Zawgyi
C-117 Smarter in comparison.
အခန္း ၁၁၇ ႏႈိင္းယွဥ္မႈတြင္ စမတ္ပိုက်ျခင္း
WuFengျမိဳ႕ေလးကို ၀င္ေရာက္ျပီးသည္ႏွင့္ လူႏွစ္ေယာက္ ကရိုးရွင္းစြာပင္ အဓိကလမ္းမၾကီး ကေန WuFeng ျမိဳ႕ေလးရဲ႕ အျခားထြက္ေပါက္ကို ဦးတည္ၾကသည္။
You XiaoMo ရဲ႕ ခိုင္မာစြာ ျငင္းဆုိမႈေၾကာင့္ Ling Xiao က WuFengျမိဳ႕ေလးမွာ ေန႕လည္စာစားမယ့္ အစီအစဥ္ကို ဖ်တ္လိုက္သည္။ ျပီးေတာ့ သူကလဲ You XiaoMoကုိ စယံုသာျဖစ္သည္။ သူကိုယ္တိုင္လည္း ေန႕လည္စာ မစားခ်င္ေပ။
အဓိကလမ္းက လူေတြအျပည့္ စကားသံအျပည့္ျဖစ္သည္။ ေျခလွမ္းတိုင္းမွာ လူတိုင္းက ၀ံပုေလြစြယ္အဖြဲ႕ကိစၥအေၾကာင္း သာေျပာေနၾကသည္ကို ၾကားရသည္။ You XiaoMoလဲ နားစြင့္လုိ္က္ျပီး အနည္းငယ္နားေထာင္လိုက္သည္။ ေနာက္ဆံုးမွာေတာ့ ၀ံပုေလြစြယ္အဖြဲ႕ရဲ႕အေၾကာင္းသူနားလည္သြားသည္။
ဒီ ၀ံပုေလြစြယ္အဖြဲ႕သည္ တကယ့္ကို သူတို႕ HunJiျမိဳ႕ၾကီးမွာ ေတြ႕ခဲ႕တဲ႕ ၀ံပုေလြစြယ္အဖြဲ႕႔ပင္ျဖစ္သည္။ ေခါင္းေဆာင္က အသတ္ခံရျပီးေနာက္မွာ ၀ံပုေလြအဖြဲ႕အေျခအေနမွာ ပရမ္းပတာျဖစ္ခဲ႕သည္။ လအဆင့္သိုင္းသမားအဖြဲ႕ေခါင္းေဆာင္က လြဲရင္ သူ႔ေအာက္တစ္ဆင့္မွာ ေနအဆင့္အားအင္အဆင့္ျဖစ္သည္။ ရလာဒ္အေနနဲ႕ကေတာ့ ေခါင္းေဆာင္ေသသည္ႏွင့္ အျခားတစ္ေယာက္ကို ေခါငး္ေဆာင္ေျမွာက္ရမွာျဖစ္ေပေပမယ့္ ဘယ္သူကမွ အျခားတစ္ေယာက္ကို အခြင့္အေရးမေပးခ်င္ရာမွ အေျခအေနေတြက ရႈပ္ရွက္ခက္ကုန္သည္။
ပဋိပကၡေတြက အထူးသျဖင့္ တင္းမာလွကာ စစ္ျဖစ္ဖို႕ထိေတာင္ ေပါက္ကြဲထြက္ေတာ့မလိုျဖစ္သြားသည္။ ျပီးခဲ႕တဲ႕ညက ထူးဆန္းတဲ႕ အင္အားၾကီးလူတစ္ေယာက္ေပၚလာသည္။ သူက အျပင္လူျဖစ္သည္။ ၀ံပုေလြစြယ္အဖြဲ႕မွ ေနအဆင့္သိုင္းသမားတစ္ေယာက္ႏွင့္ စတင္ျပီီး ရင္ဆိုင္တုိက္ခိုက္ၾကသည္။ ႏွစ္ဖက္စလံုးပါ၀င္ခဲ႕ၾကသည္။ အဆံုးမွာေတာ့ ေနအဆင့္သိုင္းသမားကို အနိုင္တိုက္ခဲ႕သည္။
ဒါတင္မကေသး အျပင္လူက သူတို႕ေခါင္းေဆာင္ေသသြားတာကို ၾကားကာ သူတို႕ပါ ေခါင္းေဆာင္အသစ္၀င္ျပိဳင္သည္။ ဒါႏွင့္ပဲ အျပင္လူက ၀ံပုေလြစြယ္အဖြဲ႕ထဲ ေရာက္သြားျပီး ေခါင္းေဆာင္အသစ္တစ္ေယာက္ျဖစ္သြားသည္။
ထုိအျပင္လူက အလြန္စာနာစိတ္မရွိေသာ စရိုက္လဲရွိသည္။ WuFeng ျမိဳ႕ေလးက အေျခအေနေတြကို ထိန္းျပီးသည္ႏွင့္ မေန႕က ညက WuFeng ျမိဳ႕ေလးသည္ သူ႔ပိုင္နက္ျဖစ္သြားျပီ ဟု ေၾကညာလုိက္သည္။ သူ႕ကို ဆန္႕က်င္ရဲသူတုိင္းကို သတ္ပစ္မည္ဟုဆိုသည္။
WuFengျမိဳ႕ေလးသည္ မည္သူတစ္ဦးတစ္ေယာက္၏ အုပ္ခ်ဳပ္မႈကိုမွ်မခံစားရတာ ႏွစ္ေပါင္းမ်ားစြာၾကာျပီဟု ဆိုႏုိင္သည္။ ၀ံပုေလြစြယ္အဖြဲ႕ရွိလာသည္ သူ႔အဓိပၸါယ္မွာ အျခားအဖြဲ႕မ်ားလည္းရွိသည္ဟုဆုိႏိုင္သည္။
သူ႔ေၾကညာခ်က္ ထုတ္ျပီး တစ္ညပင္မရွိေသး အျခားအဖြဲ႕မ်ားမွ ေခါင္းေဆာင္မ်ားစုစည္းၾကသည္။ သူတို႕ေတြအားလံုး တစ္စုတည္းျဖစ္ရန္အတြက္ သူတို႕အဖြဲ႕ေတြပါ ၀ံပုေလြစြယ္အဖြဲ႕ရဲ႕ အသိုက္ကို ဦးတည္ၾကသည္။ ရလာဒ္ကေတာ့ ေမွ်ာ္လင့္ထားသထိုျဖစ္သည္။ အဖြဲ႔ေပါင္းစံုမွ အားေကာင္းေသာ တုိက္ခိုက္သူမ်ားစုေပါင္းျပီး တိုက္ခိုက္ျခင္းက အကယ့္ကို ျပင္ပလူကို ရွဳံနိမ့္သြားသည္။ ေမ်ာက္ကို ေျခာက္ဖို႕ ၾကက္ကို သတ္သလိုမ်ိဳးပဲ ျပင္ပလူက အဖြဲ႕ေခါင္းေဆာင္ေပါင္းမ်ားစြာကို သတ္ပစ္ခဲ႕သည္။ ျပီးတာနွင့္ သူတို႕ရဲ႕ အဖြဲ႕၀င္ေတြကို ၀ံပုေလြစြယ္အဖြဲ႕ထဲကို သြတ္သြင္းလုိ္က္သည္။
ထုိ႕ေနာက္ WuFengျမိဳ႕ေလးရဲ႕ အတြင္း အျပင္ ႏွစ္ေပါင္းမ်ားစြာ ေနသူမ်ားက WuFengျမိဳ႕ေလးရဲ႕ အေျခအေနေတြ ေျပာင္းလဲသြားတာကို ေနာက္ဆံုးမွာ သိရွိသြားၾကသည္။
WuFengျမိဳ႕ေလးရဲ႕ အ၀င္ အထြက္ကို ၀င္ေၾကးေကာက္ခံသည္မွာ WuFengျမိဳ႕ေလးကို ၀ံပုေလြစြယ္အဖြဲ႕၏ ပထမေဆာင္ရြက္ခ်က္ျဖစ္သည္။
You XiaoMo ႏွင့္ Ling Xiao ကေတာ့ လွလွေလးကံဆိုးသြားတာျဖစ္သည္။ သူတို႕က ဒါကို နဖူးေတြ႕ဒူးေတြ႕ၾကံဳရသည္မကပဲ ပထမဆံုး ၀င္ေၾကးအေကာက္ခံရသူမ်ားျဖစ္သြားသည္။
