Guileful Cirrus
By mhuu99
43.5K 4.7K 119
This fic is written in both Unicode and Zawgyi Unicode မနှစ်မြို့ဖွယ်ရာခက်ခဲကြမ်းတမ်းသောလောကအလယ်တွင် ပုံဖော်ထ... More
A/N Note
Guileful Cirrus Ch-1
Guileful Cirrus Ch-2
Guileful Cirrus Ch-3
Guileful Cirrus Ch-4
Guileful Cirrus Ch-5
Guileful Cirrus Ch-6
Guileful Cirrus Ch-7
Guileful Cirrus Ch-8
Guileful Cirrus Ch-9
Guileful Cirrus Ch-10
Guileful Cirrus Ch-11
Guileful Cirrus Ch-12
Guileful Cirrus Ch-13
Guileful Cirrus Ch-14
Guileful Cirrus Ch-15
Guileful Cirrus Ch-16
Guileful Cirrus Ch-17
Guileful Cirrus Ch-18
Guileful Cirrus Ch-19
Guileful Cirrus Ch-20
Guileful Cirrus Ch-21
Guileful Cirrus Ch-22
Guileful Cirrus Ch-23
Guileful Cirrus Ch-24
Guileful Cirrus Ch-25
Guileful Cirrus Ch-26
Guileful Cirrus. Ch-27
Guileful Cirrus ch-28
Guileful Cirrus Ch-29
Guileful Cirrus Ch-30
Guileful Cirrus Ch-31
Guileful Cirrus Ch-32
Guileful Cirrus Ch-33
Guileful Cirrus Ch-34
Guileful Cirrus Ch-35
Guileful Cirrus Ch-36
Guileful Cirrus Ch-37
Guileful Cirrus Ch-38
Guileful Cirrus Ch-39
Guileful Cirrus Ch-40
Guileful Currus Ch-41
Guileful Cirrus Ch-42
Guileful Cirrus Ch-43
Guileful Cirrus Ch-44
Guileful Cirrus Ch-45
Guileful Cirrus Ch-46
Guileful Cirrus Ch-47
Guileful Cirrus Ch-48
Guileful Cirrus Ch-49
Guileful Cirrus Ch-50
Guileful Cirrus Ch-51
Guileful Cirrus Ch-52
Guileful Cirrus Ch-53
Guileful Cirrus Ch-54
Guileful Cirrus Denouement Part>>2
Guileful Cirrus Denouement >Part 3
Guileful Cirrus Denouement>Part 4
Guileful Cirrus Denouement>Part 5 (Last Part)
Guileful Cirrus>>>>>Denouement Part-1
608 65 0
By mhuu99
Unicode (zawgyi below)
Jaehyun's POV
စီးလုံးငှားလာသောအမြန်လေယာဉ်နဲ့လာတာတောင် ၆ နာရီလောက်ကြာသေးသည်။
လာရတဲ့နေရာကလည်း မြို့ထဲမဟူတ်ဘဲမြို့အစွန်ဘက်နားကအိမ်တစ်လုံးဖြစ်တာကြောင့် ၆ နာရီလောက်ကြာခဲ့ရတယ်။ ဂျပန်ဆိုတဲ့အနီးဆုံးလို့သတ်မှတ်လို့ရတဲ့နိုင်ငံကိုကျွန်တော်ရောက်နေခဲ့လို့သာပေါ့။ မဟုတ်ရင် ကျွန်တော် Taeyong ကိုမတွေ့ရခင်မှာပဲသူ့ကိုစိတ်ပူတဲ့စိတ်နဲ့ပဲကျွန်တော်အရင်သေသွားနိုင်တယ်
Johnny ပြောတဲ့နေရာအတိုင်းကျွန်တော်လာခဲ့မိတော့ မြင်လိုက်ရတဲ့ ပုံရိပ်ကြီးက
ဒဏ်ရာတွေအထစ်ထစ် ၊ သွေးအလိမ်းလိမ်းနဲ့ဖြစ်နေသော taeyong ကိုပွေ့ထားပြီး ဆက်တိုက်ခေါ်နေတဲ့ Johnny ။
"Taeyongggg!!!"
Johnny ဆီကျွန်တော်ပြေးသွားလိုက်ပြီး သူ့လက်ထဲက Taeyong ကိုအမြန်ဆွဲယူလိုက်သည်
"Taeyong Taeyong!!!!! Taeyong"
ပါးရိုးကိုတောင်စမ်းမိနေတဲ့ သူ့ပါးပြင်ကိုကျွန်တော် ကိုင်လှုပ်ရင်းအော်ခေါ်ကာနှိုးနေမိပေမယ့် အသိရော သတိရောမရှိတော့တဲ့သူကတော့ ကျွန်တော်စိုးရိမ်မှုလျော့သွားအောင်မျက်လုံးတောင်ပွင့်မလာခဲ့ဘူး
သွေးတွေပေကျံနေတဲ့သူ့ရင်ဘတ်ကို ကျွန်တော်လက်တင်မိတော့ နှင်းခဲပေါ်လက်တင်လိုက်ရတဲ့အတိုင်းအေးစက်လွန်းတာကိုသတိထားလိုက်မိတယ်
စိတ်တွေအရမ်းရောက်ယက်ခတ်နေတယ်
ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရတယ်
ရင်ထဲမှာတော့ ပြောမပြတတ်အောင်ပူလောင်နေရတာ
အေးစက်နေတဲ့ ခန္ဓာကိုယ်နဲ့ တုန့်ပြန်မှုအလျင်းကင်းမဲ့နေသောသူ့ကြောင့် ကျွန်တော်ခေါင်းတွေပေါက်ထွက်ခါနီးအထိကျိန်းစက်သွားရသည်
ကျွန်တော်သူ့ကိုအမြန်ပွေ့ချီလိုက်ပြီး
"အစ်ကိုလေး"
"Seoul ဆေးရုံကြီးကိုသွားမယ် အပြင်မှာကားပါတယ် မင်းအဆင်သင့်လုပ်ထား အမြန်မောင်းနိုင်အောင်လုပ်"
"nae"
ကျွန်တော်က ကားသော့ပစ်ပေးလိုက်တော့ သော့ကိုလက်နဲ့အုပ်ဖမ်းလိုက်ပြီး ဘာမှန်းမသိသောအခန်းအစုတ်အပြတ်အကျယ်ကြီးထဲမှ Johnny က အပြင်ဘက်ကိုပြေးထွက်သွားတော့သည်
ကျွန်တော်ကတော့ Taeyong ကိုချီကာ Johnny နောက်မှ အသွက်လက်ဆုံးသောခြေလှမ်းတို့နဲ့လိုက်လာကာ အဆင့်သင့်ဖွင့်ပေးထားသော ကားထဲဝင်လိုက်သည်။
"Taeyong!!"
