အခန်း(၁၁)
အင်ပါယာ ညီလာခံ (၂)
(ဟယ်ရီရှိန်းနောင်။ ။ "စောက်ရူးကို လင်လုပ်ထားရတော့ ဆင့်ခေါ်ခံရတာကို မျက်ခုံးနှစ်ဖက်စလုံးရော၊ ရင်တွေ၊ ဖင်တွေပါ အဆစ်လှုပ်နေတာ....")
(စာအုပ်ကြီး။ ။ "မင်းရဲ့လင်ပဲ....စိတ်မနှံ့တာလေးကို ခွင့်လွှတ်လိုက်ပါကွာ။ သူခုလိုဖြစ်တာလည်း ဟိုးအရင်က မိန်ဓိရာဇ်အနေနဲ့ မင်းပေးသွားခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်ပဲကိုး။)
(ဟယ်ရီရှိန်းနောင်။ ။ "အိမ်း....ရှိပါစေတော့။ ဒီနေ့ဆင့်ခေါ်ခံရတဲ့အကြောင်းအရင်းက ကျွန်တော့်ခေါင်း ဆင်တက်နင်းမယ့်ကိစ္စမျိုး မဟုတ်နေဖို့ပဲ ဆုတောင်းပါတယ်။ )
ဤသို့ဖြင့် ဆရာတပည့်နှစ်ယောက် သူ့တို့စိတ်ထဲတွင် အချင်းချင်းဆက်သွယ်နေခဲ့ကြပြီးနောက် ဧကရာဇ်မင်းမြတ် ရာဇာသိင်္ဂါဩရသနှင့် အိမ်ရှေ့စံမင်း ရာဇသိင်္ဂါတို့ရှေ့မှောက်သို့ရောက်ချိန်တွင် ဟယ်ရီရှိန်းနောင်က မိန်ဓိရာဇ်အနေဖြင့် ရိုသေစွာ ဂါဝရပြုခဲ့လျက်။
စာအုပ်ကြီးကတော့ သူ့မှော်အစွမ်းဖြင့် ကိုယ်ရောင်ဖျောက်ထားသည်။ မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားထံမှ မှော်စွမ်းအားတချို့သင်ယူတတ်မြောက်ခဲ့သည့်ရာဇသိင်္ဂါကလွဲရင် ဘုရင်မင်းမြတ်ကအစ မှူးမတ်များက စာအုပ်ကြီးကို လုံးဝမမြင်နေရပေ။
ရာဇသိင်္ဂါကတော့ ဖြောင်ခေတ်ကို ဟယ်ရီရှိန်းနောင် ရောက်လာကတည်းက သူနှင့်အတူပါလာသောစာအုပ်ကြီးကို တစ်ချိန်လုံးမြင်နေခဲ့ရသည်။ တမင်တကာ မမြင်ချင်ယောင်ဆောင်ခဲ့ရုံသာ။ စာအုပ်ကြီးကလည်း ရာဇသိင်္ဂါက သူ့ကိုမြင်နိုင်လိမ့်မည်ဟုမတွေးခဲ့သလို အတိတ်ကိုလည်း မှတ်မိလိမ့်မည်မဟုတ်ဟု လျှော့တွက်မိ၏။
သို့သော် စိတ်ချင်းဆက်သွယ်နိုင်သည့်မှော်စွမ်းအင်ကိုတော့ စာအုပ်ဆရာကြီးက ရာဇသိင်္ဂါကို လွှဲပြောင်းမပေးထားသည့်အတွက် သူတို့ဆရာတပည့်အတင်းတုပ်နေသမျှအကြောင်းကို ရာဇသိင်္ဂါဘက်က မကြားနိုင်ခဲ့ပေ။
ယနေ့ညီလာခံတွင် မိန်ဓိရာဇ်ကိုဆင့်ခေါ်ရခြင်းအကြောင်းက နန်းတော်အတွင်းပျံ့နှံ့နေခဲ့သည့်ကိစ္စတစ်ခုကြောင့်ပင်။ စင်စစ်အားဖြင့် ထိုကိစ္စသည် မိန်ဓိရာဇ်နှင့်သက်ဆိုင်နေပေ၏။
"ဘုန်းတော်ကြီးမြတ်လှပါသော အရှင်ဧကရာဇ်မင်းတရားကြီးဘုရား....ကျွန်တော်မျိုးမိန်ဓိရာဇ်အား ဆင့်ခေါ်သည်ဆို၍ အမိန့်တော်မြတ်အတိုင်း ဧကရာဇ်မင်းတရားကြီးရှေ့မှောက်သို့ ရောက်ရှိလာပါကြောင်း လျှောက်တင်အပ်ပါသည်ဘုရား"
