C-111 Young egg of the blue-blooded wolf.
Zawgyi
အခန္း ၁၁၁ နနယ္တဲ႕ေသြးျပာ၀ံပုေလြ ဥငယ္ေလး
လံုး၀ကိုတိတ္ဆိတ္ေနတဲ႕ ခန္းမထဲမွာ တစ္ေယာက္ေယာက္ ၾကမ္းေပၚကို ျပဳတ္က်တဲ႔အသံၾကီး ထြက္ေပၚလာသည္။
တင္းမာေနတဲ႕ အေျခအေနၾကီးက ရုတ္တရက္ကို ပ်က္ျပယ္သြားသည္။ လူအခ်ိဳ႕ အသံေပၚလာရာကို လွမ္းၾကည့္ေပမယ့္ ဘာမွ မေတြ႕ …………လူတစ္ေယာက္ ေလ်ာ့ေနတာပဲ ရွိတာပါ။
Ling Xiao ရုပ္တည္ၾကီးနဲ႕ သူကို ထူေပးကာ ေက်ာကို အသာေလးပုတ္ျပီး 'ညီေလး ေအာက္ျပဳတ္က်တာ နာသြားေသးလား´
You XiaoMo ကတုိ္က္ကရိုက္ လူအုပ္ၾကီးဘက္ကို ေက်ာေပးျပီး ကုန္းထလုိက္သည္။ သူ႔ပုခံုးေတြက စိတ္လႈပ္ရွားမႈေၾကာင့္ တုန္ရီေနျပီး Ling Xiao ၀တ္ရံုကို လွမး္ဆြဲကာ သူ႔မ်က္ႏွာကို ဖံုးထားလုိ္က္သည္။ သူ႔ ႏွာရည္ေတြနဲ႕ မ်က္ရည္ေတြက ၀တ္ရံုေပၚစြန္းထင္းကုန္သည္။ ဒါလဲ သူသံုးတာ မေလာက္ေသးေတာ့ Ling Xiao ရဲ႕ အက်ီ ၤစကိုပါ ဆြဲယူျပီး သူ႔မ်က္လံုးေထာင့္က မ်က္ရည္ေတြကို သုတ္ဖို႕ ဟန္ျပင္ေနျပန္သည္။ သူ႔နားက တစ္ေယာက္ရဲ႕ မ်က္ႏွာကေတာ့ တျဖည္းျဖည္းနဲ႕ ရွံ႕တြလာသည္။
'ညီေလး သုတ္လို႔ ျပီးျပီလား´ သူ႔ေခါင္းေပၚကေန ခပ္တည္တည္ေလသံၾကီး ထြက္လာသည္။
'ဟင့္အင္း…….အ………ျပီးသြားပါျပီ´
You XiaoMo သတိလက္လြတ္ ေခါင္းခါျပီးသည္ႏွင့္ ရုတ္တရက္ ေၾကာက္ရြ႕ံေနတဲ႕ မ်က္ႏွာႏွင့္ ဖ်တ္ခနဲ ၾကည့္လုိ္က္သည္။ သူ႔လက္ေခ်ာင္းေတြက တင္းၾကပ္စြာ ဆုပ္ကိုင္ထားတာမို႕ လက္ထဲက အျဖဴစကို ေတာင္ ဖ်တ္ဆီးမိေတာ့ မတတ္ျဖစ္သြားသည္။
Ling Xiao သူ ႏွပ္ေတြနဲ႕ မ်က္ရည္ေတြ သုတ္ခဲ႕တဲ႕ အစနားကို ကုိ္င္လုိက္ျပီး သူ႔ဘက္ကို လွည့္ကာ အသံခ်ိဳခ်ိဳ နဲ႕ 'ညီေလး အကိုၾကီး၀တ္တဲ႕ အစက ဘယ္ေလာက္ေတာင္ တန္သလဲဆိုတာ သိလား´
You XiaoMo ခ်က္က်က် ေခါင္းခါျပလုိက္သည္ ' မသိဘူး……..´
'မသိဘူးဆုိလဲ ရပါတယ္ အကိုၾကီးက ေျပာျပမွာေပ့ါ´
Ling Xiao သူ႔ေခါင္းကို သာသာေလးပြတ္ကာ ေလသံေပ်ာ႔ေပ်ာ႕ေလးနဲ႕ ' ဒီ၀တ္ရံုကေလ ေျမေအာက္ကမၻာကိုးထပ္က ပိုးတံုးလုံးၾကီးေတြက ထြက္တဲ႔ပိုးနဲ႕ ရက္ထားတာသလား အဲဒိ ေျမေအာက္ကမၻာ ကိုးထပ္က ပိုးတံုးလံုးၾကီးေတြက လဲေလ အဆင့္ဆယ့္တစ္ အျမင့္ပိုင္းက ေမွာ္သားရဲေတြ ကပဲ ပိုးခ်ည္ကို ထုတ္ေပးနုိင္တာ ျပိးေတာ့ ႏွစ္ငါးရာေနမွ တစ္ခုထုတ္တာ။ ပိုးခ်ည္ရဲ႕ ေစ်းကို ေရႊနဲ႕ စက္လို႕ေတာင္မရဘူး၊ အဲဒိက အလံုးေလးေတြကိုသံုးျပီး လုပ္မွ ခ်ပ္၀တ္ရတာ သူ႔ကို ဓါးေတြ လွံေတြ မေဖာက္နုိ္င္ဘူး မီးနဲ႕ ေရနဲ႕လဲ ျဖတ္ဆီးလို႕ မရဘူး ေျပာၾကည့္ပါဦး မငး္ကို ေရာင္းျပီးေတာင္ ျပန္ျပီး အစားထိုးရပါ့မလား´
You XiaoMoသူ႔လက္သီးဆုပ္ေလာက္ေတာင္ မရွိတဲ႕ Ling Xiao ညႊန္ျပတဲ႕ ေနရာကို သတိလက္လြတ္္ေငးသြားမိသည္။
You XiaoMo မ်က္ႏွာ ခ်က္ခ်င္းကို ေသြးေရာင္ထသြားသည္။ အဆင့္ ဆယ့္တစ္ေမွာ္သားရဲ? အဲဒါ ဘာလဲ သူက ဘယ္လိုလုပ္သိမွာလဲ ဒါေပမယ့္ သူေသခ်ာတာ တစ္ခုေတာ့ ရွိသည္ ဘာလဲ ဆိုေတာ့ သူ႔ကို ေရာင္းျပီးတာေတာင္ မလံုေလာက္နုိ္င္ အစေလးတစ္စေတာင္ ေလာက္ဖို႔ မလြယ္လွ။
'ေတာင္းပန္ပါတယ္ ကိုၾကီး Ling ကၽြန္ေတာ္မွားသြားပါတယ္ ျပန္ ျပန္ ျပန္……ေတာ့ မေတာင္းပါနဲ႕ ေနာ္ ေနာ္´
Ling Xiaoရဲ႕ခါးကို ဖက္ျပီး You XiaoMo တအိီအီနဲဲ႕ အီေနေတာ့သည္။ မ်က္လံုးကို ပုတ္ခတ္ပုတ္ခတ္ လုပ္ကာ သူ႔ရဲ႕ မိေခ်ာင္းမ်က္ရည္ကို လဲ ခ်ဴရေသးသည္။ ေနာက္တစ္ၾကိမ္ျပန္ျပီး စဥ္းစားမိခ်ိန္မွာေတာ့ ကပ်ာကသီ သုတ္လုိ္က္ျပန္သည္။
Ling Xiao ရဲ႕ ႏႈတ္ခမ္းမ်ားအနည္းငယ္ တြန္႕သြားျပီး You XiaoMO ဘာလုပ္မလဲကို ပဲေစာင့္ၾကည့္ေနသည္။
