Zawgyi
C-126 Level three mage.
စိမ်းလန်းဝေဖြာနေတဲ့ နယ်မြေထဲမှာ You XiaoMo အဆင့်သုံးအဆင့် မှော်ဆေးပင် အပင်နှစ်ဆယ်လောက်ကို သစ်သားစင်ပေါ်က ယူလိုက်သည် ပြီးတော့ သစ်သားတဲလေးထဲ ၀င်ကာ ဗီဒိုထဲကနေ ဥာဏ်အလင်းရွှေအိုး ထုတ်ယူလိုက်သည်
You XiaoMo က သူ့ရဲ့ ပထမဆုံးသော အဆင့်သုံးမှော်ဆေးလုံးဖော်စပ်ရာတွင် မကျရှူံးချင်သောကြောင့် စာအုပ်မှာ ဖော်ပြသည့်အတိုင်း အတိအကျလိုက်နာလိုက်သည်
မညိသည့်ဖိအားကိုမှ မခံစားရပဲနှင့် ပထမမှော်ဆေးပင်ကို ပေါင်းခံ သန့်စင်ပြီးသွားသည် အတောအတန် စဉ်းစားပြီးနောက်မှာတော့ မှော်ဆေးပင် နှစ်မျိုး ပစ်ထဲ့လိုက်သည် သူမှော်ဆေးပင်နှစ်မျိုးကို ဆေးဖော်အိုးထဲတွင် အရည်နှစ်ခုခွဲပြီး ပေါင်းခံသန့်စင်လိုက်သည် အထဲမှာ အကန့်လေးတွေ မရှိတာကြောင့် အရည်နှစ်အိုင်ကို တစ်မျိုးနှင့်တစ်မျိုး ရောမသ်ားစေရန်အတွက်သူ့ရဲ့ စိတိစွမ်းအင်ကိုသာ အားကိုးနိုင်မို့ ပေါင်းခံ သန့်စင်ခြင်းရဲ့ ခက်ခဲမှုကလည်းအတော် မြင့်တက်သွားသည်
နာရီဝက် ကျော်ကျော် ကြာပြီးနောက်မှာတော့ You XiaoMo မှော်ဆေးပင် ခြောက်မျိုးလုံး ကို ပြီးဆုံးသွားပြီဖြစ်သည် မှော်ဆေးပင်တိုင်းက အထွတ်အထိပ်အဆင့် မှော်ဆေးပင် များဖြစ်တာကြောင့် မသန့်စင်မှု နည်းပါးသဖြင့် တစ်မျိုးစီကို နှစ်ကြိမ်စီသာ သန့်စင်ခြင်းပြုလုပ်လိုက်သည်
မမျှော်လင့်စွာနဲ့ မှော်ဆေးပင်ခြောက်မျိုးကို သန့်စင်ကသည်ပင် ဒီုလောက် အချိန် အများကြီးယူလိုက်ရသည် ကံကောင်းစွာနဲ့ သူ့မှာ ဝိဥာဏ်အား အလုံလောက်ရှိနေသည် မဟုတ်ပါက သန့်စင်ခြင်းပြီးသည့်အချိန်တွင် သူ့မှာ ဝိဥာဏ်အား အနည်းငယ်သာကျန်ရှိတော့မည် အဓိပ္ပါယ်မှာ ဒီ မှော်ဆေးလုံးသည် အလဟသတ်ဖြစ်သွားနိုင်သည် ဂိုဏ်းသားအများစုက အဆင့်နှစ်မှော်ဆရာ အဆင့်မှာတင် အကျပ်အတည်းကို မကျော်နိုင်ပဲတစ်နေတာ အံ့သြစရာတော့ မရှိ ဒီဟာက အရမ်းကြီးလွယ်ကူမနေဟန်တော့ပေါ်သည်။
အကယ်လို့ သူသာ တစ်ကြိမ်ကို မှော်ဆေးပင် နှစ်မျိုး ပေါင်းခံ သန့်စင်မှု မပြုဘူးဆိုလျှင် ကြာချိန်ကလဲ အခုထက် ပိုကြာသွားလိမ့်မည် သူသည်လည်း ပေါင်းခံ သန့်စင်ခြင်းပြီးဆုံးအောင် တစ်နာရီထက်မနည်း အချိန်ယူရလိမ့်မည် အခြားသူများနှင့် နှိုင်းယှဉ်လျှင် နှစ်နာရီနီးပါး အချိန်ယူခြင်းသည်ပင် အရမ်းကို ကောင်းမွန်သော အလျင်ဖြစ်နေပြီ ဖြစ်သည် ။
