Boss Baby ဟမ်းစတားလေး ဝူယိ

By phyolay1991

30.8K 3.9K 22

Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒ... More

Boss Babyဟမ်းစတားလေးဝူယိ
Boss Babyဟမ်းစတားလေးဝူယိ
Boss Babyဟမ်းစတားလေးဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
Boss Baby ဟမ်းစတားလေး ဝူယိ
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70
chapter 71
chapter 72
chapter 73
chapter 74
chapter 75
chapter 76
chapter 78
chapter 79
chapter 80
chapter 81
chapter 82
chapter 83

chapter 77

330 50 0
By phyolay1991

Chapter 77
December 02, 2023
🐹အခန်း ၇၇

ဝူယိလေး၏ ရှောင်ယွီမေ့မေ့ (ညီမလေး ရှောင်ယွီ)

ဝူဝမ်ချီနှင့် နျဲ့ရှောင်တို့သည် ဝူဝမ်ယွီအား တစ်ချက်ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် ထိုင်နေသေးသည့် လင်းမုန့်ဖေးထံသို့ လှမ်းကြည့်လိုက်မိကြသည်။ သူတို့၏နှုတ်ခမ်းများမှာ တွန့်ချိုးနေကာ မျက်လုံးများမှာ တစ်နည်းတစ်ဖုံဖြင့် နက်ရှိုင်းနေပုံရသည်။ မိန်းကလေးများအကြား မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မသိနေသည့်တိုင် သူတို့မိသားစုမှ ညီမလေးအပေါ်တွင် မည်သို့သော အနိုင်ကျင့်မှုမျိုးကိုမှ ခွင့်ပြုပေးနိုင်မည် မဟုတ်ချေ။ ရှဲ့ကျွင်းနှင့် ရှောင်ဝူယိတို့၏ အမူအယာကို ကြည့်ခြင်းအားဖြင့် သူတို့အကြားတွင် မည်သည့်ပြသနာမှ မရှိဘဲ နေမည်မဟုတ်ကြောင်း သရဲများပင် ပြောနိုင်လိမ့်မည်။

နျဲ့ရှောင် ရှောင်ဝူယိ၏ ငိုက်စိုက်ကျနေသော ခေါင်းလေးကို ပွတ်ပေးလိုက်ကာ အနောက်တွင် နေရစ်လိုက်ပြီး အသံကိုနှိမ့်၍ မေးလိုက်သည်။

“ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ပေါင်ပေါင်းကပဲ ဒယ်ဒီ့ကို တိတ်တိတ်လေး ပြောပြပေးမလား..”

“ဟုတ်..”

ရှောင်ဝူယိ လေးလံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လက်သီးလေးဆုပ်ကာ နျဲ့ရှောင်အား ခပ်တိုးတိုး ပြောလေသည်။

“အဲသည့်မိန်းမက အရမ်းဆိုးတယ် ဒယ်ဒီ.. ရှောင်ယွီမေ့မေ့က သူ့အဆင့်လောက်အထိ နှိမ့်မချပစ်ချင်လို့ပေါ့.. ဟမ့်.. ကံကောင်းသွားတာလေ..”

ပါးလျသောနားများနှင့် စူးရှသောမျက်လုံးများရှိသည့် ဝူဝမ်ချီနှင့်ရှောင်ယန်တို့မှာ ထိုသူနှစ်ဦးကြားတွင် အချို့သော လျှို့ဝှက်ချက်အချို့ရှိမည်ဟု ထပ်မံ၍ခံစားလာရသည်။

နျဲ့ရှောင်တို့အဖွဲ့ ထွက်သွားသည်နှင့် လင်းမုန့်ဖေး သူမကိုဝိုင်းကြည့်နေသော အကြည့်များနှင့် သူမနားမှ အတင်းပြောနေကြသူများအောက်တွင် ခေါင်းကိုငုံ့ကာ ထွက်ပြေးသွားရသည်။ အဆုံး၌ သူမလမ်းကြားလေးတစ်ခုအတွင်းသို့ ရောက်သွားချိန်မှသာ သူမ၏မိခင်ဖြစ်သူမှ သူမလက်ကို ဆွဲကိုင်လာသည်။

