လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၆(ဖွင့်​ပြောခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)

1.8K 252 9
By Indolent-Senorita

Scroll down for Zawgyi.

Unicode

ပေါ်ယွီနဲ့စုန့်ရှီလင်တို့ လက်​ဝှေ့ရုံထဲက​နေ ​ဘေးချင်းယှဉ် ထွက်လာကြသည်။ရုံတံခါးအပြင်ဘက်သို့ ​ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် မ​ကောင်းဆိုးဝါးဆန်လှသော ​အေးစက်စက် ​လေပြင်းတ​စ်ဝှေ့က သူတို့နှစ်​ယောက်ထံ တိုက်ခတ်လာ၏။​​ပေါ်ယွီ့မျက်နှာဟာ သဲပွင့်​တွေနှင့် ပက်ဖျန်းခံလိုက်ရသည့်အပြင် တစ်ကိုယ်လုံး အရိုးခဲမတတ် စိမ့်တက်သွားခဲ့သည်။

" အာ ... ဟက်ချိုး ! "
​ပေါ်ယွီ နှာ​ချေလိုက်မိသည်။

​ပေါ်ယွီ့​ရှေ့က ​ခြေလှမ်းကျဲကျဲဖြင့် ဦး​ဆောင်လှမ်း​နေ​​သော စုန့်ရှီလင်တစ်​ယောက် လမ်း​လျှောက်ခြင်းအမှုကို ချက်ချင်း ရပ်ကာ ​ပေါ်ယွီအား လှည့်ကြည့်သည်။​လေသံ၌ ​ဒေါသ​ငွေ့​ငွေ့က ပါ​နေသည်။
" ဘာကိစ္စ ပါးပါးလှပ်လှပ်​လေး ၀တ်လာရတာတုန်း ? "

မင်း​မေကြီး​တော် !

​ပေါ်ယွီ သူ့စိတ်ထဲတွင် တိတ်တိတ်​လေး ကျိန်ဆဲလိုက်ခြင်းသာ။အ​ပေါ်ယံ၌မူ အင်မတန် အပြစ်ကင်းစင်၍ သနားစဖွယ်ဟန်​လေးနှင့် တိုးဖွဖွ ​ဖြေသည်။
" အိမ်မှာ သိပ်မ​အေးခဲ့လို့ "

စုန့်ရှီလင်မျက်နှာက ​ဒေါသ​ကြောင့် စိမ်းဖန့်​နေ​ချေပြီ။ထိုအမျိုးသားက ကုတ်အင်္ကျီကို ချွတ်လျက် ​ပေါ်ယွီ့​ခေါင်း​ပေါ် ပစ်တင်​ပေးသည်။ပေါ်ယွီ့ကို ခံစားချက်ကင်းမဲ့စွာ ငုံ့ကြည့်​နေသ​ယောင်ရှိပါသည့်တိုင် စင်စစ် မျက်၀န်းထဲ၌ ​ဒေါသအခိုးအ​ငွေ့များက ပြည့်လျှံ​နေ၏။

​ပေါ်ယွီ 'အွန်း' ဟု ​ရေရွတ်ရင်း ကုတ်အင်္ကျီကို လိမ်လိမ်မာမာ​လေး ၀တ်လိုက်သည်။ယင်းနောက် စုန့်ရှီလင်ဆီ ခပ်​သော့​သော့​လေး ​အမီပြေးလိုက်သွားသည်။
" မင်း​ရော ​ချမ်းနေလား ? "

စုန့်ရှီလင်က ​ပေါ်ယွီ့ကို လျစ်လျူရှူထားပြီး ​ခြေလှမ်းကျဲကြီး​တွေနှင့် ဆက်​လျှောက်​နေသည်။

လှပ​ချော​မောခန့်ညားသည့် အမျိုးသားနှစ်ဦး လမ်း​မ​ပေါ်မှာ ကိုယ်စီကိုယ်စီ လျှောက်လာခြင်းက လူအ​ပေါင်း၏စက္ခုအာရုံကို ဆွဲငင်သိမ်းပိုက်လိုက်နိုင်သည်။မိန်းမငယ်​လေး​​တော်​တော်များများဟာ သူနှင့်စုန့်ရှီလင်အား မျက်လုံး​လေး​စွေကြည့်လိုက် ၊ ​ခေါင်း​လေး​စောင်းကြည့်လိုက်လုပ်​နေကြ​ကြောင်း ​ပေါ်ယွီ သတိပြုလိုက်မိသည်မို့ စုန့်ရှီလင်​အနောက် မီ​အောင် မြန်မြန်​လေးလိုက်၍ ထို​နေရာမှ ​ဝေး​ဝေးဆွဲ​ခေါ်သွားလိုက်၏။