ကျွန်တော်ကသာခေါ်နေပေမယ့် ဟင့်အင်း ဘာမှထူးခြားမလာဘူး။
မျက်ရည်တွေစီးကျလာရတယ်
မျက်ရည်တို့ရှိသောကျွန်တော့်ပါးပြင်နဲ့ သူ့ရဲ့အေးစက်နဲ့ပါးပြင်ကို လေတိုးလို့မဝင်နိုင်တော့တဲ့အထိကပ်လိုက်ပြီး ကျွန်တော်အသံတိတ်ငိုနေမိတယ်
အခုချိန် ဘာတွေဖြစ်ခဲ့လဲဆိုတာကျွန်တော်စိတ်မဝင်စားဘူး
သူကျွန်တော့်ဆီကမပြောမဆိုနဲ့ထွက်မသွားဖို့ကိုဘဲ အာရုံစိုက်နေမိတာ။ ဒါဟာမှန်သောအတွေးတို့ပါ
Seoul ဆေးရုံကြီးက မြို့ထဲမှာဖြစ်လို့ အချိန်မဆိုသလောက်ကြာနိုင်တာကိုသိပေမယ့် အဲ့ဆေးရုံကိုသာကျွန်တော်တန်းမတ်စွာသွားရလိမ့်မယ်
ပုဂ္ဂလိကဆေးရုံတွေထက် အစိုးရဆေးရုံက Taeyong ကိုဒီလိုလုပ်တဲ့လူတွေအတွက်ထိထိရောက်ရောက်အမှုဖွင့်ပေးနိုင်သလို အရေးယူပေးနိုင်တယ်
"Johnny မြန်မြန်မောင်းပါကွာ"
ကျွန်တော့်အသံတွေအက်ကွဲနေသလိုရှိသည်။
သူမက်မောတယ်ဆိုတဲ့ကျွန်တော့်ရင်ခွင်ထဲမှာ သူ့ကိုအပြည့်အဝထည့်ထားမိပြီး ပါးပြင်ချင်းကပ်ထားကာ မျက်ရည်တွေစီးကျလျက်ရှိသည်။ ရှိုက်သံတစ်စုံတစ်ရာတော့မထွက်အောင်ကျွန်တော်ကြိတ်မှိတ်ပြီးထိန်းထားမိတယ်။ အကယ်၍များသူအခုချိန်နိုးထလာခဲ့ရင် ကျွန်တော့်ရှိုက်သံတွေကြောင့်သူအနှောင့်အယှက်ဖြစ်သွားနိုင်တယ်............ မဟုတ်လား?
နှာဖျားကနေရှူရှိုက်မိတဲ့လေထဲမှာ ကျွန်တော့်ရင်းနှီးနေတဲ့အနံ့တွေပါနေတယ်
ဒါဟာ သူဝတ်ထားတဲ့ကျွန်တော့်ရဲ့အင်္ကျီက ကျွန်တော့်ကိုယ်သင်းနံ့ပဲဖြစ်ကောင်းဖြစ်လိမ့်မယ်
ရင်ထဲကို ကျွဲရိုင်းဝင်ခွေ့နေသလိုအရမ်းနာကျင်နေရတာကြောင့် သူနိုးမလာရင် ကျွန်တော်အရင်သေသွားမှာကိုတောင်စိုးရိမ်ရပါရဲ့။
အချစ်စစ်ဆိုတာ ဒီလောက်နာကျင်ရမှန်းသိခဲ့ရင် သူ့ကိုကျွန်တော့်ရဲ့အချစ်တွေကိုအသိမပေးခဲ့ပါဘူး
အခုတော့ ဆုံစည်းဖို့အရေး အရေးမပါတဲ့လူတွေကြောင့်သူတစ်ခုပြီးတစ်ခုဖြစ်နေရတယ်
"အစ်ကိုလေး ရောက်ပြီ"
Johnny စကားကြောင့် Taeyong ပါးပြင်ပေါ်ကနေကျွန်တော့်ပါးကိုခွာလိုက်ပြီး ကားပေါ်မှကမူးရှူးထိုးဆင်းလိုက်မိသည်
ကျွန်တော်က Taeyong ကိုချီကာ ဆေးရုံထဲပြေးဝင်တော့ ဆေးရုံမှသူနာပြုလေးတွေနဲ့အလုပ်သင်ဆရာဝန်လေးတွေက ကျွန်တော့်နောက်ကိုပြေးလိုက်လာကြသည်
"ဘာဖြစ်တာလဲ"
"ပြန်ပေးဆွဲပြီးအကြမ်းဖက်ခံရလို့ပါ"
ကျွန်တော့်ရဲ့တုန်ရီနေတဲ့အသံတွေကြောင့်သူတို့ကပါ ပိုပြာယာခတ်သွားပြီး အရေးပေါ်ကိုပို့ဖို့ဆောင်ရွက်ကြတော့သည်။
အပြာနုရောင်ဝတ်ထားတဲ့ ဝန်ထမ်းလေးတစ်ယောက်က ဘီးတပ်ထားတဲ့လူနာကုတင်ကိုကျွန်တော့်ရှေ့ဆီ ဝရုန်းသုန်းကားတွန်းလာတယ်
ချီထားတဲ့ Taeyong ကိုကျွန်တော်ထိုကုတင်ပေါ်မတင်ချင်ဘဲတင်လိုက်ရတယ်
သူနာပြုလေး ၅ယောက်လောက်နဲ့ ကျွန်တော်က အရေးပေါ်အခန်းဆီကိုရောက်ဖို့ကုတင်ကိုအမြန်တွန်းသွားကြသည်။ အနောက်ကနေ အလုပ်သင်ဆရာဝန်အချို့ပါလာကြတယ်
အခန်းထဲရောက်တော့ အောက်ဆီဂျင်ဗူးနဲ့ပိုက်တစ်ချို့ကိုသွယ်လိုက်ပြီး မေ့မျောနေတဲ့ Taeyong ရဲ့နှာခေါင်းထိပ်ဖျားနားမှာ တပ်ပေးလိုက်တဲ့သူနာပြုလေးကလည်းပြာယာခတ်နေတယ်။
"နှလုံးစက်ကို join လိုက်"
သူတို့ကအရမ်းပြာနေတော့ ကျွန်တော်ကဘေးနားကနေ ပိုပြီးနေမရထိုင်မရဖြစ်လာတယ်