ေအာက္ထပ္ေကာ အေပၚထပ္ကေကာ တုန္လႈပ္ျပီး ေငးေနတာကို ခံစားမိေတာ့မွ Ling Xiao မ်က္ႏွာမဲ႕ကာ 'ညီေလး အရင္ထဦး´
'ထဘူး´
You XiaoMo ေခါင္းတြင္တြင္ခါလ်က္ မသဲမကြဲ 'ျပန္မေတာင္းဘူးဆိုမွ ထမယ္´
Ling Xiao မ်က္လံုးအစြန္းေလးေတြ တြန္႕သြားကာ '……….ေကာင္းျပီေလ ျပန္မေတာင္းေတာ့ဘူး´
'တကယ္ေနာ္´
You XiaoMo ခ်က္ခ်င္းေခါင္းေထာင္လာသည္။ အေလာတၾကီးလဲ ေမးလုိ္က္ေသးသည္။ ဒါေပမယ့္ အဲဒိမွာ သူ႔မ်က္လုံးေထာင့္ကေန မိေခ်ာင္းမ်က္ရည္ ကလဲ တြဲလဲ ခုိ္ေနေသးသည္ မ်က္လံုးေတြကေတာ့ မနီေန တာမို႕ မ်က္ရည္က အစစ္နဲ႕လဲ တူသလို အတုနဲ႕လဲ တူေနျပန္သည္။
'တကယ္´ Ling Xiao ခပ္တည္တည္ ေခါင္းျငိမ့္ျပလုိ္က္ကာ က်ိန္ျပလုိ္္က္သည္။
You XiaoMo သေတြးေလးမ်ိဳခ်လိုက္၏ သူ အခုထိတကယ့္ကို သူက်ိန္တာ လို္ခ်င္ေသးတာ ဒါေပမယ္…. ေျပာင္းျပန္သက္ေရာက္မႈသာ ျဖစ္သြားခဲ႕မယ္ဆိုရင္ သူငိုရလြန္းလို႔ ေသသြားႏိုင္သည္။ ဒါ့ေၾကာင့္ ေသခ်ာေတြးေတာျပီးခ်ိန္ မွာေတာ့ သူဒီအတုိင္းပဲ ထားဖို႕ ဆံုးျဖတ္လုိ္က္သည္။
သူတို႔ေတြ စကားေကာင္းေနတုန္းမွာ စိတ္၀ိဥာဏ္အရည္ပုလင္းကို ၀တ္ရံုနက္နဲ႕ လူက ဆယ့္ကိုးသန္းနဲ႕ နို္င္သြားေတာ့သည္။ ၾကမ္းခင္းေစ်းထက္ ႏွစ္ဆမ်ားသည္။ မိုးအထိကို ေစ်းက အမွန္ကို ျမင့္ေနတာပဲ။ လူအမ်ားစုကေတာ့ အဲဒါက သူတို႕ ဘ၀တစ္ေလွ်ာက္လံုးကို ကယ္ေပးႏုိ္င္ရင္ေတာင္ ဒီေလာက္အထိေတာ့ ေစ်းျမွင့္မေပးနို္င္ၾကေခ်။ ဒါေပမယ့္ အဲဒိ ၀တ္ရံုနက္ ၀တ္လူရဲ႕ အေၾကာင္းကို လူေတြက ပိုပိုျပီး သိခ်င္လာၾကသည္။ သန္းသံုးဆယ္ကို တစ္ခ်ီထဲသံုးသြားတာမို႕ သူ႔ ေနာက္ခံက နိမ့္ဖို႕ရာမရွိ ျမင့္ဖို႕သာ ရွိသည္။
အခ်ဳိ႕လူေတြကေတာ့ ၀တ္ရံုအနက္နဲ႕ လူကို သတ္ဖို႕ေတာင္ ျပင္ထားျပီးျဖစ္သည္။ အဲဒါကေတာ့ Xiao Yao ဂိုဏ္းက Mu Yao.
Mu Yao က သူ႔အေဖဆီက စိတ္၀ိဥာဏ္အရည္ကို နုိ္င္ေအာင္လုပ္ဖို႕ အမိန္႕ကို ရထားျပီးျဖစ္သည္။ ပထမေတာ့ ဒါက ဆယ္ပံုကို ကုးိပံုႏိုင္ႏိုင္ေခ်ရွိသည္။ ဘာေၾကာင့္လဲဆိုေတာ့ JiLe တာ၀ါနဲက Xue Shaမ်ိဳးႏြယ္စုတို႕ကေတာ့ သူတို႕ ေနာက္ဆံုးရတနာ အရယူရန္အတြက္ သူ႔ကုိ စိတ္၀ိဥာဏ္အရည္ကို အႏို္င္ေပးမွာပင္။ သုိ႔ေသာ္ မထင္မွတ္စြာပင္ သာသနဖ်တ္တစ္ေယာက္ဘယ္က ေပၚလာမွန္းမသိေပၚလာတာပင္။
Mu Yao တစ္ေယာက္ ပထမထပ္က ၀တ္ရံုနက္္နဲ႕ လူကို ေအးစက္စြာ ၾကည့္ေနသည္မွာ အျခားသူေတြသူ႔ကို ျမင္သလို လ်စ္လ်ဴရႈထားတဲ႕ ပံုလံုး၀ေပၚေနသည္။ သူ႔အေတြးေတြကေတာ့ ႏွလုံးသားကို မည္းနက္ေစသည္။ သူ႔လက္ထဲ အဲဒိလူ မေရာက္လာခဲ႕ရင္ ပိုေကာင္းလိမ့္မယ္ မဟုတ္ရင္ေတာ့ သူကေတာ့ Xiao Yao ဂိုဏ္းရဲ႕ အနက္ေရာင္ေကာင္းကင္ လက္သည္းကို ျမည္းစမ္းရမည္ပင္။
အဲဒိအခ်ိန္မွာ ေလလံစင္ျမင့္ေပၚတြင္ အဖိုးၾကီးက အလိမၼာအျပံဳးေလးနဲ႕ ရပ္ေနရာမွ ရုတ္တရက္ၾကီး ေလးနက္တဲ႔ အမူအယာေျပာင္းသြားသည္။ လွည့္ထြက္သြားက လိုက္ကာအေနာက္ထဲကို တုိး၀င္သြားသည္။ ခဏေနေတာ့ သူေက်ာက္စိမ္းသေတၱာ တစ္လံုးကိုင္ျပီး ျပန္ထြက္လာသည္။ ေက်ာက္စိမ္းေသတၱာက ေလးေထာင့္ပံုႏွင့္ တစ္ဖက္ကို ေလးဆယ္ စင္တီမီတာေလာက္ရွိသည္။ ခ်က္ခ်င္းကို ေလလံခန္းမက အင္အားၾကီးတဲ႕ အရွိန္အ၀ါေတြ နဲ႕ ျပည္ႏွက္သြားသည္
အင္အားၾကီးတဲက အရွိန္အ၀ါ အမ်ားစု က ဒုတိယထပ္က ဂုဏ္ထူးေဆာင္ ဧည္႕သည္မ်ားဆီက ထြက္လာတာပင္။ လူအေယာက္ဆီတုိ္္ငး္ရဲ႕ အဖိုးၾကီးလက္ထဲက ေက်ာက္စိမ္းေသတၱာကို သာ တစ္စိုက္မတ္မတ္ၾကည့္ျပီး ေလာဘၾကီး ေသာအၾကည္ကိုေတာင္ မဖံုးကြယ္ႏုိင္ ။ အေစာထဲက ဒီဟာကို လက္လြတ္ဖို႕ ဆံုးျဖတ္ထားတဲက Mu Yao ေတာင္ မ်က္လံုးေတြက မီးေတာက္လာသည္။