မိန်းမပျို​လေးတစ်သိုက်ခမျာ နှ​မြောတသ သက်ပြင်းချလိုက်ကြ​သည်။

​ပေါ်ယွီ စုန့်ရှီလင်အနားသို့ ပိုတိုးကပ်လာသည်။
" ငါ့ကားက ဟိုမှာ ရပ်ထားတယ်။ မင်းကို လိုက်ပို့​ပေးမယ်​လေ "

စုန့်ရှီလင်က ​ပေါ်ယွီ့ကို ​ငဲ့ကြည့်သည်။

​ပေါ်ယွီ အရှက်တရားများကို ချိုးနှိမ်ထားလိုက်သည်။
" မင်းရဲ့ဒါရိုက်ဘာကို သူ့ဘာသာသူ ပြန်ခိုင်းလိုက်​တော့။ ငါတို့ အတူတူ သွားကြရ​အောင်ဆို​ "

စုန့်ရှီလင်၏ တင်းမာခက်ထန်​နေ​သော မျက်နှာက ပိုမို​နူးညံ့ပျော့​ပျောင်းလာသည့်နှယ်။

​ပေါ်ယွီက ဇွဲမ​လျော့တမ်း ​ပြောလာခဲ့သည်။
" ငါက မင်းနဲ့အတူတူ သွားချင်လို့​လေ။ ခဏ​နေကျ တို့​တွေ စူပါမားကတ်ကိုပါ ၀င်ကြမလား ? "

စုန့်ရှီလင်က ဖုန်းထုတ်ကာ ဒါရိုက်ဘာထံ လှမ်းဆက်သည်။ဖုန်းလိုင်း ချိတ်ဆက်သွားသည်နှင့် အဓိကအချက်ကို တန်းညွှန်ကြားလိုက်၏။
" ကားကို ပြန်​မောင်းယူသွားလိုက်ပါ "

​ပေါ်ယွီ စုန့်ရှီလင်အား ကားပါကင်ဆီ တရွတ်ဆွဲ​ခေါ်လာခဲ့ပြီး ဒါရိုက်ဘာခုံ၌ ​ပျော်ရွှင်မြူးထူးစွာ ထိုင်လိုက်သည်။
" ငါ မင်းကို ကားပတ်​မောင်းပြမယ်။ ခါးပတ် မြန်မြန် ပတ် ! "

​ပေါ်ယွီ ကား​​မောင်းမည့်အ​ရေးကို စုန့်ရှီလင် ရင်တမမနှင့် ခွင့်ပြုထားလိုက်ရသည်။

ပုံမှန် ကား​မောင်းလျှင် ​လေ​ပေါ် ပျံဝဲတက်မည့်အလား ဝှီးခနဲ ဝှီးခနဲ ​မောင်းရသည်ကို သ​ဘော​ခွေ့​သော ​ပေါ်ယွီက ဤတစ်​ခေါက်တွင် ဂျုံးဂျုံးဂျက်ဂျက် လယ်ထွန်စက်ကြီးကို ​​မောင်းနှင်​နေသကဲ့သို့ ​နှေးတိ​နှေး​ကွေး ပြုမူ​နေသည်။

စုန့်ရှီလင် စိတ်မရှည်​တော့​ချေ။
" မင်း ဘယ်လို​တွေ​တောင် ​မောင်း​နေရတာလဲကွာ ? "

​ပေါ်ယွီက ဘီးတစ်လိမ့်ချင်း ​မောင်း​နေသည်။
" ငါ့​ကျော​လည်း နာတယ်။ တင်ပါးကလည်း နာ​​တယ်။ လက်​တွေပါ ​မလှုပ်ချင်ဘူးဖြစ်​နေတာ "

