C-143 Twelve magic beasts.
Zawgyi
အခန္း ၁၄၃ ေမွာ္၀င္သားရဲ ဆယ့္ႏွစ္ေကာင္
Qingျမိဳ႕ၾကီး၏ မို္င္တစ္ေသာင္းအကြာမွာေတာ့ SiFangျမိဳ႕ေလးရွိသည္
SiFangျမိဳ႕ေလးက ေလးေထာင့္ပစၥည္းမ်ားႏွင့္ ရုပ္တုမ်ားတြင္ နာမည္ၾကီးသည္။ အလြန္ထူးဆန္းေသာျမိဳ႕ေလးျဖစ္သည္။ သုိ႕ေသာ္ ဒီကအကဲျဖတ္ေက်ာက္တံုး မ်ားမွာ အရမ္းနာမည္ၾကီးသည္ အဘယ္ေၾကာင့္ဆုိေသာ္ LongXiaoတိုက္မၾကီးမွ အေကာင္းဆံုးေက်ာက္ပန္းပုလက္ရာမ်ားမွာ ဒီကလာေသာေၾကာင့္ျဖစ္သည္။ နာမည္ၾကီးေက်ာက္ပန္းပုအမ်ားစုက SiFangျမိဳ႕ေလးမွ ထြက္ရွိျခင္းျဖစ္သည္။
Ling Xiaoႏွင့္ You XiaoMo ၏ ဒီခရီးစဥ္အတြက္ ဒုတိယပန္းတိုင္းမွာ SiFangျမိဳ႕ေလးျဖစ္သည္။
သူတုိ႕ေနာက္ကေန အျမီးဆြဲျပီးလုိက္ေနသူမ်ားကို ခါခ်ရန္အတြက္ Ling Xiaoက You XiaoMo ကိုဖက္ကာ Qingျမိဳ႕အျပင္ေရာက္တာနဲ႕ သူ႕နယ္ေျမထဲကို ႏွစ္ေယာက္သား၀င္သြားၾကတာျဖစ္သည္။
သူ႕နယ္ေျမက You XiaoMo၏နယ္ေျမနဲ႕ မတူေပ။ You XiaoMo၏ နယ္ေျမက မေရြ႕လ်ားႏို္င္ေပ။ ဒါေပ့ါ ဒါက သူက တစ္ခုလံုးကို မထိန္းခ်ဳပ္ႏို္င္ေသးသည့္အခ်က္ႏွင့္ ပတ္သတ္ေနသည္။ ျပီးေတာ့ Ling Xiao၏ နယ္ေျမက အက္ကြဲေၾကာင္းၾကားကြက္လပ္မွ ျဖစ္ေပၚလာျခင္းျဖစ္သည္။ အက္ကြဲေၾကာင္းၾကားကြက္လပ္မွေပၚထြန္းလားေသာ နယ္ေျမမ်ားမွာ ရည္ရြယ္ျပီးေရႊ႕လို႕ရသည္။ သုိ႕ေသာ္ အကြာအေ၀းကေတာ့ လူပုဂိၢဳလ္၏အဆင့္ေပၚမွာ မူတည္ျပီး ေရြ႕ႏိုင္ေတာျဖစ္သည္။
ဒီေတာ့ ပံုမွန္ဆိုလွ်င္ Qingျမိဳ႕ၾကီးမွ SiFangျမိဳ႕ေလးကို ေရာက္ဖို႕ဆုိလွ်င္ ျမင္းလွည္းႏွင့္ ဆုိပါက ေန႕တစ္၀က္အခ်ိန္ယူရမွာ ျဖစ္သည္။ ေတာင္ပံငွက္ဆိုရင္ေတာင္ တစ္နာရီေတာ့ အခ်ိန္ေပးရလိမ့္မည္။ သုိ႕ေသာ္ Ling Xiao၏နယ္ေျမကို ျဖတ္သြားေသာအခါ စကၠန္႕အနည္းငယ္ေတာင္ မၾကာေပ။ သူတို႕ နယ္ေျမထဲက ထြက္လာခ်ိန္ေရာက္ေတာ့ SiFangျမိဳ႕ေလး၏ အျပင္ဘက္ေတာင္ ေရာက္ေနျပီျဖစ္သည္။
SiFang ျမိဳ႕ေလးက သူ႕နာမည္ႏွင့္ တကယ္လိုက္သည္။ လူတစ္ေယာက္က အျပင္က ၾကည့္တာႏွင့္တင္ ျမိဳ႕က ေလးေထာင့္ပံုလုပ္ထားတာ ေတြ႕ႏိုင္သည္။
You XiaoMo က ေခါင္းေမာ့ျပီးေတာ့ ျမိဳ႕ေသးေသးေလးရဲ႕ ပင္မ၀င္ေပါက္ကို ၾကည့္ေနသည္။ အရွည္ အက်ယ္ အျမင့္ က အေျခခံအားျဖင့္ အတူတူျဖစ္သည္။ အေပၚက စာလံုးထြင္းထားေသာအျပားေတာင္မွ ေလးေထာင့္ျဖစ္သည္။ အရမ္းထူးျခားျပီး မ်က္စိကို ဖမ္းစားႏိုင္သည္။
သို႕ေသာ္ You XiaoMo က သိပ္ေတာ့စိတ္မပါေပ ဘာ့ေၾကာင့္ဆိုေတာ့ Ling Xiao က ဒီလာဖို႕အင္အားသံုးခဲ့တာေၾကာင့္ ျဖစ္သည္။ Ling Xiao က အကဲျဖတ္ေက်ာက္တံုး၀ယ္ဖို႕ဆိုတဲ႕ရည္ရြယ္ခ်က္ကို မေမ့ေပ။
Qingျမိဳ႕မွာ သူတုိ႕ရွိေနတုန္းက You XiaoMo က Ling Xiao အကဲျဖတ္ေက်ာက္တံုး၀ယ္ဖို႕ကိစၥကို ထပ္မေျပာေတာ့တာေၾကာင့္ သူက ေမ့သြားေလာက္ျပီဟု ထင္လုိက္ကာ ဘာမွ မေျပာပဲ ေနတာျဖစ္သည္။ ျပီးေတာ့မွာ Ling Xiao က အဲဒိအေၾကာင္းကို မေမ႕ယံုသာမကပဲ မသြားခင္ထဲက အစီစဥ္ဆြဲထားျပီးသားမွန္းသိရတာျဖစ္သည္။
အျခားတစ္ဖက္မွာလဲ Ling Xiao က အျခားတစ္ေယာက္က ၀က္သားေပါင္ခ်ိန္မ်ားစြာ ခ်ိတ္ထားႏိုင္ေအာင္ အေထာ္ၾကီးေထာ္ထားတဲ႕သူ႔ပါးစပ္ကို ျမင္လိုက္ရသည္။ ဒီေတာ့ သူက သူ႕ကို ခါးကေန ဖက္ကာ SiFangျမိဳ႕ေလးထဲကို လမ္းေလွ်ာက္၀င္ရင္း ပီတိျပံဳးေလး ျပံဳးကာ 'ညီေလး ကိုယ္က မင္းအခုအရမ္းဆႏၵေစာေနတာ သိတာေပ့ါ ဒါေပမယ့္ ဒါက ကိစၥမရွိပါဘူး သိပ္မၾကာခင္ မင္းရဲ႕၀ိညာဥ္အေရာင္ဘာလဲဆုိတာ သိရေတာ့မွာ´
You XiaoMo က ေသြးအန္ေတာ့ မတတ္ျဖစ္သြားသည္။ ဒီေတာ့ သူyxm က သူ႕ရဲ႕ေမြးရပါပါရမီိကုိ အကဲျဖတ္ဖို႕ဆႏၵေစာေနလို႕ မေပ်ာ္ဘူးျဖစ္ေနတယ္လုိ႕ သူLX က ထင္ေနတုန္းေပါ့? ဒီလူက ရည္ရြယ္ခ်က္ၾကီးနဲ႕လုပ္ေနတာ ေသခ်ာသည္။
'အစ္ကိုၾကီး ဘာလို႕ကၽြန္ေတာ္တို႕ SiFangျမိဳ႕ေလးကို ဘာဖို႕လုိတာလဲ? ဘာလိုျမိဳ႕ထဲမွာပဲ ၀ယ္လိုက္လို႕ မရတာလဲ?´
You XiaoMo က ေခါင္းစဥ္ေျပာင္းလိုက္သည္။ သူတုိ႕အခုေျပာေနတဲ႕အေၾကာင္းအရာကို သူဆက္ျပီး မေျပာႏို္င္ေတာ့ ႏို႕မို႕ဆိုလွ်င္ သူစိတ္တိုျပီး ေသမွာ ေသခ်ာသည္။
'အာ့ အဆင္မေျပလို႕´ Ling Xiao က ေက်နပ္ေနေသာ အျပံဳးႏွင့္ ဆုိသည္။
'ဘာလို႕ အဆင္မေျပတာလဲ?´ You XiaoMo ကေမးလိုက္သည္။ သူက သူတို႕ Qingျမိဳ႕ၾကီးကထြက္ခြာလာတဲ့အခ်ိန္တုန္း က လူအမ်ားအျပား ေနာက္ေယာင္ခံအလုိက္ ေနတာကို သူလံုး၀စိတ္ကူးထဲမွာေတာင္ မရွိေပ။
ဒီကိစၥက ဖံုးကြယ္စရာ မလုိေသာအရာျဖစ္သည္။ Ling Xiao ကသူကို အဲဒိအေၾကာင္းေျပာျပတုန္းမွာ အခ်ိဳ႕အေထြအေထြ ဗဟုသုတေလးေတြကိုပါ အခြင့္ေရးယူျပီး ေျပာျပလုိက္သည္။ လူမ်ား၏ သစၥာေဖာက္ျခင္း ဂိုဏ္းအဖြဲ႕မ်ားၾကားထဲမွ အျငင္းပြားမႈ စတာေတြေပ့ါ။ သူက ရိုးသားမႈမရွိတဲ့ကိစၥကေန ေရွာင္ေျပးမသြားေအာင္လို႕ You XiaoMo ရွင္းလင္းေစရန္အတြက္ Long Xiao တုိက္မၾကီး၏ ေတာင္ပိုင္းေဒသ တစ္ခုလံုး၏အေျခအေန အေပၚ သူ႕ရဲ႕ဆန္းစစ္မႈ ကို ရွင္းျပလုိက္သည္။
