(Completed) Yeho

By Xiao_Yiii

255K 31.5K 498

ရဲဟို သည္ေသးငယ္ေသာႏိုင္ငံတစ္ႏိုင္ငံမွဘုရင္တစ္ပါးႏွင့္ေဝးကြာေသာေဆြမ်ိဳးျဖစ္သည္။ သူသည္ေဆြမ်ိဳးနီးစပ္ေတာ္ေသာ္လည္... More

《Info》
Chapter(1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter(17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21) - Ending
Extra

Chapter(6)

10.3K 1.4K 20
By Xiao_Yiii

Unicode

Part(6)

မိုးရွာနေပြန်ပြီ...

ကျွန်တော်ကောင်းကင်ကို မော့ကြည့်လိုက်တယ်....အဲ့ဒါက နက်မှောင်နေတဲ့ တိမ်တိုက်တွေနဲ့ ပြည့်နှက်နေပြီး သည်းကြီးမည်းကြီးကို ရွာချနေတာပဲ...ကျန်တော်လက်ကို ဆန့်ထုတ်လိုက်တော့ မိုးရေစက်တွေက ကျွန်တော့လက် တစ်ခုလုံးကို ရွှဲရွှဲစိုသွားစေတယ်။ မိုးရေက ပြင်းထန်လွန်းလို့ကျွန်တော့ လက်တစ်ခုလုံးတောင် ထုံကျင်နေသလိုပဲ...။ မြောက်ပိုင်းအင်ပါယာမှာလည်း မိုးရေစက်ကြီးတွေရှိတာပဲကိုး..

ကျွန်တော်ကအဲ့ဒီလိုပဲ ရူးကြောင်ကြောင်တွေ တွေးတတ်တယ်။ အဲ့ဒီမိုးရေစက်တွေကို ကြည့်နေရင်းနဲ့ ကျွန်တော် တံတိုင်းမွှေးပန်းလေးတွေကို တွေ့ချင်လာမိပြန်ပြီ။ အဲ့ဒီမိုးရေစက်တွေကြောင့် ပန်းပွင့်လေးတွေရဲ့ ပွင့်လွှာလေးတွေကို ပျက်စီးစေမိရင် ဘယ်လိုလုပ်မလဲ...။ ကျွန်တော်မိုးတွေကိုသဘောကျပါတယ် ဒါပေမဲ့ ပန်းပွင့်လေးတွေ ပျက်စီးမှာကိုတော့ မဖြစ်စေချင်ဘူး...။

မြောက်ပိုင်းအင်ပါယာ တစ်ခုလုံးက မိုးကြောင့် ပိုပြီး အေးစက်နေတယ်။အဲ့ဒါက ကျွန်တော့နှာခေါင်းထိပ်တွေကို ထုံကြင်အေးစက် စေပေမယ့် လန်းဆန်းမှုကိုလည်း ခံစားရစေတယ်လေ။ လေအေးအေးလေးကို ရှူရှိုက်ရတာက ကျွန်တော့ကိုပိုပြီး ခံစားလို့ကောင်းစေသလို စိတ်ကိုလည်း ပိုပြီးကြည်လင် လန်းဆန်းလာစေတယ်...။ ကျွန်တော်ခဏတစ်ဖြုတ်တော့ တံတိုင်းမွှေးပန်းလေးတွေကို စိတ်ပူနေတာ ရပ်လိုက်ပြီး ခန္တာကိုယ်ကအပြင်ကို ပိုပိုပြီး ထွက်သွားနေမိတော့တယ်...ကျွန်တော် အင်္ကျီလက်စကို မလိုက်ပေမဲ့ အဲ့ဒါက ပိုပိုပြီးစိုစွတ်လာတယ်။ ကျွန်တော် ဂရုမစိုက်ပါဘူး...ကျွန်တော့လက်နဲ့ လက်မောင်းတွေ စိုစွတ်လာတဲ့ ခံစားချက်ကိုသဘောကျတယ်လေ...

"ငါအခုလေးပဲ ဝင်လာကြည့်တယ်...မင်းကတော့တကယ်ပဲ......."

ကျွန်တော် အသံတိုးတိုးလေး ကြားလိုက်လို့ လက်ကို အမြန်ရုတ်ပြီးအင်္ကျီနဲ့ လက်တွေကို သုတ်လိုက်ရတယ်...

"......လာပြီလား?"

ကျွန်တော်အရှင်မင်းကြီးရဲ့မျက်နှာကိုနောက်ဆုံးမြင်လိုက်ရတာ ၁၁ ရက်လောက်ရှိနေပြီ။ ကျွန်တော်ပြုံးပြီး သူ့ကိုကြိုဆိုလိုက်တယ်....သူတစ်ခါမှ ဒီအချိန်မလာဖူးဘူး အဲ့တော့ကျွန်တော် ဘာမှပြင်ဆင်ချိန် မရလိုက်ဘူး....အရှင်မင်းကြီးက တင်းမာတဲ့မျက်နှာနဲ့ ကျွန်တော့ကို ဆူပူတော့တာပဲ။

"မင်းငါ့ကို ဒီလိုပြုံးပြနေရင်တောင် ဒီတစ်ခါတော့ ဒီအတိုင်းမကျော်သွားနိုင်တော့ဘူး....ဒီမှာ မိုးရာသီဆိုဘယ်လောက်တောင် အေးလဲသိရဲ့လား?"

ကျွန်တော်ရှက်ရွံ့စွာနဲ့ပဲ ကျွန်တော့ရဲ့အေးစက်နေတဲ့ လက်တွေကို ဖွက်ထားလိုက်ရတယ်... သူကသက်ပြင်းချပြီး တံခါးကို ပိတ်လိုက်တယ်....ဒီတော့ကျယ်လောင်လှတဲ့ မိုးသံက တိုးညှင်းသွားတော့တာပေါ့။

အရှင်မင်းကြီးကကျွန်တော့ရဲ့လက်တွေကိုဆွဲယူလိုက်တယ်။ သူကအားထည့်ဆွဲတာ မဟုတ်ပေမဲ့လည်းကျွန်တော် မရုန်းကန်နိုင်ဘူး....

"ကြည့်ဦး..အေးစက်နေတာပဲ မင်းနောက်တစ်ခါထပ်ပြီး အအေးမိရင်ဘယ်လိုလုပ်မလဲ? ဟန်? ရဲဟို"

သူ့အသံကကျွန်တော့ကိုဆူနေသလိုပဲ....ဒါပေမဲ့ကျွန်တော်ရှက်ရွံ့စွာနဲ့ပဲပြုံးနေလိုက်ပါတယ်။

"အဲ့ဒီလိုပြုံးပြမနေနဲ့"

သူကကျွန်တော်ရဲ့အေးစက်နေတဲ့လက်တွေကိုသူ့ရဲ့နွေးထွေးခြောက်သွေ့နေတဲ့လက်တွေနဲ့ဆုပ်ကိုင်ပြီးအနွေးထပ်လွှဲပေးနေတယ်...သူ့ရဲ့ပုခုံးတွေစိုနေတာကိုတွေ့တော့ကျွန်တော်နည်းနည်းလန့်သွားတယ်..

"ထီးမဆောင်းလာဘူးလား?"

သူကကျွန်တော့ကို မေးခွန်းထုတ်တဲ့ အကြည့်နဲ့ကြည့်လာပြီး ကျွန်တော့်အာရုံက သူ့ပုခုံးပေါ်မှာ ရှိနေတာကိုတွေ့တော့မှပဲ ပြုံးလိုက်တော့တယ်..

"အထိန်းတော်ကြီးကတော့ ထီးကိုင်ပြီး လိုက်ရှာပါတယ်...ငါသူတို့ကို တွန်းထုတ်ရင်တောင်မှ သူတို့နားထောင်မှာမှမဟုတ်တာ။ ပြီးတော့ငါထီးမဆောင်းရင်တောင်မှ ငါ့ပုခုံးတစ်ခုတည်းစိုစရာအကြောင်းမရှိဘူးလေ"

"အဲ့ဒါလည်းဟုတ်တာပဲ...."

အထိန်းတော်ကြီးက ထီးဘယ်လို ကိုင်နေလို့သူက ပုခုံးတစ်ခုပဲ စိုနေရတာလဲ?....ကျွန်တော်အခုမှ သတိထားမိတယ်သူ့ရဲ့အနက်ရောင် ဆံနွယ်တွေလည်းရေနည်းနည်းစိုနေတာပဲ။ပြတင်းပေါက်ကိုဖွင့်တာနဲ့တောင်အရမ်းအေးနေတဲ့ဟာကိုအရှင်မင်းကြီးဒီလို စိုနေပုံနဲ့ဆိုချမ်းတော့မှာပဲ။

"အထိန်းတော်ကြီးကထီးဘယ်လိုကိုင်နေလို့လဲ?"