"သွေးပေါင်ချိန်တွေကျနေတယ်"
သွေးပေါင်ချိန်တိုင်းပြီးတဲ့ သူနာပြုလေးက ဆရာဝန်ကိုပြောပေမယ့် ဆရာဝန်ကတော့ ချိတ်ဆက်လိုက်တဲ့နှလုံးစက်မှ နှလုံးခုန်နှုန်းစက်ကိုသာစိုက်ကြည့်နေသည်။
"တော်သေးတယ် နှလုံးခုန်နေသေးတယ်"
ကျွန်တော်ရင်ထဲကအပူတွေကိုသက်ပြင်းတစ်ချက်အနေနဲ့ချမိလိုက်တယ်
ရဲအမှုဖြစ်တာကြောင့် ရဲဝန်ထမ်းတွေလည်း အရေးပေါ်အခန်းထဲကိုရောက်လာကြသည်။
အလုပ်သင်ဆရာဝန်လေးက အပ်တွေဘာတွေကိုင်ရင်းပြောလိုက်တော့ သူနာပြုကောင်မလေးတစ်ယောက်ကအခန်းထဲကထွက်သွားတယ်
"Drip ချိတ်"
ကျွန်တော်ကတော့ အေးစက်နေတဲ့လက်ဖျားတွေကိုသာအချင်းချင်းပွတ်သပ်နေရင်း ခြောက်သွေ့နေတဲ့နှုတ်ခမ်းဖျားတွေကို လျှာနဲ့ပွတ်သက်နေမိတယ်
"Ultra sound နဲ့ X ray တွေအကုန်စစ်။ အထဲမှာဘာချို့ယွင်းသွားလဲသိရအောင်။ ဒါဓာတ်လိုက်တဲ့ဒဏ်ရာတွေနဲ့ဆင်တူနေတယ်"
ဆရာဝန်ရဲ့စကားကြောင့်ကျွန်တော့်ခြေထောက်တွေတောင့်သွားတယ်
Taeyong အသက်တော့ရှင်နိုင်ပါတယ်နော် ဆိုတဲ့အပူလှိုင်းကြီးကျွန်တော့်တစ်ကိုယ်လုံးကိုဖြတ်သန်းနေတယ်
ဟိုပြေးဒီပြေး ၊ အခန်းထဲထွက်လိုက်ဝင်လိုက်လုပ်နေတဲ့ ဆေးရုံဝန်ထမ်းတွေရဲ့လှုပ်ရှားမှုကြားကနေ အိပ်ရာပေါ်ပိုက်တန်းလန်းတွေနဲ့လဲနေတဲ့ Taeyong ကိုကျွန်တော်မရမကဖမ်းယူကြည့်နေမိသည်
ခဏကြာတော့ ရဲတွေရောက်လာပြီး Taeyong ရဲ့အခြေအနေနဲ့ အဖြစ်အပျက်မျိုးစုံကိုမှတ်တမ်းယူတော့သည်
"Johnny! ရဲကိစ္စမင်းပဲလုပ်လိုက်တော့"
"nae"
"ဆရာ!!! သူ ဘယ်လိုအခြေအနေ.."
မေးခွန်းကိုကျွန်တော်ဆုံးတဲ့အထိဆက်မမေးနိုင်ပါ
"ကျွန်တော်တို့ ကြည့်ရသလောက်တော့ ဒီအညိုအမည်းတွေက ဓာတ်တို့ လျှပ်စစ်တို့ကြောင့်ဖြစ်ရတဲ့အမာရွတ်တွေ ဒဏ်တွေဖြစ်တယ် ကံကောင်းတာက သူနှလုံးခုန်နေသေးတာပဲ အထဲမှာ အသည်းနည်းနည်းထိသွားတယ် ကလီစာတစ်ချို့လည်းထိထားတယ် သူထိခဲ့တဲ့လျှပ်စီးကဗို့အားပြင်းခဲ့တဲ့ပုံပဲ"
ကျွန်တော်နံရံကိုအားမရှိတော့သူသဖွယ်မှီချလိုက်မိသည်။
"အဲ့အတွင်းအင်္ဂါတွေအတွက် ကျွန်တော်တို့ဆေးသွင်းပေးထားတယ် အားဆေးကတော့နည်းနည်းပဲသွင်းပေးထားတယ် ဆေးကူရင် သူပြန်ကောင်းလာနိုင်ပါတယ်။ နှလုံးကိုထိမသွားတာပဲ အရမ်းကံကောင်းတယ်"
"......."
"လည်ပင်းနဲ့ ဂုတ်နားကဒဏ်ရာတွေအတွက်လည်း ကျွန်တော်တို့ လေဆာ ကုသမှုနဲ့ကုပေးဖို့စဉ်းစားထားတယ် လျှပ်စစ်ထိထားတော့ အထဲကသွေးကြောတွေပြန်ကောင်းဖို့အတွက် လေဆာနုနုလေးတွေနဲ့ကုရင်ပိုမြန်နိုင်တယ်။ ၂ နာရီခြားတစ်ခါ ဆေးတစ်မျိုးပြီးတစ်မျိုးသွင်းပေးသွားပါ့မယ်"
"nae"
ကျွန်တော် Taeyong ရဲ့ကုတင်နားမှာ ဖုတ်သွင်းထားတဲ့အသိမဲ့လူတစ်ယောက်လိုထိုင်ချလိုက်မိသည်။
"မင်းငါ့ကိုပစ်မသွားနဲ့နော်"
ဆရာဝန်က ဆေးကုသသွားမယ့်လမ်းစဉ်တွေတောက်လျှောက်ပြောသွားပေမယ့် ရင်ထဲမှာအခုထိပေါ့မသွားသေးဘဲ သူရုတ်တရက်ထွက်သွားမှာကိုသာကျွန်တော်အရမ်းကြောက်နေမိသည်
"ချစ်တယ် မင်းလည်းငါ့ကိုချစ်တာငါသိတယ် ဒါ့ကြောင့်ပြန်နိုးလာခဲ့နော် ငါမင်းကိုစောင့်နေတယ်"
သူကြားပါစေ
သူ့ကိုမျှော်နေတဲ့ကျွန်တော့်ရဲ့စကားတွေကိုသူကြားနိုင်ပါစေ...
