Zawgyi
အခန္း ၁၀၃ ရတနာမ်ားကုိ တန္ဖိုးျဖတ္ျခင္း
You XiaoMo သူ႔ေခါင္းေမာ့ၾကည့္လိုက္တာနဲ႕ ၾကီးမားခန္႕ညားတဲ႕ ေလလံပြဲ ျပဳလုပ္မယ့္ အေဆာက္အဦးက မိုးထိုးေနသည္။ အံ႕အားသင့္ျပီးေတာ့ ပင့္သက္ရွိဳက္တာသာ သူတတ္ႏို္င္သည္။
ဒီ ေလလံပြဲအဆာက္အဦးက အေတာ့္ကို ၾကီးမားလြန္းသည္။ အိုလံပစ္ ပြဲ က်င္းပဖို႕ ေဆာက္ထားတဲ႕ ‘ ငွက္သိုက္’ ေတာင္ သူ႕မ်က္စိေရွ႕က အေဆာက္အဦးေလာက္ မၾကီးေတာ့။ အဲဒိတုန္းက အိုလံပစ္ပြဲက ျပိဳင္ပြဲေတြၾကည့္ဖို႕ေတာင္ သူအထူးခရီးစဥ္ လုပ္ျပီး သြားေသးသည္။ အဲဒိမွာ ငွက္သိုက္ အေဆာက္အဦးရဲ႕ ခမ္းနားမႈနဲ႕ အရြယ္အစားကို ၾကည့္ျပီးေတာ့ေတာင္ အံၾသခဲ႕ရသည္။ အခု HunJi ျမိဳ႕ရ႕ဲ ေလလံပြဲအေဆာက္အဦးကို ၾကည့္ျပီးေတာ့ အဲဒိႏွစ္ခုကို ႏွိဳင္းယွဥ္ ၾကည့္လုိ႔ေတာင္ မရတာကို သတိထားမိသြားသည္။ ငွက္သိုက္ က အခုအေဆာက္အဦးရဲ႕ တစ္၀က္ေတာင္ မရွိ ထပ္ျပီးေျပာရရင္ သံုးထားတဲ႕ပစၥည္းေတြက အစ သာမာန္မဟုတ္တာ သိသာထင္ရွားသည္။ တစ္ခုလံုးကို အနက္ေရာင္ ေက်ာက္တံုးေတြနဲ႕သာ ေဆာက္ထားသည္။ ဘယ္ေလာက္ ႏွစ္ေတြၾကာေနျပီလဲ ဆိုတာ မေျပာနိုင္ေပမယ့္ ပြန္းရ ျခစ္ရာေလး တစ္ခုေတာင္ ရွိမေန။
ဒီအဆာက္အဦးၾကီးရဲ႕ နာမည္က ၾကယ္ခုနစ္လံုး ေလလံအိမ္ ဟု ေခၚသည္။ ေနာက္ကြယ္ကေန အရမ္းကုိ သန္မာျပီး အင္အားရွိတဲ႕HunJiျမိဳ႕ရဲ႕ သခင္ က ေထာက္ပံ့ေပးထားသည္ဟု ဆိုၾကသည္။ သူ႕ရဲ႕အမိန္႕ေအာက္မွာ သန္မာတဲ႕ စစ္သားေတြနဲ႕ သတၱိရွိတဲ႕ ဗိုလ္ခ်ဳပ္ေတြ ရွိသည္။ ဒါေၾကာင့္လဲ ဘယ္သူမွ ၾကယ္ခုနစ္လံုးေလလံအိမ္ကို ျပႆနာမရွာရဲၾကျခင္းျဖစ္သည္။
ၾကယ္ခုနစ္လံုးေလလံအိမ္ အျပင္က တံခါးနားတြင္ ခြ်န္ထက္တဲ႔ လက္နက္ေတြ ကိုင္ထားတဲ႕ အမည္းေရာင္ယူနီေဖာင္း၀တ္ အေစာင့္ ႏွစ္ဆယ္ဦးထက္ မနည္းရွိသည္။ သူတို႕ရဲ႕ မ်က္လံုးေတြက တိုးေဖာက္ျမင္ႏိုင္တဲ႕ သိမ္းငွက္ေတြ အလား လမ္းေပၚသြားလာေနတဲ႕ လူေတြအေပၚေကာ ေလလံအိမ္ထဲကို ၀င္ထြက္ေနတဲ႕ လူေတြအေပၚမွာပါ အကဲခတ္ေနၾကသည္။ သူတို႕ေတြဆီက ထုတ္လႊတ္ေနတဲ႕ စြမ္းအင္ေတြေၾကာင့္ You XiaoMo ကို အားနည္းသလို ခံစားရေစတာမို႕ သူ႕မ်က္လံုးထဲမွာ အံၾသမႈေတြက အတိုင္းသာျပေနသည္။ ဒီလူေတြက အေတာ္ကို အထင္ၾကီးဖို႕ ေကာင္းတာပဲ Long Xiao တိုက္ရဲ႕ တတိယ အၾကီးဆံုး ျမိဳ႕ ျဖစ္ေနတာကို အံ႕အားသင့္စရာ မလိုေတာ့ ဒီလုိ အရာေတြ ပုိင္ဆို္္င္ထားဖို႕ ဆိုတာကလဲ ခြန္အားၾကီးတဲ့ ေခါင္းေဆာင္ျဖစ္သည္ေလ။
သူတို႔ေပၚလာတာနဲ႕ ႏွစ္ဆယ္ႏွင့္ အထက္ ရွိတဲ႕ ယူနီေဖာင္းအနက္ေရာင္၀တ္ အေစာင့္ေတြထဲက ခုနစ္ေယာက္ ရွစ္ေယာက္က မ်က္လံဳးေတြကသူတို႕ဆီေရာက္လာသည္။ တကယ္တမ္း ေျပာရမယ္ဆိုရင္ သူတို႕ ၾကည့္တာက Ling Xiao ကို။ You XiaoMoေလးကို ေတာ့ လံုး၀ကို အာရံုကို မထား။
လွည္းေပၚကေန ဆင္းျပီးတာနဲ႕ Ling Xiao က မီးဟုန္းဟုန္းေတာက္ျမင္းကို အသာပြတ္သပ္ေပးျပီးေတာ့ နားနားကပ္ကာ ေလသံတုိးတိုး နဲ႔ “သြား မင္းဘာသာ အဆင္ေျပတဲ႔ေနရာ ရွာျပီး ေစာင့္ေန”
အဲဒိစကားနဲ႕တင္ မီးဟုန္းဟုန္းေတာက္ ျမင္းက သူ႕ဘာသာ လွည္းကို ျပန္လွည့္ျပီး ျမိဳ႕တံခါးဆီကို ကဆုန္ေပါက္ ေျပးသြားေတာ့သည္ ။
You XiaoMo အသံၾကားလုိ႔ လွည့္ၾကည့္တဲ့ အခ်ိန္က်ေတာ့ အဆုိပါ ျမင္ကြင္းကို ျမင္သြားသည္။ သူအံ႔အားသင့္သြားျပီး မီးဟုန္းဟုန္းေတာက္ ျမင္းကို သြားျပန္ဆြဲဟန္ျပင္ေနတုန္း Ling Xiao ကေအးေအးေဆးေဆး သူ႕ဘက္ကို လွမ္းဆြဲလိုက္သည္။
“ဘာလို႔ ျပန္ဆြဲထားတာလဲ ျမင္းက ထြက္သြားျပီေလ”
You XiaoMoက ခ်က္ခ်ငး္အေလာတၾကီးျပန္ေျပာသည္။
“စိတ္မပူနဲက သူထြက္ေျပးလုိ႔မရဘူး” Ling Xiao အသာႏွစ္သိမ့္လုိ္က္သည္။
You XiaoMo ေနာက္ျပန္လွည့္ျပီး သူေျပာတာ မွန္ရဲ႕လားဆိုတဲ႕အၾကည့္နဲ႕ ၾကည့္ေနသည္။ ဒါေပမယ့္ မွန္ သလား မွားသလားက အခုအခ်ိန္မွာေျပာဖို႕ အလြန္ေနာက္က်သြားေလျပီ မီးဟုန္ဟုန္းေတာက္ျမင္းကလဲ အစပင္ ရွာမရေတာ့ေအာင္ပင္ ထြက္သြားေလျပီ။