"သူကတော့သေချာကိုင်တာပါပဲ...ငါကအရမ်းအလျင်လိုနေလို့ငါ့ခြေလှမ်းကိုသူမလိုက်နိုင်ဖြစ်သွားတာ"

"ဘာဖြစ်လို့ဒီလိုရာသီဥတုကြီးမှာတောင်ထွက်လာရတာလဲ.....?"

ကျွန်တော်ခြုံထည်တစ်ခုကိုဗီဒိုထဲကနေအမြန်ထုတ်ယူလိုက်ပြီးသူ့ပုခုံးနဲ့ဆံပင်တွေကိုစိတ်ပူပင်စွာနဲ့ခြောက်သွေ့အောင်သုတ်ပေးနေမိတယ်....

"ဒီလောက်အေးနေတာကို......."

"မင်းကငါပြောချင်တဲ့စကားကိုပြောနေတာပဲ...ပြတင်းပေါက်ကိုဒီအတိုင်းဖွင့်ပြီးလက်ကိုစိုအောင်လုပ်နေတယ်မင်းအခုဘာပုံပေါက်နေပြီလဲဆိုတာရောသိရဲ့လား?"

ကျွန်တော်အရှင်မင်းကြီးပြောတဲ့စကားကိုမေးခွန်းပြန်ထုတ်လိုက်တယ်။ သူကကျွန်တော့အမူအယာကိုကြည့်လိုက်ပြီးသက်ပြင်းသာချလိုက်တော့တယ်။

"မင်းမျက်နှာကဖြူလျော်နေပြီ....ပြီးတော့မင်းနှတ်ခမ်းတွေကလည်းဖြူဖွေးနေပြီဘယ်လောက်တောင်ကြာကြာဖွင့်ထားတာလဲ?"

".....လက်ဖက်ရည်တစ်ခွက်သောက်စာအချိန်လေးထဲပါ..."

"အဲ့ဒါကအရမ်းကြာလွန်းတယ်လေ"

သူကခက်ထန်စွာပြောပြီးပဝါကိုင်ထားတဲ့ ကျွန်တော့လက်တွေကို ဆုပ်ကိုင်လိုက်တယ်။

"ပြီးတော့မင်းကပိုပိုပြီးပိန်လာပြီ....ငါလာတဲ့အချိန်တိုင်းမင်းအိပ်နေတာကြီးပဲ....ငါမင်းကိုကောင်းကောင်းတောင်မတွေ့ရဘူး....သေသေချာချာရောစားရဲ့လား?"

"ကျွန်တော်ကောင်းကောင်း စားပါတယ်"

သူနေ့တိုင်းလာတယ်လို့ ကြားတော့ ကျွန်တော် အံ့သြသွားမိတယ်။ကျွန်တော် နည်းနည်းနောက်ကျမှ ပြန်ဖြေလိုက်ပြီး ရှက်ရွံ့စွာနဲ့ပဲ လက်ကို ပြန်ဆွဲထုတ်လိုက်တယ်။

"အရှင်မင်းကြီးရော? အခုကအလုပ်လုပ်ချိန်မဟုတ်ဘူးလား? ရုံးတော်တော့ခက်ခဲတဲ့အချိန်တွေဖြစ်နေတော့မှာပဲ"

သူကမျက်မှောင်ကြုံ့လိုက်တယ်

"အဲ့ဒီမှာငါလုပ်နိုင်တာ ဘာမှမရှိဘူး"

"ဘာကိုဆိုလိုတာလဲ?"

"အခုမိုးရွာနေတယ်...မင်းမိုးကြည့်နေမယ်ဆိုတာ ငါသေချာသိနေလို့။မင်းကမင်းကိုယ်မင်း အေးအေးဖျားဖျား ဂရုမစိုက်ဘူးဆိုတာ သိလို့လာခဲ့တာ"

".....အရှင်မင်းကြီး...."

ကျွန်တော်သူ့ကိုခေါ်လိုက်တော့ သူကနာနာကျင်ကျင်ပဲ ပြုံးပြလာတယ်။

သူကကျွန်တော့ကို ကြည့်နေပြီးနောက်မှာ တစ်ခုခုရှိနေတာကို သတိပြုမိသွားတယ်။ သူကအံ့အားသင့်သွားတော့တယ်။ ကျွန်တော်နောက်မှာ ဘာများရှိလို့လဲဆိုပြီး လှည့်ကြည့်လိုက်တော့ အဲ့ဒါက အဝတ်တွေစီစီရီရီ ထည့်ထားတဲ့ ဗီဒီုကပွင့်နေတာပဲ။ ကျွန်တော်ပဝါ ဆွဲထုတ်လိုက်တုန်းက ပြန်မပိတ်မိတာ ဖြစ်ပါလိမ့်မယ်။သူဘာဖြစ်လို့ အံ့သြသွားလဲတော့ ကျွန်တော်မသိဘူး။ ပြီးတော့ သူ့အသံကို ကြားလိုက်ရတယ်

"......ဒါက..."

သူကဗီဒိုဆီ လမ်းလျှောက်လာပြီး ဗီဒိုထဲက အဝတ်တစ်စုံကို ထိကြည့်လိုက်တာတွေ့တော့မှပဲ ကျွန်တော် ထိတ်လန့်သွားမိတော့တယ်။

"အရှင်....အရှင်မင်းကြီး....အဲ့ဒါက......."

ကျွန်တော်အလျင်အမြန်ပဲ သူ့ဆီကိုသွားပြီး အဝတ်ကို လှမ်းယူလိုက်ကာ ခေါက်သိမ်းချိန်ပင် မရပဲ ဗီဒိုထဲကိုထိုးထည့်လိုက်ရတယ်။အဲ့ဒါကမင်္ဂလာဝတ်စုံလေ....ကျွန်တော်ဒီမှာသေမယ်ထင်လို့ အဲ့ဒီဝတ်စုံကိုအမအစားဝတ်ခဲ့တာ...အဖြူရောင် ပိုးခြည်တွေ အဖြူရောင် အနားသတ်ပန်းထိုးတွေနဲ့ အလှဆင်ထားတဲ့ အဲ့ဒီဝတ်စုံကိုကျွန်တော့ အမအခန်းမှာတုန်းက ထားထားခဲ့တဲ့အတိုင်း ဂရုတစိုက်ထားခဲ့တာ.....ကျွန်တော်က ယောကျ်ားလေးတစ်ယောက်ဖြစ်ကြောင်း ဝန်ခံပြီးတဲ့အခါမှာတော့ ကျွန်တော့ဆီမှာရှိတဲ့ မိန်းကလေးအဝတ်တွေအကုန် လွှင့်ပစ်လိုက်တယ်။ ဒါပေမဲ့ဒီဝတ်စုံကိုတော့ မလွှတ်ပစ်နိုင်ခဲ့ဘူး....ပြီးတော့အခု လက်ခံဖို့ခက်ခဲတဲ့ အချို့အကြောင်းအရာတွေကြောင့် ကျွန်တော်ဒီဝတ်စုံကို ပိုတွယ်တာလာခဲ့မိတယ်။

အရှင်မင်းကြီးက ဒီလို ဝတ်စုံမျိုးကိုတွေ့သွားတယ်ဆိုတော့ ကျွန်တော့်မျက်နှာတစ်ခုလုံး ရဲရဲနီသွားတော့တယ်။ကျွန်တော်အမြန်ပဲ ဗီဒီုကိုပိတ်လိုက်ပြီး ကျွန်တော့်ရဲ့နီရဲနေတဲ့ နှဖူးကို ဗီဒိုမှာမှီထားလိုက်တော့ အရှင်မင်းကြီးက အံ့အားသင့်နေတဲ့ အသံနဲ့မေးလာတယ်။

"အဲ့ဒါကမင်္ဂလာဆောင်ဝတ်စုံ မဟုတ်ဘူးလား? ပြီးတော့အဲ့ဒါကမိန်းကလေးဝတ်လည်းဖြစ်နေသေးတယ်...ဘယ်သူ့ဟာလဲ?"