" ​ရှေ့လမ်းဆုံကျရင် ကိုယ် ​မောင်း​ပေးမယ် "
စုန့်ရှီလင် မျက်​ခုံးများ တွန့်ချိုးသွားသည်။ခန္ဓာကိုယ် မသက်မသာဖြစ်​နေပါက သူ့အား ​စော​စော​လေး ကြို​ပြောပြသင့်သည် မဟုတ်ပါ​လော။

​ပေါ်ယွီ ငြင်းဆန်မည်အပြု ထိုလမ်းဆုံ၌ ​ဆေးဆိုင်တစ်ဆိုင်ကို ​တွေ့သဖြင့် ​ခေါင်းညိတ်ပြပြီး ကားကို လမ်းမကြီး​ဘေး ချရပ်လိုက်သည်။
" ငါ မင်းရဲ့ဒဏ်ရာ​တွေအတွက် ဆိုင်ထဲမှာ ဒဏ်ရာလိမ်း​ဆေး ၀င်၀ယ်လိုက်ဦးမယ်။ ​စောင့်​နေ​နော် "

အိမ်တွင် ​ဆေး​သေတ္တာရှိသည်ကို စုန့်ရှီလင် သတိ​ပေးမည်လုပ်​သော်ငြား ​ပေါ်ယွီက ကားထဲက​နေ ထွက်၍ ​ဆေးဆိုင်ဆီ အ​ပြေးသွား​နေပြီဖြစ်သည်။

ယခုက ​နေ့လယ်စာစားချိန်မို့ ဆိုင်ထဲတွင် လူရှင်း​နေသည်။​​ပေါ်ယွီ ​ကောင်တာအနောက်၌ ရပ်​နေ​သော သက်လတ်ပိုင်းအရွယ် အမျိုးသမီးဆရာ၀န်ထံ ​လျှောက်သွားလိုက်သည်။
" ​ဆေး​လေးများ ရနိုင်မလား ? "

" ဘာ​ဆေးပါလဲ ? "

" ရန်ပွဲ​တွေဘာ​တွေမှာ မျက်နှာကို ထိခိုက်အနာတရဖြစ်ရင် သုံးရတဲ့ ပွန်းပဲ့ဒဏ်ရာ​တွေကို လိမ်းတဲ့​ဆေးမျိုး "
​​ပေါ်ယွီ ပိုက်ဆံအိတ်ထဲက ယွမ်တစ်ရာကို သူမ​ရှေ့ ထုတ်ချ​ပေးကာ ထပ်​လောင်းဖြည့်​ပြောလိုက်သည်။
" ကျွန်​တော့်ကို ပို​ကောင်းတာ​လေး ​ပေးပါ "

သတ်လတ်ပိုင်းအရွယ် အမျိုးသမီးဆရာ၀န်က နှစ်ချက်ခန့် စုတ်သပ်သည်။သူမက ​ဆေးရည်နှစ်ပုလင်း ၊ ပလတ်စတာနှင့် ပြန်အမ်း​ငွေကို ​ပေါ်ယွီအား ​ယူပေးလိုက်၏။

​ပေါ်ယွီ ​ဆေးရည်နာမည်​တွေကို ​ဂရုတစိုက် ဖတ်မ​နေအားဘဲ ​ယူစရာရှိတာယူပြီး ဆေးဆိုင်ထဲက​နေ ​လော​လော​လော​လော ထွက်ခဲ့သည်။ဆိုင်အပြင် ​ရောက်ခါမှ သူနဲ့စုန့်ရှီလင် မ​နေ့ညရယ် ၊ ဒီ​နေ့မနက်ရယ် ကိုယ်လက်နှီး​နှောခဲ့စဉ်က ကွန်ဒုံး မသုံးခဲ့မိကြမှန်းကို ရုတ်တရက် သတိရသွားသည်။

​ပေါ်ယွီ သူ ​ဆေးဆိုင်ထဲ တစ်​ခေါက်ပြန်၀င်၍ သ​န္ဓေတား​ဆေး ၀ယ်ခဲ့လိုက်ရမလား စဉ်းစား​နေသည်။မည်သို့ဆို​စေ ကြိုကြိုတင်တင် ကာကွယ်ထားသည် ထိ​ရောက်သည်​ကိုး။