အနက္ေရာင္၀တ္အေစာင့္ေတြရဲ႕ အၾကည့္ေတြေအာက္မွာပင္ Ling Xiao You XiaoMoကို ေကာက္ေပြ႕ျပီး ေလလံအိမ္ထဲကို ၀င္ေနတဲ႕ လူေတြနဲ႕ ေရာျပီး ၀င္သြားသည္။
ေလလံပြဲက မစေသးေပမယ္ အ၀င္အထြက္ လုပ္ေနသူ အမ်ားအျပားတာ့ ရွိသည္။ က်ယ္ျပန္႕တဲ႕အတြင္းပိုင္းမွာလဲ အဆံုးနုိင္တဲ႕ လူပင္လယ္ၾကီးက ဥဒဟို ေရြြေနၾကည္သည္။ You XiaoMo ကေတာ့ Ling Xiao က သူ႔ကို ေအာက္ခ်ေပးျပီး ခန္းမၾကီးရဲ႕ အလယ္ေကာင္ကို ဆြဲေခၚလာသည့္တုိင္ အလြန္႕ကို က်ယ္ေျပာလွတဲ႕ ေနရာၾကီးကို ၾကည့္ျပီး ေၾကာက္ရြံေနဆဲ။
ခန္းမၾကီးရဲ႕ အလယ္ေခါင္ အေပၚဘက္မွာ ေက်ာက္စိမ္းနဲ႕ လုပ္ထားတယ္လို႕ ထင္ရတဲ႕ အနက္ေရာင္ပိတ္ကားတစ္ခ်ပ္ကို ခ်ိတ္ဆြဲထားသည္။ မ်က္ႏွာျပင္ေပၚမွာေတာ့ ပစၥည္းအမ်ားစုကို အၾကမ္းဖ်ငး္ ေဖာ္ျပထားသည္။ အဲဒိမွာ ေမွာ္ေဆးလံုးေတြ၊ ေမွာ္ေဆးပင္ေတြ၊ နည္းနာေတြ နဲ႕ ေလလံတင္မယ့္ အျခားေသာ စရာေတြကုိ ေဖာ္ျပထားသည္။ ၾကယ္ခုနစ္လံုးရဲ႕ စံႏႈန္းေတြအရ အဆင့္နိမ့္ ေဆးလံုးေတြနဲ႕ ေဆးပင္ကို ဒီမွာ ေဖာ္ျပခြင့္မရွိ၊
You XiaoMo ေခါင္းကိုထုတ္္ျပီး သင္ပုန္းေပၚက ပစၥည္းေတြကို စစ္ေဆးလိုက္သည္။ အျခားသူေတြအတြက္ကေတာ့ ဒါေလက ပံုမွန္ပစၥည္းေတြပ္ ဒါေပမယ့္ သူ႕အတြက္ကေတာ့ ဒါေတြက သူလုိအပ္တာေတြပဲ ျဖစ္ေနည္။ ရွားပါးတဲ႕ ပစၥည္းေတြကေတာ့ သင္ပုန္းမွာ မၾကာ္ျငာထား။ အကယ္လုိ႕ အဲဒါေတြကို သူရမယ္ဆိုဦးေတာ့ အခုခ်ိန္မွာ အဲဒါေတြကို သူခံစားဖို႕လဲ အခြင့္အေရး မရွိ။ ေသခ်ာေအာင္ေျပာရရင္ သူကအခုခ်ိန္မွာ ငမြဲပင္ သူ႕မွာ အခု ရွိေနတာ ဆယ္ျပားလား ဘာလားေတာင္ မေသခ်ာ။
Lin Xiao ေဘးဘီ၀ဲယာ တစ္ခ်က္ ၾကည့္လုိက္ေတာ့ ရတနာမ်ားတန္ဖိုးျဖတ္သည္လုိ႕ ေရးထားတဲ႕ ေက်ာက္တံုးအခန္းေလးကုိ မ်က္စိက်သြားသည္။ လူထြားၾကီးႏွစ္ဦး က တံခါးကို ေစာင့္ေနသည္။ သူတို႕ လမ္းေလွ်ာက္လာတာျမင္တာနဲ႕ သူတို႕ကို ေပး၀င္ခင္ ဖ်တ္ခနဲ တစ္ခ်က္ၾကည့္သည္။
You XiaoMo LinXiaoရဲ႕ အေနာက္ကေန ေခါင္းကေလးထုတ္ျပီး ေက်ာ္ၾကည့္လုိက္ေတာ့ လွ်ိဳ႕၀ွက္အခန္းေလးေတြ အမ်ားၾကီးကို ျမင္ရသည္။ အထဲက လူေတြရဲ႕ လႈပ္ရွားမႈေတြကို လဲ ေရးေရးေလး ျမင္ႏိုင္သည္။ ဒီလို သီးျခားလုပ္ထားတာက ရတနာေတြကို ယူလာတဲ႕သူေတြက အျခားသူေတြမျမင္ေစပဲနဲ႕ တန္ဖိုးသတ္မွတ္ျခင္းကို ျပဳလုပ္ ႏိုင္သည္။ ဒီနည္းနဲ႕ အလစ္သုတ္မယ့္ သူေတြ လိမ္ညာတဲ႔ သူေတြကို လဲ ေရွာင္ဖယ္နိုင္သည္။
သူၾကည့္ေနတုန္းမွာပဲ မလံု႕တလံု ၀တ္ထားတဲ႕ အေစခံ၀န္ထမ္း အမ်ိုဴးသမီးတစ္ေယာက္ သူတို႕ဆီ ေလွ်ာက္လာသည္။ ႏွင္းလုိေဖြးေနတဲ႕ ရင္ကို ေဖာ္ထားတာက အျပင္ ခုန္ထြက္ေတာ့မတတ္ ေဖာ္တဲ႔ေနရာကေတာ့ ေခတ္သစ္အခ်ိန္ထက္ေတာ့ မေလ်ာ့။ ထုိအေစခံရဲ႕ မ်က္လံုးက You XiaoMo ကို တစ္ခ်က္သာ ၾကည့္ျပီး အရပ္ရွည္ျပီး ခန္႕ညားလွတဲ႕ Ling Xiao ေပၚမွာ အၾကည့္မလႊဲပဲ အျပံဳးတစ္ခုနဲ႕ ရုတ္တရက္ဆြဲေဆာင္လုိက္သည္။ နားေထာင္သူေတြ စိတ္လြတ္ေလာက္တဲ႕ အသံမ်ိဳးေလးနဲ႕ “ဆရာ ႏွစ္ေယာက္က ပစၥည္းေတြကို ရာျဖတ္ဖိုု႕လာတာလား ေလလံတင္ခ်င္လို႕ လာတာလားရွင့္”
အေစခံကို သတိလြတ္ျပီး ေငးေနတဲ႕ You XiaoMoရဲ႕ အၾကည့္ကို ျမင္တာနဲ႕ Ling Xiao တစ္ခြန္းပဲ ျပန္ေျဖလုိက္သည္။ သူ႔မ်က္ႏွာကလဲ မေက်နပ္မႈေၾကာင့္ မႈန္ကုတ္သြားသည္။ အေစခံ၀န္ထမ္းေလးကေတာ့ Ling Xiao က သူစကားေျပာတဲ႕ ေလသံကို မၾကိဳက္ဘူးလုိ႕ ထင္တာေၾကာင့္ ခ်က္္ခ်င္းကို အကူအညီေပးတဲ႕ပံုစံကို ေျပာင္းလဲလုိက္ျပီး လ်ိဳ႕၀ွက္ခန္း တစ္ခုကို တေလးတစားနဲ႕ ပို႕ေဆာင္ေပးသည္
အမ်ိဴးသမီးလွည့္ထြက္သြားတာနဲ႕ You XiaoMoကို လွမ္းကိုင္လုိက္ျပီး Ling Xiaoတစ္ေယာက္ မသာမယာေမးေတာ့သည္။
“ဘာေတြ ၾကည့္ေနတာလဲ”
You XiaoMoက သူ႔အမူအယာကို သတိမထားမိပဲ အံ႕အားတၾကီးနဲ႕ “အေစာက မိန္းမေလ အဲသေလာက္ ပြင့္လင္းလိမ္႔မယ္လို႕ ကၽြန္ေတာ္ထင္မထားဘူး သူတို႕ေတြ ပိုျပီး ထိန္းထိန္းသိမ္းသိမ္းေနသင့္တယ္လုိ႕ထင္တယ္ အေတာ္ ဆိုးတာပဲ”
