Zawgyi
C-115 Real or fake.
'မင်းမှော်အိတ် ပေး မဟုတ်ရင် မင်းကို သတ်ပစ်မယ်´
'ငါ မင်းကို အခွင့်အရေးပေးတယ်နော် အဲဒါကို ဆုပ်ကိုင်ဖို့ငြင်းတာလဲ မင်းပဲ´
အဲဒိစာကြောင်ကို သူညင်သာစွာ ပြောနေစဉ်မှာပဲ Ling Xiao မျက်လုံးတွေက ကျဉ်းမြောင်းလာသည်။
အဆိုပါ နဂါးမီးတောက်များကို မြင်သည်နှင့် ၀တ်စုံအနက်နဲ့လူရဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။ ဒီနဂါးမီးတောက်များရဲ့ အားကို သူ့မျက်လုံးနဲ့ သေချာကိုမြင်ခဲ့ပြီးသားဖြစ်သည်။ အခုထပ်တွေ့သည်နှင့်ကို နှိုင်းမရအောင် ကြောက်လန့်စေသည်။ သူ့ညာလက်နှင့် You XiaoMo ရဲ့ လည်ပင်းကို သေချာကို ဆုပ်ကိုင်ကာ သူ့လက်သည်းတွေက အသားထဲကို စိုက်ဝင်သွားတော့လောက်ကို ခွန်အားတွေ သုံးလိုက်သည်။ အထိတ်အလန့်နဲ့လဲ အော်လိုက်သည် 'မင်းသူငယ်ချင်းသေတာ မြင်ချင်လို့လား ငါသူ့ကို မသတ်ဘူးလို့ ထင်မနေနဲ့။ သူ့အသက်ပါ ပါအောင် ယူသွားမှာ´
Ling Xiao ရဲ့ နှုတ်ခမ်းတွေက နက်နက်နဲနဲကို လှောင်ပြုံးအဖြစ်ပြောင်းလဲသွားသည်။
'မဟုတ်တော့ဘူး´ နောက်ကွယ်ကနေ ပုန်းနေတဲ့ အကြီးအကဲ Yun တစ်ယောက်အသံတိုးတိုးနဲ့ ဆိုလိုက်သည်။ You XiaoMo ကို ကြည့် တဲ့ သူ့အကြည့်တွေက စူးရှသွားကာ' အဲဒိ ကောင်လေးက အတု´
သူ့ပြောတာကို ဘေးက Mu Yao သည်နှင့် You XiaoMoရဲ့ခန္ဓာကိုယ်ကို လျှို့လျှို့ဝှက်ဝှက်နဲ့ ခြုံကြည့်လိုက်သည်နောက် မှာ ကောင်လေးရဲ့ မျက်နှာ ဖျော့ဖျော့လေးမှာ ရပ်တန့်သွားသည်။
လူငယ်လေးရဲ့ လည်ပင်းက ၀တ်စုံနက်နှင့်လူရဲ့ ညှစ်ခြင်းကို ခံထားရသည်။ ပုံမှန်ဆိုလျှင် လူတစ်ယောက်ရဲ့ မျက်နှာက အရမ်း နီလာရမှာ ဖြစ်သည်။ ဒါပေမယ့် ဒီလူငယ်လေးရဲ့ မျက်နှာအရောင်က အစထဲကနေ အဆုံးထိကို မပြောင်းရုံသာမက အခြားသော မည်သည့်တုန့်ပြန်မှု့ကိုမှ မရှိချေ။ ပုံမှန်မဟုတ်ဘူးဆိုရင် တစ်ခုခုတော့ဖြစ်ရမည်။ သူတစ်ခုခုတော့ မမှန်သေးဘူးလို့ တွေးနေမိတာတော့ အံသြဖွယ်မရှိတော့။