(မိန်ဓိရာဇ်။ ။ အမလေးဟ....စကားတစ်ခွန်းပြောရတာ လျှာလေးပြီး မောလိုက်တာ။ ရှေးခေတ်နန်းတွင်းစကားပြောတွေ အသုံးအနှုန်းတွေက တော်တော်လေးကိုဖင်ရှည်ပြီး ပုံချဲ့ကြတာပဲ။ )
(စာအုပ်ကြီး။ ။ ဒါတော်သေးတယ်ပြောရမှာ။ တကယ်လို့ဘုရင်ကများ စိတ်ဆိုးဒေါသထွက်နေပြီဆို စာအကွန့်အညွန့်ပေါင်းစုံနဲ့ မျက်တော်ပြေအောင် ချော့မြူရမယ်ဆို မပြီးနိုင်တော့ဘူး။)
(မိန်ဓိရာဇ်။ ။ တော်ပါပြီ။ သားဖြစ်သူတောင် စိတ်ဆိုးနေရင် ချော့ဖို့ခက်တာ။ သူ့အဖေဆိုရင်တော့ ပိုဆိုးမှာ။)
(စာအုပ်ကြီး။ ။ မင်း ယောက္ခထီးပဲလေ...စိတ်ရှည်လိုက်ပေါ့ ဟားဟား)
စာအုပ်ကြီးက ရယ်မောလိုက်လျှင် မိန်ဓိရာဇ်က မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ ထို့နောက် ရာဇပလ္လင်တော်ပေါ်၌ အခန့်သားထိုင်နေသော ရာဇသိင်္ဂါ၏မျက်နှာအနေအထားကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။ ထိုအခါ ရာဇသိင်္ဂါမှာ မှင်သေနေသည့် သွေးအေးမျက်လုံးများနှင့် ပြုံးယောင်သမ်းနေသယောင်ဟန်။
(မိန်ဓိရာဇ်။ ။ သူ့မျက်ခွက် ကြည့်ရတာတော့ ပုံမှန်ပဲနော်...ဒါပေမဲ့...ကျွန်တော့်ကိုကြည့်နေတဲ့ သူ့အကြည့်တွေကနေခံစားမိတာ ကံဆိုးမိုးမှောင်ကျတော့မလိုပဲ။ )
(စာအုပ်ကြီး။ ။ စိတ်အေးအေးသာထား....မင်းဘက်ကကြောက်နေရင် ပိုဖြဲကြောက်လိမ့်မယ်။ သူဘာလုပ်လုပ် အတတ်နိုင်ဆုံး အကောင်းဘက်ကနေကြိုးစားတွေးပြီး သည်းခံထား။ သူ မင်းကိုဖင်ချနေရင်တောင်မှပေါ့။)
(မိန်ဓိရာဇ်။ ။ဪ.... သူအချမခံရတိုင်း....)
စာအုပ်ကြီး၏ဖြောင်းဖြမှုတွေကြားပြီးနောက်မှာတော့ မိနိဓိရာဇ်တစ်ယောက် တရားပေါက်သွား၏။ ထို့နောက် ဧကရာဇ်မင်းက စကားစသည်။
"အသင်မိန်ဓိရာဇ်....လွန်ခဲ့သောရက်သတ္တပတ်အကြာက သီဟလင်္ကာအနော်မဟာပတေ့အား လူအများမြင်ကွင်းရှေ့မှောက်တွင် မဖွယ်မရာပြုမူခဲ့သည်ဟု ရွှေအင်ပါယာနန်းတော်အတွင်း၌ ကောလာဟလများ ထွက်၍နေလေသည်။ ထိုကောလာဟလဖြစ်ရပ်အား ငါကိုယ်တော် ခရေစေ့တွင်းကျ သိလိုတော်မူ၏။ အသင်မိန်ဓိရာဇ်ဆီမှ လျှောက်တင်ချက်အား ငါကိုယ်တော် ကြားလိုတော်မူအံ့။"