“အဲဒိေတာ့ ညီေလးမင္းက အဲဒိလုိ မိန္းမမ်ိဳးကို ၾကိဳက္လား” Ling Xiao မ်က္လံုးေလး အသာေမွးရင္းနဲ႕ ႏူးႏူးညံ႔ညံ႔ေလး ေမးလုိက္သည္။
“မျဖစ္ႏိုင္တာ” You XiaoMo မစဥ္းစားပဲနဲ႕ ျပန္ေခ်ပလုိက္သည္။ “ကၽြန္ေတာ္က မ်က္ခံုးလွျပီး အျပစ္ကင္းတဲ႔ ပံုစံေလးေတြ ပိုၾကိဳက္တာ ဒီဟာၾကီးက သြက္လြန္းတယ္ မၾကိဳက္ဘူး”
သူ႔ရဲ႕ျပန္ေခ်ပတာကို ၾကားလုိက္တဲအခါ Ling Xiao ရဲ႕ အမူအယာက ခ်က္ခ်င္းေတာ္ေတာ္ကို ေပ်ာ့ေျပာင္းသြားသည္။ ဒါေပမယ့္သူ႔အေပ်ာ္က စကၠန္႕ပိုင္းေလာက္သာ ခံလုိက္ျပီး ေနာက္ပိုင္းက ဟာေတြၾကားတဲ႔ အခါမွာေတာ့ ပတ္၀န္းက်င္က မုန္တိုင္းထန္မယ့္ အရိပ္အေယာင္ေတြ ေပၚလာေပမယ့္ ေသခ်ာတဲ႕လူတစ္ေယာက္ကေတာ့ ဘာေတြျဖစ္ေနသလဲဆိုတာ မသိေသး
“မင္းက လွျပီး အျပစ္ကင္းတဲ႕သူမိ်ဳးကို ၾကိဳက္တာလား”
Ling Xiao သူ႔ေဘးကလူကုိ ခပ္တင္းတင္းဖက္လုိက္သည္။ သူ႕ပင့္သက္ေတြက ပူထူလာေပမယ့္ စကားလံုးေတြက ေတာ့ေရခဲေတြ သံုးလက္မေလာက္ခဲေနသလုိကို ေအးစက္ျပီး ျပတ္သားလွသည္။ သူ႔စကားေတြက မ်က္ခံုးလွတယ္ဆိုတာက မိန္းမေတြကို ဆိုလိုမွန္း သူ ေကာက္ခ်က္ခ်ႏိုင္သည္။ ေနာက္ဆံုးက်မွသာ ေသခ်ာတဲ႕ ခပ္တံုးတံုးလူရြယ္ေလးက နားလည္သြားသည္။ သူေမာ့ၾကည့္လုိက္ေတာ့ အရမး္ကို ခ်ိဳခ်ိဳသာသာျပံဳးေနတဲ႕ Ling Xiao ကို သူျမင္လုိက္သည္။ မ်က္လံုးေတြက အစ ျပံဳးေနာ အခုပဲ ေျပာစရာ ရွိတာက အဲဒါေတြက လူယုတ္မာအျပံဳးဘက္ ေရာက္ေနတာပါပဲ ရုတ္တရက္ You XiaoMoရဲ႕ ႏွလံုးသားထဲမွာ သတိေပးေခါင္းေလာင္းသံေတြ ဆူညံသြားသည္။
ဒါ အဆံုးသတ္ပဲ အဆံုးပဲ Ling Xiao အဲလိုျပံဳးတာကို သူတို႕ စျပီးဆံုထဲက တစ္ခါမွ မျမင္ခဲ႕စဘူး။ ႏွစ္ဆယ့္တစ္ရာစုမွာ Black Friday ရွိသည္ Ling Xiao မွာ Black Smile ရွိ…….
“အ အကိုၾကီးLing ကၽြန္ …..ေတာ္တို႕ ၀င္သင့္…….”
You XiaoMo ေၾကာက္ျပီး အသံေတြတုန္ေနသည္။ ႏွလံုးသားႏုငယ္တဲ႕ သူေလးက ဒီေနရာမွာတင္ ဆုတ္ျဖဲခံေနရသလုိမ်ိဳး ဒီတစ္ၾကိမ္ကေကာ ဘာျဖစ္တာလဲ မ်က္ရည္ေတာင္ က်ခ်င္လာျပီေနာ္
မင္း ငါ့ေမးခြန္းကိုမေျဖရေသးဘူးေလ Ling Xiao အသာေလး ျပံဳးျပလုိက္သည္
ေၾကာက္ရြံ႕မႈ၊ သူ ေၾကာက္စရာဇာတ္လမ္းေတြ ၾကည့္ေနတဲ႕ အခ်ိန္နဲ႕ ႏိႈငး္ယွဥ္ၾကည့္ရင္ ဒီအျပံဳးက ပိုျပီးေတာ့ ေၾကာက္ဖို႕ ေကာင္းသည္။ ေတာ္သးတာေပါ့ သူအရိပ္အျမြက္ေတာ့ နားလည္လုိက္သည္ ဒီအျပံဳးၾကီးက သူ႔တစ္ဘ၀လံုးကို ေျခာက္လန္႕ေတာ့မွာ။ အခု သူ႕ကို ျပံဳးျပီး ၾကည့္ေနတာနဲ႕တင္ သူ႕ႏွလံုးသားက ေၾကာက္လန္႕မႈေၾကာင့္ တုန္လႈပ္ေနသည္။
“ဒါ …..က နားလည္မႈ လြဲတာပါ” You XiaoMo သေတြးမ်ိဳခ်လုိက္သည္ သူ႔မ်က္လံုးအိမ္က ထြက္ေပါက္ကို အသဲအသန္ရွာေနသလုိမ်ိဳး တျဖည့္းျဖည္း ၀ိုင္းစက္လာသည္။
“ဘာကို ငါက နားလည္မႈ လြဲတာလဲ” Ling Xiao မ်က္လံုးေတြ က်ဥ္းသြားသည္။
You XiaoMo ရဲ႕ မ်က္လံုးေတြကို သူအာရံုစိုက္ျပီး ေျပာေနသလုိ ၀ိုင္း၀ိုင္းလာသည္ ။
“ကၽြန္ေတာ္ေျပာတဲ႕ ၾကိဳက္တယ္ ဆိုတာက တကယ္ေတာ့…. လုိလားတာ၊ ဟုတ္တယ္ ကၽြန္ေတာ္ ဆိုလိုတာက လုိလားတာ အေစာက အကိုၾကီးေတြ႕လုိက္သလိုမ်ိဳးပဲေလ အဲဒိ အေစခံ ၀တ္ထားတာက ေဖာ္လြန္းတယ္ေလ သိကၡာမရွိေအာင္ကို ဖိတ္ေခၚေနသလုိမ်ိဳး အဲလို မိန္းမမ်ိဳးကို ဘယ္သူက ၾကိဳက္မွာလဲ ေနာ့္. အဲဒါေၾကာင့္ အျပစ္ကင္းတာက ပိုေကာင္းတယ္ေလ အနည္းဆံုးေတာ့ လက္ထဲက ထြက္မသြားဘူးေပါ့….”
Ling Xiao မ်က္ခံုးေတြျမင့္တက္ကာ ေန႕တစ္၀က္ေလာက္ၾကာေအာင္ မ်က္လံုးက်ဥ္းမ်ားနဲ႕ ၾကည့္ျပီး “ဟုတ္လို႔လား”
“ဒါေပါ့” You XiaoMo ေခၽြးေတြသုတ္လုိက္ျပီး ေသခ်ာတဲ႕အေနနဲ႕ ေခါင္းပါ တဆတ္ဆတ္ ျငိမ့္ျပလုိက္သည္။
သူဘယ္လိုလုပ္ မဟုတ္ဘူးလုိ႕ ေျပာရဲမွာလဲ အကယ္လုိ႕ သူသာ ေခါင္းခါျပီး ေျပာထဲ့လုိက္လို႕ကေတာ့ Ling Xiao လက္ခ်က္နဲ႕ သူေသသြားနုိင္သည္။ သူရဲ႕ ဘ၀ေလးက ဖူးရာကေန အခုမွ ပြင့္ဖို႕ တာဆူေနတာ သူတကယ္ကို ျမန္ျမန္ဆန္ဆန္ မေသခ်င္ေသးပါ
“ညီေလး စကားေတြကလဲ ျဖစ္နုိင္တာပဲ…..”