Ling Xiao က You XiaoMo ဆိုးသြားမွာကို စိတ္မပူဘူး။ သူ႕အျမင္ေတာ့ သူသာ ဆုိးသြားရင္ ပိုေကာင္းလိမ့္မည္။ သူက လံုလံုေလာက္ေလာက္ျဖစ္ေအာင္ ဆိုးမသြားပဲနဲ႕ အဲဒိအစား လွည့္စားလိမ္လည္တတ္သြားမွာ ကို စိတ္ပူေနေသးတာျဖစ္သည္။ ဒီေတာ့ အဲဒိကိစၥနဲ႕ပတ္သတ္ျပီးေတာ့ သူက ရွင္းလင္းသြားေအာင္ေတာ့ လုပ္ရဦးမည္။
သူစကားေျပာျပီးတဲ႕အခ်ိန္လဲေရာက္ေရာ You XiaoMo က ေျပာစရာ စကားလံုးမ်ားမဲ့ကာ ေခၽြးေစးေတြ သုတ္ေနတာပဲ လက္အျပည့္ျဖစ္ေတာ့မည္။ ဒီကမၻာ၏ ပံုစံနည္းလမ္းေတြက တကယ့္ကို အရမ္းရႈပ္ေထြးလွသည္။ ၾကည့္ရတာ သူ႕စြမ္းအင္ေတြ တိုးတက္ေအာင္ ၾကိဳးစားရမည့္ အျပင္ PiQiuေလး၏ အားအင္ေတြ တိုးေအာင္လဲ လုပ္ရလိမ့္မည္။
သို႕ေသာ္Ling Xiao၏စကားကို နားေထာင္ျပီးေတာ့ လည္း သူက Ling Xiaoမွာ သံသယျဖစ္ခြင့္ရွိတယ္ဆိုတာကို မျငင္းဆိုႏုိ္င္ေတာ့။
သူတုိ႕ေတြက အရာတိုင္းကို ပိုျပီး နည္းနည္းသတိပိုထားသင့္သည္။ အကယ္လို႕ တစ္ေယာက္ေယာက္ကသာ သူ႕၀ိညာဥ္က အရင္ကႏွင့္ မတူတာ ကို ရွာေဖြသိရွိသြားမည္ဆုိရင္ သူတုိ႕ကို ဒုကၡေတြတစ္သီၾကီး ေသခ်ာေပါက္ သယ္လာမွာ ျဖစ္သည္
SiFang ျမိဳ႕ေလးထဲကို လမ္းေလွ်ာက္လာေတာ့ လမ္းေဘးႏွစ္ဖက္က အေဆာက္အဦးမ်ားသည္လည္း ေလးေထာင့္ပဲျဖစ္သည္။ သို႕ေသာါ သူတို႕က အရမ္းကို ရိုးရွင္းကာ သဘာ၀အတိုင္းအၾကမ္းထည္မ်ားသာျဖစ္သည္။ ဒါက ဒီလူေတြ၏အ၀တ္အစား ဒါမွမဟုတ္ သူ႕တုိ႕အိမ္ပဲျဖစ္ျဖစ္ သူတို႕က ေစ်းၾကီးေသာQingျမိဳ႕ၾကီးႏွင့္ေတာ့ ယွဥ္လို႕မရေပ။ ဘာပဲျဖစ္ျဖစ္ ဒါက You XiaoMoကို သက္ေတာင့္သက္သာခံစားခ်က္မ်ိဳးေပးစြမ္းႏိုင္သည္။
SiFangျမိဳ႕ေလးက မၾကီးေပ။ သူက တစ္လမ္းတည္းသာ ရွိသည္။ လမ္းရဲ႕ အစကေန လမ္းေလွ်ာက္သြားရင္ လမ္းဲဆံုးေရာ SiFangတစ္ျမိဳ႕လံုးေရာက္ျပီးေရာျဖစ္သည္။
SiFangျမိဳ႕ေလးက ေက်ာက္ပန္းပုမ်ားႏွင့္ နာမည္ၾကီးေသာေၾကာင့္ လမ္း၏ေဘးႏွစ္ဖက္လံုးမွာ ေက်ာက္ပန္းပုမ်ားေရာင္းေသာ ဆိုင္တန္းမ်ားရွိသည္။ အဲဒိမွာ ေက်ာက္ပန္းပု၊ သစ္သားပန္းပုနဲ႕ ေက်ာက္စိမ္းပန္းပုေတာင္ရွိသည္။
You XiaoMo ကေတာ့ ဆိုင္ေသးေသးထဲက တစ္ဆုိင္ကို သာ အလြယ္တကူ ေရြးခ်ယ္လိုက္သည္။ သူ၀င္သြားလုိ္က္တာနဲ႕ ေကာင္တာေနာက္ကေ ေခါင္းမည္းမည္းေလးတစ္လံုးက ရုတ္တရက္ ထြက္ေပၚလာသည္။ အဲဒါက ခုနစ္ႏွစ္ ရွစ္ႏွစ္အရြယ္ ေကာင္ေလးျဖစ္သည္။ ေစ်း၀ယ္သူတစ္ေယာက္ရွိေနတာျမင္တာနဲ႕ ေကာင္ေလးရဲ႕ မ်က္လံုးေတြက ခ်က္ခ်င္းအေရာင္တက္လာသည္။ သူ႕ရဲ႕ ခ်စ္စရာ မ်က္ႏွာေလးက ေပ်ာ္ရႊင္မႈႏွင့္ ျပည့္သြားကာ ေကာင္တာ အေနာက္က အျမန္ေျပးထြက္လာကာ သူ႕လက္၀ါးေတြကိုလဲ သူ႕အက်ီ ၤႏွင့္ ပြတ္လုိ္က္ေသးသည္။
'အစ္ကို ဘယ္လိုရုပ္တုမ်ိဳး ၀ယ္ခ်င္တာလဲ ကၽြန္ေတာ့ဆုိင္မွာ အကုန္ရွိတယ္။ အို႕ ဒါေတြ ၾကည့္ပါလား။ ဒါေတြအကုန္လံုးက ကၽြန္ေတာ့အေမထြင္းထားတာေတြပါ။ ကၽြန္ေတာ့္အေမရဲ႕ လုပ္ငန္းကၽြမ္းက်င္မႈအဆင့္က အရမ္းအံ့ၾသဖို႕ေကာင္းတာ။ တစ္ခုေလာက္ ၀ယ္ခ်င္လားဟင္? တစ္ခုက ေတ့ာ ေစ်းမၾကီးပါဘူး အိုး..ေရႊျပားတစ္ျပားဆိုရင္ ရပါျပီ´
ေကာင္ေလးရဲ႕ စကားေတြကုိ ၾကည့္ရတာ ကုန္ပစၥည္းအတြက္ အေတာမသတ္ႏို္င္ ၾကိဳတင္ျပင္ဆင္ထားပံုရသည္။ စကားအရွည္ၾကီးကို တကယ္ပဲ အသက္တစ္ခ်က္ေတာင္ မရွဴပဲ ေျပာသြားတာျဖစ္သည္။ သူ႕မ်က္ႏွာကလည္း သူတကယ္ေပ်ာ္ရႊင္ေနသလုိမ်ိဳး အနီေရာင္ ေတာက္ေနေသးသည္။ သို႕ေသာ္ သူ႕ေလသံကေတာ့ အနည္းငယ္သတိထားေနဟန္ေတာ့ သိသာေနေသးသည္။
You XiaoMo က ရိုးရွင္ျပီး မျပင္မဆင္နဲ႕ ဆိုင္ရယ္ ေကာင္ေလးကိုယ္ေပၚက အ၀တ္ေတြရယ္ကို တစ္ခ်က္ၾကည့္လုိက္သည္။ အ၀တ္ေတြက ေလ်ာ္လြန္းအားၾကီးလုိ႕ အျဖဴေရာင္ေျပာင္းေနကာ အခ်ိဳ႕ေနရာေတြမွာ ထပ္ထပ္ခါခါ ဖာေထးထားရသည့္အရာေတြေတာင္ ရွိသည္။ ခ်က္ခ်င္းသူနားလည္သြားသည္။ သူတို႕ဆုိင္က ပံုမွန္ စီးပြားေရး သိပ္မရွိတာ ျဖစ္လိမ့္မည္။ ဒီေကာင္ေလးက သူတို႕၀င္လာတာေတြ႕တာနဲ႕အရမ္းေပ်ာ္သြားတာကို အံၾသစရာမရွိပါဘူး။
သို႕ေသာ္ဗီဒိုထဲမွာ ျပထားေသာ ပန္းပုရုပ္မ်ားကို ကို ၾကည့္လိုက္ေတာ့ ဒီေကာင္ေလးက မလိမ္ဘူး။ ပန္းပုတုိင္းက ဘာနဲ႕ပဲ လုပ္ထားလုပ္ထား အရမ္းေကာင္းမြန္လွသည္။ ရုပ္တုမ်ားက အလြန္အာရံုစိုက္ကာ လူအားဥာဏ္အားမ်ားစြာ စိုက္ထုတ္ထားသည္ဟု ေျပာႏို္င္သည္။
You XiaoMo၏စိတ္ေတြ ရုတ္တရက္ အနည္းငယ္လႈပ္ခတ္သြားသည္။ သူ႕အခန္းဒါမွမဟုတ္ သူ႕နယ္ေျမထဲမွာ ထားဖို႕ နည္းနည္းေတာ့ သူ၀ယ္ႏိုင္မွာပ္။ သူက PiQiu ေလးကို အရုပ္အျဖစ္ ေပးကာ အျခားေသာ သူေဆာ့လုိ႕မရတဲ႕အရာေတြကို ေဆာ့ကစားျခင္းက ကာကြယ္ဖို႕လဲသံုးလို႕ရသည္။
ဒီလိုေတြးမိေတာ့ You XiaoMo က ေပါ့ေပ့ါပါးပါး လမ္းေလွ်ာက္ကာ တစ္ခုခုေရြးျပင္သည္။
ပထမဗီဒိုထဲမွာက ေက်ာက္စိမ္းလက္ရာမ်ား ျပထားသည္။ ေက်ာက္စိမ္းအဆင့္အတန္းမ်ားစြာ ရွိသည္။ အျဖဴေရာင္သဲေက်ာက္စိမ္း ခရမ္းေရာင္ေရခဲေက်ာက္စိ္မ္း အျပာေရာင္ေက်ာက္စိ္မ္း စသျဖင့္ ေပါ႔။ အေရာင္ေတြအမ်ားၾကိး စုထားတာက အလြန္႕အလြန္ လွပလွသည္။ တစ္ေယာက္က အထဲမွာ ေဖ်ာ့ေဖ်ာ့ေလးစီးဆင္းေနတဲကစိတ္စြမ္းအင္ မ်ားကို ထိၾကည့္ယံုႏွင့္တင္ ခံစားလို႕ရသည္။
ဒီေလာက္လွတဲ စိတ္၀ိညာဥ္စြမ္းအင္ေတြနဲ႕ ႕ေက်ာက္စိမ္းလက္ရာတစ္ခုကို မွ ေရႊတစ္ျပားစီတဲ့လား?