ဆေးရုံရောက်တာမနက်ပိုင်းလောက်ရှိမည်
သူနိုးမလာသေးတာအတော်ကြာပြီ
ကျွန်တော်သူ့ကိုစောင့်နေတာလည်းကြာနေပြီ
ညနေစောင်းလာတော့မှ ကျွန်တော်သက်ပြင်းတွေဆက်တိုက်ချမိတယ်
သူဘယ်တော့မှနိုးလာမှာလဲ
အသံတိတ်ငိုငိုနေမိတာကလွဲရင် ကျွန်တော် "အဆင်ပြေပါတယ်" ဆိုပြီးပဲပြောနေခဲ့တာ။ တကယ်တမ်းကျကျွန်တော် နေလို့တောင်မရတော့ဘူး
"အစ်ကိုလေး ညနေစောင်းပြီ ညစာဘာစားမလဲ"
ကျွန်တော်လေးကွေးစွာခေါင်းခါလိုက်သည်။
"မင်းအကုန်အဆင်ပြေခဲ့ရဲ့လား"
"inn. သူတို့မေးသမျှသေချာဖြေပါတယ် သူတို့ကအမှုအဖြစ်ဖွင့်လိုက်ပြီး ကျွန်တော်ပြောတဲ့အခင်းဖြစ်တဲ့နေရာကို သွားနေပြီ တရားခံတွေကိုသူတို့အရဖမ်းပေးမယ်တဲ့"
"ကောင်းတယ် ဒါ့ကြောင့်ငါဆေးရုံကြီးကိုလာခဲ့တာ အနည်းဆုံးတော့ Taeyong ကိုဒီလိုဖြစ်အောင်လုပ်တဲ့လူတွေကို အပြစ်ဒဏ်ကျခံစေချင်လို့လေ"
နိုးမလာသေးတဲ့ Taeyong ကိုသာကျွန်တော်ငေးကြည့်ရင်းပြောလိုက်သည်။
"ကျွန်တော့်အမှားတွေလည်းပါပါတယ် အစ်ကိုလေးသေချာမှာခဲ့လျက်နဲ့ ကျွန်တော် Taeyong ကိုဂရုမစိုက်မိခဲ့ဘူး ကျွန်တော့်ကိုခွင့်မလွှတ်ပါနဲ့"
"Johnny!"
"nae?"
"သူသာပြန်နိုးမလာဘဲ သေသွားခဲ့ရင်ငါလုပ်ရမလဲဟင်? သူသာအဲ့လိုဖြစ်သွားတယ်ဆိုရင် ငါလေ...... ရေခဲတိုက်ဆောက်ထားလိုက်ရမလား သူ့ကိုစွဲလန်းနေလွန်းလို့ သူရုတ်တရက်သေသွားခဲ့ရင် ငါချက်ချင်းစွန့်လွှတ်လိုက်နိုင်မှာမဟုတ်ဘူး... .."
"ဟာာာာ အစ်ကိုလေးကလဲ"
"ငါနောက်နေတယ်လို့များမင်းထင်နေတာလား? သူသာသေသွားရင် ငါသူ့ကိုအဲ့လိုမျိုးငါနဲ့အတူထားမှာ"
ပြောနေရင်း မျက်ရည်တွေထပ်ပြီးဝဲတက်လာလို့ ကျွန်တော်မျက်လွှာချလိုက်မိသည်
"မထင်ပါဘူး အစ်ကိုလေးအဲ့စကားတွေပြောဖို့စောနေသေးလို့ကျွန်တော်ကတားတာပါ"
"တကယ်လား"
"nae"
"ဟုတ်တယ်။ သူငါ့ကိုအဲ့လောက်ထိလွယ်လွယ်လေးနဲ့ခွဲမသွားနိုင်ဘူး ဟုတ်တယ်မလား"
"inn"
"သူ့အချစ်က ငါ့အချစ်လိုပဲ ဆတူပြင်းထန်တယ် သူ့ဝိဉာဉ်ကလောကထဲကထွက်ချင်နေရင်တောင် သူ့အချစ်ကငါ့ကိုထားခဲ့မှာမဟုတ်ဘူး"
ကုတင်လက်ရန်းတိုင်လေးပေါ်ကျွန်တော်ခေါင်းတင်လိုက်ပြီး မျက်ရည်မိုးတွေ အားရပါးရရွာချလိုက်မိသည်။ သူဒီလိုဖြစ်ရတာ သူမက်မောလွန်းတယ်ဆိုတဲ့ကျွန်တော့်ရင်ခွင်ကိုမပေးနိုင်ခဲ့လို့။ ကျွန်တော့်အပြစ်တွေလည်းပါတယ်။ အားလုံးကျွန်တော့်အပြစ်ပဲ သူ့ကိုလက်ထပ်ယူပြီးတဲ့အထိ ကျွန်တော်ဟာအရင်ကလိုပဲသူ့အတွက်ဘာမှမကာကွယ်ပေးနိုင်ခဲ့တဲ့လူညံ့တစ်ယောက်ဖြစ်နေတုန်းပဲ
(ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုတွေစစ်မှန်ခဲ့ရင် သူ့ကိုအကြွေးအနေနဲ့ဆပ်ရင်းဒီ့ထက်ပိုစောင့်ရှောက်လို့ရအောင် သူ့ကိုသေမင်းတမန်ကိုခေါ်မသွားပါနဲ့ ဘုရားသခင်)
စိတ်ထဲကအကြိမ်ပေါင်းများစွာကြိတ်ဆုတောင်းမိတာလေးတွေ အမှန်တကယ်ဖြစ်လာပါစေ
****************
2 days later
"အစ်ကိုလေး!!!!"
ထိုင်ခုံမှာတောင်မထိုင်နိုင်တော့လို့ ဆေးရုံကြမ်းပြင်ပေါ်ကျွန်တော်ထိုင်ကာနံရံကိုမှီထားတဲ့ ကျွန်တော့်ကို Johnny ကခေါ်လာသည်။
ကုတင်ပေါ်က Taeyong ကိုမော်ကြည့်နေတဲ့ကျွန်တော့်ရဲ့မျက်လုံးတွေ ဝိဉာဉ်သေနေသလိုရှိသည်။
"အစ်ကိုလေး အတွက်ခေါက်ဆွဲကြော်ဝယ်လာခဲ့တယ်"
"မင်းပဲစား"
မမာနိုင်တော့တဲ့လေသံကလည်းအလိုလိုပျော့ကျသွားပြီဖြစ်သည်
"အစ်ကိုလေး ကိုယ့်ဘာသာလည်းပြန်ကြည့်ပါဦး ၂ ရက်အတွင်းအရမ်းပိန်နေပြီ အစားလည်းမစားဘူး ၁ လုတ်၂လုတ်ပဲစားတယ် ညကျတော့လည်းကောင်းကောင်းမအိပ်ဘူး တဖြည်းဖြည်းလူနာရုပ်ပေါက်နေပြီ"
"မင်းနားမလည်ပါဘူး။ ဟုတ်တယ်မလား အခု Taeyong နိုးမလာဘဲမျောနေတာ ၂ ရက်ရှိပြီကွ ၂ရက်။ ၂ ရက်တောင်ရှိ......"