ဒါရိုက်ဘာခုံမှာ ထိုင်​နေတဲ့ စုန့်ရှီလင်က ဟွန်းတီးလိုက်သည်။​ဆေးဆိုင်တံခါး၀၌ ခပ်​တွေ​တွေ ငိုင်ရပ်​နေသည့် ​ပေါ်ယွီကို မြင်​​နေရရာ ​ဆော်သြလိုက်ခြင်း။

​ပေါ်ယွီ ​ဆေးဆိုင်အား ပြန်​စွေကြည့်လိုက်သည့် အခိုက်အတန့်၀ယ် အထက်တန်း​ကျောင်းသူ​လေးနှစ်​ယောက်က အသစ်စက်စက် ၀ယ်လာခဲ့​သော မဂ္ဂဇင်းစာအုပ်ကိုယ်စီနှင့် ​ဆေးဆိုင်အတွင်းသို့ အလျိုလျို ၀င်သွားကြသည်။အမြင်အာရုံ 5.0 ရှိသော ​ပေါ်ယွီက အနှီမဂ္ဂဇင်းအဖုံး​ထက်ရှိဓါတ်ပုံဟာ သူ့ပုံ​ဖြစ်​ကြောင်း ​တွေ့လိုက်၏။

သူ ဒီတိုင်းသာ လှည့်ထွက်ခဲ့လိုက်သည်။

ရှိ​စေ​တော့ ၊ စုန့်ရှီလင် သူ့ကို သန့်ရှင်း​ပေးထားခဲ့တာပဲဥစ္စာ။ တစ်ဆိတ်ရှိ ထီ​ပေါက်မ​နေနိုင်​လောက်ပါဘူး !

​ပေါ်ယွီ သူ့ကိုယ်သူ စိတ်​ဖြည်လိုက်သည်။

​ပေါ်ယွီ ​မေ့​​လျော့နေသည်မှာ အချို့ကိစ္စများက ​ပေါ့​ပေါ့​တန်တန် ​နေ​နေလို့မရဟု။

အဘယ်​ကြောင့်ဆို​သော် ​မွေးရာပါ​ကောင်းချီး​ပေးခံရသူများရှိသလို ​​ပြောင်​မြောက်လွန်းလှတဲ့ စွမ်း​ဆောင်ရည်ကို ပိုင်ဆိုင်ထား​သောသူ​တွေလည်းရှိ၏။

​ပေါ်ယွီက ဘုရားသခင် မျက်နှာသာ​ပေးခံရ​သော ပထမအမျိုးအစားဖြစ်ကာ စုန့်ရှီလင်ကမူ ဒုတိယအမျိုးအစားဖြစ်သည်။

​ပေါ်ယွီ ​ရှေ့ကခရီးသည်ခုံတွင် ထိုင်ချလိုက်သည်။
" သွားစို့ "

" တံခါး၀မှာ ဘာ​တွေ​တွေး​နေတာလဲ ? "
စုန့်ရှီလင် ကားမောင်း​နေသည်။လမ်းဆုံမီးပွိုင့်က စိမ်း​နေတုန်း ကားကို ရှောခနဲ ငြိမ့်သက်စွာ ​မောင်းနှင်သွားလိုက်သည်။

​ပေါ်ယွီက တ​မြေ့​​မြေ့ ​စဉ်းစားရင်း ​ဖြေသည်။
" ငါ ......... ငါ ​ဆေး၀ယ်ဖို့ "

စုန့်ရှီလင်က ဇ​ဝေဇဝါနှင့် နားမလည်ပါ​ချေ။
" ဘာ​ဆေးလဲ ? "

" သုံးကြိမ်​မြောက် ထီ​ပေါက်မှာ စိုးရတယ်​လေ "
​ပေါ်ယွီ ကားပြတင်း​ပေါက်မှတစ်ဆင့် အပြင်​လောကကို လွမ်း​ဆွေးရီ​ဝေလျက် ​ငေးကြည့်​နေသည်။

စုန့်ရှီလင် နှုတ်ဆိတ်သွားခဲ့၏။

အိမ်သို့ရောက်​လျှင် ဦး​လေးယန်တစ်​ယောက် စုန့်ရှီလင်မျက်နှာထက်က အညိုညိုအမဲမဲ ဒဏ်ရာဒဏ်ချက်များကို မြင်​သောအခါ အလန့်တကြားဖြစ်သွားသည်။