ယနေ့မနက်ခင်းညီလာခံတွင် ရာဇသိင်္ဂါ၏ညီမတော် ခုနှစ်ပါးနှင့် တခြားသော တော်ဝင်မင်းသမီးများအပြင် မင်းသား သီဟလင်္ကာအနော်မဟာပတေ့လည်း တက်ရောက်နေခဲ့သည်။ သို့သော် မိန်ဓိရာဇ်က သူ့ကိုမမြင်ခဲ့ပေ။ သီဟလင်္ကာအနော်မဟာပတေ့ကတော့ ဧကရာဇ်မင်းတရားကြီး၏ပြောစကားကြောင့် ရှက်သွေးဖြန်းနေခဲ့ရုံမက မိန်ဓိရာဇ်ကိုမြင်လျှင် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့၏။
(မိန်ဓိရာဇ်။ ။ ဟင်း....ဘုရင့်စကားနားထောင်ရင်း ဒီညလာခံမှာဆင် ခြင်ထောင်ထောင်အိပ်ရမယ့်ပုံ....အဲ...ဟို...ခုနစ်ဘဝလောက်ရှည်တဲ့နာမည်နဲ့ကောင်ရဲ့လက်ကို နမ်းခဲ့တဲ့ကိစ္စနဲ့ဆင့်ခေါ်တာပဲ။ နမ်းလိုက်တာလေးကိုတောင် မဖွယ်မရာလို့ ခေါင်းစဉ်တပ်ကြတာလား။
ဆရာစာအုပ်ကြီးရေ...သူတို့ကို ကျွန်တော် ဘယ်လိုအဖြေပြန်ပေးရမလဲ။ လုပ်ဦး....လုပ်ဦးလို့။)
ရုတ်တရက် ခလုတ်တိုက်မှ ဆရာတသော တပည့်ဖြစ်သူကြောင့် စာအုပ်ကြီးလည်း သက်ပြင်းချမိသည်။ ထို့နောက် မှုန်ကုတ်ကုတ်နှင့် အမြန်ဖြေလိုက်သည်။
(စာအုပ်ကြီး။ ။ အိမ်း...မင်းလုပ်ခဲ့တဲ့ဇယားပဲ။ ကိုင်း...ဒီလိုဖြေလိုက်ကွာ။ မင်းသား သီဟလင်္ကာအနော်မဟာပတေ့က သူ့လမ်းပိတ်လို့ စိတ်ဆိုးနေတဲ့အချိန်မို့လို့ သူစိတ်ဆိုးပြေအောင် ငြိမ်းချမ်းရေးအကြင်နာပန်းလေး ဆက်သလိုက်ပါတယ်ပေါ့ ဟဲဟဲ။ ဒါက မဖွယ်မရလုပ်တာ မဟုတ်ဘဲ ကြီးမြတ်တဲ့တော်ဝင်မျိုးရိုးဖြစ်နေလို့ လေးစားတဲ့နည်းနဲ့ မျက်တော်ဖြေပေးတဲ့ဘဘောပါလို့ ပြောလိုက်ပေါ့ကွာ။)
(မိန်ဓိရာဇ်။ ။ Ok လေ...အဲ့နေ့က တကယ်လမ်းပိတ်ခဲ့ပြီး ပြဿနာရှာတာက အဲ့ခုနစ်ဘဝလောက်ရှည်တဲ့နာမည်နဲ့ကောင်ဆိုပေမဲ့လည်း
ခင်ဗျားပြောတဲ့အတိုင်းသာ ပြောလိုက်ပါ့မယ်။)
မိန်ဓိရာဇ်လည်း သူ့ရင်ဘတ်ကို ရှေ့သို့မောက်နေအောင် ကော့ထားလိုက်သည်။ ပြီးလျှင် လေကိုတဝကြီး ရှုသွင်းလိုက်ကာ အသံမြင့်လိုက်၏။ နောက်ဆုံးတွင် နန်းတွင်းလေသံဖြင့် အားမာန်ပါစွာ လျှောက်တင်တော့သည်။
"ကျွန်တော်မျိုး ရိုသေစွာ လျှောက်တင်အပ်ပါသည်ဘုရား။ ထိုနေ့၌ ကျွန်တော်မျိုး ငမိုက်သားမှ ကြီးမြတ်လှပါသော အရှေ့နန်းဆောင် မင်းသား သီဟလင်္ကာအနော်မဟာပတော့၏လာရာလမ်းကြောင်းတွင် ကျွန်တော်မျိုးငမိုက်သားမှ အတွေးများလွန်ကဲနေခဲ့ခြင်းကြောင့် မရိုမသေပိတ်ရပ်မိခဲ့ပါသည်ဘုရား။ ထိုအကြောင်းကြောင့် ဘုန်းတော်ကြီးလှသော မင်းသားသီဟလင်္ကာအနော်မဟာပတေ့မှာ မျက်တော်စူးရှသွားပါသည်။ ထို့ကြောင့် ကျွန်တော်မျိုးလည်း မလွှဲသာသည့်အဆုံး မင်းသား၏အမျက်တော်မီးလျှံအား ချက်ချင်းပြေငြိမ်းစေရန်အလို့ငှာ မင်းသား၏လက်ဖမိုးတော်ပေါ်၌ ငြိမ်းချမ်းရေးအကြင်နာပန်းလေးအား ဆက်သခဲ့တော်မူပါသည်။