ပဉ္စမအဆင့် ရောစပ်ခြင်းပြီးနောက်မှာတော့ ဆဌမမြောက် ရောစပ်ခြင်း စတင်ရန် ပြင်ဆင်ချိန်မှာ သူ့ဘယ်ဘက်လက်က ရုတ်တရက် ဆတ်ခနဲ ဖြစ်သွားသည် စက္ကန့်ဝက်အကြာ မှာ အိုးထဲကနေ ရုတ်တရက် ရှီးးး ခနဲ အသံထွက်လာသည် မီးခိုးလုံးလေးက တွန့်လိမ် တွန့်လိမ် တက်လာသည် You XiaoMo ထိုမြင်ကွင်းကို မျက်လုံးလေးပြူး ပါးစပ်လေးဟကာ ကြည့်နေသည် သူတကယ်ကြီး ရှုံးသွားတာလား ။
ဒီဟာက သူမှော်ဆရာဖြစ်ပြီးနောက် ပထမဆုံးအကြိမ် ကျရှုံးခြင်းဖြစ်သည် သူ ကြီးမားတဲ့ ရိုက်ချက်ကြီး ခံစားလိုက်ရသည် ။
မြစိမ်းရောင် မှော်ဆေးလုံး က သူ့လက်ထဲမှာ လဲ အကျြမ်အနည်းငယ် လှိမ့်နေသေးသည် သူ့အရည်အွေးကတော့ အတော် မြင့်ကာ အထိတ်အထိပ်အဆင့်၏ အမြင့်ပိုင်းတွင် ရှိသည် ဒလို အရည်အသွေးရှိတဲ့ မှော်ဆေးလုံးကို ပထမဆုံးအကြိမ် ဖော်စပ်နိုင်ခြင်းက You XiaoMo ကို အတော်ကျေနပ်အားရစေသည် သူနှစ်ကြိမ်သန့်စင်ရကြိုးနပ်သည်
နာရီတွေ တွက်ကြည့်ရင်တော့ ရှစ်နာရီကနေ ကိုးနာရီအထိ ဖြစ်နေပြီ ဖြစ်သည် သူ့ဗိုက် ဗိုက်ဆာလို့ တဂွီ ဂွီ ဖြစ်နေတာလဲ မထူးဆန်းတော့ ညစာစားတဲ့ အချိန်လဲ ဖြစ်နေတာမို့ သု့နယ်မြေထဲကနေ မတုန့်မဆိုင်းပဲ ထွက်လိုက်တော့သည်
မျက်လုံးများနှင့် မြင်သမျှနေရာတိုင်းက ခေါင်းများဖြင့် ပြည့်နှက်နေသည် စားပွဲခုံတိုင်းမှာ လူစုစု ကိုတွေ့နိုင်ပြီး အဖွဲ့ နှစ်ဖွဲ့ သုံးဖွဲ့ပေါင်းထိုင်ကာ စိတ်အားတက်ကြွစွာပြောဆိုနေသံက ဈေးတန်းထဲက အသံများနှင့်ပင် နှုင်းယှဉ်နိုင်သည်။
Unicode
C-126 Level three mage.
အခန်း ၁၂၆ အဆင့်သုံး မှော်ဆရာ
စိမ်းလန်းေ၀ဖြာနေတဲ့ နယ်မြေထဲမှာ You XiaoMo အဆင့်သုံးအဆင့် မှော်ဆေးပင် အပင်နှစ်ဆယ်လောက်ကို သစ်သားစင်ပေါ်က ယူလိုက်သည် ပြီးတော့ သစ်သားတဲလေးထဲ ၀င်ကာ ဗီဒိုထဲကနေ ဥာဏ်အလင်းရွှေအိုး ထုတ်ယူလိုက်သည်
သူ အဆင့်သုံးဆေးလုံးကို ဖော်တော့မည်ဖြစ်တာမို့ အဆင့်နိမ့် ဆေးကြိုအိုး သူမသုံးချင် အဘယ့်ကြောင့်ဆိုသော် သူ့ပထမဆေးကြိုအိုးတုန်းကလိုမျိုး ကွဲအက်သွားလျှင် သူ့ဆရာနှင့် အကိုများကို ဘယ်လို အကြောင်းပြချက်ပေးရမလဲ သူမသိတာမို့ ဖြစ်သည်
အရေးအကြီးကတော့ ထိုဆေးကြိုအိုးက အဆင့်တစ်နှင့် အဆင့်နှစ် မှော်ဆေးလုံးများအတွက်သာ ဖြစ်သည်
အကိုကြီးက အရင်ကတည်းက ပြောထားသလိုမျိုးပဲ အဆင့်သုံးမှော်ဆေးလုံးက မှော်ဆရာများအတွက် ပထမဆုံးတွေ့ရတဲ့ ခက်ခဲတဲ့ တန်းတစ်ခု ဖြစ်သည်