ဦး​လေးယန်က အ​ရေး​ပေါ်​ဆေး​သေတ္တာကို ဒ​ရော​သောပါး ​ပြေးယူသည်။
" သခင်​လေး ၊ ဒဏ်ရာ​တွေကို ​ဆေးထည့်ရ​အောင်ပါ။ အမာရွတ်​တွေ ထင်ကုန်လိမ့်မယ် "

​ပေါ်ယွီ သူ ​ဆေးဆိုင်က၀ယ်ခဲ့သည့် ​ဆေးရည်နှစ်ပုလင်းကို လက်ဖက်ရည်စားပွဲ​​ပေါ် တင်လိုက်သည်။ထို့​နောက် ​ခြေချိတ်ထိုင် ၊ လိ​မ္မော်သီးအခွံခွာစားပြီး ဦး​လေးယန် စုန့်ရှီလင်အား ​ဆေးထည့်​ပေးသည်ကို ကြည့်​ရှူနေသည်။
" အဲဒါ​တွေက ​သေး​သေးမွှားမွှား ဒဏ်ရာ​လေး​တွေဟာကို မျက်နှာမှာ အမာရွတ်မကျန်ခဲ့​လောက်ပါဘူး​နော် "

ဦး​လေးယန်က ​လေးနက်တည်တံ့စွာ ဆိုသည်။
" တထစ်ချကြီး ​ပြောမရဘူးရယ်။ အမာရွတ်​တွေဘာ​တွေ ကျန်ခဲ့ရင် ဒုက္ခ "

​ပေါ်ယွီ အခွံနွှာထား​သော လိ​မ္မော်သီးစိတ်​လေး​တွေကို စုန့်ရှီလင်ပါးစပ်ထဲ ခွံ့​ကျွေး​နေသည်။ဦး​လေးယန်က ဒဏ်ရာ​တွေအားလုံးကို ​သန့်ရှင်းဆေးထည့်​ပေးပြီးသည်နှင့် ​ပေါ်ယွီ စုန့်ရှီလင်လက်ကို ဆုပ်ကိုင်လိုက်သည်။
" ငါတို့ အ​ပေါ်ထပ်သွားကြမယ်။ ဦး​လေးယန် ၊ ​နေ့လယ်စာကို ဒုတိယထပ်ဆီ ပို့​ပေးပါဦး "

ဦး​​လေးယန် စိတ်ပူ​နေသည်က မျက်နှာတွင် အထင်းသား။သူက လာပို့​ပေးမည်ဖြစ်​ကြောင်း ​ခေါင်းညိတ်ပြသည်။

ဒုသခင်​လေးက ငယ်ငယ်ကတည်းက လိမ္မာနာခံတတ်တဲ့သူပါ ၊ ဘယ့်နှယ့် အရွယ်​ရောက်မှပဲ တခြားလူ​တွေနဲ့ ထိုးကြိတ်ရန်ထဖြစ်တာတုန်း ?

အဲဒီဟာတွေထက် သခင်​လေး​ပေါ်ရဲ့အမူအရာကပါ ထူးဆန်း​နေတယ် ၊ စိုးရိမ်ပူပန်​နေတဲ့ပုံစံ လုံး၀ မ​ပေါက်ဘူး .....

​စုန့်ရှီလင်တို့နှစ်​ယောက် အိပ်ခန်းထဲသို့ အတူတူ ၀င်လာကြသည်။​ပေါ်ယွီက မျက်နှာမသာမယာဖြင့် -
" ​ကောက ​စေ့စပ်လိုက်ပြီတဲ့။ သိပ်မကြာခင် လက်ထပ်မယ်​ပြောတယ် "

" ကိုယ် သိတယ် "

ဘယ်လိုလုပ် သိတာလဲဟု ​ပေါ်ယွီ မ​မေးဖြစ်လိုက်။မျက်နှာမ​ကောင်းစွာ ရင်ဖွင့်လိုက်သည်။
" ငါ သူ့ကို နည်းနည်း စိတ်ပူတယ် "

" သူ့ကို အဲဒီ​လောက်​တောင် ဂရုစိုက်​နေတယ်​ပေါ့​ ? "

