[ ခါတိုင်းလိုပဲ အောင်သွယ်တော် လာလုပ်ပြန်ပြီလား ]
ကျင့်ကြံခြင်းလောကထဲတွင် ဖန်ရှင်းပုလဲလုံးကို လိုချင်တပ်မက်ချင်သူမှာ အရေအတွက်အားဖြင့် တစ်ထောင်မပြည့်စေဦးတော့ ၊အနည်းဆုံး ရှစ်ရာနီးပါးခန့်တော့ ရှိသည်။ သို့သော် အများစုမှာ စိတ်ကူးယဥ်နေရုံမျှသာ တတ်နိုင်၏။
ချိုးရွှမ်ကျီးအမည်ရှိသော ဤအထပ်ကိုးထပ်ရှိ ယန္တရားတိုက်ကြီးကို ဂန္တ၀င်တွင်ကျော်ကြားလှပေသော ဗိသုကာပညာရှင် ဆရာသခင်ကြီးလူပန်၏ ဆရာတူညီအရင်းမှ ဖန်တီးတည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။တိုက်ကြီးအတွင်းထဲ၀ယ် အန္တရာယ်အလွန်များသော စက်ယန္တရားများကို တပ်ဆင်ထားခဲ့ကြသဖြင့် အသွားမတော်တစ်လှမ်းဆိုသလိုပင် ၊ ခဏတာမျှ သတိဝီရိယ လွတ်သွားလျှင်ပင် ဇီဝိန်ခြွေခံရပြီး ဖြစ်လေမည်။မကြာသေးမီနှစ်အတောအတွင်း၌ပင် ဤနေရာ၌ သေဆုံးသွားခဲ့ရသော သိုင်းပညာရှင်များ မနည်းလှ။ထိုအကြောင်းကြောင့်လည်း ထိုယန္တရားတိုက်၏ လျှို့ဝှက်ဆန်းကြယ်မှုဂုဏ်သတင်းမှာ ပိုမို ကျော်စောလာလေသည်။
ယနေ့မတိုင်မီအချိန်ထိ သွမ့်ယောင်မှာ ဤသတင်းမျိုးကို ကြားဖူးနား၀ရှိသော်လည်း ကျုံးယွမ်ဒေသ၏ကျင့်ကြံရေးလောကအကြောင်း စိတ်မ၀င်စားခဲ့သဖြင့်အထူးတလည် စိတ်ထဲတွင်ပင် ထည့်မထားမိ။ ထ်ိုယန္တရားတိုက်သည် အန္တရာယ်များသည်၊ အင်မတန့် အင်မတန် အန္တရာယ်များသည် ဟူ၍သာ သိထား၏။ နောင်တစ်ချိန် အကြောင်းကြုံကြိုက်လာလျှင်တော့ ၀င်ရောက်စူးစမ်းကြည့်ဦးမည် ဟူ၍သာ တေးမှတ်ဖူးရုံမျှသာ။ ယနေ့လိုမျိုး ဘုမသိဘမသိ ရောက်သွားဖူးမည်ဟု လုံး၀မျှော်လင့်
မထားခဲ့။
သွမ့်ပိုင်ယွဲ့က ထိုပုလဲလုံးအား သစ်သားသေတ္တာငယ်ထဲ သေချာထည့်သိမ်းပြီးသော် တည်းခိုဆောင်သို့ ပြန်သွားနှင့်လေပြီ။
သွမ့်ယောင် - "............"
အပြန်လမ်းတစ်လျှောက် တစ်ယောက်နှင့်တစ်ယောက် စကားမဆိုဖြစ်။ အိပ်ခန်းရှေ့အရောက်တွင်မှ သွမ့်ပိုင်ယွဲ့က ညီငယ်ဖြစ်သူအား ပခုံးအသာပုတ်ပေးကာ နှစ်သိမ့်လာ၏။
"ဒီနေ့တော့ မင်း အတော်လေးပင်ပန်းသွားရှာပြီ ။ မြန်မြန်ပြန်အိပ်လိုက်တော့ ၊ ဟုတ်ပြီလား"
သွမ့်ယောင်က သူ့လက်ကိုရှောင်ဖယ်ကာ အခန်းတွင်းသို့ အတင်း၀င်ချလာ၏။အစ်ကိုဖြစ်သူလည်း နောက်မှ အသာလိုက်လာကာ
"ဒါ ပန်၀မ်ရဲ့ အခန်းနော်"
"ကျွန်တော့်ကို ပြကြည့် "
"ဘာကိုပြရမှာလဲ"
ကျကျနန ထိုင်ရင်း လက်ကမ်းလာသော ညီဖြစ်သူ၏ အမေးစကားကို သွမ့်ပိုင်ယွဲ့က မသိကျိုးကျွံပြုနေသည်။
"ဘာရှိရမှာတုန်း.....အဲ့ဒီပုလဲလုံးပေါ့။
သိုင်းလောကတစ်ခုလုံး အဲ့ပုလဲကို ဘာလို့ ငမ်းငမ်းတက်လိုချင်နေကြတာလဲဆိုတာ သိချင်လို့လေ ။ ဒါနဲ့ အစ်ကိုကြီးကရော ဘာလို့ သူများတွေလို လိုချင်လာတာတုန်း"
"မသိဘူး"
"......."
မသိဘူး ဟုတ်လား?
"ပန်၀မ်မဟုတ်ဘူး။ ဒီပုလဲကို လိုချင်နေတာက တခြားလူတစ်ယောက်။ အခု မင်းလိုက်လာတော့ လမ်းကြုံနေလို့ ၀င်ယူခိုင်းလိုက်တာ"
"လမ်းကြုံလို့ဟုတ်လား...."
သွမ့်ယောင်တစ်ယောက် တကယ်ပင် စိတ်ဆိုးနေလေပြီ။
"အထဲမှာ ဘယ်လောက်အန္တရာယ်များလဲ နောင်တော် သိရဲ့လား"
"ဒီထက် အန္တရာယ်များရင်တောင် မင်းသာဆိုရင် ဘေးမသီရန်မခ ပြန်ထွက်လာနိုင်မှာ သေချာနေတာပဲ ။ နည်းနည်း ညစ်ပတ်ပေရေသွားတာကလွဲလို့ ဘာမှ ထိခိုက်မလာဘူးမလား"
သွမ့်ပိုင်ယွဲ့ဘက်ကမူ အပူအပင်မရှိစွာပင် တုံ့ပြန်လာ၏။ သွမ့်ယောင်စိတ်ထဲတွင်တော့
ဒေါသမထွက်ထွက်အောင်ဆွနိုင်သော ဤလူနှင့် ခရီးဆက်ရလျှင် မြို့တော်ပင်ရောက်လိုက်ရမည်မဟုတ် ၊ လမ်းခုလတ်၌ပင် ဒေါသထွက်လွန်း၍ နှလုံးဖောက်ကာ သေရလိမ့်မည်ဟု တွေးမိပြီဖြစ်သည်။
ညီဖြစ်သူထွက်သွားတော့မှ သွမ့်ပိုင်ယွဲ့ကအင်္ကျီလက်အိတ်ထဲမှ သစ်သားသေတ္တာငယ်ကိုထုတ်ကာ ပုလဲလုံးကို ထုတ်ကြည့်လိုက်သည်။ အနှီပုလဲမှာ ချောမွတ်လှပနေခြင်း အလျဥ်းမရှိ ၊ အရောင်အဆင်းကလည်း ထိုင်းထိုင်းမှိုင်းမှိုင်း ၊ ထုပ်ပိုးထားသော အ၀တ်စများမှာလည်း လမ်းဘေးသူတောင်းစားတစ်သိုက်မှ လုယူထားသည့်နှယ် စုတ်ပြတ်ပေရေနေသည်။ မဆိုစလောက်သာ တန်ဖိုးရှိမည့်ပုံပင်။ မည်သို့ပင်ကြည့်ကြည့် နားမလည်နိုင်တော့သဖြင့် ရှီးနန်၀မ်ကြီးလည်း မျက်မှောင်ပင်ကြုံ့နေလျက်။
ဘေးကပ်လျက် အိပ်ခန်းတွင်တော့စိတ်ဆိုးဆိုးနှင့် ပြန်လာသော သွမ့်ယောင်လည်း
ကိုယ်လက်သန့်စင်ပြီးကာ အိပ်ရာ၀င်လိုက်သည်မှာ နောက်တစ်နေ့ မွန်းတည့်ချိန်မှ နိုးလာလေသည်။ သွမ့်ပိုင်ယွဲ့ဆီ လုံး၀ သွားမတွေ့ ဘဲ ပြတင်းပေါက်ဘက်မှ ခုန်ကျော်ကာ မြို့ထဲ လျှောက်ပတ်သွားနေလိုက်သည်။မုန့်များ၀ယ်စားလိုက် ၊ စားသောက်ဆိုင်ထဲ၀င်ပြီး ဟင်းပွဲအကြီးစားများ မှာစားလိုက်နှင့် ညမှောင်တော့မှ တည်းခိုဆောင်သို့ပြန်လာလေ၏။
"ရော့ "
သွမ့်ယောင်က မိမိလက်ထဲမှဆေးပုလင်းအား စားပွဲပေါ်သို့ ဆောင့်ပြီး ချပေးလိုက်ကာပြော၏။
"တည်းခိုခန်းက မီးဖိုချောင်ကို ခဏငှားသုံးလိုက်တာ ။ ခုလေးတင် ပူပူနွေးနွေး ပြုတ်ပြီးခါစ၊ သောက်လိုက်ဦး "
"ဒီနေ့ ဆယ့်ငါးရက်နေ့ဆိုတာကို မင်းမေ့နေပြီထင်နေတာ"
သွမ့်ပိုင်ယွဲ့က ပြုံးရင်းဆိုလာသော်လည်း
သွမ့်ယောင်က တံခါးအ၀င်၀နားမှာတင် နောင်တော်ဖြစ်သူအား မေးထောက်ပြီး
စူးစိုက်ကြည့်နေ၏။