You XiaoMo က ဒီေစ်းက ေသခ်ာေပါက္ကို အရမ္းနည္းေနတာကို သိသည္။ ဒီလုိ လက္ရာေကာင္းတဲ႕ ေက်ာက္စိမ္းလက္ရာကို။ ကုန္ၾကမ္းရဲ႕ ကုန္က်စရိတ္ကို ႏႈတ္လုိက္ရင္ အျမတ္ဆိုတာ မ၇ွိသေလာက္ကို နည္းပါးလိမ့္မည္။
ဒီလိုေတြးလုိက္ျပီးေတာ့ You XiaoMoရဲ႕အၾကည့္က အေပၚဆံုးတန္းမွာ ထားတဲ့ ေက်ာက္စိမ္းပန္းပုဆီကို ရုတ္တရက္ က်ေရာက္သြားသည္။ အားလံုးေပါင္း ေက်ာက္စိမ္းရုပ္တု ဆယ့္နွစ္ခု။ သူတစ္ခုခ်င္းစီကို ၾကည့္ရင္နဲ႕ ပိုပိုုျပီး စိတ္လႈပ္ရွားလာသည္။ သူအရာ၀တၳဳေတြ ျမင္တတ္တယ္လို႕လဲ ခံစားရသည္။ ဒါေလးေတြက ေသေသခ်ာခ်ာကို ရာသီခြင္အေကာင္ေလး ဆယ့္ႏွစ္ခုျဖစ္သည္။ ျပီးေတာ့ တစ္ေကာင္စီကလည္း အေရာင္ကြဲကာ ပိုၾကည့္ေကာင္းေစသည္။
Ling Xiao ကလဲ သူစိတ္လႈပ္ရွားေနတာကို သတိထားမိျပီးေတာ့သူ႕အၾကည့္ေတြကို လိုက္ေတာ့လည္း အေကာင္ဆယ့္ႏွစ္ေကာင္ေပၚမွာ ရပ္တန္႕သြာသည္။ ေရခဲအေအးေက်ာက္စိမ္း ကေန ထြင္းထုတာမို႕ သက္ရွိႏွင့္တူလွကာ အသက္၀င့္ဆဲဆဲဟန္ေပၚေနသည္။
ေကာင္ငယ္ေလးက You XiaoMo ကို လွ်ိဳ႕လွ်ိဳ႕၀ွက္၀ွက္ ေစာင့္ၾကည့္ေနသည္။ သူက သူ႕အေမက ဗီဒုိအေပၚဆံုးမွာ တင္ထားတဲ႕ ေမွာ္၀င္သားရဲ ဆယ့္ႏွစ္ရုပ္ကို မ်က္စိက်ေနတာကို ျမင္လိုက္ရေတာ့ သူ႕လက္ေခ်ာင္းေလးေတြက စျပီးတင္းၾကပ္စြာလိမ္ပတ္ေနေတာ့သည္။ ျပန္စဥ္းစားျပီးတဲ႕ေနာက္ အံ့ကို ၾကိတ္ကာ ေခါင္းေမာ့လုိ္က္သည္။ သူ႕မ်က္လံုးေတြက သူ ဆံုးျဖတ္ခ်က္တစ္မ်ိဳးမ်ိဳးခ်ထားျပီးေၾကာင္းေဖာ္ျပေနသည္။ သူက မ၀ံ့မရဲႏွင့္ You XiaoMo ကိုၾကည့္လုိက္သည္။
'အစ္ကို ဒီရုပ္တုေတြၾကိဳက္တယ္ဆိုတာ ကၽြန္ေတာ္ ေစ်းသက္သက္သာသာနဲ႕ေရာင္းေပးပါ့မယ္။ တစ္ရုပ္ခ်င္းစီက သိပ္ေစ်းမမ်ားပါဘူး။ ကၽြန္ေတာ္က အစ္ကို႕အတြက္ဆိုရင္ တစ္ရုပ္မွ ေရႊျပားသံုးျပားနဲ႕ေရာင္းေပးပါ့မယ္။ တကယ္လံုး၀ေစ်းမၾကီးဘူး ဘယ္လိုလဲဟင္?´
ေကာင္ငယ္ေလးက ဒီေစ်းႏႈန္းက သူတို႕ကို ထိတ္လန္႕သြားေစမွာကို စိုးရိမ္ေနဟန္ေပၚကာ ဒါကေစ်းမမ်ားေၾကာင္းကို အေလးထားကာ ႏွစ္ၾကိမ္ေတာင္ ေျပာရွာသည္။ တကယ္ေတာ့ ဒါကလံုး၀ကို ေစ်းမၾကီးေပ အဘယ့္ေၾကာင့္ ဆိုေသာ တစ္စံုတစ္ေယာက္က က ဒီပန္းပုရုပ္ေတြကို တစ္ခ်က္ၾကည့္တာနဲ႕ အျခားအရုပ္ေတြနဲ႕ႏႈိင္းယွဥ္လို႕မရတာကို ေျပာႏိုင္သည္။ ဒီ ပန္းပုရုပ္ဆယ့္ႏွစ္ခုအတြက္ သံုးထားေသာ ေက်ာက္စိမ္းက ဒီဆုိ္င္က အေကာင္းဆံုး ေက်ာက္စိမ္းျဖစ္လိမ့္မည္။
'အဲဒါေတြ ေအာက္ခ်လိုက္ ၾကည္႕ရေအာင္´ You XiaoMo က အျမန္ေျပာလုိက္သည္။ တစ္ခုမွ ေရႊျပားသံုးျပားဆိုတာ ေစ်းေပါလြန္းသည္။
ဒီစကားေတြၾကားတာနဲ႕ ေကာင္ေလးက ခ်က္ခ်င္းေပ်ာ္သြားတဲ့ မ်က္ႏွာျပလာသည္။ သူကအျမန္ ေကာင္တာေနာက္က ထိုင္ခံုဆြဲယူလုိက္သည္။ သူက အရမ္းပုတာေၾကာင့္ မွီဖို႕ဆိုရင္ ခံုေပၚမွာ မတ္တပ္ရပ္မွပဲ ျဖစ္မည္။ ဒါေတာင္ မီွဖို႕လိုေသးသည္။
ဒီေတာ့မွ You XiaoMoက အာရံုျပန္ရသြားသည္။ သူျပဳတ္က်မွာကို စိုးရိမ္ကာ အျမန္ေလွ်ာက္သြားျပီးဆိုသည္ 'ညီေလး ဆင္းခဲ႕။ အဲဒါေတြ ကိုယ့္ဘာသာပဲ ခ်လိုက္မယ္´
ေကာင္ေလးက တန္႕သြားျပီး ခ်က္ခ်င္းေခါင္းခါလုိက္သည္ 'မလုပ္ပါနဲ႕ ဒါက ကၽြန္ေတာ့္အလုပ္ပဲ။ အစ္ကိုက ေစ်း၀ယ္သူေလ။ ကြ်န္ေတာ္က ဘယ္လုိလုပ္ ဒုကၡေပးလုိ႕ရပါ့မလဲ။ ကၽြန္ေတာ္ပဲ လုပ္ပါ့မယ္´
သူကေကာင္းေကာင္းမြန္မြန္ မဧည့္ခံလို႕ ဒီအစ္ကိုက ၀ယ္ဖို႕ျငင္းမွာကို စိုးရိမ္လွသည္။
You XiaoMo ကေတာ့ သူဘာေတြးေနလဲကိုမသိေတာ့ သူ႕စကားကို ေသခ်ာေတြးေနသည္။
အဲဒိအခ်ိန္မွာပဲ လက္တစ္ဖက္က သူတို႕အေနာက္က ဆန္႕ထြက္လာသည္။ သူတို႕ ၾကက္ေသေသေနတုန္းမွာ ထိုလက္က ေက်ာက္စိမ္းပန္းပုရုပ္ ဆယ့္ႏွစ္ခုကို ေအာက္ခ်ျပီးျဖစ္သည္။
You XiaoMo နဲ႕ေကာင္ေလးနဲ႕က တိုက္တိုက္ဆို္င္ဆုိင္ အတူတူ လွည့္ၾကည့္ေတာ့ LingXiao က ေနာက္ဆံုးေက်ာက္စိမ္းပန္းပုကို ယူေနျပီ။ သူက အဲဒါကို မ်က္လံုးကို က်ဥ္းျပီးၾကည့္ေနကာ သူတို႕ႏွစ္ေယာက္ ၾကက္ေသေသေနတာကုိ လစ္လ်ဴရႈထားသည္။
'ဒီ ေက်ာက္စိမ္းပန္းပုေတြက မင္းအေမထုထားတာလား?´
Ling Xiao က ရုတ္တရက္ ေကာင္ေလးကို ဖ်တ္ခနဲၾကည့္ျပီးေမးလုိ္က္သည္။
ေကာင္ေလးက သူ႕ကိုေျပာေနမွန္း မသိခင္အထိ ခဏေတာ့ တုန္႕သြားသည္။ သူက ျမန္ျမန္ဆန္ဆန္ ေခါင္းခါကာ 'မဟုတ္ဘူး။ အေမကေတာ့ ဒါေတြက ကၽြန္ေတာ့္တို႕အဖိုးဆီက လက္ဆင့္ကမ္းလာတာလို႕ေျပာတယ္။´
'ေကာင္းေကာင္းထုထားတာပဲ´ Ling Xiao က ခ်ီးမြမ္းလိုက္သည္။
