ကမ္ဘာအဆုံးထိ မင်းရဲ့နယ်ရုပ်လေ...

By harley__robbie

14.6K 1.1K 358

"ကမ္ဘာအဆုံးအထိ ကိုယ့်နှလုံးသားမြေဆီလွှာလေးမှာ မင်းတစ်ယောက်တည်းအတွက်ပဲ အချစ်ပျိုးပင်လေးတွေ ရှင်သန်စေမယ်။ ကိုယ်... More

Author 's Note (Read‼️)U + Z
Chapter 1/U: Unexpected Destiny
Chapter 1/Z: Unexpected Destiny
Chapter 2/U : A Promise
Chapter 2/Z : A Promise
Chapter 3/U: Just A Kiss with No Love
Chapter 3/Z: Just A Kiss with No Love
Chapter 4/U: Entering the Tiger's Mouth After Rebirth
Chapter 4/Z: Entering the Tiger's Mouth After Rebirth
CHAPTER 5/U: Don Dar Di Du Bu Bu
Chapter 5/Z: Don Dar Di Du Bu Bu
Chapter 6/U: A Pawn in the Chess
Chapter 6/Z: A Pawn in the Chess
Noti Test
Chapter 7/U: 'Love' that pretends to be 'Hate'
Chapter 7/Z: 'Love' that pretends to be 'Hate'
Conversation with my sons 🌜
Chapter 8/U: Revenge is just wasting your time, sweetheart!
Chapter 8/Z: Revenge is just wasting your time, sweetheart!
Chapter 9/U: Royal Mess
Ch 9/Z: Royal Mess
Chapter 10/U: Empire Conference (1)
Ch 10/Z: Empire Conference (1)
Chapter 11/U: Empire Conference (2)
Ch 11/Z: Empire Conference (2)
Chapter 12/U: Moving to the New Palace
Chapter 12/Z: Moving to the New Palace
Chapter 13/U : I'll be always yours, my baby King
Chapter 13/Z : I'll be always yours, my baby King
Chapter 14/ U : Don't you know that I'm in love with a monster?
Chapter 14/ Z : Don't you know that I'm in love with a monster?
Chapter 15/U: Reincarnations and Time Traveling (1)
Chapter 15/Z: Reincarnations and Time Traveling (1)
Random Q & A From Readers to Author [U]
Random Q & A From Readers to Author [Z]
နာမည်ဆိုးဖြင့် ကျော်ကြားသော အရှေ့ပင်လယ် (U)
နာမည်ဆိုးဖြင့် ကျော်ကြားသော အရှေ့ပင်လယ် (Z)
Chibi Fan Art Gift 💝
Ai Arts (U+Z)
Chapter 16/U: Reincarnations and Time Traveling (2)
Chapter 17/U: Reincarnations and Time Traveling (3)
Chapter 17/Z: Reincarnations and Time Traveling (3)
Chapter 18/U: Fate and Trust
Chapter 18/Z: Fate and Trust
The Four Princesses (AI version)
Chapter 19/U: Escapism (or) Everybody wants a home with a happy family!
Chapter 19/Z: Escapism (or) Everybody wants a home with a happy family

Chapter 16/Z: Reincarnations and Time Traveling (2)

71 7 0
By harley__robbie



အခန်း (၁၆)

လူပြန်ဝင်စားခြင်းများနှင့်
အချိန်ခရီးသွားခြင်းများ ()


"ပျင်းလိုက်တာနော်။ ဟင်း.... အနည်းဆုံးတော့ ဒီကမ္ဘာမှာ နေဖို့အတွက်၊ စားဖို့အတွက် မပူမပန်နေရဘူး။ မင်းသမီးဆိုတဲ့ဂုဏ်လည်း ရှိသေးတယ်။ အခုထိတော့ ကံကောင်းနေသေးတယ်လို့ပဲ ဆိုရမလား။ ကံတရားကိုတော့ စောစော မချီးမွမ်းရဲသေးဘူး။"