ကြယ်ခုနစ်ပွင့်တာဝါမှာထဲက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အရမ်းကို ရင်းနှီးတာကို သူမြင်ပြီးသားဖြစ်သည်။ သို့သော် သေခြင်းနှင့် ရှင်ခြင်းကို ရွေးချယ်ရတဲ့ အရေးကြီးတဲ့အချိန်မှာ လူတွေဟာ တစ်ကိုယ်ကောင်းဆန်သွားတတ်ကြပေမယ့်လဲ ဒီအဖြူရောင်ဝတ်ရုံနှင့်လူကတော့ သူ့သူငယ်ချင်းရဲ့ အသက်ကို ဂရုမစိုက်သလိုပင် ပြုမူနေသည်။ အစကနေ အဆုံးထိအောင်ကို သူ့ရဲ့အမူအယာကအနည်းငယ်ပင် ပြောင်းလဲသွားသည်ကို မပြ။
အခု အကြီးအကဲYun ထောက်ပြလိုက်တော့မှ ဘယ်ဟာက မှားနေသလဲဆိုတာ နားလည်သွားသည်။ ဒါပေမယ့် သူတို့ ဘယ်တုန်းက လဲလိုက်တာလဲ? သရဲတောင် နားမလည် နတ်ဘုရားတောင် မသိအောင်ကို သူတို့ဆွဲထုတ်ဖို့ အကယ်ကိုတတ်နိုင်သည်ပဲ။ သူနဲ့ အကြီးအကဲYun တို့ သူတို့ ကြယ်ခုနစ်ပွင့်တာဝါက ထွက်လာချိန်ထဲက နောက်ယောင်ခံလိုက်လာသည်ကို သိလောက်သည်။
'အကြီးအကဲ Yun သူ ဟိုတစ်ယောက်ကို ဘယ်မှာ ထားလိုက်တာလဲ ဆိုတာ မှန်းမိလား´ Mu Yaoထုတ်မေးလိုက်သည်။
'ဖြစ်နိုင်ချေ နှစ်ခုရှိတယ်´
အကြီးအကဲYun တွေးတွေးဆဆနဲ့ တည်ကြည်စွာဆိုသည်။ 'ပထမက သူ့မှာ မုန်ညင်းစေ့နယ်မြေ ရှိတာ။ ဒါဆိုရင်တော့ ကျွန်တော်တို့ ထောက်လှမ်းရေးတွေကို ဖျတ်သိမ်းမှ ဖြစ်မယ်´
'မဖြစ်နိုင်တာ´ စဉ်းစားဖို့တောင် မလိုပဲ Mu Yao ဆီက ချေပသံ ထွက်လာသည်။
အင်ပါယာအဆင့်နှင့် သူ့ထက်မြင့်တဲ့သူတွေသာ မုန်ညင်းစေ့နယ်မြေကို ပိုင်ဆိုင်ကြတာဖြစ်သည်။ ဒါက ဘာကို ပြောချင်သလဲ ဆိုတော့ အင်အားကြီးလူသာ သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်ကို သုံးပြီး နယ်မြေတစ်ခုကို ဆွဲထုတ်ပြီး သူသွားလေရာ သူ့လက်နက်စတဲ့ပစ္စည်းတွေ တပါတည်းပါအောင် သူ့ကိုယ်ပိုင်အဖြစ်အ သုံးပြုနိုင်တာဖြစ်သည်။
ဒီလို နယ်မြေဆိုတာက မှော်အိတ်များနှင့် ယှဉ်ရင် အဆတစ်ထောင် အဆတစ်သိန်း ပိုကောင်းသည်ဟု ဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် မှော်အိတ်များက အသေများကိုသာ သိမ်းထားနိုင် သော်လည်း နယ်မြေတွေက သက်ရှိတွေကိုပါ သိမ်းထားနိုင်သည့်အပြင်ကို သူ့ဘာသာပင် စိတ်ဝိဥာဏ်များ သိပ်သည်းအောင် စုဆောင်းထားနိုင်သေးသည်။ အဆိုပါ စ်ိတ်ဝိဥာဏ် စွမ်းအင်များက Long Xiaoတိုက်မှာ ရှိသည်ထက်ပင် ပိုပြီး သိပ်သည်းနိုင်သေးသည်။ ထို့ကြောင့် ကျင့်စဉ်တွေကျင့်ရန်နှင့် ဆေးပင်တွေ စိုက်ပျိုးရန် အကောင်းဆုံးနေရာ ဖြစ်သည်။