You XiaoMo က သူ႕နားကို လမ္းေလွ်ာက္လာကာ စားပြဲေပၚက တိရိစၧာန္ဆယ့္ႏွစ္ေကာင္ကို ၾကည့္လုိ္က္သည္။ သူပါးစပ္ ရုတ္တရက္တြန္႕သြားေတာ့သည္။ ေကာင္းတယ္။ သူက တကယ့္ ပစၥည္းေတြျမင္တတ္တာပဲ။ ဒီဟာေတြက ရိုးရိုး ရာသီခြင္တိရိစၧာန္ ႏွစ္ခုမဟုတ္။ တစ္ခ်က္ ဖ်တ္ခနဲ ၾကည့္ရင္ တူေပမယ့္ တကယ္ေတာ့ အဲဒါေတြက ေမွာ္၀င္သားရဲဆယ္ႏွစ္ေကာင္ ျဖစ္သည္။ သူတို႕က နည္းနည္းပဲ တူတာျဖစ္သည္။ အဲဒိထဲက အခ်ိဳ႕က ရက္စက္ဟန္ေပၚသည္ သုိ႕ေသာ္ အနည္းဆံုးေတာ့ ၾကည့္ရတာေတာ့ မခက္ခဲေပ။
ေကာင္ငယ္ေလးက သူခ်ီးမြမ္းတာၾကားေတာ့ စိတ္လႈပ္ရွားျပီးေတာ့ သူ႔ပါးေပၚမွာ ႏွင္းဆီပန္းအေရာင္ေလးေတြ ဖူးပြင့္လာကာ 'အစ္ကို ၀ယ္ဖို႕ဆံုးျဖတ္ျပီးျပီလားဟင္?´ (T/N ရွက္ျပီး ပါးစံုေလးေပၚမွာနီလာတာပါ)
'ဒါေပ့ါ ၀ယ္မွာ အကုန္ဆယ့္ႏွစ္ခုလံုး၀ယ္မွာ။ ဒါေပမယ့္………´
You XiaoMo က အဲဒါေလးေတြကို ၾကည့္ရတာ တစ္စံုတည္းလုိ႕ ခံစားေနရတုန္းမို႕လုိ႕ သူကေတာ့အလြယ္တကူပဲ အကုန္၀ယ္မွာျဖစ္သည္။
ေကာင္ေလးက သူၾကားခ်င္တဲ့စကားကို ၾကားလိုက္ရသည္ သို႕ေသာ္ ေနာက္ေတာ့ ေနာက္ဆက္တြဲစကားကုိ ပါၾကားလုိက္ရကာ။ ခ်က္ခ်င္းအထိတ္အလန္႕ျဖစ္သြားကာ အဲဒါက ေစ်းၾကီးေသးတယ္လို႕ေဆာတက တက္မွာကို ေတြးေနတုန္းျဖစ္သည္။ သြားေတြၾကိတ္ျပီးေတာ့ သူ႕ထင္တာကို ေျပာတာၾကားလုိက္ရရင္ေတာ့ သူထပ္ျပီး ေစ်းနည္းနညး္ခ်ဖို႕ဆံုးျဖတ္လုိက္သည္။
'တစ္ခုမွ ေရႊသံုးျပားက ေစ်းအရမ္း မေပါလြန္းဘူးလား? ေကာင္စုတ္ေလး မင္းငါ့ကို ဒီေလာက္နိမ့္တဲ့ေစ်းနဲ႕ ေပးဖုိ႕ ရည္ရြယ္ထားတာလား? ေျပာလုိက္ဦးမယ္။ ငါ You XiaoMo က လူေတြကို အသာစီးယူရတာ ၾကိဳက္တဲ့သူမဟုတ္ဘူး။ ဒီေတာ့ မူရင္းေစ်းနဲ႕ပဲေရာင္း။ တစ္ခ်က္ၾကည့္တာနဲ႕ အဲဒိ ေက်ာက္စိမ္းပန္းပုေတြက အရည္အေသြးေကာင္းတဲ့ပစၥည္းဆိုတာ သိသာေနတာကို´
ဒီစကားေတြက တကယ္ၾကီး ဟန္ေဆာင္ေနတာပဲ။
သူ႕ရဲ႕ ေျဖာင့္မွန္လွတဲ့ ခမ္းနားၾကီးက်ယ္တဲ႕အမူအရာနဲ႕ ငါက လူေကာင္းပါလုိ႕ ေျပာေနတာကို ၾကည့္ျပီးေတာ့ Ling Xiao တစ္ေယာက္ သူအရင္က လိမ္ညာခဲ့ဖူးတဲ႕ ၾကယ္ခုနစ္ပြင္ဟိုတယ္က မန္ေနဂ်ာကို ရုတ္တရက္ၾကီး သတိရသြားသည္။ အဲဒိအခ်ိန္တုန္းက အဲဒိတစ္ေယာက္ေသာသူရဲ႕ အျပဳအမူေတြက အခုသူလက္ရွိလုပ္ေနတာနဲ႕ လံုး၀ကို ကြဲျပားတဲ့လူတစ္ေယာက္ပံုစံျဖစ္သြားသည္။
Ling Xiao ကYou XiaoMo အရင္က ဖြင့္ဟေျပာဖူးတာ တစ္ခုကိုသတိရသြားသည္ ျဖစ္ႏိုင္တာက …… အရူးတစ္ေယာက္ကပဲ ေပးေနတဲ႕အခြင့္အေရးကို အသာစီးမယူပဲေနမွာ။
ေကာင္ငယ္ေလးက သူေျပာတဲ့ဒီစကားေတြကို လံုး၀ မေမွ်ာ္လင့္ထားပဲ အဲဒိေနရာမွာတင္ မတ္တပ္ၾကီး ၾကက္ေသေသေနတာ You XiaoMo သူ႕မ်က္ႏွာေရွ႕မွာ ၾကိမ္ဖန္မ်ားစြာ မေ၀႕ယမ္းျပခင္အထိျဖစ္သည္။ အဲဒိေတာ့မွ သူက စိတ္အာရံုျပန္ရလာကာ ရွက္ျပီး နီရဲတက္လာျပိး ထစ္ထစ္ေငါ့ေငါ့နွင့္ 'အစ္ကို …… တကယ္ေျပာတာလား?´
'ဒါေပ့ါ´
You XiaoMo က ေခါင္းေသခ်ာညိမ့္ျပလုိက္သည္။ သူက ဒီေကာင္ေလးမွာ ခက္ခဲတဲ့အခ်ိန္ျဖစ္ေနလိမ့္မယ္လို႕ ခန္႕မွန္းျပီးသားျဖစ္သည္။ ဒါေၾကာင့္ သူက သူ႕အတြက္ ေစ်းေတြ ေလ်ာ့ေပးေနတာျဖစ္သည္။ ျဖစ္ႏို္င္ေခ်မ်ားတာကေတာ့ သူ႕အေမက ဒီကေလးငယ္ေလးကို ေစ်းဆုိင္ကို ၾကည့္ဖို႕ခြင့္ျပဳထားတည္းက သူ႔အေမနဲ႕ပတ္သတ္လိမ့္မည္။ ပိုျပိးျဖစ္ႏိ္ုင္တာကေတာ့ သူ႕တို႕ေငြလိုတာမ်ိဳးလဲ ျဖစ္လိမ့္မည္။
အဆံုးမွာေတာ့ ေကာင္ေလးက ေစ်းတစ္ခုကို ေျပာလုိက္သည္
ဒါက အရင္မ်ိဳးဆက္က လက္ဆင့္ကမ္းေပးခဲ႕တာေတြမို႕လို႕ သံုးထားသည့္ ေက်ာက္စိမ္းက သာမာန္ေက်ာက္စိမ္းမဟုတ္။ သုိ႕ေသာ္ ေကာင္ေလးမိသားစုကလဲ အဲဒါက ဘာေက်ာက္စိမ္းအမ်ိဳးအစားနဲ႕လုပ္ထားတာမွန္း မသိတဲ့ အခါက်ေတာ့ သူတို႕က တစ္ခုကို ေရႊျပားသံုးဆယ္ပဲ သတ္မွတ္လုိက္တာျဖစ္သည္။
ဒီေစ်းကို ၾကားေတာ့ You XiaoMo က အေတာ္ၾကာ တိတ္ဆိတ္သြားသည္။ ဒီေကာင္ငယ္ေလးက ပုိက္ဆံျပတ္ေနလို႕ရူးျပီးေတာ့ပဲ သံုးဆယ္တန္ပစၥည္းကို သံုးအထိတန္းခ်လိုက္သလားပဲ။
အဲဒါက ေရႊသံုးျပားပဲ ျဖစ္ေနရင္ေတာင္သူတို႕မိသားစု အတြက္ က လံုေလာက္တဲ့ ေငြပမာဏဟု သတ္မွတ္ႏိုင္ေနျပီ။
You XiaoMo က ေကာင္ငယ္ေလးကို ေရႊျပား သံုးရာ့ေျခာက္ဆယ္ တန္းေပးလုိက္သည္။
သူ႕အတြက္ေတာ့ ေရႊျပားရာဂဏန္းက သူေမွာ္ေဆးပင္ မ်ိဳးေစ့နည္းနည္း၀ယ္ဖို႕ေတာင္ မေလာက္ငေပ။ သို႕ေသာ္ ဒီေကာင္ေလးအတြက္ကေတာ့ ဒီေရႊျပားေတြက သူတို႕မိသားစုတစ္ခုလံုး အခ်ိန္အတန္ၾကာအထိ လံုေလာက္ေနသည္။ သူတုိ႕ ေစ်းဆုိင္မဖြင့္ရင္ေတာင္သူတုိ႕ ငတ္ျပီးေတာ့ မေသႏုိင္ေတာ့။
ေကာင္ေလးက ေရႊျပားေတြ ယူျပိးတာနဲ႕ သူ႕မ်က္လံုးေတြက စိတ္လႈပ္ရွားမႈေၾကာင့္ နီတက္လာသည္။ သူက ေနာက္လွည့္ကာ တစ္ခ်ိဳၚတည္း ေစ်းဆိုင္အေနာက္ကို ေျပးသြားေတာ့သည္။ You XiaoMo ေတာင္ သူ႕ကိုတားဖို႕ အလ်င္မမီလုိက္ေပ။ သူက အခုထိ အကဲျဖတ္ေက်ာက္တံုးမ၀ယ္ရေသးဘူးေလ အာ….