အသက္ျပင္းျပင္းတစ္ခ်က္ ရွဴျပီး ေက်ာက္စိမ္းေသတၱာကို ေလလံစင္ျမင့္ေပၚ တင္လုိ္က္သည္။ သူ႔ရဲ႕ အရိုးေငါေငါ လက္ေခ်ာင္းေတြနဲ႕ ေက်ာက္စိမ္းေသတၱာအဖံုး ကို ျဖည္းျဖည္းခ်င္းလွစ္ဟ လုိ္က္သည္။ ႏွစ္စကၠန္႕ၾကာတဲ႔အခါမွာ ေက်ာက္စိမ္းေသတၱာထဲက အရာက လူတုိ္င္းေရွ႕ကို ေပၚထြက္လာသည္။ လူတို္င္းရဲ႕မ်က္လံုးထဲကလဲ ေက်ာက္စိမ္းေသတၱာထဲက အရာေပၚမွာပဲ အၾကည့္ေတြ ရွိေတာ့သည္။
ၾကီးမားတဲ႕ ႏုငယ္တဲ႕ ဥေလးတစ္လံုးပဲ ေက်ာက္စိမ္းေသတၱာထဲမွာ ရွိ၏။ ဥေလးက အျဖဴႏွစ္ေရာင္သန္းေနသည္။ အျပင္ကို အလင္းေဖ်ာ့ေဖ်ာ့ေလး လႊင့္ေန၏။ ေသခ်ာတာက ထိုႏုငယ္တဲ႔ ဥေလးက အသက္ရွိေနသည္။ ဒါတင္မကေသး လူတုိင္းက အဲဒိ ႏုငယ္တဲ႕ ဥက ထြက္ေနတဲက ၾကီးမားတဲ႔ အသက္ခြန္အားကို ခံစားႏိုင္ေသးသည္။
'ဘာၾကီးလဲ´ You XiaoMo အေလာတၾကီးနဲ႕ ေမးလိုက္သည္ သူ႔မ်က္လံုးေတြကလဲ ျပဴးလို႔။
'ေမွာ္၀င္သားရဲ ေသြးျပာ၀ံပုေလြရဲ႕ ဥ´ Ling Xiao ဥေလးကို လွမ္းၾကည့္ျပီး တျဖည္းျဖည္းနဲ႕ မ်က္လံုးက က်ဥ္းေျမာင္းလာသည္။
ေသြးျပာ၀ံပုေလြ? အသံကေတာ့ ေၾကာက္စရာေကာင္းမယ့္ပံုပဲ။ ဒါေပမယ့္ You XaioMo က စိတ္ရႈပ္ေထြးေနဆဲပဲ 'ကိုၾကီး Ling ေသြးျပာ၀ံပုေလြက ဘယ္အဆင့္ ေမွာ္၀င္သားရဲလဲ ဘယ္ေလာက္ ထိ အစြမ္းရွိလဲ´
Ling Xiao ရဲ႕ ႏႈတ္ခမ္းေပၚမွာ ေအးစက္စက္ ေလွာင္ျပံဳးတစ္ခု ေပၚလာျပီး သူ႔မ်က္လံုးေတြက ပုိျပီး ထက္ျမက္လာသည္။ ေသြးျပာ ၀ံပုေလြက ၀ံပုေလြမ်ိဳးႏြယ္ထဲမွာ အျမင့္ျမတ္ဆံုးမိ်ဳးရိုးျဖစ္သည္။ သူတို႕ေတြက စြမ္းရည္ျမင့္မားၾကတယ္။ သူတို႕ေတြရဲ႕ မ်ိဳးရိုးက ကန္႔သတ္မႈေတြရွိလို႕ ဒ႑ာရီျမင့္ျမတ္တဲ႕ ၀ံပုေလြမ်ိုးရိုးကို မယွဥ္နုိင္ေပမယ့္ သူတို႕မ်ိဳးရိုးေကာင္းမႈေၾကာင့္ ၾကီးလာရင္ေတာ့ အနည္းဆံုးအဆင့္ရွစ္ေမွာ္သားရဲ ေတာ့ ျဖစ္္နိုင္တယ္ စိတ္၀ိဥာဏ္အဆင့္သိုင္းသမားနဲ႕ အဆင့္တူတယ္ေလ ´
'ေၾကာက္စရာေတာ့ ေကာင္းသားပဲ´ You XiaoMo တီးတိုးဆိုလုိ္က္သည္။
ေသြးျပာ၀ံပုေလြရဲ႕ ေသြးသားကန္႔သတ္မႈေတြေၾကာင့္ အျမင့္ဆံုးက အဆင့္ရွစ္ေမွာ္၀င္သားရဲ ပဲျဖစ္နုိ္င္ေပမယ့္ လက္ရွိမွာ အင္အားၾကီးတဲ႕ အဖြဲ႕အေနနဲက အဆင့္ရွစ္ ေမွာ္၀င္သားရဲရဲ႕ ကူညီမႈရရွိဖို႔ဆုိတာက သူတို႕ လက္လွမ္းမမွီနိင္တဲ႕ အရာပင္။ အကယ္လုိ္႔ သူတို႕သာဒီအဆင့္ရွစ္ေမွာ္၀င္သားရဲကို ရရွိျပီး ေလ့က်င့္ေပးမယ္ဆိုရင္ အနာဂတ္မွာ အျခားအဖြဲ႕ေတြထက္ ပိုျပီး အင္အားၾကီးနုိ္င္ဖို႔ သံုးႏိုင္တယ္။
ဥပမာအေနနဲ႕ Xiao Yao ဂိုဏ္းနဲ႕ JiLe တာ၀ါဆိုရင္ အခုသူတို႔က အဆင့္တူရပ္တည္ေနတယ္ ဘာလို႕လဲ ဆုိေတာ့ ႏွစ္ဖက္စလံုးက စိတ္၀ိဥာဏ္အဆင့္ ေခါင္းေဆာင္ပဲ ျဖစ္ေနလို႔ပါ။ အကယ္လို႔ တစ္ဖက္ဖက္ကသာ စိတ္၀ိဥာဏ္အဆင့္ထက္ ျမင့္သြားျပီဆိုရင္ အျခားတစ္ဖက္ကို ေၾကာက္လန္႔ေနဖို႕ မလိုေတာ့။ ဒါ့ေၾကာင့္ အဆင့္ရွစ္ေမွာ္၀င္သားရဲ ရဲ႕ ဥက သူတို႕ကုိ အလြန္ေသြးေဆာင္ေနတာျဖစ္သည္။
သို႔ေသာ္ အဆင့္ရွစ္ေမွာ္၀င္သားရဲ ရဲ႕ ႏုငယ္တဲ႕ ဥကလဲ ဆိုးက်ိဳးေတြရွိသည္။ အဲဒါက သူ႔ရဲ႕ ၾကီးထြားမႈပဲ။ ႏုနယ္တဲ႕ ဥ က ၾကီးထြားဖို႔အတြက္ကို လုပ္ငန္းစဥ္တစ္ရပ္ေတာ့ရွိသည္။ အဆုိပါ လုပ္ငန္းစဥ္ကလဲ ေငြကုန္ေၾကးၾကအေတာ္မ်ားသည္။ တစ္ခ်ိန္ထဲမွာပဲ တစ္ေယာက္ေယာက္ကလဲ က်င့္ၾကံျခငး္မလုပ္ပဲနဲ႕ သူ႔ကို ပဲ ကာကြယ္ဖို႕ လုိေသးသည္။ အကယ္လို႕ စစ္မွန္တဲက အဆင့္ရွစ္ေမွာ္၀င္သားရဲအျဖစ္ မျဖစ္ခင္ အသတ္ခံခဲ႕ရရင္လဲ ၾကိဳးစားအားထုတ္ခဲ႕သမွ်က သဲထဲ ေရသြန္ ျဖစ္သြားဦးမည္။
ႏုနယ္တဲ႕ ဥကို ရင့္က်က္လာေအာင္ လုပ္ႏုိ္င္တဲ႕ စြမ္းရည္မရွိဘူးဆိုရင္ ၀ယ္ရင္ေတာင္ အသံုးမ၀င္ပဲ ျဖစ္နိုင္သည္။
'သူတို႕ေတြက အပူေလာင္ခ်င္ေနၾကတာပဲ´ Ling Xiao ဆီက အထင္ေသးတဲ႕ ေလသံထြက္လာသည္။