“ အခုကဘာဖြစ်လာတာလဲ… ငါနင့်ကို လျိုကန်းနဲ့ပြန်ပေါင်းထုပ်ဖို့ မပြောခဲ့ဘူးလား… ဘာလို့များ သစ်တုံးတစ်တုံးလို မြေပေါ်မှာ ထိုင်နေရတာလဲနော်… နင်ဒီထက်ပိုပြီး နူးညံ့အောင် မပြောတတ်တော့ဘူးလား… ငါနင့်ကို ဒီလောက်ထိ အရွယ်ရောက်အောင် ပျိုးထောင်လာရတာ နင်ကတော့ ဒီလိုရိုးရှင်းတဲ့ အလုပ်ကိုတောင် မလုပ်နိုင်ဘူး… နင့်မောင်လေးက အခုထိ အစားစားဖို့ စောင့်နေတာကို… ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ မိန်းမပျက်ရဲ့…”

လင်းမူ(လင်းအမျိုးသမီး) နှင့် သူမ၏သမီးတို့ ပြန်လည်ဆုံတွေ့ကြချိန်တွင် သမီးဖြစ်သူအတွက် ချစ်ခင်စိတ်အနည်းငယ် ကျန်ရှိနေခဲ့သေးသည်။ သို့သော်လည်း ထိုအချစ်မှာ သူမခင်ပွန်းနှင့် သားတို့ဖြင့် နှိုင်းယှဉ်ပါက မပြောပလောက်ပေ။ ထို့ထက်ပိုသည်မှာ လျိုကန်း၏ ထွက်ခွာသွားမှုနှင့်အတူ သူတို့၏ဘဝမှာ တဖြည်းဖြည်း ဆင်းရဲတွင်းနက်ကာ နိမ့်ကျလာခဲ့သည်။

“ငါတွေ့တာသာ မှန်မယ်ဆိုရင် ခုဏတုန်းက လူအုပ်ထဲမှာ ဝူဝမ်ယွီလည်း ရှိတယ်မလား… သူတို့က အခု အရမ်းအခြေအနေ ကောင်းနေတာကို နင်ဘာလို့ သူ့ကို သွားမရှာရတာလဲ… အရင်တုန်းက နင်တို့ သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြတာ မဟုတ်ဘူးလား ဟမ့်… နင်ဘာလုပ်ခဲ့တာလဲ… သူ့ကို စော်ကားခဲ့တာလား… ငါပြောလိုက်မယ် နင်သာ ငါ၊ နင့်အဖေနဲ့ နင့်မောင်လေးတို့ကို ဆွဲချရဲလို့ကတော့ ငါတို့နင့်ကို ဘယ်လိုမျိုး ကောင်းကောင်းသမ မလဲဆိုတာ ကြည့်လိုက်… နင်က အကျိုးမရှိတဲ့ ပစ္စည်းတစ်ခုပဲ… ဘာလို့များ စွမ်းရည်နိုးထအောင် မလုပ်နိုင်ရတာလဲနော်…”

လမ်းကြားထဲတွင် ဆဲဆိုကြိမ်းမောင်းသံများမှာ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေခဲ့သည်။ လင်းမုန့်ဖေး သူမမိခင်၏ ဆွဲဆိတ်ခြင်း၊ ဆဲဆိုခြင်းနှင့် ရိုက်နှက်ခြင်းတို့အပေါ် ထုံနေပြီဖြစ်သည်။ သူမ၏စိတ်ထဲတွင် ယခင်အချိန်များထဲက မင်းသမီးလေးတစ်ပါးကဲ့သို့ ဖြစ်နေသောဝူဝမ်ယွီမှာ ကြယ်ပွင့်များဖြင့် ဝန်းရံခံထားရသော လမင်းတစ်စင်းဟူ၍ ထပ်ခါတလဲလဲ အော်မြည်နေခဲ့သည်။ မနာလိုခြင်း၊ နောင်တနှင့် ဝမ်းနည်းခြင်းကဲ့သို့သော ခံစားချက်အမျိုးစုံမှာ သူမ၏ရင်ဝအထိ ဆောင့်တက်လာခဲ့သည်။ ရယ်ရွှင်ဖွယ် အကောင်းဆုံးအရာမှာ သူမတိတ်တဆိတ် မနာလိုမိသည့် အချိန်အတွင်း တစ်ဖက်လူမှာမူ သူ၏အနောက်ရှိ သူမအား မေ့လျော့သွားခြင်းပင်။ ထိုမျှသာမက သူမအခြေစိုက်စခန်းတွင် နေစဉ်အတွင်း ထိုသူ၏ ကာကွယ်ရေးဒိုင်းကာကိုသာ မှီခိုနေရလေရာ လင်းမုန့်ဖေးအတွက် ပို၍ပင် ဆိုးရွားသွားပြီး အဓိပ္ပါယ်ကင်းမဲ့နေရသည်။