အဲဒိအခ်ိန္မွာပဲ ေကာင္ေလးေျပး၀င္သြားတဲ႕ဆီဘက္ကေန ေအာ္ေခၚသံမ်ားၾကားရကာ ေနာက္ဆက္တြဲအေနနဲ႕အဆက္မျပတ္ ေခ်ာင္းဆိုးသံေတြပါ ၾကားရသည္။ You XiaoMo မွန္းဆသလိုပဲ ေကာင္ငယ္ေလးရဲ႕ အေမက ဖ်ားေနသည္။
ခဏၾကာေတာ့ ေကာင္ေလးက လွပေသာ အမ်ိဳးသမီးငယ္ တစ္ေယာက္ကို တြဲကာ ျခံအေနာက္ဖက္တံတားကေန ေလွ်ာက္၀င္လာသည္။ အမ်ိဳးသမီး၏မ်က္ႏွာက ေသခါနီးလို ေဖ်ာ့ေတာ့ေနကာ ဘာအေရာင္အဆင္းမွ ရွိမေန သို႕ေသာ္ သူ႕နဂိုအလွကေတာ့ ေတြ႕ေနရဆဲျဖစ္သည္။ သူ႕ရဲ႕ျပင္းျပင္းထန္ထန္ေနမေကာင္းတာေၾကာင့္ သူ႕အေရျပားနဲ႕ အရိုးေတြထဲကေနကို ဆိုးရြားလွတဲ့ ညွင္းပန္းႏွိပ္စက္မႈကို ခံေနရတာေၾကာင့္ အမ်ားၾကီးျဖစ္ႏိုင္သည္။
Unicode
C-143 Twelve magic beasts.
အခန်း ၁၄၃ မှော်ဝင်သားရဲ ဆယ့်နှစ်ကောင်
Qingမြို့ကြီး၏ မိုင်တစ်သောင်းအကွာမှာတော့ SiFangမြို့လေးရှိသည်
SiFangမြို့လေးက လေးထောင့်ပစ္စည်းများနှင့် ရုပ်တုများတွင် နာမည်ကြီးသည်။ အလွန်ထူးဆန်းသောမြို့လေးဖြစ်သည်။ သို့သော် ဒီကအကဲဖြတ်ကျောက်တုံး များမှာ အရမ်းနာမည်ကြီးသည် အဘယ်ကြောင့်ဆိုသော် LongXiaoတိုက်မကြီးမှ အကောင်းဆုံးကျောက်ပန်းပုလက်ရာများမှာ ဒီကလာသောကြောင့်ဖြစ်သည်။ နာမည်ကြီးကျောက်ပန်းပုအများစုက SiFangမြို့လေးမှ ထွက်ရှိခြင်းဖြစ်သည်။
Ling Xiaoနှင့် You XiaoMo ၏ ဒီခရီးစဉ်အတွက် ဒုတိယပန်းတိုင်းမှာ SiFangမြို့လေးဖြစ်သည်။
သူတို့နောက်ကနေ အမြီးဆွဲပြီးလိုက်နေသူများကို ခါချရန်အတွက် Ling Xiaoက You XiaoMo ကိုဖက်ကာ Qingမြို့အပြင်ရောက်တာနဲ့ သူ့နယ်မြေထဲကို နှစ်ယောက်သားဝင်သွားကြတာဖြစ်သည်။
သူ့နယ်မြေက You XiaoMo၏နယ်မြေနဲ့ မတူပေ။ You XiaoMo၏ နယ်မြေက မရွေ့လျားနိုင်ပေ။ ဒါပေ့ါ ဒါက သူက တစ်ခုလုံးကို မထိန်းချုပ်နိုင်သေးသည့်အချက်နှင့် ပတ်သတ်နေသည်။ ပြီးတော့ Ling Xiao၏ နယ်မြေက အက်ကွဲကြောင်းကြားကွက်လပ်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အက်ကွဲကြောင်းကြားကွက်လပ်မှပေါ်ထွန်းလားသော နယ်မြေများမှာ ရည်ရွယ်ပြီးရွှေ့လို့ရသည်။ သို့သော် အကွာအဝေးကတော့ လူပုဂ္ဂိုလ်၏အဆင့်ပေါ်မှာ မူတည်ပြီး ရွေ့နိုင်တောဖြစ်သည်။
ဒီတော့ ပုံမှန်ဆိုလျှင် Qingမြို့ကြီးမှ SiFangမြို့လေးကို ရောက်ဖို့ဆိုလျှင် မြင်းလှည်းနှင့် ဆိုပါက နေ့တစ်ဝက်အချိန်ယူရမှာ ဖြစ်သည်။ တောင်ပံငှက်ဆိုရင်တောင် တစ်နာရီတော့ အချိန်ပေးရလိမ့်မည်။ သို့သော် Ling Xiao၏နယ်မြေကို ဖြတ်သွားသောအခါ စက္ကန့်အနည်းငယ်တောင် မကြာပေ။ သူတို့ နယ်မြေထဲက ထွက်လာချိန်ရောက်တော့ SiFangမြို့လေး၏ အပြင်ဘက်တောင် ရောက်နေပြီဖြစ်သည်။
SiFang မြို့လေးက သူ့နာမည်နှင့် တကယ်လိုက်သည်။ လူတစ်ယောက်က အပြင်က ကြည့်တာနှင့်တင် မြို့က လေးထောင့်ပုံလုပ်ထားတာ တွေ့နိုင်သည်။
You XiaoMo က ခေါင်းမော့ပြီးတော့ မြို့သေးသေးလေးရဲ့ ပင်မ၀င်ပေါက်ကို ကြည့်နေသည်။ အရှည် အကျယ် အမြင့် က အခြေခံအားဖြင့် အတူတူဖြစ်သည်။ အပေါ်က စာလုံးထွင်းထားသောအပြားတောင်မှ လေးထောင့်ဖြစ်သည်။ အရမ်းထူးခြားပြီး မျက်စိကို ဖမ်းစားနိုင်သည်။
သို့သော် You XiaoMo က သိပ်တော့စိတ်မပါပေ ဘာ့ကြောင့်ဆိုတော့ Ling Xiao က ဒီလာဖို့အင်အားသုံးခဲ့တာကြောင့် ဖြစ်သည်။ Ling Xiao က အကဲဖြတ်ကျောက်တုံးဝယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကို မမေ့ပေ။
Qingမြို့မှာ သူတို့ရှိနေတုန်းက You XiaoMo က Ling Xiao အကဲဖြတ်ကျောက်တုံးဝယ်ဖို့ကိစ္စကို ထပ်မပြောတော့တာကြောင့် သူက မေ့သွားလောက်ပြီဟု ထင်လိုက်ကာ ဘာမှ မပြောပဲ နေတာဖြစ်သည်။ ပြီးတော့မှာ Ling Xiao က အဲဒိအကြောင်းကို မမေ့ယုံသာမကပဲ မသွားခင်ထဲက အစီစဉ်ဆွဲထားပြီးသားမှန်းသိရတာဖြစ်သည်။
အခြားတစ်ဖက်မှာလဲ Ling Xiao က အခြားတစ်ယောက်က ၀က်သားပေါင်ချိန်များစွာ ချိတ်ထားနိုင်အောင် အထော်ကြီးထော်ထားတဲ့သူ့ပါးစပ်ကို မြင်လိုက်ရသည်။ ဒီတော့ သူက သူ့ကို ခါးကနေ ဖက်ကာ SiFangမြို့လေးထဲကို လမ်းလျှောက်ဝင်ရင်း ပီတိပြုံးလေး ပြုံးကာ 'ညီလေး ကိုယ်က မင်းအခုအရမ်းဆန္ဒစောနေတာ သိတာပေ့ါ ဒါပေမယ့် ဒါက ကိစ္စမရှိပါဘူး သိပ်မကြာခင် မင်းရဲ့ဝိညာဉ်အရောင်ဘာလဲဆိုတာ သိရတော့မှာ´
You XiaoMo က သွေးအန်တော့ မတတ်ဖြစ်သွားသည်။ ဒီတော့ သူyxm က သူ့ရဲ့မွေးရပါပါရမီိကို အကဲဖြတ်ဖို့ဆန္ဒစောနေလို့ မပျော်ဘူးဖြစ်နေတယ်လို့ သူLX က ထင်နေတုန်းပေါ့? ဒီလူက ရည်ရွယ်ချက်ကြီးနဲ့လုပ်နေတာ သေချာသည်။
'အစ်ကိုကြီး ဘာလို့ကျွန်တော်တို့ SiFangမြို့လေးကို ဘာဖို့လိုတာလဲ? ဘာလိုမြို့ထဲမှာပဲ ၀ယ်လိုက်လို့ မရတာလဲ?´
You XiaoMo က ခေါင်းစဉ်ပြောင်းလိုက်သည်။ သူတို့အခုပြောနေတဲ့အကြောင်းအရာကို သူဆက်ပြီး မပြောနိုင်တော့ နို့မို့ဆိုလျှင် သူစိတ်တိုပြီး သေမှာ သေချာသည်။
'အာ့ အဆင်မပြေလို့´ Ling Xiao က ကျေနပ်နေသော အပြုံးနှင့် ဆိုသည်။
'ဘာလို့ အဆင်မပြေတာလဲ?´ You XiaoMo ကမေးလိုက်သည်။ သူက သူတို့ Qingမြို့ကြီးကထွက်ခွာလာတဲ့အချိန်တုန်း က လူအများအပြား နောက်ယောင်ခံအလိုက် နေတာကို သူလုံးဝစိတ်ကူးထဲမှာတောင် မရှိပေ။
ဒီကိစ္စက ဖုံးကွယ်စရာ မလိုသောအရာဖြစ်သည်။ Ling Xiao ကသူကို အဲဒိအကြောင်းပြောပြတုန်းမှာ အချို့အထွေအထွေ ဗဟုသုတလေးတွေကိုပါ အခွင့်ရေးယူပြီး ပြောပြလိုက်သည်။ လူများ၏ သစ္စာဖောက်ခြင်း ဂိုဏ်းအဖွဲ့များကြားထဲမှ အငြင်းပွားမှု စတာတွေပေ့ါ။ သူက ရိုးသားမှုမရှိတဲ့ကိစ္စကနေ ရှောင်ပြေးမသွားအောင်လို့ You XiaoMo ရှင်းလင်းစေရန်အတွက် Long Xiao တိုက်မကြီး၏ တောင်ပိုင်းဒေသ တစ်ခုလုံး၏အခြေအနေ အပေါ် သူ့ရဲ့ဆန်းစစ်မှု ကို ရှင်းပြလိုက်သည်။