ထိုစဥ် ၀မ်းဗိုက်ပူပူ ကုန်သည်ကြီးတစ်ယောက်မှာ အတော်လေး ရေချိန်ကိုက်နေပြီထင်၊ ၎င်း၏ရောင်းရင်းမိတ်ဆွေတစ်ယောက်နှင့် အော်ကြီးအော်ကျယ် စကားပြောရင်းစနောက်ရင်း ဖြတ်သွားချိန်။ ရယ်၍ပင်မဆုံးလိုက်သေး ၊ အသက် ဆယ့်သုံးဆယ့်လေးအရွယ် လူငယ်လေးတစ်ယောက် ဓားကိုပိုက်ကာ သူ့ဘက် စူးစိုက်ကြည့်လာ၏။ သူ့အား သတ်ဖြတ်ပစ်လိုသော ရက်စက်သော အကြည့်များနှင့်ဖြစ်သည်။ထို့ကြောင့် တဟားဟားအော်ရယ်သံမှာ တိခနဲပြတ်သွားကာ ထိုသူလည်း မိမိအခန်းထဲ တိတ်ဆိတ်စွာ ခပ်သော့သော့ ပြန်၀င်သွားပေသည်။
"သေမှာလား"
သွမ့်ယောင်က တံခါးဘောင်ကိုမှီရင်းဆိုလာသည်။
"နောင်သုံးနှစ်ငါးနှစ်ထိတော့ မသေလောက်သေးဘူး"
"အင်း ။ လူယုတ်မာတွေက သက်ဆိုးရှည်တတ်ပါတယ်လေ "
နှုတ်ခမ်းဆူပြီး ပွစိပွစိပြောလာသော သွမ့်ယောင်စကားကို သွမ့်ပိုင်ယွဲ့ လွှတ်ခနဲရယ်မိလေသည်။
" ဟုတ်ပါပြီ ။ ပန်၀မ်ကို မသေစေချင်လို့ပြောတာလို့ပဲ မှတ်လိုက်ပါ့မယ်"
ထို့နောက် သွမ့်ယောင်လည်း တဝါးဝါးသမ်းရင်း အညောင်းအညာဆန့်ရင်းနှင့် အိပ်ခန်းသို့ ပြန်သွားလေပြီ။
*******
မြို့တော်ဘက်တွင်လည်း ထိုလူသတ်မှုကို လျှို့၀ှက်ထားနေဆဲဖြစ်ပြီး ကူလိ၏ နောက်လိုက်အခြွေအရံများကို နန်းတော်၀န်းထဲ ယာယီ နေထိုင်စေသည်။ အလျင်မြန်ဆုံးမြင်းကောင်းများဖြင့် နေ့မနားညမနား သွားမည်ဆိုလျှင်ပင် အားနူပြည်သို့ အသွားအပြန်ခရီးမှာ အနည်းဆုံး သုံးလမျှ အချိန်ယူရမည်မလွဲ ။ ဒီထက်ပိုမြန်အောင် မည်သို့မျှလုပ်ယူ၍မရတော့။
********
နေ့လယ်ခင်းအချိန် တစ်ခုတွင်ဖြစ်၏။
တော်၀င်စာကြည့်ဆောင်တံခါး၀ရှေ့
ရပ်လျက်ရှိနေသော ရှစ်ဇီကုန်းကုန်းမှ
သံတော်ဦးတင်လာသည်။
"အရှင်မင်းမြတ်ဘုရား ၊ စစ်သူကြီးရှန်
ပြန်ရောက်လာပြီဖြစ်ကြောင်းပါ"
"ဟုတ်လား။ အမြန် အခစား၀င်ခိုင်းလိုက်"
ချူယွမ်မှာ အလွန်၀မ်းသာသွားကာ စစ်ဆေးကြည့်ရှုလျက်ရှိသော အစီရင်ခံစာ များအား ဘေးသို့ အသာဖယ်ထားလိုက်လေသည်။
"စစ်သူကြီးရှန် ၊ ဒီဘက်ကို ကြွပါ"
ရှစ်ဇီက စစ်သူကြီးရှန်အတွက် တံခါးလှပ်ပေးရင်း ခပ်တိုးတိုး အသိပေးလာ၏။
"အသင့်ကို ဧကရာဇ်အရှင် ချက်ချင်းကြီး အခေါ်တော်လွှတ်လိုက်တယ်ဆိုတာက နန်းတော်ထဲ အင်မတန်ကြီးတဲ့ အမှုအခင်းဖြစ်ပွားနေကြောင်းပါ၊ စစ်သူကြီးရှန် "
ရှန်ချန်းဖန်းလည်း ရှစ်ဇီအား ပြန်လည်ခေါင်းညိတ် ပြုံးပြလိုက်ကာ တော်၀င်စာကြည့်ဆောင်ထဲ ၀င်ရောက်သွားလေသည်။
******
ကျန်းနန်နယ် သိုင်းလောကအတွင်းတွင် ရှန်မျိုးနွယ်၏ နာမည်ကျော်ကြားလှသော သူရိယစန္ဒာတောင်စခန်းကို မသိသူမရှိကြသလောက်ပင်။ လက်ရှိခေါင်းဆောင်ဖြစ်သူ အကြီးအကဲရှန်ဖုန်းလည်း တရားမျှတခြင်း ၊ ပညာပါရမီပြည့်၀ခြင်းစသော အရည်အချင်းတို့နှင့် ကျော်စောထင်ရှား၏။
သားအကြီးဖြစ်သူ ရှန်ချန်းဖုန်းသည်လည်း သိုင်းပညာအဆင့် မြင့်မားသည့်အပြင် နောင်မျိုးဆက်တွင် ဂိုဏ်းချုပ်ရာထူးဆက်ခံမည့် ခေါင်းဆောင်အလောင်းအလျာအဖြစ် လူသိများကြသည်။
ဒုတိယသားဖြစ်သူ ရှန်ချန်းချန်းကမူ သိုင်းလောကသို့ ၀င်ရောက်လာခြင်းမရှိသော်လည်း မျိုးရိုးမြင့်မိသားစု၀င် သခင်လေးတစ်ဦးပီသစွာ ရဲရင့်ချောမောသည်။
စတုတ္ထသားဖြစ်သူ ရှန်ချန်းလင်ကတော့ ဖြူစင်ရိုးသားခြင်း ၊ မေတ္တာတရားပြည့်၀ခြင်းဂုဏ်ဖြင့်ကျော်စောကာ အမြဲတစေ လန်းဆန်းတက်ကြွနေတတ်သဖြင့် သူ့အပြုံးတစ်ချက်နှင့်သာဆိုလျှင် ဟေမာန်ဆောင်းအတွင်းပင် ပန်းမာလာများ ပွင့်လန်းလာနိုင်လောက်အောင် နွေးထွေးသည်ဟု ဆိုကြသည်။
တတိယမြောက်သားရတနာမှာမူ တာ့ချူတိုင်းပြည်ကြီး၏ စစ်နတ်ဘုရားဟုပင် ခေါ်ဆိုသမုတ်ကြသော စစ်သူကြီး ရှန်ချန်းဖန်းပင် ဖြစ်လေသည်။
နန်းလုပွဲအရေးအခင်းကတည်းကဖြစ်စေ ၊ နန်းတက်ပြီးမောက် ဆူပူအုံကြွလာသော အရေးအခင်းများတွင်ဖြစ်စေ ၊ ရှန်မျိုးနွယ်မှာ လက်ရှိဧကရာဇ်အတွက် အထောက်အပံ့ကောင်းကြီးတစ်ခုအဖြစ် မားမားမတ်မတ်ရပ်တည်နေခဲ့သည်။ ထို့ကြောင့်လည်း ချူယွမ်က ရှန်ချန်းဖန်းအား အရင်းနှီးဆုံးလူယုံတော်အဖြစ်ထားခြင်းမှာ သိပ်မဆန်းလှ။
ဤလူသတ်မှုမတိုင်ခင်၌ ချန်းဖန်းက မိဘနေရပ်သို့ ခေတ္တ ပြန်သွားရာ ယခု လ၀က်ပင်မပြည့်သေးမီ ဘုရင့်အမိန့်တော်ဖြင့် ပြန်လည်ဆင့်ခေါ်ခြင်းခံရ၍ မြို့တော်သို့ အပြေး ပြန်လာရခြင်းဖြစ်၏။
"စစ်သူကြီးရှန်ကို ကိုယ်တော် ပင်ပန်းစေမိပြီ"
ချူယွမ်က ရွှေနဂါးပလ္လင်တော်မှဆင်းလာရင်းဆိုလာခဲ့သည်။
"မဟုတ်ရကြောင်းပါ အရှင်မင်းမြတ် ၊ ကျွန်တော်မျိုးရဲ့ တာ၀န်သာဖြစ်ပါတယ်။ အခု နန်းတော်ထဲ ဘယ်လ်ိုအမှုအခင်း ပေါ်ပေါက်လာလို့ပါလဲဘုရား "
"လျိုမျိုးရိုးဘက်က စပြီးလှုပ်ရှားလာတဲ့ အရိပ်အယောင်တွေရှိလာတယ်။ မင်းကို ဆင့်ခေါ်လိုက်တာလည်း ဒီအကြောင်းကြောင့်ပဲဆိုပါတော့ ။ သူတို့ကို ငါကိုယ်တော် တစ်ခါတည်း အမြစ်ပြတ် ရှင်းထုတ်ပစ်ချင်တယ်"
"မှန်လှပါ ။အရှင် ကြိုတင် ကြံစည်ထားတဲ့အတိုင်း စပြီးဆောင်ရွက်ရတော့မလား "
"ဟင့်အင်း ၊ ဒါက ကိစ္စတစ်ခု။ နောက်ကိစ္စတစ်ခုရှိသေးတယ် ။ မင်း ကြားပြီးပြီလားတော့ ကိုယ်တော် မပြောတတ်ဘူး"
ရှန်ချန်းဖန်းက ခေါင်းအသာခါလိုက်ကာ-
