Guileful Cirrus
By mhuu99
43.5K 4.7K 119
This fic is written in both Unicode and Zawgyi Unicode မနှစ်မြို့ဖွယ်ရာခက်ခဲကြမ်းတမ်းသောလောကအလယ်တွင် ပုံဖော်ထ... More
A/N Note
Guileful Cirrus Ch-1
Guileful Cirrus Ch-2
Guileful Cirrus Ch-3
Guileful Cirrus Ch-4
Guileful Cirrus Ch-5
Guileful Cirrus Ch-6
Guileful Cirrus Ch-7
Guileful Cirrus Ch-8
Guileful Cirrus Ch-9
Guileful Cirrus Ch-10
Guileful Cirrus Ch-11
Guileful Cirrus Ch-12
Guileful Cirrus Ch-13
Guileful Cirrus Ch-14
Guileful Cirrus Ch-15
Guileful Cirrus Ch-16
Guileful Cirrus Ch-17
Guileful Cirrus Ch-18
Guileful Cirrus Ch-19
Guileful Cirrus Ch-20
Guileful Cirrus Ch-21
Guileful Cirrus Ch-22
Guileful Cirrus Ch-23
Guileful Cirrus Ch-24
Guileful Cirrus Ch-25
Guileful Cirrus Ch-26
Guileful Cirrus. Ch-27
Guileful Cirrus ch-28
Guileful Cirrus Ch-29
Guileful Cirrus Ch-30
Guileful Cirrus Ch-31
Guileful Cirrus Ch-32
Guileful Cirrus Ch-33
Guileful Cirrus Ch-34
Guileful Cirrus Ch-35
Guileful Cirrus Ch-37
Guileful Cirrus Ch-38
Guileful Cirrus Ch-39
Guileful Cirrus Ch-40
Guileful Currus Ch-41
Guileful Cirrus Ch-42
Guileful Cirrus Ch-43
Guileful Cirrus Ch-44
Guileful Cirrus Ch-45
Guileful Cirrus Ch-46
Guileful Cirrus Ch-47
Guileful Cirrus Ch-48
Guileful Cirrus Ch-49
Guileful Cirrus Ch-50
Guileful Cirrus Ch-51
Guileful Cirrus Ch-52
Guileful Cirrus Ch-53
Guileful Cirrus Ch-54
Guileful Cirrus>>>>>Denouement Part-1
Guileful Cirrus Denouement Part>>2
Guileful Cirrus Denouement >Part 3
Guileful Cirrus Denouement>Part 4
Guileful Cirrus Denouement>Part 5 (Last Part)
Guileful Cirrus Ch-36
423 62 2
By mhuu99
Unicode (zawgyi ver)
Yiyang's POV
"မမလေး ဧည့်သည်လာတယ်"
"အင်း ဟုတ်တယ် ငါသူ့ကိုလာခိုင်းထားတာ အခန်းထဲလွှတ်လိုက်"
"nae?"
လွန်ခဲ့သော ၂ ရက်လောက်ကမှ အင်္ဂလန်ကနေပြန်လာလို့ အေးအေးနေချင်ပါတယ်ဆိုကာမှ Lami ကမတွေ့ရတာကြာပြီဖြစ်လို့အိမ်လာလည်မယ်အတင်းလုပ်တာကြောင့်ခွင့်ပြုလိုက်ရခြင်းဖြစ်သည်။
"ဟဲ့ ကောင်မစုတ်!!! ငါ့အတွက်ဘာပါလာလဲ? အင်္ဂလန်ကပြန်လာတာ"
"ahhh အင်္ကျီပါတယ်။ ရော့"
အင်္ကျီလည်းရရော မျက်နှာကဝင်းပသွားတယ်။
"နင်ကတော့ကောင်းလိုက်တာ။ အင်္ဂလန်မှာ တက္ကသိုလ်ဝင်တန်းပြီးကတည်းကသွားနေရတယ် အဖေကလည်းတိုင်းအဆင့်လွှတ်တော်အမတ်အနေနဲ့ရာထူးတိုးသွားတယ်"
"မကောင်းပါဘူးဟာ လူတစ်ယောက်ကိုလွမ်းနေရတဲ့ဒုက္ခကသေးမှမသေးတာ"
"နင်အခုထိသူ့ကိုမမေ့သေးဘူးလား"
"ဆိုပါတော့"
ကျွန်မပြောလိုက်တော့ ကျွန်မလွမ်းနေတဲ့လူဟာဘယ်သူလဲဆိုတာ ကျွန်မရဲ့အနီးကပ်သူငယ်ချင်းတစ်ယောက်ပီပီသူအဆင်သင့်သိနေတယ်
"Ten ကရော?"