Ling Xiao က You XiaoMo ဆိုးသွားမှာကို စိတ်မပူဘူး။ သူ့အမြင်တော့ သူသာ ဆိုးသွားရင် ပိုကောင်းလိမ့်မည်။ သူက လုံလုံလောက်လောက်ဖြစ်အောင် ဆိုးမသွားပဲနဲ့ အဲဒိအစား လှည့်စားလိမ်လည်တတ်သွားမှာ ကို စိတ်ပူနေသေးတာဖြစ်သည်။ ဒီတော့ အဲဒိကိစ္စနဲ့ပတ်သတ်ပြီးတော့ သူက ရှင်းလင်းသွားအောင်တော့ လုပ်ရဦးမည်။
သူစကားပြောပြီးတဲ့အချိန်လဲရောက်ရော You XiaoMo က ပြောစရာ စကားလုံးများမဲ့ကာ ချွေးစေးတွေ သုတ်နေတာပဲ လက်အပြည့်ဖြစ်တော့မည်။ ဒီကမ္ဘာ၏ ပုံစံနည်းလမ်းတွေက တကယ့်ကို အရမ်းရှုပ်ထွေးလှသည်။ ကြည့်ရတာ သူ့စွမ်းအင်တွေ တိုးတက်အောင် ကြိုးစားရမည့် အပြင် PiQiuလေး၏ အားအင်တွေ တိုးအောင်လဲ လုပ်ရလိမ့်မည်။
သို့သော်Ling Xiao၏စကားကို နားထောင်ပြီးတော့ လည်း သူက Ling Xiaoမှာ သံသယဖြစ်ခွင့်ရှိတယ်ဆိုတာကို မငြင်းဆိုနိုင်တော့။
သူတို့တွေက အရာတိုင်းကို ပိုပြီး နည်းနည်းသတိပိုထားသင့်သည်။ အကယ်လို့ တစ်ယောက်ယောက်ကသာ သူ့ဝိညာဉ်က အရင်ကနှင့် မတူတာ ကို ရှာဖွေသိရှိသွားမည်ဆိုရင် သူတို့ကို ဒုက္ခတွေတစ်သီကြီး သေချာပေါက် သယ်လာမှာ ဖြစ်သည်
SiFang မြို့လေးထဲကို လမ်းလျှောက်လာတော့ လမ်းဘေးနှစ်ဖက်က အဆောက်အဦးများသည်လည်း လေးထောင့်ပဲဖြစ်သည်။ သို့သောါ သူတို့က အရမ်းကို ရိုးရှင်းကာ သဘာဝအတိုင်းအကြမ်းထည်များသာဖြစ်သည်။ ဒါက ဒီလူတွေ၏အ၀တ်အစား ဒါမှမဟုတ် သူ့တို့အိမ်ပဲဖြစ်ဖြစ် သူတို့က ဈေးကြီးသောQingမြို့ကြီးနှင့်တော့ ယှဉ်လို့မရပေ။ ဘာပဲဖြစ်ဖြစ် ဒါက You XiaoMoကို သက်တောင့်သက်သာခံစားချက်မျိုးပေးစွမ်းနိုင်သည်။
SiFangမြို့လေးက မကြီးပေ။ သူက တစ်လမ်းတည်းသာ ရှိသည်။ လမ်းရဲ့ အစကနေ လမ်းလျှောက်သွားရင် လမ်ဲးဆုံးရော SiFangတစ်မြို့လုံးရောက်ပြီးရောဖြစ်သည်။
SiFangမြို့လေးက ကျောက်ပန်းပုများနှင့် နာမည်ကြီးသောကြောင့် လမ်း၏ဘေးနှစ်ဖက်လုံးမှာ ကျောက်ပန်းပုများရောင်းသော ဆိုင်တန်းများရှိသည်။ အဲဒိမှာ ကျောက်ပန်းပု၊ သစ်သားပန်းပုနဲ့ ကျောက်စိမ်းပန်းပုတောင်ရှိသည်။
You XiaoMo ကတော့ ဆိုင်သေးသေးထဲက တစ်ဆိုင်ကို သာ အလွယ်တကူ ရွေးချယ်လိုက်သည်။ သူဝင်သွားလိုက်တာနဲ့ ကောင်တာနောက်ကေ ခေါင်းမည်းမည်းလေးတစ်လုံးက ရုတ်တရက် ထွက်ပေါ်လာသည်။ အဲဒါက ခုနစ်နှစ် ရှစ်နှစ်အရွယ် ကောင်လေးဖြစ်သည်။ ဈေးဝယ်သူတစ်ယောက်ရှိနေတာမြင်တာနဲ့ ကောင်လေးရဲ့ မျက်လုံးတွေက ချက်ချင်းအရောင်တက်လာသည်။ သူ့ရဲ့ ချစ်စရာ မျက်နှာလေးက ပျော်ရွှင်မှုနှင့် ပြည့်သွားကာ ကောင်တာ အနောက်က အမြန်ပြေးထွက်လာကာ သူ့လက်ဝါးတွေကိုလဲ သူ့အကျီ င်္နှင့် ပွတ်လိုက်သေးသည်။
'အစ်ကို ဘယ်လိုရုပ်တုမျိုး ၀ယ်ချင်တာလဲ ကျွန်တော့ဆိုင်မှာ အကုန်ရှိတယ်။ အို့ ဒါတွေ ကြည့်ပါလား။ ဒါတွေအကုန်လုံးက ကျွန်တော့အမေထွင်းထားတာတွေပါ။ ကျွန်တော့်အမေရဲ့ လုပ်ငန်းကျွမ်းကျင်မှုအဆင့်က အရမ်းအံ့သြဖို့ကောင်းတာ။ တစ်ခုလောက် ၀ယ်ချင်လားဟင်? တစ်ခုက တေ့ာ ဈေးမကြီးပါဘူး အိုး..ရွှေပြားတစ်ပြားဆိုရင် ရပါပြီ´
ကောင်လေးရဲ့ စကားတွေကို ကြည့်ရတာ ကုန်ပစ္စည်းအတွက် အတောမသတ်နိုင် ကြိုတင်ပြင်ဆင်ထားပုံရသည်။ စကားအရှည်ကြီးကို တကယ်ပဲ အသက်တစ်ချက်တောင် မရှူပဲ ပြောသွားတာဖြစ်သည်။ သူ့မျက်နှာကလည်း သူတကယ်ပျော်ရွှင်နေသလိုမျိုး အနီရောင် တောက်နေသေးသည်။ သို့သော် သူ့လေသံကတော့ အနည်းငယ်သတိထားနေဟန်တော့ သိသာနေသေးသည်။
You XiaoMo က ရိုးရှင်ပြီး မပြင်မဆင်နဲ့ ဆိုင်ရယ် ကောင်လေးကိုယ်ပေါ်က အ၀တ်တွေရယ်ကို တစ်ချက်ကြည့်လိုက်သည်။ အ၀တ်တွေက လျော်လွန်းအားကြီးလို့ အဖြူရောင်ပြောင်းနေကာ အချို့နေရာတွေမှာ ထပ်ထပ်ခါခါ ဖာထေးထားရသည့်အရာတွေတောင် ရှိသည်။ ချက်ချင်းသူနားလည်သွားသည်။ သူတို့ဆိုင်က ပုံမှန် စီးပွားရေး သိပ်မရှိတာ ဖြစ်လိမ့်မည်။ ဒီကောင်လေးက သူတို့ဝင်လာတာတွေ့တာနဲ့အရမ်းပျော်သွားတာကို အံသြစရာမရှိပါဘူး။
သို့သော်ဗီဒိုထဲမှာ ပြထားသော ပန်းပုရုပ်များကို ကို ကြည့်လိုက်တော့ ဒီကောင်လေးက မလိမ်ဘူး။ ပန်းပုတိုင်းက ဘာနဲ့ပဲ လုပ်ထားလုပ်ထား အရမ်းကောင်းမွန်လှသည်။ ရုပ်တုများက အလွန်အာရုံစိုက်ကာ လူအားဥာဏ်အားများစွာ စိုက်ထုတ်ထားသည်ဟု ပြောနိုင်သည်။
You XiaoMo၏စိတ်တွေ ရုတ်တရက် အနည်းငယ်လှုပ်ခတ်သွားသည်။ သူ့အခန်းဒါမှမဟုတ် သူ့နယ်မြေထဲမှာ ထားဖို့ နည်းနည်းတော့ သူဝယ်နိုင်မှာပ်။ သူက PiQiu လေးကို အရုပ်အဖြစ် ပေးကာ အခြားသော သူဆော့လို့မရတဲ့အရာတွေကို ဆော့ကစားခြင်းက ကာကွယ်ဖို့လဲသုံးလို့ရသည်။
ဒီလိုတွေးမိတော့ You XiaoMo က ပေါ့ပေ့ါပါးပါး လမ်းလျှောက်ကာ တစ်ခုခုရွေးပြင်သည်။
ပထမဗီဒိုထဲမှာက ကျောက်စိမ်းလက်ရာများ ပြထားသည်။ ကျောက်စိမ်းအဆင့်အတန်းများစွာ ရှိသည်။ အဖြူရောင်သဲကျောက်စိမ်း ခရမ်းရောင်ရေခဲကျောက်စ်ိမ်း အပြာရောင်ကျောက်စ်ိမ်း စသဖြင့် ပေါ့။ အရောင်တွေအများကြိး စုထားတာက အလွန့်အလွန် လှပလှသည်။ တစ်ယောက်က အထဲမှာ ဖျော့ဖျော့လေးစီးဆင်းနေတဲကစိတ်စွမ်းအင် များကို ထိကြည့်ယုံနှင့်တင် ခံစားလို့ရသည်။
ဒီလောက်လှတဲ စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ကျောက်စိမ်းလက်ရာတစ်ခုကို မှ ရွှေတစ်ပြားစီတဲ့လား?