အမေလင်းမှာ ရိုက်နှက်ဆဲဆိုနေရခြင်းကြောင့် မောပန်းသွားပြီဖြစ်သည်။ သူမသမီးဖြစ်သူ၏ အသက်ဓာတ် ကင်းမဲ့နေပုံရသော မျက်နှာကို မြင်လိုက်ရချိန်တွင် ရုတ်တရက် ဒေါသများ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် လမ်းကြားအနောက်ဘက် ချောင်ကျသောနေရာမှရှိ အိမ်ငယ်လေးမှ လင်းကောဟိုင်၏ ဆဲဆိုသံများနှင့် သူမသားဖြစ်သူတို့၏ အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်လာသောကြောင့် အမေလင်း လင်းမုန့်ဖေးအား နာကျည်းစွာကြည့်ကာ ပြန်သွားလိုက်ရသည်။

လင်းမုန့်ဖေး လေလွင့်နေသော တစ္ဆေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် ထိုင်ချလိုက်မိသည်။ ခဏအကြာတွင် သူမရှေ့သို့ ရောက်ရှိလာသော ဖိနပ်စုတ် တစ်ရံကြောင့် ခေါင်းမော့ကြည့်လိုက်သည်။ ထိုသူအား မြင်လိုက်ရချိန်တွင် လင်းမုန့်ဖေးချက်ချင်းဆိုသလို သူ၏သွေးများကို ဖောက်ထုတ်၍ အသားကိုပင် အစိမ်းလိုက် ကိုက်စားချင်မိလာသောကြောင့် သွေးကဲ့သို့ နီရဲနေသော မျက်လုံးများဖြင့် သူမမေးခွန်းထုတ်လိုက်သည်။

“ဒီကို ဘာလာလုပ်တာလဲ..”

ကျန်းဝမ်ကျွင်း၏ မျက်လုံးထဲတွင် နက်ရှိုင်းသော အပြုံးတစ်ခုရှိနေခဲ့သည်။

“သေချာပေါက်ကို ကြာပန်းဖြူမရဲ့အဆုံးသတ်ကို မြင်တွေ့ချင်လို့ပေါ့… ဒါပေမယ့် မင်းရဲ့မိသားစုကတော့ တကယ်ကို မဲနယ်ရောင်ကနေ ဖြစ်လာတဲ့ အပြာရောင်ပေမယ့် မဲနယ်ထက်တောင် ပိုပြီး အရောင်တောက်နေသလိုပဲနော်… ကျွတ် ကျွတ် .. မင်း ငါ့ကိုလည်း အကြိမ်နည်းနည်းလောက် သတ်မိမလို ဖြစ်သွားခဲ့တာပဲဟာ… ပြီးတော့ ငါက ဝူဝမ်ယွီလိုမျိုး အညိုးအတေးတွေကို ဆုပ်ကိုင်မထားတော့တဲ့ ကြီးမြတ်သူတစ်ယောက် မဟုတ်နေဘူးနော်… ပြောကြည့်ပါဦး တကယ်လို့သာ ငါတို့အခြေစိုက်စခန်းရဲ့ နတ်ဘုရားမလေးကို အရင်တုန်းက မင်း နောက်ကျောဓားနဲ့ထိုးခဲ့တဲ့ သတင်းသာ ပြန့်သွားမယ်ဆိုရင် ဘာတွေများ ဖြစ်လာနိုင်မလဲ…”

လင်းမုန့်ဖေး၏ မျက်နှာ တခဏအတွင်း အလွန်ရုပ်ဆိုးသွားပြီး သူမ၏မျက်လုံးများ သွေးများပန်းထွက်လာလုမတတ် ပြူးကျယ်လာခဲ့သည်။

“နင် တကယ် ရွံဖို့ကောင်းတယ်..”

“ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ဘာမှပိုပြီးမသာနေပါဘူးလေ…”

***

နျဲ့ရှောင်၏အဖွဲ့ အခြေစိုက်စခန်း၏ ဗဟိုရှိ ဗီလာဝင်းထဲသို့ ပြန်ရောက်ကြချိန်တွင် လူတိုင်းမှာ ခရီးပန်းကာ နွမ်းနယ်နေကြပြီဖြစ်သည်။ ဝူဝမ်ယွီသည် လူတိုင်းအတွက် အခန်းတစ်ခန်းစီ စီစဉ်ပေးလိုက်ပြီး ကိုယ်စီကိုယ်စီ အခန်းများသို့ သွားနားကြရန် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

“လူတိုင်းပင်ပန်းနေကြပြီပဲဟာ… အရင်ဆုံးအနားယူပြီး ရေမိုးချိုးလိုက်ကြပေါ့… ကျန်တဲ့ ကိစ္စတွေကတော့ ညစာစားတဲ့အချိန် ရောက်မှပဲ အတူတူ‌ဆွေးနွေးကြတာပေါ့… ဒါက နာရီအနည်းငယ်လောက်ပဲ ကြာမှာပါ လောနေဖို့မလိုပါဘူး…”

ဝူဝမ်ယွီ လူတိုင်းအား ကြက်ပေါက်လေးများကဲ့သို့ သူတို့၏အခန်းများစီ ပြန်စေလိုက်သည်။ ထို့နောက် ရှဲ့ကျွင်း၏ တင်းမာနေသော မျက်နှာ‌ကို မြင်လိုက်ရချိန်၌ သူမအထူးတလည် သူ့အနားသို့ လျှောက်လာကာ ချော့မော့လိုက်သည်။

“စိတ်မတိုနေနဲ့တော့… ‌ရှားရှားပါးပါး ပြန်ဆုံရတာကို ဘာမဟုတ်တဲ့သူအတွက်နဲ့ ရှင့်ရဲ့ ပျော်ရွှင်မှုကို မပျက်စီးစေနဲ့…”

ရှဲ့ကျွင်း ဝူဝမ်ယွီ၏ အမှုမထားသော ပုံစံကိုကြည့်ကာ သူ၏မျက်လုံးများ နူးညံ့သွားပြီး ဆံပင်ကိုသပ်ကာ ပြောလိုက်သည်။

“မေ့လိုက်တော့ ဒီလောင်ဇီက ဘာမဟုတ်တဲ့ သာမန်မိန်းမတွေနဲ့ ဖက်မဖြစ်နေပါဘူးနော်… ဒါပေမယ့် ရှောင်ယွီ မင်းကိုယ့်ကို လျော်ကြေးပေးရမှာနော်… ကိုယ်မင်းနဲ့ မတွေ့ရတာ အရမ်းကို ကြာနေပြီ…”

ဝူဝမ်ယွီ ရှက်ကိုးရှက်ကန်းဖြင့် ရှဲ့ကျွင်း၏ မျက်နှာအနီးသို့ တိုးကပ်သွားလိုက်သည်။ သို့သော်လည်း မည်သည့်အရာမှ မဖြစ်လိုက်ခင်မှာပင် သူတို့နှစ်ဦး၏ အနောက်မှ သေစေနိုင်သော အကြည့်တစ်ချက် ထွက်ပေါ်လာသည်။

ရှဲ့ကျွင်း သူ၏အခန်းထဲသို့သာ အမြန်ပြေးဝင်၍ တံခါးကိုပိတ်ကာ နာနာခံခံဖြင့် နားနေချင်မိသည်။ ဝူဝမ်ယွီ အနောက်သို့ လှည့်လိုက်ချိန်တွင် သူမ၏အစ်ကိုကြီးကို မြင်လိုက်ရသောကြောင့် သူမမျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းသွားခဲ့သည်။

“အစ်ကို ဘာလို့ ဒီလောက်တိတ်တိတ်လေး လျှောက်လာရတာလဲ…”

ဝူဝမ်ချီမှာမူ အမူအယာကင်းမဲ့နေဆဲပင်။

“ ငါ မင်းတို့အနောက်မှာ ခုနကတည်းက ရပ်နေတာ…”

ရှောင်ယန် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ အင်္ကျီကာ၍ ရယ်မောလိုက်မိသည်။

တကယ်တော့ လူတိုင်းမှာ မြို့တံခါးတွင် ဖြစ်ပျက်ခဲ့သောအရာနှင့် ပတ်သက်၍ မေးမြန်းချင်နေကြသော်လည်း ဝူဝမ်ယွီ၏ မပြောချင်ဘူးဟူသော အမူအယာကြောင့်သာ မည်သူကမှ မည်ကဲ့သို့ စပြောရမည်ကို မသိနိုင် ဖြစ်နေကြခြင်းဖြစ်သည်။