ကျွန်တော်ဆက်မပြောနိုင်တော့ဘဲ မျက်ရည်တွေကျလာတာကြောင့် မျက်နှာကိုလက်နဲ့အုပ်လိုက်ရသည်။
စိတ်မခိုင်တော့မျက်ရည်လည်းမခိုင်တော့ဘူးထင်ပါရဲ့
"သူ့ကိုငါ့ဆီကနေဘယ်ကိုမှပေးမသွားခိုင်းနိုင်ဘူး လူမပြောနဲ့ သေမင်းနဲ့ကံကြမ္မာလက်ထဲတောင်ငါမထည့်နိုင်ဘူး"
ဘေးနားကနေ ထိုင်နေတဲ့ Johnny ကကျွန်တော့်နားကထသွားပြီး Taeyong ရဲ့ကုတင်နားမှာသွားရပ်နေသည်။
ကျွန်တော်သူမှပြန်နိုးမလာခဲ့ရင်ကအားအင်ဆိုတာဒီတစ်သက်ရှိနိုင်တော့မှာမဟုတ်ဘူး
"annyeong!!!"
အသံကြောင့်လှည့်ကြည့်လိုက်တော့အပေါက်ဝမှာ ရဲ၂ယောက်ကရပ်နေသည်။
ကျွန်တော်ကြမ်းပြင်ပေါ်ကအမြန်ထလိုက်ပြီး
"nae"
"ခင်ဗျားက Jeong Jaehyun ဟုတ်ပါတယ်နော်"
"nae"
"Taeyong အမှုကိုကျွန်တော်တို့ အမှုဖြစ်တဲ့နေ့ကစပြီးလိုက်ခဲ့တယ် တရားခံ ၅ယောက်ကိုဖမ်းမိတယ် သူတို့ကကျွန်တော်တို့ကိုပြစ်မှုကျူးလွန်ကြောင်းဝန်ခံတယ် ဒါပေမယ့်အဲ့ဒါကခိုင်းစေမှုသက်သက်ပါတဲ့"
"ဗျာာာ?"
"ဘယ်သူခိုင်းစေသလဲဆိုတာပြောပြရင်ခင်ဗျားဒီ့ထက်အံ့သြသွားနိုင်တယ် သူတို့ပြောပြတဲ့ BoA ဆိုတဲ့အမျိုးသမီးဟာ သူတို့ကို သိန်း ၁၀၀၀ ပေးပြီးခိုင်းစေတာပါတဲ့"
ကျွန်တော့်ရင်ထဲက နှလုံးက အမြင့်ဆုံးကိုဆောင့်တက်သွားသည်။
"ခင်ဗျားက သူ့မောင်ဆိုတာလည်းကျွန်တော်တို့စုံစမ်းမိတယ်။ အခုခင်ဗျားအစ်မကိုကျွန်တော်တို့ရုံးတင်ပြီးစစ်ဆေးနေတယ် ပြစ်မှုကထင်ရှားနေပေမယ့် ခင်ဗျားကသူ့မောင်ဖြစ်နေလို့ ခင်ဗျားလည်းကြံရာပါလို့သံသယဖြစ်မိတယ်။ ဒါပေမယ့် BoA ရဲ့ထွက်ဆိုချက်နဲ့ ကိုယ်ထိလက်ရောက်ပြစ်မှုကျူးလွန်သူတရားခံ ၅ ယောက်ရဲ့ထွက်ဆိုချက်နဲ့တင် ခင်ဗျားကဒီအမှုနဲ့ဘာမှပတ်သက်မှုမရှိဘူးဆိုပြီး ယုံထားတယ် အခုက မျက်မြင်သက်သေဖြစ်တဲ့ ဒီက အကိုရဲ့ထွက်ဆိုချက်ကိုကျွန်တော်တို့လိုအပ်နေလို့ လာခေါ်တာပါ"
ရဲအရာရှိက ကျွန်တော့်ဘေးနားက Johnny ကိုလက်ညှိုးထိုးလာသည်။
"နောက်ပြီး အကိုလည်းလိုက်ခဲ့ဖို့လိုပါတယ်။ Taeyong ကိုအကိုကိုယ်တိုင်ခေါ်ခဲ့တာဖြစ်လို့ မျက်မြင်သက်သေတွေမှာ အကိုလည်းပါတယ်"
"ကျွန်တော်လိုက်ခဲ့လို့ရပေမယ့် Taeyong က... သူသတိမရသေးဘူး"
"စိတ်မပူပါနဲ့ ကျတော်တို့လုံခြုံရေးချပေးခဲ့မှာပါ။ ဒီ၁ရက်တည်းနဲ့ တရားသူကြီးကဆုံးဖြတ်ချက်ပေးနိုင်ရင် တရားခံ ၅ ယောက်နဲ့ ပြစ်မှုခိုင်းစေသူ ခင်ဗျားအစ်မကိုပါ အရေးယူနိုင်ပြီး အမှုကခဏလေးနဲ့ပြီးသွားလိမ့်မယ်"
Noona ကတရားခံအဖြစ် ထောင်ထဲဝင်ရတော့မှာကိုကျွန်တော်စဉ်းစားမိတော့စိတ်မကောင်းဖြစ်မိသလို တွန့်လည်းတွန့်ဆုတ်မိသည်
သို့ပေမယ့် သူဟာကျွန်တော့်အစ်မဖြစ်ပြီး ကျွန်တော့်ဆန္ဒတွေကိုပယ်ချသူဖြစ်နေခဲ့တာကြောင့်
"ကျွန်တော်လိုက်ခဲ့မယ် Taeyong ကိုသာသေချာစောင့်ရှောက်ပေးပါ"
"nae. ကျွနိတော်တို့လုံခြုံရေးအပြည့်ချပေးပါ့မယ်"
ကျွန်တော်ရယ် Johnny ရယ် ရဲဝန်ထမ်း၂ယောက်နောက်ကိုလိုက်သွားခဲ့ကြသည်။
စိတ်မချလွန်းလို့ မျောနေတဲ့ Taeyong ကိုကျွန်တော်နောက်ပြန်လှည့်ကြည့်ခဲ့သေးသည်။ သို့ပေမယ့် သူဟာကျွန်တော့်ကိုမလှည့်ကြည့်ခဲ့ပါ.......