You XiaoMo က ဒီဈေးက သေချာပေါက်ကို အရမ်းနည်းနေတာကို သိသည်။ ဒီလို လက်ရာကောင်းတဲ့ ကျောက်စိမ်းလက်ရာကို။ ကုန်ကြမ်းရဲ့ ကုန်ကျစရိတ်ကို နှုတ်လိုက်ရင် အမြတ်ဆိုတာ မ၇ှိသလောက်ကို နည်းပါးလိမ့်မည်။
ဒီလိုတွေးလိုက်ပြီးတော့ You XiaoMoရဲ့အကြည့်က အပေါ်ဆုံးတန်းမှာ ထားတဲ့ ကျောက်စိမ်းပန်းပုဆီကို ရုတ်တရက် ကျရောက်သွားသည်။ အားလုံးပေါင်း ကျောက်စိမ်းရုပ်တု ဆယ့်နှစ်ခု။ သူတစ်ခုချင်းစီကို ကြည့်ရင်နဲ့ ပိုပိုပြီး စိတ်လှုပ်ရှားလာသည်။ သူအရာဝတ္ထုတွေ မြင်တတ်တယ်လို့လဲ ခံစားရသည်။ ဒါလေးတွေက သေသေချာချာကို ရာသီခွင်အကောင်လေး ဆယ့်နှစ်ခုဖြစ်သည်။ ပြီးတော့ တစ်ကောင်စီကလည်း အရောင်ကွဲကာ ပိုကြည့်ကောင်းစေသည်။
Ling Xiao ကလဲ သူစိတ်လှုပ်ရှားနေတာကို သတိထားမိပြီးတော့သူ့အကြည့်တွေကို လိုက်တော့လည်း အကောင်ဆယ့်နှစ်ကောင်ပေါ်မှာ ရပ်တန့်သွာသည်။ ရေခဲအအေးကျောက်စိမ်း ကနေ ထွင်းထုတာမို့ သက်ရှိနှင့်တူလှကာ အသက်ဝင့်ဆဲဆဲဟန်ပေါ်နေသည်။
ကောင်ငယ်လေးက You XiaoMo ကို လျှို့လျှို့ဝှက်ဝှက် စောင့်ကြည့်နေသည်။ သူက သူ့အမေက ဗီဒိုအပေါ်ဆုံးမှာ တင်ထားတဲ့ မှော်ဝင်သားရဲ ဆယ့်နှစ်ရုပ်ကို မျက်စိကျနေတာကို မြင်လိုက်ရတော့ သူ့လက်ချောင်းလေးတွေက စပြီးတင်းကြပ်စွာလိမ်ပတ်နေတော့သည်။ ပြန်စဉ်းစားပြီးတဲ့နောက် အံ့ကို ကြိတ်ကာ ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးတွေက သူ ဆုံးဖြတ်ချက်တစ်မျိုးမျိုးချထားပြီးကြောင်းဖော်ပြနေသည်။ သူက မ၀ံ့မရဲနှင့် You XiaoMo ကိုကြည့်လိုက်သည်။
'အစ်ကို ဒီရုပ်တုတွေကြိုက်တယ်ဆိုတာ ကျွန်တော် ဈေးသက်သက်သာသာနဲ့ရောင်းပေးပါ့မယ်။ တစ်ရုပ်ချင်းစီက သိပ်ဈေးမများပါဘူး။ ကျွန်တော်က အစ်ကို့အတွက်ဆိုရင် တစ်ရုပ်မှ ရွှေပြားသုံးပြားနဲ့ရောင်းပေးပါ့မယ်။ တကယ်လုံးဝဈေးမကြီးဘူး ဘယ်လိုလဲဟင်?´
ကောင်ငယ်လေးက ဒီဈေးနှုန်းက သူတို့ကို ထိတ်လန့်သွားစေမှာကို စိုးရိမ်နေဟန်ပေါ်ကာ ဒါကဈေးမများကြောင်းကို အလေးထားကာ နှစ်ကြိမ်တောင် ပြောရှာသည်။ တကယ်တော့ ဒါကလုံးဝကို ဈေးမကြီးပေ အဘယ့်ကြောင့် ဆိုသော တစ်စုံတစ်ယောက်က က ဒီပန်းပုရုပ်တွေကို တစ်ချက်ကြည့်တာနဲ့ အခြားအရုပ်တွေနဲ့နှိုင်းယှဉ်လို့မရတာကို ပြောနိုင်သည်။ ဒီ ပန်းပုရုပ်ဆယ့်နှစ်ခုအတွက် သုံးထားသော ကျောက်စိမ်းက ဒီဆိုင်က အကောင်းဆုံး ကျောက်စိမ်းဖြစ်လိမ့်မည်။
'အဲဒါတွေ အောက်ချလိုက် ကြည့်ရအောင်´ You XiaoMo က အမြန်ပြောလိုက်သည်။ တစ်ခုမှ ရွှေပြားသုံးပြားဆိုတာ ဈေးပေါလွန်းသည်။
ဒီစကားတွေကြားတာနဲ့ ကောင်လေးက ချက်ချင်းပျော်သွားတဲ့ မျက်နှာပြလာသည်။ သူကအမြန် ကောင်တာနောက်က ထိုင်ခုံဆွဲယူလိုက်သည်။ သူက အရမ်းပုတာကြောင့် မှီဖို့ဆိုရင် ခုံပေါ်မှာ မတ်တပ်ရပ်မှပဲ ဖြစ်မည်။ ဒါတောင် မှီဖို့လိုသေးသည်။
ဒီတော့မှ You XiaoMoက အာရုံပြန်ရသွားသည်။ သူပြုတ်ကျမှာကို စိုးရိမ်ကာ အမြန်လျှောက်သွားပြီးဆိုသည် 'ညီလေး ဆင်းခဲ့။ အဲဒါတွေ ကိုယ့်ဘာသာပဲ ချလိုက်မယ်´
ကောင်လေးက တန့်သွားပြီး ချက်ချင်းခေါင်းခါလိုက်သည် 'မလုပ်ပါနဲ့ ဒါက ကျွန်တော့်အလုပ်ပဲ။ အစ်ကိုက ဈေးဝယ်သူလေ။ ကျွန်တော်က ဘယ်လိုလုပ် ဒုက္ခပေးလို့ရပါ့မလဲ။ ကျွန်တော်ပဲ လုပ်ပါ့မယ်´
သူကကောင်းကောင်းမွန်မွန် မဧည့်ခံလို့ ဒီအစ်ကိုက ၀ယ်ဖို့ငြင်းမှာကို စိုးရိမ်လှသည်။
You XiaoMo ကတော့ သူဘာတွေးနေလဲကိုမသိတော့ သူ့စကားကို သေချာတွေးနေသည်။
အဲဒိအချိန်မှာပဲ လက်တစ်ဖက်က သူတို့အနောက်က ဆန့်ထွက်လာသည်။ သူတို့ ကြက်သေသေနေတုန်းမှာ ထိုလက်က ကျောက်စိမ်းပန်းပုရုပ် ဆယ့်နှစ်ခုကို အောက်ချပြီးဖြစ်သည်။
You XiaoMo နဲ့ကောင်လေးနဲ့က တိုက်တိုက်ဆိုင်ဆိုင် အတူတူ လှည့်ကြည့်တော့ LingXiao က နောက်ဆုံးကျောက်စိမ်းပန်းပုကို ယူနေပြီ။ သူက အဲဒါကို မျက်လုံးကို ကျဉ်းပြီးကြည့်နေကာ သူတို့နှစ်ယောက် ကြက်သေသေနေတာကို လစ်လျူရှုထားသည်။
'ဒီ ကျောက်စိမ်းပန်းပုတွေက မင်းအမေထုထားတာလား?´
Ling Xiao က ရုတ်တရက် ကောင်လေးကို ဖျတ်ခနဲကြည့်ပြီးမေးလိုက်သည်။
ကောင်လေးက သူ့ကိုပြောနေမှန်း မသိခင်အထိ ခဏတော့ တုန့်သွားသည်။ သူက မြန်မြန်ဆန်ဆန် ခေါင်းခါကာ 'မဟုတ်ဘူး။ အမေကတော့ ဒါတွေက ကျွန်တော့်တို့အဖိုးဆီက လက်ဆင့်ကမ်းလာတာလို့ပြောတယ်။´
'ကောင်းကောင်းထုထားတာပဲ´ Ling Xiao က ချီးမွမ်းလိုက်သည်။
You XiaoMo က သူ့နားကို လမ်းလျှောက်လာကာ စားပွဲပေါ်က တိရိစ္ဆာန်ဆယ့်နှစ်ကောင်ကို ကြည့်လိုက်သည်။ သူပါးစပ် ရုတ်တရက်တွန့်သွားတော့သည်။ ကောင်းတယ်။ သူက တကယ့် ပစ္စည်းတွေမြင်တတ်တာပဲ။ ဒီဟာတွေက ရိုးရိုး ရာသီခွင်တိရိစ္ဆာန် နှစ်ခုမဟုတ်။ တစ်ချက် ဖျတ်ခနဲ ကြည့်ရင် တူပေမယ့် တကယ်တော့ အဲဒါတွေက မှော်ဝင်သားရဲဆယ်နှစ်ကောင် ဖြစ်သည်။ သူတို့က နည်းနည်းပဲ တူတာဖြစ်သည်။ အဲဒိထဲက အချို့က ရက်စက်ဟန်ပေါ်သည် သို့သော် အနည်းဆုံးတော့ ကြည့်ရတာတော့ မခက်ခဲပေ။