Ling Xiao သူ႕ရဲ႕ ျခိမ္းေျခာက္တဲ႕ အၾကည့္ေတြကို ျပန္သိမ္းသြားတာနဲ႕ သူ႕ရဲ႕ ၾကည့္ေကာင္းတဲ႕ နဂို ခန္႔ညားမႈေတြ ျပန္ေရာက္လာသည္ ပခံုးကို အသာပုတ္ျပီး ပီတိအျပံဳးေလးနဲ႕ “ဒီတစ္ၾကိမ္ေတာ့ မင္းကို လႊတ္ေပးလုိက္မယ္ေနာ္”
You XiaoMo ၀မ္းနည္းဖြယ္ေကာင္းစြာပင္ ေက်းဇူးအထူးတင္သြားမိသြားသည္ သူဒီေန႕ ထြက္တဲ့ ေခၽြးေစးေတြက ဟိုးအရင္ ထြက္ဖူးတာေတြေပါင္းတာနဲ႕ ညီတာကို ေကာင္းကင္ဘံုေတာ့ သိမွာပါ
အေစခံ၀န္ထမ္း ညႊန္ျပသြားတဲ႕ လွိ်ဳ႕၀ွက္ခန္းထဲကို ႏွစ္ေယာက္ ၀င္လုိက္ၾကသည္။ အထဲေရာက္တာနဲ႕ You XiaoMo က တံခါးကို ခ်က္ခ်င္းပိတ္လိုက္သည္။ တံခါးက သံနဲ႕ ျပဳလုပ္ထားတာျဖစ္သည္ အရမ္းကို ထူျပီးေတာ့ အသံလံုသည္ အျပင္က လူေတြ ခိုးနားေထာင္မွာကို လဲ ကာကြယ္ေပးနုိင္သည္။
လွိ်ဳ႕၀ွက္အခန္းက အရမ္းေတာ့ မၾကီး။ အလယ္ေခါင္မွာေတ့ ဆံပင္မီးခိုးေရာင္ႏွင့္ အသက္ၾကီးၾကီး လူၾကီးတစ္ေယာက္ မတ္တပ္ရပ္ေနသည္။ အဆိုပါ အဖိုးၾကီးကလဲ အမဲေရာင္၀တ္စံုကို ၀တ္ဆင္ထားသည္ သူ႕မ်က္ႏွာက အေရးအေၾကာင္းေတြနဲ႕ ျပည့္ေနေပမယ့္ သူ႕မ်က္လံုးေတြကေတာ့ လိမၼာပါးနပ္စြာနဲ႕ ေတာက္ပေနသည္။ အခုေတာင္ သူ႔ရဲ႕ ထိုးထြင္းျမင္နုိ္င္တဲ႕ အၾကည့္ေတြက သူတို႕ကို အကဲခတ္ေနသည္။
You XiaoMo ကေတာ့ အဲဒိအဖိုးၾကီးက ေမွာ္ဆရာျဖစ္မယ္ဆိုတာ ရွာေဖြေတြ႕ရွိသြားသည္။ သူဘာလုိ႕သိတာလဲ ဆိုေတာ့ သူအျခားတစ္ေယာက္ဆီကေန သန္မာတဲ႕ စိတ္၀ိဥာဏ္ကို ခံစားမိသည္။ သိုင္းသမားေတြက ေမွာ္ဆရာေတြ မဟုတ္ၾက။ သူတို႕က စိတ္၀ိဥာဏ္ကို ေလ့က်င့္လို႕မရတာေၾကာင့္ ေမွာ္ဆရာေတြနဲ႕ ယွဥ္တဲ့အခါက်ရင္ အနည္းငယ္ အားနညး္တတ္ၾကသည္။
“ေက်းဇူူးျပဳျပီး ထုိင္ပါဦး”
အဖိုးၾကီးက စားပြဲခံုေရွ႕က ထုိင္ခံုႏွစ္ခုကို ညႊန္ျပလုိ္က္သည္။ ထုိင္ျပီးတာနဲ႕ သူက ေအးေအးေဆးေဆးႏွင့္ စကားစေျပာေတာ့သည္ “ဒီက ဆရာႏွစ္ေယာက္ က ရတနာကို ရာျဖတ္ခ်င္တာဆိုရင္ အခု ထုတ္လုိ႕ ရပါျပီ”
You XiaoMo ထိုင္ခ်လုိက္ျပီး သူ႔ေမွာ္အိတ္ထဲေန အိတ္အရြယ္အစားေလာက္ရွိတဲ႕ ေရခဲ တံုးၾကီးကို ဆြဲထုတ္ျပီး စားပြဲေပၚကို တင္လုိက္သည္။
အဖိုးၾကီး ထင္ထားတာက သူတို႕ေတြ ေမွာ္ေဆးလုံးေတြနဲ႕ အျခားသူနဲ႕ ဆင္တူတဲ႕အရာေတြပဲ ယူလာမယ့္ ထင္ထားသည္။ ရုတ္တရက္ၾကီး ေရခဲတံုးၾကီးကို ျမင္လိုက္ရတဲံ အခါက်ေတာ့ မ်က္လံုးေတြေတာင္ ေမွးဆင္းသြားသည္။ သူက နဲနဲေတာ့ အံ႕အားသင့္သြားေပမယ့္ ေလလံပြဲကို လာတဲ႕ ပစၥည္းေတြက ဆန္းက်ယ္တဲ႕ ပစၥည္းေတြသာျဖစ္ရမည္ ေရခဲတုံုးထဲကေန စိတ္စြမ္းအားေတြကို အာရုံခံလုိက္မိတဲ႕အခ်ိန္က်ေတာ့ သူၾကက္သီးေတြေတာင္ ထြက္သြားသည္။ မ်က္လံုးေတြလဲ ခ်က္ခ်င္း က်ယ္ထြက္ သြားသည္။ “ဒါက ….”