"ကျွန်တော်မျိုးက ကျင်းနန်ကနေ မြို့တော်ထိ ချက်ချင်း အမြန်ခရီးနှင်လာတာမို့ ဘယ်သူနဲ့မှ စကားပြောချိန် မရှိခဲ့ပါ ၊ လမ်းခုလတ်မှာလည်း ထူးထူးခြားခြားသတင်းမျိုး မကြားခဲ့ရပါ အရှင် "
"ကူလိ အသတ်ခံလိုက်ရတယ်"
"လျိုမျိုးရိုး လက်ချက်ပဲလား ဘုရား"
ချူယွမ်က ရွှေနဂါးပလ္လင်ပေါ် ပြန်ထိုင်ရင်း အေးစက်စွာ ရယ်လိုက်ကာ။
"ကိုယ်တော်လည်း မင်းလို ထင်မိတယ်"
"ယနေ့ထက်ထိ တရားခံအစစ် ဖမ်းမမိသေးတာလား အရှင်"
"ဘယ်သူမှန်းသိနေရင်တောင် ဖမ်းလို့မမိသေးဘူးလို့ပဲ ဆက်ဟန်ဆောင်နေရတာပေါ့ ။ ဘာများ လုပ်လို့ရမတဲ့လဲ "
"ဒါဆို အရှင်မင်းမြတ် ဘယ်လိုဆက်လုပ်ဖို့ ဆန္ဒရှိပါသလဲ ဘုရား"
"ဖြစ်ကြောင်းကုန်စင်ကို ငါကိုယ်တော် စာရေးပြီး အားနူပြည်ဘက် ပို့ထားခိုင်းတယ်။
ဒါပေမယ့် ရှားဒါရဲ့ ပင်ကိုစရိုက်သာဆိုရင် တစ်ယောက်ယောက် ကုန်းချောစကားလာပြောရုံနဲ့ အယုံလွယ်ပြီး ပြဿနာလာရှာမှာစ်ိုးတယ်။ ဒါကလည်း ဒို့တွေရဲ့ ချူပြည်ဘက်က စမှားတာကိုး ၊ တစ်ချက်ထပ်မှားတာနဲ့
မလိုလားအပ်တဲ့ကောလာဟလတွေ ပျံ့မှာစိုးရတယ်"
"ကျွန်တော်မျိုး နားလည်ပါပြီ အရှင်"
"ဟုတ်ပါပြီ။ မင်းလည်း မရပ်မနားပြန်လာခဲ့ရတော့ ပင်ပန်းနေလောက်ပြီဆိုတော့ အိမ်ပြန်ပြီး အနားယူလိုက်ပါတော့ ။ တခြားကိစ္စတွေကို နောက်ရက်မှ ကိုယ်တော်တို့ဆက်ဆွေးနွေးကြရအောင်"
"အရှင်မင်းမြတ်အား သံတော်ဦးတင်ပါရစေဘုရား"
အပြင်ဘက်မှ ရှစ်ဇီကုန်းကုန်းက သံတော်ဦးထပ်တင်လာသောအသံပင်။
"ဘဏ္ဍာရေး၀န်ကြီး အမတ်မင်းလျို အခစား၀င်လိုကြောင်းပါဘုရား"
ရှန်ချန်းဖန်း၏အိမ်ပြန်မည့်ခြေလှမ်းများသည် တံခါး၀အရောက်တွင် တုံ့ခနဲ ရပ်သွားရချေ၏။
" အတွင်းဘက် သွားစောင့်နေချေ"
ချူယွမ်လည်း ချန်းဖန်းအား အမြန်ရှောင်ပုန်းနေရန် အရိပ်အကဲပြလိုက်တော့မှ ချန်းဖန်း ချက်ချင်း စိတ်သက်သာရာရသွားသည့်ဟန်။
ထို့နောက် ကန့်လန့်ကာ တံခါးချပ်နောက်၌ အပြေးသွားပုန်းနေလိုက်၏။
အမတ်မင်းလျိုမှာ ပွင့်လင်းသောစရိုက်ရှိကာဆူထွက်နေသောဗိုက်ခေါက်ထူမှာ ရာထူးကြီးပုဂ္ဂိုလ်မှန်း ထပ်လောင်းအားဖြည့်ထားသည့်နှယ်။ ပုံမှန်အားဖြင့် လူချစ်လူခင်ပေါရမည်မှန်သော်လည်း ၎င်း၏အကျင့်ဆိုးတစ်ခုမှာ တောင်စဥ်ရေမရ စကားအလွန်များခြင်းဖြစ်သည် ။ အဓိကပြဿနာမှာ မိမိကိုယ်မိမိ အောင်သွယ်တော်ကြီး၊ မြားနတ်မောင်ကြီးဟု ခံယူကာ စစ်သူကြီးရှန်နှင့်တွေ့တိုင်းတွေ့တိုင်း မိမိတူမဖြစ်သူနှင့် အတင်းပေးစားလေ့ရှိတတ်သည်။ ဧကရာဇ်ဖြစ်သူကိုပင် ချန်မထားဘဲ လက်ထပ်ဘိသိက်ပွဲကျင်းပရန် အမြဲတစေတိုက်တွန်းလေ့ရှိသည်။ အင်မတန်မှ ခေါင်းခဲစေနိုင်သော လူကြီးတစ်ယောက်ပင်။
ဤသို့သောလူမျိုးကို မတွေ့လေကောင်းလေဟုဆိုကာ ကြိုတင်ရှောင်ရှားထားသင့်သည်မဟုတ်လား။
"ဧကရာဇ်အရှင်ကို ကျွန်တော်မျိုး
ဂါရ၀ပြုပါတယ်"
"ဟုတ်ပါပြီ ။ အိုက်ချင်း သက်တောင့်သက်သာဖြစ်သလို နေပါလေ "
"ကျေးဇူးကြီးလှကြောင်းပါဘုရား "
ချူယွမ်က အမတ်မင်းလျိုအတွက် ခုံယူလာပေးရန် ရံရွှေတော်များကို အရိပ်အကဲပြလိုက်သည်။ အမတ်မင်းလျို၏လက်ထဲတွင်တော့ စက္ကူလိပ်တစ်လိပ်အား ကိုင်ဆောင်ထားသည်။
"ကျွန်တော်မျိုး နန်းတော်တံခါး၀ ဖြတ်လာတုန်းက စစ်သူကြီးရှန် ပြန်ရောက်လာကြောင်းသတင်း ကြားလိုက်မိပါတယ် အရှင်"
"အဟမ်း .....အင်း ။ သူ့စံအိမ်ကို ပြန်သွားပြီ"
အမတ်မင်းလျိုမှာ ၀မ်းသာလွန်း၍ မျက်၀န်းများပင် အရောင်တဖျတ်ဖျတ်လက်၍နေသည်။စစ်သူကြီး၏ စံအိမ်တော်အထိ လိုက်သွားရန် စိတ်ထဲတွင်အစီအစဥ်ချပြီးသွားလောက်ပေပြီ။
ရှန်ချန်းဖန်းလည်း ဤညတော့ နန်းတော်ထဲမှာပင် ညစာစားပြီး ညဥ့်နက်သန်းခေါင်ကျော်မှ အိမ်ပြန်ရန် ဆုံးဖြတ်ပြီးလေပြီ။
"ကိုယ်တော့်ရဲ့စာကြည့်ဆောင်အထိ အိုက်ချင်းလိုက်လာတာ ချန်းဖန်းကို လာရှာရုံတစ်ခုပဲလား"
"မဟုတ်ရကြောင်းပါ အရှင် ၊
လုံး၀မဟုတ်ရကြောင်းပါ "
အမတ်မင်းလျိုမှာ ယူဆောင်လာသော စက္ကူလိပ်ကို ဆက်သလာလေပြီး
"ဒါက ကောင်လိပြည် မင်းသမီးရဲ့ ပုံတူပန်းချီပါ အရှင်မင်းမြတ် ။ မနေ့ကမှ လက်ခံရရှိထားကြောင်းပါ "
"ကိုယ်တော့်ကို ဧကရီဘုရင်မတစ်ပါး
အမြန်တင်မြှောက်စေချင်ပြန်ပြီပေါ့။ ဟုတ်လား"
ပုံတူပန်းချီကားထဲက နူးညံ့သိမ်မွေ့ဟန်ရသော မိန်းမလှကို မျက်မှောင်ကြုံ့ကာကြည့်ရင်း ချူယွမ်ဆိုလာတော့ အမတ်မင်းလျိုက အတင်း ခေါင်းခါပြလာ၏။
"ဒီတစ်ခေါက်တော့ မဟုတ်ရကြောင်းပါအရှင်။ အကယ်၍ ဧကရာဇ်အရှင်အတွက် ဧကရီဘုရင်မတစ်ပါး တင်မြှောက်ရွေးချယ်ရမယ်ဆိုရင် ချူတိုင်းပြည်ကြီးတစ်၀ှမ်းလုံးမှာရှိတဲ့ မိန်းမပျိုအချောအလှများကို ဆင့်ခေါ်ပြီး သေချာစိစစ် ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် သင့်လျော်မှုရှိရမယ် ၊ ဣန္ဒြေသိက္ခာနဲ့ ပြည့်စုံရပါမယ် ၊ ရုပ်ရည်ရူပကာရော ပညာဉာဏ်ရော တရားမျှတမှုနဲ့ပါ ပြည့်စုံရပါမယ် ။ ဒီလို ရွက်ကြမ်းရေကျိုအလှမျိုးနဲ့ နယ်မြေခြားကနေ ရောက်လာတဲ့ မိန်းမပျိုကို အရှင့်ရဲ့ဧကရီ၊ ချူတိုင်းပြည်ရဲ့ မာတာမိခင်နေရာမျိုးမှာ ဘယ်လိုဖြစ်ခွင့်ပေးရမှာလဲ ဘုရား"
ထို့နောက် ဆက်ပြီးဆိုလာပြန်၏။
"ပိုဆိုးတာက အရမ်းပိန်လှီနေတာပါဘုရား ။ သားသမီးထွန်းကားပေးဖို့ အခက်အခဲရှိလောက်ပါတယ် "
ချူယွမ် - "..........."