စုန့်ရှီလင်ရဲ့​လေသံထဲက ရှာလကာရည်နံ့တ​ထောင်း​ထောင်း ထ​နေ​သော သ၀န်တိုမှု​တွေကို ​ပေါ်ယွီ ရိပ်စားမိပါသည့်တိုင် အထူးတလည် ငြင်းဆန်မ​နေ​တော့။ဆိုဖာ၌ စိတ်ရှုပ်ရှုပ်နှင့် ပစ်ခတ်ထိုင်၍ ​ခေါင်းအုံးငယ်​လေးကို မှိုင်​တွေ​တွေ ပိုက်ထားသည်။
" သူက ငါ့​ကောပဲကို ၊ စိတ်မပူဘဲ ဘယ်​နေနိုင်မလဲ ? "

" ဟုတ်ပါပြီ "
စုန့်ရှီလင်က laptop ကို ဖွင့်လို့ သူ့ရဲ့​ဘဏ်အ​ကောင့်​ငွေစာရင်းကို စစ်​ဆေးကာ ဂဏန်းအ​နောက်ရှိ သုညအနန္တအား လက်ညှိုးထိုးပြသည်။မျက်နှာအမူအရာမှာ ဗလာကျင်း​နေ၏။
" မင်း​ကောရဲ့​စေ့စပ်ပွဲနဲ့ လက်ထပ်ပွဲအတွက် အနီ​ရောင်စာအိတ်ထဲကို ဘယ်​လောက်ထည့်​ပေးချင်လဲ ? "

​ပေါ်ယွီခမျာ အသက်ရှူသံ​တွေ တန့်သွားရသည်။
" မင်း ​ချမ်းသာလှချည်လား ! "

သုည​တွေက တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ၊ ​လေးလုံး ၊ ငါးလုံး ၊ ​ခြောက်လုံး ၊ ခုနစ်လုံး ၊ ရှစ်လုံး ၊ ကိုးလုံး ..........

စုန့်ရှီလင် ဘယ်တုန်းကများ ဒီလို​ရေလျှံသွားရတာလဲ​ရော် ?

ချမ်းသာခြင်းနတ်ဘုရားကြီး စုန့်ရှီလင်က ထိုစာမျက်နှာက​နေ ထွက်လျက် laptop ကို ပိတ်လိုက်သည်။
" ကိုယ့်ရဲ့ဘဏ္ဍာ​ရေး၀င်​ငွေက စုန့်ကုမ္ပဏီတစ်ခုတည်းက ၀င်လာတာမဟုတ်ဘူး "

​ပေါ်ယွီ အ​ချိန်အ​တော်ကြာ တိတ်ဆိတ်​နေခဲ့ပြီး စိတ်ဓါတ်ကျစွာ ဟူးခနဲ သက်ပြင်းချ ညည်းညူသည်။
" မင်းနဲ့ယှဉ်ရင် ငါက မွဲ​နေ​သေးသလိုပဲ "

စုန့်ရှီလင်၏ ဗီဒီယိုအစည်းအ​ဝေးက ​နောက်ငါးမိနစ်တွင်း စတင်မည်ဖြစ်သည်။သူ့အ​​နေဖြင့် အစည်းအ​ဝေးနှင့်ပတ်သတ်​​သော အချက်အလက်စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားရန် စာကြည့်ခန်းထဲ သွားသင့်​နေ​ချေပြီ။အွန်လိုင်းအစည်းအ​ဝေးခန်းသို့လည်း ချိတ်ဆက်ရ​ပေဦး​မည်။

စုန့်ရှီလင် laptop ကို သယ်၍ မတ်တပ်ထရပ်လိုက်သည်။​ပေါ်ယွီ့စကား​ကြောင့် နှစ်သိမ့်အား​ပေး​ကြောင်း ​ဖော်ပြရန် သူ ​ပေါ်ယွီ့​ခေါင်း​လေးကို နှစ်ချက် သုံးချက်ခန့် ပွတ်သပ်​ပေးလိုက်၏။
" ကိစ္စမရှိဘူး ၊ ကိုယ်က မင်းကို ပျိုး​ထောင်​ပေးမှာ "

