Zawgyi
C-116 WuFeng town
အခန္း ၁၁၆ WuFeng ျမိဳ႕
အာကာသအဆင့္ ခြန္အားဆိုတာ Long Xiaoတိုက္ၾကီး မွာ အျမင့္ဆံုးအဆင့္ဟု မွတ္ယူႏိုင္သည္။ သိုင္းသမားမ်ားမွာ သူတို႕ရဲ႕ ေလ့က်င့္ျခင္းတြင္ ကန္႕သတ္ထားေသာ ကိစၥမ်ားရွိသည္။ အဆင့္ေလးဆင့္တိုင္းမွာ အခက္အခဲၾကီးၾကီးမားမားရွိေနသည္။ သိုင္းသမားအမ်ားစုမွာ ေနအဆင့္ႏွင့္ သူ႔ေအာက္က အဆင့္မ်ားသာျဖစ္ၾကသည္။ ဒုတိယအေနနဲ႔ကေတာ့ လအဆင့္ႏွင့္ စိတ္၀ိဥာဏ္အဆင့္ၾကားျဖစ္သည္ အထူးသျဖင့္ကေတာ့စိတ္၀ိဥာဏ္အဆင့္ျဖစ္သည္။
စိတ္၀ိဥာဏ္အဆင့္မွ အင်ပါယာဆင့္ကို ထိုးေဖာက္ေက်ာ္ျဖတ္ဖို႕ အလြန္႔အလြန္ကို ခက္ခဲလွေသာေၾကာင့္ စိတ္၀ိဥာဏ္အဆင့္တြင္တန္႕ကာ သူတို႕တစ္သက္လံုး အခက္အခဲ မေက်ာ္နုိင္သူ အမ်ားအျပားရွိေနသည္။ လူဆယ္ေယာက္မွာ တစ္ေယာက္ ရွာေတြ႕ဖို႕ေတာင္ မျဖစ္နိုင္ေခ်။ စိတ္၀ိဥာဏ္အဆင့္ထက္တစ္ဆင့္သာ နိမ့္ေသာ အာကာသအဆင့္သိုင္းသမားအေနနဲက စိတ္၀ိဥာဏ္အဆင့္သိုင္းသမားတစ္ေယာက္ကိုသာ မထိပါးမခ်င္း ကိုယ့္မင္းကို္ယ့္ခ်င္းေတာင္ ေနႏိုင္သည္။
ထို႔ေၾကာင့္ HunJiျမိဳ႕ေတာ္ ေခါင္ေဆာင္က အျခားအင္အားစုေတြကိုအလြန္အမင္း ေၾကာက္လန္႕ေအာင္ လုပ္နိုင္ကာ ဒီမွာအုပ္စိုးေနျဖစ္သည္။
Ling Xiao က ၾကယ္အဆင့္ ခြန္အားသာ ရွိလိမ့္မည္ဟု သူအလြန္ဆံုးထင္ထားတာျဖစ္သည္။ ဒီတစ္ၾကိမ္ကေတာ့ မ်က္လံုးရွိေနေပမယ့္ သူမျမင္ပဲ ခပ္မာမာသံတံုးကို အတည္ၾကီး သြားကန္ေနသလိုျဖစ္သြားတာကို လံုး၀ကို မေမွ်ာ္လင့္ခဲ႕တာျဖစ္သည္။
သူတို႕ႏွစ္ေယာက္စလံုးကို အာကာသအဆင့္ခ်င္းအတူတူလို႕ ေတြးလို႕မရေခ်။ ၾကယ္တစ္လံုးခ်င္းစီရဲ႕ ျခားနားခ်က္က သိသာလွသည္။ အကယ္လို႕သာ ထူးျခားတဲ့ေမွာ္လက္နက္ ဒါမွမဟုတ္ အသက္ကယ္လႈပ္ရွားမႈတစ္ခုခု မရွိဘူးဆိုရင္ ကိုယ့္ထက္ အျမင့္တန္းက လူတစ္ေယာက္ကို သြားျပီးစိမ္ေခၚဖို႕ဆိုတာ မျဖစ္နုိင္ေပ။ အထူးသျဖင့္ သူတို႕ၾကား ျခားနားခ်က္က ၾကယ္တစ္လံုးေတာင္မကဘူးဆိုရင္ေပါ့။ 'ျမိဳ႕ေခါင္းေဆာင္ ဒီလူရဲ႕အားက အရမး္ျမင့္တယ္ ေနာက္ဆုတ္မွပဲ ျဖစ္မယ္ထင္တယ္´
ေမွာ္ေဆးလံုးဗဟိုအလုပ္ရံုက မန္ေနဂ်ာၾကီးက အေ၀းက Ling Xiao ကို ေၾကာက္ရြ႕ံတဲ႕အၾကည့္ႏွင့္လွမ္းၾကည့္ေနသည္။
Tang Hun က မ်က္ႏွာၾကီးမည္းသြားကာ အၾကံျပဳခ်က္ကို ခ်က္ခ်င္းကို ပယ္ေတာ့သည္။ 'မဟုတ္ဘူး က်ဳပ္တို႕သာ အခုေနာက္ဆုတ္လိုက္ရင္ ဒီလူေတြကို ရွာဖို႕ပိုခက္သြားလိမ့္မယ္။ က်ဳပ္ ထိပ္တန္းအဆင့္ ေမွာ္ေဆးပင္ေတြ စုိက္တဲ့နည္းလမ္း ရမွျဖစ္မယ္´
သူ အဲဒိနည္းလမ္းကို ကိုင္ထားနုိ္္င္သေရြ႕ ေတာ့ Long Xiao တိုက္ေပၚက အင္အားၾကီးလူအကုန္လံုးရဲ႕ အထက္ကို ေရာက္နို္င္မယ့္တစ္ေန႕ အေႏွးႏွင့္ အျမန္ ေရာက္လာမည္ျဖစ္သည္။
'ဒါေပမယ့္ ျမိဳ႕ေခါင္းေဆာင္ ဒီလူရဲ႕ အားက အရမ္းကို ျမင့္လြန္းတယ္ ကၽြန္ေတာ္တို႕ ဒီလူနည္းနည္းေလးနဲက သူကို႔အနိုင္တိုက္လို႕မရဘူး´
မန္ေနဂ်ာ က တုန္႔ဆိုင္းတုန္႕ဆိုင္းႏွင့္ ဆုိလာသည္။ ဒါေပါ့ ထိပ္တန္းအဆင့္ေမွာ္ေဆးပင္ စိုက္ပ်ိဳးနည္းက ဘယ္ေလာက္ေတာင္ အဖိုးတန္တယ္ဆုိတာ သူသိသည္။ အကယ္လို႕သာ ဒီသတင္းသာ အျပင္ထြက္သြားပါက ဒါကို စိတ္၀င္စားတဲ႕သူက သူတို႕ခ်ည္းပဲ မျဖစ္နိုင္ေတာ့ေပ။ အဲလိုဆုိရင္ အင္အားၾကီးအဖြဲ႕ေတြအကုန္လံုးလဲ ထြက္လာမွာပင္။ အက်ိဳးအျမတ္ရဖို႕ဆိုတာက တစ္ေယာက္ကေတာ့ အသက္ရွိေနဖို႕လိုအပ္သည္။
'ဒါေပ့ါ က်ဳပ္တိုက ဒီလူေလးနည္းနည္းနဲဲ႕ေတာ့ မႏိုင္ႏို္င္ဘူးေလ ဒါေပမယ့္ ဒီမွာ က်ဳပ္တို႕ခ်ည္းပဲမွ မဟုတ္ပဲ။ အင္အားၾကီးအဖြ႕ဲ သံုးဖြဲ႕ကလဲ သူတို႕ဆီက ရတနာေတြကို အရမ္းစိတ္၀င္စားေနၾကတာပဲ။ က်ဳပ္တို႕……..´
'ေနာက္ ႏွစ္တစ္ေသာင္္းေတာင္ မရဘူး ျမိဳ႕ေခါင္းေဆာင္´
သူေျပာေနတာကိုေတာင္ ျပီးေအာင္မေစာင့္ေတာ့ပဲ မန္ေနဂ်ာက ျဖတ္ေျပာလုိက္သည္။
'ဘာလုိ႕လဲ´ Tang Hun သူ႔ကို ေအးစက္စက္ၾကည့္လိုက္သည္။