*********
"အဟွတ် အဟွတ်"
တည်းခိုဆောင်တွင် သွမ့်ပိုင်ယွဲ့တစ်ယောက် ချောင်းတဟွတ်ဟွတ်ဆိုးလို့နေသည်။
သွမ့်ယောင်မှာ မိမိရှေ့ရှိ ပခြုပ်အဖုံးကို အမြန်ပိတ်လိုက်ရသည် ၊ အထဲရှိ ပိုးကောင်ငယ်များ အပြင်ထွက်ကျမည်စိုးသောကြောင့်။
"ခေါင်းနည်းနည်းမူးတယ်"
"မင်္ဂလာဆောင်လိုက်ရင် ပျောက်သွားလိမ့်မယ် "
"မင်္ဂလာဆောင်ရင် ခေါင်းကိုက်တာ ပျောက်တယ်ပေါ့?"
"ပျောက်မယ်ထင်တာပဲ ။ မင်္ဂလာဆောင်လိုက်ရင် ရောဂါအားလုံးပျောက်တယ်တဲ့ "
သွမ့်ယောင်က ပိုးကောင်များကို ပုလင်းထဲ ပြောင်းထည့်ရင်း ထပ်ဆိုလာသည်။
"အရင် အစ်မတော်(၃) ဗိုက်အရမ်းအောင့်တုန်းက မယ်တော်ကြီးပြောပြတာ ၊ ယောကျ်ားယူပြီး ကလေးမွေးလိုက်တဲ့။ နောင်ကျရင် ဗိုက်အောင့်တာပျောက်သွားလိမ့်မယ်တဲ့ ။ နောင်တော်လည်း ကလေးတစ်ယောက်လောက် မွေးကြည့်လိုက်လေ "
"......."
*******
၀မ်းသာ ရွှင်ပျနေသော အမတ်မင်းလျိုမျက်နှာကို မြင်သော် ချူယွမ်မှာ အမတ်မင်းကို အမြန်သယ်ထုတ်သွားရန် ရဲမက်များအား အမိန့်ပေးချင်စိတ် တဖွားဖွား ပေါ်နေချေပြီ။ မိမိတော့ ခေါင်းကိုက်လှချေပြီ ၊ အမတ်မင်းက ပြန်မည့်အရိပ်အယောင်တောင် မပြသေး။
"ဒါဆိုရင်လည်း အိုက်ချင်း ကိုယ်တော့်ကို ဘာလို့လာပြနေသေးလဲ "
"ဒီလိုပါ အရှင်မင်းမြတ်။ ဒီမိန်းမပျိုဟာ ကောင်လိပြည်ဘုရင်ရဲ့ နှမတော်ပါ ၊ ကျင်းချူးလို့ အမည်ရှိပါတယ်။ လက်ဆက်ထိမ်းမြားဖို့အရွယ်ရောက်နေပေမယ့် လက်ထပ်ဖို့ ငြင်းဆန်နေကြောင်းသိရပါတယ်။ ထပ်ခါထပ်ခါမေးကြည့်မှ မင်းသမီးက ရှီးနန်ဘုရင် သွမ့်၀မ်နဲ့မှ ထိမ်းမြားချင်နေကြောင်း သိရပါတယ်ဘုရား"
"......."
ဘယ်သူလို့ပြောလိုက်တယ်!!!!
အမတ်မင်းလျိုလည်း နောက်တစ်ကျော့ ထပ်ဆိုလာ၏။
"ရှီးနန်ဘုရင် သွမ့်၀မ်နဲ့ပါ ဘုရား"
ချူယွမ် - "......"
ကန့်လန့်ကာနောက် ပုန်းကွယ်နေသော ရှန်ချန်းဖန်းလည်း အံ့သြမိသည်။ ချူပြည်ကြီး၏လက်အောက်ခံ တုန်းပေနယ်၏ မင်းသမီးတစ်ပါးမှ ရှီးနန်ဘုရင်နှင့် ထိမ်းမြားလိုသည့်ကိစ္စတွင် ဘယ်အကြောင်းကြောင့် မင်းသမီးပုံတူပန်းချီကို ဧကရာဇ်ထံ မဆီမဆိုင် လာရောက်ပြသရပါသလဲ။
"ဒီကိစ္စက အိုက်ချင်းနဲ့ ဘယ်လိုပတ်သက်နေလို့လဲ"
ချန်းဖန်းမေးလိုနေသော မေးခွန်းကို ချူယွမ် မေးလာ၏။
"သွမ့်၀မ်ရဲ့စရိုက်က အင်မတန်မှ ရက်စက်ကြမ်းကြုတ်လွန်း ခေါင်းမာလွန်းတဲ့အပြင် ကောင်လိဘုရင်နဲ့လည်း ပဋိပက္ခရှိဖူးပါတယ်တဲ့ ဘုရား ။ ဒါပေမယ့် ကောင်လိဘုရင်လည်းသောင်းကျန်းနေတဲ့ နှမတော်ဖြစ်သူကိုမထိန်းနိုင်လို့ ခေါင်းခဲနေရကြောင်းပါ ၊ ကြံရာမရတဲ့အဆုံး ဒီနည်းလမ်းကို စဥ်းစားမိကြောင်းပါ ဘုရား"
"ဘာနည်းတဲ့တုန်း"
" သွမ့်၀မ်ဘက်က ထိမ်းမြားပွဲကိုလက်ခံလာအောင် အရှင်မင်းမြတ် ကူညီပေးဖို့ ကောင်လိဘုရင် တောင်းဆိုလိုက်ပါတယ်ဘုရား။ မင်းသမီးက သွမ့်၀မ်ရဲ့ ကြင်ယာတော်မဖြစ်ရရင်တောင် အငယ်အနှောင်းဘ၀နဲ့လည်း ကျေနပ်လက်ခံပါမယ်တဲ့ ၊ ကောင်လိဘုရင်လည်း မကန့်ကွက်ပါ ၊ လက်ထပ်ရလျှင်ပြီးရောတဲ့ဘုရား "
အနောက်ဘက်တွင် မှီရင်း နားထောင်နေသော ရှန်ချန်းဖန်းမှာ အမတ်မင်းလျိုကို အံ့သြလို့မဆုံးတော့။ အရှေ့မြောက်ဘက် တုန်းပေနယ်မှသည် အနောက်တောင်ဘက် ရှီးနန်နယ်ထိ အောင်သွယ်တော်လုပ်ပေးနိုင်သည့်အထိ ဝါသနာကြီးလှပေ၏။
တကယ် လေးစားချင်စဖွယ်ပင်။
*********
Thanks for reading
2020.03.27
*********
[ ခါတိုင္းလိုပဲ ေအာင္သြယ္ေတာ္ လာလုပ္ျပန္ၿပီလား ]
က်င့္ႀကံျခင္းေလာကထဲတြင္ ဖန္ရွင္းပုလဲလံုးကို လိုခ်င္တပ္မက္ခ်င္သူမွာ အေရအတြက္အားျဖင့္ တစ္ေထာင္မျပည့္ေစၪီးေတာ့ ၊အနည္းဆံုး ရွစ္ရာနီးပါးခန္႔ေတာ့ ရိွသည္။ သို႔ေသာ္ အမ်ားစုမွာ စိတ္ကူးယဥ္ေနရံုမ်ွသာ တတ္ႏိုင္၏။
ခ်ိဳးရႊမ္က်ီးအမည္ရိွေသာ ဤအထပ္ကိုးထပ္ရိွ ယႏၲရားတိုက္ႀကီးကို ဂႏၲ၀င္တြင္ေက်ာ္ၾကားလွေပေသာ ဗိသုကာပညာရွင္ ဆရာသခင္ႀကီးလူပန္၏ ဆရာတူညီအရင္းမွ ဖန္တီးတည္ေဆာက္ထားခဲ့ျခင္းျဖစ္သည္။တိုက္ႀကီးအတြင္းထဲ၀ယ္ အႏၲရာယ္အလြန္မ်ားေသာ စက္ယႏၲရားမ်ားကို တပ္ဆင္ထားခဲ့ၾကသျဖင့္ အသြားမေတာ္တစ္လွမ္းဆိုသလိုပင္ ၊ ခဏတာမ်ွ သတိဝီရိယ လြတ္သြားလ်ွင္ပင္ ဇီဝိန္ေႁခြခံရၿပီး ျဖစ္ေလမည္။မၾကာေသးမီႏွစ္အေတာအတြင္း၌ပင္ ဤေနရာ၌ ေသဆံုးသြားခဲ့ရေသာ သိုင္းပညာရွင္မ်ား မနည္းလွ။ထိုအေၾကာင္းေၾကာင့္လည္း ထိုယႏၲရားတိုက္၏ လ်ိႈ႔ဝွက္ဆန္းၾကယ္မႈဂုဏ္သတင္းမွာ ပိုမို ေက်ာ္ေစာလာေလသည္။
ယေန့မတိုင္မီအခ်ိန္ထိ သြမ့္ေယာင္မွာ ဤသတင္းမ်ိဳးကို ၾကားဖူးနား၀ရိွေသာ္လည္း က်ံဳးယြမ္ေဒသ၏က်င့္ႀကံေရးေလာကအေၾကာင္း စိတ္မ၀င္စားခဲ့သျဖင့္အထူးတလည္ စိတ္ထဲတြင္ပင္ ထည့္မထားမိ။ ထ္ိုယႏၲရားတိုက္သည္ အႏၲရာယ္မ်ားသည္၊ အင္မတန္႔ အင္မတန္ အႏၲရာယ္မ်ားသည္ ဟူ၍သာ သိထား၏။ ေနာင္တစ္ခ်ိန္ အေၾကာင္းႀကံဳႀကိဳက္လာလ်ွင္ေတာ့ ၀င္ေရာက္စူးစမ္းၾကည့္ၪီးမည္ ဟူ၍သာ ေတးမွတ္ဖူးရံုမ်ွသာ။ ယေန့လိုမ်ိဳး ဘုမသိဘမသိ ေရာက္သြားဖူးမည္ဟု လံုး၀ေမ်ွာ္လင့္
မထားခဲ့။
သြမ့္ပိုင္ယြဲ႔က ထိုပုလဲလံုးအား သစ္သားေသတၲာငယ္ထဲ ေသခ်ာထည့္သိမ္းၿပီးေသာ္ တည္းခိုေဆာင္သို႔ ျပန္သြားႏွင့္ေလၿပီ။
သြမ့္ေယာင္ - "............"