ဤသည်မှာ မဖွယ်မရာကိစ္စမဟုတ်ကြောင်းပါ အရှင်ဧကရာဇင်း မင်းတရားကြီဘုရား။ "
မိန်ဓိရာဇ်၏ပါးနပ်စွာ လျှောက်တင်မှုကြောင့် စာအုပ်ကြီးက ကျေနပ်စွာ ပြုံးနေခဲ့သည်။ မင်းသား သီဟလင်္ကာအနော်မဟာပတေ့ကမူ ယခင်ကထက်ပို၍ မျက်နှာတစ်ခုလုံး နီမြန်းလာလျက်။
ဧကရာဇ်မင်းကလည်း သဘောကျနှစ်ခြိုက်ခဲ့သည်။ ညီလာခံတစ်ခွင်လုံးလည်း အံ့သြစွာ အတင်းတုပ်ကာ ရယ်မောနေကြသည့်အသံများ ထွက်ပေါ်လာခဲ့၏။ သို့သော် တစ်လောကလုံးနှင့်မတူ နှလုံးသားထဲတွင် ပူပြင်းတောက်လောင်နေသူမှာ ရာဇသိင်္ဂါပင်။
မျက်နှာက အပြုံးမျက်နှာဖုံးချိတ်ဆွဲထားသော်လည်း သူ၏စိတ်ထဲတွင်မူ မကျေနပ်ချက်များဖြင့် မိန်ဓိရာဇ်အား ဆဲရေးတိုင်းထွာနေခဲ့ချက်။
"ဒီခွေးသူတောင်းစားကတော့ ငါ့လောက် သူ့ကိုခဏခဏဒေါသထွက်ပြနေတဲ့အချိန်တွေကျ လက်ကိုတစ်ခါမှ မနမ်းဘူး။ ဘာမဟုတ်တဲ့ သီဟလင်္ကာရဲ့လက်ကိုကျ အမျက်တော်ပြေအောင်လို့ နမ်းတဲ့လား။
ဘာတဲ့.... ငြိမ်းချမ်းရေးအကြင်နာပန်းလေးဆိုပဲ။ ထွီ...ရွံလိုက်တာ။"
စာအုပ်ကြီးမှာ ရာဇသိင်္ဂါ၏ဒေါသအရှိန်အဝါကို မျက်မှန်းတန်းမိ၍ အရင်ခံစားမိလေလျှင် မိန်ဓိရာဇ်၏ဘေးနားသို့ ဝဲပျံလာသည်။
(စာအုပ်ကြီး။ ။ လူကလေးရေ...မင်းဘက်က ဧကရာဇ်မင်းနဲ့ ညီလာခံက လူတွေရှေ့မှာ အလျှောက်အတင်ကောင်းခဲ့ပေမဲ့ ရာဇသိင်္ဂါဆီက အငွေ့အသက်တွေ မကောင်းနေဘူး။ သူ့ကြည့်ရတာ သဝန်တိုနေတဲ့ပုံစံပဲလို့ ငါ ခံစားမိတယ်။ မင်း... သူ့လက်ကျ မနမ်းဘဲ သီဟလင်္ကာရဲ့လက်ကို နမ်းလိုက်လို့နေမယ်။)
(မိန်ဓိရာဇ်။ ။ အာ...ဖြစ်နိုင်ပါ့မလား။ အဲ့စောက်ရူးက ကျွန်တော့်ကို သူ့လင်လို့တောင် သတ်မှတ်နေတာ မဟုတ်တာချည်း။
သူ မုဒိမ်းကျင့်သွားတဲ့လူပျိုနုနုထွတ်ထွတ်လေးကို ကျွန်သာသာပဲ သဘောထားတဲ့ကောင်ကလေ...အခုလို သဝန်တိုနေပါ့မလား။ သူ့စောက်ခွက်က အမြဲတမ်း အဲဒီလိုပဲကိုး။)
(စာအုပ်ကြီး။ ။ မဟုတ်ဘူး။ သဝန်တိုတာမဟုတ်ရင်တောင် မင်းကိုတကယ်ကြီး ဒေါသထွက်နေတဲ့ပုံပဲ။ မဟုတ်မှလွဲရော...သူလည်း မင်းဆီက ငြိမ်းချမ်းရေးအကြင်နာပန်းလေးတွေရရချင်လို့ ခုထဲက ကြိုဂွင်ဖန်နေတာများလားပဲ။)