ကျွန်တော်သူ့ကိုပြန်မဖြေနိုင်ဘူး...ကျွန်တော်ကဗိဒိုကိုပဲမှီနေပြီး တစ်ခုခုပြောဖို့ ခက်ခက်ခဲခဲ စဉ်းစားနေရတယ်။ကျွန်တော်ခက်ခက်ခဲခဲနဲ့ တစ်ခုရှာတွေ့တော့သူ့ကို အလျင်အမြန်ပဲပြောလိုက်တယ်။

"အခုကအလုပ်သွားလုပ်ရမယ့်အချိန်ပါ...အရှင်မင်းကြီး"

ကျွန်တော်တံခါးကို လှမ်းကြည့်လိုက်တော့ အထိန်းတော်တစ်ယောက်ရဲ့အရိပ်က တံခါးနားမှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတာ တွေ့လိုက်တယ်။ကျွန်တော်တကယ်ကို အဲ့ဒီတစ်ဝက်မြင်နေရတဲ့ အထိန်းတော်ကိုတွေ့တော့ သူ ညီလာခံကိစ္စတွေလွဲသွားမှာကို စိုးရိမ်သွားမိတာ

"အထိန်းတော်ကြီးကို ကြည့်ရတာတော်တော်စိတ်ပူနေပုံပဲ....အရှင့်ကို မူးမတ်တွေစောင့်နေတာ သေချာတယ်...အရှင်ကကြီးမြတ်တဲ့ ဧကရာဇ်ဆိုပေမယ့်လည်း ဒီလိုလုပ်တာကတော့ မကောင်းဘူးထင်တယ်"

"......ဘယ်သူကမင်းကို ဒါတွေစိတ်ပူခိုင်းလို့လဲ?"

သူ့ရဲ့အေးစက်နေတဲ့ အသံကြောင့် ကျွန်တော်အံ့အားသင့်သွားရတယ်။ ကျွန်တော်အမြဲတမ်း အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး ပူညံပူညံလုပ်လေ့ရှိတယ်။ ဒါပေမဲ့သူဒီလိုစိတ်ဆိုးတာပထမဆုံးအကြိမ်ပဲ။ ကျွန်တော်ဖြူလျော်သွားပြီး သူ့ကိုကြည့်လိုက်မိတယ်။ သူ့ရဲ့အေးစက်နေတဲ့ မျက်လုံးတွေက ကျွန်တော်သူ့ကို ပထမဆုံးအကြိမ်တွေ့တုန်းက ကျွန်တော့ကိုစိုတ်ကြည့်နေခဲ့တဲ့ ပုံစံအတိုင်းပဲ....

"မင်းငါ့ကို ကြီးမြတ်တဲ့ဧကရာဇ်တစ်ယောက် ဘယ်လိုလုပ်ရမလဲ ဆိုပြီးဝင်စွက်ဖက်ပြောစရာမလိုဘူး။ ငါကငယ်ငယ်လေးထဲက ဘယ်လိုလုပ်ရမလဲ ဆိုတာသင်ကြားပြီးသား"

သူကတည်ငြိမ် ခက်ထန်စွာနဲ့ပြောပြီးအခန်းထဲက ထွက်သွားတော့ အထိန်းတော်ကြီးက ကြောက်လန့်တကြားနဲအရှင်မင်းကြီး နောက်ကလိုက်သွားတာတွေ့လိုက်ရတယ်။ ကျွန်တော်သူ့နောက်ကျောကို ဆွံအစွာနဲ့ကြည့်နေမိတာ။ ကျွန်တော်မသိလိုက်ပဲ သူ့နောက်က လိုက်သွားမလို့ လုပ်လိုက်ပေမယ့် အံ့အားသင့်ပြီး ချက်ချင်းရပ်လိုက်မိတယ်.....ပြီးတော့ ကျွန်တော့လက်တွေစပြီး တုန်ယင်လာပြီးကျွန်တော့နှလုံးခုန်သံတွေလည်းပိုမြန်လာတယ်.....တစ်နည်းနည်းနဲ့အဲ့ဒါကကျွန်တော့အတွက်ဆက်ရပ်နေဖို့ကိုခက်ခဲစေတယ်.....ကျွန်တော်အိပ်ယာဆီကိုတုန်ယင်နေတဲ့ခြေလှမ်းတွေနဲ့သွားလိုက်ပြီးအရမ်းလန့်သွားလို့အသက်ရှုရတောင်ခက်ခဲနေတယ်။

ကျွန်တော်ကမှအပြစ်ကျူးလွန်မိတဲ့သူပါ....အရှင်မင်းကြီးပြောသလိုပဲကျွန်တော်မပြောသင့်တာတွေပြောလိုက်တယ်။ ဒါပေမဲ့ဘာလို့ကျွန်တော်ဝမ်းနည်းနေမိတာလဲ........ကျွန်တော်ကမှအရှင်မင်းကြီးကိုရှောင်နေခဲ့တဲ့သူ...သူဒီလိုမျိုးထွက်သွားတော့ဘာဖြစ်လို့လစ်ဟာသွားသလိုခံစားနေရတာလဲ........ကျွန်တော်ထပ်ခါထပ်ခါ ငြင်းဆန်ခဲ့ပေမယ့်လည်းကြည့်ရတာအရှင့်ရဲ့နွေးထွေးတဲ့လက်နဲ့ ကျွန်တော့ရဲ့ရှုပ်ပွနေတဲ့ဆံပင်ကိုကိုင်တဲ့အချိန်မှာ ကျွန်တော့ရင်တွေလှုပ်ရှားသွားလို့နဲ့တူပါတယ်။

သူ့ရဲ့သန်မာပြီး သြဇာကြီးမားလှတဲ့ပုံစံကြောင့် ကျွန်တော်ဒီအတိုင်းပဲကြည့်နေခဲ့တာ။ သူကကျွန်တော့မျက်စိထဲဝင်လာယုံတင်မကဘူးကျွန်တော့နှလုံးသားထဲထိ ဝင်လာခဲ့ပြီပဲ။ ကျွန်တော့်ရဲ့တုန်လှုပ်နေတဲ့နှတ်ခမ်းတွေနဲ့အသက်ကို ခက်ခက်ခဲခဲရှူနေရတယ်။ကြည့်ရတာကျွန်တော်ဖျားပြီနဲ့တူပါတယ်ကျွန်တော့်ရဲ့မျက်လုံးတွေပိုပိုပြီးဝေဝါးလာတယ်။

"အမေ...အဲ့ဒါအမေ့အပြစ်တွေပဲ"

ကျွန်တော်တိုးတိုးလေးရေရွတ်လိုက်မိတယ်။အမေ့ရဲ့အပြစ်ကြောင့်ထုံထိုင်းပြီး ကျန်းမာရေးမကောင်းတဲ့ သားတစ်ယောက်မွေးခဲ့တာ။ ပြီးတော့အခုကျွန်တော်က ယောကျားတစ်ယောက်တောင် မဟုတ်တော့ဘူး။ ကျွန်တော်က ယောကျားတစ်ယောက်ကိုရင်ထဲထားနေတဲ့ ယောကျားတစ်ယောက်ဖြစ်နေပြီ။

ဘာလို့လဲ......ဘာဖြစ်လို့ကျွန်တော့ကိုဒီကိုလာအောင်လုပ်လိုက်ရတာလဲ? ဘာဖြစ်လို့ကျွန်တော်က အမေ့ရဲ့အပြစ်ကို ဖုန်းပေးဖို့အတွက် ပိုကြီးတဲ့အပြစ်ကိုကျူးလွန်မိရတာလဲ? ဘာဖြစ်လို့ကျွန်တော့ကို အမတင်မကပဲ သူ့ကိုပါ ဒုက္ခပေးတဲ့သူဖြစ်အောင် လုပ်ရတာလဲ? ဘာဖြစ်လို့သူလို သန်မာပြီးသြဇာကြီးမားလှတဲ့သူကို ထိပါးအောင်လုပ်မယ့်သူမျိုး ဖြစ်အောင်လုပ်ရတာလဲ?

ကျွန်တော်ကတကယ်ကို ပန်းစည်းရိုးနန်းတော်ထဲက မကောင်းဆိုးဝါးဝိညာဉ်ပဲ....ကျွန်တော်ငိုနေရင်းနဲ့ အရူးလိုပဲရယ်နေမိတယ်။ ဧကရာဇ်ကို ဒုက္ခရောက်စေမယ့် မကောင်းဆိုးဝါးဝိညာဉ်..ကျွန်တော်မဆုပ်ကိုင်နိုင်တဲ့သူကို ဖက်ထားဖို့အတွက် လှုပ်ရှားရုန်းကန်နေတဲ့သူ။ ကျွန်တော်ကအဆုံးမှာသူ့ကိုညစ်ပတ်စေမယ့်မကောင်းဆိုးဝါးဝိညာဉ်တစ်ကာင်ပဲ။

သေလည်းမသေနိုင်ပဲ ဒီမှာနေပြီး သူ့ကိုမကောင်းတဲ့ အကြောင်းတွေကြားရအောင်လုပ်နေမိတယ်....ငါ့ကိုတစ်ခြားသူတွေ တွေ့သွားရင်ရော......?အဲ့ဒါကမြောက်ဘက်ဧကရာဇ်ရဲ့ ဂုဏ်သိက္ခာကိုပဲ ညှိုးနွမ်းစေမှာ....ပြီးတော့အဲ့ဒါတင်မကသေးဘူး သူ့ရဲ့သနားကြင်နာမှုနဲ့ သူ့ကိုသိလိုစိတ်ပြင်းပြစေခဲ့တာကြောင့် ကျွန်တော်ကပိုပြီး မာနထောင်လွှားလာမိတယ်။