You XiaoMo ကေတာ့ သူႏွင့္ ၀ံပုေလြစြယ္အဖြဲ႕မွာ ကံဆိုးတဲ႕ဆက္ႏြယ္မႈရွိသည္ဟု ခံစားရသည္။ ပထမ သူ႔အမွားမရွိပဲႏွင့္ ျပႆနာထဲ ပါ၀င္မိသည္။ အခုေတာ့ သူ႕အမွားနည္းနည္းပါတယ္ဆိုေပမယ့္ သူတို႕ကို ဘယ္သူက ဒီေလာက္မတန္တဆ ၀င္ေၾကးေကာက္ခိုင္းသလဲ။ အကယ္လို႕ ငါးျပားဆယ္ျပားဆိုရင္ ကိုယ့္ကိုကုိယ္ တြန္းအားေပးျပီး သူေပးမိမွာပင္။
'ကိုၾကီးLing, ၀ံပုေလြအဖြဲ႕ေခါင္းေဆာင္အသစ္က ဘယ္ေလာက္ခြန္အားၾကီးမယ္လို႕ မွန္းမိသလဲ´ You XiaoMo သိခ်င္စိတ္္္္္္္္္္္္အျပည့္နဲ႕ Ling Xiao ကို ေမးလုိက္သည္။ သူက သိုင္းသမားမ်ားရဲ႕အဆင့္ေတြကို သိေပမယ့္ အတန္းစားအလိုက္ ျခားနားခ်က္ေတြကို သူေသခ်ာမသိေခ်။
Ling Xiao ႏႈတ္ခမ္းေတြ အေပၚကို ေကြးတက္သြားသည္။ သက္သက္သာသာေလး လမ္းဆက္ေလွ်ာက္ျပီး ရွင္းျပလုိက္သည္။ '၀ံပုေလြစြယ္အဖြဲ႕ေခါင္းေဆာင္က လအဆင့္ခြန္အားရွိတယ္။ အျခားေခါင္းေဆာင္ေတြကလဲ လအဆင့္ပဲ။ ေနာက္တစ္မ်ိဳးေျပာရရင္ WuFengျမိဳ႕ေလးမွာ ၀ံပုေလြစြယ္အဖြဲ႕နဲ႕ အတူယွဥ္ျပီး ေနလို႕မရဘူး။ ေခါင္းေဆာင္အသစ္က သူတို႕ကို အႏို္င္တိုက္ႏုိင္ကတည္းက သူက အနည္းဆံုးေတာ့ ၾကယ္အဆင့္နဲ႕ အထက္ျဖစ္လိမ့္ မယ္။ ဒါေပမယ့္ သူကအာကာသအဆင့္ထက္ေတာ့ ျမင့္မွာ မဟုတ္ဘူး´
You XiaoMo က သူ႕ရဲ႕ ရွင္းလင္းတဲ့က်ိဳးေၾကာင္းဆီေလ်ာ္တဲ႕ ေျဖရွင္းခ်က္ ကို နားေထာင္ျပီး ေခါင္းညိမ့္လိုက္ကာ ထပ္ေမးသည္။ 'ဘာလို႕လဲ´
Ling Xiao က ပီတိအျပံဳးႏွင့္ ဆက္ေျပာသည္။ 'အကယ္လို႕သူက အာကာသအဆင့္ ဆိုရင္ သူက အျပင္မွာေတာင္ အရွင္သခင္အေသးစားေလးျဖစ္ေနျပီ။ အကယ္လို႕ အဲလိုမဟုတ္ဘူးဆုိရင္ အကယ္လို႕ သူက အျခားခြန္အားၾကီးအဖြဲ႕ေတြက ခိုကိုးရာရွာေနျပီး သူ႔ကို ဂုဏ္ထူးေဆာင္ဧည့္သည္အျဖစ္ေတာင္ ဆက္ဆံဦးမယ္။ သူက ဒီလိုမဟုတ္တဲ႕အျပင္ သူက WuFeng ျမိဳ႕ေလးကိုပဲ လာခဲ႕တယ္ေလ။ ဒါ့အျပင္ သူက ၀ံပုေလြစြယ္အဖြဲ႕ကိုေတာင္ လက္လႊဲယူလုိက္ေသးတယ္။ ဒါက သူ WuFeng ေတာင္တန္းေဒသမွာ ေနဖို႕ အစီအစဥခ်ထားတယ္ဆိုတာ ရွင္းေနတာပဲ။ ဒီလိုအျပဳအမူအတြက္က ရွင္းလင္းခ်က္က တစ္ခုပဲ ရွိတယ္။ သူက လူတစ္ေယာက္ရဲ႕ လိုက္ဖမ္းတာကို ခံေနရတယ္။ သူ႔ကို လိုက္ဖမ္းေနတဲ႕သူကလဲ အင္အားနည္းတဲ႕သူမဟုတ္ဘူး အင္အားၾကီးဂိုဏ္းတစ္ခုကျဖစ္လိမ့္မယ္။ ဒါ့ေၾကာင့္ သူ႕မွာ WuFeng ျမိဳ႕ေလးကို ထြက္ေျပးဖို႕ကလြဲျပီး ေရြးခ်ယ္စရာ မရွိဘူး´
ဥာဏ္ေကာင္းလြန္းတယ္ ေၾကာက္ဖို႕ေတာင္ ေကာင္းလြန္းတယ္။
သဲလြန္စနည္းနညး္ေလး အေပၚမွာကို အေျခခံျပီးေတာ့ေတာင္ သူက ဒီေလာက္အခ်က္အလက္ေတြကို တကယ္ကို ေကာက္သင္းေကာက္ႏိုင္သည္။ You XiaoMo က ရုတ္တရက္ၾကီး Ling Xiao မွာ ေတာ္တဲ႕အခ်က္ေတြရွိတာကို ခံစားမိသည္။ အနည္းဆံုး…. အနည္းဆံုးေတာ့ သူနဲ႕ယွဥ္ရင္ ပိုျပီး ေတာ္တယ္……။
ဒါက သူလံုး၀ကို လက္ခံခ်င္ေသာ အခ်က္ျဖစ္သည္။
'သူတို႕ပဲ။ အေပါက္မွာ ၀င္ေၾကးေကာက္ေနတဲ႕ ၀ံပုေလြစြယ္အဖြဲ႕ ညီအကိုေတြကို သတ္လုိ္က္တာ အျဖဴေရာင္နဲ႕တစ္ေယာက္´
တခဏအတြင္းမွာကို ၀ံပုေလြစြယ္အဖြဲ႕မွ လူေတြက အၾကမ္းဖက္မယ့္ အရိပ္အေယာင္ေတြနဲ႕ သူတို႕ဆီ ဦးတည္လာၾကသည္။ ေျပာရင္းနဲ႕ အရွ႕ကေန ဦးေဆာင္ေျပးလာသူကအေတာ္အသင့္ ျပည့္ျဖိဳးသူတစ္ေယာက္ျဖစ္သည္။ အနည္းငယ္ ရင္းႏွီးတယ္လို႕လဲ ထင္ရသည္။ You XiaoMo ရွင္းေအာင္လို႕ ေသခ်ာၾကည့္လိုက္သည္။ သူ႕ကို WuFeng ျမိဳ႕ေလးအျပင္ဘက္မ်ာ ေတြ႕ခဲ႕သည္ဟုထင္သည္ ဘာေၾကာင့္လဲဆိုေတာ့ သူ႕သြင္ျပင္က အေတာ္အသင့္ ထင္သာသည္။ မေမွ်ာ္လင့္စြာနဲ႕ပဲ သူက အျခားလူႏွစ္ဦးႏွင့္ အတူလာသည္။ အတကယ္ကို မရိုးသားတာပဲ။ သူ႕ကို စိတ္ထဲကေန က်ိန္ဆဲလုိ္က္ျပီးေနာက္ သူLing Xia ေနာက္ကို ခုန္၀င္လုိ္က္သည္။ သူက သူရဲေဘာေၾကာင္သူမဟုတ္ တကယ့္ကို သူရဲေဘာ ေၾကာင္သူ မဟုတ္ပါ။ သူ႕မွာ သူ႕ျမင္းကို စိတ္ၾကီး၀င္ျပီး စီးႏိုင္တဲ႕ စြမး္ရည္ အခုလက္ရွိမွာ ရွိမေနေသးေသာၾကာင့္သာ ျဖစ္သည္။