ကုတင်ပေါ်မှာ ဒူးထောင်ပေါင်ကားနှင့် ထိုင်နေပြီး ထောင်နေသောဒူးပေါ်တွင် မေးတင်ကာ ပျင်းရိစွာ ငြီးတွားနေသည်က မင်းသမီး ဥမ္မာနဒီ ညွှန်းစာမှူး။

သူမသည် လွန်ခဲ့သော အနှစ်တစ်ထောင်ကျော်ကအတိုင်း ရုပ်အဆင်းအင်္ဂါတွင် လှပထူးခြားလွန်းသဖြင့် အလှဧကရီများဖြစ်ကြသော ဧကရာဇ်ဘုရင့်သမီးတော် (၇) ပါးနှင့်အပြိုင် ဂုဏ်သတင်းကျော်ဇောထင်ရှားသည်။ အင်ပါယာလက်အောက်ခံတိုင်းပြည်အသီးသီးမှ မင်းသားများ​၏အသည်းကျော်မဟေသီတစ်ပါးလည်းဖြစ်ချေသည်။

မင်းသမီး ဥမ္မာနဒီက အိနြေ္ဒအလွန်ကြီးမားသကဲ့ လူအများနှင့်လည်း လိုအပ်မှ စကားပြောတတ်သည်။ များသောအားဖြင့် သူမတစ်ယောက်တည်း တသီးတသန့်နေတတ်သူဖြစ်​၏။ တိုင်းသူပြည်သားများအပေါ်တွင်တော့ ချစ်ခင်ကြင်နာတတ်သူ၊ စာနာရိုင်းပင်းတတ်၍ ကူညီဖေးမလွန်းသူဖြစ်သောကြောင့် ဘုရင့်သမီးတော် (၇) ပါးနည်းတူ အင်ပါယာတစ်ခွင်လုံး​၏အချစ်တော် အသည်းကျောလေးတစ်ဦးဟု ဆိုနိုင်သည်။

ယခုကူးပြောင်းလာသည့် လူဝင်စားမင်းသမီးမှာတော့ ကြောင်တောင်တောင်နှင့်။

"ဒီကမ္ဘာကို mission တွေနဲ့ ကူးပြောင်းလာတာဆိုတော့ အရင်ဆုံး ငါ့ရဲ့အစ်ကိုတော်ဆိုတဲ့လူကြီးကို သွားရှာပြီး ရင်းရင်းနှီးနှီးနေရမယ်။ ဟင်း....ငါ့မယ်လည်း ဟိုဘက်ကမ္ဘာမှာတုန်းက ဘဝက စုတ်ပြတ်သတ်နေလို့ လွန်ခဲ့တဲ့ အတိတ် နှစ်ပေါင်း ၁၀၀၀ ကျော်တုန်းကလည်း ကောင်းခဲ့သလားဆို မကောင်းခဲ့ဘူးပဲ။ ဒါပေမဲ့ အဲဒီတုန်းက ငါဆိုတဲ့ဟာမက အတွေးတွေသေးသိမ်ခဲ့လို့ မဖြစ်သင့်တာတွေဖြစ်ခဲ့ရတာ။

ကျွတ်....ကျွတ်....စိတ်မကောင်းစရာပဲ။ ငါ့ဘဝက နှစ်ပေါင်းတစ်ထောင်ကတည်းက တော်တော်သနားဖို့ ကောင်းခဲ့သား။
ဒီတစ်ခါရော....ငါ တကယ်ကြီးကံကောင်းနိုင်ပါ့မလား"

လွန်ခဲ့သော အနှစ်တစ်ထောင်ကျော်က ဖြောင်ခေတ်တွင် မင်းသမီး ဥမ္မာနဒီညွှန်းစာမှူးကို မင်းသားသီဟလင်္ကာအနော်မဟာပတေ့​၏မိဘများမှ လူမသိသူမသိ တိတ်တိတ်ပုန်းမွေးစားခဲ့ကြသည်။ မင်းသား​၏မိဘများသည် အင်ပါယာ​၏တောင်ဘက်အရပ်ရှိ လက်အောက်ခံတိုင်းပြည်တစ်ခုသို့ ဧကရာဇ်ဘုရင်​၏အမိန့်တော်အရ သွားရောက်၍ ၁ နှစ်တိတိနေထိုင်ခဲ့ကြပြီးနောက် နေရပ်သို့ ကလေးငယ်တစ်ဦးနှင့် ပြန်လာခဲ့ကြသည်။