အျပန္လမ္းတစ္ေလ်ွာက္ တစ္ေယာက္ႏွင့္တစ္ေယာက္ စကားမဆိုျဖစ္။ အိပ္ခန္းေရ႔ွအေရာက္တြင္မွ သြမ့္ပိုင္ယြဲ႔က ညီငယ္ျဖစ္သူအား ပခံုးအသာပုတ္ေပးကာ ႏွစ္သိမ့္လာ၏။
"ဒီေန့ေတာ့ မင္း အေတာ္ေလးပင္ပန္းသြားရွာၿပီ ။ ျမန္ျမန္ျပန္အိပ္လိုက္ေတာ့ ၊ ဟုတ္ၿပီလား"
သြမ့္ေယာင္က သူ႔လက္ကိုေရွာင္ဖယ္ကာ အခန္းတြင္းသို႔ အတင္း၀င္ခ်လာ၏။အစ္ကိုျဖစ္သူလည္း ေနာက္မွ အသာလိုက္လာကာ
"ဒါ ပန္၀မ္ရဲ့ အခန္းေနာ္"
"ကြၽန္ေတာ့္ကို ျပၾကည့္ "
"ဘာကိုျပရမွာလဲ"
က်က်နန ထိုင္ရင္း လက္ကမ္းလာေသာ ညီျဖစ္သူ၏ အေမးစကားကို သြမ့္ပိုင္ယြဲ႔က မသိက်ိဳးကြၽံျပဳေနသည္။
"ဘာရိွရမွာတုန္း.....အဲ့ဒီပုလဲလံုးေပါ့။
သိုင္းေလာကတစ္ခုလံုး အဲ့ပုလဲကို ဘာလို႔ ငမ္းငမ္းတက္လိုခ်င္ေနၾကတာလဲဆိုတာ သိခ်င္လို႔ေလ ။ ဒါနဲ႔ အစ္ကိုႀကီးကေရာ ဘာလို႔ သူမ်ားေတြလို လိုခ်င္လာတာတုန္း"
"မသိဘူး"
"......."
မသိဘူး ဟုတ္လား?
"ပန္၀မ္မဟုတ္ဘူး။ ဒီပုလဲကို လိုခ်င္ေနတာက တျခားလူတစ္ေယာက္။ အခု မင္းလိုက္လာေတာ့ လမ္းႀကံဳေနလို႔ ၀င္ယူခိုင္းလိုက္တာ"
"လမ္းႀကံဳလို႔ဟုတ္လား...."
သြမ့္ေယာင္တစ္ေယာက္ တကယ္ပင္ စိတ္ဆိုးေနေလၿပီ။
"အထဲမွာ ဘယ္ေလာက္အႏၲရာယ္မ်ားလဲ ေနာင္ေတာ္ သိရဲ့လား"
"ဒီထက္ အႏၲရာယ္မ်ားရင္ေတာင္ မင္းသာဆိုရင္ ေဘးမသီရန္မခ ျပန္ထြက္လာႏိုင္မွာ ေသခ်ာေနတာပဲ ။ နည္းနည္း ညစ္ပတ္ေပေရသြားတာကလြဲလို႔ ဘာမွ ထိခိုက္မလာဘူးမလား"
သြမ့္ပိုင္ယြဲ႔ဘက္ကမူ အပူအပင္မရိွစြာပင္ တံု႔ျပန္လာ၏။ သြမ့္ေယာင္စိတ္ထဲတြင္ေတာ့
ေဒါသမထြက္ထြက္ေအာင္ဆြႏိုင္ေသာ ဤလူႏွင့္ ခရီးဆက္ရလ်ွင္ ၿမိဳ႔ေတာ္ပင္ေရာက္လိုက္ရမည္မဟုတ္ ၊ လမ္းခုလတ္၌ပင္ ေဒါသထြက္လြန္း၍ ႏွလံုးေဖာက္ကာ ေသရလိမ့္မည္ဟု ေတြးမိၿပီျဖစ္သည္။
ညီျဖစ္သူထြက္သြားေတာ့မွ သြမ့္ပိုင္ယြဲ႔ကအက်ႌလက္အိတ္ထဲမွ သစ္သားေသတၲာငယ္ကိုထုတ္ကာ ပုလဲလံုးကို ထုတ္ၾကည့္လိုက္သည္။ အႏွီပုလဲမွာ ေခ်ာမြတ္လွပေနျခင္း အလ်ဥ္းမရိွ ၊ အေရာင္အဆင္းကလည္း ထိုင္းထိုင္းမိႈင္းမိႈင္း ၊ ထုပ္ပိုးထားေသာ အ၀တ္စမ်ားမွာလည္း လမ္းေဘးသူေတာင္းစားတစ္သိုက္မွ လုယူထားသည့္ႏွယ္ စုတ္ျပတ္ေပေရေနသည္။ မဆိုစေလာက္သာ တန္ဖိုးရိွမည့္ပံုပင္။ မည္သို႔ပင္ၾကည့္ၾကည့္ နားမလည္ႏိုင္ေတာ့သျဖင့္ ရွီးနန္၀မ္ႀကီးလည္း မ်က္ေမွာင္ပင္ႀကံဳ႔ေနလ်က္။
ေဘးကပ္လ်က္ အိပ္ခန္းတြင္ေတာ့စိတ္ဆိုးဆိုးႏွင့္ ျပန္လာေသာ သြမ့္ေယာင္လည္း
ကိုယ္လက္သန္႔စင္ၿပီးကာ အိပ္ရာ၀င္လိုက္သည္မွာ ေနာက္တစ္ေန့ မြန္းတည့္ခ်ိန္မွ ႏိုးလာေလသည္။ သြမ့္ပိုင္ယြဲ႔ဆီ လံုး၀ သြားမေတြ့ ဘဲ ျပတင္းေပါက္ဘက္မွ ခုန္ေက်ာ္ကာ ၿမိဳ႔ထဲ ေလ်ွာက္ပတ္သြားေနလိုက္သည္။မုန္႔မ်ား၀ယ္စားလိုက္ ၊ စားေသာက္ဆိုင္ထဲ၀င္ၿပီး ဟင္းပြဲအႀကီးစားမ်ား မွာစားလိုက္ႏွင့္ ညေမွာင္ေတာ့မွ တည္းခိုေဆာင္သို႔ျပန္လာေလ၏။
"ေရာ့ "
သြမ့္ေယာင္က မိမိလက္ထဲမွေဆးပုလင္းအား စားပြဲေပၚသို႔ ေဆာင့္ၿပီး ခ်ေပးလိုက္ကာေျပာ၏။
"တည္းခိုခန္းက မီးဖ္ိုေခ်ာင္ကို ခဏငွားသံုးလိုက္တာ ။ ခုေလးတင္ ပူပူေနြးေနြး ျပဳတ္ၿပီးခါစ၊ ေသာက္လိုက္ၪီး "
"ဒီေန့ ဆယ့္ငါးရက္ေန့ဆိုတာကို မင္းေမ့ေနၿပီထင္ေနတာ"
သြမ့္ပိုင္ယြဲ႔က ၿပံဳးရင္းဆိုလာေသာ္လည္း
သြမ့္ေယာင္က တံခါးအ၀င္၀နားမွာတင္ ေနာင္ေတာ္ျဖစ္သူအား ေမးေထာက္ၿပီး
စူးစိုက္ၾကည့္ေန၏။
ထိုစဥ္ ၀မ္းဗိုက္ပူပူ ကုန္သည္ႀကီးတစ္ေယာက္မွာ အေတာ္ေလး ေရခ်ိန္ကိုက္ေနၿပီထင္၊ ၄၏ေရာင္းရင္းမိတ္ေဆြတစ္ေယာက္ႏွင့္ ေအာ္ႀကီးေအာ္က်ယ္ စကားေျပာရင္းစေနာက္ရင္း ျဖတ္သြားခ်ိန္။ ရယ္၍ပင္မဆံုးလိုက္ေသး ၊ အသက္ ဆယ့္သံုးဆယ့္ေလးအရြယ္ လူငယ္ေလးတစ္ေယာက္ ဓားကိုပိုက္ကာ သူ႔ဘက္ စူးစိုက္ၾကည့္လာ၏။ သူ႔အား သတ္ျဖတ္ပစ္လိုေသာ ရက္စက္ေသာ အၾကည့္မ်ားႏွင့္ျဖစ္သည္။ထို႔ေၾကာင့္ တဟားဟားေအာ္ရယ္သံမွာ တိခနဲျပတ္သြားကာ ထိုသူလည္း မိမိအခန္းထဲ တိတ္ဆိတ္စြာ ခပ္ေသာ့ေသာ့ ျပန္၀င္သြားေပသည္။
"ေသမွာလား"
သြမ့္ေယာင္က တံခါးေဘာင္ကိုမွီရင္းဆိုလာသည္။
"ေနာင္သံုးႏွစ္ငါးႏွစ္ထိေတာ့ မေသေလာက္ေသးဘူး"
"အင္း ။ လူယုတ္မာေတြက သက္ဆိုးရွည္တတ္ပါတယ္ေလ "
ႏႈတ္ခမ္းဆူၿပီး ပြစိပြစိေျပာလာေသာ သြမ့္ေယာင္စကားကို သြမ့္ပိုင္ယြဲ႔ လႊတ္ခနဲရယ္မိေလသည္။
" ဟုတ္ပါၿပီ ။ ပန္၀မ္ကို မေသေစခ်င္လို႔ေျပာတာလို႔ပဲ မွတ္လိုက္ပါ့မယ္"
ထို႔ေနာက္ သြမ့္ေယာင္လည္း တဝါးဝါးသမ္းရင္း အေညာင္းအညာဆန္႔ရင္းႏွင့္ အိပ္ခန္းသို႔ ျပန္သြားေလၿပီ။