ကျွန်တော်တုန်လှုပ်နေတဲ့ လက်တွေကိုပြန်ပြီး ဆုပ်ကိုင်လိုက်မိတယ်။ကျွန်တော့လက်မှာ ရှိခဲ့တဲ့ နွေးထွေးမှုကတုန့်ဆိုင်းခြင်းမရှိဘဲ ထွက်ခွါသွားပြီလို့ ခံစားလိုက်ရတဲ့အတွက် ကျွန်တော့ရင်တွေနာကျင်နေမိတယ်။

ကျွန်တော့ရဲ့ရင်တွေနာကျင်နေတဲ့အတွက်အဲ့ဒါကကျွန်တော့ကို အသက်ရှုရခက်ခဲစေတယ်။ ကျွန်တော်စတင်ပြီးချောင်းဆိုးလာခဲ့ပြီ။ ကျွန်တော့ရဲ့ပြင်းထန်လှတဲ့ချောင်းဆိုးမှုကြောင့် ကျွန်တော်မနက်ကစားခဲ့သမျှ ပြန်ထွက်လာတော့ မတတ်ပဲ။ ကျွန်တော် အေးစက်နေတဲ့ လက်တွေနဲ့ပါးစပ်ကိုပိတ်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့အဲ့ဒီချောင်းဆိုးမှုကမရပ်တန့်သွားဘူး။ ကျွန်တော့နားတွေပူနွေးလာပြီ...ကြည့်ရတာကျွန်တော်တကယ် ဖျားပြီထင်တယ်.....ကျွန်တော်ဒီအဖျားနဲ့ပဲသေလိုက်ချင်တော့တယ်....အဆုံးမရှိချောင်းဆိုးနေရင်းနဲ့တောင်မှပေါ့.......။ အဲ့ဒါကမကောင်းတဲ့အတွေးတွေဆိုပေမဲ့လည်းကျွန်တော်အဲ့ဒါကို တကယ်ဖြစ်သွားစေချင်တယ်..........အဲ့ဒါကိုတွေးပြီးတာနဲ့ ကျွန်တော့ရဲ့ချောင်းဆိုးမှုက ပိုပြင်းထန်လာပြီး ကြမ်းပြင်ပေါ်ကို လဲကျကာ ပျို့အန်လာတော့တယ်။

"အရှင်!!!..."

ကျွန်တော်ချောင်းဆိုးပြီး ပျို့အန်နေတာကို ဆိုအာတွေ့တော့ အလန့်တကြားအော်ပြီး ကျွန်တော့ကိုကူဖို့ ပြေးလာခဲ့တယ်။ ကျွန်တော့ကို ပွေ့ထားရင်းနဲ့ ဆိုအာက တစ်ခြားအစေခံတွေကို အော်ခေါ်နေတာကို မကြားတစ်ချက် ကြားတစ်ချက် ကြားနေရတယ်။အဖျားက ချက်ချင်းတက်လာပြီး ကျွန်တော့် မြင်ကွင်းတစ်ခုလုံး ဝေဝါးလာတဲ့အချိန်မှာ ကျွန်တော်ဗီဒိုကို မြင်လိုက်ရတယ်။ တကယ်လို့ ကျွန်တော် သာ အဖျားကျသွားရင် အဲ့ဒီဝတ်စုံကို မီးရှို့ပစ်လိုက်တော့မယ်။ သူ့ကိုကျွန်တော့ ရင်ထဲထားပြီး ကတည်းကအဲ့ဒီဝတ်စုံကို မပစ်ထုတ်နိုင်ခဲ့တာ။ ထိန်းမြားလက်ထပ်ခြင်းက ကျွန်တော့ဘာသာလုပ်ခဲ့ခြင်းဖြစ်ပေမယ့်....အရှင်မင်းကြီးရှိတဲ့ဘက်လှည့်ပြီးဦးညွှတ်ကာ မင်္ဂလာသေရည်ကိုလည်းသောက်ခဲ့ပြီးပြီဆိုပေမယ့်... ကျွန်တော် ကိုယ့်ကိုကိုယ် အခါခါ ရှုံ့ချခဲ့ပေမယ့် အဲ့ဒါကိုကျွန်တော့လက်နဲ့ ကိုယ်တိုင်မဖျက်စီးပစ်ရက်ခဲ့ဘူး။ ဒါပေမဲ့ဒီတစ်ခါတော့ဖျက်စီးပစ်မှရတော့မယ် အဲ့ဒါကိုဒီထက်ပိုပြီးတော့မမြင်ချင်တော့ဘူး.....

ကျွန်တော်တွေးနေရင်းနဲ့ ရင်ဘက်ကနာကျင်မှုကြောင့် မျက်မှောင်ကြုံ့လိုက်မိတယ်။ ကျွန်တော့်နှဖူးပေါ်က ချွေးတွေစီးကျနေတာကိုတောင် ခံစားလို့ရနေတယ်။ ဒါပေမဲ့ချောင်းဆိုးတာကတော့မရပ်ပါဘူး။ ပျို့အန်ခြင်းမရှိတော့ပေမယ့် ချောင်းဆိုးခြင်းတစ်ခုတည်းကတောင် ကျွန်တော့အဆုပ်တစ်ခုလုံးပေါက်ထွက်လာတော့မတတ် ခံစားရတယ်။

ဆိုအာကအပူပေးကျောက်တုန်းယူပြီးကျွန်တော့ကျောကုန်းကို ပွတ်ပေးနေတယ်။ ဒါပေမဲ့အဲ့ဒါကလည်း အကူအညီမဖြစ်ပါဘူး။မကြာခင်ပဲကျွန်တော့ချောင်းဆိုးမှုထဲမှာသွေးပါ ပါလာတော့တယ်....ကျွန်တော့အဝတ်တွေနဲ့အိပ်ယာခင်းတွေက ကျွန်တော့သွေးတွေကြောင့် ညစ်ပတ်ကုန်ပြီ....

"အရှင်.....!!!!"

ကျွန်တော် ဆိုအာအော်ခေါ်လိုက်တာကို အားနည်းစွာနဲ့ကြားလိုက်ရပေမယ့် ကျွန်တော့မျက်လုံးတွေက သေချာဖွင့်လို့မရတော့ဘူး။ကြည့်ရတာအဖျားကြောင့် ကျွန်တော့စိတ်တွေလည်း လျော့ကျလာပြီနဲ့တူပါတယ်။ ကျွန်တော့အသိစိတ်က အမိုက်မှောင်ထဲကို တိုးဝင်သွားပြီ...

..................
Zawgyi

Part(6)

မိုး႐ြာေနျပန္ၿပီ...

ကြၽန္ေတာ္ေကာင္းကင္ကို ေမာ့ၾကည့္လိုက္တယ္....အဲ့ဒါက နက္ေမွာင္ေနတဲ့ တိမ္တိုက္ေတြနဲ႔ ျပည့္ႏွက္ေနၿပီး သည္းႀကီးမည္းႀကီးကို ႐ြာခ်ေနတာပဲ...က်န္ေတာ္လက္ကို ဆန႔္ထုတ္လိုက္ေတာ့ မိုးေရစက္ေတြက ကြၽန္ေတာ့လက္ တစ္ခုလုံးကို ႐ႊဲ႐ႊဲစိုသြားေစတယ္။ မိုးေရက ျပင္းထန္လြန္းလို႔ကြၽန္ေတာ့ လက္တစ္ခုလုံးေတာင္ ထုံက်င္ေနသလိုပဲ...။ ေျမာက္ပိုင္းအင္ပါယာမွာလည္း မိုးေရစက္ႀကီးေတြရွိတာပဲကိုး..