မန္ေနဂ်ာက ရွငး္ျပေလသည္။ 'ေသခ်ာျပန္စဥ္းစားၾကည့္ပါလား ျမိဳ႕ေခါင္းေဆာင္ရဲ႕ အင္အာၾကီးအဖြဲ႕သံုးဖြဲ႕က အဆင့္ရွစ္ေမွာ္၀င္သားရဲဥ နဲ႕ စိတ္၀ိဥာဏ္အရည္ေတြ ေနာက္ကို လုိက္လာတာ။ ဒါေပမယ့္ ကၽြန္ေတာ္တို႕ကေကာ ? ကၽြန္ေတာ္တို႕မွာ စိတ္စြမ္းအင္အရည္လဲ ရွိေနျပီ။ အဆင့္ရွစ္ေမွာ္၀င္သားရဲဥဆုိတာကလဲ ကၽြန္ေတာ္တို႕ပဲ ေလလံထဲ ထည့္ခဲ့တာပဲ။ ဒီေတာ့ ကၽြန္ေတာ္တို႕က သူတို႕ကို သတ္ရတဲ့ အေၾကာင္းျပခ်က္က ဘာလဲ? အဲဒိေတာ့ သူတို႕က ကၽြန္ေတာ္တို႕ရဲ႕ရည္ရြယ္ခ်က္ကုိ သံသယ၀င္လာမွာပဲ။ အကယ္လို႕သာ သူတို႕သိသြားမယ္ဆိုရင္ ထိပ္တန္းအဆင့့္ ေမွာ္ေဆးပင္ေတြ စုိက္ပ်ိဳးနည္းက ကၽြန္ေတာ္တို႕လက္ထဲမွာပဲ အဆံုးသတ္သြားမွာ မဟုတ္ဘူးေနာ္´
Tang Hun ခဏေတာ့ စဥ္းစားေနသည္။ မန္ေနဂ်ာ ေျပာေနတာ အမွန္တရားေတြဆိုတာကို သူမျငင္းႏိုင္။ ဒါ့ေၾကာင့္ 'အခုေတာ့ ဟိုလူငယ္ေလးကို သူက ဖြက္ထားတယ္။ သူ႔ကိုပဲ ရွာျပီး လႈပ္ရွားရမွာပဲ မန္ေနဂ်ာမွာေကာ နည္းလမ္းရွိလား´
မန္ေနဂ်ာက ခဏစဥ္းစားေနကာ 'ျမိဳ႕ေခါင္းေဆာင္ ၾကည့္ရတာ ဒီတစ္ခါေတာ့ ဟိုပစၥည္းကို ထုတ္သံုးရေတာ့မယ္လို႕ ထင္တယ္။ အဲဒါက အာကာသအဆင့္သို္င္းသမားရဲ႕ သိျမင္မႈကို ေရွာင္နုိင္မယ့္ တစ္ခုတည္းေသာ နည္းပဲ´
Tang Hun တခဏေတာ့ တန္႕သြားသည္။ ျပီးေတာ့ မ်က္ေမွာင္ၾကဳပ္သြားသည္။ အဆိုပါ အရာသည္ သူ႕ရဲ႕ ရတနာျဖစ္သည္။ အကယ္လုိ႕သာ ေနာက္ဆံုးပိတ္ အားကိုးရာသာ မဟုတ္ဘူးဆိုလွ်င္ သူမထုတ္သံုးနိုင္ေခ်။ ဒါေပမယ့္ ယခုလတ္တေလာ အေျခအေနကို ၾကည့္ရတာေတာ့ သူ႔မွာ ဒီနည္း တစ္နည္းပဲ ရွိေတာ့တယ္ ထင္တယ္။
သိပ္မၾကာခင္မွာပဲ အင္အားၾကီးအဖြဲ႕သံုးခု က အျခားအင္ၾကီးတစ္ခုက ေနာက္ဆုတ္သြားတာကို ခံစားမိလုိက္ၾကသည္။ ဒီေလာက္ အလြယ္တကူ ေနာက္ဆုတ္သြားတာကို သူတို႕ အ့ံၾသသြားၾကေပမယ့္ ဒီလူရဲ႕ အားကိုစဥ္းစားလိုက္ရံုႏွင့္တင္ လူတုိင္း ေခါင္းေတာင္က်ိန္းသြားၾကသည္။ ၾကယ္ငါးပြင့္အာကာသအဆင့္ သိုင္းသမားတစ္ေယာက္က သူတို႕ သြား စ သင့္တဲ႕သူ မဟုတ္ေပ။ သူတို႕သာ ဒီလူ က ျဖံဳေလာက္တဲ႕ သိုိင္းသမားတစ္ေယာက္ျဖစ္ေနတာသာ ၾကိဳသိခဲ႕မယ္ဆုိရင္ ဒီေလာက္ မဆင္မျခင္လုပ္ခဲ႕မိလိမ့္မယ္ မဟုတ္။
အဖြဲ႕တစ္ဖြဲ႕ ေနာက္ဆုတ္သြားတာနဲ႕ JiLe တာ၀ါလဲ အရွံဳးေပးလုိက္ေတာ့သည္။ အဆင့္ရွစ္ေမွာ္၀င္သားရဲ ႏွင့္ စိတ္၀ိဥာဏ္အရည္က အရမး္ဆြဲေဆာင္ႏုိ္င္ေပမယ့္ ဒါေတြကို ခံစားဖို႕အတြက္ အသက္ရွင္ေနမွျဖစ္မည္။ Mu YunTianရဲ႕အားက တကယ္ေတာ့ အရမး္ၾကီး အဆိုးပါဘူး။သူနဲ႔ သက္တူရြယ္တူထဲမွာ သူ႕ကို ယွဥ္ႏိုင္မယ့္သူ သိပ္မရွိေခ်။ အခုေတာ့ သူက လအဆင့္သာရွိသည္။ သူ ေခၚလာတဲ႕ သူ႔ေဘးက လူေတြက အာကာသအဆင့္ေရာက္ဖို႕ ေျခတစ္လွမ္းသာ လုိေတာ့သည္ ဆုိေသာ္လည္း အာကာသအဆင့္သိုင္းသမားအစစ္တစ္ေယာက္ႏွင့္ ယွဥ္ဖို႕ဆုိတာကေတာ့ ကြာျခားခ်က္က ၾကယ္တစ္ပြင့္ထဲမွ မဟုတ္တာပဲ။
JiLe တာ၀ါ ေနာက္ဆုတ္တာႏွင့္ XiaoYao ဂိုဏ္းႏွင့္ Xue Shaမ်ိဳးႏြယ္စုတို႕အတူ ပူးေပါငး္လွ်င္ပင္ သူတို႕ ႏိုင္ႏို္င္ေခ်က သံုးဆယ္ရာခုိင္ႏႈန္းေတာင္ မေက်ာ္ႏုိ္င္။
ေနာက္သိပ္မၾကာခင္ပဲ Xue Sha မ်ိဳးႏြယ္လဲ ေနာက္ဆုတ္သြားသည္။ သူတို႕ရဲ႕ အင္အားၾကီးလူေတြ အေစာထဲက ဆံုးရွဳံးျပီးျဖစ္သည္မို႕ သူတို႕မွာ အခုသိပ္မက်န္ေတာ့ သူတို႔ျပန္ေရာက္တဲ့အခါက်လွ်င္ ဒီလူေတြအတြက္ အက်ိဳးေၾကာင္းေျပာျပရန္က လဲ သူတို႕အတြက္ ခက္ခဲေနသည္။
Mu Yao မွာ စိတ္ဆိုးလြန္း၍ ေျခပင္ ေဆာင့္ခ်င္ေနသည္။ ဟိုလူဆီက စိတ္၀ိဥာဏ္အရည္ကို သူတို႕အေရးတၾကီးလိုအပ္ေနေသာ္လည္း သူ႔မွာ အၾကီးအကဲYun ႏွင့္ အားကိုးရာမဲ့ အတူထြက္သြားဖို႕သာ လုပ္နိုင္သည္။
လူတုိင္းထြက္သြားသည္ႏွင့္ Ling Xiao က သူ႔ရဲ႕ေၾကာက္မက္ဖြယ္အရွိန္အ၀ါေတြကုိ ျပန္ထိန္းလိုက္သည္။ အကယ္လို႕ သူတို႕သာ Ling Xiao ရဲ႕ အားအစ္အမွန္က အာကသအဆင့္မဟုတ္ပဲ ဒိထက္ျမင့္တာသာ သိသြားလွ်င္ ဒိထက္ျမန္ျမန္ပင္ ထြက္ေျပးသြားေလာက္သည္။
သူရဲ႕ထက္ျမက္တဲ႕ မ်က္လံုးေတြက အရပ္မ်က္ႏွာတိုင္းကို သိမ္းၾကံဳးၾကည့္ရႈျပီး ဘယ္သူမွ မက်န္တာ ေသခ်ာေအာင္ စစ္ေဆးလုိက္သည္။ Ling Xiao ရုတ္တရက္ ေလထဲကို လက္ေ၀ွ႕လိုက္သည္။ ရုတ္တရက္ ေလထဲတြင္ အက္ကြဲေၾကာင္းေပၚလာသည္။ သိပ္မၾကာခင္ပဲ လူတစ္ေယာက္ အက္ကြဲေၾကာင္းထဲက ထြက္လာကာ သူ႔ေအာက္မွာ ရပ္ေနတဲ့ Ling Xiao လက္ထဲ တန္းတန္းမတ္မတ္ၾကီးျပဳတ္က်သြားေလေတာ့သည္။
အကယ္လို႕သာ ဒီျမင္ကြင္းကို မ်က္ျမင္ကို္ယ္ေတြ႕သာ ျမင္လုိက္ရမယ္ဆိုရင္ Mu Yao ႏွင့္ အၾကီးအကဲYun တို႕ႏွစ္ဦးစလံုး ေၾကာက္ရြ႕ံမႈေၾကာင့္ ျဖဴေဖ်ာ့သြားမွာ ေသခ်ညသည္။ တစ္ခ်ိန္တည္းမွာပဲ အရံွဳးေပးဖို႕ေတြးမိေအာင္ကို ကံေကာင္းေနတာကို လဲ ေက်းဇူးတင္မိၾကမွာ ျဖစ္သည္။