***********
ၿမိဳ႔ေတာ္ဘက္တြင္လည္း ထိုလူသတ္မႈကို လ်ိႈ႔၀ွက္ထားေနဆဲျဖစ္ၿပီး ကူလိ၏ ေနာက္လိုက္အေႁခြအရံမ်ားကို နန္းေတာ္၀န္းထဲ ယာယီ ေနထိုင္ေစသည္။ အလ်င္ျမန္ဆံုးျမင္းေကာင္းမ်ားျဖင့္ ေန့မနားညမနား သြားမည္ဆိုလ်ွင္ပင္ အားႏူျပည္သို႔ အသြားအျပန္ခရီးမွာ အနည္းဆံုး သံုးလမ်ွ အခ်ိန္ယူရမည္မလြဲ ။ ဒီထက္ပိုျမန္ေအာင္ မည္သို႔မ်ွလုပ္ယူ၍မရေတာ့။
*********
ေန့လယ္ခင္းအခ်ိန္ တစ္ခုတြင္ျဖစ္၏။
ေတာ္၀င္စာၾကည့္ေဆာင္တံခါး၀ေရ႔ွ
ရပ္လ်က္ရိွေနေသာ ရွစ္ဇီကုန္းကုန္းမွ
သံေတာ္ၪီးတင္လာသည္။
"အရွင္မင္းျမတ္ဘုရား ၊ စစ္သူႀကီးရွန္
ျပန္ေရာက္လာၿပီျဖစ္ေၾကာင္းပါ"
"ဟုတ္လား။ အျမန္ အခစား၀င္ခိုင္းလိုက္"
ခ်ူယြမ္မွာ အလြန္၀မ္းသာသြားကာ စစ္ေဆးၾကည့္ရႈလ်က္ရိွေသာ အစီရင္ခံစာ မ်ားအား ေဘးသို႔ အသာဖယ္ထားလိုက္ေလသည္။
"စစ္သူႀကီးရွန္ ၊ ဒီဘက္ကို ႂကြပါ"
ရွစ္ဇီက စစ္သူႀကီးရွန္အတြက္ တံခါးလွပ္ေပးရင္း ခပ္တိုးတိုး အသိေပးလာ၏။
"အသင့္ကို ဧကရာဇ္အရွင္ ခ်က္ခ်င္းႀကီး အေခၚေတာ္လႊတ္လိုက္တယ္ဆိုတာက နန္းေတာ္ထဲ အင္မတန္ႀကီးတဲ့ အမႈအခင္းျဖစ္ပြားေနေၾကာင္းပါ၊ စစ္သူႀကီးရွန္ "
ရွန္ခ်န္းဖန္းလည္း ရွစ္ဇီအား ျပန္လည္ေခါင္းညိတ္ ၿပံဳးျပလိုက္ကာ ေတာ္၀င္စာၾကည့္ေဆာင္ထဲ ၀င္ေရာက္သြားေလသည္။
******
က်န္းနန္နယ္ သိုင္းေလာကအတြင္းတြင္ ရွန္မ်ိဳးႏြယ္၏ နာမည္ေက်ာ္ၾကားလွေသာ သူရိယစႏၵာေတာင္စခန္းကို မသိသူမရိွၾကသေလာက္ပင္။ လက္ရိွေခါင္းေဆာင္ျဖစ္သူ အႀကီးအကဲရွန္ဖုန္းလည္း တရားမ်ွတျခင္း ၊ ပညာပါရမီျပည့္၀ျခင္းစေသာ အရည္အခ်င္းတို႔ႏွင့္ ေက်ာ္ေစာထင္ရွား၏။
သားအႀကီးျဖစ္သူ ရွန္ခ်န္းဖုန္းသည္လည္း သိုင္းပညာအဆင့္ ျမင့္မားသည့္အျပင္ ေနာင္မ်ိဳးဆက္တြင္ ဂိုဏ္းခ်ဳပ္ရာထူးဆက္ခံမည့္ ေခါင္းေဆာင္အေလာင္းအလ်ာအျဖစ္ လူသိမ်ားၾကသည္။
ဒုတိယသားျဖစ္သူ ရွန္ခ်န္းခ်န္းကမူ သိုင္းေလာကသို႔ ၀င္ေရာက္လာျခင္းမရိွေသာ္လည္း မ်ိဳးရိုးျမင့္မိသားစု၀င္ သခင္ေလးတစ္ၪီးပီသစြာ ရဲရင့္ေခ်ာေမာသည္။
စတုတၴသားျဖစ္သူ ရွန္ခ်န္းလင္ကေတာ့ ျဖဴစင္ရိုးသားျခင္း ၊ ေမတၲာတရားျပည့္၀ျခင္းဂုဏ္ျဖင့္ေက်ာ္ေစာကာ အၿမဲတေစ လန္းဆန္းတက္ႂကြေနတတ္သျဖင့္ သူ႔အၿပံဳးတစ္ခ်က္ႏွင့္သာဆိုလ်ွင္ ေဟမာန္ေဆာင္းအတြင္းပင္ ပန္းမာလာမ်ား ပြင့္လန္းလာႏိုင္ေလာက္ေအာင္ ေနြးေထြးသည္ဟု ဆိုၾကသည္။
တတိယေျမာက္သားရတနာမွာမူ ခ်ူတိုင္းျပည္ႀကီး၏ စစ္နတ္ဘုရားဟုပင္ ေခၚဆိုသမုတ္ၾကေသာ စစ္သူႀကီး ရွန္ခ်န္းဖန္းပင္ ျဖစ္ေလသည္။
နန္းလုပြဲအေရးအခင္းကတည္းကျဖစ္ေစ ၊ နန္းတက္ၿပီးေမာက္ ဆူပူအံုႂကြလာေသာ အေရးအခင္းမ်ားတြင္ျဖစ္ေစ ၊ ရွန္မ်ိဳးႏြယ္မွာ လက္ရိွဧကရာဇ္အတြက္ အေထာက္အပံ့ေကာင္းႀကီးတစ္ခုအျဖစ္ မားမားမတ္မတ္ရပ္တည္ေနခဲ့သည္။ ထို႔ေၾကာင့္လည္း ခ်ူယြမ္က ရွန္ခ်န္းဖန္းအား အရင္းႏွီးဆံုးလူယံုေတာ္အျဖစ္ထားျခင္းမွာ သိပ္မဆန္းလွ။
ဤလူသတ္မႈမတိုင္ခင္၌ ခ်န္းဖန္းက မိဘေနရပ္သို႔ ေခတၲ ျပန္သြားရာ ယခု လ၀က္ပင္မျပည့္ေသးမီ ဘုရင့္အမိန္႔ေတာ္ျဖင့္ ျပန္လည္ဆင့္ေခၚျခင္းခံရ၍ ၿမိဳ႔ေတာ္သို႔ အေျပး ျပန္လာရျခင္းျဖစ္၏။
"စစ္သူႀကီးရွန္ကို ကိုယ္ေတာ္ ပင္ပန္းေစမိၿပီ"
ခ်ူယြမ္က ေရႊနဂါးပလႅင္ေတာ္မွဆင္းလာရင္းဆိုလာခဲ့သည္။
"မဟုတ္ရေၾကာင္းပါ အရွင္မင္းျမတ္ ၊ ကြၽန္ေတာ္မ်ိဳးရဲ့ တာ၀န္သာျဖစ္ပါတယ္။ အခု နန္းေတာ္ထဲ ဘယ္လ္ိုအမႈအခင္း ေပၚေပါက္လာလို႔ပါလဲဘုရား "
"လ်ိဳမ်ိဳးရိုးဘက္က စၿပီးလႈပ္ရွားလာတဲ့ အရိပ္အေယာင္ေတြရိွလာတယ္။ မင္းကို ဆင့္ေခၚလိုက္တာလည္း ဒီအေၾကာင္းေၾကာင့္ပဲဆိုပါေတာ့ ။ သူတို႔ကို ငါကိုယ္ေတာ္ တစ္ခါတည္း အျမစ္ျပတ္ ရွင္းထုတ္ပစ္ခ်င္တယ္"
"မွန္လွပါ ။အရွင္ ႀကိဳတင္ ႀကံစည္ထားတဲ့အတိုင္း စၿပီးေဆာင္ရြက္ရေတာ့မလား "
"ဟင့္အင္း ၊ ဒါက ကိစၥတစ္ခု။ ေနာက္ကိစၥတစ္ခုရိွေသးတယ္ ။ မင္း ၾကားၿပီးၿပီလားေတာ့ ကိုယ္ေတာ္ မေျပာတတ္ဘူး"
ရွန္ခ်န္းဖန္းက ေခါင္းအသာခါလိုက္ကာ-
"ကြၽန္ေတာ္မ်ိဳးက က်င္းနန္ကေန ၿမိဳ႔ေတာ္ထိ ခ်က္ခ်င္း အျမန္ခရီးႏွင္လာတာမို႔ ဘယ္သူနဲ႔မွ စကားေျပာခ်ိန္ မရိွခဲ့ပါ ၊ လမ္းခုလတ္မွာလည္း ထူးထူးျခားျခားသတင္းမ်ိဳး မၾကားခဲ့ရပါ အရွင္ "
"ကူလိ အသတ္ခံလိုက္ရတယ္"
"လ်ိဳမ်ိဳးရိုး လက္ခ်က္ပဲလား ဘုရား"
ခ်ူယြမ္က ေရႊနဂါးပလႅင္ေပၚ ျပန္ထိုင္ရင္း ေအးစက္စြာ ရယ္လိုက္ကာ။
"ကိုယ္ေတာ္လည္း မင္းလို ထင္မိတယ္"
"ယေန့ထက္ထိ တရားခံအစစ္ ဖမ္းမမိေသးတာလား အရွင္"
"ဘယ္သူမွန္းသိေနရင္ေတာင္ ဖမ္းလို႔မမိေသးဘူးလို႔ပဲ ဆက္ဟန္ေဆာင္ေနရတာေပါ့ ။ ဘာမ်ား လုပ္လို႔ရမတဲ့လဲ "
"ဒါဆို အရွင္မင္းျမတ္ ဘယ္လိုဆက္လုပ္ဖို႔ ဆႏၵရိွပါသလဲ ဘုရား"