​ပေါ်ယွီ့စိတ်အ​ခြေအ​နေက ​အောက်ကို ထိုးဆင်း​နေရှာသည်။

စုန့်ရှီလင်က ​ပေါ်ယွီ့ကို အကြာကြီး အ​ဖော်ပြု​ချော့​မော့​ပေး​နေဖို့ရာ အချိန်မရသည့်အ​လျောက် laptop နဲ့အတူ အခန်းထဲက​နေ ထွက်သွားခဲ့သည်။အိပ်ခန်းတံခါးအား ညင်ညင်သာသာ ​စေ့ပိတ်​ပေးခဲ့၏။

​ပေါ်ယွီတစ်​ယောက် ဆိုဖာ​ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်​မောကျရန် သိပ်မကြာလိုက်​ချေ။မ​နေ့ညက ညဉ့်နက်သည်အထိ လုံး​ထွေး​နေခဲ့သည့်အပြင် မနက်​စော​စောကလည်း ​ကောင်း​ကောင်းမွန်မွန် မအိပ်ခဲ့ရ။သို့နှင့် ပင်ပန်းပြီး အိပ်​ပျော်သွား​​လေသည်။

​ပေါ်ယွီ အိပ်ရာနိုး​သော် အခန်းက ​မှောင်​နေသည်။ဆိုဖာထက်တွင် ငူငူငိုင်ငိုင် ထိုင်​ကာ သူ ဘယ်သူမှန်း ၊ ဘယ်​ရောက်​နေမှန်း​တွေဘာ​တွေကို ဦး​နှောက်က ရှင်းရှင်းလင်းလင်း အလုပ်မလုပ်ခင် လက်ဖက်ရည်စားပွဲ​ပေါ်ရှိ ဖုန်းဟာ တဂွမ်ဂွမ် မြည်ဟီးလာသည်။

​ခေါ်ဆိုသူက လီကျဲ။

​ပေါ်ယွီ ရုတ်တရက်ပင် နိုးနိုးကြားကြားဖြစ်သွား၏။

သူနှင့်လီကျဲက သိကျွမ်းကြတာ ခဏတာမျှရှိ​သေး​ပေမင့် သူ့ရဲ့မန်​နေဂျာအသစ်ဖြစ်​သော လီကျဲရဲ့စိတ်​နေစရိုက်ကို ​ပေါ်ယွီ တွက်ဆမိသည်။​ကြီးကြီးမားမား အ​ရေး​ပေါ်ကိစ္စမရှိပါလျှင် လီကျဲက သူမဘက်ကအရင် သူ့ထံ ဖုန်းဆက်မည့်သူ မဟုတ်​ရေးချမဟုတ်။

တစ်ခုခု အ​ကြောင်းထူးလို့သာဖြစ်မည်။သူ ဘယ်အရှုပ်​တော်ပုံသတင်းထဲ ​ရော​ယောင်ပါပြန်ပါပြီလိမ့်။

လီကျဲက ​ပေါ်ယွီ့ကို message ​တွေ တန်းစီပို့ထားသည် - ဓါတ်ပုံက သုံးပုံ ၊ message က ငါး​စောင်။

ပထမပုံ ၊ မျက်​မှောင်ကြီး ကြုတ်ထားတဲ့ စုန့်ရှီလင်က လမ်းမ​ပေါ်မှာ ရပ်​နေပြီး ​ပေါ်ယွီ့အတွက် သူ့ကုတ်အင်္ကျီကို ချွတ်​နေသည်။ဒုတိယပုံ ၊ ​စုန့်ရှီလင်ရဲ့ကုတ်အင်္ကျီအကြီးကြီးနှင့် ပေါ်ယွီက စုန့်ရှီလင်အနားနားကပ် စကား​ပြော​နေ၏။တတိယပုံက ဖြတ်သွားဖြတ်လာ အင်တာနက်အသုံးပြုသူတစ်ဦး ​Weibo မှာ တင်ထားသည့် hashtag တစ်ခု Top Search ၀င်နေ​သော screenshot ဖြစ်သည်။

​ပေါ်ယွီ : " ............. "

သူနဲ့စုန့်ရှီလင် လမ်း​ပေါ်ထွက် တွန်းလားဆွဲလားလုပ်ခဲ့တာက ဘယ်​လောက်မှမကြာ​သေး​ပေါင်။ ဘယ်လိုလုပ် Weibo မှာ ဂယက်ထ​နေရတာလဲ ? လူ​​တွေများ လက်သွက်ချက် !

| လီကျဲ ; ဒီဓါတ်ပုံ​တွေက ဘာ​တွေလဲ ?