ထိုကလေးငယ်အား အင်ပါယာနန်းတော်အတွင်း၌လည်း သူတို့​၏တရားဝင်မင်းသမီးအဖြစ် သတင်းဖြန့်ခဲ့ကြသည်။ ဤအကြောင်းကို မင်းသား သီဟလင်္ကာလေး ၆ နှစ်သားအရွယ်တွင်သိရှိခဲ့ချိန်၌ သူ့တွင် ညီမတော်လေးတစ်ပါးရှိလာသည်ကိုကြားသိရုံနှင့်ပင် လွန်စွာဝမ်းမြောက်ခဲ့သည်။ ပျော်ရွှင်ခဲ့သည်။

မင်းသား သီဟလင်္ကာက သူ​၏ညီမတော်လေး ဥမ္မာနဒီကို ငယ်စဉ်ကတည်းကပင် အတိုင်းအထက်အလွန် ချစ်မြတ်နိုးသည်။ အစိုးရိမ်ကြီးသည်။ ကာကွယ်စောင့်ရှောက်ပေးလွန်းပြီး ထိန်းချုပ်လွန်းသည်။ ဤကဲ့သို့ မောင်နှမနှစ်ယောက်ချစ်ချစ်ခင်ခင်နေလာကြပြီး ကြီးပြင်းလာတဲ့ တစ်နေ့မှာတော့ မင်းသား သီဟလင်္ကာက မင်းညီမင်းသားများအကြား မာနထောင်လွှားလာကာ ရန်ပွဲများနှင့် ဆိုးသွမ်းရမ်းကားလာခဲ့သည်။

ဤကဲ့သို့သောအကြောင်းတရားများကြောင့် မင်းသမီး ဥမ္မာနဒီညွှန်းစာမှူးသည် အစ်ကိုတော် သီဟလင်္ကာအပေါ် စိတ်ကွက်၍ မနှစ်မြို့တော့ပေ။ ထို့ကြောင့် အစ်ကိုတော်ကို သူမဘက်ကနေ စတင်ရှောင်ခွာလာခဲ့သည်။ ယခင်ကလို အစ်ကိုတော်အပေါ် ချစ်ခင်လေးစားခြင်း မရှိတော့ဘဲ ရွံမုန်းလာလေ၊ ညီမတော်ထံမှ အမုန်းများကို ဆက်တိုက်လက်ခံရရှိသော မင်းသား သီဟလင်္ကာအနေနှင့်လည်း ပို၍ဆိုးသွမ်းလာလေ။

နောက်ပိုင်းတွင် မင်းသမီးလေး ဥမ္မာနဒီညွှန်းစာမှူးလည်း ဧကရာဇ်ဘုရင်မင်းမြတ်ဆီ ကိုယ်တိုင်အခစားဝင်ခဲ့​၏။ သူမအား အနောက်နန်းတော်ကြီးအတွင်းရှိ နန်းဆောင်တစ်ခုအား သီးသန့်ပေးသနားတော်မူရန် လျှောက်ထားခဲ့ရာ ဧကရာဇ်မင်းကလည်း သမီးတော်အရင်းနှင့်မခြား ချစ်မြတ်နိုး၍ သဘောတူလိုက်လျောပေးခဲ့သည်။