'အားး……´
အက္ေၾကာင္းထဲကေန ျပဳတ္က်လာတာ You XiaoMo အျပင္ အျခားသူမရွိေတာ့။
ဒီအခ်ိန္မွာ သူ႔မ်က္လံုးေတြက မ်က္ျဖဴစိုက္ျပီးေတာ့ ျပဴးက်ယ္ေနသည္။ သူ႕ကို Ling Xiao ဖမ္းကိုင္ထားတယ္ကို ၾကည့္ေနရင္းေတာင္ သူ႔အာရံုေၾကာေတြက ေျခကုန္လက္ပန္းက်ေနတုန္းျဖစ္သည္။
Ling Xiao က သူ႔အနားက လူသတ္ခ်င္တဲ႕အရိပ္အေယာင္ ေတြကို ဖယ္ထုတ္ျပီးျဖစ္သည္။ You XiaoMo ကို ရည္ရည္မြန္မြန္ သိမ္သိမ္ေမြ႕ေမြ႕ပံုစံေလးနဲ႕ ၾကည့္ေနကာ သူ႔ႏႈတ္ခမ္းစြန္းေတြကလဲ အေပၚကို အနည္းငယ္ ေကြးေနကာ အျပံဳးနုနုေလးထုတ္ေဖာ္လ်က္ 'ညီေလး ေၾကာင္ျပီးၾကည့္ေနရေအာင္ကို ကုိယ္ကဒီေန႕ အရမ္းခန္႕ညားျပီး မိုက္ေနတယ္လို႕ ထင္လို႕လား´
You XiaoMoကေတာ့ ခန္႕ညားျပီး မိုက္ေနတဲ႕မ်က္ႏွာကို သာ ျဖတ္ရိုက္ခ်င္တဲ့စိတ္ျဖစ္ေနေသာ္လည္း ဒါက အေရးၾကီးတဲ႕ အခ်က္မဟုတ္ေသး။
Ling Xiao ရုတ္တရက္ၾကီး 'ညီေလး အခု ကုိ႕ကို ျဖတ္ရိုက္ခ်င္ေနတာလား´
You XiaoMo ႏႈတ္ခမ္းနဲနဲစူသြားသည္။ ဘယ္လုိသိသြားတာလဲ လို႕ ထုတ္ေမးခါနီးစကားလံုးေတြကို သူခြန္အားအကုန္သံုးျပီး အျမန္မ်ိဳခ်လိုိက္ရသည္။ အျပစ္ကင္းဟန္ေလးႏွင့္မ်က္လံုးပုတ္ခတ္ပုတ္ခက္လုပ္ျပီး 'ကိုၾကီးLing လူဆုိးေတြကို ျပန္ေျပးေအာင္ ေမာင္းထုတ္ျပီးသြားျပီလား´
'အင္း .အ ၾကည့္ၾကည့္လိုက္ရင္ မသိဘူးလား´ Ling Xiao ျပံဳးျပလုိက္သည္။
You XiaoMo အနားတစ္ခ်က္ေ၀႕ၾကည့္လို္က္သည္ႏွင့္ သူ႕အစာအိမ္က ကေျပာင္းကျပန္ျဖစ္သြားသည္။ သူေလထဲက ေသြးန႕ံေတြရေနတယ္လုိ႕ ခံစားေနရတာ အံ့ၾသစရာမွ မဟုတ္တာပဲ။ Ling Xiao ကို ဗဟိုျပဳျပီးေတာ့ ပါတ္လည္က ေျခလက္ေတြက အႏွံ။ ေျခာက္ေနတဲ႕ အေလာင္းဆယ္ေလာင္းေလာက္လဲ ရွိေသးသည္။ ဒီလူေတြက ေသတာေတာင္ ေတာ္ေတာ္ ကံဆိုးမိုးေမွာင္က်ခဲ့ပံုရသည္။ အ ဘာၾကီးတုန္းလဲဟ? သူအခုထိ ေန႕လည္စာေတာင္ မစားရေသးဘူးေလ အီး…။
Ling Xiao ေခါင္းေမာ့ျပီး ေကာင္းကင္ေပၚက ေနလံုးၾကီးကို ၾကည့္လုိက္သည္။ သူရယ္ရင္းႏွင့္ 'ညီေလး လာျမန္ျမန္ လမး္ေပၚျပန္တက္ရေအာင္ ကိုယ္တို႕ Weiအခ်ိန္ (ေန႕ခင္း၁နာရီ - ၃နာရီ) မတိုင္ခင္ ျမိဳ႕ၾကီး ဒါမွမဟုတ္ နယ္ျမိဳ႕ေလးတစ္ခုခု ေရာက္မွ ျဖစ္မယ္။ အာ့မွ ေန႕လည္စာမီမွာ´
ေျပာရင္းနဲ႕လဲ You XiaoMo ကို ခပ္တင္းတင္းဖက္လုိ္က္ေသးသည္။ တစ္ခ်က္ခုန္လိုက္တာနဲ႕ အေလာင္းေတြအျပည့္ျဖစ္ေနတဲ႕ ေျမျပင္မွာ အတူရွိခဲ႕တယ္ဆိုတဲ့အရိပ္အေယာင္ေလး ေသးေသးေလးေတာင္ ေပၚမလာခင္ကုိ က်ယ္ျပန္႕တဲ႕ ျမဴျပင္ၾကီးထဲမွာ ေပ်ာ္ကြယ္သြားၾကသည္။
'ကၽြန္ေတာ္ မ……´
WuFengျမိဳ႕ေလးက WuFengေတာင္တန္းၾကီးအစြန္းက ထြက္ေပါက္မွာ တည္ရွိသည္။ WuFeng ေတာင္တန္းကေန ထြက္ခြာၾကမယ့္ လူအမ်ားက ဒီကေန ျဖတ္ျပီးေတာ့ သြားလာၾကရသည္။ ျမိဳ႕ေလးလို႕သာ ေခၚေနရေပမယ့္ သူ႕ဧရိယာက HunJiျမိဳၾကီးနီးပါးရွိသည္။ ထို႕အျပင္ ဒီေနရာ မည္သည့္အင္အားၾကီးအဖြဲ႕လက္ေအာက္မွာ ရွိမေနေခ်။ မည္သူမဆို လြတ္လပ္စြာ ၀င္ထြက္နုိ္င္ေသာ ျမိဳ႕ေလးတစ္ျမိဳ႕ ျဖစ္သည္။
Ling Xiao က You XiaoMo ကို WuFengျမိဳ႕ေလးအျပင္နားအထိကုိ သယ္ေဆာင္သြားသည္။ ဒီအခ်ိန္မွာေတာ့ ေနက မြန္းတည့္ခါနီးေနျပီး ေနလည္စာ စားမယ္လို႕သူအေစာက ေျပာထားတဲ့အခ်ိန္ေရာက္ေနျပီျဖစ္သည္။ ဒီေတာ့မွပဲ ခါးခါးသီးသီးျဖစ္ေနတဲ႕ You XiaoMoကို ေအာက္ခ်ေပးလုိက္သည္။
'ညီေလး ၾကည့္ ကိုတုိ႕ WuFengျမိဳ႕ေရာက္ျပီ´ Ling Xiao သူ႕ေခါင္းေလးအသာပုတ္လုိ္က္သည္။
You XiaoMo ကသူ႕ကို မသိက်ိဳးကြ်န္ျပဳကာ Wu Fengျမိဳ႕ေလးကိုပဲၾကည့္ရွဳအကဲျဖတ္ရန္ ဦးတည္လုိ္က္သည္။
ေျပာရမယ္ဆိုရင္ သူတို႕ HunJiျမိဳ႕ၾကီးကို သြားတုန္းက WuFengျမိဳ႕ကုိ ျဖတ္သြားရသည္။ သို႕ေသာ္ အဲဒိအခ်ိန္တုန္းက သူတို႕ အၾကာၾကီးမေနေခ်။ ထုိ႕ေၾကာင့္ You XiaoMo ဒီေနရာနဲ႕ပါတ္သတ္ျပီး ထင္ျမင္ခ်က္နက္နက္ရွိဳင္းရွိဳင္းရွိမေန။ ဘယ္သူကမွ အုပ္ခ်ဳပ္မေနတာေၾကာင့္ ျမိဳ႕ေတာ့ အေတာ္ ဖရိုဖရဲျဖစ္ေနသည္။ ရန္ျဖစ္တာ၊ တိုက္ခိုက္ျပီးလုတာ၊ ခရီးသြားတဲ့လမ္းမွာ လုယက္တာမ်ိဳးေတြက အမ်ားအျပားျဖစ္ပ်က္ေလ့ရွိသည္။