အဖိုးၾကီးက ေရခဲတံုးကို သူ႕နွာေခါင္းနားကို ဆြဲယူျပီးအနံ႕ခံၾကည့္သည္. မ်က္ႏွာ အမူအယာပါ ေျပာင္းလဲသြားသည္ ။
“ဒါ စိတ္၀ိဥာဏ္အရည္ေတြမလား”
စိတ္၀ိဥာဏ္အရည္ ဆိုတာက ရတနာတစ္မ်ိုဳပဲျဖစ္သည္ Long Xiao တိုက္မွာဆိုရင္ အလြန္႕ကို ရွားပါးသည့္စာရင္း၀င္သည္။ ဘာလို႕လဲဆိုေတာ့ အဲဒါက သိုင္းသမားေတြရဲ႕ ၀ိဥာဏ္ခြန္အားကို အသစ္ျပန္ျဖစ္ေစသည္။ တိုက္ပြဲရဲ႕ အလယ္ေခါင္္မွာဆိုရင္လဲ ဒါမိ်ဳးအရာက အသက္ကယ္ေမွာ္ေဆးလံုးနဲ႕ တန္းညီသည္။ ဒါမိ်ဳးက သိုင္းသမားတိုင္း က အျမဲတမ္း အိမ္မက္ မက္ေနရတာမ်ိဳးျဖစ္သည္။ ဘယ္သူကမွ မေရာင္းခ်င္တာေၾကာင့္လဲ ဒါက တန္ဖိုးသတ္မွတ္ခ်က္ပင္ မရွိ။
You XiaoMo ေခါင္းညိမ့္လိုက္သည္။ “ ဒါက နဲနဲပဲ ရွိေသးတာ တစ္ခ်က္ေလာက္ ၾကည့္ျပီးေတာ့ ေလလံတင္ရင္ ေစ်းဘယ္ေလာက္ရမလဲ ဆိုတာ ေျပာေပးပါ”
အဖိုးၾကီးက စိတ္လႈပ္ရွားေနတဲက မ်က္ႏွာကို တည္ျငိမ္ေအာင္ ျပန္ထိန္းလုိက္ျပီး ေနာက္တစ္ၾကိမ္ ေသခ်ာေအာင္ ထပ္ၾကည့္လုိက္သည္။ သူစကားမေျပာခင္ အရင္ေတြးဆျပီးမွ “ ဒါက တကယ့္ကို စိတ္၀ိဥာဏ္ အရည္ပဲ ဒါေပမယ့္ သူက မစင္ၾကယ္ဘူး အထဲမွာ မသန္႕ရွင္းမႈေတြ ရွိတယ္။ မသံုးခင္မွာ သန္႕စင္မႈေတြ လုပ္ဖို႕ လုိလိမ့္တယ္ အဲဒါေၾကာင့္မို႕လို႕ ဒီအရြယ္အစား နဲ႕ဆို စိတ္၀ိဥာဏ္တစ္စက္ပဲ ရလိမ့္မယ္ HunJi ျမိဳ႕ရဲ႕ သတ္မွတ္ခ်က္နဲက ခန္႕မွန္းရမယ္ဆိုရင္ စိတ္၀ိဥာဏ္အရည္ တစ္စက္က အနည္းဆံုး တစ္သိန္း ရလိမ့္မယ္”
You XiaoMo အရသာစံုကို ျမည္းလုိက္ရသလုိပင္……
ဒီေလာက္အတုံးၾကီးက တကယ္တမ္းက်ေတာ့ စိတ္၀ိဥာဏ္အရည္ တစ္စက္ပဲ ရမယ္ ဒါေပမယ့္ ေပးႏိုင္တဲ႔ေစ်းကေတ့ာ တစ္စက္ကို တစ္သိန္းေတာင္တဲ႕လား ဒါသူေမွ်ာ္လင့္တာထက္ေတာင္မ်ားေနေသးသည္။ သူထင္ထားတာက တစ္ေသာင္းထက္ေတာ့ မပ္ိုေလာက္ဘူးေပါ့
Unicode
အခန်း ၁၀၃ ရတနာများကို တန်ဖိုးဖြတ်ခြင်း
You XiaoMo သူ့ခေါင်းမော့ကြည့်လိုက်တာနဲ့ ကြီးမားခန့်ညားတဲ့ လေလံပွဲ ပြုလုပ်မယ့် အဆောက်အဦးက မိုးထိုးနေသည်။ အံ့အားသင့်ပြီးတော့ ပင့်သက်ရှိုက်တာသာ သူတတ်နိုင်သည်။
ဒီ လေလံပွဲအဆာက်အဦးက အတော့်ကို ကြီးမားလွန်းသည်။ အိုလံပစ် ပွဲ ကျင်းပဖို့ ဆောက်ထားတဲ့ ‘ ငှက်သိုက်’ တောင် သူ့မျက်စိရှေ့က အဆောက်အဦးလောက် မကြီးတော့။ အဲဒိတုန်းက အိုလံပစ်ပွဲက ပြိုင်ပွဲတွေကြည့်ဖို့တောင် သူအထူးခရီးစဉ် လုပ်ပြီး သွားသေးသည်။ အဲဒိမှာ ငှက်သိုက် အဆောက်အဦးရဲ့ ခမ်းနားမှုနဲ့ အရွယ်အစားကို ကြည့်ပြီးတော့တောင် အံသြခဲ့ရသည်။ အခု HunJi မြို့ရဲ့ လေလံပွဲအဆောက်အဦးကို ကြည့်ပြီးတော့ အဲဒိနှစ်ခုကို နှိုင်းယှဉ် ကြည့်လို့တောင် မရတာကို သတိထားမိသွားသည်။ ငှက်သိုက် က အခုအဆောက်အဦးရဲ့ တစ်ဝက်တောင် မရှိ ထပ်ပြီးပြောရရင် သုံးထားတဲ့ပစ္စည်းတွေက အစ သာမာန်မဟုတ်တာ သိသာထင်ရှားသည်။ တစ်ခုလုံးကို အနက်ရောင် ကျောက်တုံးတွေနဲ့သာ ဆောက်ထားသည်။ ဘယ်လောက် နှစ်တွေကြာနေပြီလဲ ဆိုတာ မပြောနိုင်ပေမယ့် ပွန်းရ ခြစ်ရာလေး တစ်ခုတောင် ရှိမနေ။
ဒီအဆာက်အဦးကြီးရဲ့ နာမည်က ကြယ်ခုနစ်လုံး လေလံအိမ် ဟု ခေါ်သည်။ နောက်ကွယ်ကနေ အရမ်းကို သန်မာပြီး အင်အားရှိတဲ့HunJiမြို့ရဲ့ သခင် က ထောက်ပံ့ပေးထားသည်ဟု ဆိုကြသည်။ သူ့ရဲ့အမိန့်အောက်မှာ သန်မာတဲ့ စစ်သားတွေနဲ့ သတ္တိရှိတဲ့ ဗိုလ်ချုပ်တွေ ရှိသည်။ ဒါကြောင့်လဲ ဘယ်သူမှ ကြယ်ခုနစ်လုံးလေလံအိမ်ကို ပြဿနာမရှာရဲကြခြင်းဖြစ်သည်။
ကြယ်ခုနစ်လုံးလေလံအိမ် အပြင်က တံခါးနားတွင် ချွန်ထက်တဲ့ လက်နက်တွေ ကိုင်ထားတဲ့ အမည်းရောင်ယူနီဖောင်းဝတ် အစောင့် နှစ်ဆယ်ဦးထက် မနည်းရှိသည်။ သူတို့ရဲ့ မျက်လုံးတွေက တိုးဖောက်မြင်နိုင်တဲ့ သိမ်းငှက်တွေ အလား လမ်းပေါ်သွားလာနေတဲ့ လူတွေအပေါ်ကော လေလံအိမ်ထဲကို ၀င်ထွက်နေတဲ့ လူတွေအပေါ်မှာပါ အကဲခတ်နေကြသည်။ သူတို့တွေဆီက ထုတ်လွှတ်နေတဲ့ စွမ်းအင်တွေကြောင့် You XiaoMo ကို အားနည်းသလို ခံစားရစေတာမို့ သူ့မျက်လုံးထဲမှာ အံသြမှုတွေက အတိုင်းသာပြနေသည်။ ဒီလူတွေက အတော်ကို အထင်ကြီးဖို့ ကောင်းတာပဲ Long Xiao တိုက်ရဲ့ တတိယ အကြီးဆုံး မြို့ ဖြစ်နေတာကို အံ့အားသင့်စရာ မလိုတော့ ဒီလို အရာတွေ ပိုင်ဆို်င်ထားဖို့ ဆိုတာကလဲ ခွန်အားကြီးတဲ့ ခေါင်းဆောင်ဖြစ်သည်လေ။
သူတို့ပေါ်လာတာနဲ့ နှစ်ဆယ်နှင့် အထက် ရှိတဲ့ ယူနီဖောင်းအနက်ရောင်ဝတ် အစောင့်တွေထဲက ခုနစ်ယောက် ရှစ်ယောက်က မျက်လုံးတွေကသူတို့ဆီရောက်လာသည်။ တကယ်တမ်း ပြောရမယ်ဆိုရင် သူတို့ ကြည့်တာက Ling Xiao ကို။ You XiaoMoလေးကို တော့ လုံးဝကို အာရုံကို မထား။