ကောင်ငယ်လေးက သူချီးမွမ်းတာကြားတော့ စိတ်လှုပ်ရှားပြီးတော့ သူ့ပါးပေါ်မှာ နှင်းဆီပန်းအရောင်လေးတွေ ဖူးပွင့်လာကာ 'အစ်ကို ၀ယ်ဖို့ဆုံးဖြတ်ပြီးပြီလားဟင်?´ (T/N ရှက်ပြီး ပါးစုံလေးပေါ်မှာနီလာတာပါ)
'ဒါပေ့ါ ၀ယ်မှာ အကုန်ဆယ့်နှစ်ခုလုံးဝယ်မှာ။ ဒါပေမယ့်………´
You XiaoMo က အဲဒါလေးတွေကို ကြည့်ရတာ တစ်စုံတည်းလို့ ခံစားနေရတုန်းမို့လို့ သူကတော့အလွယ်တကူပဲ အကုန်ဝယ်မှာဖြစ်သည်။
ကောင်လေးက သူကြားချင်တဲ့စကားကို ကြားလိုက်ရသည် သို့သော် နောက်တော့ နောက်ဆက်တွဲစကားကို ပါကြားလိုက်ရကာ။ ချက်ချင်းအထိတ်အလန့်ဖြစ်သွားကာ အဲဒါက ဈေးကြီးသေးတယ်လို့ဆောတက တက်မှာကို တွေးနေတုန်းဖြစ်သည်။ သွားတွေကြိတ်ပြီးတော့ သူ့ထင်တာကို ပြောတာကြားလိုက်ရရင်တော့ သူထပ်ပြီး ဈေးနည်းနည်းချဖို့ဆုံးဖြတ်လိုက်သည်။
'တစ်ခုမှ ရွှေသုံးပြားက ဈေးအရမ်း မပေါလွန်းဘူးလား? ကောင်စုတ်လေး မင်းငါ့ကို ဒီလောက်နိမ့်တဲ့ဈေးနဲ့ ပေးဖို့ ရည်ရွယ်ထားတာလား? ပြောလိုက်ဦးမယ်။ ငါ You XiaoMo က လူတွေကို အသာစီးယူရတာ ကြိုက်တဲ့သူမဟုတ်ဘူး။ ဒီတော့ မူရင်းဈေးနဲ့ပဲရောင်း။ တစ်ချက်ကြည့်တာနဲ့ အဲဒိ ကျောက်စိမ်းပန်းပုတွေက အရည်အသွေးကောင်းတဲ့ပစ္စည်းဆိုတာ သိသာနေတာကို´
ဒီစကားတွေက တကယ်ကြီး ဟန်ဆောင်နေတာပဲ။
သူ့ရဲ့ ဖြောင့်မှန်လှတဲ့ ခမ်းနားကြီးကျယ်တဲ့အမူအရာနဲ့ ငါက လူကောင်းပါလို့ ပြောနေတာကို ကြည့်ပြီးတော့ Ling Xiao တစ်ယောက် သူအရင်က လိမ်ညာခဲ့ဖူးတဲ့ ကြယ်ခုနစ်ပွင်ဟိုတယ်က မန်နေဂျာကို ရုတ်တရက်ကြီး သတိရသွားသည်။ အဲဒိအချိန်တုန်းက အဲဒိတစ်ယောက်သောသူရဲ့ အပြုအမူတွေက အခုသူလက်ရှိလုပ်နေတာနဲ့ လုံးဝကို ကွဲပြားတဲ့လူတစ်ယောက်ပုံစံဖြစ်သွားသည်။
Ling Xiao ကYou XiaoMo အရင်က ဖွင့်ဟပြောဖူးတာ တစ်ခုကိုသတိရသွားသည် ဖြစ်နိုင်တာက …… အရူးတစ်ယောက်ကပဲ ပေးနေတဲ့အခွင့်အရေးကို အသာစီးမယူပဲနေမှာ။
ကောင်ငယ်လေးက သူပြောတဲ့ဒီစကားတွေကို လုံးဝ မမျှော်လင့်ထားပဲ အဲဒိနေရာမှာတင် မတ်တပ်ကြီး ကြက်သေသေနေတာ You XiaoMo သူ့မျက်နှာရှေ့မှာ ကြိမ်ဖန်များစွာ မဝေ့ယမ်းပြခင်အထိဖြစ်သည်။ အဲဒိတော့မှ သူက စိတ်အာရုံပြန်ရလာကာ ရှက်ပြီး နီရဲတက်လာပြိး ထစ်ထစ်ငေါ့ငေါ့နှင့် 'အစ်ကို …… တကယ်ပြောတာလား?´
'ဒါပေ့ါ´
You XiaoMo က ခေါင်းသေချာညိမ့်ပြလိုက်သည်။ သူက ဒီကောင်လေးမှာ ခက်ခဲတဲ့အချိန်ဖြစ်နေလိမ့်မယ်လို့ ခန့်မှန်းပြီးသားဖြစ်သည်။ ဒါကြောင့် သူက သူ့အတွက် ဈေးတွေ လျော့ပေးနေတာဖြစ်သည်။ ဖြစ်နိုင်ချေများတာကတော့ သူ့အမေက ဒီကလေးငယ်လေးကို ဈေးဆိုင်ကို ကြည့်ဖို့ခွင့်ပြုထားတည်းက သူ့အမေနဲ့ပတ်သတ်လိမ့်မည်။ ပိုပြိးဖြစ်နိ်ုင်တာကတော့ သူ့တို့ငွေလိုတာမျိုးလဲ ဖြစ်လိမ့်မည်။
အဆုံးမှာတော့ ကောင်လေးက ဈေးတစ်ခုကို ပြောလိုက်သည်
ဒါက အရင်မျိုးဆက်က လက်ဆင့်ကမ်းပေးခဲ့တာတွေမို့လို့ သုံးထားသည့် ကျောက်စိမ်းက သာမာန်ကျောက်စိမ်းမဟုတ်။ သို့သော် ကောင်လေးမိသားစုကလဲ အဲဒါက ဘာကျောက်စိမ်းအမျိုးအစားနဲ့လုပ်ထားတာမှန်း မသိတဲ့ အခါကျတော့ သူတို့က တစ်ခုကို ရွှေပြားသုံးဆယ်ပဲ သတ်မှတ်လိုက်တာဖြစ်သည်။
ဒီဈေးကို ကြားတော့ You XiaoMo က အတော်ကြာ တိတ်ဆိတ်သွားသည်။ ဒီကောင်ငယ်လေးက ပိုက်ဆံပြတ်နေလို့ရူးပြီးတော့ပဲ သုံးဆယ်တန်ပစ္စည်းကို သုံးအထိတန်းချလိုက်သလားပဲ။
အဲဒါက ရွှေသုံးပြားပဲ ဖြစ်နေရင်တောင်သူတို့မိသားစု အတွက် က လုံလောက်တဲ့ ငွေပမာဏဟု သတ်မှတ်နိုင်နေပြီ။
You XiaoMo က ကောင်ငယ်လေးကို ရွှေပြား သုံးရာ့ခြောက်ဆယ် တန်းပေးလိုက်သည်။
သူ့အတွက်တော့ ရွှေပြားရာဂဏန်းက သူမှော်ဆေးပင် မျိုးစေ့နည်းနည်းဝယ်ဖို့တောင် မလောက်ငပေ။ သို့သော် ဒီကောင်လေးအတွက်ကတော့ ဒီရွှေပြားတွေက သူတို့မိသားစုတစ်ခုလုံး အချိန်အတန်ကြာအထိ လုံလောက်နေသည်။ သူတို့ ဈေးဆိုင်မဖွင့်ရင်တောင်သူတို့ ငတ်ပြီးတော့ မသေနိုင်တော့။
ကောင်လေးက ရွှေပြားတွေ ယူပြိးတာနဲ့ သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် နီတက်လာသည်။ သူက နောက်လှည့်ကာ တစ်ချိုါ်တည်း ဈေးဆိုင်အနောက်ကို ပြေးသွားတော့သည်။ You XiaoMo တောင် သူ့ကိုတားဖို့ အလျင်မမီလိုက်ပေ။ သူက အခုထိ အကဲဖြတ်ကျောက်တုံးမ၀ယ်ရသေးဘူးလေ အာ….
အဲဒိအချိန်မှာပဲ ကောင်လေးပြေးဝင်သွားတဲ့ဆီဘက်ကနေ အော်ခေါ်သံများကြားရကာ နောက်ဆက်တွဲအနေနဲ့အဆက်မပြတ် ချောင်းဆိုးသံတွေပါ ကြားရသည်။ You XiaoMo မှန်းဆသလိုပဲ ကောင်ငယ်လေးရဲ့ အမေက ဖျားနေသည်။
ခဏကြာတော့ ကောင်လေးက လှပသော အမျိုးသမီးငယ် တစ်ယောက်ကို တွဲကာ ခြံအနောက်ဖက်တံတားကနေ လျှောက်ဝင်လာသည်။ အမျိုးသမီး၏မျက်နှာက သေခါနီးလို ဖျော့တော့နေကာ ဘာအရောင်အဆင်းမှ ရှိမနေ သို့သော် သူ့နဂိုအလှကတော့ တွေ့နေရဆဲဖြစ်သည်။ သူ့ရဲ့ပြင်းပြင်းထန်ထန်နေမကောင်းတာကြောင့် သူ့အရေပြားနဲ့ အရိုးတွေထဲကနေကို ဆိုးရွားလှတဲ့ ညှင်းပန်းနှိပ်စက်မှုကို ခံနေရတာကြောင့် အများကြီးဖြစ်နိုင်သည်။