(မိန်ဓိရာဇ်။ ။ ခင်ဗျားပြောသလိုမျိုးသာဖြစ်ခဲ့မယ်ဆိုရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ထပ်ပြီးတော့ ... အကြင်နာပန်းလေး ဆက်သရမှာပေါ့ ဟင်းဟင်းဟင်း။)
(စာအုပ်ကြီး။ ။ ဒီ စိတ်မနှံ့တဲ့အရူးမင်းသားကိုတော့ ပေါ့သေးသေး ငြိမ်းချမ်းရေးအကြင်နာပန်းကို ဆက်သလို့တော့ မရနိုင်ဘူး။ ပိုအဆင်မြင့်တဲ့ ငြိမ်းချမ်းရေးအကြင်နာပန်းလေးတွေ ပုံအောဆက်သမှ အဆင်ပြေလောက်မှာ ဟင်းဟင်းဟင်း။)
(မိန်ဓိရာဇ်။ ။ ဒါပေါ့...ဒါပေါ့...ဟင်းဟင်းဟင်း)
"အသင်မိန်ဓိရာဇ်၏လျှောက်ကြားမှုကို နားထောင်အပြီးမှာ ငါ ကိုယ်တော်လည်း ဤသို့တွေးမိသည်။ အသင် လျှောက်တင်သွားသော ခိုငြိမ်းချမ်းရေးအကြင်နာပန်းအား တစ်ပါးသူ၏အမျက်တော်ဖြေရာတွင်သာမက တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ရာတွင်လည်း ရိုးရာယဉ်ကျေးမှုအစဉ်အလာအနေဖြင့်ပြုမူပါက လျော်ကန်သင့်မြတ်ပေမည်ဟု တွေးမိလေစွ။
ကိုင်း...ညီလာခံအတွင်းက ငါ ကိုယ်တော်ရဲ့မှူးမတ်သေနာပတိ အမတ်ကြီးများကရော ဘယ့်နှယ့်ရှိစ။ "
ဧကရာဇ်မင်းတရားကြီး၏ပြောကြားချက်ကြောင့် အိမ်ရှေ့စံမင်းသား ရာဇသိင်္ဂါနှင့် အစ်ကိုတော်ဝမ်းကွဲ အရှေ့နန်းဆောင်မင်းသား သီဟလင်္ကာအနော်မဟာပတေ့တို့မှာ ထိတ်လန့်မှုကိုယ်စီနှင့် မျက်လုံးပြူးသွားကြ၏။ ညီလာခံတစ်ခွင်လုံးလည်း ဆူညံသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
"ရိုသေစွာ လျှောက်တင်အံ့ပါသည် ခမည်းတော်ဘုရား...သားတော်အနေဖြင့် ချစ်မြတ်နိုးသောလူအနည်းကျဉ်းကလွဲလျှင် လူတကာကို ထိုကဲ့သို့မလုပ်နိုင်သောကြောင့် ကန့်ကွက်ပါသည်ဘုရား။ "
"အလို...စကားအား ဆင်ခြင်စွာ ပြောလော့ သားတော်။ သားတော်က ကန့်ကွက်သည်ဆိုသော်ငြား တစ်ခြားသူများ၏အမြင်ကိုလည်း ထည့်တွက်လော့။ "
ရာဇသိင်္ဂါလည်း ဆက်မပြောတော့ဘဲ နှုတ်ဆိတ်သွားသည်။ ထို့နောက် မင်းသား သီဟလင်္ကာအနော်မဟာပတေ့ကလည်း ကန့်ကွက်ပြန်သည်။
"ရိုသေစွာ လျှောက်တင်အပ်ပါသည် အရှင်ဧကရာဇ်မင်းတရားကြီးဘုရား...ကျွန်တော်မျိုး သီဟလင်္ကာအနော်မဟာပတေ့လည်း ညီတော်အိမ်ရှေ့စံ ရာဇသိင်္ဂါ၏လျှောက်တင်ချက်အတိုင် ကန့်ကွက်ပါသည်ဘုရား။ "