သူတို႕ႏွစ္ေယာက္ WuFengျမိဳ႕ထဲကို ၀င္မလို႕လုပ္ေနတုန္း နဂိုက အေစာင့္မရွိတဲ႔ ၀င္ေပါက္မွ လူႏွစ္ေယာက္ အျမန္ေျပးထြက္လာသည္။ တစ္ေယာက္ကရွည္ျပီး တစ္ေယာက္က ပုကာ ၾကည့္ရတာ စိတ္ပ်က္စရာၾကီးျဖစ္သည္။ ထို႕အျပင္ သြားကလဲေခါေနေသးသည္။ အ၀ါေရာင္သြားေခါႏွင့္တစ္ေယာက္က ထူးထူးျခားျခားကို ပိုရုပ္ဆိုးသည္။ ဒါေပမယ့္သူတို႕အားကေတာ့ မဆိုး ႏွစ္ေယာက္စလံုးက ေနအဆင့္အားရွိၾကသည္။ အခုေတာ့ သူတို႕က Ling Xiaoႏွင့္ You XiaoMo ကို ရက္စက္တတ္တဲ့ မေကာင္းဆိုး၀ါးအမူအယာႏွင့္ ၾကည့္ေနသည္။
အရပ္ပုတဲ့တစ္ေယာက္ရဲ႕ စိတ္ပ်က္စရာ အၾကည့္က You XiaoMo ဆီကို တစ္ေခါက္ျပန္ေရာက္သြားသည္။ လွိ်ဳ႕၀ွက္စြာျပံဳးလုိက္ကာ 'ဒီေန႕ကစျပီး WuFengျမိဳ႕ကေန အ၀င္အထြက္လုပ္တဲ႕သူတို္င္းျဖတ္သန္းခေပးရမယ္´
'ငါတို႕ ေနာက္ဆံုးအၾကိမ္လာတုန္းကေတာ့ မေပးရတာ ေသခ်ာပါတယ္´
You XiaoMo အံ့ၾသစြာ အသံထြက္လာသည္။ သူမမွားပါဘူး။ အဲဒိတုန္းက သူလွည္းရထားထဲမွာ အန္ေနတာျဖစ္သည္။ Ling Xiao ကလဲ သူ႕ကို ေငြလဲ မေတာင္းပါဘူး။
ပုပုနဲ႕လူက ေျပာေနရင္းနဲ႕ စပ္ျဖဲစပ္ျဖဲလုပ္ကာ ' ဒီေန႕ကေနမွ စဖို႕လုိတာ။ မင္းတို႕ကလဲ ပထမဆံုးအၾကိမ္ေပးရတာဆိုေတာ့ သတင္းေကာင္းေလး ေျပာျပရဦးမယ္။ ဒီ WuFengျမိဳ႕က အခု ဒီေန႕ကေနစျပီး ၀ံပုေလြစြယ္အဖြဲ႕ရဲ႕ နယ္ေျမျဖစ္သြားျပီ။ ၀င္သြားတာနဲ႕ မင္းတို႕ေတြ အျပဳအမူေတြ သတိထားရင္ အေကာင္းဆံုးပဲ။ မဟုတ္ရင္ေတာ့ မင္းအသက္ေလးကို ေစာင့္ၾကည့္ေနတာ ပိုေကာင္းလိမ့္မယ္´
၀ံပုေလြစြယ္အဖြဲ႕?
You XiaoMo အံ႕ၾသသြားသည္။ သူမွားမၾကားမိပါဘူး။ ၀ံပုေလြစြယ္အဖြဲ႕ေခါင္းေဆာင္ က လြန္ခဲ႕တဲ႕ရက္အနည္းငယ္ကမွ Ling Xiao သတ္လို႕ ေသသြားတာျဖစ္သည္။ ဘယ္လိုလုပ္ ျပီးေတာ့ အဖြဲ႕က ပ်က္သြားရမယ့္အစား WuFengျမိဳ႕ကို အတင္အဓမၼၾကီး လာသိမ္းေနရတာတုန္း။ ျပီးေတာ့ သူတို႕က ျဖတ္သန္းခေတာင္းေနေသးသည္။ You XiaoMo အေနာက္လွည့္ျပီး Ling Xiao ကုိ ဖ်တ္ခနဲ ၾကည့္လုိက္သည္။ ေမ့လုိက္ပါေတာ့ သူတို႕ေတြ ျပႆနာမရွာတာပဲ ေကာင္းပါတယ္။
'ေအာ… ေကာင္းျပီေလ ဒီေတာ့ တစ္ေယာက္ ဘယ္ေလာက္လဲ´
'ေရႊျပားႏွစ္ရာ´ ပုပုႏွင့္ တစ္ေယာက္က ေျပာရင္းႏွင့္ရယ္ေနသည္။
'……… မင္း ဘာလို႕ ဒိအတိုင္းသြားမလုတာလဲ . ဟြန္႕….´
You XiaoMo သူ႕ေမွာ္အိတ္ထုတ္ခါနီးလက္ကို ရုတ္တရက္ရပ္လိုက္သည္။ စဥ္းစားပါရေစဦး။ HunJiျမိဳ႕ၾကီးတုန္းကေတာင္ ေရႊႏွစ္ျပားပဲ ေကာက္သည္။ ျပီးေတာ့ သူတို႕က ဒီမွာ ေရႊျပားႏွစ္ရာေတာင္ လုိခ်င္ေနတာလား? ဟာ ဒါၾကီးက လမ္းခရီးမွာ လုတာၾကီးမဟုတ္ဘူးလား။ သူေပးလုိက္ဖို႕ အစီအစဥ္ေတာင္ ရွိမေနေတာ့။ ေနာက္ျပီးေတာ့ သူတို႕မွာ ၀ံပုေလြစြယ္အဖြဲ႕နဲ႕ပါတ္သတ္ျပီး မေကာင္းတဲ႕ေသြးကလဲ ရွိေနေသးသည္။
ပုပုနဲ႕လူရဲ႕မ်က္ႏွာ ခ်က္ခ်င္းမည္းသြားသည္။ သူ႔ေဘးက ရွည္ရွည္နဲ႕လူ သူတို႕ကို စျပီးေအးစက္စက္ မၾကည္ၾကည့္ႏွင့္ ၾကည့္ေနျပီျဖစ္သည္။
'မင္းတို႕က လြယ္တာကို ခက္ေအာင္လုပ္ခ်င္ေနေတာ့လဲ မင္းတို႕ဆႏၵကို ငါက ျဖည့္ေပးရတာေပ့ါ´ ပုတဲ႕တစ္ေယာက္က မုန္းတီးေနဟန္ႏွင့္ ေလွာင္ေျပာ ေျပာသည္။ ရွည္တဲ႕တစ္ေယာက္ႏွင့္အတူ ဓါးရွည္ခၽြန္ကို တစ္ေခ်ာင္းစီကိုင္ကာ သူတို႕ဆီကို တစ္ဖက္ဆီက တန္း၀င္ကာ ခုတ္ခ်ေလသည္။ ၀ံပုေလြစြယ္အဖြဲ႕ရဲ႕ စည္းကမ္းကိုေတာင္ ဖ်တ္ရဲတယ္ေပါ့။ မင္းတို႕အတြက္က ေသျခင္းပဲ။ ေကာင္းတာေပါ့ ေမ်ာက္ကုိေျခာက္ဖို႕ ၾကက္ကို သတ္ျပရသလိုမ်ိဳး သူတို႕ႏွစ္ေယာက္ကို နမူနာအေနနဲ႕ ျပရမွာေပ့ါ။
ေ၀ါ့ ေ၀ါ့
အပုေကာ အရွည္ေကာ ႏွစ္ေယာက္လံုးရုတ္တရက္ၾကီး ေသြးေတြအန္ကာ မ်က္ႏွာေတြကလဲ ေသေတာ့မလိုကို ေဖ်ာ့ကာ သူတို႕ ခႏၶာကိုယ္ေတြက WuFeng ျမိဳ႕တံခါးနဲ႕ ျပင္းျပင္းထန္ထန္ကို ရိုက္မိေလသည္။ သူတို႕ေအာက္ျပဳတ္က်တာနဲ႕ သူတို႕လည္ပင္းေတြ ေကြးက်ကုန္ကာ အေရးမပါပဲ ေသကုန္သည္။
အနားမွာ ျပပြဲၾကည့္ေနသလုိ ၾကည့္ေနေသာ လူေတြလဲ ဒီျမင္ကြင္းမွာ တုန္လႈပ္ကုန္ၾကသည္။ လအဆင့္ သိုင္းသမားႏွစ္ေယာက္ကို တစ္ခ်က္ထဲနဲ႕ အေသသတ္လိုက္တာ ။ျပီးတာနဲ႕ ျမိဳ႕ထဲ လမ္းေလွ်ာက္၀င္သြားသူ႕ႏွစ္ေယာက္ကို တုန္လႈပ္စြာနဲ႕ၾကည့္ေနမိသည္။
Unicode
C-116 WuFeng town
အခန်း ၁၁၆ WuFeng မြို့