Ling Xiao က ရပ္တန္႕သြားေအာင္ လုပ္ဖို႕ထြက္လာခ်ိန္မွာပဲ ထိုလူစုကလဲ သူ႕ဆီ အေျပးအလႊားေရာက္ရွိလာျပီျဖစ္သည္။ အားလံုးေပါင္း ခုနစ္ေယာက္ရွိသည္။ အျမင့္ဆံုးက လအဆင့္ ၾကယ္တစ္ပြင့္ျဖစ္သည္။ ရိုင္းစုိင္းတဲ႔သန္မာတဲ့လူတစ္ေယာက္ ျဖစ္သည္။ ဒါေပမယ့္ သူ႕ရဲ႕ အေနအထားကေတာ့ မတည္မျငိမ္ျဖစ္ေနလြန္းသည္။ ျဖစ္ႏိုင္တာကေတာ့ သူကမၾကာေသးမီကမွ အဆင့္ကူးထားတာျဖစ္လိမ့္မည္။ ထိုလူစုထဲမွာေတာ့သူတို႕ သိသည့္သူတစ္ေယာက္မွ မပါေနေခ်။ ဒီလူစုက သူ HunJiျမိဳ႕ၾကီးမွာ တိုက္ခိုက္တုန္းက မေပၚလာခဲ့ပါ။
ေအးစက္ျပီး စိတ္ထားေကာင္းပံုမရတဲ႕လူထြားၾကီးက ေျခလွမ္းခပ္ၾကဲၾကဲၾကီး ႏွစ္လွမ္းတိုးလာသည္။ က်ားတစ္ေကာင္ရဲ႕ ေက်ာျပင္နဲ႕ ၀က္၀ံတစ္ေကာင္ရဲ႕ခါး နဲ႕တူတဲ႕လူၾကီးက အရမ္းကုိ ၾကည့္ရတာ ေၾကာက္ဖို႕ေကာင္းသည္။ Ling Xiao ကိုၾကည့္တဲ႕အၾကည့္ေတြက အထင္ေသးသည့္အျမင့္ေတြ ပါ၀င္ေနသည္။ သူ႔ပခံုးေပၚမွာ ပုစိန္ၾကီးတစ္လက္ကိုတင္ထားျပီး ေအးစက္စက္ေလသံႏွင့္ 'မင္းဘာသာပဲ ကိုယ့္ကိုကို္ယ္ အဆံုးသတ္မလား ငါလိုၾကီးျမတ္တဲ့သူကပဲ မင္းအစားလုပ္ေပးရမလား´
Ling Xiao ရဲ႕မ်က္ႏွာမွာ အျပံဳးေလးေပၚလာသည္ 'ဒါေပမယ့္ ငါက တတိယေျမာက္ကိုပဲ ေရြးခ်ယ္ခ်င္တာ´
လူထြားၾကီးရဲ႕ စကားသံကိုေတာင္ မေစာင့္နုိင္ပဲ You XiaoMo က Ling Xiao ရဲ႕လက္ေမာင္းေအာက္ကေန တိုးထြက္လာျပီး သိခ်င္စိတ္အျပည့္နဲ႕ ေမးေလသည္။ 'တတိယေျမာက္ေရြးခ်ယ္ဖို႕က ဘာလဲ´
Ling Xiao ျပံဳးကာ ' သူတိုိ႕ေသမယ္´
You XiaoMo ၾကက္သီးေတြထလာျပီး ခ်က္ခ်င္း အေနာက္ကို ျပန္က်ံဳ၀င္သြားသည္။
လူထြားၾကီးက ခ်က္ခ်င္းကို လူသတ္ခ်င္တဲ႕ စိတ္ေတြထက္သန္စြာ ျဖစ္တည္လာသည္။ စကားတစ္ခြန္းေတာင္ ႏႈတ္ဆက္ျခင္းမရွိပဲ ပုစိန္ၾကီးကို ေျမွာက္ကာ Ling Xiaoေခါင္းကို အားထဲ႕ျပီး ထုထဲ႕လုိက္သည္။ ရလာဒ္ကေတာ့ မွန္းထားသလိုပါပဲ။ လအဆင့္ ၾကယ္တစ္ပြင့္သိုင္းသမားတစ္ေယာက္မွာ ဘယ္ေလာက္စြမ္းရည္ရွိနုိင္မလဲ။ WuFengျမိဳ႕ေလး ကို ျခယ္လွယ္နုိင္ရံုပဲ ရွိတာပါ။
Ling Xiao က သူ႔ရဲ႕ ခပ္ဆတ္ဆတ္ ရိုက္ခ်က္နဲ႕တင္ ထိုလူကို ပ်ံတက္သြားေစသည္။ သူက ေလးလား ေပါ့လားေတာင္ သူမသိ သူ႔အျပဳအမူမွာ စာသားႏွစ္လံုးသာ ေရးသားထားသည္။ ဒါႏွင့္ပင္ ႏွစ္ရာကတီ(တရုတ္ရိုးရာ အေလးခ်ိန္တစ္မ်ိဳးပါ ေပါင္ႏွစ္ရာ့ႏွစ္ဆယ္ေက်ာ္ အေလးခ်ိန္ရွိပ္တယ္) ေက်ာ္ ေလးတဲ႕ လူထြားၾကီးက ခ်က္ခ်င္းကို နရံေပၚကို ပ်ံသန္းသြားသည္။ နံရံေပၚမွ ေသြးေတြ စီးက်လာသည္။ ေျမျပင္ေပၚ ျပန္က်လာခ်ိန္မွာေတာ့ အေပါက္ ခုနစ္ခု (မ်က္လုံုးႏွစ္လံုး နားႏွစ္ဖက္ ႏွာေခါင္းႏွစ္ဖက္ ပါးစပ္တစ္ေပါက္) တို႕မွ ေသြးေတြထြက္လာသည္။ နံရိုးေလးေခ်ာင္းကလဲ မဆံုးနုိင္ေအာင္ ဆန္႕ငင္ဆန္႕ငင္ျဖစ္ကာ အသက္ရွဴသံေတြက ၀င္ေလထက္ ထြက္ေလက ပိုမ်ားလာသည္။
လူတို္ငး္က ျပင္းထန္တဲ႕ေလေအးေတြက သူတို႕ေျခေထာက္ကေန သူတို႕ႏွလံုးသားေအာက္ေျခထဲ တုိး၀င္လာသလုိမ်ိဳး ရုတ္တရက္ ခံစားလုိ္က္ရသည္။
အဆိုပါ လအဆင့္ သိုင္းသမားမွာ တကယ္ပင္ မၾကာေသးခင္ကမွ အဆင့္တက္ထားတာ ျဖစ္သည္။ သူ႔ကို အဆင့္တက္ေအာင္ ကူညီေပးသူမွာလဲ သူတို႕ရဲ႕ အဖြဲ႕ေခါင္းေဆာင္အသစ္ျဖစ္သည္။ သူ႔အတြက္ ယံုၾကည္ရတဲ႕ လက္ေအာက္ခံတစ္ေယာက္ကို ေမြးျမဴဖို႕အတြက္ထိုလူထြားၾကီးရဲ႕ခြန္အားတိုးတက္ေအာင္ သူကူညီထားျခင္းျဖစ္သည္။ သူကေတာ့ သူရဲ႕ ယံုၾကည္ရတဲ႕ လက္ေအာက္ခံက တစ္ရက္ေတာင္ မၾကာပဲ ေသသြားလိမ့္မယ္လို႕ သူကေတာ့ ေတြးထားမည္မဟုတ္ေပ။ အကယ္လို႕သာ ေခါင္းေဆာင္အသစ္သာ သိရွိသြားမယ္ဆိုရင္ မိုးျခိမ္းသလိုမ်ိဳး ေဒါသထြက္ေတြ ထြက္လာမည္ အမွန္ျဖစ္သည္။
လူေၾကာက္မ်ားကေတာ့ တုန္လႈပ္ေျခာက္ျခားသြားက ခ်က္ခ်ငး္ကို မီးခိုးတန္းေတြလို ထြက္ေျပးသြားၾကသည္။ အရမ္းေ၀းတဲ႕ ေနရာေရာက္သည္အထိ ေျပးလႊားသြားၾကျပီးမွ သူတို႕ထဲ တစ္ေယာက္က ရပ္တန္႕ျပီး မုန္းတီးမႈအျပည့္ျဖင့္ 'မင္းသာ ခံႏို္င္ရည္ ရွိရင္ ထြက္မေပးနဲ႕။ အဲဒိမွာ ေစာင့္ေန ငါတို႕ အဖြဲ႕ေခါင္းေဆာင္က မင္းကို ေသခ်ာေပါက္ကို ေကာင္းေကာငး္ လာရိုက္လိမ့္မယ္´