မုန်ညင်းစေ့နယ်မြေက ရှာဖွေရုံနှင့် မတွေ့နိုင်သလို အင်ပါယာအဆင့်နှင့် သူ့ထက်မြင့်သောအဆင့်က လူတွေသာ နယ်မြေ ကို ဆွဲထုတ်ခွင့် ရကာ သူတို့ကိုယ်ပိုင်အဖြစ်သုံးနိုင်ခြင်းဖြစ်သည်။ လူတစ်ယောက်ဟာ စိတ်တန်ခိုးရဲ့ အခြေခံဗဟုသုတရှိရုံနှင့်ပင် နယ်မြေဆိုတာ အလွန့်အလွန်ကို မတည်ငြိမ်သောအရာဆိုတာ သိနိုင်သည်။ အကယ်လို့ တစ်ယောက်ယောက်က ကံဆိုးပြီးတော့ မတည်ငြိမ်တဲ့နယ်မြေတစ်ခုကို ဆွဲထုတ်မိရင် အဆိုပါနယ်မြေရဲ့ လစ်လပ်သွားတဲ့စွမ်းအင်တွေက သင့်ကိုအပိုင်းပိုင်းဖြစ်အောင်ကို ဆွဲဖြဲလိုက်နိုင်သည်။ အင်ပါယာအဆင့်လူ ဖြစ်နေရင်တောင် လစ်လပ်သွားတဲ့ စွမ်းအင် တွေရဲ့ အကြမ်းပတမ်းကို ပရမ်းပတာနိုင်မှုကို ရင်ဆိုင်ဖို့ဆိုတာ သေခြင်း ပဲ ရှိသည်။
ထို့ကြောင့် Mu Yao က ချက်ချင်းကို ဂရုမစိုက်ပဲ ငြင်းဆိုလိုက်တာဖြစ်သည်။ Ling Xiaoက အင်ပါယာ အဆင့် သိုင်းသမား ဖြစ်နေရင်တောင် Long Xiao တိုက်ကြီးမှာ နေထိုင်ကြတဲ့ အင်ပါယာအဆင့်နဲ့ သူ့ထက်မြင့်တဲ့ အင်အားကြီး သိုင်းသမားတွေအားလုံးကို စုပေါင်းကြည့်မယ်ဆိုရင်တောင် ဘယ်နှယောက်မှာ မုန်ညင်းစေ့နယ်မြေရှိသလဲဆိုတာ ရှာဖွေရန် မဖြစ်နိုင်ချေ။
ထို့ကြောင့် ချက်ချင်းကို သူငြင်းဆိုတာဖြစ်သည။ သို့သော်လည်း အခြားအကြောင်းပြချက်တစ်ခုရှိသေးသည်။ အကယ်လို့ Ling Xiao က အင်ပါယာအဆင့် အင်အားကြီးသိုင်းသမား ဖြစ်လျှင် အခုအစိမ်းရောင်လွင်ပြင်ထဲမှာ ရှိသော လူတိုင်းက အသက်ရှင်ရက်ထွက်သွားနိုင်မည်းမဟုတ်ဟု ဆိုလိုသည်။
အကြီးအကဲYun ကတော့ သူ့စကားကို လက်မခံပဲ မနေချေ။ သူခေါင်းညိမ့်ကာ 'ကျုပ်လဲ ဒါမဖြစ်နိုင်ဘူးလို့ စဉ်းစားမိတယ်။ ဖြစ်နိုင်တာကတော့ ဒုတိယဖြစ်နိုင်ချေကိုပဲ ကြည့်ကြည့်တာပေါ့ ။ လူငယ်လေးကို ကြယ်ခုနစ်ပွင့်တာဝါမှာထဲက လဲထားတယ်လို့ထင်တယ်။ သခင်မလေး အဲဒိအချိန်ကို မှတ်မိသေးလား သူတို့အခန်းကို တန်းဝင်သွားတာလေ´