သူမအနေဖြင့် အရှေ့နန်းဆောင်တွင် အစ်ကိုတော်နှင့်အတူတူ မနေနိုင်တော့သည့်အတွက် ဤကဲ့သို့ ခွဲထွက်လာခြင်းဖြစ်သည်။ သူမတို့​၏မိဘများကလည်း မောင်နှမနှစ်ယောက် ပြန်လည်သင့်မြတ်စေရန် နည်းအမျိုးမျိုး ကြိုးပမ်းခဲ့ကြသော်လည်း မင်းသမီးလေးက အစ်ကိုတော်ဖြစ်သူကို ခါးခါးသီးသီး ရွံရှာမုန်းတီးခဲ့သလို အစ်ကိုတော်အား ဆုံးမသွန်သင်မှုမရှိဘဲ အလိုလိုက်ထားသောမိဘများကိုလည်း စိတ်ဆိုးခဲ့သည်။

မင်းသမီးလေး​၏အမုန်းများကို သည်းမခံနိုင်လွန်းသော သီဟလင်္ကာလည်း တစ်ခုသောည၌ ညီမတော်အပေါ် မကျူးလွန်သင့်သည့်အမှားကြီးအား ကျူးလွန်ခဲ့ရာ မင်းသမီး​၏အမုန်းများကလည်း ပို၍ကြီးပြင်းသွားခဲ့သည်။ ထို့ကြောင့် သူမကိုယ်သူမ သတ်သေရန် ကြိုးပမ်းခဲ့​၏။

သို့သော်လည်း သီဟလင်္ကာသည် မင်းသမီးအား ငိုယိုတောင်းပန်၍ သူ​၏ခံစားချက်အစစ်အမှန်များကို ဖွင့်ဟပြောဆိုရင်း ကြိုးစားဖြောင်းဖြခဲ့သလို မိဘများကလည်း သူမတို့သည် မောင်နှမအရင်းအချာ မဟုတ်ကြောင်း ဖွင့်ပြောခဲ့သည်။ ဤသို့ဖြင့် မင်းသမီး ဥမ္မာနဒီနှင့် မင်းသား သီဟလင်္ကာတို့လည်း တရားဝင်လက်ထပ်ထိမ်းမြားခဲ့သည်။ ထို့နောက်တွင် ပြန်လည်သင့်မြတ်စွာနေထိုင်ရန် ဆုံးဖြတ်ထားခဲ့ကြသည်။

သို့သော်လည်း ကံကြမ္မာက သူတို့နှစ်ဦးအား မျက်နှာသာ မပေးခဲ့ပေ။ သူတို့လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ မိန်ဓိရာဇ်လက်ချက်ဖြင့် ဧကရာဇ်ဘုရင်နတ်ရွာစံခဲ့ပြီး မိန်ဓိရာဇ်ထီးနန်းလုတက်ခဲ့စဉ် သူ့အား ကျွန်ကောင်ဟုနှိမ်ခဲ့သောလူမှန်သမျှ လိုက်လံဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ခဲ့သည်။ ထိုအထဲတွင် မင်သား သီဟလင်္ကာမှာ ထိပ်ဆုံးကပင် မိန်ဓိရာဇ်လက်ချက်နှင့် ကံကုန်ရှာခဲ့သည်။

မင်းသား သီဟလင်္ကာတွင် ကြင်စဦးဇနီးမယား မင်းသမီး ဥမ္မာနဒီ ကျန်ရစ်ခဲ့မှန်း မိန်ဓိရာဇ်သိလျှင် သူမအား မောင်းမသိမ်းပိုက်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း မင်းသမီး ဥမ္မာနဒီသည် မိန်ဓိရာဇ်အား သူမ​၏မှော်ပညာများဖြင့် အတတ်နိုင်ဆုံး ခုခံတိုက်ခိုက်ရာတွင် ရှုံးနိမ့်သွားသည့်တိုင်အောင် မိန်ဓိရာဇ်အား ဆက်တိုက်ခုခံခဲ့သည်။ နောက်ဆုံး၌ မိန်ဓိရာဇ်လည်း မင်းသမီး ဥမ္မာနဒီကို သူ​၏မိစ္ဆာဓားဖြင့် အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခဲ့တော့သည်။