ေျပာျပီးသည္ႏွင့္ သူကို္ယ္တို္င္ကေတာ့ ထြက္ေျပးသြားသည္။
'ကိုၾကီးLing ကၽြန္ေတာ္တို႕ အခုသြားေတာ့မွာလား´ You XiaoMo Ling Xiao ေနာက္ကေန မ်က္ေမွာင္ၾကဳပ္ကာ ထြက္လာသည္။ ဒီလူေတြရဲ႕ အျပဳအမူေတြကို ၾကည့္တာႏွင့္ သူတုိ႕ကို ထြက္သြားခြင့္မေပးမွာ ေသခ်ာေနသည္။
'ငါတို႕က အခုထြက္သြားေနတာ မဟုတ္ဘူးလား´
Ling Xiao က သူ႔ကို ဖ်တ္ခနဲက ၾကည့္ကာ ရယ္လုိက္သည္။ ျပီးတာနဲ႕ သက္ေတာင့္သက္သာပဲ ေရွ႕ဆက္ေလွ်ာက္သြားေတာ့သည္။ You XiaoMo က သူ႕ႏွာေခါင္းကို ခါးသီးစြာ သပ္ျပီး 'ကၽြန္ေတာ္ေျပာတာက အခုခ်က္ခ်င္း သူတို႕ျပန္မလာခင္လို႕ ေျပာခ်င္တာ´
Ling Xiao လမ္းေလွ်ာက္ေနတာကေန ရုတ္တရက္ၾကီး ရပ္လိုက္သည္။ ေလးနက္တဲ႕ မ်က္္လံုးတစ္စံုက You XiaoMo ကို စိုက္ၾကည့္ေနသည္။ သူ႔ႏႈတ္ခမ္းေတြက ေတာ့ ေပၚကို ေကြးတက္လာကာ 'မင္း ဘာကို စိုးရိမ္ေနတာလဲ။ သူတို႕ကို အနိုင္မတိုက္နို္င္မွာကို ေၾကာက္ေနတာေတာ့ မဟုတ္ပါဘူးေနာ္´
မဟုတ္ ဘူးေလ………
ဒီစကားေတြၾကာတာနဲ႕ You XiaoMo တစ္ခုသြားသတိရလုိက္သည္။ သူက အခုခ်ိန္မွာ ဒီလုိၾကီးမားတဲ႕ Long Xiaoတိုက္ၾကီးက လူျဖစ္ေနေပမယ့္ သူ႔အေတြးေတြကေတာ့ အတိတ္မွာ ညပ္ေနေသးကာ နည္းနည္းေတာင္ မေျပာင္းလဲေသးဘူးျဖစ္ေနသည္။ အကယ္လို႕သာ ဒီလုိအေျခအေနမ်ိဳးနဲ႕ ႏွစ္ဆယ့္တစ္ရာစု မွာ တုိက္ခိုက္မယ္ဆိုရင္ လူအမ်ားစုက အေသအခ်ာကို သတိမထားပဲ သူ႔တို႕ကို ေရွာင္ရွားၾကမွာ ျဖစ္သည္။ ဒါေပမယ့္ ဒီအျပဳအမူက ခြန္အားႏွင့္သာ သံုးသပ္တဲ႕ Logn Xiao တိုက္ၾကီးမွာ ဆိုရင္ေတာ့ အားနည္းတဲ႕လကၡဏာလို႕ ယူဆႏိုင္သည္။
မင္းရဲ႕ခြန္အားက ျပိဳင္ဖက္ထက္ကို မျမင့္မခ်င္း အကယ္လို႕ မင္းသာ ထပ္တလဲလဲ ေနာက္ဆုတ္မယ္ဆုိရင္ အျခားသူေတြက မင္းက စကၠဴက်ားတစ္ေကာင္ သာျဖစ္ျပီးေတာ့ ဂုဏ္သိကၡာ လံုး၀ က်ဆင္းသြားမွာ ျဖစ္သည္။
သူတိတ္ျပီး အေတြးေတြ နက္နဲေနတာကို ၾကည့္ျပီး Ling Xiao မ်က္ခံုးေတြ အံၾသစြာနဲ႕ ျမင့္တက္သြားသည္။
ပံုမွန္ဆိုရင္ သူက ေသခ်ာေပါက္ကို သူ႕မ်က္ႏွာေတြ လံုး၀ကို နီျမန္းသြားသည္အထိကို ျငင္းဆုိမွာျဖစ္သည္ ။ အခုေတာ့ သူက တိတ္ေနသည္။ ဒါက နည္းနည္းေတာ့ ထူးဆန္းသည္။
'ညီေလး´
Ling Xiao သူ႕ကို မယံုသကၤာဟန္ျဖင့္ ေခၚလို္သည္။ သူဘာကို သိခ်င္ေနလဲဆိုတာကိုေတာ့ ဘုရားသခင္သာလွ်င္ သိလိမ့္မည္။
You XiaoMo ရုတ္တရက္ၾကီး ေခါင္းေမာ့လာကာ သူ႔ကို စပ္ျဖဲျဖဲ ရယ္ျပသည္။ သူ႕ဆီ ေလွ်ာက္လာက သူ႔လက္ေမာင္းကို တြန္းကာ လမ္းဆက္ေလွ်ာက္ရင္းႏွင့္ 'ကိုၾကီးLing ကၽြန္ေတာ္က ဘာမွ မစိုးရိမ္ဘူး ကိုၾကီးက အရမ္းေတာ္တာ သိတာေပ့ါ ၀ံပုေလြစြယ္အဖြဲ႕က အဲဒိ ေျခသံုးေခ်ာင္းနဲ႕ေၾကာင္ေတြက ကိုၾကီးနဲ႕မွ မကိုက္ညီပဲဟာ။ ဒါေပမယ့္ သူတို႕ကလဲ ကိုၾကီး ဂရုစိုက္တာကို လဲ ခံရဖို႕ မထိုက္တန္ဘူးေလ.. အဲ့ေတာ့ ကၽြန္ေတာ္တို႕ ျမန္ျမန္ထြက္သြားတာ ေကာင္းတယ္မလား ဒီမွာ ေပ်ာ္ဖို႕မွ မေကာငး္တာ´
'ဒါ အမွန္ပဲလား ……´
Ling Xiao က သူ႕ကို သေဘာတူလိုက္တာလား။ ဒါေပမယ့္ အခုခ်ိန္ထိ လက္ရွိ You XiaoMo က နည္းနည္းထူးဆန္းသည္။ သူ႕ကို ၾကည့္ရတာ တစ္ခုခု ဖံုးထားသလိုပဲ ရုတ္တရက္ၾကီး ကို ေပါ့ေပါ့ပါးပါး ေအးေအးေဆးေဆးျဖစ္သြားတာ။
သို႔ေသာ္ ျပႆနာ ေတြက ေတာ့ နည္းနည္းေတာင္ မေလ်ာ့နည္းပဲ သူတို႕ဆီ လာေနသည္။
၀ံပုေလြ အဖြဲ႕ေခါင္းေဆာင္အသစ္က သူ႔ရဲ႕ အာဏာကို ထူေထာင္ခ်င္ေနသည္။ ဒီေတာ့ သူခ်ထားတဲ႕ စည္းကမ္းကို ထိရဲတဲ႕သူကိုေတာ့ ရွင္းပစ္ရလိမ့္မည္။ သူတို႕က သူ႕ရဲ႕ပထမေလွခါးထစ္ျဖစ္သည္။
သူတို႕ေတြ ဂိတ္တံခါးနား ေရာက္ခါနီးတြင္ အဆိုပါအဖြဲ႕ေခါင္းေဆာင္က ေနာက္ဆံုးမွာေတာ့ သူ႔လူေတြနဲ႕ ေပၚလာေတာ့သည္။
Unicode
C-117 Smarter in comparison.