မှော်ဆေးလုံး ဖော်နေစဥ်မှာပင် ဝိဥာဏ်အား အများအပြားလိုအပ်သည် သူသာ အရင်ကဆေးကြိုအိုးသုံးမည်ဆိုပါက ဝိဥာဏ်အားအများအပြားကို လက်ခံနိုင်မည် မဟုတ်ပဲ ကွဲထွက်တာတွေ ပေါက်ကွဲတာတွေ ဖြစ်နိုင်သည် ထို့ကြောင့် အဆိုပါ အခြေအနေကို ရှောင်ရှားရန်အတွက် ဥာဏ်အလင်းရွှေအိုးကိုသာ သူသုံးနိုင်သည်
အိုးကော ဆေးပင်တွေပါ သူထုတ်ပြီးနောက်တော့ ခြံဝင်းထဲက ကျောက်ခုံဆီကို လျှောက်သွားလိုက်သည်
ဒီ ကျောက်ခုံက ရှည်ပြီး လေးထောင့်ဆန်သည် အရှည် အမြင့် နှင့် အကျယ်က တစ်မီတာ စီလောက်ရှိသည် သူဆေးဖော်ရန်အတွက် ရည်ရွယ်ကာ ပြီးခဲ့တဲ့ အခေါက်က HunJiမြို့ကြီးကို သွားတုန်းက ဝယ်လာခဲ့တာဖြစ်သည် ဝယ်ပြီးထဲက နယ်မြေထဲ ထဲ့ထားပြီး အခုချိန်ထိ တစ်ခါမှ မသုံးရသေးပေ
အခုတော့ သူနယ်မြေထဲမှာ ဆေးဖော်ဖို့ စီစဥ်လိုက်တော့ အသုံးချဖနု့ အချိန်ကောင်းဖြစ်သွားပြီ
ပထမဦးဆုံး ကျောက်ခုံပေါ်မှာ မှော်ဆေးပင် ၂၀ ကျော်လောက်ကို သပ်သပ်ရပ်ရပ်လေး စီလိုက်သည် ။ပြီးတော့ ဥာဏ်အလင်းရွှေအိုးကို ခုံပေါ်ရွှေ့လိုက်သည် အဲဒိ ကျောက်ခုံပေါ်မှာ ဆေးကြိုအိုးတင်ဖို့အတွက် စိတိကြိုက်ဖန်တီး သတ်မှတ်ထားသောနေရာ ရှိသည် သူဝယ်တုန်းကတည်းက ဥာဏ်အလင်းရွှေအိုးကို တိုင်းပြီး ပြုလုပ်ထားတာဖြစ်သည် ။
အဆင့်သုံးမှော်ဆေးလုံး ဝိဥာဏ်အား အများကြီးလိုတာအပြင်ကို မှော်ဆေးပင် အမျိုးအစားသုံးမျိုးအထက်လဲ လိုအပ်သေးသည်။ ဆေးပင် ခြောက်မျိုး လိုအပ်ပြီး အဆင့်တစ်နှင့် အဆင့်နှစ်ဆေးပင်တွေရဲ့ နှစ်ဆ လိုအပ်သည် ။
ပထမ အဆင့်သုံး ဆေးလုံးထဲမှာ You XiaoMo ဖော်ချင်တာက တောင်ပိုင်းကြယ်မှော်ဆေးလုံး ဖြစ်သည် ။
တောင်ပိုင်းကြယ်မှောဆေးလုံးသည် အဆင့်သုံးဆေးလုံးများထဲတွင် ထူးခြားလှသည်။ သူ့ရဲ့ ထူးခြားမှု က ကောင်းကင်အဆင့်သိုင်းသမားများရဲ့ အင်အားကို တိုးပွားစေသည့် စွမ်းရည်ပေါ်တွင် မူတည်သည် ။ သို့သော် တိုးပွားလာသည့် အင်အားမှာမူ အရမ်းအများကြီးတော့မဟုတ် အကယ်လို့သာ ကြယ်တစ်ပွင့်စာ အားတိုးချင်သည်ဆိုပါက တောင်ပိုင်းကြယ်ဆေးလုံး အများအပြားကို မှီဝဲရမည်ဖြစ်သည်
သို့သော်လည်းသူ့မှာ ကန့်သတ်ချက်တော့ ရှိသည် အဲဒါကတော့ သူက ကောင်းကင်အဆင့် တိုက်ခိုက်ရေးသမားများ အတွက်သာ ဖြစ်သည်။ ပြီးတော့ လူတစ်ယောက် ၏ခံနိုင်ရည်ပေါ် မူတည်ပြီး တောင်ပိုင်းကြယ်ဆေးလုံး၏ အာနိသင်များကလည်း လျော့နည်းနိုင်ကာ အမြဲတစေ လဲ အသုံးမပြုနိုင် ချေ။