************
တရားရုံးတွင် ကြားနာသူပရိသတ်တစ်ချို့ရှိနေသည်။ တရားရုံးရဲ့အပြင်ဘက်မှာတော့ သတင်းထောက်နဲ့ media တွေက အသံသွင်းစက်တွေ camera တွေ ဖုန်းတွေနဲ့ အရမ်းတိုးကြိတ်နေကြသည်။
ဟုတ်တယ်
ကျွန်တော့်အစ်မက တောင်ကိုရီးယားရဲ့နာမည်ကြီးစိန်ဆိုင်ပိုင်ရှင်မလား? ရတနာကုန်သည်အသင်းရဲ့ဥက္ကဋ္ဌ မဟူတ်လား? နောက်ပြီး နာမည်ကြီးအနုပညာ agency ပိုင်ရှင် Yuta ရဲ့ဇနီးမယား မဟုတ်လား? သူလိုလူကတရားရုံးမှာ တရားခံအနေနဲ့ကြားနာနေရတယ်ဆိုတာ တစ်နိုင်ငံကိုလှုပ်ခါစေမယ့်သတင်းဖြစ်တာကြောင့် သတင်းထောက်တိုင်းကလက်လွတ်ခံမှာမဟုတ်ဘူး
တရားရုံးအရှေ့က သတင်းထောက်ပေါင်းများစွာရဲ့ရန်ကကာကွယ်နိုင်ဖို့ လုံခြုံရေးတွေအပြည့်ချထားသလို အစ်မရဲ့ guard တွေကလည်း ကျွန်တော့်ဘေးမှာနေရာလွတ်မရှိစေရအောင်ဝန်းရံကာ စောင့်ရှောက်ထားကြတယ်
Johnny ကသူတွေ့ခဲ့သမျှကို တရားသူကြီးရဲ့အမိန့်တိုင်းတိတိကျကျပြောပြတယ်
"ကျွန်တော်လုပ်စရာရှိတာတွေလုပ်ပြီးတော့ Lee Taeyong ရှိတဲ့အခန်းကိုအပြန်မှာ အခန်းထဲသူ့ကိုမတွေ့ရတော့တာကြောင့် အိမ်အနှံ့ ခြံအနှံ့ကိုလိုက်ရှာခဲ့တယ် ဒါပေမယ့်မတွေ့ခဲ့ဘူး ခြံစောင့်က ဝယ်စရာရှိလို့အပြင်ထွက်သွားတယ်ပြောလို့ ညမှောင်နေတာနဲ့စိတ်မချလို့ကျွန်တော်ကိုယ်တိုင်အပြင်ကိုထွက်ရှာခဲ့တယ်။ ပတ်ဝန်းကျင်တစ်ဝိုက်ရှာခဲ့ပေမယ့် မတွေ့တာကြောင့် လက်လျှော့ပြီးအပြန်မှာ လူအုပ်စုတစ်စုက Taeyong ရဲ့ဂုတ်ကို ၂ ချက်လောက်ဆင့်ရိုက်ပြီး မေ့လဲသွားတော့မှကားထဲထည့်ပြီးခေါ်သွားတာကိုမြင်ခဲ့ရပါတယ်"
"အဲ့လ်ုမြင်ရတဲ့အချိန်ကဘယ်အချိန်လောက်ရှိမလဲ"
ရှေ့နေက Johnny ကိုမေးလိုက်သည်
"ည ၁၀ နာရီလောက်ရှိမယ်"
"ဆက်ပြောပါ"
"အဲ့ဒါနဲ့ ဂျပန်ရောက်နေတဲ့ Jaehyun ကိုလှမ်းအကြောင်းကြားတော့ သူအမြန်ပြန်မယ်ဆိုပြီး ကျွန်တော့်ကိုလက်လှမ်းမီသလောက် Taeyong ကိုလိုက်ကယ်ဖို့ပြောပါတယ်။ ကျွန်တော်လည်းအဲ့လူတစ်စုနောက်ကိုလိုက်သွားတယ် သူတို့က Seoul မြို့ရဲ့အစွန်ကျတဲ့နေရာတစ်ခုအထိကားကိုမောင်းသွားတယ် ပြီးတော့ အိမ်ဟောင်းကြီးတစ်ခုအရှေ့မှာရပ်လိုက်ပြီး မေ့နေတဲ့ Taeyong ကိုခေါ်သွားတယ် ကျွန်တော်ကတော့မျက်ခြေမပျက်လိုက်ခဲ့ပေမယ့်နောက်ကျခဲ့တာကြောင့် နာရီအနည်းငယ်ကြာမှအဲ့ဒီကိုရောက်သွားရတယ်။ ပြီးတော့ အဲ့အိမ်ဟောင်းထဲဝင်ပြီး Taeyong ကိုကယ်ခဲ့တယ်"
"ပြီးတော့ရော?"
"ဒါပေမယ့်ကျွန်တော်ရောက်တဲ့အချိန်မှာ Taeyong ကတိုင်တစ်ခုမှာကြိုးတုပ်ခံထားရပြီးမေ့မျောနေပြီ ပြီးတော့ သွေးတွေနဲ့ဒဏ်ရာတွေနဲ့ပြည့်နေပါတယ် ပြီးတော့ ကျွန်တော်ရောက်ပြီးမကြာခင်မှာ Jaehyun ကရောက်လာပါတယ် ကျွန်တော်တို့ဆေးရုံကြီးကို တိုက်ရိုက်လာခဲ့တာဖြစ်ပါတယ်"
Johnny ကပြောပြီးသွားတော့ ကျွန်တော်ထွက်ဆိုရမယ့်အလှည့်ရောက်လာသည်။
ကျွန်တော်မတ်တပ်ရပ်လိုက်တော့ BoA ကအကြည့်တွေမတည်ငြိမ်စွာနဲ့ကျွန်တော့်ကိုစိုက်ကြည့်နေတယ်
Yuta ကတော့ ဘာမှထွေထွေထူးထူးဖြစ်တဲ့ပုံစံမရှိဘဲ ငြိမ်သက်စွာထိုင်နေသည်။
"ကျွန်တော် Johnny ဆီကဖုန်းရရချင်းလေယာဉ်စီးလုံးငှားပြီး ကိုရီးယားကိုအမြန်ပြန်ခဲ့တယ် ၆ နာရီအကြာမှာ Taeyong ရှိတဲ့နေရာကိုရောက်ခဲ့ပြီး ဆေးရုံကြီးကိုတိုက်ရိုက်ခေါ်လာခဲ့တာဖြစ်ပါတယ်။ ကျွန်တော်နဲ့ Taeyong ကလက်ထပ်ထားတာ ၁ လကျော်လောက်ပဲရှိပါသေးတယ်"
"ငါတို့ မင်းအစ်မကို ပြစ်မှုခိုင်းစေသူအဖြစ်သံသယရှိနေတယ် ဒါ့ကြောင့် မင်းက Taeyong နဲ့ မင်းအစ်မရဲ့ဆက်ဆံရေးကိုပြောပြလို့ရမလား"