လှည်းပေါ်ကနေ ဆင်းပြီးတာနဲ့ Ling Xiao က မီးဟုန်းဟုန်းတောက်မြင်းကို အသာပွတ်သပ်ပေးပြီးတော့ နားနားကပ်ကာ လေသံတိုးတိုး နဲ့ “သွား မင်းဘာသာ အဆင်ပြေတဲ့နေရာ ရှာပြီး စောင့်နေ”
အဲဒိစကားနဲ့တင် မီးဟုန်းဟုန်းတောက် မြင်းက သူ့ဘာသာ လှည်းကို ပြန်လှည့်ပြီး မြို့တံခါးဆီကို ကဆုန်ပေါက် ပြေးသွားတော့သည် ။
You XiaoMo အသံကြားလို့ လှည့်ကြည့်တဲ့ အချိန်ကျတော့ အဆိုပါ မြင်ကွင်းကို မြင်သွားသည်။ သူအံ့အားသင့်သွားပြီး မီးဟုန်းဟုန်းတောက် မြင်းကို သွားပြန်ဆွဲဟန်ပြင်နေတုန်း Ling Xiao ကအေးအေးဆေးဆေး သူ့ဘက်ကို လှမ်းဆွဲလိုက်သည်။
“ဘာလို့ ပြန်ဆွဲထားတာလဲ မြင်းက ထွက်သွားပြီလေ”
You XiaoMoက ချက်ချင်းအလောတကြီးပြန်ပြောသည်။
“စိတ်မပူနဲက သူထွက်ပြေးလို့မရဘူး” Ling Xiao အသာနှစ်သိမ့်လိုက်သည်။
You XiaoMo နောက်ပြန်လှည့်ပြီး သူပြောတာ မှန်ရဲ့လားဆိုတဲ့အကြည့်နဲ့ ကြည့်နေသည်။ ဒါပေမယ့် မှန် သလား မှားသလားက အခုအချိန်မှာပြောဖို့ အလွန်နောက်ကျသွားလေပြီ မီးဟုန်ဟုန်းတောက်မြင်းကလဲ အစပင် ရှာမရတော့အောင်ပင် ထွက်သွားလေပြီ။
အနက်ရောင်ဝတ်အစောင့်တွေရဲ့ အကြည့်တွေအောက်မှာပင် Ling Xiao You XiaoMoကို ကောက်ပွေ့ပြီး လေလံအိမ်ထဲကို ၀င်နေတဲ့ လူတွေနဲ့ ရောပြီး ၀င်သွားသည်။
လေလံပွဲက မစသေးပေမယ် အ၀င်အထွက် လုပ်နေသူ အများအပြားတာ့ ရှိသည်။ ကျယ်ပြန့်တဲ့အတွင်းပိုင်းမှာလဲ အဆုံးနိုင်တဲ့ လူပင်လယ်ကြီးက ဥဒဟို ရွေနေကြည်သည်။ You XiaoMo ကတော့ Ling Xiao က သူ့ကို အောက်ချပေးပြီး ခန်းမကြီးရဲ့ အလယ်ကောင်ကို ဆွဲခေါ်လာသည့်တိုင် အလွန့်ကို ကျယ်ပြောလှတဲ့ နေရာကြီးကို ကြည့်ပြီး ကြောက်ရွံနေဆဲ။
ခန်းမကြီးရဲ့ အလယ်ခေါင် အပေါ်ဘက်မှာ ကျောက်စိမ်းနဲ့ လုပ်ထားတယ်လို့ ထင်ရတဲ့ အနက်ရောင်ပိတ်ကားတစ်ချပ်ကို ချိတ်ဆွဲထားသည်။ မျက်နှာပြင်ပေါ်မှာတော့ ပစ္စည်းအများစုကို အကြမ်းဖျင်း ဖော်ပြထားသည်။ အဲဒိမှာ မှော်ဆေးလုံးတွေ၊ မှော်ဆေးပင်တွေ၊ နည်းနာတွေ နဲ့ လေလံတင်မယ့် အခြားသော စရာတွေကို ဖော်ပြထားသည်။ ကြယ်ခုနစ်လုံးရဲ့ စံနှုန်းတွေအရ အဆင့်နိမ့် ဆေးလုံးတွေနဲ့ ဆေးပင်ကို ဒီမှာ ဖော်ပြခွင့်မရှိ၊
You XiaoMo ခေါင်းကိုထုတ်ပြီး သင်ပုန်းပေါ်က ပစ္စည်းတွေကို စစ်ဆေးလိုက်သည်။ အခြားသူတွေအတွက်ကတော့ ဒါလေက ပုံမှန်ပစ္စည်းတွေပ် ဒါပေမယ့် သူ့အတွက်ကတော့ ဒါတွေက သူလိုအပ်တာတွေပဲ ဖြစ်နေည်။ ရှားပါးတဲ့ ပစ္စည်းတွေကတော့ သင်ပုန်းမှာ မကြာ်ငြာထား။ အကယ်လို့ အဲဒါတွေကို သူရမယ်ဆိုဦးတော့ အခုချိန်မှာ အဲဒါတွေကို သူခံစားဖို့လဲ အခွင့်အရေး မရှိ။ သေချာအောင်ပြောရရင် သူကအခုချိန်မှာ ငမွဲပင် သူ့မှာ အခု ရှိနေတာ ဆယ်ပြားလား ဘာလားတောင် မသေချာ။
Lin Xiao ဘေးဘီဝဲယာ တစ်ချက် ကြည့်လိုက်တော့ ရတနာများတန်ဖိုးဖြတ်သည်လို့ ရေးထားတဲ့ ကျောက်တုံးအခန်းလေးကို မျက်စိကျသွားသည်။ လူထွားကြီးနှစ်ဦး က တံခါးကို စောင့်နေသည်။ သူတို့ လမ်းလျှောက်လာတာမြင်တာနဲ့ သူတို့ကို ပေးဝင်ခင် ဖျတ်ခနဲ တစ်ချက်ကြည့်သည်။
You XiaoMo LinXiaoရဲ့ အနောက်ကနေ ခေါင်းကလေးထုတ်ပြီး ကျော်ကြည့်လိုက်တော့ လျှို့ဝှက်အခန်းလေးတွေ အများကြီးကို မြင်ရသည်။ အထဲက လူတွေရဲ့ လှုပ်ရှားမှုတွေကို လဲ ရေးရေးလေး မြင်နိုင်သည်။ ဒီလို သီးခြားလုပ်ထားတာက ရတနာတွေကို ယူလာတဲ့သူတွေက အခြားသူတွေမမြင်စေပဲနဲ့ တန်ဖိုးသတ်မှတ်ခြင်းကို ပြုလုပ် နိုင်သည်။ ဒီနည်းနဲ့ အလစ်သုတ်မယ့် သူတွေ လိမ်ညာတဲ့ သူတွေကို လဲ ရှောင်ဖယ်နိုင်သည်။
သူကြည့်နေတုန်းမှာပဲ မလုံ့တလုံ ၀တ်ထားတဲ့ အစေခံဝန်ထမ်း အမျိုးသမီးတစ်ယောက် သူတို့ဆီ လျှောက်လာသည်။ နှင်းလိုဖွေးနေတဲ့ ရင်ကို ဖော်ထားတာက အပြင် ခုန်ထွက်တော့မတတ် ဖော်တဲ့နေရာကတော့ ခေတ်သစ်အချိန်ထက်တော့ မလျော့။ ထိုအစေခံရဲ့ မျက်လုံးက You XiaoMo ကို တစ်ချက်သာ ကြည့်ပြီး အရပ်ရှည်ပြီး ခန့်ညားလှတဲ့ Ling Xiao ပေါ်မှာ အကြည့်မလွှဲပဲ အပြုံးတစ်ခုနဲ့ ရုတ်တရက်ဆွဲဆောင်လိုက်သည်။ နားထောင်သူတွေ စိတ်လွတ်လောက်တဲ့ အသံမျိုးလေးနဲ့ “ဆရာ နှစ်ယောက်က ပစ္စည်းတွေကို ရာဖြတ်ဖို့လာတာလား လေလံတင်ချင်လို့ လာတာလားရှင့်”
အစေခံကို သတိလွတ်ပြီး ငေးနေတဲ့ You XiaoMoရဲ့ အကြည့်ကို မြင်တာနဲ့ Ling Xiao တစ်ခွန်းပဲ ပြန်ဖြေလိုက်သည်။ သူ့မျက်နှာကလဲ မကျေနပ်မှုကြောင့် မှုန်ကုတ်သွားသည်။ အစေခံဝန်ထမ်းလေးကတော့ Ling Xiao က သူစကားပြောတဲ့ လေသံကို မကြိုက်ဘူးလို့ ထင်တာကြောင့် ချက်ချင်းကို အကူအညီပေးတဲ့ပုံစံကို ပြောင်းလဲလိုက်ပြီး လျို့ဝှက်ခန်း တစ်ခုကို တလေးတစားနဲ့ ပို့ဆောင်ပေးသည်
အမျိူးသမီးလှည့်ထွက်သွားတာနဲ့ You XiaoMoကို လှမ်းကိုင်လိုက်ပြီး Ling Xiaoတစ်ယောက် မသာမယာမေးတော့သည်။
“ဘာတွေ ကြည့်နေတာလဲ”
You XiaoMoက သူ့အမူအယာကို သတိမထားမိပဲ အံ့အားတကြီးနဲ့ “အစောက မိန်းမလေ အဲသလောက် ပွင့်လင်းလိမ့်မယ်လို့ ကျွန်တော်ထင်မထားဘူး သူတို့တွေ ပိုပြီး ထိန်းထိန်းသိမ်းသိမ်းနေသင့်တယ်လို့ထင်တယ် အတော် ဆိုးတာပဲ”
“အဲဒိတော့ ညီလေးမင်းက အဲဒိလို မိန်းမမျိုးကို ကြိုက်လား” Ling Xiao မျက်လုံးလေး အသာမှေးရင်းနဲ့ နူးနူးညံ့ညံ့လေး မေးလိုက်သည်။
“မဖြစ်နိုင်တာ” You XiaoMo မစဉ်းစားပဲနဲ့ ပြန်ချေပလိုက်သည်။ “ကျွန်တော်က မျက်ခုံးလှပြီး အပြစ်ကင်းတဲ့ ပုံစံလေးတွေ ပိုကြိုက်တာ ဒီဟာကြီးက သွက်လွန်းတယ် မကြိုက်ဘူး”
သူ့ရဲ့ပြန်ချေပတာကို ကြားလိုက်တဲအခါ Ling Xiao ရဲ့ အမူအယာက ချက်ချင်းတော်တော်ကို ပျော့ပြောင်းသွားသည်။ ဒါပေမယ့်သူ့အပျော်က စက္ကန့်ပိုင်းလောက်သာ ခံလိုက်ပြီး နောက်ပိုင်းက ဟာတွေကြားတဲ့ အခါမှာတော့ ပတ်ဝန်းကျင်က မုန်တိုင်းထန်မယ့် အရိပ်အယောင်တွေ ပေါ်လာပေမယ့် သေချာတဲ့လူတစ်ယောက်ကတော့ ဘာတွေဖြစ်နေသလဲဆိုတာ မသိသေး
“မင်းက လှပြီး အပြစ်ကင်းတဲ့သူမျိုးကို ကြိုက်တာလား”
Ling Xiao သူ့ဘေးကလူကို ခပ်တင်းတင်းဖက်လိုက်သည်။ သူ့ပင့်သက်တွေက ပူထူလာပေမယ့် စကားလုံးတွေက တော့ရေခဲတွေ သုံးလက်မလောက်ခဲနေသလိုကို အေးစက်ပြီး ပြတ်သားလှသည်။ သူ့စကားတွေက မျက်ခုံးလှတယ်ဆိုတာက မိန်းမတွေကို ဆိုလိုမှန်း သူ ကောက်ချက်ချနိုင်သည်။ နောက်ဆုံးကျမှသာ သေချာတဲ့ ခပ်တုံးတုံးလူရွယ်လေးက နားလည်သွားသည်။ သူမော့ကြည့်လိုက်တော့ အရမ်းကို ချိုချိုသာသာပြုံးနေတဲ့ Ling Xiao ကို သူမြင်လိုက်သည်။ မျက်လုံးတွေက အစ ပြုံးနော အခုပဲ ပြောစရာ ရှိတာက အဲဒါတွေက လူယုတ်မာအပြုံးဘက် ရောက်နေတာပါပဲ ရုတ်တရက် You XiaoMoရဲ့ နှလုံးသားထဲမှာ သတိပေးခေါင်းလောင်းသံတွေ ဆူညံသွားသည်။
ဒါ အဆုံးသတ်ပဲ အဆုံးပဲ Ling Xiao အဲလိုပြုံးတာကို သူတို့ စပြီးဆုံထဲက တစ်ခါမှ မမြင်ခဲ့စဘူး။ နှစ်ဆယ့်တစ်ရာစုမှာ Black Friday ရှိသည် Ling Xiao မှာ Black Smile ရှိ…….
“အ အကိုကြီးLing ကျွန် …..တော်တို့ ၀င်သင့်…….”
You XiaoMo ကြောက်ပြီး အသံတွေတုန်နေသည်။ နှလုံးသားနုငယ်တဲ့ သူလေးက ဒီနေရာမှာတင် ဆုတ်ဖြဲခံနေရသလိုမျိုး ဒီတစ်ကြိမ်ကကော ဘာဖြစ်တာလဲ မျက်ရည်တောင် ကျချင်လာပြီနော်
မင်း ငါ့မေးခွန်းကိုမဖြေရသေးဘူးလေ Ling Xiao အသာလေး ပြုံးပြလိုက်သည်
ကြောက်ရွံ့မှု၊ သူ ကြောက်စရာဇာတ်လမ်းတွေ ကြည့်နေတဲ့ အချိန်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီအပြုံးက ပိုပြီးတော့ ကြောက်ဖို့ ကောင်းသည်။ တော်သးတာပေါ့ သူအရိပ်အမြွက်တော့ နားလည်လိုက်သည် ဒီအပြုံးကြီးက သူ့တစ်ဘ၀လုံးကို ခြောက်လန့်တော့မှာ။ အခု သူ့ကို ပြုံးပြီး ကြည့်နေတာနဲ့တင် သူ့နှလုံးသားက ကြောက်လန့်မှုကြောင့် တုန်လှုပ်နေသည်။
“ဒါ …..က နားလည်မှု လွဲတာပါ” You XiaoMo သတွေးမျိုချလိုက်သည် သူ့မျက်လုံးအိမ်က ထွက်ပေါက်ကို အသဲအသန်ရှာနေသလိုမျိုး တဖြည့်းဖြည်း ၀ိုင်းစက်လာသည်။
“ဘာကို ငါက နားလည်မှု လွဲတာလဲ” Ling Xiao မျက်လုံးတွေ ကျဉ်းသွားသည်။
You XiaoMo ရဲ့ မျက်လုံးတွေကို သူအာရုံစိုက်ပြီး ပြောနေသလို ၀ိုင်းဝိုင်းလာသည် ။
“ကျွန်တော်ပြောတဲ့ ကြိုက်တယ် ဆိုတာက တကယ်တော့…. လိုလားတာ၊ ဟုတ်တယ် ကျွန်တော် ဆိုလိုတာက လိုလားတာ အစောက အကိုကြီးတွေ့လိုက်သလိုမျိုးပဲလေ အဲဒိ အစေခံ ၀တ်ထားတာက ဖော်လွန်းတယ်လေ သိက္ခာမရှိအောင်ကို ဖိတ်ခေါ်နေသလိုမျိုး အဲလို မိန်းမမျိုးကို ဘယ်သူက ကြိုက်မှာလဲ နော့်. အဲဒါကြောင့် အပြစ်ကင်းတာက ပိုကောင်းတယ်လေ အနည်းဆုံးတော့ လက်ထဲက ထွက်မသွားဘူးပေါ့….”
Ling Xiao မျက်ခုံးတွေမြင့်တက်ကာ နေ့တစ်ဝက်လောက်ကြာအောင် မျက်လုံးကျဉ်းများနဲ့ ကြည့်ပြီး “ဟုတ်လို့လား”
“ဒါပေါ့” You XiaoMo ချွေးတွေသုတ်လိုက်ပြီး သေချာတဲ့အနေနဲ့ ခေါင်းပါ တဆတ်ဆတ် ငြိမ့်ပြလိုက်သည်။
သူဘယ်လိုလုပ် မဟုတ်ဘူးလို့ ပြောရဲမှာလဲ အကယ်လို့ သူသာ ခေါင်းခါပြီး ပြောထဲ့လိုက်လို့ကတော့ Ling Xiao လက်ချက်နဲ့ သူသေသွားနိုင်သည်။ သူရဲ့ ဘ၀လေးက ဖူးရာကနေ အခုမှ ပွင့်ဖို့ တာဆူနေတာ သူတကယ်ကို မြန်မြန်ဆန်ဆန် မသေချင်သေးပါ
“ညီလေး စကားတွေကလဲ ဖြစ်နိုင်တာပဲ…..”