'ဘာအဓိပၸါယ္လဲ´ သူ႔စကားကို ၾကားတာေတာင္ ဘာေျပာမွန္း You XiaoMo နားမလည္ပါ။
Ling Xiao ျပက္ရယ္ျပဳလ်က္ 'ေသြးျပာ၀ံပုေလြေတြက အစံုလုိက္ေနၾကတယ္ ၀ံပုေလြအမ ဦးေရကနည္းတဲ႕အခါက်ေတာ့ ကိုယ္၀န္ေဆာင္ႏႈန္းက အျမဲတမ္းနိ္မ့္တယ္ေလ တစ္ခါတစ္ေလဆိုရင္ ငါးႏွစ္မွတစ္ေကာင္ေလာက္ပဲ ေသြးျပာ၀ံပုေလြက ေပါက္တာ ။ သူတို႔ေတြရဲ႕ သားေပါက္အခုိးခံရတာသာ သိရင္ ေသခ်ာေပါက္ ေဒါသထြက္မွာ။ သူတို႕ကလာျပန္လုရင္ ဒီက လူေတြ ဘယ္သူမွ ထြက္ေျပးနို္င္မွာ မဟုတ္ဘူး´
You XiaoMo အသက္ရႈေႏွးသြားသည္။ ငါးႏွစ္မွ ဥတစ္ဥ ဆိုတာ အရမ္းနိမ့္ေနတာပဲ။
Ling Xiao က ဆက္ေျပာသည္။ 'ဒါေပမယ့္ ဒီသိုင္းသမားေတြကေတာ့ ငတံုးေတြေတာ့မဟုတ္ဘူး ေသြးျပာ၀ံပုေလြက ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းတယ္ဆုိတာေတာ့ သူတို႔ၾကားျပီးသားျဖစ္မွာပဲ လွ်ိဳ႕၀ွက္နည္းတစ္ခုခုေတာ့သံုး ထားေလာက္မယ္ အာ့ေၾကာင့္လဲ အခုထိ ေသြးျပာ၀ံပုေလြေတြက လာမရွာေသးတာေပါ့´
'ဒီဥေလးက အရမး္သနားဖို႕ေကာင္းတာပဲ´
You XiaoMo ေက်ာက္စိမ္းေသတၱာထဲက ဥေလးတစ္လံုးထဲ လဲေလ်ာင္းေနတာကို ၾကည့္ေနသည္။ သူ႔မိဘေတြ ဒါေပ်ာက္ေနတာသာ သိသြားရင္ဆိုတဲ႕ ျမင္ကြငး္ကိုလဲ ပံုေဖာ္ေနမိေသးသည္။ သူတို႕ေတြ အရမ္းကို ရင္က်ိဳးၾကမွာပဲ။ စာနာစိတ္နဲ႕ ျပည့္လာတဲ႔မ်က္ရည္ေတြကို သူအသာ သုတ္လိုက္သည္။ သူေသသြားတာကို သူ႔မိဘေတြသိရင္တဲ႕ အခ်ိန္ေကာ ဘယ္လိုမ်ားတုန္႕ျပန္ၾကမလဲ ဆိုတာလဲ သူသိခ်င္သည္။
သူ႔အသံၾကားတာနဲ႕ Ling Xiao မ်က္လံုးေတြမွာ အျပံဳးတစ္ပြင့္ေပၚလာသည္။ 'ညီေလး မင္းေမွာ္၀င္သားရဲေတြကို မေၾကာက္ဘူးလား´
You XiaoMo ေခါင္းကုတ္ျပီး 'အာ.. အဲဒါနဲ႕ေတာ့ အဆင္ေျပပါတယ္´
သူ႔အရင္ဘ၀တုန္းက သူ Animal Planet ၾကည့္ဖူးသည္။ အဲဒိ တရိစၧာန္ေတြက တကယ္ေတ့ာ အရမး္ခ်စ္ဖို႕ ေကာင္းၾကသည္။ အထူးသျဖင့္ ေမြးခါစ တိရိစာၧန္ငယ္ေလးေတြကို ၾကည့္ရတာ အရမ္းကို ခ်စ္ခင္ဖို႔ေကာင္းလွသည္။
သူ႕အရင္မိသားစု ရဲ႕ အိမ္နီးခ်င္းတစ္ေယာက္က ေခ်ာင္ေခ်ာင္ေခြးအမေလးတစ္ေကာင္ေမြးဖူးသည္။ အဲဒိ ေခ်ာင္ေခ်ာင္အမေလးက ေနာက္ေတာ့ ေနာက္ထပ္ ေခ်ာင္ေခ်ာင္ေလးေတြအမ်ားၾကီး ထပ္ေမြးသည္။ သူတို႔ေတြမွာ မ်ားတာနဲ႕ အိမ္နီးခ်င္းက သူတို႕ မိသားစုကို ေခ်ာင္ေခ်ာင္ေခြးေလးတစ္ေကာင္ေပးဖူးသည္။
ေခ်ာင္ေခ်ာင္ေလးက အျဖဴေရာင္ေလးျဖစ္ျပီး အရမ္းကို ခ်စ္စဖြယ္ေလးျဖစ္သည္။ You XiaoMo အရမ္းသေဘာက်ေပမယ့္ သူ႔ညီေလးက သူၾကိဳက္တာဆိုျပီး လုယူသြားတာ ခံလုိ္က္ရသည္။ ဒါေပမယ့္ သိပ္မၾကာပါဘူး သူ႔ညီေလးက စိတ္ကုန္သြားတာနဲ႕ သူ႔မိဘေတြကို အျခားေပးပစ္ဖို႕ေျပာလို္က္သည္။ အဲဒိေနာက္ပိုင္း သူ ေခ်ာင္ေခ်ာင္ေလးကို ထပ္မေတြ႕ခဲ႕ရေတာ့ အဲဒိအခ်ိန္တုန္းက ေတာ့ ေတာ္ေတာ္ဆိုးသည္လို႔ သူထင္ခဲ႕သည္။
ေလလံစင္ျမင့္ေပၚမွာေတာ့ အဖိုးၾကီးရဲ႕ အရပ္ေပါင္းစံုကို သေတြးစင္မတတ္ ရွင္းျပတာကို နားေထာင္ျပီးမွ လူတိုင္းက အဲဒါကို ေသြးျပာ၀ံပုေလြဥမွန္းသိသြားၾကသည္။
ေသြးျပာ၀ံပုေလြသည္ အဆင့္ရွစ္ေမွာ္၀င္သားရဲျဖစ္သည္။ အဓိပၸါယ္က မင္းမွာ ဒီဥသားေလး ရွိေနသေရြ႕ စိတ္၀ိဥာဏ္အဆင့္တစ္ေယာက္ရဲ႕ ကူညီေဆာင္မျခင္းကို ခံရမယ့္ တစ္ေန႕ ရွိလာလိမ့္မည္။ စိတ္၀ိဥာဏ္အဆင့္ ကူညီသူတစ္ေယာက္က အလြယ္တကူ ေနရာတကာေတြ႕နုိ္င္တဲက ေကာင္းကင္အဆင့္ႏွင့္ပင္ မတူ။
လူအေတာ္မ်ားမ်ားက ေလလံ၀င္မဆြဲေပမယ့္ ေသြးျပာ၀ံပုေလြဥကို ေတြ႕ရတာနဲ႕ပင္ တန္ေနျပီျဖစ္သည္။ ေသြးျပာ၀ံပုေလြဆိုတာ အလြန္႕အလြန္ကို ရွားပါးတဲ႕ ေမွာ္၀င္သားရဲဆိုတာကို လူေတြမသိေပမယ့္ေပါ့ေလ။
ေခ်ာင္ေခ်ာင္ ေခြးအမ်ိဳးအစားပါ (Chow Chow)
Unicode
C-111 Young egg of the blue-blooded wolf.