"nae. ကျွန်တော်တို့ ၂ယောက်ကို အစ်မကသဘောမတူခဲ့ဘူး သဘောမတူခဲ့တဲ့အလျောက် အကြိမ်ကြိမ်လည်းခွဲခဲ့ပါတယ်။ နောက်ဆုံးမဖြစ်မနေသဘောတူလိုက်ရတဲ့အချိန်မှာကျွန်တော် Taeyong ကိုလက်ထပ်ခဲ့တယ်။ ကျွန်တော်လည်း company တစ်ခုကိုဦးစီးခဲ့တယ် ကျွန်တော်အိမ်မှာမရှိဘဲအလုပ်သွားတဲ့အချိန်တွေဆိုရင် Taeyong ကအလုပ်သမားတစ်ယောက်လို ပင်ပန်းကြီးစွာအလုပ်လုပ်ရတယ် အမှန်အတိုင်းပြောရရင် ကျွနိတော့်အစ်မနဲ့ Taeyong ရဲ့ဆက်ဆံရေးကမကောင်းတဲ့အပြင် တစ်ဖက်သက်တင်းမာနေတဲ့ဆက်ဆံရေးတစ်ခုပါ"
ကျွန်တော်ထွက်ဆိုပြီးတော့ BoA ဘက်ကိုလှည့်ကြည့်လိုက်မိသည်
သူ့မျက်လုံးတွေနီရဲနေတာကိုကျွန်တော်တွေ့လိုက်ရပေမယ့်မျက်နှာပြန်လွှဲခဲ့တယ်
"ရုံးတော်ခဏနားမယ်"
တရားသူကြီးရဲ့ အမိန့်ကြောင့် ကျွန်တော်တို့တရားရုံးမှာပဲ နာရီပိုင်းမျှထိုင်စောင့်နေကြရသည်။
လူကတရားရုံးမှာ သူ့အမှုရှင်းနေရပေမယ့် စိတ်ကတော့သတိမရသေးတဲ့ သူ့ဆီမှာအပြည့်ရှိနေခဲ့တယ်
"Johnny ရယ်! ငါဆေးရုံကိုပြန်ချင်လာပြီ ဒီမှာနေရတာငါခေါင်းတွေအရမ်းမူးလာပြီ"
"ခဏနေပါဦး အကိုလေးရယ် ရုံးချိန်ပြန်စဖို့ကျွန်တော်တို့ ၂ နာရီတောင်ထိုင်စောင့်ခဲ့ပြီးပြီပဲ"
"ငါစိတ်မချတဲ့လူဘေးမှာပဲ ထိုင်နေချင်တာ။ ဒီလိုစိတ်ရှုပ်စရာနေရာမှာငါမနေချင်ဘူး"
"ဒါလညိးသူ့အတွက်လုပ်ပေးနေရတာပဲလေ အပြင်ကသတင်းထောက်တွေတောင်မပြန်သေးဘူး အကိုလေးလည်း ထိုင်စောင့်နိုင်ရမှာပေါ့"
"အခုအချိန် သူဆေးရုံမှာ သတိရလာလို့သူ့ဘေးငါရှိမနေရင်ဘယ်လောက်တောင်......"
"အစ်ကို ရုံးချိန်ပြန်စပါတော့မယ်နော်"
"nae"
ရှေ့နေမလေးက ကျွန်တော့်ကိုလာခေါ်လိုက်လို့ ကျွန်တော်နဲ့ Johnny ထလိုက်သွားမိသည်။
သူ့နေရာနဲ့သူနေရာယူလိုက်ကြပြီးနောက်
အမြင့်ဆုံးနေရာသို့ တရားသူကြီးကပြန်တက်လာခဲ့သည်။
အစာမရှိ အိပ်ရေးကပျက်ထားတာကြောင့် ကျွန်တော်ခေါင်းတွေဝေဝါးလာတယ်
တရားသူကြီးပြောနေတာတွေကိုကျွန်တော်သိပ်အာရုံမစိုက်နိုင်တော့။
သို့သော်...... တရားသူကြီးရဲ့နောက်ဆုံးစကားတစ်ခွန်းကိုတော့ကျွန်တော်ပီပြင်စွာကြားလိုက်ရသည်
"အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ နှစ်...."
ကျွန်တော်ခေါင်းငုံ့နေရာမှ ရုတ်တရက်မော့ကြည့်လိုက်မိသည်။
တရားသူကြီးရဲ့အမိန့်အောက်မှာ Noona ရဲ့လက်ကိုလက်ထိပ်ခတ်ချလိုက်တာကိုကျွန်တော်ထင်းထင်းကြီးမြင်လိုက်ရတယ်
ရဲဝန်ထမ်းတွေခေါ်လာတဲ့ Noona ကကျွန်တော့်ရှေ့မတ်တပ်ရပ်လိုက်သည်။
ကျွန်တော်လည်းလေးကွေးစွာမတ်တပ်ရပ်လိုက်မိသည်
"ငါမင်းကို ငါ့မောင်ဖြစ်လို့ ငါ့ကိုကာကွယ်ပေးမယ်လို့ထင်ခဲ့မိတာမှားသွားတယ်"
သူ့စကားထဲမှာ နာကျည်းမှုလေသံတွေအလေးမခိုးဘဲအပြည့်ပါနေသည်။
"တောင်းပန်ပါတယ် အစ်မ။ ကျွန်တော်လည်း ကျွန်တော့်အစ်မဖြစ်လို့ ကျွန်တော့်ရဲ့ဆန္ဒတွေထဲကတစ်ခုလေးကိုပဲလိုက်လျောပေးမယ်လို့ထင်ခဲ့မိတာမှားသွားခဲ့တယ်"
သူနာကျည်းမှုတွေနဲ့ကျွန်တော့်ကိုကြည့်ပြီး ရဲတွေခေါ်ရာနောက်ကိုငြင်းဆိုချိန်မရဘဲလိုက်သွားခဲ့ရတယ်။
သူ့လက်ကိုလက်ထိပ်နဲ့ချုပ်နှောင်ထားတာကိုကျွန်တော်မြင်လိုက်ရတော့ ကျွန်တော့်ဘဝလွတ်လပ်သွားသလိုခံစားလိုက်ရသည်။
(ကျွန်တော့်ကိုဘယ်တော့မှခွင့်မလွှတ်ပါနဲ့ အစ်မ။ အစ်မကိုလည်းကျွန်တော်ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်တာကြောင့်..)
***************
1 week later
ရက်တွေရွေ့လာပေမယ့် အိပ်ရာပေါ်လဲနေတဲ့ Taeyong ကျွန်တော့်ဆီပြန်မလာသေးဘူး
ကျွန်တော့်မျက်ရည်တွေခမ်းခြောက်ခဲ့ရင်တောင်ကျွန်တော်ဆက်ငိုနေမိဦးမယ်ထင်တယ်။
သူ့ရဲ့ အသားတောင်သိပ်မရှိတော့တဲ့လက်ကလေးကိုကျွန်တော် ဆုပ်ကိုင်လိုက်မိတယ်
ဘယ်တော့များမှနိုးလာမှာလဲ?