လူအဆင့်သိုင်းသမားများအတွက်ကလည်းတောင်ပိုင်းကြယ်ဆေးလုံးကို သုံးနိုင်သည် သို့သော် တောင်ပိုင်းကြယ်ဆေးလုံး၏ ဆေးအရှိန်ကို ထိန်းကြောင်းပေးနိုင်အောင်ကို အင်အားရှိမည့်သူမှ ဖြစ်မည် မဟုတ်လျှင် ကြုံရာ သောက်သုံးမည်ဆိုပါက ခန္ဓာကိုယ် ပေါက်ကွဲပြီး သေဆုံးနိုင်သည့် ရလဒ်သာ ရရှိလိမ့်မည် ဖြစ်သည်
You XiaoMo တောင်ပိုင်းကြယ်ဆေးလုံးဖော်ရန် လိုအပ်တဲ့ ပစ္စည်းများကို ကောက်ယူကာ တောင်ကြွက်ဆေးပင်ကို ဆေးအိုးထဲ ထဲ့လိုက်သည်
ဥာဏ်အလင်းရွှေအိုး နှင့် အဆင့်နိမ့်ဆေးကြိုအိုးတို့ ၏ အကြီးမားဆုံး ကွာခြားချက်မှာ၏ဥာဏ်အလင်းရွှေအိုး မှာ အနားပတ်လည်တွင် အခန်းငယ်လေးများ မပါဝင်ချေ ပေါင်းခံရမယ့် မှော်ဆေးပင်တွေကို ဆေးအိုးထဲသာ တစ်ခါတည်း ထည့်နိုင်သည် အောင်မြင်မှုနှုန်း မြင့်တက်စေရန်အတွက် မှော်ဆရာ အများစုသည် အဆင့်သုံးနှင့် အထက် မှော်ဆေးလုံးများကို ဖော်စပ်ရာတွင် ဆေးပင်များကို တစ်ခုပြီးမှ တစ်ခုသာ ပေါင်းခံသန့်စင်လေ့ရှိကြသည် ဒီလိုနည်းက အချိန်ကလဲ သေချာပေါက်ကို ပိုပြီးကုန်လေ့ရှိသည်
You XiaoMo က သူ့ရဲ့ ပထမဆုံးသော အဆင့်သုံးမှော်ဆေးလုံးဖော်စပ်ရာတွင် မကျရှံူးချင်သောကြောင့် စာအုပ်မှာ ဖော်ပြသည့်အတိုင်း အတိအကျလိုက်နာလိုက်သည်
မညိသည့်ဖိအားကိုမှ မခံစားရပဲနှင့် ပထမမှော်ဆေးပင်ကို ပေါင်းခံ သန့်စင်ပြီးသွားသည် အတောအတန် စဥ်းစားပြီးနောက်မှာတော့ မှော်ဆေးပင် နှစ်မျိုး ပစ်ထဲ့လိုက်သည် သူမှော်ဆေးပင်နှစ်မျိုးကို ဆေးဖော်အိုးထဲတွင် အရည်နှစ်ခုခွဲပြီး ပေါင်းခံသန့်စင်လိုက်သည် အထဲမှာ အကန့်လေးတွေ မရှိတာကြောင့် အရည်နှစ်အိုင်ကို တစ်မျိုးနှင့်တစ်မျိုး ရောမသ္ားစေရန်အတွက်သူ့ရဲ့ စိတိစွမ်းအင်ကိုသာ အားကိုးနိုင်မို့ ပေါင်းခံ သန့်စင်ခြင်းရဲ့ ခက်ခဲမှုကလည်းအတော် မြင့်တက်သွားသည်
ပထမတော့ သူက အသုံးပြုလေ့ မရှိတာမို့ ပထမအကြိမ် သန့်စင်ခြင်းကို ပြုလုပ်ရာတွင် နာရီဝက်နီးပါး ကုန်ဆုံးသွားသည် ကံကောင်းစွာနဲ့ ပထမအကြိမ်ပြီးတာနဲ့ နောက် အကြိမ်တွေကျတော့ လွယ်ကူ ချောမွေ့သွားသည် ။
နာရီဝက် ကျော်ကျော် ကြာြပီးနောက်မှာတော့ You XiaoMo မှော်ဆေးပင် ခြောက်မျိုးလုံး ကို ပြီးဆုံးသွားပြီဖြစ်သည် မှော်ဆေးပင်တိုင်းက အထွတ်အထိပ်အဆင့် မှော်ဆေးပင် များဖြစ်တာကြောင့် မသန့်စင်မှု နည်းပါးသဖြင့် တစ်မျိုးစီကို နှစ်ကြိမ်စီသာ သန့်စင်ခြင်းပြုလုပ်လိုက်သည်
သန့်စင်မှု လိုအပ်လေလေ လုပ်ဆောင်ရသည်က ပိုပြီး ခက်လေလေ ဖြစ်သည်။