"မသိဘူး ငါသူ့ကိုအမြင်ကပ်လို့အဆက်အသွယ်ဖြတ်ထားတယ် ငါဒီကိုခဏပြန်ရောက်တုန်း Taeyong နဲ့ခဏဖြစ်ဖြစ်တွေ့ချင်တယ်"
ကျွန်မသူ့ကိုနှစ်ချီပြီးသတိရနေခဲ့တာလေ။ ခဏပြန်ရောက်တုန်းသူ့ကိုတကယ်တွေ့ချင်တယ်
ကျွန်မရဲ့ဆန္ဒကိုထုတ်ပြောလိုက်တော့ Lami ကမျက်လုံပြူးမျက်ဆန်ပြူးနဲ့ကြည့်လာတယ်
"ဟဲ့ နင်မသိသေးဘူးလား"
"ဘာကိုလဲ?"
"Taeyong အကြောင်းလေ"
"Taeyong ဘာဖြစ်လို့လဲ"
စိတ်ပူစွာမေးလာတဲ့ကျွန်မကို Lami ကသူ့ဖုန်းကိုထုတ်ပြလာတယ်
Facebook လို့ခေါ်တဲ့ သတင်းပျံ့မြန်သော social network တစ်ခုထဲကိုဝင်ကာ သူ saved ထားသောသတင်းတွေကိုကျွန်မကိုပြလာတယ်
အမြန်ယူကြည့်လိုက်မိတဲ့ သတင်းတစ်ပုဒ်ဟာယုံနိုင်စရာတစ်စက်မှမရှိ။
📱 same sex love နဲ့တကယ်ကြုံနေပြီဆိုတာကိုကိုယ်တိုင်သက်သေပြလိုက်တဲ့ ရတနာကုန်သည် ဥက္ကဋ္ဌ BoA ရဲ့မောင် Jeong Jaehyun တို့ရဲ့အမှု!!!📱
သတင်းခေါင်းစဉ်က ကျွန်မမပြောနဲ့။ တောင်ကိုရီးယားနိုင်ငံတစ်ခုလုံးစိတ်ဝင်စားနေတဲ့သတင်းခေါင်းစဉ်သာဖြစ်တယ်။ သတင်းအပြည့်အစုံဖတ်ဖို့ link ထဲကိုဝင်လိုက်တယ်
📱ရတနာကုန်သည်ဥက္ကဋ္ဌ ၊ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်အကြီးဆုံး Jumping Gems ရတနာပိုင်ရှင် BoA ရဲ့မောင်ဖြစ်သူ Jeong Jaehyun ဟာ same sex love တစ်ခုနဲ့ကြုံတွေ့နေရသူဖြစ်ပါတယ် Jaehyun ဟာ မိန်းကလေးပရိသတ်အခိုင်အမာရှိသူဖြစ်ပြီး သူ့ရဲ့ fanclub တွေဟာလည်းအခုမှသတင်းကိုကြားသိရသူတွေဖြစ်လို့ စိတ်မကောင်းဖြစ်နေကြပါတယ်
လွန်ခဲ့တဲ့ ၂ ရက်လောက်က Lee Taeyong လို့အမည်ရတဲ့ကောင်လေးတစ်ယောက်နဲ့ အတူစက်ရုံပျက်ရဲ့ထပ်ခိုးတစ်ခုမှာ Jaehyun ကိုတွေ့ခဲ့တာဖြစ်ပြီး Jaehyun ကတော့အိမ်ကိုဘာမှထိခိုက်မှုမရှိဘဲပြန်ရောက်နိုင်ခဲ့ပါတယ် BoA ကတော့ Lee Taeyong ဆိုတဲ့ကောင်လေးကို ဖြားယောင်းသွေးဆောင်မှုနဲ့အမှုဖွင့်ခဲ့ပြီးထိုကောင်လေးကတော့အခုအချိန်မှာ ဥပဒေနဲ့အညီအရေးယူခံထားရပါတယ်
Jaehyun နဲ့ကျောင်းအတူနေခဲ့ဖူးတဲ့မိန်းကလေးပရိသတ်အချို့ရဲ့ပြောပြချက်အရ Taeyong နဲ့သာ အနေများခဲ့ပြီး ကျောင်းကတည်းက သူတို့၂ယောက်ဟာ ဆက်နွယ်မှုတစ်ခုအနေနဲ့ရှိနေခဲ့ကြတာလို့သိရပါတယ်။ Jaehyun ရဲ့ Same Sex love affair တစ်ခုကြောင့် သူ့ရဲ့မိန်းကလေးပရိသတ်အချို့ကဝေဖန်ကြသလိုအချို့ကတော့ ဘယ်လိုအခြေအနေဖြစ်ဖြစ်အားပေးနေဆဲဖြစ်တယ်လို့သိရပါတယ်📱
"ငါမရှိတဲ့ရက်တွေမှာ ဒါကဘယ်လိုတွေဖြစ်ကုန်ရတာလဲ"