အခန်း ၁၁၇ နှိုင်းယှဉ်မှုတွင် စမတ်ပိုကျခြင်း
WuFengမြို့လေးကို ၀င်ရောက်ပြီးသည်နှင့် လူနှစ်ယောက် ကရိုးရှင်းစွာပင် အဓိကလမ်းမကြီး ကနေ WuFeng မြို့လေးရဲ့ အခြားထွက်ပေါက်ကို ဦးတည်ကြသည်။
You XiaoMo ရဲ့ ခိုင်မာစွာ ငြင်းဆိုမှုကြောင့် Ling Xiao က WuFengမြို့လေးမှာ နေ့လည်စာစားမယ့် အစီအစဉ်ကို ဖျတ်လိုက်သည်။ ပြီးတော့ သူကလဲ You XiaoMoကို စယုံသာဖြစ်သည်။ သူကိုယ်တိုင်လည်း နေ့လည်စာ မစားချင်ပေ။
အဓိကလမ်းက လူတွေအပြည့် စကားသံအပြည့်ဖြစ်သည်။ ခြေလှမ်းတိုင်းမှာ လူတိုင်းက ၀ံပုလွေစွယ်အဖွဲ့ကိစ္စအကြောင်း သာပြောနေကြသည်ကို ကြားရသည်။ You XiaoMoလဲ နားစွင့်လိုက်ပြီး အနည်းငယ်နားထောင်လိုက်သည်။ နောက်ဆုံးမှာတော့ ၀ံပုလွေစွယ်အဖွဲ့ရဲ့အကြောင်းသူနားလည်သွားသည်။
ဒီ ၀ံပုလွေစွယ်အဖွဲ့သည် တကယ့်ကို သူတို့ HunJiမြို့ကြီးမှာ တွေ့ခဲ့တဲ့ ၀ံပုလွေစွယ်အဖွဲ့ပင်ဖြစ်သည်။ ခေါင်းဆောင်က အသတ်ခံရပြီးနောက်မှာ ၀ံပုလွေအဖွဲ့အခြေအနေမှာ ပရမ်းပတာဖြစ်ခဲ့သည်။ လအဆင့်သိုင်းသမားအဖွဲ့ခေါင်းဆောင်က လွဲရင် သူ့အောက်တစ်ဆင့်မှာ နေအဆင့်အားအင်အဆင့်ဖြစ်သည်။ ရလာဒ်အနေနဲ့ကတော့ ခေါင်းဆောင်သေသည်နှင့် အခြားတစ်ယောက်ကို ခေါင်းဆောင်မြှောက်ရမှာဖြစ်ပေပေမယ့် ဘယ်သူကမှ အခြားတစ်ယောက်ကို အခွင့်အရေးမပေးချင်ရာမှ အခြေအနေတွေက ရှုပ်ရှက်ခက်ကုန်သည်။
ပဋိပက္ခတွေက အထူးသဖြင့် တင်းမာလှကာ စစ်ဖြစ်ဖို့ထိတောင် ပေါက်ကွဲထွက်တော့မလိုဖြစ်သွားသည်။ ပြီးခဲ့တဲ့ညက ထူးဆန်းတဲ့ အင်အားကြီးလူတစ်ယောက်ပေါ်လာသည်။ သူက အပြင်လူဖြစ်သည်။ ၀ံပုလွေစွယ်အဖွဲ့မှ နေအဆင့်သိုင်းသမားတစ်ယောက်နှင့် စတင်ပြီး ရင်ဆိုင်တိုက်ခိုက်ကြသည်။ နှစ်ဖက်စလုံးပါဝင်ခဲ့ကြသည်။ အဆုံးမှာတော့ နေအဆင့်သိုင်းသမားကို အနိုင်တိုက်ခဲ့သည်။
ဒါတင်မကသေး အပြင်လူက သူတို့ခေါင်းဆောင်သေသွားတာကို ကြားကာ သူတို့ပါ ခေါင်းဆောင်အသစ်ဝင်ပြိုင်သည်။ ဒါနှင့်ပဲ အပြင်လူက ၀ံပုလွေစွယ်အဖွဲ့ထဲ ရောက်သွားပြီး ခေါင်းဆောင်အသစ်တစ်ယောက်ဖြစ်သွားသည်။
ထိုအပြင်လူက အလွန်စာနာစိတ်မရှိသော စရိုက်လဲရှိသည်။ WuFeng မြို့လေးက အခြေအနေတွေကို ထိန်းပြီးသည်နှင့် မနေ့က ညက WuFeng မြို့လေးသည် သူ့ပိုင်နက်ဖြစ်သွားပြီ ဟု ကြေညာလိုက်သည်။ သူ့ကို ဆန့်ကျင်ရဲသူတိုင်းကို သတ်ပစ်မည်ဟုဆိုသည်။
WuFengမြို့လေးသည် မည်သူတစ်ဦးတစ်ယောက်၏ အုပ်ချုပ်မှုကိုမျှမခံစားရတာ နှစ်ပေါင်းများစွာကြာပြီဟု ဆိုနိုင်သည်။ ၀ံပုလွေစွယ်အဖွဲ့ရှိလာသည် သူ့အဓိပ္ပါယ်မှာ အခြားအဖွဲ့များလည်းရှိသည်ဟုဆိုနိုင်သည်။
သူ့ကြေညာချက် ထုတ်ပြီး တစ်ညပင်မရှိသေး အခြားအဖွဲ့များမှ ခေါင်းဆောင်များစုစည်းကြသည်။ သူတို့တွေအားလုံး တစ်စုတည်းဖြစ်ရန်အတွက် သူတို့အဖွဲ့တွေပါ ၀ံပုလွေစွယ်အဖွဲ့ရဲ့ အသိုက်ကို ဦးတည်ကြသည်။ ရလာဒ်ကတော့ မျှော်လင့်ထားသထိုဖြစ်သည်။ အဖွဲ့ပေါင်းစုံမှ အားကောင်းသော တိုက်ခိုက်သူများစုပေါင်းပြီး တိုက်ခိုက်ခြင်းက အကယ့်ကို ပြင်ပလူကို ရှုံနိမ့်သွားသည်။ မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်သလိုမျိုးပဲ ပြင်ပလူက အဖွဲ့ခေါင်းဆောင်ပေါင်းများစွာကို သတ်ပစ်ခဲ့သည်။ ပြီးတာနှင့် သူတို့ရဲ့ အဖွဲ့ဝင်တွေကို ၀ံပုလွေစွယ်အဖွဲ့ထဲကို သွတ်သွင်းလိုက်သည်။
ထို့နောက် WuFengမြို့လေးရဲ့ အတွင်း အပြင် နှစ်ပေါင်းများစွာ နေသူများက WuFengမြို့လေးရဲ့ အခြေအနေတွေ ပြောင်းလဲသွားတာကို နောက်ဆုံးမှာ သိရှိသွားကြသည်။
WuFengမြို့လေးရဲ့ အ၀င် အထွက်ကို ၀င်ကြေးကောက်ခံသည်မှာ WuFengမြို့လေးကို ၀ံပုလွေစွယ်အဖွဲ့၏ ပထမဆောင်ရွက်ချက်ဖြစ်သည်။
You XiaoMo နှင့် Ling Xiao ကတော့ လှလှလေးကံဆိုးသွားတာဖြစ်သည်။ သူတို့က ဒါကို နဖူးတွေ့ဒူးတွေ့ကြုံရသည်မကပဲ ပထမဆုံး ၀င်ကြေးအကောက်ခံရသူများဖြစ်သွားသည်။