အာကာသအဆင့် ခွန်အားဆိုတာ Long Xiaoတိုက်ကြီး မှာ အမြင့်ဆုံးအဆင့်ဟု မှတ်ယူနိုင်သည်။ သိုင်းသမားများမှာ သူတို့ရဲ့ လေ့ကျင့်ခြင်းတွင် ကန့်သတ်ထားသော ကိစ္စများရှိသည်။ အဆင့်လေးဆင့်တိုင်းမှာ အခက်အခဲကြီးကြီးမားမားရှိနေသည်။ သိုင်းသမားအများစုမှာ နေအဆင့်နှင့် သူ့အောက်က အဆင့်များသာဖြစ်ကြသည်။ ဒုတိယအနေနဲ့ကတော့ လအဆင့်နှင့် စိတ်ဝိဥာဏ်အဆင့်ကြားဖြစ်သည် အထူးသဖြင့်ကတော့စိတ်ဝိဥာဏ်အဆင့်ဖြစ်သည်။
စိတ်ဝိဥာဏ်အဆင့်မှ အင်ပါယာအဆင့်ကို ထိုးဖောက်ကျော်ဖြတ်ဖို့ အလွန့်အလွန်ကို ခက်ခဲလှသောကြောင့် စိတ်ဝိဥာဏ်အဆင့်တွင်တန့်ကာ သူတို့တစ်သက်လုံး အခက်အခဲ မကျော်နိုင်သူ အများအပြားရှိနေသည်။ လူဆယ်ယောက်မှာ တစ်ယောက် ရှာတွေ့ဖို့တောင် မဖြစ်နိုင်ချေ။ စိတ်ဝိဥာဏ်အဆင့်ထက်တစ်ဆင့်သာ နိမ့်သော အာကာသအဆင့်သိုင်းသမားအနေနဲက စိတ်ဝိဥာဏ်အဆင့်သိုင်းသမားတစ်ယောက်ကိုသာ မထိပါးမချင်း ကိုယ့်မင်းကိုယ့်ချင်းတောင် နေနိုင်သည်။
ထို့ကြောင့် HunJiမြို့တော် ခေါင်ဆောင်က အခြားအင်အားစုတွေကိုအလွန်အမင်း ကြောက်လန့်အောင် လုပ်နိုင်ကာ ဒီမှာအုပ်စိုးနေဖြစ်သည်။
Ling Xiao က ကြယ်အဆင့် ခွန်အားသာ ရှိလိမ့်မည်ဟု သူအလွန်ဆုံးထင်ထားတာဖြစ်သည်။ ဒီတစ်ကြိမ်ကတော့ မျက်လုံးရှိနေပေမယ့် သူမမြင်ပဲ ခပ်မာမာသံတုံးကို အတည်ကြီး သွားကန်နေသလိုဖြစ်သွားတာကို လုံးဝကို မမျှော်လင့်ခဲ့တာဖြစ်သည်။
သူတို့နှစ်ယောက်စလုံးကို အာကာသအဆင့်ချင်းအတူတူလို့ တွေးလို့မရချေ။ ကြယ်တစ်လုံးချင်းစီရဲ့ ခြားနားချက်က သိသာလှသည်။ အကယ်လို့သာ ထူးခြားတဲ့မှော်လက်နက် ဒါမှမဟုတ် အသက်ကယ်လှုပ်ရှားမှုတစ်ခုခု မရှိဘူးဆိုရင် ကိုယ့်ထက် အမြင့်တန်းက လူတစ်ယောက်ကို သွားပြီးစိမ်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ အထူးသဖြင့် သူတို့ကြား ခြားနားချက်က ကြယ်တစ်လုံးတောင်မကဘူးဆိုရင်ပေါ့။ 'မြို့ခေါင်းဆောင် ဒီလူရဲ့အားက အရမ်းမြင့်တယ် နောက်ဆုတ်မှပဲ ဖြစ်မယ်ထင်တယ်´
မှော်ဆေးလုံးဗဟိုအလုပ်ရုံက မန်နေဂျာကြီးက အဝေးက Ling Xiao ကို ကြောက်ရွံ့တဲ့အကြည့်နှင့်လှမ်းကြည့်နေသည်။
Tang Hun က မျက်နှာကြီးမည်းသွားကာ အကြံပြုချက်ကို ချက်ချင်းကို ပယ်တော့သည်။ 'မဟုတ်ဘူး ကျုပ်တို့သာ အခုနောက်ဆုတ်လိုက်ရင် ဒီလူတွေကို ရှာဖို့ပိုခက်သွားလိမ့်မယ်။ ကျုပ် ထိပ်တန်းအဆင့် မှော်ဆေးပင်တွေ စိုက်တဲ့နည်းလမ်း ရမှဖြစ်မယ်´
သူ အဲဒိနည်းလမ်းကို ကိုင်ထားနို်င်သရွေ့ တော့ Long Xiao တိုက်ပေါ်က အင်အားကြီးလူအကုန်လုံးရဲ့ အထက်ကို ရောက်နိုင်မယ့်တစ်နေ့ အနှေးနှင့် အမြန် ရောက်လာမည်ဖြစ်သည်။
'ဒါပေမယ့် မြို့ခေါင်းဆောင် ဒီလူရဲ့ အားက အရမ်းကို မြင့်လွန်းတယ် ကျွန်တော်တို့ ဒီလူနည်းနည်းလေးနဲက သူကို့အနိုင်တိုက်လို့မရဘူး´
မန်နေဂျာ က တုန့်ဆိုင်းတုန့်ဆိုင်းနှင့် ဆိုလာသည်။ ဒါပေါ့ ထိပ်တန်းအဆင့်မှော်ဆေးပင် စိုက်ပျိုးနည်းက ဘယ်လောက်တောင် အဖိုးတန်တယ်ဆိုတာ သူသိသည်။ အကယ်လို့သာ ဒီသတင်းသာ အပြင်ထွက်သွားပါက ဒါကို စိတ်ဝင်စားတဲ့သူက သူတို့ချည်းပဲ မဖြစ်နိုင်တော့ပေ။ အဲလိုဆိုရင် အင်အားကြီးအဖွဲ့တွေအကုန်လုံးလဲ ထွက်လာမှာပင်။ အကျိုးအမြတ်ရဖို့ဆိုတာက တစ်ယောက်ကတော့ အသက်ရှိနေဖို့လိုအပ်သည်။
'ဒါပေ့ါ ကျုပ်တိုက ဒီလူလေးနည်းနည်းနဲ့တော့ မနိုင်နိုင်ဘူးလေ ဒါပေမယ့် ဒီမှာ ကျုပ်တို့ချည်းပဲမှ မဟုတ်ပဲ။ အင်အားကြီးအဖွဲ့ သုံးဖွဲ့ကလဲ သူတို့ဆီက ရတနာတွေကို အရမ်းစိတ်ဝင်စားနေကြတာပဲ။ ကျုပ်တို့……..´
'နောက် နှစ်တစ်သောင်းတောင် မရဘူး မြို့ခေါင်းဆောင်´
သူပြောနေတာကိုတောင် ပြီးအောင်မစောင့်တော့ပဲ မန်နေဂျာက ဖြတ်ပြောလိုက်သည်။
'ဘာလို့လဲ´ Tang Hun သူ့ကို အေးစက်စက်ကြည့်လိုက်သည်။
မန်နေဂျာက ရှင်းပြလေသည်။ 'သေချာပြန်စဉ်းစားကြည့်ပါလား မြို့ခေါင်းဆောင်ရဲ့ အင်အာကြီးအဖွဲ့သုံးဖွဲ့က အဆင့်ရှစ်မှော်ဝင်သားရဲဥ နဲ့ စိတ်ဝိဥာဏ်အရည်တွေ နောက်ကို လိုက်လာတာ။ ဒါပေမယ့် ကျွန်တော်တို့ကကော ? ကျွန်တော်တို့မှာ စိတ်စွမ်းအင်အရည်လဲ ရှိနေပြီ။ အဆင့်ရှစ်မှော်ဝင်သားရဲဥဆိုတာကလဲ ကျွန်တော်တို့ပဲ လေလံထဲ ထည့်ခဲ့တာပဲ။ ဒီတော့ ကျွန်တော်တို့က သူတို့ကို သတ်ရတဲ့ အကြောင်းပြချက်က ဘာလဲ? အဲဒိတော့ သူတို့က ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကို သံသယ၀င်လာမှာပဲ။ အကယ်လို့သာ သူတို့သိသွားမယ်ဆိုရင် ထိပ်တန်းအဆင့် မှော်ဆေးပင်တွေ စိုက်ပျိုးနည်းက ကျွန်တော်တို့လက်ထဲမှာပဲ အဆုံးသတ်သွားမှာ မဟုတ်ဘူးနော်´