"ျဖစ္ေၾကာင္းကုန္စင္ကို ငါကိုယ္ေတာ္ စာေရးၿပီး အားႏူျပည္ဘက္ ပို႔ထားခိုင္းတယ္။
ဒါေပမယ့္ ရွားဒါရဲ့ ပင္ကိုစရိုက္သာဆိုရင္ တစ္ေယာက္ေယာက္ ကုန္းေခ်ာစကားလာေျပာရံုနဲ႔ အယံုလြယ္ၿပီး ျပႆနာလာရွာမွာစ္ိုးတယ္။ ဒါကလည္း ဒို႔ေတြရဲ့ ခ်ူျပည္ဘက္က စမွားတာကိုး ၊ တစ္ခ်က္ထပ္မွားတာနဲ႔
မလိုလားအပ္တဲ့ေကာလာဟလေတြ ပ်ံ့မွာစိုးရတယ္"
"ကြၽန္ေတာ္မ်ိဳး နားလည္ပါၿပီ အရွင္"
"ဟုတ္ပါၿပီ။ မင္းလည္း မရပ္မနားျပန္လာခဲ့ရေတာ့ ပင္ပန္းေနေလာက္ၿပီဆိုေတာ့ အိမ္ျပန္ၿပီး အနားယူလိုက္ပါေတာ့ ။ တျခားကိစၥေတြကို ေနာက္ရက္မွ ကိုယ္ေတာ္တို႔ဆက္ေဆြးေနြးၾကရေအာင္"
"အရွင္မင္းျမတ္အား သံေတာ္ၪီးတင္ပါရေစဘုရား"
အျပင္ဘက္မွ ရွစ္ဇီကုန္းကုန္းက သံေတာ္ၪီးထပ္တင္လာေသာအသံပင္။
"ဘ႑ာေရး၀န္ႀကီး အမတ္မင္းလ်ိဳ အခစား၀င္လိုေၾကာင္းပါဘုရား"
ရွန္ခ်န္းဖန္း၏အိမ္ျပန္မည့္ေျခလွမ္းမ်ားသည္ တံခါး၀အေရာက္တြင္ တံု႔ခနဲ ရပ္သြားရေခ်၏။
" အတြင္းဘက္ သြားေစာင့္ေနေခ်"
ခ်ူယြမ္လည္း ခ်န္းဖန္းအား အျမန္ေရွာင္ပုန္းေနရန္ အရိပ္အကဲျပလိုက္ေတာ့မွ ခ်န္းဖန္း ခ်က္ခ်င္း စိတ္သက္သာရာရသြားသည့္ဟန္။
ထို႔ေနာက္ ကန္႔လန္႔ကာ တံခါးခ်ပ္ေနာက္၌ အေျပးသြားပုန္းေနလိုက္၏။
အမတ္မင္းလ်ိဳမွာ ပြင့္လင္းေသာစရိုက္ရိွကာဆူထြက္ေနေသာဗိုက္ေခါက္ထူမွာ ရာထူးႀကီးပုဂၢိုလ္မွန္း ထပ္ေလာင္းအားျဖည့္ထားသည့္ႏွယ္။ ပံုမွန္အားျဖင့္ လူခ်စ္လူခင္ေပါရမည္မွန္ေသာ္လည္း ၄၏အက်င့္ဆိုးတစ္ခုမွာ ေတာင္စဥ္ေရမရ စကားအလြန္မ်ားျခင္းျဖစ္သည္ ။ အဓိကျပႆနာမွာ မိမိကိုယ္မိမိ ေအာင္သြယ္ေတာ္ႀကီး၊ ျမားနတ္ေမာင္ႀကီးဟု ခံယူကာ စစ္သူႀကီးရွန္ႏွင့္ေတြ့တိုင္းေတြ့တိုင္း မိမိတူမျဖစ္သူႏွင့္ အတင္းေပးစားေလ့ရိွတတ္သည္။ ဧကရာဇ္ျဖစ္သူကိုပင္ ခ်န္မထားဘဲ လက္ထပ္ဘိသိက္ပြဲက်င္းပရန္ အၿမဲတေစတိုက္တြန္းေလ့ရိွသည္။ အင္မတန္မွ ေခါင္းခဲေစႏိုင္ေသာ လူႀကီးတစ္ေယာက္ပင္။
ဤသို႔ေသာလူမ်ိဳးကို မေတြ့ေလေကာင္းေလဟုဆိုကာ ႀကိဳတင္ေရွာင္ရွားထားသင့္သည္မဟုတ္လား။
"ဧကရာဇ္အရွင္ကို ကြၽန္ေတာ္မ်ိဳး
ဂါရ၀ျပဳပါတယ္"
"ဟုတ္ပါၿပီ ။ အိုက္ခ်င္း သက္ေတာင့္သက္သာျဖစ္သလို ေနပါေလ "
"ေက်းဇူးႀကီးလွေၾကာင္းပါဘုရား "
ခ်ူယြမ္က အမတ္မင္းလ်ိဳအတြက္ ခံုယူလာေပးရန္ ရံေရႊေတာ္မ်ားကို အရိပ္အကဲျပလိုက္သည္။ အမတ္မင္းလ်ိဳ၏လက္ထဲတြင္ေတာ့ စကၠူလိပ္တစ္လိပ္အား ကိုင္ေဆာင္ထားသည္။
"ကြၽန္ေတာ္မ်ိဳး နန္းေတာ္တံခါး၀ ျဖတ္လာတုန္းက စစ္သူႀကီးရွန္ ျပန္ေရာက္လာေၾကာင္းသတင္း ၾကားလိုက္မိပါတယ္ အရွင္"
"အဟမ္း .....အင္း ။ သူ႔စံအိမ္ကို ျပန္သြားၿပီ"
အမတ္မင္းလ်ိဳမွာ ၀မ္းသာလြန္း၍ မ်က္၀န္းမ်ားပင္ အေရာင္တဖ်တ္ဖ်တ္လက္၍ေနသည္။စစ္သူႀကီး၏ စံအိမ္ေတာ္အထိ လိုက္သြားရန္ စိတ္ထဲတြင္အစီအစဥ္ခ်ၿပီးသြားေလာက္ေပၿပီ။
ရွန္ခ်န္းဖန္းလည္း ဤညေတာ့ နန္းေတာ္ထဲမွာပင္ ညစာစားၿပီး ညဥ့္နက္သန္းေခါင္ေက်ာ္မွ အိမ္ျပန္ရန္ ဆံုးျဖတ္ၿပီးေလၿပီ။
"ကိုယ္ေတာ့္ရဲ့စာၾကည့္ေဆာင္အထိ အိုက္ခ်င္းလိုက္လာတာ ခ်န္းဖန္းကို လာရွာရံုတစ္ခုပဲလား"
"မဟုတ္ရေၾကာင္းပါ အရွင္ ၊
လံုး၀မဟုတ္ရေၾကာင္းပါ "
အမတ္မင္းလ်ိဳမွာ ယူေဆာင္လာေသာ စကၠူလိပ္ကို ဆက္သလာေလၿပီး
"ဒါက ေကာင္လိျပည္ မင္းသမီးရဲ့ ပံုတူပန္းခ်ီပါ အရွင္မင္းျမတ္ ။ မေန့ကမွ လက္ခံရရိွထားေၾကာင္းပါ "
"ကိုယ္ေတာ့္ကို ဧကရီဘုရင္မတစ္ပါး
အျမန္တင္ေျမႇာက္ေစခ်င္ျပန္ၿပီေပါ့။ ဟုတ္လား"
ပံုတူပန္းခ်ီကားထဲက ႏူးညံ့သိမ္ေမြ့ဟန္ရေသာ မိန္းမလွကို မ်က္ေမွာင္ႀကံဳ႔ကာၾကည့္ရင္း ခ်ူယြမ္ဆိုလာေတာ့ အမတ္မင္းလ်ိဳက အတင္း ေခါင္းခါျပလာ၏။
"ဒီတစ္ေခါက္ေတာ့ မဟုတ္ရေၾကာင္းပါအရွင္။ အကယ္၍ ဧကရာဇ္အရွင္အတြက္ ဧကရီဘုရင္မတစ္ပါး တင္ေျမႇာက္ေရြးခ်ယ္ရမယ္ဆိုရင္ ခ်ူတိုင္းျပည္ႀကီးတစ္ဝွမ္းလံုးမွာရိွတဲ့ မိန္းမပ်ိဳအေခ်ာအလွမ်ားကို ဆင့္ေခၚၿပီး ေသခ်ာစိစစ္ ေရြးခ်ယ္ေပးရမွာျဖစ္ပါတယ္။ အသက္အရြယ္အားျဖင့္ သင့္ေလ်ာ္မႈရိွရမယ္ ၊ ဣႁႏၵေသိကၡာနဲ႔ ျပည့္စံုရပါမယ္ ၊ ရုပ္ရည္ရူပကာေရာ ပညာဉာဏ္ေရာ တရားမ်ွတမႈနဲ႔ပါ ျပည့္စံုရပါမယ္ ။ ဒီလို ရြက္ၾကမ္းေရက်ိဳအလွမ်ိဳးနဲ႔ နယ္ေျမျခားကေန ေရာက္လာတဲ့ မိန္းမပ်ိဳကို အရွင့္ရဲ့ဧကရီ၊ ခ်ူတိုင္းျပည္ရဲ့ မာတာမိခင္ေနရာမ်ိဳးမွာ ဘယ္လိုျဖစ္ခြင့္ေပးရမွာလဲ ဘုရား"
ထို႔ေနာက္ ဆက္ၿပီးဆိုလာျပန္၏။
"ပိုဆိုးတာက အရမ္းပိန္လွီေနတာပါဘုရား ။ သားသမီးထြန္းကားေပးဖို႔ အခက္အခဲရိွေလာက္ပါတယ္ "
ခ်ူယြမ္ - "..........."