ဝူဝမ်ယွီမှာ ထိုကိစ္စနှင့်ပတ်သက်၍ သိသိသာသာပင် အနည်းငယ်ကိုမျှ ပြန်တွေးချင်ပုံမရသောကြောင့် ဝူဝမ်ချီ၊ ရှောင်ယန်နှင့် ကျန်သူများမှ အစပျိုး၍ မမေးကြခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အတွင်းလူများမှာ နေရာတိုင်းတွင် ရှိသည်ဖြစ်သောကြောင့် အနှေးနှင့်အမြန် ဆိုသလို သူတို့သိလာကြရမည်ဖြစ်ပြီး ဤသည်မှာ အချိန်တစ်ခုသာ လိုအပ်ပေမည်။

ရှောင်ယန် သူမ၏ အခန်းသို့နားရန် ပြန်သွားချိန်တွင် ဝူဝမ်ချီနှင့် ဝူဝမ်ယွီတို့ မောင်နှမနှစ်ယောက်သာ နားနေခန်းထဲတွင် ကျန်ရစ်ခဲ့ကြသည်။ လျိုဝာ့ာရှန်မှာမူ အစောပိုင်းထဲက ကလေးများကိုခေါ်၍ ကျောင်းအုပ်ယွမ်နှင့် ဆုံတွေ့ပေးရန် ထွက်သွားပြီဖြစ်သည်။

ဝူဝမ်ချီ ညီမဖြစ်သူ၏ ခေါင်းကိုသာ ပွတ်ပေးနေခဲ့ပြီး မည်သည့်မေးခွန်းကိုမှ တစ်ဟုန်ထိုးမေးခြင်းမျိုး မလုပ်ခဲ့ပေ။ သူတို့နှစ်ဦးမှာ ကျောင်းအုပ်ယွမ်ထံသို့ တစ်ဦးပြီးမှတစ်ဦး သွားခဲ့ကြရသည်။ ယခင်အချိန်များတွင် ဝူဝမ်ချီမှာ သူ၏နားထဲသို့ သတင်းတိုင်းပို့နေသောကြောင့် မည်သည့်အရာကိုမှ တမင်တကာမေးနေရန် မလိုခဲ့ပေ။

လျိုတာ့ရှန်နှင့် အခြားသူများမှာ ခြေတစ်လှမ်းစော၍ ရောက်လာခဲ့ကြသည်။ နာနာနှင့် ကလေးများမှာ မြို့တံခါးတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းကို စတင်၍ စကားစမြည်ပြောဆိုလိုက်ကြသည်။ ကျောင်းအုပ်ယွမ်နှင့် ယွင်ချန်တက္ကသိုလ်မှ ကျောင်းသားများမှာမူ လင်းမုန့်ဖေးဟူသော အမည်အား ကြားလိုက်ရပြီး သူမအခြေစိုက်စခန်းတွင်း ရှိနေသည်ကို သိလိုက်ရသည်နှင့် ချက်ချင်းဆိုသလို ပေါက်ကွဲမှုများ ထွက်ပေါ်လာကြကာ ယခင်ဖြစ်ပွားခဲ့သော အရာများအကြောင်းကို ပြောပြလိုက်ကြသည်။

တံခါးအပြင်ဘက်တွင် ရပ်နေသော ဝူဝမ်ချီသည် သူ၏ညီ‌မလေးမှာ ဇွန်ဘီအုပ်ကြားထဲတွင် အရိုးပင်မကျန်အောင် ထားခဲ့ခံရလုမတတ် ဖြစ်သွားသည်ကို သိရှိသွားပြီး သူ၏နှလုံးသားမှာ တင်းကြပ်ကာ အချိန်အတော်ကြာအထိ ထိတ်လန့်နေမိသည်။ အနောက်မှ သူ၏ညီမဖြစ်သူကို ပြန်လှည့်ကြည့်ကာ စိတ်ဆင်းရဲနေပြီး မိမိကိုယ်ကိုအပြစ်တင်နေသည့်အသံဖြင့် လှမ်းပြောလိုက်သည်။

“ဒီလောက် ကိစ္စတွေအများကြီး ဖြစ်ခဲ့တာကို ဘာလို့ မင်းရဲ့ အစ်ကိုကို ပြောမပြရတာလဲ…”

ဝူဝမ်ယွီသည်လည်း သူမထိုအကြောင်းနှင့်ပတ်သက်၍ ထာဝရ မဖုံးကွယ်နိုင်သည်ကို သိနေပြီးဖြစ်သောကြောင့် အစ်ကိုဖြစ်သူ၏ လက်ကိုကိုင်လျက် ပြုံးပြလိုက်ပြီး ချစ်စရာကောင်းစွာ နှာခေါင်းလေးကိုပင့်ရင်း ပြောလိုက်သည်။