'အကြီးအကဲYunက လူငယ်လေးက အခုထိ HunJiမြို့ထဲမှာပဲ ရှိနေသေးတယ်လို့ ပြောချင်တာလား´Mu Yao ခန့်မှန်းလိုက်သည်။
'ဆယ်ပုံမှာ ရှစ်ပုံကိုးပုံပဲ၊ ဒါပေမယ့် ကျုပ်တို့ HunJiမြို့က ထွက်တာနဲ့ သူလဲ လိုက်ထွက်သွားလို့ရတာပဲ´
အကြီးအကဲYun ရဲ့ အမူအယာကမရွှင်မပြဖြစ်သွားသည်။ အကယ်လို့ သူတို့သာ လူငယ်လေးကို ရလိုက်မယ်ဆိုရင် အသေချာဆုံးသော နည်းလမ်းဖြစ်သွားမည်။ သူတို့ အရူးလုပ်ခံရတာ အတော်ဆိုးတာပဲ။
Mu Yao ရဲ့ အကြည့်တွေက သူတို့ရှေ့က လူတွေကို ခြုံကြည့်ပြီး အသံနှိမ့်ပြီး ပြောသည်။ 'အကြီးအကဲYun။ Yaoလေး နားမလည်တာတစ်ခုရှိသေးတယ်။ မနေ့က ၀တ်ရုံနက်နဲ့လူက စိတ်ဝိဥာဏ်အရည်တွေ နိုင်သွားသေးတယ်မလား သူကတစ်ယောက်ထဲပဲဟာ ကျွန်မတို့ ဘာလို့ ဒီလူနှစ်ယောက်ကို လိုက်မယ့်အစား သူ့ကို ခြုံခိုပြီး ဘာလို့မတိုက်တာလဲ´
'ကျုပ်က သူ့ကို စောင့်ကြည့်ဖို့ လူမလွှတ်ဘူးလို့ ထင်နေတာလား? အဲဒိ ၀တ်ရုံနက်နဲ့လူက အရမ်းကို ထူးဆန်းတယ်။ ကျုပ်တို့လူတွေကို ဖယ်ထုတ်ဖို့တောင် တတ်နိုင်တယ် အခြားအဖွဲ့တွေလဲ အဲလိုပဲ ဖြစ်လိမ့်မယ်ထင်တယ်။ မဟုတ်ရင်တော့ ဘာလို့များ JiLeတာဝါနဲ့ Xue Shaမျိုးနွယ်က ကျုပ်တို့လို သူတို့ဆီက သတ်ပြီး လုဖို့ ပြေးလွှားနေမှာလဲ´
အကြီးအကဲYun ရဲ့မျက်နှာ ဖျတ်ခနဲ မှိုင်းကျသွားသည်။ JiLeတာဝါနဲ့ Xue Chaမျိုးနွယ်စုတို့ကလဲ အားမနည်းလှချေ။ သူတို့တွေသာ လှုပ်ရှားမယ်ဆိုရင် Xiao Yao ဂိုဏ်း ကလဲ ကောင်းကျိုးတော့ မရရှိနိုင်ဖို့ များသည်။
'ကြည့်ရတာ ကျုပ်တို့ သူတို့တွေ စပြီးလှုပ်ရှားတာကို ပဲ စောင့်ပြီး ထိုင်ပြီး ကြည့်ရမယ်ထင်တယ်´
Mu Yao တိုးတိုးလေး တွတ်ထိုးလိုက်သည်။ သူက အခုချိန်မှာ အရမ်းဆန္ဒစောနေသည်။ JiLeတာဝါနှင့် Xue Shaမျိုးနွယ်တို့လဲ ဆန္ဒစောနေမယ်ဆိုတာလဲ သူယုံကြည်သည်။
သူတို့စကားပြောတာ ပြီးသည့်အချိန်မှာပဲ Ling Xiao က ၀တ်စုံနက်နှင့်လူကို သတ်ပြီးဖြစ်သည်။ You XiaoMo အတုကတော့ လေထဲမှုတ်ထုတ်လိုက်သလို ပျောက်ကွယ်သွားသည်။ Ling Xiao ကို ထိန်းထားတဲ့ သူမရှိတာကို ကြည့်ပြီးတော့ နောက်ထပ်အင်အားစုတစ်ခုက မလှုပ်ရှားပဲ မနေနိုင်တော့။