အခန်း ၁၁၁ နနယ်တဲ့သွေးပြာဝံပုလွေ ဥငယ်လေး
လုံးဝကိုတိတ်ဆိတ်နေတဲ့ ခန်းမထဲမှာ တစ်ယောက်ယောက် ကြမ်းပေါ်ကို ပြုတ်ကျတဲ့အသံကြီး ထွက်ပေါ်လာသည်။
တင်းမာနေတဲ့ အခြေအနေကြီးက ရုတ်တရက်ကို ပျက်ပြယ်သွားသည်။ လူအချို့ အသံပေါ်လာရာကို လှမ်းကြည့်ပေမယ့် ဘာမှ မတွေ့ …………လူတစ်ယောက် လျော့နေတာပဲ ရှိတာပါ။
Ling Xiao ရုပ်တည်ကြီးနဲ့ သူကို ထူပေးကာ ကျောကို အသာလေးပုတ်ပြီး 'ညီလေး အောက်ပြုတ်ကျတာ နာသွားသေးလား´
You XiaoMo ကတိုက်ကရိုက် လူအုပ်ကြီးဘက်ကို ကျောပေးပြီး ကုန်းထလိုက်သည်။ သူ့ပုခုံးတွေက စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေပြီး Ling Xiao ၀တ်ရုံကို လှမ်းဆွဲကာ သူ့မျက်နှာကို ဖုံးထားလိုက်သည်။ သူ့ နှာရည်တွေနဲ့ မျက်ရည်တွေက ၀တ်ရုံပေါ်စွန်းထင်းကုန်သည်။ ဒါလဲ သူသုံးတာ မလောက်သေးတော့ Ling Xiao ရဲ့ အကျီ င်္စကိုပါ ဆွဲယူပြီး သူ့မျက်လုံးထောင့်က မျက်ရည်တွေကို သုတ်ဖို့ ဟန်ပြင်နေပြန်သည်။ သူ့နားက တစ်ယောက်ရဲ့ မျက်နှာကတော့ တဖြည်းဖြည်းနဲ့ ရှံ့တွလာသည်။
'ညီလေး သုတ်လို့ ပြီးပြီလား´ သူ့ခေါင်းပေါ်ကနေ ခပ်တည်တည်လေသံကြီး ထွက်လာသည်။
'ဟင့်အင်း…….အ………ပြီးသွားပါပြီ´
You XiaoMo သတိလက်လွတ် ခေါင်းခါပြီးသည်နှင့် ရုတ်တရက် ကြောက်ရွံ့နေတဲ့ မျက်နှာနှင့် ဖျတ်ခနဲ ကြည့်လိုက်သည်။ သူ့လက်ချောင်းတွေက တင်းကြပ်စွာ ဆုပ်ကိုင်ထားတာမို့ လက်ထဲက အဖြူစကို တောင် ဖျတ်ဆီးမိတော့ မတတ်ဖြစ်သွားသည်။
Ling Xiao သူ နှပ်တွေနဲ့ မျက်ရည်တွေ သုတ်ခဲ့တဲ့ အစနားကို ကိုင်လိုက်ပြီး သူ့ဘက်ကို လှည့်ကာ အသံချိုချို နဲ့ 'ညီလေး အကိုကြီးဝတ်တဲ့ အစက ဘယ်လောက်တောင် တန်သလဲဆိုတာ သိလား´
You XiaoMo ချက်ကျကျ ခေါင်းခါပြလိုက်သည် ' မသိဘူး……..´
'မသိဘူးဆိုလဲ ရပါတယ် အကိုကြီးက ပြောပြမှာပေ့ါ´
Ling Xiao သူ့ခေါင်းကို သာသာလေးပွတ်ကာ လေသံပျော့ပျော့လေးနဲ့ ' ဒီဝတ်ရုံကလေ မြေအောက်ကမ္ဘာကိုးထပ်က ပိုးတုံးလုံးကြီးတွေက ထွက်တဲ့ပိုးနဲ့ ရက်ထားတာသလား အဲဒိ မြေအောက်ကမ္ဘာ ကိုးထပ်က ပိုးတုံးလုံးကြီးတွေက လဲလေ အဆင့်ဆယ့်တစ် အမြင့်ပိုင်းက မှော်သားရဲတွေ ကပဲ ပိုးချည်ကို ထုတ်ပေးနိုင်တာ ပြိးတော့ နှစ်ငါးရာနေမှ တစ်ခုထုတ်တာ။ ပိုးချည်ရဲ့ ဈေးကို ရွှေနဲ့ စက်လို့တောင်မရဘူး၊ အဲဒိက အလုံးလေးတွေကိုသုံးပြီး လုပ်မှ ချပ်ဝတ်ရတာ သူ့ကို ဓါးတွေ လှံတွေ မဖောက်နိုင်ဘူး မီးနဲ့ ရေနဲ့လဲ ဖြတ်ဆီးလို့ မရဘူး ပြောကြည့်ပါဦး မင်းကို ရောင်းပြီးတောင် ပြန်ပြီး အစားထိုးရပါ့မလား´
You XiaoMoသူ့လက်သီးဆုပ်လောက်တောင် မရှိတဲ့ Ling Xiao ညွှန်ပြတဲ့ နေရာကို သတိလက်လွတ်ငေးသွားမိသည်။
You XiaoMo မျက်နှာ ချက်ချင်းကို သွေးရောင်ထသွားသည်။ အဆင့် ဆယ့်တစ်မှော်သားရဲ? အဲဒါ ဘာလဲ သူက ဘယ်လိုလုပ်သိမှာလဲ ဒါပေမယ့် သူသေချာတာ တစ်ခုတော့ ရှိသည် ဘာလဲ ဆိုတော့ သူ့ကို ရောင်းပြီးတာတောင် မလုံလောက်နိုင် အစလေးတစ်စတောင် လောက်ဖို့ မလွယ်လှ။
'တောင်းပန်ပါတယ် ကိုကြီး Ling ကျွန်တော်မှားသွားပါတယ် ပြန် ပြန် ပြန်……တော့ မတောင်းပါနဲ့ နော် နော်´
Ling Xiaoရဲ့ခါးကို ဖက်ပြီး You XiaoMo တအီအီနဲ့ အီနေတော့သည်။ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ သူ့ရဲ့ မိချောင်းမျက်ရည်ကို လဲ ချူရသေးသည်။ နောက်တစ်ကြိမ်ပြန်ပြီး စဉ်းစားမိချိန်မှာတော့ ကပျာကသီ သုတ်လိုက်ပြန်သည်။
Ling Xiao ရဲ့ နှုတ်ခမ်းများအနည်းငယ် တွန့်သွားပြီး You XiaoMO ဘာလုပ်မလဲကို ပဲစောင့်ကြည့်နေသည်။