ဆိုင်းငံ့ထားတဲ့ ဆေးကြိုအိုးထဲက အစိမ်းရောင် အရည်အိုင် ခြောက်ခုကို ကြည့်ပြီး စိတ်ချဟန်ဖြင့် သက်သာစွာဟသက်ပြင်းချလိုက်မိတော့သည်။
မမျှော်လင့်စွာနဲ့ မှော်ဆေးပင်ခြောက်မျိုးကို သန့်စင်ကသည်ပင် ဒုီလောက် အချိန် အများကြီးယူလိုက်ရသည် ကံကောင်းစွာနဲ့ သူ့မှာ ဝိဥာဏ်အား အလုံလောက်ရှိနေသည် မဟုတ်ပါက သန့်စင်ခြင်းပြီးသည့်အချိန်တွင် သူ့မှာ ဝိဥာဏ်အား အနည်းငယ်သာကျန်ရှိတော့မည် အဓိပ္ပါယ်မှာ ဒီ မှော်ဆေးလုံးသည် အလဟသတ်ဖြစ်သွားနိုင်သည် ဂိုဏ်းသားအများစုက အဆင့်နှစ်မှော်ဆရာ အဆင့်မှာတင် အကျပ်အတည်းကို မကျော်နိုင်ပဲတစ်နေတာ အံ့သြစရာတော့ မရှိ ဒီဟာက အရမ်းကြီးလွယ်ကူမနေဟန်တော့ပေါ်သည်။
အကယ်လို့ သူသာ တစ်ကြိမ်ကို မှော်ဆေးပင် နှစ်မျိုး ပေါင်းခံ သန့်စင်မှု မပြုဘူးဆိုလျှင် ကြာချိန်ကလဲ အခုထက် ပိုကြာသွားလိမ့်မည် သူသည်လည်း ပေါင်းခံ သန့်စင်ခြင်းပြီးဆုံးအောင် တစ်နာရီထက်မနည်း အချိန်ယူရလိ်မ့်မည် အခြားသူများနှင့် နှိုင်းယှဥ်လျှင် နှစ်နာရီနီးပါး အချိန်ယူခြင်းသည်ပင် အရမ်းကို ကောင်းမွန်သော အလျင်ဖြစ်နေပြီ ဖြစ်သည် ။
သူ့စိတ်သူပြန်စုစည်းပြီးနောက် ရောစပ်သည့် အဆင့် စတင်ရန် You XiaoMo အသင့်ပြင်လိုက်သည်
အဆင်သုံးမှော်ဆေးလုံးက ဆေးပင် ခြောက်မျိုးလိုအပ်တာကြောင့် လုပ်ကိုင်ရသည့်အဆင့်များကလဲ ကြီးမားစွာ မြင့်တက်လာသည်။ အဆင့်တစ် နှင့် အဆင့်နှစ်ဆေးလုံးများထက် နှစ်ဆလောက် မြင့်တက်သွားခြင်းမဟုတ်။ အဆင့် ဆယ်ဆင့်အထက်ကို တက်သွားက တစ်ဆင့်ဆင့်မှာ အမှားတစ်ခုဖြစ်သွားရုံနှင့် ဒီမှော်ဆေးလုံးက အသုံးမဝင်တော့သည် အထိ ဖြစ်သွားနိုင်သည်။
အချို့သော မှော်ဆေးပင်တွေက အတော်အတန် ပြင်းထန်သော ဆေးဖက်ဝင် ပစ္စည်းများပါဝင်သည် အခြားဆေးပင်များ၏ ဆေးဖက်ဝင်မှု ကို မလွှမ်းမိုးသွားအောင် အစိမ်းရောင်အရည်အိုင်လေးများကို အစိတိအပိုင်းအများအပြားကို ခွဲပစ်ရသည် ဒီနည်းနှင့်သာ ရောစပ်ခြင်း လုပ်ငန်းဆောင်တာတစ်ခုလုံး အဆင်ပြေချောမွေ့သွားရန် အာမခံနိုင်သည် ။
ပထမဆုံး You XiaoMo က အစိမ်းရောင်အရည်အိုင်လေးသေးသေးယူကာ အခြားတစ်ခုနှင့် ပေါင်းစပ်လိုက်သည် လုပ်ငန်းစဥ် တစ်ခုလုံးက သတိထားရင်းနှင့် ပြီးသွားသည် အဆင်ပြေပြေ ရောစပ်ပြီးနောက်တော့ သူက ရောစပ်ခြင်းဒုတိယအဆင့်ကို စလိုက်သည် နောက်ပြီးတော့ ရောစပ်ခြင်းတတိယအဆင့်……