Tang Hun ခဏတော့ စဉ်းစားနေသည်။ မန်နေဂျာ ပြောနေတာ အမှန်တရားတွေဆိုတာကို သူမငြင်းနိုင်။ ဒါ့ကြောင့် 'အခုတော့ ဟိုလူငယ်လေးကို သူက ဖွက်ထားတယ်။ သူ့ကိုပဲ ရှာပြီး လှုပ်ရှားရမှာပဲ မန်နေဂျာမှာကော နည်းလမ်းရှိလား´
မန်နေဂျာက ခဏစဉ်းစားနေကာ 'မြို့ခေါင်းဆောင် ကြည့်ရတာ ဒီတစ်ခါတော့ ဟိုပစ္စည်းကို ထုတ်သုံးရတော့မယ်လို့ ထင်တယ်။ အဲဒါက အာကာသအဆင့်သိုင်းသမားရဲ့ သိမြင်မှုကို ရှောင်နိုင်မယ့် တစ်ခုတည်းသော နည်းပဲ´
Tang Hun တခဏတော့ တန့်သွားသည်။ ပြီးတော့ မျက်မှောင်ကြုပ်သွားသည်။ အဆိုပါ အရာသည် သူ့ရဲ့ ရတနာဖြစ်သည်။ အကယ်လို့သာ နောက်ဆုံးပိတ် အားကိုးရာသာ မဟုတ်ဘူးဆိုလျှင် သူမထုတ်သုံးနိုင်ချေ။ ဒါပေမယ့် ယခုလတ်တလော အခြေအနေကို ကြည့်ရတာတော့ သူ့မှာ ဒီနည်း တစ်နည်းပဲ ရှိတော့တယ် ထင်တယ်။
သိပ်မကြာခင်မှာပဲ အင်အားကြီးအဖွဲ့သုံးခု က အခြားအင်ကြီးတစ်ခုက နောက်ဆုတ်သွားတာကို ခံစားမိလိုက်ကြသည်။ ဒီလောက် အလွယ်တကူ နောက်ဆုတ်သွားတာကို သူတို့ အံ့သြသွားကြပေမယ့် ဒီလူရဲ့ အားကိုစဉ်းစားလိုက်ရုံနှင့်တင် လူတိုင်း ခေါင်းတောင်ကျိန်းသွားကြသည်။ ကြယ်ငါးပွင့်အာကာသအဆင့် သိုင်းသမားတစ်ယောက်က သူတို့ သွား စ သင့်တဲ့သူ မဟုတ်ပေ။ သူတို့သာ ဒီလူ က ဖြုံလောက်တဲ့ သိုင်းသမားတစ်ယောက်ဖြစ်နေတာသာ ကြိုသိခဲ့မယ်ဆိုရင် ဒီလောက် မဆင်မခြင်လုပ်ခဲ့မိလိမ့်မယ် မဟုတ်။
အဖွဲ့တစ်ဖွဲ့ နောက်ဆုတ်သွားတာနဲ့ JiLe တာဝါလဲ အရှုံးပေးလိုက်တော့သည်။ အဆင့်ရှစ်မှော်ဝင်သားရဲ နှင့် စိတ်ဝိဥာဏ်အရည်က အရမ်းဆွဲဆောင်နိုင်ပေမယ့် ဒါတွေကို ခံစားဖို့အတွက် အသက်ရှင်နေမှဖြစ်မည်။ Mu YunTianရဲ့အားက တကယ်တော့ အရမ်းကြီး အဆိုးပါဘူး။သူနဲ့ သက်တူရွယ်တူထဲမှာ သူ့ကို ယှဉ်နိုင်မယ့်သူ သိပ်မရှိချေ။ အခုတော့ သူက လအဆင့်သာရှိသည်။ သူ ခေါ်လာတဲ့ သူ့ဘေးက လူတွေက အာကာသအဆင့်ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည် ဆိုသော်လည်း အာကာသအဆင့်သိုင်းသမားအစစ်တစ်ယောက်နှင့် ယှဉ်ဖို့ဆိုတာကတော့ ကွာခြားချက်က ကြယ်တစ်ပွင့်ထဲမှ မဟုတ်တာပဲ။
JiLe တာဝါ နောက်ဆုတ်တာနှင့် XiaoYao ဂိုဏ်းနှင့် Xue Shaမျိုးနွယ်စုတို့အတူ ပူးပေါင်းလျှင်ပင် သူတို့ နိုင်နိုင်ချေက သုံးဆယ်ရာခိုင်နှုန်းတောင် မကျော်နိုင်။
နောက်သိပ်မကြာခင်ပဲ Xue Sha မျိုးနွယ်လဲ နောက်ဆုတ်သွားသည်။ သူတို့ရဲ့ အင်အားကြီးလူတွေ အစောထဲက ဆုံးရှုံးပြီးဖြစ်သည်မို့ သူတို့မှာ အခုသိပ်မကျန်တော့ သူတို့ပြန်ရောက်တဲ့အခါကျလျှင် ဒီလူတွေအတွက် အကျိုးကြောင်းပြောပြရန်က လဲ သူတို့အတွက် ခက်ခဲနေသည်။
Mu Yao မှာ စိတ်ဆိုးလွန်း၍ ခြေပင် ဆောင့်ချင်နေသည်။ ဟိုလူဆီက စိတ်ဝိဥာဏ်အရည်ကို သူတို့အရေးတကြီးလိုအပ်နေသော်လည်း သူ့မှာ အကြီးအကဲYun နှင့် အားကိုးရာမဲ့ အတူထွက်သွားဖို့သာ လုပ်နိုင်သည်။
လူတိုင်းထွက်သွားသည်နှင့် Ling Xiao က သူ့ရဲ့ကြောက်မက်ဖွယ်အရှိန်အ၀ါတွေကို ပြန်ထိန်းလိုက်သည်။ အကယ်လို့ သူတို့သာ Ling Xiao ရဲ့ အားအစ်အမှန်က အာကသအဆင့်မဟုတ်ပဲ ဒိထက်မြင့်တာသာ သိသွားလျှင် ဒိထက်မြန်မြန်ပင် ထွက်ပြေးသွားလောက်သည်။
သူရဲ့ထက်မြက်တဲ့ မျက်လုံးတွေက အရပ်မျက်နှာတိုင်းကို သိမ်းကြုံးကြည့်ရှုပြီး ဘယ်သူမှ မကျန်တာ သေချာအောင် စစ်ဆေးလိုက်သည်။ Ling Xiao ရုတ်တရက် လေထဲကို လက်ဝှေ့လိုက်သည်။ ရုတ်တရက် လေထဲတွင် အက်ကွဲကြောင်းပေါ်လာသည်။ သိပ်မကြာခင်ပဲ လူတစ်ယောက် အက်ကွဲကြောင်းထဲက ထွက်လာကာ သူ့အောက်မှာ ရပ်နေတဲ့ Ling Xiao လက်ထဲ တန်းတန်းမတ်မတ်ကြီးပြုတ်ကျသွားလေတော့သည်။
အကယ်လို့သာ ဒီမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့သာ မြင်လိုက်ရမယ်ဆိုရင် Mu Yao နှင့် အကြီးအကဲYun တို့နှစ်ဦးစလုံး ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားမှာ သေချညသည်။ တစ်ချိန်တည်းမှာပဲ အရှုံးပေးဖို့တွေးမိအောင်ကို ကံကောင်းနေတာကို လဲ ကျေးဇူးတင်မိကြမှာ ဖြစ်သည်။