အောက်ထပ်ကော အပေါ်ထပ်ကကော တုန်လှုပ်ပြီး ငေးနေတာကို ခံစားမိတော့မှ Ling Xiao မျက်နှာမဲ့ကာ 'ညီလေး အရင်ထဦး´
'ထဘူး´
You XiaoMo ခေါင်းတွင်တွင်ခါလျက် မသဲမကွဲ 'ပြန်မတောင်းဘူးဆိုမှ ထမယ်´
Ling Xiao မျက်လုံးအစွန်းလေးတွေ တွန့်သွားကာ '……….ကောင်းပြီလေ ပြန်မတောင်းတော့ဘူး´
'တကယ်နော်´
You XiaoMo ချက်ချင်းခေါင်းထောင်လာသည်။ အလောတကြီးလဲ မေးလိုက်သေးသည်။ ဒါပေမယ့် အဲဒိမှာ သူ့မျက်လုံးထောင့်ကနေ မိချောင်းမျက်ရည် ကလဲ တွဲလဲ ခိုနေသေးသည် မျက်လုံးတွေကတော့ မနီနေ တာမို့ မျက်ရည်က အစစ်နဲ့လဲ တူသလို အတုနဲ့လဲ တူနေပြန်သည်။
'တကယ်´ Ling Xiao ခပ်တည်တည် ခေါင်းငြိမ့်ပြလိုက်ကာ ကျိန်ပြလို်က်သည်။
You XiaoMo သတွေးလေးမျိုချလိုက်၏ သူ အခုထိတကယ့်ကို သူကျိန်တာ လိုချင်သေးတာ ဒါပေမယ်…. ပြောင်းပြန်သက်ရောက်မှုသာ ဖြစ်သွားခဲ့မယ်ဆိုရင် သူငိုရလွန်းလို့ သေသွားနိုင်သည်။ ဒါ့ကြောင့် သေချာတွေးတောပြီးချိန် မှာတော့ သူဒီအတိုင်းပဲ ထားဖို့ ဆုံးဖြတ်လိုက်သည်။
သူတို့တွေ စကားကောင်းနေတုန်းမှာ စိတ်ဝိဥာဏ်အရည်ပုလင်းကို ၀တ်ရုံနက်နဲ့ လူက ဆယ့်ကိုးသန်းနဲ့ နိုင်သွားတော့သည်။ ကြမ်းခင်းဈေးထက် နှစ်ဆများသည်။ မိုးအထိကို ဈေးက အမှန်ကို မြင့်နေတာပဲ။ လူအများစုကတော့ အဲဒါက သူတို့ ဘ၀တစ်လျှောက်လုံးကို ကယ်ပေးနိုင်ရင်တောင် ဒီလောက်အထိတော့ ဈေးမြှင့်မပေးနိုင်ကြချေ။ ဒါပေမယ့် အဲဒိ ၀တ်ရုံနက် ၀တ်လူရဲ့ အကြောင်းကို လူတွေက ပိုပိုပြီး သိချင်လာကြသည်။ သန်းသုံးဆယ်ကို တစ်ချီထဲသုံးသွားတာမို့ သူ့ နောက်ခံက နိမ့်ဖို့ရာမရှိ မြင့်ဖို့သာ ရှိသည်။
အချို့လူတွေကတော့ ၀တ်ရုံအနက်နဲ့ လူကို သတ်ဖို့တောင် ပြင်ထားပြီးဖြစ်သည်။ အဲဒါကတော့ Xiao Yao ဂိုဏ်းက Mu Yao.
Mu Yao က သူ့အဖေဆီက စိတ်ဝိဥာဏ်အရည်ကို နိုင်အောင်လုပ်ဖို့ အမိန့်ကို ရထားပြီးဖြစ်သည်။ ပထမတော့ ဒါက ဆယ်ပုံကို ကုိးပုံနိုင်နိုင်ချေရှိသည်။ ဘာကြောင့်လဲဆိုတော့ JiLe တာဝါနဲက Xue Shaမျိုးနွယ်စုတို့ကတော့ သူတို့ နောက်ဆုံးရတနာ အရယူရန်အတွက် သူ့ကို စိတ်ဝိဥာဏ်အရည်ကို အနိုင်ပေးမှာပင်။ သို့သော် မထင်မှတ်စွာပင် သာသနဖျတ်တစ်ယောက်ဘယ်က ပေါ်လာမှန်းမသိပေါ်လာတာပင်။
Mu Yao တစ်ယောက် ပထမထပ်က ၀တ်ရုံနက်နဲ့ လူကို အေးစက်စွာ ကြည့်နေသည်မှာ အခြားသူတွေသူ့ကို မြင်သလို လျစ်လျူရှုထားတဲ့ ပုံလုံးဝပေါ်နေသည်။ သူ့အတွေးတွေကတော့ နှလုံးသားကို မည်းနက်စေသည်။ သူ့လက်ထဲ အဲဒိလူ မရောက်လာခဲ့ရင် ပိုကောင်းလိမ့်မယ် မဟုတ်ရင်တော့ သူကတော့ Xiao Yao ဂိုဏ်းရဲ့ အနက်ရောင်ကောင်းကင် လက်သည်းကို မြည်းစမ်းရမည်ပင်။
အဲဒိအချိန်မှာ လေလံစင်မြင့်ပေါ်တွင် အဖိုးကြီးက အလိမ္မာအပြုံးလေးနဲ့ ရပ်နေရာမှ ရုတ်တရက်ကြီး လေးနက်တဲ့ အမူအယာပြောင်းသွားသည်။ လှည့်ထွက်သွားက လိုက်ကာအနောက်ထဲကို တိုးဝင်သွားသည်။ ခဏနေတော့ သူကျောက်စိမ်းသတ္တော တစ်လုံးကိုင်ပြီး ပြန်ထွက်လာသည်။ ကျောက်စိမ်းသေတ္တာက လေးထောင့်ပုံနှင့် တစ်ဖက်ကို လေးဆယ် စင်တီမီတာလောက်ရှိသည်။ ချက်ချင်းကို လေလံခန်းမက အင်အားကြီးတဲ့ အရှိန်အ၀ါတွေ နဲ့ ပြည်နှက်သွားသည်
အင်အားကြီးတဲက အရှိန်အ၀ါ အများစု က ဒုတိယထပ်က ဂုဏ်ထူးဆောင် ဧည့်သည်များဆီက ထွက်လာတာပင်။ လူအယောက်ဆီတို်င်းရဲ့ အဖိုးကြီးလက်ထဲက ကျောက်စိမ်းသေတ္တာကို သာ တစ်စိုက်မတ်မတ်ကြည့်ပြီး လောဘကြီး သောအကြည်ကိုတောင် မဖုံးကွယ်နိုင် ။ အစောထဲက ဒီဟာကို လက်လွတ်ဖို့ ဆုံးဖြတ်ထားတဲက Mu Yao တောင် မျက်လုံးတွေက မီးတောက်လာသည်။