ပဥ္စမအဆင့် ရောစပ်ခြင်းပြီးနောက်မှာတော့ ဆဌမမြောက် ရောစပ်ခြင်း စတင်ရန် ပြင်ဆင်ချိန်မှာ သူ့ဘယ်ဘက်လက်က ရုတ်တရက် ဆတ်ခနဲ ဖြစ်သွားသည် စက္ကန့်ဝက်အကြာ မှာ အိုးထဲကနေ ရုတ်တရက် ရှီးးး ခနဲ အသံထွက်လာသည် မီးခိုးလုံးလေးက တွန့်လိမ် တွန့်လိမ် တက်လာသည် You XiaoMo ထိုမြင်ကွင်းကို မျက်လုံးလေးပြူး ပါးစပ်လေးဟကာ ကြည့်နေသည် သူတကယ်ကြီး ရှုံးသွားတာလား ။
ဒီဟာက သူမှော်ဆရာဖြစ်ပြီးနောက် ပထမဆုံးအကြိမ် ကျရံှုးခြင်းဖြစ်သည် သူ ကြီးမားတဲ့ ရိုက်ချက်ကြီး ခံစားလိုက်ရသည် ။
သူဆေးမဖော်ခင်တည်းက သူ့ကိုယ်သူပြင်ဆင်ထားပြီးဖြစ်ပေမယ့် တကယ်ကြီး ကျရှုံးသွားတဲ့ အခါကျတော့ သူ စိတိပျက်အားလျော့သွားခြင်းတော့ ခံစားနေရဆဲ ဖြစ်သည် သူက သူ့ရဲ့ ကျရှုံးခြင်းမရှိမှတ်တမ်းကို ဆဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ထင်ထားတာဖြစ်သည် ကံမကောင်းစွာနဲ့ သူ ချက်ချင်းကို အဆင့်သုံး ရဲ့ တန်းမှာ သွားညိနေပြီ ဖြစ်သည်။
အာ … အဆင်ပြေပါတယ် မှော်ဆေးပင်ခြောက်မျိုးလုံးက တကယ်တော့ နည်းနည်းများတာပဲ ။ သူဘာမှ စိတ်ဓါတ်ကျစရာ မလိုအပ်ချေ။ အမြဲတမ်းတော့ချောချောမွေ့မွေ့နဲ့ ရွက်လွင့်နေလို့ဘယ်ရမလဲ ဒါတောင် သူ TianXin ဂိုဏ်းထဲ ဝင်လာကတည်းက ချောချောမွေ့မွေ့နဲ့ ရွက်လွင့်နေတယ်လို ခံစားရတာဖြစ်သည် ။
You XiaoMo လွန်ခဲ့တဲ့ တစ်နာရီထဲက တင်းမာနေတဲ့ သူ့မျက်နှာကို ပုတ်လိုက်သည်။ သုံးပုံ နှစ်ပုံတောင် သုံးလိုက်ရတဲ့ သူ့ ဝိဥာဏ်အားတွေ ပြန်ပြည့်ဖို့ မှော်ရေ တစ်ငုံသောက်လိုက်သည် ။ အခုတော့ သူအဆင့်သုံးမှော်ဆေးလုံးဖော်နိုင်မယ်လို့လဲ သူ့ကိုယ်သူ သေချာသွားပြီဖြစ်သည် ။
သူ မှော်ဆေးပင် ခြောက်မျိုးကို ထပ်ထုတ်လိုက်ပြီး နှစ်မျိုးကို အိုးထဲ ပစ်ထဲ့ကာ သူ့ရဲ့ ပေါင်းခံ သန့်စင်ခြင်းခရီးကို စတင်လိုက်သည်။ သူနှစ်ကြိမ်ပြီးပြီးသားဆိုတော့ ဒီတစ်ကြိမ်တော့ အရမ်းကို ချောချောမွေ့မွေ့ နှင့် အဆင်ချောနေသည်။
နာရီဝက် ကြာသောအခါ သူမှော်ဆေးပင် ခြောက်မျိုးလုံးကို ပေါင်းတင် သန့်စင်ပြီးဖြစ်သည်။ အရင်အခါကထက် အချိန်ယူတာ နည်းသွားပြီ ဖြစ်သည်။ အခု ရောစပ်ဖို့ အချိန်ရောက်ပြီ သူ့ရဲ့ စိတ်စွမ်းအင်ကို တစ်ရာ့နှစ်ဆယ် ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သည် အကယ်လို့သာ ဒီတစ်ကြိမ်ပါ မအောင်မြင်ရင်တော့ Mo Xiao You ဟုသာ နာမည်ကို ပြောင်းပြန်ရေးထိုးဖို့သာ ရှိတော့သည်