You XiaoMo ကတော့ သူနှင့် ၀ံပုလွေစွယ်အဖွဲ့မှာ ကံဆိုးတဲ့ဆက်နွယ်မှုရှိသည်ဟု ခံစားရသည်။ ပထမ သူ့အမှားမရှိပဲနှင့် ပြဿနာထဲ ပါဝင်မိသည်။ အခုတော့ သူ့အမှားနည်းနည်းပါတယ်ဆိုပေမယ့် သူတို့ကို ဘယ်သူက ဒီလောက်မတန်တဆ ၀င်ကြေးကောက်ခိုင်းသလဲ။ အကယ်လို့ ငါးပြားဆယ်ပြားဆိုရင် ကိုယ့်ကိုကိုယ် တွန်းအားပေးပြီး သူပေးမိမှာပင်။
'ကိုကြီးLing, ၀ံပုလွေအဖွဲ့ခေါင်းဆောင်အသစ်က ဘယ်လောက်ခွန်အားကြီးမယ်လို့ မှန်းမိသလဲ´ You XiaoMo သိချင်စိတ်အပြည့်နဲ့ Ling Xiao ကို မေးလိုက်သည်။ သူက သိုင်းသမားများရဲ့အဆင့်တွေကို သိပေမယ့် အတန်းစားအလိုက် ခြားနားချက်တွေကို သူသေချာမသိချေ။
Ling Xiao နှုတ်ခမ်းတွေ အပေါ်ကို ကွေးတက်သွားသည်။ သက်သက်သာသာလေး လမ်းဆက်လျှောက်ပြီး ရှင်းပြလိုက်သည်။ '၀ံပုလွေစွယ်အဖွဲ့ခေါင်းဆောင်က လအဆင့်ခွန်အားရှိတယ်။ အခြားခေါင်းဆောင်တွေကလဲ လအဆင့်ပဲ။ နောက်တစ်မျိုးပြောရရင် WuFengမြို့လေးမှာ ၀ံပုလွေစွယ်အဖွဲ့နဲ့ အတူယှဉ်ပြီး နေလို့မရဘူး။ ခေါင်းဆောင်အသစ်က သူတို့ကို အနိုင်တိုက်နိုင်ကတည်းက သူက အနည်းဆုံးတော့ ကြယ်အဆင့်နဲ့ အထက်ဖြစ်လိမ့် မယ်။ ဒါပေမယ့် သူကအာကာသအဆင့်ထက်တော့ မြင့်မှာ မဟုတ်ဘူး´
You XiaoMo က သူ့ရဲ့ ရှင်းလင်းတဲ့ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းချက် ကို နားထောင်ပြီး ခေါင်းညိမ့်လိုက်ကာ ထပ်မေးသည်။ 'ဘာလို့လဲ´
Ling Xiao က ပီတိအပြုံးနှင့် ဆက်ပြောသည်။ 'အကယ်လို့သူက အာကာသအဆင့် ဆိုရင် သူက အပြင်မှာတောင် အရှင်သခင်အသေးစားလေးဖြစ်နေပြီ။ အကယ်လို့ အဲလိုမဟုတ်ဘူးဆိုရင် အကယ်လို့ သူက အခြားခွန်အားကြီးအဖွဲ့တွေက ခိုကိုးရာရှာနေပြီး သူ့ကို ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ်တောင် ဆက်ဆံဦးမယ်။ သူက ဒီလိုမဟုတ်တဲ့အပြင် သူက WuFeng မြို့လေးကိုပဲ လာခဲ့တယ်လေ။ ဒါ့အပြင် သူက ၀ံပုလွေစွယ်အဖွဲ့ကိုတောင် လက်လွှဲယူလိုက်သေးတယ်။ ဒါက သူ WuFeng တောင်တန်းဒေသမှာ နေဖို့ အစီအစဥချထားတယ်ဆိုတာ ရှင်းနေတာပဲ။ ဒီလိုအပြုအမူအတွက်က ရှင်းလင်းချက်က တစ်ခုပဲ ရှိတယ်။ သူက လူတစ်ယောက်ရဲ့ လိုက်ဖမ်းတာကို ခံနေရတယ်။ သူ့ကို လိုက်ဖမ်းနေတဲ့သူကလဲ အင်အားနည်းတဲ့သူမဟုတ်ဘူး အင်အားကြီးဂိုဏ်းတစ်ခုကဖြစ်လိမ့်မယ်။ ဒါ့ကြောင့် သူ့မှာ WuFeng မြို့လေးကို ထွက်ပြေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး´
ဥာဏ်ကောင်းလွန်းတယ် ကြောက်ဖို့တောင် ကောင်းလွန်းတယ်။
သဲလွန်စနည်းနည်းလေး အပေါ်မှာကို အခြေခံပြီးတော့တောင် သူက ဒီလောက်အချက်အလက်တွေကို တကယ်ကို ကောက်သင်းကောက်နိုင်သည်။ You XiaoMo က ရုတ်တရက်ကြီး Ling Xiao မှာ တော်တဲ့အချက်တွေရှိတာကို ခံစားမိသည်။ အနည်းဆုံး…. အနည်းဆုံးတော့ သူနဲ့ယှဉ်ရင် ပိုပြီး တော်တယ်……။
ဒါက သူလုံးဝကို လက်ခံချင်သော အချက်ဖြစ်သည်။
'သူတို့ပဲ။ အပေါက်မှာ ၀င်ကြေးကောက်နေတဲ့ ၀ံပုလွေစွယ်အဖွဲ့ ညီအကိုတွေကို သတ်လိုက်တာ အဖြူရောင်နဲ့တစ်ယောက်´
တခဏအတွင်းမှာကို ၀ံပုလွေစွယ်အဖွဲ့မှ လူတွေက အကြမ်းဖက်မယ့် အရိပ်အယောင်တွေနဲ့ သူတို့ဆီ ဦးတည်လာကြသည်။ ပြောရင်းနဲ့ အရှ့ကနေ ဦးဆောင်ပြေးလာသူကအတော်အသင့် ပြည့်ဖြိုးသူတစ်ယောက်ဖြစ်သည်။ အနည်းငယ် ရင်းနှီးတယ်လို့လဲ ထင်ရသည်။ You XiaoMo ရှင်းအောင်လို့ သေချာကြည့်လိုက်သည်။ သူ့ကို WuFeng မြို့လေးအပြင်ဘက်မျာ တွေ့ခဲ့သည်ဟုထင်သည် ဘာကြောင့်လဲဆိုတော့ သူ့သွင်ပြင်က အတော်အသင့် ထင်သာသည်။ မမျှော်လင့်စွာနဲ့ပဲ သူက အခြားလူနှစ်ဦးနှင့် အတူလာသည်။ အတကယ်ကို မရိုးသားတာပဲ။ သူ့ကို စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီးနောက် သူLing Xia နောက်ကို ခုန်ဝင်လိုက်သည်။ သူက သူရဲဘောကြောင်သူမဟုတ် တကယ့်ကို သူရဲဘော ကြောင်သူ မဟုတ်ပါ။ သူ့မှာ သူ့မြင်းကို စိတ်ကြီးဝင်ပြီး စီးနိုင်တဲ့ စွမ်းရည် အခုလက်ရှိမှာ ရှိမနေသေးသောကြာင့်သာ ဖြစ်သည်။