အသက်ပြင်းပြင်းတစ်ချက် ရှူပြီး ကျောက်စိမ်းသေတ္တာကို လေလံစင်မြင့်ပေါ် တင်လိုက်သည်။ သူ့ရဲ့ အရိုးငေါငေါ လက်ချောင်းတွေနဲ့ ကျောက်စိမ်းသေတ္တာအဖုံး ကို ဖြည်းဖြည်းချင်းလှစ်ဟ လိုက်သည်။ နှစ်စက္ကန့်ကြာတဲ့အခါမှာ ကျောက်စိမ်းသေတ္တာထဲက အရာက လူတိုင်းရှေ့ကို ပေါ်ထွက်လာသည်။ လူတိုင်းရဲ့မျက်လုံးထဲကလဲ ကျောက်စိမ်းသေတ္တာထဲက အရာပေါ်မှာပဲ အကြည့်တွေ ရှိတော့သည်။
ကြီးမားတဲ့ နုငယ်တဲ့ ဥလေးတစ်လုံးပဲ ကျောက်စိမ်းသေတ္တာထဲမှာ ရှိ၏။ ဥလေးက အဖြူနှစ်ရောင်သန်းနေသည်။ အပြင်ကို အလင်းဖျော့ဖျော့လေး လွှင့်နေ၏။ သေချာတာက ထိုနုငယ်တဲ့ ဥလေးက အသက်ရှိနေသည်။ ဒါတင်မကသေး လူတိုင်းက အဲဒိ နုငယ်တဲ့ ဥက ထွက်နေတဲက ကြီးမားတဲ့ အသက်ခွန်အားကို ခံစားနိုင်သေးသည်။
'ဘာကြီးလဲ´ You XiaoMo အလောတကြီးနဲ့ မေးလိုက်သည် သူ့မျက်လုံးတွေကလဲ ပြူးလို့။
'မှော်ဝင်သားရဲ သွေးပြာဝံပုလွေရဲ့ ဥ´ Ling Xiao ဥလေးကို လှမ်းကြည့်ပြီး တဖြည်းဖြည်းနဲ့ မျက်လုံးက ကျဉ်းမြောင်းလာသည်။
သွေးပြာဝံပုလွေ? အသံကတော့ ကြောက်စရာကောင်းမယ့်ပုံပဲ။ ဒါပေမယ့် You XaioMo က စိတ်ရှုပ်ထွေးနေဆဲပဲ 'ကိုကြီး Ling သွေးပြာဝံပုလွေက ဘယ်အဆင့် မှော်ဝင်သားရဲလဲ ဘယ်လောက် ထိ အစွမ်းရှိလဲ´
Ling Xiao ရဲ့ နှုတ်ခမ်းပေါ်မှာ အေးစက်စက် လှောင်ပြုံးတစ်ခု ပေါ်လာပြီး သူ့မျက်လုံးတွေက ပိုပြီး ထက်မြက်လာသည်။ သွေးပြာ ၀ံပုလွေက ၀ံပုလွေမျိုးနွယ်ထဲမှာ အမြင့်မြတ်ဆုံးမျိုးရိုးဖြစ်သည်။ သူတို့တွေက စွမ်းရည်မြင့်မားကြတယ်။ သူတို့တွေရဲ့ မျိုးရိုးက ကန့်သတ်မှုတွေရှိလို့ ဒဏ္ဍာရီမြင့်မြတ်တဲ့ ၀ံပုလွေမျိုးရိုးကို မယှဉ်နိုင်ပေမယ့် သူတို့မျိုးရိုးကောင်းမှုကြောင့် ကြီးလာရင်တော့ အနည်းဆုံးအဆင့်ရှစ်မှော်သားရဲ တော့ ဖြစ်နိုင်တယ် စိတ်ဝိဥာဏ်အဆင့်သိုင်းသမားနဲ့ အဆင့်တူတယ်လေ ´
'ကြောက်စရာတော့ ကောင်းသားပဲ´ You XiaoMo တီးတိုးဆိုလိုက်သည်။
သွေးပြာဝံပုလွေရဲ့ သွေးသားကန့်သတ်မှုတွေကြောင့် အမြင့်ဆုံးက အဆင့်ရှစ်မှော်ဝင်သားရဲ ပဲဖြစ်နိုင်ပေမယ့် လက်ရှိမှာ အင်အားကြီးတဲ့ အဖွဲ့အနေနဲက အဆင့်ရှစ် မှော်ဝင်သားရဲရဲ့ ကူညီမှုရရှိဖို့ဆိုတာက သူတို့ လက်လှမ်းမမှီနိင်တဲ့ အရာပင်။ အကယ်လို့် သူတို့သာဒီအဆင့်ရှစ်မှော်ဝင်သားရဲကို ရရှိပြီး လေ့ကျင့်ပေးမယ်ဆိုရင် အနာဂတ်မှာ အခြားအဖွဲ့တွေထက် ပိုပြီး အင်အားကြီးနိုင်ဖို့ သုံးနိုင်တယ်။
ဥပမာအနေနဲ့ Xiao Yao ဂိုဏ်းနဲ့ JiLe တာဝါဆိုရင် အခုသူတို့က အဆင့်တူရပ်တည်နေတယ် ဘာလို့လဲ ဆိုတော့ နှစ်ဖက်စလုံးက စိတ်ဝိဥာဏ်အဆင့် ခေါင်းဆောင်ပဲ ဖြစ်နေလို့ပါ။ အကယ်လို့ တစ်ဖက်ဖက်ကသာ စိတ်ဝိဥာဏ်အဆင့်ထက် မြင့်သွားပြီဆိုရင် အခြားတစ်ဖက်ကို ကြောက်လန့်နေဖို့ မလိုတော့။ ဒါ့ကြောင့် အဆင့်ရှစ်မှော်ဝင်သားရဲ ရဲ့ ဥက သူတို့ကို အလွန်သွေးဆောင်နေတာဖြစ်သည်။
သို့သော် အဆင့်ရှစ်မှော်ဝင်သားရဲ ရဲ့ နုငယ်တဲ့ ဥကလဲ ဆိုးကျိုးတွေရှိသည်။ အဲဒါက သူ့ရဲ့ ကြီးထွားမှုပဲ။ နုနယ်တဲ့ ဥ က ကြီးထွားဖို့အတွက်ကို လုပ်ငန်းစဉ်တစ်ရပ်တော့ရှိသည်။ အဆိုပါ လုပ်ငန်းစဉ်ကလဲ ငွေကုန်ကြေးကြအတော်များသည်။ တစ်ချိန်ထဲမှာပဲ တစ်ယောက်ယောက်ကလဲ ကျင့်ကြံခြင်းမလုပ်ပဲနဲ့ သူ့ကို ပဲ ကာကွယ်ဖို့ လိုသေးသည်။ အကယ်လို့ စစ်မှန်တဲက အဆင့်ရှစ်မှော်ဝင်သားရဲအဖြစ် မဖြစ်ခင် အသတ်ခံခဲ့ရရင်လဲ ကြိုးစားအားထုတ်ခဲ့သမျှက သဲထဲ ရေသွန် ဖြစ်သွားဦးမည်။
နုနယ်တဲ့ ဥကို ရင့်ကျက်လာအောင် လုပ်နိုင်တဲ့ စွမ်းရည်မရှိဘူးဆိုရင် ၀ယ်ရင်တောင် အသုံးမ၀င်ပဲ ဖြစ်နိုင်သည်။
'သူတို့တွေက အပူလောင်ချင်နေကြတာပဲ´ Ling Xiao ဆီက အထင်သေးတဲ့ လေသံထွက်လာသည်။