ထိုအခါ ဧကရာဇ်မင်း ရာဇာသိင်္ဂါဩရသလည်း သူ၏မှုးမတ်များနှင့် သမီးတော်များကို ထပ်မံမေးမြန်းသည်။
"ကိုင်း... ဒါဖြင့် ငါကိုယ်တော်၏သမီးတော်များနှင့် ညီလာခံတစ်ခုလုံးက တော်ဝင်မျိုးနွယ်များနှင့်မှူးကြီးမတ်ရာအမင်းများကရော... ဘယ့်နှယ်ရှိစ။ ညီညီညွတ်ညွတ်ဖြေကြစမ်းဟဲ့။"
ဧကရာဇ်မင်း၏အမေးအား အိမ်ရှေ့စံမင်းသား ရာဇသိင်္ဂါတို့အပါအဝင် အင်ပါယာညီလာတစ်ခုလုံးက တစ်ညီတစ်ညွတ်တည်း သံပြိုင်ပြန်ဖြေကြားခဲ့သည်။
"ရိုသေစွာ လျှောက်တင်အပ်ပါသည် ဘုန်းတန်ခိုးကြီးမြတ်တော်မူလှပါသော အရှင်ဧကရာဇ်မင်းတရားကြီးဘုရား...ကန့်ကွက်တော်မူကြောင်းပါဘုရား"
ဤကဲ့သို့ ပြိုင်တူဖြေကြားမှုကြောင့် ညီလာခံတစ်ခွင်လုံးတွင် ကျယ်လောင်သော ပဲ့တင်သံများက ထပ်ဆင့်မြည်ဟိန်းသွားသည်မှာ ဧကရာဇ်မင်းတရားကြီး၏နားထင်မွှေးများ၊ နှုတ်ခမ်းမွှေးများနှင့် တစ်ကိုယ်လုံးရှိသမျှ ကြက်သီးမွှေးညင်းတဖြန်းဖြန်းထသွားရုံမက တင်ပါးတော်နှင့် ရတနာပလ္လင်တော်ကအစ တုန်ခါသွားတော့သည်။
"ဟေ....အသင်တို့ ယခုလောက်ထိ ကန့်ကွက်နေကြမှဖြင့် ငါ ကိုယ်တော်လည်း အမိန့်ချမည်။ ယနေ့မှစ၍ ဖြောင်အင်ပါယာတစ်ခွင်၌ တစ်ဦးနှင့်တစ်ဦး " ပထမဆုံး" စတင်နှုတ်ဆက်သည့်အခါ၌လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး မျက်တော်ဖြေပေးသည့်အခါ၌လည်းကောင်း တစ်ပါးသူ၏လက်ဖမိုးများအား အကြင်နာပန်းပွင့်အား ပန်ဆင်ပေးလော့။ သို့ရာတွင် မင်းမျိုးမင်းနွယ်များနှင့် မိသားစုဝင်များကိုသာ ညာလက်ဖဖိုးအား အကြင်နာပန်ဆင်ပေးလော့။
ဤဓလေ့ထုံးစံအား "မိန်ဓိရာဇ်အကြင်နာပန်း" ဟု ခေါ်တွင်အံ့။ "
(စာအုပ်ကြီး။ ။လူလေးရေ....မင်းတော့ ညီလာခံပြီးသွားတာနဲ့ တစ်ညီလာခံလုံးကလူတွေကို လိုက်နမ်းပေးဖို့ ပြင်ထားတော့။ မင်းကြောင့် ဒီအမိန့်ထွက်လာတာဆိုတော့ မင်းကိုကြိတ်ချင်နေကြတော့မှာလေ....")
သနားစရာ ဟယ်ရီရှိန်နောင် ခေါ် မိန်ဓိရာဇ်မှာ သူ့နဖူးအား စိတ်ပျက်စွာ လက်ဖြင့်ရိုက်ချလိုက်တော့သည်။
"သေလိုက်ပါတော့ဗျာ..."
══════ ◈ ═══════
Edit ver မဟုတ်လို့ စာလုံးပေါင်းသတ်ပုံအမှား၊ Typing Error လေးတွေ ပါနိုင်ပါတယ်။ ဖတ်ရအဆင်မပြေတာ၊ ဇာတ်လမ်းအဆင်မပြေတာရှိခဲ့လည်း ပြန်ပြောပေးပါဦးနော်။
23.4.2024 (Tue)
3:31 AM