အခုတော့ သူဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ အရင်ကနှင့်တော့ မတူတော့။ သူ့ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု နှင့် စိတ်အားတက်ကြွမှုအရင်းခံက YangTzeမြစ်ထဲက ရေတွေလို မြင့်တက်နေပြီ ဖြစ်သည် ။
နောက်ထပ် နာရီဝက်အကြာမှာ ဥာဏ်အလင်းရွေအိုး ရုတ်တရက် တုန်ခါလာသည် ပြီးတာနှင့် မြစိမ်းရောင်ဆေးလုံးက ရုတ်တရက်ပျံထွက်လာသည် You XiaoMo မှာ နဖူးက ချွေးတွေတောင် သုတိဖို့မလုပ်နိုင် သူ့လက်တွေ အမြန် ဆန့်ထုတ်ပြီး ဖမ်းမိဖို့ပဲ လုပ်နိုင်သည် မမျှော်လင့်စွာနဲ့ သူဖမ်းမိချေ
မှော်ဆေးလုံးက ကျောက်ခုံပေါ် ကျကာ အနည်းငယ်လှိမ့်သွားပြီး အောက်ကိုပြုတ်ကျခါနီးမှ You XiaoMoမှာ ကသုတ်ကရက် သွားကာ ဖမ်းရသည် နောက်ဆုံးတော့ ဒီတစ်ကြိမ်တော့ဖမ်းမိသွားသည်
မြစိမ်းရောင် မှော်ဆေးလုံး က သူ့လက်ထဲမှာ လဲ အကြၽမ်အနည်းငယ် လှိမ့်နေသေးသည် သူ့အရည်အွေးကတော့ အတော် မြင့်ကာ အထိတ်အထိပ်အဆင့်၏ အမြင့်ပိုင်းတွင် ရှိသည် ဒလို အရည်အသွေးရှိတဲ့ မှော်ဆေးလုံးကို ပထမဆုံးအကြိမ် ဖော်စပ်နိုင်ခြင်းက You XiaoMo ကို အတော်ကျေနပ်အားရစေသည် သူနှစ်ကြိမ်သန့်စင်ရကြိုးနပ်သည်
You XiaoMo ဆေးလုံးကို ပုလင်းထဲ ထည့်လိုက်သည် သူ့ဝိဥာဏ်အားလက်ကျတ်ကို စစ်ကြည့်လိုက်သည် သုံးပုံ တစ်ပုံသာ ကျန်တော့သည် ဒိလောက် ကုန်ဆုံးနှုန်းက မြင့်လွန်းသည် ဒီလိုဆို သူဆေးလုံးတစ်လုံးဖော်ပြီးတိုင်း မှော်ရေ တစ်ငုံလောက်တော့ သောက်သုံးမှ ဖြစ်လိမ့်မည်
ဒီလိုတွေးမိတာနှင့် သူ့ကို မှော်ရေရှိစေတဲ့ ကံကောင်းစေတဲ့ကြယ်လေးကို ကျေးဇူးမတင်ပဲ မနေနိုင်တော့ မယုတ်လျှင် ဆေးလုံးတစ်လုံးဖော်ပြီးတိုင်း နောက်တစ်ကြိမ်ပြန်မစခင် နာရီဝက်လောက် သူနားနေရမည် ဖြစ်သည် ဘာ့ကြောင့်လဲဆိုတော သူ့ရဲ့ ပြန်ဖြည့်နိုင်တဲ့ နှုန်းက နာရီဝက်ကို တစ်ဝက်နှုန်းသာ ဖြစ်သောကြောင့် ဖြစ်သည်
You XiaoMo ရေတစ်ငုံစာရဲ့ တစ်ဝက်သောက်ပြီး သူအားပြန်ပြည့်လာမှာကို စောင့်နေလိုက်သည် ပြီးနောက် ဒုတိယ ဆေးလုံးကို စတင်လိုက်သည်
မျက်စိတစ်မှိတ်အတွင်းမှာကို အချိန်တွေကုန်ဆုံးသွားသည် သူထပ်ပြီးတော့ အမှာေးတွလဲ ထပ်မလုပ်ဖြစ်တော့ချေ ပုလင်းထဲက ဆေးလုံးအရေအတွက်ကလဲ တစ်လုံးမှ ဆယ်လုံးအထိ တိုးသွားသည် သူလုပ်ငန်းစဥ်နဲ့ ပိုပိုပြီး အကျွမ်းတဝင် ရှိလာလေလေ သူယူရသည့် အချိန်ကလဲ ပိုတိုလာလေလေ ဖြစ်သည် ပထမတော့ တစ်ကြိမ်ကို မှော်ဆေးပင်နှစ်မျိုးသာ သန့်စင်နိုင်သည် အခုတော့ တစ်ကြိမ်ကို သုံးမျိုးအထိ လုပ်နိုင်နေပြီဖြစ်သည်