'အားး……´
အက်ကြောင်းထဲကနေ ပြုတ်ကျလာတာ You XiaoMo အပြင် အခြားသူမရှိတော့။
ဒီအချိန်မှာ သူ့မျက်လုံးတွေက မျက်ဖြူစိုက်ပြီးတော့ ပြူးကျယ်နေသည်။ သူ့ကို Ling Xiao ဖမ်းကိုင်ထားတယ်ကို ကြည့်နေရင်းတောင် သူ့အာရုံကြောတွေက ခြေကုန်လက်ပန်းကျနေတုန်းဖြစ်သည်။
Ling Xiao က သူ့အနားက လူသတ်ချင်တဲ့အရိပ်အယောင် တွေကို ဖယ်ထုတ်ပြီးဖြစ်သည်။ You XiaoMo ကို ရည်ရည်မွန်မွန် သိမ်သိမ်မွေ့မွေ့ပုံစံလေးနဲ့ ကြည့်နေကာ သူ့နှုတ်ခမ်းစွန်းတွေကလဲ အပေါ်ကို အနည်းငယ် ကွေးနေကာ အပြုံးနုနုလေးထုတ်ဖော်လျက် 'ညီလေး ကြောင်ပြီးကြည့်နေရအောင်ကို ကိုယ်ကဒီနေ့ အရမ်းခန့်ညားပြီး မိုက်နေတယ်လို့ ထင်လို့လား´
You XiaoMoကတော့ ခန့်ညားပြီး မိုက်နေတဲ့မျက်နှာကို သာ ဖြတ်ရိုက်ချင်တဲ့စိတ်ဖြစ်နေသော်လည်း ဒါက အရေးကြီးတဲ့ အချက်မဟုတ်သေး။
Ling Xiao ရုတ်တရက်ကြီး 'ညီလေး အခု ကို့ကို ဖြတ်ရိုက်ချင်နေတာလား´
You XiaoMo နှုတ်ခမ်းနဲနဲစူသွားသည်။ ဘယ်လိုသိသွားတာလဲ လို့ ထုတ်မေးခါနီးစကားလုံးတွေကို သူခွန်အားအကုန်သုံးပြီး အမြန်မျိုချလိုက်ရသည်။ အပြစ်ကင်းဟန်လေးနှင့်မျက်လုံးပုတ်ခတ်ပုတ်ခက်လုပ်ပြီး 'ကိုကြီးLing လူဆိုးတွေကို ပြန်ပြေးအောင် မောင်းထုတ်ပြီးသွားပြီလား´
'အင်း .အ ကြည့်ကြည့်လိုက်ရင် မသိဘူးလား´ Ling Xiao ပြုံးပြလိုက်သည်။
You XiaoMo အနားတစ်ချက်ဝေ့ကြည့်လိုက်သည်နှင့် သူ့အစာအိမ်က ကပြောင်းကပြန်ဖြစ်သွားသည်။ သူလေထဲက သွေးနံ့တွေရနေတယ်လို့ ခံစားနေရတာ အံ့သြစရာမှ မဟုတ်တာပဲ။ Ling Xiao ကို ဗဟိုပြုပြီးတော့ ပါတ်လည်က ခြေလက်တွေက အနှံ။ ခြောက်နေတဲ့ အလောင်းဆယ်လောင်းလောက်လဲ ရှိသေးသည်။ ဒီလူတွေက သေတာတောင် တော်တော် ကံဆိုးမိုးမှောင်ကျခဲ့ပုံရသည်။ အ ဘာကြီးတုန်းလဲဟ? သူအခုထိ နေ့လည်စာတောင် မစားရသေးဘူးလေ အီး…။
Ling Xiao ခေါင်းမော့ပြီး ကောင်းကင်ပေါ်က နေလုံးကြီးကို ကြည့်လိုက်သည်။ သူရယ်ရင်းနှင့် 'ညီလေး လာမြန်မြန် လမ်းပေါ်ပြန်တက်ရအောင် ကိုယ်တို့ Weiအချိန် (နေ့ခင်း၁နာရီ - ၃နာရီ) မတိုင်ခင် မြို့ကြီး ဒါမှမဟုတ် နယ်မြို့လေးတစ်ခုခု ရောက်မှ ဖြစ်မယ်။ အာ့မှ နေ့လည်စာမီမှာ´
ပြောရင်းနဲ့လဲ You XiaoMo ကို ခပ်တင်းတင်းဖက်လိုက်သေးသည်။ တစ်ချက်ခုန်လိုက်တာနဲ့ အလောင်းတွေအပြည့်ဖြစ်နေတဲ့ မြေပြင်မှာ အတူရှိခဲ့တယ်ဆိုတဲ့အရိပ်အယောင်လေး သေးသေးလေးတောင် ပေါ်မလာခင်ကို ကျယ်ပြန့်တဲ့ မြူပြင်ကြီးထဲမှာ ပျော်ကွယ်သွားကြသည်။
'ကျွန်တော် မ……´
WuFengမြို့လေးက WuFengတောင်တန်းကြီးအစွန်းက ထွက်ပေါက်မှာ တည်ရှိသည်။ WuFeng တောင်တန်းကနေ ထွက်ခွာကြမယ့် လူအများက ဒီကနေ ဖြတ်ပြီးတော့ သွားလာကြရသည်။ မြို့လေးလို့သာ ခေါ်နေရပေမယ့် သူ့ဧရိယာက HunJiမြိုကြီးနီးပါးရှိသည်။ ထို့အပြင် ဒီနေရာ မည်သည့်အင်အားကြီးအဖွဲ့လက်အောက်မှာ ရှိမနေချေ။ မည်သူမဆို လွတ်လပ်စွာ ၀င်ထွက်နိုင်သော မြို့လေးတစ်မြို့ ဖြစ်သည်။
Ling Xiao က You XiaoMo ကို WuFengမြို့လေးအပြင်နားအထိကို သယ်ဆောင်သွားသည်။ ဒီအချိန်မှာတော့ နေက မွန်းတည့်ခါနီးနေပြီး နေလည်စာ စားမယ်လို့သူအစောက ပြောထားတဲ့အချိန်ရောက်နေပြီဖြစ်သည်။ ဒီတော့မှပဲ ခါးခါးသီးသီးဖြစ်နေတဲ့ You XiaoMoကို အောက်ချပေးလိုက်သည်။
'ညီလေး ကြည့် ကိုတို့ WuFengမြို့ရောက်ပြီ´ Ling Xiao သူ့ခေါင်းလေးအသာပုတ်လိုက်သည်။
You XiaoMo ကသူ့ကို မသိကျိုးကျွန်ပြုကာ Wu Fengမြို့လေးကိုပဲကြည့်ရှုအကဲဖြတ်ရန် ဦးတည်လိုက်သည်။
ပြောရမယ်ဆိုရင် သူတို့ HunJiမြို့ကြီးကို သွားတုန်းက WuFengမြို့ကို ဖြတ်သွားရသည်။ သို့သော် အဲဒိအချိန်တုန်းက သူတို့ အကြာကြီးမနေချေ။ ထို့ကြောင့် You XiaoMo ဒီနေရာနဲ့ပါတ်သတ်ပြီး ထင်မြင်ချက်နက်နက်ရှိုင်းရှိုင်းရှိမနေ။ ဘယ်သူကမှ အုပ်ချုပ်မနေတာကြောင့် မြို့တော့ အတော် ဖရိုဖရဲဖြစ်နေသည်။ ရန်ဖြစ်တာ၊ တိုက်ခိုက်ပြီးလုတာ၊ ခရီးသွားတဲ့လမ်းမှာ လုယက်တာမျိုးတွေက အများအပြားဖြစ်ပျက်လေ့ရှိသည်။