'ဘာအဓိပ္ပါယ်လဲ´ သူ့စကားကို ကြားတာတောင် ဘာပြောမှန်း You XiaoMo နားမလည်ပါ။
Ling Xiao ပြက်ရယ်ပြုလျက် 'သွေးပြာဝံပုလွေတွေက အစုံလိုက်နေကြတယ် ၀ံပုလွေအမ ဦးရေကနည်းတဲ့အခါကျတော့ ကိုယ်ဝန်ဆောင်နှုန်းက အမြဲတမ်းန်ိမ့်တယ်လေ တစ်ခါတစ်လေဆိုရင် ငါးနှစ်မှတစ်ကောင်လောက်ပဲ သွေးပြာဝံပုလွေက ပေါက်တာ ။ သူတို့တွေရဲ့ သားပေါက်အခိုးခံရတာသာ သိရင် သေချာပေါက် ဒေါသထွက်မှာ။ သူတို့ကလာပြန်လုရင် ဒီက လူတွေ ဘယ်သူမှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး´
You XiaoMo အသက်ရှုနှေးသွားသည်။ ငါးနှစ်မှ ဥတစ်ဥ ဆိုတာ အရမ်းနိမ့်နေတာပဲ။
Ling Xiao က ဆက်ပြောသည်။ 'ဒါပေမယ့် ဒီသိုင်းသမားတွေကတော့ ငတုံးတွေတော့မဟုတ်ဘူး သွေးပြာဝံပုလွေက ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာတော့ သူတို့ကြားပြီးသားဖြစ်မှာပဲ လျှို့ဝှက်နည်းတစ်ခုခုတော့သုံး ထားလောက်မယ် အာ့ကြောင့်လဲ အခုထိ သွေးပြာဝံပုလွေတွေက လာမရှာသေးတာပေါ့´
'ဒီဥလေးက အရမ်းသနားဖို့ကောင်းတာပဲ´
You XiaoMo ကျောက်စိမ်းသေတ္တာထဲက ဥလေးတစ်လုံးထဲ လဲလျောင်းနေတာကို ကြည့်နေသည်။ သူ့မိဘတွေ ဒါပျောက်နေတာသာ သိသွားရင်ဆိုတဲ့ မြင်ကွင်းကိုလဲ ပုံဖော်နေမိသေးသည်။ သူတို့တွေ အရမ်းကို ရင်ကျိုးကြမှာပဲ။ စာနာစိတ်နဲ့ ပြည့်လာတဲ့မျက်ရည်တွေကို သူအသာ သုတ်လိုက်သည်။ သူသေသွားတာကို သူ့မိဘတွေသိရင်တဲ့ အချိန်ကော ဘယ်လိုများတုန့်ပြန်ကြမလဲ ဆိုတာလဲ သူသိချင်သည်။
သူ့အသံကြားတာနဲ့ Ling Xiao မျက်လုံးတွေမှာ အပြုံးတစ်ပွင့်ပေါ်လာသည်။ 'ညီလေး မင်းမှော်ဝင်သားရဲတွေကို မကြောက်ဘူးလား´
You XiaoMo ခေါင်းကုတ်ပြီး 'အာ.. အဲဒါနဲ့တော့ အဆင်ပြေပါတယ်´
သူ့အရင်ဘ၀တုန်းက သူ Animal Planet ကြည့်ဖူးသည်။ အဲဒိ တရိစ္ဆာန်တွေက တကယ်တေ့ာ အရမ်းချစ်ဖို့ ကောင်းကြသည်။ အထူးသဖြင့် မွေးခါစ တိရိစ္ဆာန်ငယ်လေးတွေကို ကြည့်ရတာ အရမ်းကို ချစ်ခင်ဖို့ကောင်းလှသည်။
သူ့အရင်မိသားစု ရဲ့ အိမ်နီးချင်းတစ်ယောက်က ချောင်ချောင်ခွေးအမလေးတစ်ကောင်မွေးဖူးသည်။ အဲဒိ ချောင်ချောင်အမလေးက နောက်တော့ နောက်ထပ် ချောင်ချောင်လေးတွေအများကြီး ထပ်မွေးသည်။ သူတို့တွေမှာ များတာနဲ့ အိမ်နီးချင်းက သူတို့ မိသားစုကို ချောင်ချောင်ခွေးလေးတစ်ကောင်ပေးဖူးသည်။
ချောင်ချောင်လေးက အဖြူရောင်လေးဖြစ်ပြီး အရမ်းကို ချစ်စဖွယ်လေးဖြစ်သည်။ You XiaoMo အရမ်းသဘောကျပေမယ့် သူ့ညီလေးက သူကြိုက်တာဆိုပြီး လုယူသွားတာ ခံလိုက်ရသည်။ ဒါပေမယ့် သိပ်မကြာပါဘူး သူ့ညီလေးက စိတ်ကုန်သွားတာနဲ့ သူ့မိဘတွေကို အခြားပေးပစ်ဖို့ပြောလိုက်သည်။ အဲဒိနောက်ပိုင်း သူ ချောင်ချောင်လေးကို ထပ်မတွေ့ခဲ့ရတော့ အဲဒိအချိန်တုန်းက တော့ တော်တော်ဆိုးသည်လို့ သူထင်ခဲ့သည်။
လေလံစင်မြင့်ပေါ်မှာတော့ အဖိုးကြီးရဲ့ အရပ်ပေါင်းစုံကို သတွေးစင်မတတ် ရှင်းပြတာကို နားထောင်ပြီးမှ လူတိုင်းက အဲဒါကို သွေးပြာဝံပုလွေဥမှန်းသိသွားကြသည်။
သွေးပြာဝံပုလွေသည် အဆင့်ရှစ်မှော်ဝင်သားရဲဖြစ်သည်။ အဓိပ္ပါယ်က မင်းမှာ ဒီဥသားလေး ရှိနေသရွေ့ စိတ်ဝိဥာဏ်အဆင့်တစ်ယောက်ရဲ့ ကူညီဆောင်မခြင်းကို ခံရမယ့် တစ်နေ့ ရှိလာလိမ့်မည်။ စိတ်ဝိဥာဏ်အဆင့် ကူညီသူတစ်ယောက်က အလွယ်တကူ နေရာတကာတွေ့နိုင်တဲက ကောင်းကင်အဆင့်နှင့်ပင် မတူ။
လူအတော်များများက လေလံဝင်မဆွဲပေမယ့် သွေးပြာဝံပုလွေဥကို တွေ့ရတာနဲ့ပင် တန်နေပြီဖြစ်သည်။ သွေးပြာဝံပုလွေဆိုတာ အလွန့်အလွန်ကို ရှားပါးတဲ့ မှော်ဝင်သားရဲဆိုတာကို လူတွေမသိပေမယ့်ပေါ့လေ။
ချောင်ချောင် ခွေးအမျိုးအစားပါ (Chow Chow)