ကြၽန္ေတာ္ကအဲ့ဒီလိုပဲ ႐ူးေၾကာင္ေၾကာင္ေတြ ေတြးတတ္တယ္။ အဲ့ဒီမိုးေရစက္ေတြကို ၾကည့္ေနရင္းနဲ႔ ကြၽန္ေတာ္ တံတိုင္းေမႊးပန္းေလးေတြကို ေတြ႕ခ်င္လာမိျပန္ၿပီ။ အဲ့ဒီမိုးေရစက္ေတြေၾကာင့္ ပန္းပြင့္ေလးေတြရဲ႕ ပြင့္လႊာေလးေတြကို ပ်က္စီးေစမိရင္ ဘယ္လိုလုပ္မလဲ...။ ကြၽန္ေတာ္မိုးေတြကိုသေဘာက်ပါတယ္ ဒါေပမဲ့ ပန္းပြင့္ေလးေတြ ပ်က္စီးမွာကိုေတာ့ မျဖစ္ေစခ်င္ဘူး...။

ေျမာက္ပိုင္းအင္ပါယာ တစ္ခုလုံးက မိုးေၾကာင့္ ပိုၿပီး ေအးစက္ေနတယ္။အဲ့ဒါက ကြၽန္ေတာ့ႏွာေခါင္းထိပ္ေတြကို ထုံၾကင္ေအးစက္ ေစေပမယ့္ လန္းဆန္းမႈကိုလည္း ခံစားရေစတယ္ေလ။ ေလေအးေအးေလးကို ရႉရႈိက္ရတာက ကြၽန္ေတာ့ကိုပိုၿပီး ခံစားလို႔ေကာင္းေစသလို စိတ္ကိုလည္း ပိုၿပီးၾကည္လင္ လန္းဆန္းလာေစတယ္...။ ကြၽန္ေတာ္ခဏတစ္ျဖဳတ္ေတာ့ တံတိုင္းေမႊးပန္းေလးေတြကို စိတ္ပူေနတာ ရပ္လိုက္ၿပီး ခႏၲာကိုယ္ကအျပင္ကို ပိုပိုၿပီး ထြက္သြားေနမိေတာ့တယ္...ကြၽန္ေတာ္ အက်ႌလက္စကို မလိုက္ေပမဲ့ အဲ့ဒါက ပိုပိုၿပီးစိုစြတ္လာတယ္။ ကြၽန္ေတာ္ ဂ႐ုမစိုက္ပါဘူး...ကြၽန္ေတာ့လက္နဲ႔ လက္ေမာင္းေတြ စိုစြတ္လာတဲ့ ခံစားခ်က္ကိုသေဘာက်တယ္ေလ...

"ငါအခုေလးပဲ ဝင္လာၾကည့္တယ္...မင္းကေတာ့တကယ္ပဲ......."

ကြၽန္ေတာ္ အသံတိုးတိုးေလး ၾကားလိုက္လို႔ လက္ကို အျမန္႐ုတ္ၿပီးအက်ႌနဲ႔ လက္ေတြကို သုတ္လိုက္ရတယ္...

"......လာၿပီလား?"

ကြၽန္ေတာ္အရွင္မင္းႀကီးရဲ႕မ်က္ႏွာကိုေနာက္ဆုံးျမင္လိုက္ရတာ ၁၁ ရက္ေလာက္ရွိေနၿပီ။ ကြၽန္ေတာ္ၿပဳံးၿပီး သူ႔ကိုႀကိဳဆိုလိုက္တယ္....သူတစ္ခါမွ ဒီအခ်ိန္မလာဖူးဘူး အဲ့ေတာ့ကြၽန္ေတာ္ ဘာမွျပင္ဆင္ခ်ိန္ မရလိုက္ဘူး....အရွင္မင္းႀကီးက တင္းမာတဲ့မ်က္ႏွာနဲ႔ ကြၽန္ေတာ့ကို ဆူပူေတာ့တာပဲ။

"မင္းငါ့ကို ဒီလိုၿပဳံးျပေနရင္ေတာင္ ဒီတစ္ခါေတာ့ ဒီအတိုင္းမေက်ာ္သြားႏိုင္ေတာ့ဘူး....ဒီမွာ မိုးရာသီဆိုဘယ္ေလာက္ေတာင္ ေအးလဲသိရဲ႕လား?"

ကြၽန္ေတာ္ရွက္႐ြံ႕စြာနဲ႔ပဲ ကြၽန္ေတာ့ရဲ႕ေအးစက္ေနတဲ့ လက္ေတြကို ဖြက္ထားလိုက္ရတယ္... သူကသက္ျပင္းခ်ၿပီး တံခါးကို ပိတ္လိုက္တယ္....ဒီေတာ့က်ယ္ေလာင္လွတဲ့ မိုးသံက တိုးညႇင္းသြားေတာ့တာေပါ့။

အရွင္မင္းႀကီးကကြၽန္ေတာ့ရဲ႕လက္ေတြကိုဆြဲယူလိုက္တယ္။ သူကအားထည့္ဆြဲတာ မဟုတ္ေပမဲ့လည္းကြၽန္ေတာ္ မ႐ုန္းကန္ႏိုင္ဘူး....

"ၾကည့္ဦး..ေအးစက္ေနတာပဲ မင္းေနာက္တစ္ခါထပ္ၿပီး အေအးမိရင္ဘယ္လိုလုပ္မလဲ? ဟန္? ရဲဟို"

သူ႔အသံကကြၽန္ေတာ့ကိုဆူေနသလိုပဲ....ဒါေပမဲ့ကြၽန္ေတာ္ရွက္႐ြံ႕စြာနဲ႔ပဲၿပဳံးေနလိုက္ပါတယ္။

"အဲ့ဒီလိုၿပဳံးျပမေနနဲ႔"

သူကကြၽန္ေတာ္ရဲ႕ေအးစက္ေနတဲ့လက္ေတြကိုသူ႔ရဲ႕ေႏြးေထြးေျခာက္ေသြ႕ေနတဲ့လက္ေတြနဲ႔ဆုပ္ကိုင္ၿပီးအေႏြးထပ္လႊဲေပးေနတယ္...သူ႔ရဲ႕ပုခုံးေတြစိုေနတာကိုေတြ႕ေတာ့ကြၽန္ေတာ္နည္းနည္းလန႔္သြားတယ္..

"ထီးမေဆာင္းလာဘူးလား?"

သူကကြၽန္ေတာ့ကို ေမးခြန္းထုတ္တဲ့ အၾကည့္နဲ႔ၾကည့္လာၿပီး ကြၽန္ေတာ့္အာ႐ုံက သူ႔ပုခုံးေပၚမွာ ရွိေနတာကိုေတြ႕ေတာ့မွပဲ ၿပဳံးလိုက္ေတာ့တယ္..

"အထိန္းေတာ္ႀကီးကေတာ့ ထီးကိုင္ၿပီး လိုက္ရွာပါတယ္...ငါသူတို႔ကို တြန္းထုတ္ရင္ေတာင္မွ သူတို႔နားေထာင္မွာမွမဟုတ္တာ။ ၿပီးေတာ့ငါထီးမေဆာင္းရင္ေတာင္မွ ငါ့ပုခုံးတစ္ခုတည္းစိုစရာအေၾကာင္းမရွိဘူးေလ"

"အဲ့ဒါလည္းဟုတ္တာပဲ...."

အထိန္းေတာ္ႀကီးက ထီးဘယ္လို ကိုင္ေနလို႔သူက ပုခုံးတစ္ခုပဲ စိုေနရတာလဲ?....ကြၽန္ေတာ္အခုမွ သတိထားမိတယ္သူ႔ရဲ႕အနက္ေရာင္ ဆံႏြယ္ေတြလည္းေရနည္းနည္းစိုေနတာပဲ။ျပတင္းေပါက္ကိုဖြင့္တာနဲ႔ေတာင္အရမ္းေအးေနတဲ့ဟာကိုအရွင္မင္းႀကီးဒီလို စိုေနပုံနဲ႔ဆိုခ်မ္းေတာ့မွာပဲ။

"အထိန္းေတာ္ႀကီးကထီးဘယ္လိုကိုင္ေနလို႔လဲ?"

"သူကေတာ့ေသခ်ာကိုင္တာပါပဲ...ငါကအရမ္းအလ်င္လိုေနလို႔ငါ့ေျခလွမ္းကိုသူမလိုက္ႏိုင္ျဖစ္သြားတာ"

"ဘာျဖစ္လို႔ဒီလိုရာသီဥတုႀကီးမွာေတာင္ထြက္လာရတာလဲ.....?"

ကြၽန္ေတာ္ၿခဳံထည္တစ္ခုကိုဗီဒိုထဲကေနအျမန္ထုတ္ယူလိုက္ၿပီးသူ႔ပုခုံးနဲ႔ဆံပင္ေတြကိုစိတ္ပူပင္စြာနဲ႔ေျခာက္ေသြ႕ေအာင္သုတ္ေပးေနမိတယ္....

"ဒီေလာက္ေအးေနတာကို......."

"မင္းကငါေျပာခ်င္တဲ့စကားကိုေျပာေနတာပဲ...ျပတင္းေပါက္ကိုဒီအတိုင္းဖြင့္ၿပီးလက္ကိုစိုေအာင္လုပ္ေနတယ္မင္းအခုဘာပုံေပါက္ေနၿပီလဲဆိုတာေရာသိရဲ႕လား?"