လီကျဲ ; ရှင်နဲ့ဥက္ကဋ္ဌစုန့်က​ရော ဘယ်လိုဖြစ်ကြတာတုန်း ? ကျွန်မကို ​ဗြောင်မငြင်းတာ ​ကောင်းလိမ့်မယ် ! မြန်မြန် စာပြန်​ပါဦး !! "

လီကျဲ ; ​ပေါ်ယွီ ! ​ခေါင်း​ရှောင်မ​နေပါနဲ့ ! ရှင်တို့နှစ်​ယောက်ကြား ဘာကြီးဖြစ်​နေဖြစ်​နေ ကိစ္စမရှိ​ပေမယ့် ရှင် ကျွန်မကို​တော့ ပွင့်ပွင့်လင်းလင်း ​ပြောပြ။ အခု ရှင့်ကို ကူညီနိုင်မှာ ကျွန်မတစ်​ယောက်ပဲရှိတယ်။

လီကျဲ ; ........... ​ရပြီ ၊ ​တော်ပြီ။ ကုမ္ပဏီရဲ့ PR ဋ္ဌာနက စာမူကြမ်း ထုတ်ထားတယ်။ အင်တာနက်​ပေါ်က လူတိုင်းက ရှင်တို့နှစ်​ယောက်ကို ချစ်သူ​တွေလို့ချည်း ထင်​ကြေး​ပေး​နေကြတာ။ ရှင် ကျွန်မကို ဘာမှလာပြောဖို့ မလို​တော့ဘူး ၊ အဆင်​ပြေသွားဖို့ပဲ မျှော်လင့်ရမယ် "

လီကျဲ ; ကျွန်မ တကယ် ဒူး​ထောက်​တောင်းပန်ပါတယ် ၊ ရှင် ဘယ်အချိန်ဘယ်ကာလများမှ ကျွန်မရဲ့ message ​တွေကို မြင်မှာလဲ ? |

​ပေါ်ယွီ လီကျဲဖုန်းနံပါတ်ကို လှမ်းဆက်လိုက်၏။တစ်ဖက်လူက စက္ကန့်မခြား ဖုန်းကိုင်လာသည်။သူ့ဆီကဖုန်းကို တစ်ချိန်လုံး ​စောင့်​နေဟန်ရသည့် လီကျဲ​ကြောင့် ​ပေါ်ယွီ အံ့သြသွားခဲ့သည်။

" ကျွန်​တော် အိပ်​ပျော်​နေလို့ပါ။ လူထုအမြင်က ဘယ်ကို ဦးတည်​နေတာလဲ ? "
​ပေါ်ယွီ ဖုန်းကို ပခုံးနဲ့ညှပ်​ပြောရင်း ကွန်ပျူတာကတစ်ဆင့် Weibo သို့ log in ၀င်လိုက်သည်။

လီကျဲက အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရှူ​နေသည်။
" အမျိုးသား CP ​ထောင်တဲ့ဘက်ကို ဦးတည်​နေတာ။ ​စကားလမ်း​ကြောင်း မလွှဲရ​အောင်။ ရှင်နဲ့ဥက္ကဋ္ဌစုန့်ရဲ့ဆက်ဆံ​ရေးက ဘာလဲ ? "

" ကျွန်​တော်တို့က ချစ်သူ​တွေ "

Hot Search တွင် No.1 စွဲ​နေ​သော သူနဲ့စုန့်ရှီလင်တို့ရဲ့ဓါတ်ပုံသုံးပုံကို ​​ပေါ်ယွီ တွေ့​တွေ့ချင်း ထို​ကောင်မ​လေး၏ ဓါတ်ပုံရိုက်စ​ကေးက အင်မတန် အရည်အချင်းရှိ​သည်ကို သူ ၀န်ခံရ​ပေမည်။သူ့ရဲ့​ခြေတံရှည်ရှည် ၊ အသား​ဖွေး​ဖွေး ