The Deal With A Demon King

By HninAung913

128K 12.7K 931

မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ... More

Intro And Characters
Part 1 (အမှတ်အသား)
Part 2 ( ဘဝရဲ့စာမျက်နှာ)
Part 4 ( ကျေးဇူးကြွေး)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Characters of Deal (Edit)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31**
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57

Part 3 ( ပူလောင်ခြင်း)

5.9K 718 18
By HninAung913

"မင်းတို့ သခင်လေးအကြောင်းကိုကြားဖူးမှာပေါ့
တကယ်ရော လုပ်နိုင်မှာလား...."

ရှောင်ကျူးက ခေါင်းတညိမ့်ညိမ့်ဖြင့်
ဖြေနေသည်။

"ဟုတ်..လုပ်နိုင်တယ်...လုပ်နိုင်တယ်..."

ချီယွမ်ကမူ ရေှာင်ကျူးဘေးတွင်
ဂရုမစိုက်ဟန်ရပ်နေသည်။ထိုအိမ်တော်မှ အလုပ်သမားတယောက်ကသူတို့အား သေချာအကဲခတ်နေသည်။သူတို့အနေနှင့်လည်း အလုပ်သမားမှာအတော်လိုအပ်နေသောကြောင့်
ဤနှစ်ကောင်အား လက်ခံရန်သာဆုံးဖြတ်လိုက်ရသည်။

"ဒါဆို ဒီနေ့ကစပြီးလုပ်တော့...."

ထိုအလုပ်သမားက ချီယွမ် တို့အား သစ်သားပြားတွင် အမည်ထွင့်းထားသော
အလုပ်သမား ကဒ်နှစ်ခုကိုကမ်းပေးလိုက်သည်။ရှောင်ကျူးက အမြန်လှမ်းယူလိုက်ရင်း
ပြုံးလျက်ပင်

"ကျေးဇူးပါ ကျွန်တော်တို့ ကြိုးစားပါ့မယ်... "

ထို့နောက် ရေှာင်ကျူးက ချီယွမ်အား
အမြန်ပင်ဆွဲခေါ်ကာ
အိမ်တော်အတွင်းဝင်လာတော့သည်။

............................

သူတို့အိမ်တော်အတွင်း အလုပ်လုပ်နေကြသည်မှာနှစ်ရက်လောက်တော့ရှိနေပြီဖြစ်သည်။
ယခုအချိန်ထိတော့ အမတ်ကြီးကျူ၏သားအား
သူတို့မတွေ့ရသေးပေ။

ထိုသူသည် အမြဲလိုလို ဆောင်ကြာမြိုင်များတွင်
ပျော်ပါးပြီးအချိန်ကုန်နေတက်သည့်
ဆန်ကုန်မြေလေးဖြစ်သဖြင့်

အိမ်ပြန်မအိပ်သည်က မထူးဆန်းပေ။
ဖခင်ဖြစ်သူက ဘုရင်၏
ယုံကြည်ကိုးကွယ်အားထားရသော
အမတ်ကြီးဖြစ်သည့်အလျောက် သားဖြစ်သူကမူ
ဂျုံးဂျုံးကျနေသည်။

ဂုဏ်အရှိန်အဝါကြောင့်မည်သူကမျှ
ပြန်ခံပြောရဲသည့်သတ္တိမရှိပေ။
ဆိုးသွမ်းရမ်းကားသည့်သူတယောက်ဖြစ်နေသည်ကို မပြောရဲ၍လွှတ်ထားခဲ့ကြသည်။

ချီယွမ်နှင့် ရေှာင်ကျူးက ခြံဝင်းထဲတွင်ရှိသော
ပန်းအိုးများကိုနေရာချနေရင်း
မလှမ်းမကမ်းတွင်ရှိသောနံရံတတိုင်းနားလေးမှ အသံသေးသေးလေးကြောင့်လှည့်ကြည့်လိုက်ကြသည်။

ဤသည်က ရှောင်ကျူး၏ ညီမလေးရေှာင်းဟွာပင်။သူမ၏အရပ်က နံရံတံတိုင်းအား
ကျော်နိုင်လောက်သည်ထိ မရှည်သောကြောင့်
အောက်က ခုံခုထားသည်မှာသေချာလှသည်။
ရှောင်ကျူးနှင့် ချီယွမ်ကပြုံးလျက်
သူမ၏အနားသိူ့ အမြန်ပင်ရောက်လာကြသည်။

"ရေှာင်းဟွာ...ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ..."

"ကိုကြီးရေှာင်ကျူးကိုအမေကဒါလေးပေးခိုင်းလိုက် လို့...."

ရေှာင်းဟွာက သူမ၏လက်ထဲတွင်ရှိနေသော
အထုတ်ကလေးတစ်ထုတ်အားကမ်းပေးလိုက်သည်။အနည်းငယ်ဟောင်းညစ်နေသောအထုတ်ကလေးတစ်ထုတ်ဖြစ်သည်။
ရေှာင်ကျူးက အမြန်ပင်အထုတ်ကိုလှမ်းယူလိုက်ပြီးဖြည်ကြည့်လိုက်သည်။

ဤသည်က အဝတ်တစ်ထည်ပင်။
အနိမ့်ဆုံးစျေးဖြင့်ရကာထားသောပိတ်စလေးဖြင့်
ထည်ထည်ဝါဝါဖြစ်အောင် စေတနာဖြင့်
တမင်ဖန်တီးထားမှန်းသိသာသည်။

ချီယွမ်ကပြုံးလျက်ပင် ရေှာင်ကျူးကျောပြင်အားတချက်ရိုက် လိုက်သည်။

"အံမယ်...အင်္ကျီ အသစ်ဝတ်ရတော့မယ်ပေါ့..."

ရေှာင်ကျူးကလည်း ထိုအင်္ကျီ အား
သူ၏ရင်ဘတ်နှင့်ကပ်လျက်လိုက်မလိုက်ကြည့်နေသည်။ပြီးမှ ထိုအင်္ကျီ အားပြန်လိပ်လိုက်ပြီး

"ယွမ်လေး...အတွက်ရော..."

"........."

ခြံစည်းရိုး တံတိုင်းဘောင်လေးအား
လက်ကိုင်ထားကာ ပြုံးနေသော ရေှာင်းဟွာ က
အနည်းငယ်ရုပ်ပျက်သွားသည်၊။
သူမပုံစံကအနည်းငယ် စိတ်မကောင်းဖြစ်သွားသည့်ပုံပင်။ထိုအခါမှ ရေှာင်ကျူးကလည်း
သတိရသွားပြီ သူပါးစပ်အားအတင်းစိထားလိုက်သည်။

ချီယွမ်က မူ ဘာမှမပြောပဲ
ဒီအတိုင်းသာဆက်ပြုံးနေလိုက်သည်။
ဤကဲ့သို့ ဥပေက္ခာ အပြုခံရသည်မှာ
သူ့အတွက် ထူးဆန်းသည့်အရာမဟုတ်တော့ပေ။

တခဏ အကြာမှ ရေှာင်းဟွာက
ရီလိုက်ရင်း သူမရင်ဘတ်ဝတ်ရုံထဲမှ
ပစ္စည်း လေးတစ်ခုအား ထုတ်ပေးလိုက်သည်။

"ရော့ ဒါက ကိုကိုချီယွမ်အတွက်
ရေှာင်ဟွား ကိုယ်တိုင်ထိုးထားတာ...."

အိတ်ကလေးတစ်လုံးပင်ဖြစ်သည်။
အမဲရောင် ချည်အိတ်ကလေး၏အပေါ်တွင်
လှပစွာထိုးထားသည်ကအဖြူရောင် နှင်းပွင့် ချပ်ကလေးတစ်ခုပင်။

ဘေးတွင် တလတ်လတ်တောက်ပနေသည့်ဟန်
နှင်းပွင့်ချက်အသေးလေးများလည်း
ဝိုင်းရံနေကြသေးသည်။

ချီယွမ်က အားရဝမ်းသာယူလိုက်သည်။သို့သော်သူ၏မျက်နှာမှာ ထိုပုံကိုမြင်တော့အနည်းငယ်ပျက်ယွင်းသွားသည်။ထိုပုံကို ဆက်ကြည့်နေရင်းပင်သွားများပေါ်သည်အထိ ရီလိုက်ရင်း
လက်များက ရေှာင်ဟွား ၏ ခေါင်းရှိဆံနွယ်များကိုဖွလိုက်သည်။

"ကျေးဇူး ပဲ...ရေှာင်းဟွာ "

ရေှာင်းဟွာက သူမ၏ဆံနွယ်လေးများအား
ပြန်လည်သပ်လိုက်ရင်း

"ကိုကိုချီယွမ်ကြိုက်ရင်ပြီးရော...။ဘာပုံထိုးရင်ကောင်းမလည်းတွေးနေရင်းနဲ့ကိုကို့ ရင်ဘတ်အပေါ်နားကအမှတ်ကို သတိရမိလို့အဲ့ဒီပုံစံထိုးလိုက်တော့တာ.."

ရေှာင်ကျူးက လှမ်းကြည့်နေရင်း

"လှတယ်နော်....အဖြူရောင်လေး
ငါ့ညီမနင်တိုးတက်လာပြီပဲ...."

"ဟီး....ဒါဆို ကိုကြီးတိူ့။ညီမလေးသွားတော့မယ်နော် အလုပ်ကအားရင်အိမ်ကိုပြန်လာကြအုန်း။ အမေကမျှော်နေတာ.."

"အေးပါ..ငါတို့လာခဲ့မယ်..."

ရေှာင်ကျူးက သူမကိုပြန်ဖြေရင်းအမြန်သွားရန် လက်ပြလိုက်သည်။

ချီယွမ်ကမူ ထိုအိတ်ကလေးအပေါ်ရှိ
နှင့်ပွင့်ချက်ကလေးအားပွတ်သတ်ကြည့်နေသည်။

"အ..မ...လေး....."

နှစ်ဦးသား လက်ဆောင်ရသောပစ္စည်းလေးများကိုသေချာငေးစိုက်ကြည့်နေကြစဉ်မှာပဲ
ခြံအပြင်ဘက်ရှိ အသံကြောင့်နားစွင့်မိကြသည်။

ဤသည်က ရေှာင်းဟွာ၏အသံပင်။
ရေှာင်ကျူးက အဝတ်ထုတ်ကိုဆွဲလျက်
ချီယွမ်က အိတ်အသေးလေးအား
သူ၏ရင်ဘတ်ဝတ်ရုံထဲအမြန်သွင်းလိုက်ပြီး
အပြင်သိူ့ပြေးထွက်ကာကြည့်ကြတော့သည်။

ရေှာင်းဟွာက မြေပေါ်တွင်
လဲကျလျက်။ သူ၏ရေှ့တွင်ရပ်နေသူက
အမတ်ကြီး၏သားဖြစ်သူ အရိုင်းတုန်းကျူလော့လန် ပင်ဖြစ်သည်။

ထိုသူစီးလာသောမြင်းနှင့်
ရေှာင်းဟွာ မှာမတော်တဆတိုက်မိခါနီးတွင်
ရပ်တန့်သောကြောင့်ရေှာင်းဟွာ ဘာမှဖြစ်မသွားသော်လည်းလန့်သွားသဖြင့်မြေပေါ်သို့ထိုင်ချလိုက်ပုံရသည်။

ကျူလော့လန်က သူမကိုလက်ကမ်းပေးနေသည်။ရေှာင်းဟွာ က ထိုလက်အား
လှမ်းပိုင်လိုက်ခြင်းမရှိပဲ မိမိလက်ကိုသာမြေပြင်တွင်ထောက်လိုက်ပြီးထလိုက်သည်။
ရှက်စဖွယ်ဖြစ်သွားသောလက်အားလော့လန်ပြန်ရုတ်လိုက်ပြီးလက်ကိုနောက်ပြန် ထားလိုက်သည်။

ရေှာင်းဟွာ ကအမြန်လစ်ထွက်ရန်ကြံနေသည်။
အမတ်ကြီးသား၏ရနံမွှေးပျံ့နေသော
ဂုဏ်သတင်းများကိုသူမကြားချင်လျင်တောင်
နားနှင့်ပင်မဆန့်လောက်သည်အထိ
ကြားနေရသောကြောင့် သူမထိုအရိုင်းတုန်းအား
ရုပ်ကိုပင်မကြည့်ချင်ပါ။

ရေှာင်းဟွာ ကခေါင်းငုံ့ထားမြဲ။
လော့လန်က သူမအား အမိန့်ပေးလိုက်သည်။

"မင်းရဲ့ခေါင်းကိုမော့စမ်း..."

ရေှာင်ကျူးနှင့်ချီယွမ်တို့ ချက်ချင်းပင်
ပြေးကာရောက်လာကြသည်။

နှစ်ဦးသား ရေှာင်းဟွာ ၏
ရေှ့တွင်ပိတ်ရက်လိုက်ကြပြီး

"သ...သခင်လေး...ပြန်..ပြန်လာပါပြီလား..."

"ဖယ်...မင်းတို့နှစ်ကောင်ကို
ငါခေါ်မိလို့လား....."

လော့လန်က နောက်တွင်ရှိနေသော
မြင်းထိန်းတယောက်အားလှမ်းမေးလိုက်သည်။

"ဒီငကြောင်နှစ်ကောင်ကအသစ်တွေလား..."

"ဟုတ်ပါတယ်....သခင်လေး
ရောက်နေတာ နှစ်ရက်ပဲရှိပါသေးတယ်..."

"ဟမ့်...အဲ့ဒါကြောင့် သတ္တိတွေ
ကောင်းပြနေတာလား...ရာရာစစ.ငါ့ရှေ့ကို
လာကွယ်ရအောင်...."

ရေှာင်ကျူးက အမြန်ပင်ကိုယ်ကို
ညွှန့်ကိုင်းချလိုက်ပြီး ပြောလေတော့သည်။

"သူကကျွန်တော့ညီမလေးပါ ဘာမှမသိလို့ဖြစ်ရတာပါ ကျွန်တော်တို့လိုအမျိုးနိမ့်တွေကို
သခင်လေးကပဲ သဘောထားကြီးကြီးခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်..."

လော့လန်က ရေှာင်ကျူးအား
သေချာစွာကြည့်နေလိုက်သည်။
ရေှာင်ကျူးဘေးတွင်ရှိနေသော ချီယွမ်ကိုလည်း
အကဲခတ်နေသေးသည်။

ထို့နောက်ရုတ်တရက်ဆန်စွာပင်
ရေှာင်ကျူး၏ ပါးပြင်အား လက်ဖြင့်
အားပါပါလွဲရိုက်ရင်း ဘေးသိူ့တွန်းပစ်လိုက်သည်။

"ကျက်သရေတုံးတဲ့ကောင်ကများ။ငါ့အလုပ်ကိုလာတားနေရသေးတယ်

ငါလုပ်ချင်ရင် ဘယ်သူမှတားလို့မရဘူးကွ..."

မြေပြင်တွင်လဲကျသွားသော
ရေှာင်ကျူးဆီသိူ့ ရေှာင်းဟွာ အမြန်ပင်
ပြေးသွားလိုက်သည်။

"ကိုကြီး......"

ရေှာင်ကျူးက သူ့ပါးလေးသူကိုင်ကာ
မျက်ရည်တွေဝဲနေလေသည်။ငုတ်တုတ်ကလေးပင် မောင်နှမနှစ်ယောက်လုံး
လော့လန်အား ကြည့်လိုက်ကြသည်။

ထိုအခါမှလော့လန်က
ရေှာင်းဟွာ ကိုကြည့်ရင်း သဘောကျစွာ
ရယ်လိုက်သည်။

အသက် ၁၄နှစ်ခန့်သာရှိသေးသော်လည်း
မိန်းကလေးတယောက်၏အရွယ်အစား ကိုယ်လုံးကိုယ်ပေါက်တို့ဖြင့်သူမသည်လှပနေပြီးဖြစ်သည်၊။

ရေှာင်းဟွာက လော့လန်အား
သေချာစွာစိုက်ကြည့်နေသည်။
လော့လန်က သူမအနားသိူ့တိုးလာလိုက်ပြီး
သူမ၏ မေးရိုးအား လက်ဖြင့်ဆွဲညှစ်လျက်
မျက်နှာအားသေချာကြည့်နေသည်။

"ဟမ့်...တကယ့်အချောလေးပဲ.....တစ်ညစာတော့ လုံလောက်မှာပေါ့....."

လော့လန်က ပြန်ထလိုက်ပြီး

"သူ့ကို အိမ်တော်ထဲခေါ်သွားပြီးပြင်ဆင်ပေးလိုက်....ဒီညငါ...အ့....."

လော့လန်၏စကားပင်အဆုံးမသတ်သေး
ပြင်းထန်သော လက်သီးတစ်ချက်ကိုသူခံယူလိုက်ရသည်။

စောင်းသွားသောခေါင်းအားပြန်တည့်ယူလိုက်ရင်း လက်လာရာကိုကြည့်လိုက်တော့အသင့်အနေအထားရှိနေသောချီယွမ်ပင်။

လက်သီးနှစ်ဖက်အား ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အရာအားလူံးကိုရင်ဆိုင်ရန် အသင့်ရှိနေသည့်ဟန်။နှုတ်ခမ်းဘေးတွင် အနည်းငယ်စီးကျသလိုဖြစ်နေသော သွေးစတို့အား လော့လန်သုတ်လိုက်ပြီး

"သောက်မျိုးမစစ်ကောင်ကများ
ငါ့ကိုချရဲတယ်ပေါ့...လူ့လောကမှာမနေချင်တော့ဘူးထင်တယ် အထဲကကောင်တွေ လာကြစမ်း..."

လော့လန်က အထဲရှိအလုပ်သမားဆယ်ယောက်နီးပါးအားလှမ်းခေါ်လိုက်သည်။ချီယွမ်ကလုံးဝမဖြုံသည့်ပုံစံပင်။ယခုသူ၏ခံစားချက်က မည်သည့်အရာကိုမဆိုတစစီလုပ်ပစ်ချင်နေသည့်ပုံစံပင်။

မျက်ဝန်းအိမ်ကလည်းအနည်းငယ်နီလာသလိုလို ပုံမှန်အတိုင်းပဲရှိနေသလိုလိုဖြင့် ဝေခွဲမရပေ။
ချီယွမ်က လက်သီးနှစ်ဖက်အားဆုပ်ကာ ငြိမ်သက်နေရင်း ရေှာင်ကျုးတို့အားပြောလိုက်သည်။

"သွားတော့......."

ရေှာင်ကျူးကလည်း ရေှာင်းဟွာကိုခေါ်ကာ
ချီယွမ်အား လှည့်ကြည့် လှည့်ကြည့်နှင့်ပင်
ပြေးသွားလေတော့သည်။ထိုနှစ်ယောက်ဝေးဝေးရောက်လေတော့ချီယွမ်က သူ၏ လက်တဖက်အားမြှောက်လျက်ရေှ့တည့်တည့်တွင် ရပ်နေသောလူများအား စိန်ခေါ်လိုက်သည်။

ဝိုင်းကာတဟုန်ထိုးပြေးလာသော
သူများကို ရေှာင်လိုက် ပြန်တိုက်ခိုက်လိုက်ဖြင့်
အေးအေးလူလူပင်ချနေသည်။

ချီယွမ်၏ တကိုယ်လုံးနီးပါးသွေးများကဆူပွတ်နေသည့်နှယ်။စိတ်တိုမိသောကြောင့်လည်းဖြစ်ရမည်။သူဆီသို့ပြေးလာတိုက်ခိုက်ကြသော
သူအားလုံးအား သုံးလေးကွက်လောက်နှင့်ပင်အနိုင်ပိုင်းပစ်လိုက်သည်။

လော့လန်မှာစွံ့အနေဆဲပင်။ချီယွမ်က အတုံးအရုန်းလဲနေသောလူများကြားထဲမှ လော့လန်အား
အကြည့်စူးစူးတို့ဖြင့် တချက်ကြည့်လိုက်ရင်း
လှည့်ထွက်လာခဲ့လိုက်သည်။

"မင်း...ပြန်ပေးဆပ်ရမယ်...ကြည့်ထား..."

နောက်ကလော့လန်၏ အော်ဟစ်သံကြီးကြောင့်
ချီယွမ် ခေါင်းကိုစောင်းရုံသာစောင်းလိုက်ပြီး

"ကောင်းပြီ...အချိန်မရွေးပဲ...."

..................................

"..ဟင်း.......ဟင်း....."

နေ့လည်က အရှိန်ကြောင့်ပေလားမသိ။ပုံမှန်ဆိုလျင် ၂ယောက်လောက်ကိုပင်အတော်အနိုင်ယူရသည့်သူက ဆယ်ယောက်နီးပါးကို အလဲထိုးခဲ့သည်မလား။

ချီယွမ် ဇရပ်ပျက်ပေါ်တွင်ပင်အိပ်ပျော်နေရင်း နာကျင်မှုကြောင့် ညည်းညူနေမိသည်။
ချွေးစေးများက ကိုယ်ခန္တာတစ်ခုလုံးရွဲစိုနေစေ၏။ရင်ဘတ်အပေါ်ရှိ အမှတ်သည်လည်း
ယခင်ကထက်ပို၍နီရဲကာဖောင်းကြွနေသည်။

ချီယွမ် တယောက် သူ၌ရှိသည့်စောင်အပါးလေးတထည်ကိုသာလွှားခြုံထားရင် ခိုက်ခိုက်တုန်နေတော့သည်။အလုပ်ကလည်းပြုတ်သွားသည့်အပြင်အမတ်ကြီး၏သားအားအပြစ်ပြုမိသည့်အတွက် မကြာခင်သေရတော့မည်မှာ သေချာသလောက်ပင်။

ရေှာင်ကျုူးတို့အား ရော၍အပြစ်ခံရမည်ဆိုးးသဖြင့်သူတို့နှင့်အဆက်အသွယ်ခဏဖြတ်ရပေမည်။သို့သော် ယခုမိမိက ဖျားနာကာထပင်မထနိုင်ခဲ့ချေ။မနက်ပိုင်းရောက်လျင်တော့ကောင်းသွားလိမ့်မည်ဟူသော အတွေးဖြင့်သာ တညလုံး
ကြိတ်မှိတ်ခံခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"မင္းတို႔ သခင္ေလးအေၾကာင္းကိုၾကားဖူးမွာေပါ့
တကယ္ေရာ လုပ္နိုင္မွာလား...."

ေရွာင္က်ဴးက ေခါင္းတညိမ့္ညိမ့္ျဖင့္
ေျဖေနသည္။

"ဟုတ္..လုပ္နိုင္တယ္...လုပ္နိုင္တယ္..."

ခ်ီယြမ္ကမူ ေရွာင္က်ဴးေဘးတြင္
ဂ႐ုမစိုက္ဟန္ရပ္ေနသည္။ထိုအိမ္ေတာ္မွ အလုပ္သမားတေယာက္ကသူတို႔အား ေသခ်ာအကဲခတ္ေနသည္။သူတို႔အေနႏွင့္လည္း အလုပ္သမားမွာအေတာ္လိုအပ္ေနေသာေၾကာင့္
ဤႏွစ္ေကာင္အား လက္ခံရန္သာဆုံးျဖတ္လိုက္ရသည္။

"ဒါဆို ဒီေန႔ကစၿပီးလုပ္ေတာ့...."

ထိုအလုပ္သမားက ခ်ီယြမ္ တို႔အား သစ္သားျပားတြင္ အမည္ထြင့္းထားေသာ
အလုပ္သမား ကဒ္ႏွစ္ခုကိုကမ္းေပးလိုက္သည္။ေရွာင္က်ဴးက အျမန္လွမ္းယူလိုက္ရင္း
ျပဳံးလ်က္ပင္

"ေက်းဇူးပါ ကၽြန္ေတာ္တို႔ ႀကိဳးစားပါ့မယ္... "

ထို႔ေနာက္ ေရွာင္က်ဴးက ခ်ီယြမ္အား
အျမန္ပင္ဆြဲေခၚကာ
အိမ္ေတာ္အတြင္းဝင္လာေတာ့သည္။

............................

သူတို႔အိမ္ေတာ္အတြင္း အလုပ္လုပ္ေနၾကသည္မွာႏွစ္ရက္ေလာက္ေတာ့ရွိေနၿပီျဖစ္သည္။
ယခုအခ်ိန္ထိေတာ့ အမတ္ႀကီးက်ဴ၏သားအား
သူတို႔မေတြ႕ရေသးေပ။

ထိုသူသည္ အျမဲလိုလို ေဆာင္ၾကာၿမိဳင္မ်ားတြင္
ေပ်ာ္ပါးၿပီးအခ်ိန္ကုန္ေနတက္သည့္
ဆန္ကုန္ေျမေလးျဖစ္သျဖင့္

အိမ္ျပန္မအိပ္သည္က မထူးဆန္းေပ။
ဖခင္ျဖစ္သူက ဘုရင္၏
ယုံၾကည္ကိုးကြယ္အားထားရေသာ
အမတ္ႀကီးျဖစ္သည့္အေလ်ာက္ သားျဖစ္သူကမူ
ဂ်ဳံးဂ်ဳံးက်ေနသည္။

ဂုဏ္အရွိန္အဝါေၾကာင့္မည္သူကမၽွ
ျပန္ခံေျပာရဲသည့္သတၱိမရွိေပ။
ဆိုးသြမ္းရမ္းကားသည့္သူတေယာက္ျဖစ္ေနသည္ကို မေျပာရဲ၍လႊတ္ထားခဲ့ၾကသည္။

ခ်ီယြမ္ႏွင့္ ေရွာင္က်ဴးက ၿခံဝင္းထဲတြင္ရွိေသာ
ပန္းအိုးမ်ားကိုေနရာခ်ေနရင္း
မလွမ္းမကမ္းတြင္ရွိေသာနံရံတတိုင္းနားေလးမွ အသံေသးေသးေလးေၾကာင့္လွည့္ၾကည့္လိုက္ၾကသည္။

ဤသည္က ေရွာင္က်ဴး၏ ညီမေလးေရွာင္းဟြာပင္။သူမ၏အရပ္က နံရံတံတိုင္းအား
ေက်ာ္နိုင္ေလာက္သည္ထိ မရွည္ေသာေၾကာင့္
ေအာက္က ခုံခုထားသည္မွာေသခ်ာလွသည္။
ေရွာင္က်ဴးႏွင့္ ခ်ီယြမ္ကျပဳံးလ်က္
သူမ၏အနားသိူ႔ အျမန္ပင္ေရာက္လာၾကသည္။

"ေရွာင္းဟြာ...ဘယ္လိုျဖစ္ၿပီးေရာက္လာတာလဲ..."

"ကိုႀကီးေရွာင္က်ဴးကိုအေမကဒါေလးေပးခိုင္းလိုက္ လို႔...."

ေရွာင္းဟြာက သူမ၏လက္ထဲတြင္ရွိေနေသာ
အထုတ္ကေလးတစ္ထုတ္အားကမ္းေပးလိုက္သည္။အနည္းငယ္ေဟာင္းညစ္ေနေသာအထုတ္ကေလးတစ္ထုတ္ျဖစ္သည္။
ေရွာင္က်ဴးက အျမန္ပင္အထုတ္ကိုလွမ္းယူလိုက္ၿပီးျဖည္ၾကည့္လိုက္သည္။

ဤသည္က အဝတ္တစ္ထည္ပင္။
အနိမ့္ဆုံးေစ်းျဖင့္ရကာထားေသာပိတ္စေလးျဖင့္
ထည္ထည္ဝါဝါျဖစ္ေအာင္ ေစတနာျဖင့္
တမင္ဖန္တီးထားမွန္းသိသာသည္။

ခ်ီယြမ္ကျပဳံးလ်က္ပင္ ေရွာင္က်ဴးေက်ာျပင္အားတခ်က္ရိုက္ လိုက္သည္။

"အံမယ္...အကၤ်ီ အသစ္ဝတ္ရေတာ့မယ္ေပါ့..."

ေရွာင္က်ဴးကလည္း ထိုအကၤ်ီ အား
သူ၏ရင္ဘတ္ႏွင့္ကပ္လ်က္လိုက္မလိုက္ၾကည့္ေနသည္။ၿပီးမွ ထိုအကၤ်ီ အားျပန္လိပ္လိုက္ၿပီး

"ယြမ္ေလး...အတြက္ေရာ..."

"........."

ၿခံစည္းရိုး တံတိုင္းေဘာင္ေလးအား
လက္ကိုင္ထားကာ ျပဳံးေနေသာ ေရွာင္းဟြာ က
အနည္းငယ္႐ုပ္ပ်က္သြားသည္၊။
သူမပုံစံကအနည္းငယ္ စိတ္မေကာင္းျဖစ္သြားသည့္ပုံပင္။ထိုအခါမွ ေရွာင္က်ဴးကလည္း
သတိရသြားၿပီ သူပါးစပ္အားအတင္းစိထားလိုက္သည္။

ခ်ီယြမ္က မူ ဘာမွမေျပာပဲ
ဒီအတိုင္းသာဆက္ျပဳံးေနလိုက္သည္။
ဤကဲ့သို႔ ဥေပကၡာ အျပဳခံရသည္မွာ
သူ႔အတြက္ ထူးဆန္းသည့္အရာမဟုတ္ေတာ့ေပ။

တခဏ အၾကာမွ ေရွာင္းဟြာက
ရီလိုက္ရင္း သူမရင္ဘတ္ဝတ္႐ုံထဲမွ
ပစၥည္း ေလးတစ္ခုအား ထုတ္ေပးလိုက္သည္။

"ေရာ့ ဒါက ကိုကိုခ်ီယြမ္အတြက္
ေရွာင္ဟြား ကိုယ္တိုင္ထိုးထားတာ...."

အိတ္ကေလးတစ္လုံးပင္ျဖစ္သည္။
အမဲေရာင္ ခ်ည္အိတ္ကေလး၏အေပၚတြင္
လွပစြာထိုးထားသည္ကအျဖဴေရာင္ ႏွင္းပြင့္ ခ်ပ္ကေလးတစ္ခုပင္။

ေဘးတြင္ တလတ္လတ္ေတာက္ပေနသည့္ဟန္
ႏွင္းပြင့္ခ်က္အေသးေလးမ်ားလည္း
ဝိုင္းရံေနၾကေသးသည္။

ခ်ီယြမ္က အားရဝမ္းသာယူလိုက္သည္။သို႔ေသာ္သူ၏မ်က္ႏွာမွာ ထိုပုံကိုျမင္ေတာ့အနည္းငယ္ပ်က္ယြင္းသြားသည္။ထိုပုံကို ဆက္ၾကည့္ေနရင္းပင္သြားမ်ားေပၚသည္အထိ ရီလိုက္ရင္း
လက္မ်ားက ေရွာင္ဟြား ၏ ေခါင္းရွိဆံႏြယ္မ်ားကိုဖြလိုက္သည္။

"ေက်းဇူး ပဲ...ေရွာင္းဟြာ "

ေရွာင္းဟြာက သူမ၏ဆံႏြယ္ေလးမ်ားအား
ျပန္လည္သပ္လိုက္ရင္း

"ကိုကိုခ်ီယြမ္ႀကိဳက္ရင္ၿပီးေရာ...။ဘာပုံထိုးရင္ေကာင္းမလည္းေတြးေနရင္းနဲ႔ကိုကို႔ ရင္ဘတ္အေပၚနားကအမွတ္ကို သတိရမိလို႔အဲ့ဒီပုံစံထိုးလိုက္ေတာ့တာ.."

ေရွာင္က်ဴးက လွမ္းၾကည့္ေနရင္း

"လွတယ္ေနာ္....အျဖဴေရာင္ေလး
ငါ့ညီမနင္တိုးတက္လာၿပီပဲ...."

"ဟီး....ဒါဆို ကိုႀကီးတိူ႔။ညီမေလးသြားေတာ့မယ္ေနာ္ အလုပ္ကအားရင္အိမ္ကိုျပန္လာၾကအုန္း။ အေမကေမၽွာ္ေနတာ.."

"ေအးပါ..ငါတို႔လာခဲ့မယ္..."

ေရွာင္က်ဴးက သူမကိုျပန္ေျဖရင္းအျမန္သြားရန္ လက္ျပလိုက္သည္။

ခ်ီယြမ္ကမူ ထိုအိတ္ကေလးအေပၚရွိ
ႏွင့္ပြင့္ခ်က္ကေလးအားပြတ္သတ္ၾကည့္ေနသည္။

"အ..မ...ေလး....."

ႏွစ္ဦးသား လက္ေဆာင္ရေသာပစၥည္းေလးမ်ားကိုေသခ်ာေငးစိုက္ၾကည့္ေနၾကစဥ္မွာပဲ
ၿခံအျပင္ဘက္ရွိ အသံေၾကာင့္နားစြင့္မိၾကသည္။

ဤသည္က ေရွာင္းဟြာ၏အသံပင္။
ေရွာင္က်ဴးက အဝတ္ထုတ္ကိုဆြဲလ်က္
ခ်ီယြမ္က အိတ္အေသးေလးအား
သူ၏ရင္ဘတ္ဝတ္႐ုံထဲအျမန္သြင္းလိုက္ၿပီး
အျပင္သိူ႔ေျပးထြက္ကာၾကည့္ၾကေတာ့သည္။

ေရွာင္းဟြာက ေျမေပၚတြင္
လဲက်လ်က္။ သူ၏ေရွ႕တြင္ရပ္ေနသူက
အမတ္ႀကီး၏သားျဖစ္သူ အရိုင္းတုန္းက်ဴေလာ့လန္ ပင္ျဖစ္သည္။

ထိုသူစီးလာေသာျမင္းႏွင့္
ေရွာင္းဟြာ မွာမေတာ္တဆတိုက္မိခါနီးတြင္
ရပ္တန႔္ေသာေၾကာင့္ေရွာင္းဟြာ ဘာမွျဖစ္မသြားေသာ္လည္းလန႔္သြားသျဖင့္ေျမေပၚသို႔ထိုင္ခ်လိုက္ပုံရသည္။

က်ဴေလာ့လန္က သူမကိုလက္ကမ္းေပးေနသည္။ေရွာင္းဟြာ က ထိုလက္အား
လွမ္းပိုင္လိုက္ျခင္းမရွိပဲ မိမိလက္ကိုသာေျမျပင္တြင္ေထာက္လိုက္ၿပီးထလိုက္သည္။
ရွက္စဖြယ္ျဖစ္သြားေသာလက္အားေလာ့လန္ျပန္႐ုတ္လိုက္ၿပီးလက္ကိုေနာက္ျပန္ ထားလိုက္သည္။

ေရွာင္းဟြာ ကအျမန္လစ္ထြက္ရန္ႀကံေနသည္။
အမတ္ႀကီးသား၏ရနံေမႊးပ်ံ႕ေနေသာ
ဂုဏ္သတင္းမ်ားကိုသူမၾကားခ်င္လ်င္ေတာင္
နားႏွင့္ပင္မဆန႔္ေလာက္သည္အထိ
ၾကားေနရေသာေၾကာင့္ သူမထိုအရိုင္းတုန္းအား
႐ုပ္ကိုပင္မၾကည့္ခ်င္ပါ။

ေရွာင္းဟြာ ကေခါင္းငုံ႔ထားျမဲ။
ေလာ့လန္က သူမအား အမိန႔္ေပးလိုက္သည္။

"မင္းရဲ့ေခါင္းကိုေမာ့စမ္း..."

ေရွာင္က်ဴးႏွင့္ခ်ီယြမ္တို႔ ခ်က္ခ်င္းပင္
ေျပးကာေရာက္လာၾကသည္။

ႏွစ္ဦးသား ေရွာင္းဟြာ ၏
ေရွ႕တြင္ပိတ္ရက္လိုက္ၾကၿပီး

"သ...သခင္ေလး...ျပန္..ျပန္လာပါၿပီလား..."

"ဖယ္...မင္းတို႔ႏွစ္ေကာင္ကို
ငါေခၚမိလို႔လား....."

ေလာ့လန္က ေနာက္တြင္ရွိေနေသာ
ျမင္းထိန္းတေယာက္အားလွမ္းေမးလိုက္သည္။

"ဒီငေၾကာင္ႏွစ္ေကာင္ကအသစ္ေတြလား..."

"ဟုတ္ပါတယ္....သခင္ေလး
ေရာက္ေနတာ ႏွစ္ရက္ပဲရွိပါေသးတယ္..."

"ဟမ့္...အဲ့ဒါေၾကာင့္ သတၱိေတြ
ေကာင္းျပေနတာလား...ရာရာစစ.ငါ့ေရွ႕ကို
လာကြယ္ရေအာင္...."

ေရွာင္က်ဴးက အျမန္ပင္ကိုယ္ကို
ညႊန႔္ကိုင္းခ်လိုက္ၿပီး ေျပာေလေတာ့သည္။

"သူကကၽြန္ေတာ့ညီမေလးပါ ဘာမွမသိလို႔ျဖစ္ရတာပါ ကၽြန္ေတာ္တို႔လိုအမ်ိဳးနိမ့္ေတြကို
သခင္ေလးကပဲ သေဘာထားႀကီးႀကီးခြင့္လႊတ္ေပးဖို႔ေတာင္းဆိုပါတယ္..."

ေလာ့လန္က ေရွာင္က်ဴးအား
ေသခ်ာစြာၾကည့္ေနလိုက္သည္။
ေရွာင္က်ဴးေဘးတြင္ရွိေနေသာ ခ်ီယြမ္ကိုလည္း
အကဲခတ္ေနေသးသည္။

ထို႔ေနာက္႐ုတ္တရက္ဆန္စြာပင္
ေရွာင္က်ဴး၏ ပါးျပင္အား လက္ျဖင့္
အားပါပါလြဲရိုက္ရင္း ေဘးသိူ႔တြန္းပစ္လိုက္သည္။

"က်က္သေရတုံးတဲ့ေကာင္ကမ်ား။ငါ့အလုပ္ကိုလာတားေနရေသးတယ္

ငါလုပ္ခ်င္ရင္ ဘယ္သူမွတားလို႔မရဘူးကြ..."

ေျမျပင္တြင္လဲက်သြားေသာ
ေရွာင္က်ဴးဆီသိူ႔ ေရွာင္းဟြာ အျမန္ပင္
ေျပးသြားလိုက္သည္။

"ကိုႀကီး......"

ေရွာင္က်ဴးက သူ႔ပါးေလးသူကိုင္ကာ
မ်က္ရည္ေတြဝဲေနေလသည္။ငုတ္တုတ္ကေလးပင္ ေမာင္ႏွမႏွစ္ေယာက္လုံး
ေလာ့လန္အား ၾကည့္လိုက္ၾကသည္။

ထိုအခါမွေလာ့လန္က
ေရွာင္းဟြာ ကိုၾကည့္ရင္း သေဘာက်စြာ
ရယ္လိုက္သည္။

အသက္ ၁၄ႏွစ္ခန႔္သာရွိေသးေသာ္လည္း
မိန္းကေလးတေယာက္၏အရြယ္အစား ကိုယ္လုံးကိုယ္ေပါက္တို႔ျဖင့္သူမသည္လွပေနၿပီးျဖစ္သည္၊။

ေရွာင္းဟြာက ေလာ့လန္အား
ေသခ်ာစြာစိုက္ၾကည့္ေနသည္။
ေလာ့လန္က သူမအနားသိူ႔တိုးလာလိုက္ၿပီး
သူမ၏ ေမးရိုးအား လက္ျဖင့္ဆြဲညႇစ္လ်က္
မ်က္ႏွာအားေသခ်ာၾကည့္ေနသည္။

"ဟမ့္...တကယ့္အေခ်ာေလးပဲ.....တစ္ညစာေတာ့ လုံေလာက္မွာေပါ့....."

ေလာ့လန္က ျပန္ထလိုက္ၿပီး

"သူ႔ကို အိမ္ေတာ္ထဲေခၚသြားၿပီးျပင္ဆင္ေပးလိုက္....ဒီညငါ...အ့....."

ေလာ့လန္၏စကားပင္အဆုံးမသတ္ေသး
ျပင္းထန္ေသာ လက္သီးတစ္ခ်က္ကိုသူခံယူလိုက္ရသည္။

ေစာင္းသြားေသာေခါင္းအားျပန္တည့္ယူလိုက္ရင္း လက္လာရာကိုၾကည့္လိုက္ေတာ့အသင့္အေနအထားရွိေနေသာခ်ီယြမ္ပင္။

လက္သီးႏွစ္ဖက္အား က်စ္က်စ္ပါေအာင္ဆုပ္ထားၿပီး အရာအားလူံးကိုရင္ဆိုင္ရန္ အသင့္ရွိေနသည့္ဟန္။ႏွုတ္ခမ္းေဘးတြင္ အနည္းငယ္စီးက်သလိုျဖစ္ေနေသာ ေသြးစတို႔အား ေလာ့လန္သုတ္လိုက္ၿပီး

"ေသာက္မ်ိဳးမစစ္ေကာင္ကမ်ား
ငါ့ကိုခ်ရဲတယ္ေပါ့...လူ႔ေလာကမွာမေနခ်င္ေတာ့ဘူးထင္တယ္ အထဲကေကာင္ေတြ လာၾကစမ္း..."

ေလာ့လန္က အထဲရွိအလုပ္သမားဆယ္ေယာက္နီးပါးအားလွမ္းေခၚလိုက္သည္။ခ်ီယြမ္ကလုံးဝမျဖဳံသည့္ပုံစံပင္။ယခုသူ၏ခံစားခ်က္က မည္သည့္အရာကိုမဆိုတစစီလုပ္ပစ္ခ်င္ေနသည့္ပုံစံပင္။

မ်က္ဝန္းအိမ္ကလည္းအနည္းငယ္နီလာသလိုလို ပုံမွန္အတိုင္းပဲရွိေနသလိုလိုျဖင့္ ေဝခြဲမရေပ။
ခ်ီယြမ္က လက္သီးႏွစ္ဖက္အားဆုပ္ကာ ၿငိမ္သက္ေနရင္း ေရွာင္က်ဳးတို႔အားေျပာလိုက္သည္။

"သြားေတာ့......."

ေရွာင္က်ဴးကလည္း ေရွာင္းဟြာကိုေခၚကာ
ခ်ီယြမ္အား လွည့္ၾကည့္ လွည့္ၾကည့္ႏွင့္ပင္
ေျပးသြားေလေတာ့သည္။ထိုႏွစ္ေယာက္ေဝးေဝးေရာက္ေလေတာ့ခ်ီယြမ္က သူ၏ လက္တဖက္အားေျမႇာက္လ်က္ေရွ႕တည့္တည့္တြင္ ရပ္ေနေသာလူမ်ားအား စိန္ေခၚလိုက္သည္။

ဝိုင္းကာတဟုန္ထိုးေျပးလာေသာ
သူမ်ားကို ေရွာင္လိုက္ ျပန္တိုက္ခိုက္လိုက္ျဖင့္
ေအးေအးလူလူပင္ခ်ေနသည္။

ခ်ီယြမ္၏ တကိုယ္လုံးနီးပါးေသြးမ်ားကဆူပြတ္ေနသည့္ႏွယ္။စိတ္တိုမိေသာေၾကာင့္လည္းျဖစ္ရမည္။သူဆီသို႔ေျပးလာတိုက္ခိုက္ၾကေသာ
သူအားလုံးအား သုံးေလးကြက္ေလာက္ႏွင့္ပင္အနိုင္ပိုင္းပစ္လိုက္သည္။

ေလာ့လန္မွာစြံ့အေနဆဲပင္။ခ်ီယြမ္က အတုံးအ႐ုန္းလဲေနေသာလူမ်ားၾကားထဲမွ ေလာ့လန္အား
အၾကည့္စူးစူးတို႔ျဖင့္ တခ်က္ၾကည့္လိုက္ရင္း
လွည့္ထြက္လာခဲ့လိုက္သည္။

"မင္း...ျပန္ေပးဆပ္ရမယ္...ၾကည့္ထား..."

ေနာက္ကေလာ့လန္၏ ေအာ္ဟစ္သံႀကီးေၾကာင့္
ခ်ီယြမ္ ေခါင္းကိုေစာင္း႐ုံသာေစာင္းလိုက္ၿပီး

"ေကာင္းၿပီ...အခ်ိန္မေရြးပဲ...."

..................................

"..ဟင္း.......ဟင္း....."

ေန႔လည္က အရွိန္ေၾကာင့္ေပလားမသိ။ပုံမွန္ဆိုလ်င္ ၂ေယာက္ေလာက္ကိုပင္အေတာ္အနိုင္ယူရသည့္သူက ဆယ္ေယာက္နီးပါးကို အလဲထိုးခဲ့သည္မလား။

ခ်ီယြမ္ ဇရပ္ပ်က္ေပၚတြင္ပင္အိပ္ေပ်ာ္ေနရင္း နာက်င္မွုေၾကာင့္ ညည္းညဴေနမိသည္။
ေခၽြးေစးမ်ားက ကိုယ္ခႏၲာတစ္ခုလုံးရြဲစိုေနေစ၏။ရင္ဘတ္အေပၚရွိ အမွတ္သည္လည္း
ယခင္ကထက္ပို၍နီရဲကာေဖာင္းႂကြေနသည္။

ခ်ီယြမ္ တေယာက္ သူ၌ရွိသည့္ေစာင္အပါးေလးတထည္ကိုသာလႊားျခဳံထားရင္ ခိုက္ခိုက္တုန္ေနေတာ့သည္။အလုပ္ကလည္းျပဳတ္သြားသည့္အျပင္အမတ္ႀကီး၏သားအားအျပစ္ျပဳမိသည့္အတြက္ မၾကာခင္ေသရေတာ့မည္မွာ ေသခ်ာသေလာက္ပင္။

ေရွာင္က်ဳူးတို႔အား ေရာ၍အျပစ္ခံရမည္ဆိုးးသျဖင့္သူတို႔ႏွင့္အဆက္အသြယ္ခဏျဖတ္ရေပမည္။သို႔ေသာ္ ယခုမိမိက ဖ်ားနာကာထပင္မထနိုင္ခဲ့ေခ်။မနက္ပိုင္းေရာက္လ်င္ေတာ့ေကာင္းသြားလိမ့္မည္ဟူေသာ အေတြးျဖင့္သာ တညလုံး
ႀကိတ္မွိတ္ခံခဲ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



Continue Reading

You'll Also Like

19.1K 2K 28
Title - 草茉莉 ( Four O'Clock Flower ) Author - Ashitaka Type - Web Novel ဘဝသည် ဆန်းကြယ်သည်။ ကွာခြားချက်သည် မိုးနှင့်မြေကြားရှိ အကွာအဝေးမျှ ကျယ်ပြောနေလ...
42.1K 1.6K 6
Mature on ထားပါတယ်။ အဆင်မပြေရင် မဖတ်ကြဖို့ တောင်းဆိုပါတယ်။ S 1 မဖတ်ပဲနဲ့ S 2 ကနေပဲ စဖတ်လဲ အဆင်ပြေပါတယ်။ Note - အထွန်းသည် ငပျင်းတစ်ယောက်ဖြစ်တာကြောင့်...
230K 17.5K 51
Iyaye musamman mata sukan sadaukar da dukkan farincikinsu domin kyautata rayuwar 'ya'yansu. Haka ce ta faru ga Maamu har zuwa lokacin da Allah Ya azu...
379K 50.8K 59
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...