အားကောင်းတဲ့အရှိန်အ၀ါရှိတဲ့ ဆယ်ဦးထက်မနည်းတဲ့လူတွေဆီကနေ ထွက်လာတဲ့ လူသတ်ချင်တဲ့ အငွေ့အသက်တွေ ကောင်းကင်မှာ ပျံလွင့်ပြီး အားလုံးက Ling Xiao ဆီကို ပြင်းပြင်းထန်ထန်ကို တန်းဝင်လာကြသည်။ အသံတစ်သံတောင် ထွက်မလာပဲ လက်နက်ချွန်တွေကိုအမြှောက်မှာ မျက်စိကျိန်းလောက်အောင် ကို လင်းလက် သွားစေသည် ။ ပြတ်သားတဲ့ဓါးသွားတစ်ခုပြီးတစ်ခုက Ling Xiao ရဲ့ သေကွင်းသေကွက်တွေဆီကိုပဲ ဦးတည်ကြသည်။
ဒီလောက်အားကောင်းတဲ့လူတွေနှင့် ရင်ဆိုင်တိုက်ခိုက် ဖို့အတွက်က Mu YunTian နှင့် အကြီးအကဲYun လိုလူမျိုးတွေတောင်မှ ခုခံနိုင်တဲ့ အတိုင်းအတာတစ်ခုရှိသည်။ Ling Xiao က တော့ ပုန်းခြင်း ရှောင်ခြင်းတို့ မလုပ်။ ခရမ်းရောင် မီးနဂါးတို့က တော့ မကုန်ခမ်းသလိုပင်။ မီးတောက် ဆယ်ခုမက သူ့ကိုယ်ထဲက ချက်ချင်း ဖောက်ထွက်လာကာ တိုက်ခိုက်သူတိုင်းဆီကို လျှပ်ပြက်သလိုကို တန်းဝင်သွားသည်။
အများစုကသတိရှိကြပေမယ့် သူတို့ဒိုင်းတွေကာ လိုက်ချိန်မှာတော့ မီးတောက်နဂါးက ဘာမှမရှိသလိုမျိုးကို သူတို့ ကိုယ်ထဲကို ဖောက်ဝင်သွား ပြီး ဖြစ်သည်။ နဂါးမီးတောက်တွေ ဖောက်ဝင်သွားတာနဲ့ တစ်ယောက်ပြီးတစ်ယောက် ကိုယ်ထဲက သွေးတွေ အကုန်အငွေ့ပျံသွားကြသည်။ မြေပြင်ကို အလောင်းတွေ ကျတဲ့အချိန်မှာတော့ ခြောက်သွေ့အောင်ကို အစုပ်ခံထားရတဲ့ သွေးမရှိတဲ့ မံမီရုပ်အလောာင်းများ ကဲ့သို့ဖြစ်ကုန်သည်။
လှုပ်ရှားဖို့ ပြင်နေသော အကြီးအကဲYun နဲ့ Mu Yaoကတော့ အဲဒိကို မြင်တာနဲ့ ကြောက်ရွှံ့ပြီး ဖျော့တော့ကုန်သည်။
သူတို့သာမက ပုန်းနေတဲ့ HunJi မြို့ ခေါင်းဆောင်တောင် အဆိုပါ မြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။ သွေးတွေကိုတောင် အငွေ့ပျံအောင် လုပ်နိုင်တဲ့ မီးတောက်များ။ အပူပြင်းအားက သူတို့ တွေးထင်ထားတာထက်တောင် ကျော်လွန်နေလောက်သည်။
ဒီပုဂ္ဂိုလ်က ဘယ်သူလဲ? ဒီလောက်ထူးဆန်းတဲ့ မီးတောက်ကိုတောင် ပိုင်ဆိုင်ထားသည်။ ပြီးတော့ ခရမ်းရောင်။ သူတို့အရင် မမြင်ဖူး မကြားဖူးသော အရာဖြစ်သည်။