“ပြောပြပြီး အစ်ကို့ကို အမြဲတမ်း စိုးရိမ်နေရအောင်လို့လား… ပြီးတော့ သူနဲ့ထပ်ပြီး တွေ့ရမယ်လို့လည်း ထင်မှမထင်ထားတာ.. ဒါ့အပြင် ဖြစ်ခဲ့တာကလည်း အရမ်းကြာနေပြီလေ… နောက်ပြီး အဲ့သည့် ချောက်ချခံရတာထဲကနေ ကောင်းတာလည်း ပြန်ရခဲ့တာပဲကို… အခုဆိုရင် သူက ဘာအစွမ်းမှမရှိတဲ့ သာမန်လူဖြစ်နေတာ ညီမလေးကို သူ့ဆီသွားပြီး ပြသနာရှာစေချင်တာလား ဒါမှမဟုတ် သွားသတ်ရမှာလား…”

“ညီမလေးက အညိုးအတေးတွေကို ဆုပ်ကိုင်ထားရတာမျိုး မကြိုက်ပါဘူး… ညီမလေးရဲ့ ဦးနှောက်လေးက ကိုယ်ချစ်တဲ့သူတွေကို ထည့်ထားရတာနဲ့တင် ပြည့်နေပြီ…”

ဝူဝမ်ယွီ ရှောင်ဝူယိ၏ ချစ်စဖွယ်အမူအယာများထံမှ သင်ယူထားသည့်အတိုင်း သူမ၏အစ်ကိုကြီးကို ချစ်မြတ်နိုးစွာဖက်ကာ ခေါင်းလေးဖြင့် ပွတ်လိုက်သည်။ ဤကဲ့ ရုတ်ချည်းပြုမူလာမှုကြောင့် ဝူဝမ်ချီ ငိုရမည်လား ရယ်ရမည်လားကိုပင် မသိတော့ဘဲ သူ၏နှလုံးသားထဲတွင် တပြိုက်နက်တည်း စိတ်သက်သာရာရမိသလို ခါးလည်းခါးသီးနေမိသည်။

“ဘယ်လိုဖြစ်ပြီး ငါတို့ရဲ့ ရှောင်ယွီလေးက အရမ်းကျော်ကြားလာရတာလဲနော်…”

“ညီမလေး လောင်းရဲတယ်…ညီမလေးက စခန်းမှာ အချစ်ခံရဆုံး နတ်ဘုရားမလေးပဲ ဟီးဟီးဟီး…”

နျဲ့ရှောင်သည်လည်း ယွင်ချန်းတက္ကသိုလ်တွင် ဝူဝမ်ယွီ ဖြစ်ပျက်ခဲ့သော အရာများကို ရှောင်ဝူယိ၏ အပြောမှတဆင့် သိလိုက်ရသည်။ သို့သော်လည်း အဆုံး၌ သူသက်ပြင်းချရုံသာ တတ်နိုင်လေသည်။ ထိုကိစ္စတွင် ပါဝင်နေသူများမှ လက်တုံ့ပြန်လိုခြင်း မရှိသဖြင့် သူတို့အတွက်လည်း သာမန်လူအား တိုက်ရိုက်အနိုင်ကျင့်ရန်မှာ အဆင်ပြေလိမ့်မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူ၏ဘဝကို ပိုမိုခက်ခဲစေရန်အတွက် အုတ်ခဲများဆင့်ပေးရန်မှာမူ အလွန်လွယ်ကူနေသေးသည်။ အဆုံး၌ တစ်စုံတစ်ယောက်ကို ကူညီပေးခြင်း၏ အကြီးမားဆုံး အားသာချက်မှာ ထိုတစ်စုံတစ်ယောက်၏ အားနည်းချက်များကို ဖုံးကွယ်ပေးထားနိုင်ခြင်းပင်ဖြစ်သည်။

သို့သော်လည်း မည်သူကမှ မထင်ထားခဲ့ကြသည်မှာ ဝူဝမ်ယွီ၏ကိုယ်စား မည်သို့လက်စားပြန်ချေပေးရမည်ကို နျဲ့ရှောင်နှင့် ဝူဝမ်ချီတို့ အဖြေမရှာရသေးခင်မှာပင် ရုတ်တရက်ဆိုသလို ညနေပိုင်းအတွင်း လင်းမုန့်ဖေး၏ ဝူဝမ်ယွီအပေါ် ချောက်ချခဲ့သောသတင်းမှာ စခန်းအတွင်း ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်းမှာ နျဲ့ရှောင်တို့အဖွဲ့၏ ပြန်ရောက်ကြောင်း သတင်းနှင့်အတူ ဆက်တိုက်ဆိုသလို ပြန့်ကြဲသွားပြီး တစ်ယောက်မှ ဆယ်ယောက်၊ ဆယ်ယောက်မှ အယောက်တစ်ရာ စသည်ဖြင့် လက်ဆင့်ကမ်းသွားကာ အချိန်တိုအတွင်း လူတိုင်းထံသို့ ရောက်ရှိသွားသည်။