You XiaoMo နောက်ဆုံးဆေးလုံးကို ပုလင်းထဲ ထဲ့ပြီးနောက်တော့ အဆုံးသတ်မှာ သူအနားယူဖို့ ရပ်တန့်လိုက်တန့်တော့သည်
နာရီတွေ တွက်ကြည့်ရင်တော့ ရှစ်နာရီကနေ ကိုးနာရီအထိ ဖြစ်နေပြီ ဖြစ်သည် သူ့ဗိုက် ဗိုက်ဆာလို့ တဂွီ ဂီွ ဖြစ်နေတာလဲ မထူးဆန်းတော့ ညစာစားတဲ့ အချိန်လဲ ဖြစ်နေတာမို့ သု့နယ်မြေထဲကနေ မတုန့်မဆိုင်းပဲ ထွက်လိုက်တော့သည်
အခန်းက အရမ်းတိတ်ဆိတ်နေသည် အပြင်ကလဲ ဘာအသံမှ မကြားရ လူတိုင်းစားသောက်ခန်းရောက်နေသည်ထင်သည်
You XiaoMo တံခါးပွင့်ပြီး အပြင် ခြေမလှမ်း ရသေးခင်အဝတ်အစားများကို ပြန့်ပြူးအောင် လုပ်လိုက်သည် နွေးထွေးပြီး သက်တောင့်သက်သာရှိလှသော ညနေခင်းနေရောင်က သူ့ကိုယ်ပေါ်ကျတာနဲ့ ချက်ချင်းကို အားမရှိတော့သလို ခံစားလိုက်ရသည် သူမသန်းပဲတောင် မနေနိုင်တော့ချေ
မြေကမ္ဘာတောင်ထွတ်၏ သဘာဝရှုခင်းသည် တကယ်တော့ အရမ်းကောင်းသည် နေဝင်ချိန်တိုင်း မှာ မြူနှင်းတွေ ကျဆင်းလာကာ အရာတိုင်းကို နှင်းဝေစေသည် လူသားတွေပြောနေကြတဲ့ နတ်သမီးတိုင်းပြည် ဆိုလောက်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်သည်
သူ စားသောက်ဆိုင်ကို ရောက်ချိန်မှာ သူအနည်းငယ်နောက်ကျနေတာကြောင့် စားသောကိဆိုင်တစ်ခုလုံးက လူပင်လယ်ကြီးနှင့် ပြည့်နှက်နေသည် ။
မျက်လုံးများနှင့် မြင်သမျှနေရာတိုင်းက ခေါင်းများဖြင့် ပြည့်နှက်နေသည် စားပဲွခုံတိုင်းမှာ လူစုစု ကိုတွေ့နိုင်ြပီး အဖွဲ့ နှစ်ဖွဲ့ သုံးဖွဲ့ပေါင်းထိုင်ကာ စိတ်အားတက်ကြွစွာပြောဆိုနေသံက စျေးတန်းထဲက အသံများနှင့်ပင် နှုင်းယှဥ်နိုင်သည်။
You XiqoMo တံတွေးလေး မျိုချလိုက်သည် ။ သူအမြဲတမ်းတမ်းနောက်ကျမှာသာ လာလေ့ရှိပေမယ့် စားသောက်ဆိုင်မှာ လူအရမ်းများနေတာ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည် အတွင်းမှာလဲ အစားအစာ ရရှိဖို့ စောင့်ဆိုင်းနေကြသော လူတန်းကလဲ အရှည်ကြီးဖြစ်သည် ။
သူ့ပြန်လှည့်ပြီး မုန့်ပဲ သူစားရမလား ဝေခွဲမရဖြစမကာ တုန့်ဆိုင်းနေတုန်း "ညီလေးခုနစ် " ဆိုသော အသံ ရုတ်တရက် သူ့ညာဘက်ကနေ ထွက်လာသည် အသံကလဲ သူအရမ်းရင်းနှီးသော အသံဖြစ်သည် ။
You XiaoMo နောက်လှည့်ပြီး ကြည့်လိုက်သည်။ သူ့ကို လှမ်းခေါ်လိုက်သူက ပထမတန်းရဲ့ ဒုတိယခုံတွင် ထိုင်နေသည် အထိုပါလူက သူ့ကို ကြည့်နေပြီး သူ့အမူအယာက ကတယ်တန်းကျတော့ အနည်းငယ် ထူးဆန်းနေသည်။ အဲဒါက အကိုငါး Zhao DaZhou မှမဟုတ်ရင် ဘယ်သူဖြစ်နိုင်မလဲ?