ကြၽန္ေတာ္အရွင္မင္းႀကီးေျပာတဲ့စကားကိုေမးခြန္းျပန္ထုတ္လိုက္တယ္။ သူကကြၽန္ေတာ့အမူအယာကိုၾကည့္လိုက္ၿပီးသက္ျပင္းသာခ်လိုက္ေတာ့တယ္။

"မင္းမ်က္ႏွာကျဖဴေလ်ာ္ေနၿပီ....ၿပီးေတာ့မင္းႏွတ္ခမ္းေတြကလည္းျဖဴေဖြးေနၿပီဘယ္ေလာက္ေတာင္ၾကာၾကာဖြင့္ထားတာလဲ?"

".....လက္ဖက္ရည္တစ္ခြက္ေသာက္စာအခ်ိန္ေလးထဲပါ..."

"အဲ့ဒါကအရမ္းၾကာလြန္းတယ္ေလ"

သူကခက္ထန္စြာေျပာၿပီးပဝါကိုင္ထားတဲ့ ကြၽန္ေတာ့လက္ေတြကို ဆုပ္ကိုင္လိုက္တယ္။

"ၿပီးေတာ့မင္းကပိုပိုၿပီးပိန္လာၿပီ....ငါလာတဲ့အခ်ိန္တိုင္းမင္းအိပ္ေနတာႀကီးပဲ....ငါမင္းကိုေကာင္းေကာင္းေတာင္မေတြ႕ရဘူး....ေသေသခ်ာခ်ာေရာစားရဲ႕လား?"

"ကြၽန္ေတာ္ေကာင္းေကာင္း စားပါတယ္"

သူေန႔တိုင္းလာတယ္လို႔ ၾကားေတာ့ ကြၽန္ေတာ္ အံ့ၾသသြားမိတယ္။ကြၽန္ေတာ္ နည္းနည္းေနာက္က်မွ ျပန္ေျဖလိုက္ၿပီး ရွက္႐ြံ႕စြာနဲ႔ပဲ လက္ကို ျပန္ဆြဲထုတ္လိုက္တယ္။

"အရွင္မင္းႀကီးေရာ? အခုကအလုပ္လုပ္ခ်ိန္မဟုတ္ဘူးလား? ႐ုံးေတာ္ေတာ့ခက္ခဲတဲ့အခ်ိန္ေတြျဖစ္ေနေတာ့မွာပဲ"

သူကမ်က္ေမွာင္ႀကဳံ႕လိုက္တယ္

"အဲ့ဒီမွာငါလုပ္ႏိုင္တာ ဘာမွမရွိဘူး"

"ဘာကိုဆိုလိုတာလဲ?"

"အခုမိုး႐ြာေနတယ္...မင္းမိုးၾကည့္ေနမယ္ဆိုတာ ငါေသခ်ာသိေနလို႔။မင္းကမင္းကိုယ္မင္း ေအးေအးဖ်ားဖ်ား ဂ႐ုမစိုက္ဘူးဆိုတာ သိလို႔လာခဲ့တာ"

".....အရွင္မင္းႀကီး...."

ကြၽန္ေတာ္သူ႔ကိုေခၚလိုက္ေတာ့ သူကနာနာက်င္က်င္ပဲ ၿပဳံးျပလာတယ္။

သူကကြၽန္ေတာ့ကို ၾကည့္ေနၿပီးေနာက္မွာ တစ္ခုခုရွိေနတာကို သတိျပဳမိသြားတယ္။ သူကအံ့အားသင့္သြားေတာ့တယ္။ ကြၽန္ေတာ္ေနာက္မွာ ဘာမ်ားရွိလို႔လဲဆိုၿပီး လွည့္ၾကည့္လိုက္ေတာ့ အဲ့ဒါက အဝတ္ေတြစီစီရီရီ ထည့္ထားတဲ့ ဗီဒီုကပြင့္ေနတာပဲ။ ကြၽန္ေတာ္ပဝါ ဆြဲထုတ္လိုက္တုန္းက ျပန္မပိတ္မိတာ ျဖစ္ပါလိမ့္မယ္။သူဘာျဖစ္လို႔ အံ့ၾသသြားလဲေတာ့ ကြၽန္ေတာ္မသိဘူး။ ၿပီးေတာ့ သူ႔အသံကို ၾကားလိုက္ရတယ္

"......ဒါက..."

သူကဗီဒိုဆီ လမ္းေလွ်ာက္လာၿပီး ဗီဒိုထဲက အဝတ္တစ္စုံကို ထိၾကည့္လိုက္တာေတြ႕ေတာ့မွပဲ ကြၽန္ေတာ္ ထိတ္လန႔္သြားမိေတာ့တယ္။

"အရွင္....အရွင္မင္းႀကီး....အဲ့ဒါက......."

ကြၽန္ေတာ္အလ်င္အျမန္ပဲ သူ႔ဆီကိုသြားၿပီး အဝတ္ကို လွမ္းယူလိုက္ကာ ေခါက္သိမ္းခ်ိန္ပင္ မရပဲ ဗီဒိုထဲကိုထိုးထည့္လိုက္ရတယ္။အဲ့ဒါကမဂၤလာဝတ္စုံေလ....ကြၽန္ေတာ္ဒီမွာေသမယ္ထင္လို႔ အဲ့ဒီဝတ္စုံကိုအမအစားဝတ္ခဲ့တာ...အျဖဴေရာင္ ပိုးျခည္ေတြ အျဖဴေရာင္ အနားသတ္ပန္းထိုးေတြနဲ႔ အလွဆင္ထားတဲ့ အဲ့ဒီဝတ္စုံကိုကြၽန္ေတာ့ အမအခန္းမွာတုန္းက ထားထားခဲ့တဲ့အတိုင္း ဂ႐ုတစိုက္ထားခဲ့တာ.....ကြၽန္ေတာ္က ေယာက်္ားေလးတစ္ေယာက္ျဖစ္ေၾကာင္း ဝန္ခံၿပီးတဲ့အခါမွာေတာ့ ကြၽန္ေတာ့ဆီမွာရွိတဲ့ မိန္းကေလးအဝတ္ေတြအကုန္ လႊင့္ပစ္လိုက္တယ္။ ဒါေပမဲ့ဒီဝတ္စုံကိုေတာ့ မလႊတ္ပစ္ႏိုင္ခဲ့ဘူး....ၿပီးေတာ့အခု လက္ခံဖို႔ခက္ခဲတဲ့ အခ်ိဳ႕အေၾကာင္းအရာေတြေၾကာင့္ ကြၽန္ေတာ္ဒီဝတ္စုံကို ပိုတြယ္တာလာခဲ့မိတယ္။

အရွင္မင္းႀကီးက ဒီလို ဝတ္စုံမ်ိဳးကိုေတြ႕သြားတယ္ဆိုေတာ့ ကြၽန္ေတာ့္မ်က္ႏွာတစ္ခုလုံး ရဲရဲနီသြားေတာ့တယ္။ကြၽန္ေတာ္အျမန္ပဲ ဗီဒီုကိုပိတ္လိုက္ၿပီး ကြၽန္ေတာ့္ရဲ႕နီရဲေနတဲ့ ႏွဖူးကို ဗီဒိုမွာမွီထားလိုက္ေတာ့ အရွင္မင္းႀကီးက အံ့အားသင့္ေနတဲ့ အသံနဲ႔ေမးလာတယ္။

"အဲ့ဒါကမဂၤလာေဆာင္ဝတ္စုံ မဟုတ္ဘူးလား? ၿပီးေတာ့အဲ့ဒါကမိန္းကေလးဝတ္လည္းျဖစ္ေနေသးတယ္...ဘယ္သူ႔ဟာလဲ?"

ကြၽန္ေတာ္သူ႔ကိုျပန္မေျဖႏိုင္ဘူး...ကြၽန္ေတာ္ကဗိဒိုကိုပဲမွီေနၿပီး တစ္ခုခုေျပာဖို႔ ခက္ခက္ခဲခဲ စဥ္းစားေနရတယ္။ကြၽန္ေတာ္ခက္ခက္ခဲခဲနဲ႔ တစ္ခုရွာေတြ႕ေတာ့သူ႔ကို အလ်င္အျမန္ပဲေျပာလိုက္တယ္။

"အခုကအလုပ္သြားလုပ္ရမယ့္အခ်ိန္ပါ...အရွင္မင္းႀကီး"

ကြၽန္ေတာ္တံခါးကို လွမ္းၾကည့္လိုက္ေတာ့ အထိန္းေတာ္တစ္ေယာက္ရဲ႕အရိပ္က တံခါးနားမွာ ေခါက္တုန႔္ေခါက္ျပန္ လမ္းေလွ်ာက္ေနတာ ေတြ႕လိုက္တယ္။ကြၽန္ေတာ္တကယ္ကို အဲ့ဒီတစ္ဝက္ျမင္ေနရတဲ့ အထိန္းေတာ္ကိုေတြ႕ေတာ့ သူ ညီလာခံကိစၥေတြလြဲသြားမွာကို စိုးရိမ္သြားမိတာ

"အထိန္းေတာ္ႀကီးကို ၾကည့္ရတာေတာ္ေတာ္စိတ္ပူေနပုံပဲ....အရွင့္ကို မူးမတ္ေတြေစာင့္ေနတာ ေသခ်ာတယ္...အရွင္ကႀကီးျမတ္တဲ့ ဧကရာဇ္ဆိုေပမယ့္လည္း ဒီလိုလုပ္တာကေတာ့ မေကာင္းဘူးထင္တယ္"

"......ဘယ္သူကမင္းကို ဒါေတြစိတ္ပူခိုင္းလို႔လဲ?"