စိုးရိမ်မှုတွေနဲ့မျှော်နေရတာအရမ်းပင်ပန်းလွန်းနေပြီ
ဒါကိုသူအဝေးကနေသိပြီး ချက်ချင်းပြန်လာခဲ့ရင်ကောင်းမယ်
ငါကြားဖူးတဲ့ လချီ နှစ်ချီပြီးမေ့မျောနေတဲ့လူတွေလို မင်းမလုပ်ရဘူးနော်
သူသာအဲ့လိုဆို ကျွနိတော်မျှော်လင့်ချက်တွေနဲ့သေသွားနိုင်တယ် မဟုတ်ရင်တော့ရူးသွားမှာ...
ကျွန်တော် သူ့ရဲ့လက်ဖမိုးလေးကိုငေးကြည့်ရင်းငိုနေမိတယ်။ သူလက်ဖမိုးပေါ် မျက်ရည်တစ်စက်ကျသွားတိုင်း ပစ်လဲချပစ်လိုက်ချင်တာအမှန်ပါ။
အချိန်ကြာကြာငေးကြည့်နေမိတဲ့လက်ကလေး
လက်ညှိုးလေးတစ်ချောင်း အပေါ်ကိုမြောက်သွားတယ်
ကျွန်တော်ငေးကြည့်နေရာကနေ ကျောပြင်မတ်အောင်ထိုင်လိုက်မိတယ်
"Johnny!!!"
"nae?"
"မင်းသေချာလာကြည့်စမ်း သူ့လက်ကို။"
ကျွန်တော်ခေါ်လိုက်တော့ Johnny ကပြေးလာတယ်
"ငါအမြင်မှားတာလားတော့မသိဘူး သူ့လက်လှုပ်သွားသလိုပဲ"
ကျွန်တော်ရော Johnny ရော Taeyong ရဲ့လက်တွေကိုစိုက်ကြည့်နေကြတယ်
လက်သန်းလေးတစ်ချောင်းနေရာရွေ့သွားတယ်
"ဟာာာ ဟုတ်တယ် အစ်ကိုလေး လက်ချောင်းလေးတွေလှုပ်နေတယ်"
"မင်းလည်းတွေ့တယ်လား? ဒါဆိုငါအမြင်မှားတာမဟုတ်ဘူးပေါ့"
ကျွန်တော်စကားပြောရင်း သွားပေါ်သွားသလိုခံစားလိုက်ရသည်
ဟုတ်တယ်
အခုမှကျွန်တော်ပထမဆုံးရယ်ခြင်းပါ
အဲ့နောက်မှာ Taeyong ရဲ့လက်ချောင်းလေးတွေလှုပ်တာ အချိန်စိပ်လာတယ်
ကျွန်တော်ပါးပြင်ပေါ်ကမျက်ရည်တွေကိုအမြန်ဖိသုတ်လိုက်ပြီး Taeyong ကိုကြည့်လိုက်မိသည်။
သူ့မျက်လုံးအိမ်လေး မျက်ခွံအောက်မှာလှုပ်နေတာကိုမြင်လိုက်ရတယ်
"Taeyong"
သူ့ရဲ့စင်းကျနေတဲ့မျက်တောင်လေးတွေကအပေါ်လန်သွားသည်
"Johnny ဆရာဝန်အမြန်သွားခေါ် သွား လူနာသတိရလာပြီလို့"
"nae nae"
"Taeyong!!! ကိုယ့်ကို မြင်ရလားဟင်!"
သူခေါင်းညိတ်ပြသည်
ကျွန်တော်နောက်တစ်ကြိမ်မျက်ရည်တွေဝဲလာရတယ်
ဒါကတော့ပျော်ရွှင်မှုမျက်ရည်တွေပါ
"နေကောင်းလို့စိတ်ချရတဲ့အထိနေပြီးမှဆေးရုံကဆင်းကြမယ်နော်"
သူကျွန်တော့်ကိုပြုံးပြသည်
ထိုအပြုံးကိုမြင်တော့ကျွန်တော့်ရင်ဘတ်စူးခနဲအောင့်သွားတယ်
ကျွန်တော်စိတ်မပူအောင်ပြုံးပြတဲ့အပြုံးသက်သက်သာဖြစ်နေတာကိုကျွန်တော်သိနေတာကြောင့်....။
သူ့နှဖူးကိုကျွန်တော်နမ်းရှိုက်လိုက်မိသည်
သူကျွန်တော့်ဆီတကယ်ပြန်လာခဲ့တာပဲ
Jaehyun's POV End
***************
« Lee Taeyong ကိုလုပ်ကြံရန် ကြေးစားသမားများကိုငှား၍စေခိုင်းခဲ့သူ ရတနာကုန်သည်အသင်းဥက္ကဋ္ဌ BoA ကိုတရားရုံးမှအပြစ်ဒဏ်ချမှတ်ခဲ့»
ထိုသတင်းခေါင်းစီးကို ကောင်လေးတစ်ယောက်ဖတ်မိပြီး ဂျာနယ်ကိုလုံးချေကာလွှတ်ပစ်လိုက်သည်
ထိုကောင်လေးလည်း Taeyong ကိုအင်မတန်ချစ်သောလူတစ်ယောက်သာဖြစ်လိမ့်မည်။
Zawgyi ver
Jaehyun's POV
"Taeyongggg!!!"
"အစ်ကိုလေး"
"nae"
"Taeyong!!"
"အစ်ကိုလေး ရောက်ပြီ"
"ဘာဖြစ်တာလဲ"
"Drip ချိတ်"
"nae"
"ဆရာ!!! သူ ဘယ်လိုအခြေအနေ.."
"......."
"nae"
သူကြားပါစေ
"Johnny!"
"nae?"
"ဟာာာာ အစ်ကိုလေးကလဲ"
"တကယ်လား"
"nae"
"inn"
****************
2 days later
"အစ်ကိုလေး!!!!"
"မင်းပဲစား"
"annyeong!!!"
"nae"
"nae"
"ဗျာာာ?"
************
ဟုတ်တယ်
"ည ၁၀ နာရီလောက်ရှိမယ်"
"ဆက်ပြောပါ"
"ပြီးတော့ရော?"
"ရုံးတော်ခဏနားမယ်"
"nae"
***************
1 week later
"Johnny!!!"
"nae?"
ဟုတ်တယ်
"Taeyong"
"nae nae"
သူခေါင်းညိတ်ပြသည်
Jaehyun's POV End
***************
Continue Reading
You'll Also Like
1.1K 57 3
//NoMin// Myanmar Translation
2.1M 54.3K 14
"fuck you" "fuck me" "w-what?" *smut* short chapters but that's the style of the book.
742K 45.4K 110
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
321K 4.2K 21
"She'll always be my biggest what if..." -Percy Jackson, Battle of the Labyrinth [Completed] Imagine: Leo never found Calypso's island and she remai...