*********
"အဟြတ္ အဟြတ္"
တည္းခိုေဆာင္တြင္ သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ေခ်ာင္းတဟြတ္ဟြတ္ဆိုးလို႔ေနသည္။
သြမ့္ေယာင္မွာ မိမိေရ႔ွရိွ ပျခဳပ္အဖံုးကို အျမန္ပိတ္လိုက္ရသည္ ၊ အထဲရိွ ပိုးေကာင္ငယ္မ်ား အျပင္ထြက္က်မည္စိုးေသာေၾကာင့္။
"ေခါင္းနည္းနည္းမူးတယ္"
"မဂၤလာေဆာင္လိုက္ရင္ ေပ်ာက္သြားလိမ့္မယ္ "
"မဂၤလာေဆာင္ရင္ ေခါင္းကိုက္တာ ေပ်ာက္တယ္ေပါ့?"
"ေပ်ာက္မယ္ထင္တာပဲ ။ မဂၤလာေဆာင္လိုက္ရင္ ေရာဂါအားလံုးေပ်ာက္တယ္တဲ့ "
သြမ့္ေယာင္က ပိုးေကာင္မ်ားကို ပုလင္းထဲ ေျပာင္းထည့္ရင္း ထပ္ဆိုလာသည္။
"အရင္ အစ္မေတာ္(၃) ဗိုက္အရမ္းေအာင့္တုန္းက မယ္ေတာ္ႀကီးေျပာျပတာ ၊ ေယာက်္ားယူၿပီး ကေလးေမြးလိုက္တဲ့။ ေနာင္က်ရင္ ဗိုက္ေအာင့္တာေပ်ာက္သြားလိမ့္မယ္တဲ့ ။အစ္ကိုႀကီးလည္း ကေလးတစ္ေယာက္ေလာက္ ေမြးၾကည့္လိုက္ေလ "
"......."
*******
၀မ္းသာ ရႊင္ပ်ေနေသာ အမတ္မင္းလ်ိဳမ်က္ႏွာကို ျမင္ေသာ္ ခ်ူယြမ္မွာ အမတ္မင္းကို အျမန္သယ္ထုတ္သြားရန္ ရဲမက္မ်ားအား အမိန္႔ေပးခ်င္စိတ္ တဖြားဖြား ေပၚေနေခ်ၿပီ။ မိမိေတာ့ ေခါင္းကိုက္လွေခ်ၿပီ ၊ အမတ္မင္းက ျပန္မည့္အရိပ္အေယာင္ေတာင္ မျပေသး။
"ဒါဆိုရင္လည္း အိုက္ခ်င္း ကိုယ္ေတာ့္ကို ဘာလို႔လာျပေနေသးလဲ "
"ဒီလိုပါ အရွင္မင္းျမတ္။ ဒီမိန္းမပ်ိဳဟာ ေကာင္လိျပည္ဘုရင္ရဲ့ ႏွမေတာ္ပါ ၊ က်င္းခ်ူးလို႔ အမည္ရိွပါတယ္။ လက္ဆက္ထိမ္းျမားဖို႔အရြယ္ေရာက္ေနေပမယ့္ လက္ထပ္ဖို႔ ျငင္းဆန္ေနေၾကာင္းသိရပါတယ္။ ထပ္ခါထပ္ခါေမးၾကည့္မွ မင္းသမီးက ရွီးနန္ဘုရင္ သြမ့္၀မ္နဲ႔မွ ထိမ္းျမားခ်င္ေနေၾကာင္း သိရပါတယ္ဘုရား"
"......."
ဘယ္သူလို႔ေျပာလိုက္တယ္!!!!
အမတ္မင္းလ်ိဳလည္း ေနာက္တစ္ေက်ာ့ ထပ္ဆိုလာ၏။
"ရွီးနန္ဘုရင္ သြမ့္၀မ္နဲ႔ပါ ဘုရား"
ခ်ူယြမ္ - "......"
ကန္႔လန္႔ကာေနာက္ ပုန္းကြယ္ေနေသာ ရွန္ခ်န္းဖန္းလည္း အံ့ၾသမိသည္။ ခ်ူျပည္ႀကီး၏လက္ေအာက္ခံ တုန္းေပနယ္၏ မင္းသမီးတစ္ပါးမွ ရွီးနန္ဘုရင္ႏွင့္ ထိမ္းျမားလိုသည့္ကိစၥတြင္ ဘယ္အေၾကာင္းေၾကာင့္ မင္းသမီးပံုတူပန္းခ်ီကို ဧကရာဇ္ထံ မဆီမဆိုင္ လာေရာက္ျပသရပါသလဲ။
"ဒီကိစၥက အိုက္ခ်င္းနဲ႔ ဘယ္လိုပတ္သက္ေနလို႔လဲ"
ခ်န္းဖန္းေမးလိုေနေသာ ေမးခြန္းကို ခ်ူယြမ္ ေမးလာ၏။
"သြမ့္၀မ္ရဲ့စရိုက္က အင္မတန္မွ ရက္စက္ၾကမ္းၾကဳတ္လြန္း ေခါင္းမာလြန္းတဲ့အျပင္ ေကာင္လိဘုရင္နဲ႔လည္း ပဋိပကၡရိွဖူးပါတယ္တဲ့ ဘုရား ။ ဒါေပမယ့္ ေကာင္လိဘုရင္လည္းေသာင္းက်န္းေနတဲ့ ႏွမေတာ္ျဖစ္သူကိုမထိန္းႏိုင္လို႔ ေခါင္းခဲေနရေၾကာင္းပါ ၊ ႀကံရာမရတဲ့အဆံုး ဒီနည္းလမ္းကို စဥ္းစားမိေၾကာင္းပါ ဘုရား"
"ဘာနည္းတဲ့တုန္း"
" သြမ့္၀မ္ဘက္က ထိမ္းျမားပြဲကိုလက္ခံလာေအာင္ အရွင္မင္းျမတ္ ကူညီေပးဖို႔ ေကာင္လိဘုရင္ ေတာင္းဆိုလိုက္ပါတယ္ဘုရား။ မင္းသမီးက သြမ့္၀မ္ရဲ့ ၾကင္ယာေတာ္မျဖစ္ရရင္ေတာင္ အငယ္အေနွာင္းဘ၀နဲ႔လည္း ေက်နပ္လက္ခံပါမယ္တဲ့ ၊ ေကာင္လိဘုရင္လည္း မကန္႔ကြက္ပါ ၊ လက္ထပ္ရလ်ွင္ၿပီးေရာတဲ့ဘုရား "
အေနာက္ဘက္တြင္ မွီရင္း နားေထာင္ေနေသာ ရွန္ခ်န္းဖန္းမွာ အမတ္မင္းလ်ိဳကို အံ့ၾသလို႔မဆံုးေတာ့။ အေရ႔ွေျမာက္ဘက္ တုန္းေပနယ္မွသည္ အေနာက္ေတာင္ဘက္ ရွီးနန္နယ္ထိ ေအာင္သြယ္ေတာ္လုပ္ေပးႏိုင္သည့္အထိ ဝါသနာႀကီးလွေပ၏။
တကယ္ ေလးစားခ်င္စဖြယ္ပင္။
*********
Thanks for reading
2020.03.27
*********