တိုက်ခိုက်သူ ဆယ်ယောက်ကျော်ကို အပြီးသတ်ပြီးပြီးချင်း သူ့လက်တွေ ချကာ အသက်ဖြည်းဖြည်းလေးတစ်ချက်ရှူလိုက်သည်။ သူ့အချိန်တွေ လာဖြုန်းနေကြတာ ။အကယ်လို့သာ သူ့အင်အားတွေစောစောစီးစီး ပေါ်သွားတာကိုသာ စိတ်မပူခဲ့ရင် ဒီလူတွေကို ဖျော်ဖြေရတာ အရမ်းကို ပျင်းဖို့ကောင်း နေမှာ ဖြစ်သည်။
အနီးအနားကိုတစ်ချက် ၀ဲကြည့်လိုက်သည်နှင်ံ ပုန်းနေသည့်လူတွေကလဲ သူတို့ဘာသာ ထွက်လာဖို့လဲမမြင်သဖြင့် Ling Xiao ကလဲ သူတို့ထွက်လာအောင် လုပ်ဖို့ စိတ်မပါချေ။ တစ်ဖက်လှည့်ပြီး ခြေ လေးလှမ်း ငါးလှမ်းပင် လှမ်းရုံရှိသေးသည် သူ့အနောက်က ၀ုန်းခနဲ့နှင့် ကောင်းကင်ကြီး ကို ကွဲထွက်လာကာ မြည်ဟီးသွားသည်။
ထူးခြားတဲ့ ခွန်အားတစ်ခုရဲ့ ထိန်းချုပ်မှုနဲ့ အနက်ရောင်ရောင်ခြည် လွှမ်းခြုံထားတဲ့ မြှားတစ်စင်းက Ling Xiao ရဲ့နောက်ကျောကနေ ပြေးဝင်လာသည်။ Ling Xiao နှင့် သုံးမီတာအကွာအဝေးရောက်တာနဲ့ အတားအဆီးတစ်ခုကို တွေ့သည့်အလား ရုတ်တရက် ရပ်တန့်သွားသည်။ တစ်ယောက်ယောက်က လက်နဲ့ယူပြီးတော့ ကွေးလိုက်သလိုမျိုး မြှားခေါင်းက ဘေးကို ဖြည်းဖြည်းချင်း လည်ထွက်သွားပြီး ရှူးခနဲ မည်ကာ သူလာရာလမ်းဘက်ကို ပြန်လှည့်ထွက်ကာ အော်ဟစ်သံတစ်ခုနှင့် အဆုံးသတ်သွားသည်။
Ling Xiao ဖြည်းဖြည်းချင်းလှည့်လာကာ ညင်ညင်သာသာလေး ခြေတစ်ချက်စောင့်ချလိုက်သည်။ အင်အားကြီးမားတဲ့ တွန်းအားတစ်ခု ချက်ချင်းကို ပျံနှံသွားသည်။
နောက်ကွယ်ကနေ ချောင်းမြောင်းနေသူများအားလုံးရဲ့ မျက်နှာတွေ မှာ ပြောင်းလဲခြင်းအကြီးကြီးတွေ ပေါ်လာသည်။ သူတို့ရဲ့ တုန်လှုပ်တဲ့ အမူအယာ မှာ ထိတ်လန့်ခြင်းတွေပါ ရောစပ်နေကြသည်။
မီးခိုးရောင်ဝတ်ရုံနှင့် လူက သူဒိုင်းအဖြစ်သုံးလိုက်တဲ့ရင်ဝမှာမြှားစိုက်နေတဲ့ သူ့လူတစ်ယောက်ရဲ့ ကိုယ်ကို ဘေးကို သက်တောင့်သက်သာပဲ ဖယ်ထုတ်လိုက်သည်။ သူမျက်နှာမှာတော့ ထိတ်လန့်ခြင်းတွေကြောင့် မြင်မကောင်းအောင်ပင် ဖြစ်နေသည်။ 'ဒီလူက တကယ့်ကို ကြယ်ငါးပွင့်အာကာသ အဆင့် ခွန်အားပဲ….´ သူကိုယ်တိုင်က တော့ ကြယ်တစ်ပွင့် အာကာသအဆင့်ပဲ ရှိသည်။