သူ႔ရဲ႕ေအးစက္ေနတဲ့ အသံေၾကာင့္ ကြၽန္ေတာ္အံ့အားသင့္သြားရတယ္။ ကြၽန္ေတာ္အၿမဲတမ္း အဲ့ဒီကိစၥနဲ႔ပတ္သတ္ၿပီး ပူညံပူညံလုပ္ေလ့ရွိတယ္။ ဒါေပမဲ့သူဒီလိုစိတ္ဆိုးတာပထမဆုံးအႀကိမ္ပဲ။ ကြၽန္ေတာ္ျဖဴေလ်ာ္သြားၿပီး သူ႔ကိုၾကည့္လိုက္မိတယ္။ သူ႔ရဲ႕ေအးစက္ေနတဲ့ မ်က္လုံးေတြက ကြၽန္ေတာ္သူ႔ကို ပထမဆုံးအႀကိမ္ေတြ႕တုန္းက ကြၽန္ေတာ့ကိုစိုတ္ၾကည့္ေနခဲ့တဲ့ ပုံစံအတိုင္းပဲ....

"မင္းငါ့ကို ႀကီးျမတ္တဲ့ဧကရာဇ္တစ္ေယာက္ ဘယ္လိုလုပ္ရမလဲ ဆိုၿပီးဝင္စြက္ဖက္ေျပာစရာမလိုဘူး။ ငါကငယ္ငယ္ေလးထဲက ဘယ္လိုလုပ္ရမလဲ ဆိုတာသင္ၾကားၿပီးသား"

သူကတည္ၿငိမ္ ခက္ထန္စြာနဲ႔ေျပာၿပီးအခန္းထဲက ထြက္သြားေတာ့ အထိန္းေတာ္ႀကီးက ေၾကာက္လန႔္တၾကားနဲအရွင္မင္းႀကီး ေနာက္ကလိုက္သြားတာေတြ႕လိုက္ရတယ္။ ကြၽန္ေတာ္သူ႔ေနာက္ေက်ာကို ဆြံအစြာနဲ႔ၾကည့္ေနမိတာ။ ကြၽန္ေတာ္မသိလိုက္ပဲ သူ႔ေနာက္က လိုက္သြားမလို႔ လုပ္လိုက္ေပမယ့္ အံ့အားသင့္ၿပီး ခ်က္ခ်င္းရပ္လိုက္မိတယ္.....ၿပီးေတာ့ ကြၽန္ေတာ့လက္ေတြစၿပီး တုန္ယင္လာၿပီးကြၽန္ေတာ့ႏွလုံးခုန္သံေတြလည္းပိုျမန္လာတယ္.....တစ္နည္းနည္းနဲ႔အဲ့ဒါကကြၽန္ေတာ့အတြက္ဆက္ရပ္ေနဖို႔ကိုခက္ခဲေစတယ္.....ကြၽန္ေတာ္အိပ္ယာဆီကိုတုန္ယင္ေနတဲ့ေျခလွမ္းေတြနဲ႔သြားလိုက္ၿပီးအရမ္းလန႔္သြားလို႔အသက္ရႈရေတာင္ခက္ခဲေနတယ္။

ကြၽန္ေတာ္ကမွအျပစ္က်ဴးလြန္မိတဲ့သူပါ....အရွင္မင္းႀကီးေျပာသလိုပဲကြၽန္ေတာ္မေျပာသင့္တာေတြေျပာလိုက္တယ္။ ဒါေပမဲ့ဘာလို႔ကြၽန္ေတာ္ဝမ္းနည္းေနမိတာလဲ........ကြၽန္ေတာ္ကမွအရွင္မင္းႀကီးကိုေရွာင္ေနခဲ့တဲ့သူ...သူဒီလိုမ်ိဳးထြက္သြားေတာ့ဘာျဖစ္လို႔လစ္ဟာသြားသလိုခံစားေနရတာလဲ........ကြၽန္ေတာ္ထပ္ခါထပ္ခါ ျငင္းဆန္ခဲ့ေပမယ့္လည္းၾကည့္ရတာအရွင့္ရဲ႕ေႏြးေထြးတဲ့လက္နဲ႔ ကြၽန္ေတာ့ရဲ႕ရႈပ္ပြေနတဲ့ဆံပင္ကိုကိုင္တဲ့အခ်ိန္မွာ ကြၽန္ေတာ့ရင္ေတြလႈပ္ရွားသြားလို႔နဲ႔တူပါတယ္။

သူ႔ရဲ႕သန္မာၿပီး ၾသဇာႀကီးမားလွတဲ့ပုံစံေၾကာင့္ ကြၽန္ေတာ္ဒီအတိုင္းပဲၾကည့္ေနခဲ့တာ။ သူကကြၽန္ေတာ့မ်က္စိထဲဝင္လာယုံတင္မကဘူးကြၽန္ေတာ့ႏွလုံးသားထဲထိ ဝင္လာခဲ့ၿပီပဲ။ ကြၽန္ေတာ့္ရဲ႕တုန္လႈပ္ေနတဲ့ႏွတ္ခမ္းေတြနဲ႔အသက္ကို ခက္ခက္ခဲခဲရႉေနရတယ္။ၾကည့္ရတာကြၽန္ေတာ္ဖ်ားၿပီနဲ႔တူပါတယ္ကြၽန္ေတာ့္ရဲ႕မ်က္လုံးေတြပိုပိုၿပီးေဝဝါးလာတယ္။

"အေမ...အဲ့ဒါအေမ့အျပစ္ေတြပဲ"

ကြၽန္ေတာ္တိုးတိုးေလးေရ႐ြတ္လိုက္မိတယ္။အေမ့ရဲ႕အျပစ္ေၾကာင့္ထုံထိုင္းၿပီး က်န္းမာေရးမေကာင္းတဲ့ သားတစ္ေယာက္ေမြးခဲ့တာ။ ၿပီးေတာ့အခုကြၽန္ေတာ္က ေယာက်ားတစ္ေယာက္ေတာင္ မဟုတ္ေတာ့ဘူး။ ကြၽန္ေတာ္က ေယာက်ားတစ္ေယာက္ကိုရင္ထဲထားေနတဲ့ ေယာက်ားတစ္ေယာက္ျဖစ္ေနၿပီ။

ဘာလို႔လဲ......ဘာျဖစ္လို႔ကြၽန္ေတာ့ကိုဒီကိုလာေအာင္လုပ္လိုက္ရတာလဲ? ဘာျဖစ္လို႔ကြၽန္ေတာ္က အေမ့ရဲ႕အျပစ္ကို ဖုန္းေပးဖို႔အတြက္ ပိုႀကီးတဲ့အျပစ္ကိုက်ဴးလြန္မိရတာလဲ? ဘာျဖစ္လို႔ကြၽန္ေတာ့ကို အမတင္မကပဲ သူ႔ကိုပါ ဒုကၡေပးတဲ့သူျဖစ္ေအာင္ လုပ္ရတာလဲ? ဘာျဖစ္လို႔သူလို သန္မာၿပီးၾသဇာႀကီးမားလွတဲ့သူကို ထိပါးေအာင္လုပ္မယ့္သူမ်ိဳး ျဖစ္ေအာင္လုပ္ရတာလဲ?