ကမ္ဘာပျက်ကပ်ဆိုသည်မှာ ယခင်အချိန်များကဲ့သို့ ဖျော်ဖြေရေးနယ်ပယ်တွင် အရောင်အသွေးစုံလင်လှသည် မဟုတ်ချေ။ လူတိုင်း၏ အဓိကကြည်နူးဖွယ်ရာမှာ သူတို့၏ ကြယ်ပွင့်များဖြစ်သော စွမ်းရည်ပိုင်ရှငများ‌နောက်သို့ လိုက်ခြင်းသာဖြစ်သည်။ ဝူမောင်နှမကဲ့သို့ လူမျိုးမှာ အခြေစိုက်စခန်းအတွင်းတွင် ပထမအဆင့် ထိပ်သီးနာမည်ကျော်များဟူ၍ ယူဆနိုင်မည်ဖြစ်သည်။ အထူးသဖြင့် လူတိုင်း၏ မင်းသမီးလေးအဖြစ် မှတ်ယူခံထားသော ဝူဝမ်ယွီပင်။ သူမ၏ အလှအပနှင့် ကောင်းမွန်သော စိတ်နေစိတ်ထားနှင့်အတူ စခန်းတစ်ခုလုံး ကာကွယ်ပေးထားသည့် သူမ၏ ကာကွယ်ရေးဒိုင်းကာစွမ်းရည်ကြောင့် ဝူယိအခြေစိုက်စခန်းအတွင်း သူမကိုမနှစ်သက်သူဟူ၍ ရှိမည်မဟုတ်ပေ။

နေ့ခင်းကြောင်တောင်အချိန်များတွင် ဖုံးကွယ်ထားသည့်မြင်ကွင်းများ ရှိကြသော်လည်း လူတိုင်း၏ မျက်လုံးများနှင့် နားများမှာ အများအားဖြင့် သူတို့ကို မြင်နိုင်ကြားနိုင်ကြသည်။ ကမ္ဘာပျက်ကပ်အစတွင် လင်းမုန့်ဖေးကြောင့် ဝူဝမ်ယွီ အကောက်ကြံခံရမတတ် ဖြစ်သွားရသည်ကို သူမအား ချစ်ခင်ကြသူများ သိရှိသွားချိန်တွင် လူတိုင်း ချက်ချင်းဆိုသလို ဒေါသများ ပေါက်ကွဲလာကြသည်။

အခြေစိုက်စခန်း၏ စည်းမျဉ်းကြောင့် သူတို့ လင်းမုန့်ဖေးတို့အပေါ် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ခြင်း သို့မဟုတ် အန္တရာယ်ပြုခြင်း မလုပ်နိုင်စေကာမူ လူအများ၏ နည်းလမ်း အသေးအမွှားလေးများကပင် သူမတို့တစ်မိသားစုလုံးအတွက် ခက်ခဲမှုများ ဖြစ်ပေါ်လာရန် လုံလောက်နေပြီ ဖြစ်သည်။

လင်းမုန့်ဖေး၏ မိသားစုနှင့် ပတ်သက်သော သတင်းများသည်လည်း နေရာတိုင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပြီး တစ်မိသားစုလုံးအပေါ် ရှုံ့ချမှုများကို ပြည့်နှက်သွားစေသည်။ ကမ္ဘာပျက်ကပ်အတွင်း မိသားစုတစ်ခုလုံး ပြန်လည်ဆုံစည်းနိုင်သည်မှာ ရှားပါးလှသော ကံကောင်းမှုတစ်ခု ဖြစ်သော်လည်း ၎င်းကို တန်ဖိုးမထားဘဲ ဤမျှအခြေအနေထိ ဖရိုဖရဲဖြစ်သွားရသည်မှာ ရိုးရှင်းစွာပင် စိတ်ပျက်ဖွယ်အကောင်းဆုံးအရာ ဖြစ်လေသည်။