သူတို့နှစ်ယောက် WuFengမြို့ထဲကို ၀င်မလို့လုပ်နေတုန်း နဂိုက အစောင့်မရှိတဲ့ ၀င်ပေါက်မှ လူနှစ်ယောက် အမြန်ပြေးထွက်လာသည်။ တစ်ယောက်ကရှည်ပြီး တစ်ယောက်က ပုကာ ကြည့်ရတာ စိတ်ပျက်စရာကြီးဖြစ်သည်။ ထို့အပြင် သွားကလဲခေါနေသေးသည်။ အ၀ါရောင်သွားခေါနှင့်တစ်ယောက်က ထူးထူးခြားခြားကို ပိုရုပ်ဆိုးသည်။ ဒါပေမယ့်သူတို့အားကတော့ မဆိုး နှစ်ယောက်စလုံးက နေအဆင့်အားရှိကြသည်။ အခုတော့ သူတို့က Ling Xiaoနှင့် You XiaoMo ကို ရက်စက်တတ်တဲ့ မကောင်းဆိုးဝါးအမူအယာနှင့် ကြည့်နေသည်။
အရပ်ပုတဲ့တစ်ယောက်ရဲ့ စိတ်ပျက်စရာ အကြည့်က You XiaoMo ဆီကို တစ်ခေါက်ပြန်ရောက်သွားသည်။ လျှို့ဝှက်စွာပြုံးလိုက်ကာ 'ဒီနေ့ကစပြီး WuFengမြို့ကနေ အ၀င်အထွက်လုပ်တဲ့သူတိုင်းဖြတ်သန်းခပေးရမယ်´
'ငါတို့ နောက်ဆုံးအကြိမ်လာတုန်းကတော့ မပေးရတာ သေချာပါတယ်´
You XiaoMo အံ့သြစွာ အသံထွက်လာသည်။ သူမမှားပါဘူး။ အဲဒိတုန်းက သူလှည်းရထားထဲမှာ အန်နေတာဖြစ်သည်။ Ling Xiao ကလဲ သူ့ကို ငွေလဲ မတောင်းပါဘူး။
ပုပုနဲ့လူက ပြောနေရင်းနဲ့ စပ်ဖြဲစပ်ဖြဲလုပ်ကာ ' ဒီနေ့ကနေမှ စဖို့လိုတာ။ မင်းတို့ကလဲ ပထမဆုံးအကြိမ်ပေးရတာဆိုတော့ သတင်းကောင်းလေး ပြောပြရဦးမယ်။ ဒီ WuFengမြို့က အခု ဒီနေ့ကနေစပြီး ၀ံပုလွေစွယ်အဖွဲ့ရဲ့ နယ်မြေဖြစ်သွားပြီ။ ၀င်သွားတာနဲ့ မင်းတို့တွေ အပြုအမူတွေ သတိထားရင် အကောင်းဆုံးပဲ။ မဟုတ်ရင်တော့ မင်းအသက်လေးကို စောင့်ကြည့်နေတာ ပိုကောင်းလိမ့်မယ်´
၀ံပုလွေစွယ်အဖွဲ့?
You XiaoMo အံ့သြသွားသည်။ သူမှားမကြားမိပါဘူး။ ၀ံပုလွေစွယ်အဖွဲ့ခေါင်းဆောင် က လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ Ling Xiao သတ်လို့ သေသွားတာဖြစ်သည်။ ဘယ်လိုလုပ် ပြီးတော့ အဖွဲ့က ပျက်သွားရမယ့်အစား WuFengမြို့ကို အတင်အဓမ္မကြီး လာသိမ်းနေရတာတုန်း။ ပြီးတော့ သူတို့က ဖြတ်သန်းခတောင်းနေသေးသည်။ You XiaoMo အနောက်လှည့်ပြီး Ling Xiao ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ မေ့လိုက်ပါတော့ သူတို့တွေ ပြဿနာမရှာတာပဲ ကောင်းပါတယ်။
'အော… ကောင်းပြီလေ ဒီတော့ တစ်ယောက် ဘယ်လောက်လဲ´
'ရွှေပြားနှစ်ရာ´ ပုပုနှင့် တစ်ယောက်က ပြောရင်းနှင့်ရယ်နေသည်။
'……… မင်း ဘာလို့ ဒိအတိုင်းသွားမလုတာလဲ . ဟွန့်….´
You XiaoMo သူ့မှော်အိတ်ထုတ်ခါနီးလက်ကို ရုတ်တရက်ရပ်လိုက်သည်။ စဉ်းစားပါရစေဦး။ HunJiမြို့ကြီးတုန်းကတောင် ရွှေနှစ်ပြားပဲ ကောက်သည်။ ပြီးတော့ သူတို့က ဒီမှာ ရွှေပြားနှစ်ရာတောင် လိုချင်နေတာလား? ဟာ ဒါကြီးက လမ်းခရီးမှာ လုတာကြီးမဟုတ်ဘူးလား။ သူပေးလိုက်ဖို့ အစီအစဉ်တောင် ရှိမနေတော့။ နောက်ပြီးတော့ သူတို့မှာ ၀ံပုလွေစွယ်အဖွဲ့နဲ့ပါတ်သတ်ပြီး မကောင်းတဲ့သွေးကလဲ ရှိနေသေးသည်။
ပုပုနဲ့လူရဲ့မျက်နှာ ချက်ချင်းမည်းသွားသည်။ သူ့ဘေးက ရှည်ရှည်နဲ့လူ သူတို့ကို စပြီးအေးစက်စက် မကြည်ကြည့်နှင့် ကြည့်နေပြီဖြစ်သည်။
'မင်းတို့က လွယ်တာကို ခက်အောင်လုပ်ချင်နေတော့လဲ မင်းတို့ဆန္ဒကို ငါက ဖြည့်ပေးရတာပေ့ါ´ ပုတဲ့တစ်ယောက်က မုန်းတီးနေဟန်နှင့် လှောင်ပြော ပြောသည်။ ရှည်တဲ့တစ်ယောက်နှင့်အတူ ဓါးရှည်ချွန်ကို တစ်ချောင်းစီကိုင်ကာ သူတို့ဆီကို တစ်ဖက်ဆီက တန်းဝင်ကာ ခုတ်ချလေသည်။ ၀ံပုလွေစွယ်အဖွဲ့ရဲ့ စည်းကမ်းကိုတောင် ဖျတ်ရဲတယ်ပေါ့။ မင်းတို့အတွက်က သေခြင်းပဲ။ ကောင်းတာပေါ့ မျောက်ကိုခြောက်ဖို့ ကြက်ကို သတ်ပြရသလိုမျိုး သူတို့နှစ်ယောက်ကို နမူနာအနေနဲ့ ပြရမှာပေ့ါ။
ဝေါ့ ဝေါ့
အပုကော အရှည်ကော နှစ်ယောက်လုံးရုတ်တရက်ကြီး သွေးတွေအန်ကာ မျက်နှာတွေကလဲ သေတော့မလိုကို ဖျော့ကာ သူတို့ ခန္ဓာကိုယ်တွေက WuFeng မြို့တံခါးနဲ့ ပြင်းပြင်းထန်ထန်ကို ရိုက်မိလေသည်။ သူတို့အောက်ပြုတ်ကျတာနဲ့ သူတို့လည်ပင်းတွေ ကွေးကျကုန်ကာ အရေးမပါပဲ သေကုန်သည်။
အနားမှာ ပြပွဲကြည့်နေသလို ကြည့်နေသော လူတွေလဲ ဒီမြင်ကွင်းမှာ တုန်လှုပ်ကုန်ကြသည်။ လအဆင့် သိုင်းသမားနှစ်ယောက်ကို တစ်ချက်ထဲနဲ့ အသေသတ်လိုက်တာ ။ပြီးတာနဲ့ မြို့ထဲ လမ်းလျှောက်ဝင်သွားသူ့နှစ်ယောက်ကို တုန်လှုပ်စွာနဲ့ကြည့်နေမိသည်။