Lami ရဲ့ဖုန်းကိုကျွန်မချလိုက်ပြီး ဒီသတင်းမှန်ရောမှန်ရဲ့လားလို့တောင်ပြန်တွေးမိတယ်
ဒါသတင်းအမှားကြီးပါလို့အတင်းတွေးလိုက်တိုင်း ကျောင်းတုန်းကကျွန်မနားကို Taeyong ကပ်ရင်ဆတ်ဆတ်ခါနေတတ်တဲ့ Jaehyun ရဲ့အမူအရာတွေကိုပြန်မြင်ယောင်မိတယ်။
ကျောင်းတုန်းက Taeyong ကိုအင်္ကျီလက်ဆောင်ပေးတုန်းကတောင် Jaehyun ကိုယ်တိုင်ယူပြီးလွှတ်ပစ်ခဲ့တာလေ
ကျွန်မကိုယ်တိုင်ကြုံခဲ့ရတဲ့ဒီအဖြစ်တစ်ခုကိုငြင်းလို့တော့မရ။ ဒါဆို သူတို့ ၂ ယောက်ကကျောင်းကတည်းက ဇာတ်လမ်းဖြစ်နေကြတာလား?
"မသိပါဘူး။ ငါလည်းသတင်းတွေ့တွေ့ချင်းတော်တော်လန့်သွားတာ Jaehyun ကလည်းနာမည်ကြီးတစ်ယောက်ဆိုတော့သတင်းကချက်ချင်းပြန့်တာဟ။ သူတို့ဘာတွေဖြစ်ကြလဲတော့သေချာမသိတော့ သူတို့အတွက်ဝမ်းနည်းပေးရမလိုလို ၊ စိတ်ကုန်ရမလိုလိုပါပဲ"
"ဒါဆို Taeyong ကအခု ထောင်ထဲမှာပေါ့"
"အေးလေ"
ဘေးနားက ကျွန်မကိုင်နေကျအိတ်ကိုအမြန်လွယ်ကာအခန်းထဲကနေချက်ချင်းထထွက်လာမိတယ်။
ကျွန်မချစ်နေခဲ့တဲ့လူက အဲ့လိုမျိုးတဲ့
ဘာဖြစ်လဲ?
ကျွန်မသူ့ကိုမရွံဘူး
ကျွန်မချစ်တာသူ့ကို
သူ့ကိစ္စတွေကိုကျွန်မစိတ်မဝင်စားဘူး
ကျွန်မရဲ့အတွေးအစစ်အမှန်ကိုပြောရရင် လူတိုင်းအချစ်ကိုထိတွေ့ခွင့်ရှိတယ်
အချစ်မှာ ရွံရှာမှုတွေ ၊ စက်ဆုပ်မှုတွေ တကယ်ကိုအလျင်းကင်းမဲ့ပါတယ်
"ဟဲ့ ဟဲ့ နေဦးလေ ဘယ်သွားမလို့လဲ"
Lami စကားကိုကျွန်မမကြားနိုင်တော့ပါ
Yiyang's POV End
************
Jaehyun's POV
ကျွန်တော်အရမ်းမုန်းလှပါတယ်ဆိုတဲ့ ဒီအခန်းထဲကိုပြန်ရောက်လာခဲ့ပြန်ပြီဖြစ်သည်။
Taeyong အခုအချိန်ဆိုရင် ထောင်ထဲမှာနေရထိုင်ရခက်နေလောက်ပြီ ၃ ရက်မပြည့်ခင်ကျွန်တော်သွားကယ်မှဖြစ်မယ်။ သူလည်းနေကောင်းတာမဟုတ်ဘူး နေမကောင်းတဲ့လူကိုကျွန်တော်ထောင်ထဲမရောက်အောင်မကာကွယ်ပေးနိုင်ခဲ့ပြန်ဘူး ကျွန်တော်သူရဲတွေဘက်ပါမသွားခင် လာကယ်မယ်လို့ကတိပေးခဲ့တယ်။ ဒီကတိကိုတော့ကျွန်တော်တည်ချင်တယ်။
ဒီတစ်ခါတော့ ကျွန်တော့်ကိုအခန်းထဲမှာလှောင်ပိတ်မထားတော့။ အခန်းအဝမှာလည်း guard တွေချမထားတော့။ Taeyong ကိုထောင်ထဲထည့်ပြီးတော့သူတို့တွေစိတ်ချသွားကြပြီနဲ့တူပါတယ်။
အခန်းထဲကနေအမြန်ထွက်ပြီး အိမ်အောက်ကိုဆင်းတော့ ဘီယာတစ်ခွက်နဲ့သူဌေးလိုထိုင်နေတဲ့ Yuta ကိုမမြင်ချင်ဘဲမြင်လိုက်ရတယ်
သူ့ဘေးနားမှာ အနက်ရောင်ဝမ်းဆက်ဝတ်ထားတဲ့သူ့ရဲ့ guard တွေအမြဲရှိနေတယ်
"ကျွန်တော့်အစ်မရော?"
"အလုပ်ကိစ္စနဲ့အပြင်ထွက်သွားတယ်"
သူ့ဆီကအဖြေရတော့ကျွန်တော်တံခါးပေါက်ဝဘက်ကိုဆက်လျှောက်လိုက်တယ်
Boa မရှိမှတော့ကျွန်တော်အပြင်ထွက်တော့မှာပေါ့ ။ အခုအချိန်မှာ အပြစ်မရှိဘဲ အတင်းအမှုချထားလို့ထောင်ထဲရောက်နေတဲ့ Taeyong ကိုကယ်ဖို့ကကျွန်တော့်အတွက်အဓိကအကြောင်းအရာတစ်ခုဖြစ်တယ်။
ကျွန်တော်အပြင်ထွက်ဖို့လုပ်တော့ Yuta ရဲ့ guard ၂ယောက်ကကျွန်တော့်ရှေ့မှာလမ်းပိတ်ကာတားဆီးလာတယ်
"ခင်ဗျားဒါဘာသဘောလဲ"
ကျွန်တော့်ကိုတားလာတဲ့ guard တွေကိုစကားမပြောဘဲ ဒီလိုလမ်းပိတ်ထားဖို့ခိုင်းထားတဲ့ Yuta ကိုသာလှမ်းမေးလိူက်တယ်
ကျွန်တော်မေးလိုက်တော့ ကျွန်တော့်ကိုသူလှည့်မကြည့်။ ဂရုမစိုက်သလိုပုံစံနဲ့
"မင်းအစ်မကမင်းကိုအပြင်မထွက်ခိုင်းထားဘူး ကောင်လေး"
"ဒါခင်ဗျားသက်သက်ယုတ်မာတာမလား?"
"Aishhh နားငြီးလိုက်တာ! ဟေ့ကောင်တွေ သူ့ကိုအပြင်မထွက်အောင်ထိန်းထားလိုက်စမ်း"
Yuta ရဲ့အမိန့်အရ ကျွန်တော့်ကိုဝိုင်းလာတဲ့ guard တွေက မာမာထန်ထန်ဖြစ်နေကြတယ်
"hak ကောင်းပြီလေ ကောင်းကောင်းမွန်မွန်အပြင်က်ုပေးမထွက်တော့လည်း"
Yuta သောက်နေတဲ့ ဘီယာပုလင်းက်ုဆွဲလုကာ ကျွန်တော့်ရှေ့မှာဝိုင်းနေတဲ့ guard တွေထဲကတစ်ယောက်ရဲ့ခေါင်းပေါ်ရိုက်ခွဲချလိုက်သည်။
"ခွမ်းးး!!!!"
ဖန်ကွဲသံတစ်ခုနဲ့အတူ ဘီယာအနံ့ကစူးခနဲထွက်လာတယ်။ ဖန်ကွဲစတွေလည်းကြမ်းပြင်ပေါ်မှာလွင့်စင်ကုန်တယ်။ ဒါပေမယ့်ကျွန်တော့်လက်ထဲမှာတော့ပုလင်းရဲ့အပေါ်ပိုင်းတစ်ဝက်ကျန်နေခဲ့တယ်။ ထိုပုလင်းကွဲနဲ့ နောက်တစ်ယောက်ရဲ့ရင်ဘတ်ကိုဖိကာခြစ်ချလိုက်သည်။ အင်္ကျီစပြဲသွားပြီးအထဲကအသားကိုပါပုလင်းကွဲတွေစိုက်ပြီးသွေးတွေထွက်သွားတယ်
ကျန်တဲ့လူတွေနဲ့တိုက်ခိုက်နေစဉ်မှာ နောက်လူတွေကပါရောက်လာလို့ အားမနိုင်ခဲ့။
ဒီလိုသာဆိုရင်ကျွန်တော် ဒီနေ့ Taeyong ဆီရောက်နိုင်ပါ့မလား
အနောက်ကနေလှမ်းဆွဲလာတဲ့ guard တစ်ကိုကန်ချလိုက်သည်။ ဒါပေမယ့်အရှေ့ကလာတဲ့ guard အုပ်လိုက်ကကျွန်တော့်ကိုအမြန်ချုပ်လိုက်တာကြောင့် တိုက်ခိုက်သည့်အရှိန်လျော့ကျသွားရတယ်။ အချုပ်ခံထားရတဲ့ ကျွန်တော့်ဝမ်းဗိုက်ကိုလက်သီးနဲ့ဆောင့်ထိုးလိုက်တာကြောင့် အောင့်ပြီးနာသွားရသည်။
ထိုစဉ်
ဘယ်ကနေဘယ်လိုရန်ပွဲထဲကိုဝင်လာမှန်းမသိတဲ့ Johnny က ကျွန်တော့်ကိုဒုတိယအကြိမ်ထပ်ထိုးဖို့ရွယ်နေတဲ့ guard ကိုပြေးကန်ချလိုက်သည်။
"Johnny"
"အစ်ကိုလေး ပြေးတော့ အမြန်သွားတော့"
ဂျူဒို နဲ့ ကရာတေးတတ်ပါတယ်လို့သူကိုယ်တိုင်ဝန်ခံဖူးတဲ့ ကျွန်တော့်နားမှာအမြဲကပ်နေတဲ့ Johnny ကအခုလိုအရေးပေါ်အချိန်မှာကျွန်တော့်ဘက်ကနေရပ်တည်ပေးမယ်လို့ကျွန်တော်တစ်ခါမှမတွေးခဲ့ဖူးဘူး။
ကျန်တဲ့လူတွေကို သူဆက်ရှင်းနေတဲ့အချိန်မှာ ကျွန်တော်အမြန်ထွက်လာခဲ့တယ်
"ဟေ့ကောင် သေမနေနဲ့ဦးနော် ငါပြန်လာခဲ့မှာ"
Johnny ကိုအမိန့်တစ်ခုပေးပြီး ကျွန်တော်ထွက်လာလိုက်သည်။
<< Taeyong ခဏလေးပဲ! တကယ်ကိုခဏလေးပဲသည်းခံပေးပါ ငါဒီတစ်ခါတော့ကတိတည်နိုင်ခဲ့ပြီ ငါမင်းကိုအခုပဲလာကယ်မှာ အနည်းဆုံးငါ့အတွက်တော့မင်းအသက်ရှင်နေမှဖြစ်မှာ>>
Jaehyun's POV End
Zawgyi ver
Yiyang's POV
"မမလေး  ဧည့်သည်လာတယ်"
"nae?"
"ahhh အင်္ကျီပါတယ်။ ရော့"
"ဆိုပါတော့"
"Ten ကရော?"
"ဟဲ့  နင်မသိသေးဘူးလား"
"ဘာကိုလဲ?"
"Taeyong အကြောင်းလေ"
"Taeyong ဘာဖြစ်လို့လဲ"
"အေးလေ"
ဘာဖြစ်လဲ?
ကျွန်မသူ့ကိုမရွံဘူး
ကျွန်မချစ်တာသူ့ကို
Yiyang's POV End
************
Jaehyun's POV
"ကျွန်တော့်အစ်မရော?"
"ခင်ဗျားဒါဘာသဘောလဲ"
ကျွန်တော့်ကိုတားလာတဲ့ guard တွေကိုစကားမပြောဘဲ ဒီလိုလမ်းပိတ်ထားဖို့ခိုင်းထားတဲ့ Yuta ကိုသာလှမ်းမေးလိုက်တယ်
"ခွမ်းးး!!!!"
ထိုစဉ်
"Johnny"
Jaehyun's POV End
Continue Reading
You'll Also Like
210K 5.2K 33
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
241K 20.9K 123
•|BTS × Reader|• [COMPLETED] [UNEDITED] READ BOOK 1 AND 2 FIRST!!!!!!! Published: 08/06/20 Chapter count:100 Word count:100,000+
8.6K 823 13
"မင်းအကျင့်စရိုက်တွေကို မောင်သေလောက်အောင်ဘယ်လောက်မုန်းမုန်း မင်းကိုအသက်လောက်ထိချစ်တယ်ဆိုတာ ..ယုံ" -SUN²