Ling Xiao က ရပ်တန့်သွားအောင် လုပ်ဖို့ထွက်လာချိန်မှာပဲ ထိုလူစုကလဲ သူ့ဆီ အပြေးအလွှားရောက်ရှိလာပြီဖြစ်သည်။ အားလုံးပေါင်း ခုနစ်ယောက်ရှိသည်။ အမြင့်ဆုံးက လအဆင့် ကြယ်တစ်ပွင့်ဖြစ်သည်။ ရိုင်းစိုင်းတဲ့သန်မာတဲ့လူတစ်ယောက် ဖြစ်သည်။ ဒါပေမယ့် သူ့ရဲ့ အနေအထားကတော့ မတည်မငြိမ်ဖြစ်နေလွန်းသည်။ ဖြစ်နိုင်တာကတော့ သူကမကြာသေးမီကမှ အဆင့်ကူးထားတာဖြစ်လိမ့်မည်။ ထိုလူစုထဲမှာတော့သူတို့ သိသည့်သူတစ်ယောက်မှ မပါနေချေ။ ဒီလူစုက သူ HunJiမြို့ကြီးမှာ တိုက်ခိုက်တုန်းက မပေါ်လာခဲ့ပါ။
အေးစက်ပြီး စိတ်ထားကောင်းပုံမရတဲ့လူထွားကြီးက ခြေလှမ်းခပ်ကြဲကြဲကြီး နှစ်လှမ်းတိုးလာသည်။ ကျားတစ်ကောင်ရဲ့ ကျောပြင်နဲ့ ၀က်ဝံတစ်ကောင်ရဲ့ခါး နဲ့တူတဲ့လူကြီးက အရမ်းကို ကြည့်ရတာ ကြောက်ဖို့ကောင်းသည်။ Ling Xiao ကိုကြည့်တဲ့အကြည့်တွေက အထင်သေးသည့်အမြင့်တွေ ပါဝင်နေသည်။ သူ့ပခုံးပေါ်မှာ ပုစိန်ကြီးတစ်လက်ကိုတင်ထားပြီး အေးစက်စက်လေသံနှင့် 'မင်းဘာသာပဲ ကိုယ့်ကိုကိုယ် အဆုံးသတ်မလား ငါလိုကြီးမြတ်တဲ့သူကပဲ မင်းအစားလုပ်ပေးရမလား´
Ling Xiao ရဲ့မျက်နှာမှာ အပြုံးလေးပေါ်လာသည် 'ဒါပေမယ့် ငါက တတိယမြောက်ကိုပဲ ရွေးချယ်ချင်တာ´
လူထွားကြီးရဲ့ စကားသံကိုတောင် မစောင့်နိုင်ပဲ You XiaoMo က Ling Xiao ရဲ့လက်မောင်းအောက်ကနေ တိုးထွက်လာပြီး သိချင်စိတ်အပြည့်နဲ့ မေးလေသည်။ 'တတိယမြောက်ရွေးချယ်ဖို့က ဘာလဲ´
Ling Xiao ပြုံးကာ ' သူတို့သေမယ်´
You XiaoMo ကြက်သီးတွေထလာပြီး ချက်ချင်း အနောက်ကို ပြန်ကျုံဝင်သွားသည်။
လူထွားကြီးက ချက်ချင်းကို လူသတ်ချင်တဲ့ စိတ်တွေထက်သန်စွာ ဖြစ်တည်လာသည်။ စကားတစ်ခွန်းတောင် နှုတ်ဆက်ခြင်းမရှိပဲ ပုစိန်ကြီးကို မြှောက်ကာ Ling Xiaoခေါင်းကို အားထဲ့ပြီး ထုထဲ့လိုက်သည်။ ရလာဒ်ကတော့ မှန်းထားသလိုပါပဲ။ လအဆင့် ကြယ်တစ်ပွင့်သိုင်းသမားတစ်ယောက်မှာ ဘယ်လောက်စွမ်းရည်ရှိနိုင်မလဲ။ WuFengမြို့လေး ကို ခြယ်လှယ်နိုင်ရုံပဲ ရှိတာပါ။
Ling Xiao က သူ့ရဲ့ ခပ်ဆတ်ဆတ် ရိုက်ချက်နဲ့တင် ထိုလူကို ပျံတက်သွားစေသည်။ သူက လေးလား ပေါ့လားတောင် သူမသိ သူ့အပြုအမူမှာ စာသားနှစ်လုံးသာ ရေးသားထားသည်။ ဒါနှင့်ပင် နှစ်ရာကတီ(တရုတ်ရိုးရာ အလေးချိန်တစ်မျိုးပါ ပေါင်နှစ်ရာ့နှစ်ဆယ်ကျော် အလေးချိန်ရှိပ်တယ်) ကျော် လေးတဲ့ လူထွားကြီးက ချက်ချင်းကို နရံပေါ်ကို ပျံသန်းသွားသည်။ နံရံပေါ်မှ သွေးတွေ စီးကျလာသည်။ မြေပြင်ပေါ် ပြန်ကျလာချိန်မှာတော့ အပေါက် ခုနစ်ခု (မျက်လုံးနှစ်လုံး နားနှစ်ဖက် နှာခေါင်းနှစ်ဖက် ပါးစပ်တစ်ပေါက်) တို့မှ သွေးတွေထွက်လာသည်။ နံရိုးလေးချောင်းကလဲ မဆုံးနိုင်အောင် ဆန့်ငင်ဆန့်ငင်ဖြစ်ကာ အသက်ရှူသံတွေက ၀င်လေထက် ထွက်လေက ပိုများလာသည်။
လူတိုင်းက ပြင်းထန်တဲ့လေအေးတွေက သူတို့ခြေထောက်ကနေ သူတို့နှလုံးသားအောက်ခြေထဲ တိုးဝင်လာသလိုမျိုး ရုတ်တရက် ခံစားလိုက်ရသည်။
အဆိုပါ လအဆင့် သိုင်းသမားမှာ တကယ်ပင် မကြာသေးခင်ကမှ အဆင့်တက်ထားတာ ဖြစ်သည်။ သူ့ကို အဆင့်တက်အောင် ကူညီပေးသူမှာလဲ သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်အသစ်ဖြစ်သည်။ သူ့အတွက် ယုံကြည်ရတဲ့ လက်အောက်ခံတစ်ယောက်ကို မွေးမြူဖို့အတွက်ထိုလူထွားကြီးရဲ့ခွန်အားတိုးတက်အောင် သူကူညီထားခြင်းဖြစ်သည်။ သူကတော့ သူရဲ့ ယုံကြည်ရတဲ့ လက်အောက်ခံက တစ်ရက်တောင် မကြာပဲ သေသွားလိမ့်မယ်လို့ သူကတော့ တွေးထားမည်မဟုတ်ပေ။ အကယ်လို့သာ ခေါင်းဆောင်အသစ်သာ သိရှိသွားမယ်ဆိုရင် မိုးခြိမ်းသလိုမျိုး ဒေါသထွက်တွေ ထွက်လာမည် အမှန်ဖြစ်သည်။
လူကြောက်များကတော့ တုန်လှုပ်ခြောက်ခြားသွားက ချက်ချင်းကို မီးခိုးတန်းတွေလို ထွက်ပြေးသွားကြသည်။ အရမ်းဝေးတဲ့ နေရာရောက်သည်အထိ ပြေးလွှားသွားကြပြီးမှ သူတို့ထဲ တစ်ယောက်က ရပ်တန့်ပြီး မုန်းတီးမှုအပြည့်ဖြင့် 'မင်းသာ ခံနိုင်ရည် ရှိရင် ထွက်မပေးနဲ့။ အဲဒိမှာ စောင့်နေ ငါတို့ အဖွဲ့ခေါင်းဆောင်က မင်းကို သေချာပေါက်ကို ကောင်းကောင်း လာရိုက်လိမ့်မယ်´