Ling Xiao သူ့ရဲ့ ခြိမ်းခြောက်တဲ့ အကြည့်တွေကို ပြန်သိမ်းသွားတာနဲ့ သူ့ရဲ့ ကြည့်ကောင်းတဲ့ နဂို ခန့်ညားမှုတွေ ပြန်ရောက်လာသည် ပခုံးကို အသာပုတ်ပြီး ပီတိအပြုံးလေးနဲ့ “ဒီတစ်ကြိမ်တော့ မင်းကို လွှတ်ပေးလိုက်မယ်နော်”
You XiaoMo ၀မ်းနည်းဖွယ်ကောင်းစွာပင် ကျေးဇူးအထူးတင်သွားမိသွားသည် သူဒီနေ့ ထွက်တဲ့ ချွေးစေးတွေက ဟိုးအရင် ထွက်ဖူးတာတွေပေါင်းတာနဲ့ ညီတာကို ကောင်းကင်ဘုံတော့ သိမှာပါ
အစေခံဝန်ထမ်း ညွှန်ပြသွားတဲ့ လျှို့ဝှက်ခန်းထဲကို နှစ်ယောက် ၀င်လိုက်ကြသည်။ အထဲရောက်တာနဲ့ You XiaoMo က တံခါးကို ချက်ချင်းပိတ်လိုက်သည်။ တံခါးက သံနဲ့ ပြုလုပ်ထားတာဖြစ်သည် အရမ်းကို ထူပြီးတော့ အသံလုံသည် အပြင်က လူတွေ ခိုးနားထောင်မှာကို လဲ ကာကွယ်ပေးနိုင်သည်။
လျှို့ဝှက်အခန်းက အရမ်းတော့ မကြီး။ အလယ်ခေါင်မှာတေ့ ဆံပင်မီးခိုးရောင်နှင့် အသက်ကြီးကြီး လူကြီးတစ်ယောက် မတ်တပ်ရပ်နေသည်။ အဆိုပါ အဖိုးကြီးကလဲ အမဲရောင်ဝတ်စုံကို ၀တ်ဆင်ထားသည် သူ့မျက်နှာက အရေးအကြောင်းတွေနဲ့ ပြည့်နေပေမယ့် သူ့မျက်လုံးတွေကတော့ လိမ္မာပါးနပ်စွာနဲ့ တောက်ပနေသည်။ အခုတောင် သူ့ရဲ့ ထိုးထွင်းမြင်နိုင်တဲ့ အကြည့်တွေက သူတို့ကို အကဲခတ်နေသည်။
You XiaoMo ကတော့ အဲဒိအဖိုးကြီးက မှော်ဆရာဖြစ်မယ်ဆိုတာ ရှာဖွေတွေ့ရှိသွားသည်။ သူဘာလို့သိတာလဲ ဆိုတော့ သူအခြားတစ်ယောက်ဆီကနေ သန်မာတဲ့ စိတ်ဝိဥာဏ်ကို ခံစားမိသည်။ သိုင်းသမားတွေက မှော်ဆရာတွေ မဟုတ်ကြ။ သူတို့က စိတ်ဝိဥာဏ်ကို လေ့ကျင့်လို့မရတာကြောင့် မှော်ဆရာတွေနဲ့ ယှဉ်တဲ့အခါကျရင် အနည်းငယ် အားနည်းတတ်ကြသည်။
“ကျေးဇူးပြုပြီး ထိုင်ပါဦး”
အဖိုးကြီးက စားပွဲခုံရှေ့က ထိုင်ခုံနှစ်ခုကို ညွှန်ပြလိုက်သည်။ ထိုင်ပြီးတာနဲ့ သူက အေးအေးဆေးဆေးနှင့် စကားစပြောတော့သည် “ဒီက ဆရာနှစ်ယောက် က ရတနာကို ရာဖြတ်ချင်တာဆိုရင် အခု ထုတ်လို့ ရပါပြီ”
You XiaoMo ထိုင်ချလိုက်ပြီး သူ့မှော်အိတ်ထဲနေ အိတ်အရွယ်အစားလောက်ရှိတဲ့ ရေခဲ တုံးကြီးကို ဆွဲထုတ်ပြီး စားပွဲပေါ်ကို တင်လိုက်သည်။
အဖိုးကြီး ထင်ထားတာက သူတို့တွေ မှော်ဆေးလုံးတွေနဲ့ အခြားသူနဲ့ ဆင်တူတဲ့အရာတွေပဲ ယူလာမယ့် ထင်ထားသည်။ ရုတ်တရက်ကြီး ရေခဲတုံးကြီးကို မြင်လိုက်ရတဲံ အခါကျတော့ မျက်လုံးတွေတောင် မှေးဆင်းသွားသည်။ သူက နဲနဲတော့ အံ့အားသင့်သွားပေမယ့် လေလံပွဲကို လာတဲ့ ပစ္စည်းတွေက ဆန်းကျယ်တဲ့ ပစ္စည်းတွေသာဖြစ်ရမည် ရေခဲတုံးထဲကနေ စိတ်စွမ်းအားတွေကို အာရုံခံလိုက်မိတဲ့အချိန်ကျတော့ သူကြက်သီးတွေတောင် ထွက်သွားသည်။ မျက်လုံးတွေလဲ ချက်ချင်း ကျယ်ထွက် သွားသည်။ “ဒါက ….”
အဖိုးကြီးက ရေခဲတုံးကို သူ့နှာခေါင်းနားကို ဆွဲယူပြီးအနံ့ခံကြည့်သည်. မျက်နှာ အမူအယာပါ ပြောင်းလဲသွားသည် ။
“ဒါ စိတ်ဝိဥာဏ်အရည်တွေမလား”
စိတ်ဝိဥာဏ်အရည် ဆိုတာက ရတနာတစ်မျိုပဲဖြစ်သည် Long Xiao တိုက်မှာဆိုရင် အလွန့်ကို ရှားပါးသည့်စာရင်းဝင်သည်။ ဘာလို့လဲဆိုတော့ အဲဒါက သိုင်းသမားတွေရဲ့ ၀ိဥာဏ်ခွန်အားကို အသစ်ပြန်ဖြစ်စေသည်။ တိုက်ပွဲရဲ့ အလယ်ခေါင်မှာဆိုရင်လဲ ဒါမျိုးအရာက အသက်ကယ်မှော်ဆေးလုံးနဲ့ တန်းညီသည်။ ဒါမျိုးက သိုင်းသမားတိုင်း က အမြဲတမ်း အိမ်မက် မက်နေရတာမျိုးဖြစ်သည်။ ဘယ်သူကမှ မရောင်းချင်တာကြောင့်လဲ ဒါက တန်ဖိုးသတ်မှတ်ချက်ပင် မရှိ။
You XiaoMo ခေါင်းညိမ့်လိုက်သည်။ “ ဒါက နဲနဲပဲ ရှိသေးတာ တစ်ချက်လောက် ကြည့်ပြီးတော့ လေလံတင်ရင် ဈေးဘယ်လောက်ရမလဲ ဆိုတာ ပြောပေးပါ”
အဖိုးကြီးက စိတ်လှုပ်ရှားနေတဲက မျက်နှာကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး နောက်တစ်ကြိမ် သေချာအောင် ထပ်ကြည့်လိုက်သည်။ သူစကားမပြောခင် အရင်တွေးဆပြီးမှ “ ဒါက တကယ့်ကို စိတ်ဝိဥာဏ် အရည်ပဲ ဒါပေမယ့် သူက မစင်ကြယ်ဘူး အထဲမှာ မသန့်ရှင်းမှုတွေ ရှိတယ်။ မသုံးခင်မှာ သန့်စင်မှုတွေ လုပ်ဖို့ လိုလိမ့်တယ် အဲဒါကြောင့်မို့လို့ ဒီအရွယ်အစား နဲ့ဆို စိတ်ဝိဥာဏ်တစ်စက်ပဲ ရလိမ့်မယ် HunJi မြို့ရဲ့ သတ်မှတ်ချက်နဲက ခန့်မှန်းရမယ်ဆိုရင် စိတ်ဝိဥာဏ်အရည် တစ်စက်က အနည်းဆုံး တစ်သိန်း ရလိမ့်မယ်”
You XiaoMo အရသာစုံကို မြည်းလိုက်ရသလိုပင်……
ဒီလောက်အတုံးကြီးက တကယ်တမ်းကျတော့ စိတ်ဝိဥာဏ်အရည် တစ်စက်ပဲ ရမယ် ဒါပေမယ့် ပေးနိုင်တဲ့ဈေးကတေ့ာ တစ်စက်ကို တစ်သိန်းတောင်တဲ့လား ဒါသူမျှော်လင့်တာထက်တောင်များနေသေးသည်။ သူထင်ထားတာက တစ်သောင်းထက်တော့ မပ်ိုလောက်ဘူးပေါ့