတယ်။ ပထမက ကျွန်တော်နဲ့ ဂျူနီယာညီလေး Zhou ကို အတူ ထွက်လာဖို့ ပြင်တားတာ မမျှော်လင့်ပဲ ကျွန်တော်တို့ ထွက်ခါနီးကျတော့ ဂျူနီယာညီလေးZhou က သူထွက်လာလို့ မရတဲ့ အကြပ်တည်းအချို့ တွေ့လိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တပည့်က ဂျူနီယာညီလေးYou နဲ့တွေ့မိတယ် ဂျူနီယာညီလေးZhou ကလည်း နောက်ကျနေမှာစိုးလို့ သူကနေရာကို ဂျူနီယာညီလေးYou ကိုပေးဖို့ သဘောတူတယ်။ ဒီတော့ တပည့်ကလည်း နံပါတ်မပြည့်မှာ စိုးပြီး သူ့ကို ခေါ်လာတာ”
Ling Xiao ၏ ပါးစပ်က ပြောနေတုန်းမှာလဲ အပြုံးပါးပါးလေး ရှိနေတုန်းပင်။ သူ့လေသံက ပုံမှန်အတိုင်း တည်ငြိမ်မှု့ကို ထိန်းထားကာ အရေးမကြီးသော အရာတစ်ခုကိုပြောနေဟန် ဖြစ်နေသည်။
သူ့ရဲ့ရောင့်ရဲသော အမူအယာက Tang Fan၏ မျက်နှာကို တင်းမာစေကာ TianXin ဂိုဏ်း၏ ဂိုဏ်ချုပ်အနေနဲ့ သူ့အမူအယာကို ထိန်းသ်ိမ်းရန် သင်ယူခဲ့သည်မှာ ကြာရှည်လှပြီဖြစ်သည်မို့ ပြီးပြည့်စုံသော ပုံစံသာ ရှိသည်။ အနားမှာ မတ်တပ်ရပ်နေသော သူများတောင် သူဘာကို တွေးနေသလဲဆိုတာ မပြောနိုင်ပေ။
နောက်တစ်ခဏတွင် Tang Fan ၏ တည်ကြည်သော မျက်နှာတါင် အပြုံးမည်ကာမျှလေး ပေါ်လာသည်။
“ မင်းရဲ့ ညီငယ်လေးZhou ကလည်း သဘောတူတယ်ဆိုတော့ ဆရာက ဘာမှ ထပ်မပြောတော့ဘူး။ ဒါပေမယ့် မင်းကခေါ်လာတဲ့သူဆိုတော့ သူကို မင်းပဲ ဂရုစိုက်ပေးလိုက်။ သူ့ဆရာလဲ ဟိုမှာရှိနေတာပဲ ဟိုဘက်ခေါ်သွားလိုက်လေ”
“ဟုတ်ကဲ့ ဆရာ”
Ling Xiao ပြုံးကာ လက်နှစ်ဖက်ဖြင့် အရိုအသေပေးလိုက်သည်။
ထိုလူကို Kong Wen ဘက်ကို ခေါ်သွားတဲ့ Ling Xiao နောက်ကျောကို ကြည့်ပြီး Tang Fan မျက်လုံးများအနည်းငယ် မှေးသွားသည်။ ထို မျက်လုံးနက်နက်ထဲမှာ မည်သည့်ခံစားချက်ရှိသည်ကို မသဲကွဲသေးခင် ပျောက်ကွယ်သွားသည်။
သူ့အဖေ က တကယ်ကြိး You XiaoMo ကို အလွယ်တကူ လွှတ်ပေးလိုက်တာကိုကြည့်ပြီး Tang YunQi ရင်ထဲ ပိုပိုပြီး ခါးသီးလာသည်။ သူကလက်ဖ၀ါးထဲတွင် လက်သည်းများ စိုက်ဝင်နေသည်ကို ပင် သတိမပြုမိအောင်ကို တင်းကြပ်စွာ လက်သီးဆုပ်ထားသည်။