အခြေစိုက်စခန်းအတွင်း အမှတ်ပေးသည့် မစ်ရှင်အများအပြားရှိပြီး လမ်းလျှောက်တတ်သည့် သုံးနှစ်အရွယ်သို့ ရောက်နေသရွေ့ လူတစ်ယောက်မှာ ပုံမှန်အားဖြင့် မိမိအတွက် ကိုယ်တိုင်ရှာဖွေ စားသောက်နိုင်သည်။ ရိက္ခာနည်းနည်းလေးအတွက် အလွန်ပင်ပန်းရသည် ဆိုစေကာမူ အစာပြတ်၍ သေဆုံးသွားရန် မဖြစ်နိုင်ပေ။ သို့သော်လည်း လင်းမိသားစု၏ အခြေအနေမှာမူ လူများကို အမှန်တကယ်ပင် မျက်လုံးပွင့်သွားစေသည်။ မိသားစုအတွင်းရှိ အကြီးအငယ်တိုင်းမှာ လင်းမုန့်ဖေး၏ ယောင်္ကျား‌များအပေါ် အမှီပြု၍ တောင်းစားရ‌လာသော အစားအစာအပေါ်တွင်သာ မှီခိုနေပြီး ဤသည်မှာ တကယ့်ကို မယုံနိုင်စရာပင်။ အတိုချုပ်ဆိုရမည်ဆိုလျှင် ထိုမိသားစုထဲ၌ မည်သူကမှ ကောင်းမွန်သောစိတ်ထား မရှိကြချေ။

တွေးကြည့်ရမည်ဆိုလျှင် လင်းမုန့်ဖေးမှာ နတ်ဆိုးစွဲကပ်ခံရသည့် မကောင်းသောလူတစ်ယောက်ဟု ဆိုရပေမည်။ သူတို့တစ်မိသားစုလုံး၏ မကောင်းသတင်းများ အခြေစိုက်စခန်းတစ်ခုလုံးတွင် ပျံ့နှံ့သွားပြီး အနှီကိစ္စပြီးနောက် သူတို့၏နေ့ရက်များအား ရှေ့ဆက်ရန် လွန်စွာမှ ခက်ခဲလာမည်ဖြစ်သည်။

ညနေခင်းအချိန် နျဲ့ရှောင်နှင့်‌ ရှောင်ဝူယိတို့ ထိုသတင်းကို ကြားရချိန်တွင် အစ်ကိုကြီးဖြစ်သူ ဝူဝမ်ချီ၏ လက်ချက်ဟု ထင်လိုက်မိကြသော်လည်း ဝူဝမ်ချီမှာ မှားယွင်းစွပ်စွဲခံလိုက်ရသည်သာဖြစ်သည်။

မည်သို့ပင်‌ဆိုစေကာမူ ဤအခြေအနေမှာ သူတို့အတွက် အမှန်တကယ်ပင် မြင်ကောင်းကြားကောင်းသော ကိစ္စတစ်ခုဖြစ်ကာ လူတိုင်း၏ အချိန်နှင့်ခွန်အားကို သက်သာသွားစေခဲ့သည်။

ဝူဝမ်ယွီနှင့် ရှောင်ဝူယိတို့၏ ရိုးသားပြီး အပူကင်းမဲ့သော ပုံစံကိုကြည့်ကာ သူတို့ရုတ်တရက်ဆိုသလို ကြင်နာတတ်သောလူများမှာ မည်သည့်နေရာသို့ ရောက်နေပါစေ အချစ်ခံရသည်ဟု ခံစားလိုက်ကြရသည်။

လင်းမုန့်ဖေး၏ ပြသနာကဲ့သို့သော ကိစ္စမျိုးတွင်ပင် သူတို့၏ လက်များအား ညစ်ပေရန် မလိုလိုက်ကြချေ။

🐹🐹🐹🐹🐹

Continue Reading

You'll Also Like

113K 22K 82
Title -Cub Raising Association Type -Web Novel(CN) Genre -Fanstry,Romance,Sci-fi,Shounen Ai,Slice of Life Author-jiuyi 酒矣 Status in...
126K 14K 113
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
324K 15K 39
ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲလို့ မေးရင် ​​​​မြတ်နိုးရသူရဲ့ လက်လေးကို ဆုပ်ကိုင်ထားခြင်းလို့ ကျွန်တော် ဖြေမယ် ဒါပေမယ့် ထိုလူသားရဲ့ လက်ထဲမှာ ဓားတစ်လက်ရှိန...
874K 15.8K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...