"အမြဲတမ်း ကံဆိုးနေတော့ ကံကောင်းပါ့မလားဆိုတဲ့စိုးရိမ်စိတ်တွေက များနေတယ်။ ဒီလူဆိုးကောင်ကိုရော fix လုပ်လို့ရပါ့မလား။ သူ့ထက်ဆိုးမဲ့ ဟိုမုဒိမ်းဘုရင် မိန်ဓိရာဇ်ဆိုတဲ့အကောင်ကိုရော fix လုပ်နိုင်ပါ့မလား။ အခုကတော့ ထီးနန်းမလုသေးဘဲ ကိုယ်ရံတော်မှူးအနေနဲ့ပဲ ရှိသေးတယ်လို့ နတ်ဘုရားမဆီက ကြားထားတယ်။

အရင်ဆုံး မင်းသား သီဟလင်္ကာနဲ့ ပြေလည်အောင်နေပြီး မိန်ဓိရာဇ်အပေါ်ကိုလည်း ကြုံရင်ကြုံသလို ကောင်းပေးရမယ်။ ပြီးရင် မိန်ဓိရာဇ်နဲ့ သီဟလင်္ကာကို တည့်အောင်နေခိုင်းရမယ်။ မဟုတ်ရင် သီဟလင်္ကာအပေါ် မိန်ဓိရာဇ်က အငြိုးတွေထားနေလိမ့်မယ်။

ဟူး....ငါ လုပ်နိုင်မှာပါ။ ငါ လုပ်နိုင်မှာပါ။ "

ကျွန်မ၏မော်ဒန်အမည်က ဥမ္မာလှိုင်ဖြစ်သည်။ သို့သော်လည်း ဤဖြောင်ခေတ်တွင်မူ အရှေ့နန်းဆောင်မှ ပင်တိုင်စံမင်းသမီး ဥမ္မာနဒီညွှန်းစာမှူးဖြစ်သလို မော်ဒန်ခေတ်မှ ဖြောင်ခေတ်ကို ကူးပြောင်းလာသည်မှာ ၁ ပတ်ရှိနေပါပြီ။

ရုတ်တရက် အတိတ်ကာလလသို့ အချိန်ခရီးသွားရသည့်အခါ အကြီးအကျယ်ရှော့ခ်ရသွားသည်က အမှန်ပါလေ။ ထို့အတွက်ကြောင့် နန်းဆောင်ထဲမှာပဲ တစ်ပတ်လုံး အပြင်မထွက်ဘဲ နေနေမိသည်။

အချိန်နတ်ဘုရားမပြောပုံအရ ကျွန်မ၏မည်းတော်၊ ခမည်းတော်နှင့် အစ်ကိုတော်ဆိုသူတို့မှာ အရှေ့နန်းတော်ရှိ အရှေ့နန်းဆောင်များတွင် နေထိုင်ကြသည်ဟု သိထားသည်။

ခမည်းတော်​၏ဘွဲ့အမည်မှာ "လင်္ကာဓနပတိတေဇောစည်သူ၊ မယ်တော်မှာ "ခေမာနဒီညွှန်းစာမှူး" ဖြစ်​၏။ အစ်ကိုတော်မှာ "သီဟလင်္ကာအနော်မဟာပတေ့" ဖြစ်သည်။

အမှန်ကမူ မင်းသမီး ဥမ္မာနဒီသည် မွေးစားသမီးသာ။ ရာဇဝင်သမိုင်းများ၌မူ ဤဖြစ်ရပ်မှန်အား မင်းသား သီဟလင်္ကာဘက်ကနေ အရွယ်ရောက်သည့်တိုင်မသိရှိခဲ့သလို မင်းသမီး ဥမ္မာနဒီညွှန်းစာမှူးသည်လည်း မသိရှိခဲ့ပေ။

တစ်နည်းဆိုသော် ဤအချိန်ခရီးသွားအဖြစ်အပျက်ကြီးတစ်ခုလုံးကို ကျွန်မဘက်က ယခုထိပင် မယုံကြည်နိုင်သေးပါ။ သိပ္ပံသဘောတရားဘက်ကကြည့်လျှင်တောင် အလွန်ထူးခြားအံ့ဖွယ်ဖြစ်စဉ်တစ်ခုပင် မဟုတ်ပါလော။

မိုးနတ်မင်းနှင့်နတ်ဘုရားများအား ဆဲဆိုရိုင်းပြမိပြီးနောက် ကောင်းကင်ထံမှ မိုးကြိုးပစ်ချခံခဲ့ရသည်။ ထို့နောက် အချိန်ခရီးသွားနတ်ဘုရားမကို ကျွန်မမျက်လုံးများနှင့် ကိုယ်တိုင်တပ်အပ်ကြုံဆုံခဲ့စဉ်မှာလည်း အတော်လေး ထိတ်လန့်တုန်လှုပ်မိခဲ့သေးသည်။ နတ်ဘုရားမထံမှ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က ကျွန်မ၏အတိတ်ဘဝများအကြောင်းအား အလုံးစုံပြောပြခဲ့သဖြင့် သိရှိခဲ့ပြီးပြီ။ နတ်ဘုရားမက စကားကို အလွန်ကွေ့ဝိုက်ပြောတတ်သူဖြစ်ပြီး သူမပြောသမျှစကားတိုင်းက အလွန်ပဟေဠိဆန်စွာ လျှို့ဝှက်လွန်းသည်။

ဥပမာအားဖြင့် ကျွန်မကဲ့သို့ မော်ဒန်ခေတ်ကနေ ဖြောင်ခေတ်ကို ကူးပြောင်းလာမည့်လူများ ထပ်ရှိနေသေးသလားဟု မေးခဲ့ရာတွင်မူ....

"မရှိနိုင်ဘူးလို့လည်း မဆိုနိုင်။ လူတိုင်းလိုလိုလည်း မကူးပြောင်းနိုင်။ ကူးပြောင်းလာသူတို့မှာလည်း သမိုင်းကြောင်းတစ်ခုလုံးကို ပထမအနှစ်တစ်ထောင်ကျော်တုန်းအတိုင်း မဖြစ်စေရအောင် တာဝန်ကိုယ်စီနဲ့ အဓိကရုဏ်းအားလုံးကို တားဆီးနိုင်ရမယ်။ အသင်ကိုယ်တိုင်လည်း သတိအမြဲထားပြီး လိမ္မာပါးနပ်စွာနေပါ။ လေ့လာစူးစမ်းပါ။ ပြဿနာတွေနဲ့ကြုံလာလည်း ပညာဉာဏ်သုံးပြီး ကြိုးစားဖြေရှင်းပါ အသင်မင်းသမီး...."

ဤသို့ဖြင့် သူမကို မေးခွန်းတစ်ခုမေးလိုက်တိုင်းမှာ သူမက အဖြေရှင်းရှင်းလင်းလင်း မပြောပြခဲ့ဘဲ ကျွန်မဘာသာ သိလာအောင်သာ လုပ်ခိုင်းတတ်သည်။ လွန်ခဲ့တဲ့နှစ်တစ်ထောင်က မှတ်ဉာဏ်တွေကတော့ သူမလက်ချက်နှင့်ပျောက်သွားခဲ့တာ မဟုတ်ဘဲ ကျွန်မကိုယ်တိုင်က မေ့ပစ်ရန် စိတ်အားထက်သန်ခဲ့၍ ပြန်လူဝင်စားသည့်တိုင် မမှတ်မိတော့ခြင်းဖြစ်သည်ဟု ပြောပြခဲ့သည်။ သို့ဖြစ်လျှင် ယခုအတိတ်ကို မမှတ်မိသည့် ပင်တိုင်စံမင်းသမီးတစ်ပါးအနေဖြင့် ဤကမ္ဘာမှ အောင်မြင်စွာ ထွက်နိုင်ဖို့အရေး သမိုင်းကြောင်းလှအောင် ပြန်ပြင်ရတော့မည်။

နတ်ဘုရားမက ကျွန်မမှာ မသိတာတစ်ခုခုရှိခဲ့လျှင် အချိန်မရွေးမေးနိုင်အောင် ရတနာမှော်ဆံထိုးတစ်ခုကို ပေးအပ်ခဲ့၏။ ထိုရတနာဆံထိုးသည် ကျွန်မနှင့် နတ်ဘုရားမ ဆက်သွယ်နိုင်သော ကြားခံဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်သည့်အလျောက် စိတ်ထဲကနေလည်း ဆက်သွယ်နိုင်ပေသည်ဟု သိရပြန်သည်။

မော်ဒန်ခေတ်၏ကျောင်းသူဘဝတွင် လေ့လာသင်ခဲ့ရသော ကျောင်းသင်ခန်းစာများထဲက ဖြောင်အင်ပါယာသမိုင်းကြောင်းမှာ မုဒိမ်းဘုရင် မိန်ဓိရာဇ်ကြောင့်နှင့် ရာဇဝင်ရိုင်းခဲ့သည်။ မှတ်မိသလောက် ထိုတဏှာရူးဘုရင်ကြောင့်နှင့် ဘဝပျက်ခဲ့ရသော နစ်နာသူများလည်း များစွာရှိခဲ့သေးသည်။ ထိုအထဲမှ အိမ်ရှေ့စံမင်းသား ရာဇသိင်္ဂါအပါအဝင် သူ၏ညီမတော် ၇ ပါးမှာ ထိပ်ဆုံးကဖြစ်လျက်။

မည်သို့ဆိုစေ အချိန်ခရီးသွားနတ်ဘုရားမ၏ပြောကြားချက်များအရ ကျွန်မ၏အခန်းကဏ္ဍများမှာ တာဝန်အလွန်ကြီးပေတကား။
ဤသည်က ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသကဲ့ မိန်ဓိရာဇ်ဆိုသူ ငါးမြွေထိုးကောင်ကြောင့်နှင့် အသားလွတ်အချိန်ခရီးသွားရင်း အရှုပ်အထုပ်များကို စတင်လုပ်ရပေတော့မည်။

"အနည်းဆုံး ဖြောင်ခေတ်မှာ သီဟလင်္ကာနဲ့မဟုတ်လည်း မင်းသားချောချောလေးတစ်ယောက်နဲ့ဖြစ်သွားလည်း မဆိုးပါဘူး။ မဂေးနေရင် ပြီးရော...ထပ်အရှမခံနိုင်လို့။ ထပ်ပြီး စွန့်ပစ်ခံရတာတွေလည်း မလိုချင်တော့ဘူး အဟင့်..."





══════ ◈ ═══════

Edit ver မဟုတ်လို့ စာလုံးပေါင်းသတ်ပုံအမှား၊ Typing Error လေးတွေ ပါနိုင်ပါတယ်။ ဖတ်ရအဆင်မပြေတာ၊ ဇာတ်လမ်းအဆင်မပြေတာရှိခဲ့လည်း ပြန်ပြောပေးပါဦးနော်။

ရှေ့တွေမှာ Update နှေးနေခဲ့လည်း ခုထိသဘောကျပေးနေတဲ့သူအကုန်လုံးလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်😘🫶

comment တွေနဲ့ Vote လေးတွေအတွက်လည်း အများကြီးကျေးဇူးတင်ရှိပါကြောင်း🤩

2.5.2024 (Thurs)
5:51 PM

Continue Reading

You'll Also Like

87.8K 11.1K 27
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...
13.8K 137 4
giyuu and senemi are together and giyuu does something spicy. (STORY FINISHED CHECK IT OUT)
Erica By Sam

Historical Fiction

2.9M 110K 60
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...
3.7K 120 13
"အဘိုး နတ်မင်းတွေရဲ့ ကျိန်စာတွေကို ပြယ်အောင် လုပ်လို့ရလားဟင်"? "နတ်မင်းတွေရဲ့ ကျိန်စာတွေက ကြောက်စရာကောင်းတယ် အီတာရုံ။ တစ်ကယ်ချစ်ခင်မြတ်နိုးတဲ့ လူတစ်ယ...