ပြောပြီးသည်နှင့် သူကိုယ်တိုင်ကတော့ ထွက်ပြေးသွားသည်။
'ကိုကြီးLing ကျွန်တော်တို့ အခုသွားတော့မှာလား´ You XiaoMo Ling Xiao နောက်ကနေ မျက်မှောင်ကြုပ်ကာ ထွက်လာသည်။ ဒီလူတွေရဲ့ အပြုအမူတွေကို ကြည့်တာနှင့် သူတို့ကို ထွက်သွားခွင့်မပေးမှာ သေချာနေသည်။
'ငါတို့က အခုထွက်သွားနေတာ မဟုတ်ဘူးလား´
Ling Xiao က သူ့ကို ဖျတ်ခနဲက ကြည့်ကာ ရယ်လိုက်သည်။ ပြီးတာနဲ့ သက်တောင့်သက်သာပဲ ရှေ့ဆက်လျှောက်သွားတော့သည်။ You XiaoMo က သူ့နှာခေါင်းကို ခါးသီးစွာ သပ်ပြီး 'ကျွန်တော်ပြောတာက အခုချက်ချင်း သူတို့ပြန်မလာခင်လို့ ပြောချင်တာ´
Ling Xiao လမ်းလျှောက်နေတာကနေ ရုတ်တရက်ကြီး ရပ်လိုက်သည်။ လေးနက်တဲ့ မျက်လုံးတစ်စုံက You XiaoMo ကို စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းတွေက တော့ ပေါ်ကို ကွေးတက်လာကာ 'မင်း ဘာကို စိုးရိမ်နေတာလဲ။ သူတို့ကို အနိုင်မတိုက်နိုင်မှာကို ကြောက်နေတာတော့ မဟုတ်ပါဘူးနော်´
မဟုတ် ဘူးလေ………
ဒီစကားတွေကြာတာနဲ့ You XiaoMo တစ်ခုသွားသတိရလိုက်သည်။ သူက အခုချိန်မှာ ဒီလိုကြီးမားတဲ့ Long Xiaoတိုက်ကြီးက လူဖြစ်နေပေမယ့် သူ့အတွေးတွေကတော့ အတိတ်မှာ ညပ်နေသေးကာ နည်းနည်းတောင် မပြောင်းလဲသေးဘူးဖြစ်နေသည်။ အကယ်လို့သာ ဒီလိုအခြေအနေမျိုးနဲ့ နှစ်ဆယ့်တစ်ရာစု မှာ တိုက်ခိုက်မယ်ဆိုရင် လူအများစုက အသေအချာကို သတိမထားပဲ သူ့တို့ကို ရှောင်ရှားကြမှာ ဖြစ်သည်။ ဒါပေမယ့် ဒီအပြုအမူက ခွန်အားနှင့်သာ သုံးသပ်တဲ့ Logn Xiao တိုက်ကြီးမှာ ဆိုရင်တော့ အားနည်းတဲ့လက္ခဏာလို့ ယူဆနိုင်သည်။
မင်းရဲ့ခွန်အားက ပြိုင်ဖက်ထက်ကို မမြင့်မချင်း အကယ်လို့ မင်းသာ ထပ်တလဲလဲ နောက်ဆုတ်မယ်ဆိုရင် အခြားသူတွေက မင်းက စက္ကူကျားတစ်ကောင် သာဖြစ်ပြီးတော့ ဂုဏ်သိက္ခာ လုံးဝ ကျဆင်းသွားမှာ ဖြစ်သည်။
သူတိတ်ပြီး အတွေးတွေ နက်နဲနေတာကို ကြည့်ပြီး Ling Xiao မျက်ခုံးတွေ အံသြစွာနဲ့ မြင့်တက်သွားသည်။
ပုံမှန်ဆိုရင် သူက သေချာပေါက်ကို သူ့မျက်နှာတွေ လုံးဝကို နီမြန်းသွားသည်အထိကို ငြင်းဆိုမှာဖြစ်သည် ။ အခုတော့ သူက တိတ်နေသည်။ ဒါက နည်းနည်းတော့ ထူးဆန်းသည်။
'ညီလေး´
Ling Xiao သူ့ကို မယုံသင်္ကာဟန်ဖြင့် ခေါ်လိုသည်။ သူဘာကို သိချင်နေလဲဆိုတာကိုတော့ ဘုရားသခင်သာလျှင် သိလိမ့်မည်။
You XiaoMo ရုတ်တရက်ကြီး ခေါင်းမော့လာကာ သူ့ကို စပ်ဖြဲဖြဲ ရယ်ပြသည်။ သူ့ဆီ လျှောက်လာက သူ့လက်မောင်းကို တွန်းကာ လမ်းဆက်လျှောက်ရင်းနှင့် 'ကိုကြီးLing ကျွန်တော်က ဘာမှ မစိုးရိမ်ဘူး ကိုကြီးက အရမ်းတော်တာ သိတာပေ့ါ ၀ံပုလွေစွယ်အဖွဲ့က အဲဒိ ခြေသုံးချောင်းနဲ့ကြောင်တွေက ကိုကြီးနဲ့မှ မကိုက်ညီပဲဟာ။ ဒါပေမယ့် သူတို့ကလဲ ကိုကြီး ဂရုစိုက်တာကို လဲ ခံရဖို့ မထိုက်တန်ဘူးလေ.. အဲ့တော့ ကျွန်တော်တို့ မြန်မြန်ထွက်သွားတာ ကောင်းတယ်မလား ဒီမှာ ပျော်ဖို့မှ မကောင်းတာ´
'ဒါ အမှန်ပဲလား ……´
Ling Xiao က သူ့ကို သဘောတူလိုက်တာလား။ ဒါပေမယ့် အခုချိန်ထိ လက်ရှိ You XiaoMo က နည်းနည်းထူးဆန်းသည်။ သူ့ကို ကြည့်ရတာ တစ်ခုခု ဖုံးထားသလိုပဲ ရုတ်တရက်ကြီး ကို ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးဖြစ်သွားတာ။
သို့သော် ပြဿနာ တွေက တော့ နည်းနည်းတောင် မလျော့နည်းပဲ သူတို့ဆီ လာနေသည်။
၀ံပုလွေ အဖွဲ့ခေါင်းဆောင်အသစ်က သူ့ရဲ့ အာဏာကို ထူထောင်ချင်နေသည်။ ဒီတော့ သူချထားတဲ့ စည်းကမ်းကို ထိရဲတဲ့သူကိုတော့ ရှင်းပစ်ရလိမ့်မည်။ သူတို့က သူ့ရဲ့ပထမလှေခါးထစ်ဖြစ်သည်။
သူတို့တွေ ဂိတ်တံခါးနား ရောက်ခါနီးတွင် အဆိုပါအဖွဲ့ခေါင်းဆောင်က နောက်ဆုံးမှာတော့ သူ့လူတွေနဲ့ ပေါ်လာတော့သည်။