ကြၽန္ေတာ္ကတကယ္ကို ပန္းစည္း႐ိုးနန္းေတာ္ထဲက မေကာင္းဆိုးဝါးဝိညာဥ္ပဲ....ကြၽန္ေတာ္ငိုေနရင္းနဲ႔ အ႐ူးလိုပဲရယ္ေနမိတယ္။ ဧကရာဇ္ကို ဒုကၡေရာက္ေစမယ့္ မေကာင္းဆိုးဝါးဝိညာဥ္..ကြၽန္ေတာ္မဆုပ္ကိုင္ႏိုင္တဲ့သူကို ဖက္ထားဖို႔အတြက္ လႈပ္ရွား႐ုန္းကန္ေနတဲ့သူ။ ကြၽန္ေတာ္ကအဆုံးမွာသူ႔ကိုညစ္ပတ္ေစမယ့္မေကာင္းဆိုးဝါးဝိညာဥ္တစ္ကာင္ပဲ။

ေသလည္းမေသႏိုင္ပဲ ဒီမွာေနၿပီး သူ႔ကိုမေကာင္းတဲ့ အေၾကာင္းေတြၾကားရေအာင္လုပ္ေနမိတယ္....ငါ့ကိုတစ္ျခားသူေတြ ေတြ႕သြားရင္ေရာ......?အဲ့ဒါကေျမာက္ဘက္ဧကရာဇ္ရဲ႕ ဂုဏ္သိကၡာကိုပဲ ညႇိဳးႏြမ္းေစမွာ....ၿပီးေတာ့အဲ့ဒါတင္မကေသးဘူး သူ႔ရဲ႕သနားၾကင္နာမႈနဲ႔ သူ႔ကိုသိလိုစိတ္ျပင္းျပေစခဲ့တာေၾကာင့္ ကြၽန္ေတာ္ကပိုၿပီး မာနေထာင္လႊားလာမိတယ္။

ကြၽန္ေတာ္တုန္လႈပ္ေနတဲ့ လက္ေတြကိုျပန္ၿပီး ဆုပ္ကိုင္လိုက္မိတယ္။ကြၽန္ေတာ့လက္မွာ ရွိခဲ့တဲ့ ေႏြးေထြးမႈကတုန႔္ဆိုင္းျခင္းမရွိဘဲ ထြက္ခြါသြားၿပီလို႔ ခံစားလိုက္ရတဲ့အတြက္ ကြၽန္ေတာ့ရင္ေတြနာက်င္ေနမိတယ္။

ကြၽန္ေတာ့ရဲ႕ရင္ေတြနာက်င္ေနတဲ့အတြက္အဲ့ဒါကကြၽန္ေတာ့ကို အသက္ရႈရခက္ခဲေစတယ္။ ကြၽန္ေတာ္စတင္ၿပီးေခ်ာင္းဆိုးလာခဲ့ၿပီ။ ကြၽန္ေတာ့ရဲ႕ျပင္းထန္လွတဲ့ေခ်ာင္းဆိုးမႈေၾကာင့္ ကြၽန္ေတာ္မနက္ကစားခဲ့သမွ် ျပန္ထြက္လာေတာ့ မတတ္ပဲ။ ကြၽန္ေတာ္ ေအးစက္ေနတဲ့ လက္ေတြနဲ႔ပါးစပ္ကိုပိတ္ဖို႔ႀကိဳးစားလိုက္တယ္။ ဒါေပမဲ့အဲ့ဒီေခ်ာင္းဆိုးမႈကမရပ္တန႔္သြားဘူး။ ကြၽန္ေတာ့နားေတြပူေႏြးလာၿပီ...ၾကည့္ရတာကြၽန္ေတာ္တကယ္ ဖ်ားၿပီထင္တယ္.....ကြၽန္ေတာ္ဒီအဖ်ားနဲ႔ပဲေသလိုက္ခ်င္ေတာ့တယ္....အဆုံးမရွိေခ်ာင္းဆိုးေနရင္းနဲ႔ေတာင္မွေပါ့.......။ အဲ့ဒါကမေကာင္းတဲ့အေတြးေတြဆိုေပမဲ့လည္းကြၽန္ေတာ္အဲ့ဒါကို တကယ္ျဖစ္သြားေစခ်င္တယ္..........အဲ့ဒါကိုေတြးၿပီးတာနဲ႔ ကြၽန္ေတာ့ရဲ႕ေခ်ာင္းဆိုးမႈက ပိုျပင္းထန္လာၿပီး ၾကမ္းျပင္ေပၚကို လဲက်ကာ ပ်ိဳ႕အန္လာေတာ့တယ္။

"အရွင္!!!..."

ကြၽန္ေတာ္ေခ်ာင္းဆိုးၿပီး ပ်ိဳ႕အန္ေနတာကို ဆိုအာေတြ႕ေတာ့ အလန႔္တၾကားေအာ္ၿပီး ကြၽန္ေတာ့ကိုကူဖို႔ ေျပးလာခဲ့တယ္။ ကြၽန္ေတာ့ကို ေပြ႕ထားရင္းနဲ႔ ဆိုအာက တစ္ျခားအေစခံေတြကို ေအာ္ေခၚေနတာကို မၾကားတစ္ခ်က္ ၾကားတစ္ခ်က္ ၾကားေနရတယ္။အဖ်ားက ခ်က္ခ်င္းတက္လာၿပီး ကြၽန္ေတာ့္ ျမင္ကြင္းတစ္ခုလုံး ေဝဝါးလာတဲ့အခ်ိန္မွာ ကြၽန္ေတာ္ဗီဒိုကို ျမင္လိုက္ရတယ္။ တကယ္လို႔ ကြၽန္ေတာ္ သာ အဖ်ားက်သြားရင္ အဲ့ဒီဝတ္စုံကို မီးရႈိ႕ပစ္လိုက္ေတာ့မယ္။ သူ႔ကိုကြၽန္ေတာ့ ရင္ထဲထားၿပီး ကတည္းကအဲ့ဒီဝတ္စုံကို မပစ္ထုတ္ႏိုင္ခဲ့တာ။ ထိန္းျမားလက္ထပ္ျခင္းက ကြၽန္ေတာ့ဘာသာလုပ္ခဲ့ျခင္းျဖစ္ေပမယ့္....အရွင္မင္းႀကီးရွိတဲ့ဘက္လွည့္ၿပီးဦးၫႊတ္ကာ မဂၤလာေသရည္ကိုလည္းေသာက္ခဲ့ၿပီးၿပီဆိုေပမယ့္... ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္ အခါခါ ရႈံ႕ခ်ခဲ့ေပမယ့္ အဲ့ဒါကိုကြၽန္ေတာ့လက္နဲ႔ ကိုယ္တိုင္မဖ်က္စီးပစ္ရက္ခဲ့ဘူး။ ဒါေပမဲ့ဒီတစ္ခါေတာ့ဖ်က္စီးပစ္မွရေတာ့မယ္ အဲ့ဒါကိုဒီထက္ပိုၿပီးေတာ့မျမင္ခ်င္ေတာ့ဘူး.....

ကြၽန္ေတာ္ေတြးေနရင္းနဲ႔ ရင္ဘက္ကနာက်င္မႈေၾကာင့္ မ်က္ေမွာင္ႀကဳံ႕လိုက္မိတယ္။ ကြၽန္ေတာ့္ႏွဖူးေပၚက ေခြၽးေတြစီးက်ေနတာကိုေတာင္ ခံစားလို႔ရေနတယ္။ ဒါေပမဲ့ေခ်ာင္းဆိုးတာကေတာ့မရပ္ပါဘူး။ ပ်ိဳ႕အန္ျခင္းမရွိေတာ့ေပမယ့္ ေခ်ာင္းဆိုးျခင္းတစ္ခုတည္းကေတာင္ ကြၽန္ေတာ့အဆုပ္တစ္ခုလုံးေပါက္ထြက္လာေတာ့မတတ္ ခံစားရတယ္။

ဆိုအာကအပူေပးေက်ာက္တုန္းယူၿပီးကြၽန္ေတာ့ေက်ာကုန္းကို ပြတ္ေပးေနတယ္။ ဒါေပမဲ့အဲ့ဒါကလည္း အကူအညီမျဖစ္ပါဘူး။မၾကာခင္ပဲကြၽန္ေတာ့ေခ်ာင္းဆိုးမႈထဲမွာေသြးပါ ပါလာေတာ့တယ္....ကြၽန္ေတာ့အဝတ္ေတြနဲ႔အိပ္ယာခင္းေတြက ကြၽန္ေတာ့ေသြးေတြေၾကာင့္ ညစ္ပတ္ကုန္ၿပီ....

"အရွင္.....!!!!"

ကြၽန္ေတာ္ ဆိုအာေအာ္ေခၚလိုက္တာကို အားနည္းစြာနဲ႔ၾကားလိုက္ရေပမယ့္ ကြၽန္ေတာ့မ်က္လုံးေတြက ေသခ်ာဖြင့္လို႔မရေတာ့ဘူး။ၾကည့္ရတာအဖ်ားေၾကာင့္ ကြၽန္ေတာ့စိတ္ေတြလည္း ေလ်ာ့က်လာၿပီနဲ႔တူပါတယ္။ ကြၽန္ေတာ့အသိစိတ္က အမိုက္ေမွာင္ထဲကို တိုးဝင္သြားၿပီ...

=========

Continue Reading

You'll Also Like

960K 173K 123
Don't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို...
1.1M 187K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...
1.7M 70.7K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
90.4K 7.6K 12
Chinese Manga Translation to Burmese Original Author : Tu Zi Translator & Rewriter : Hanashiro Yuzuki Full Credit to Origin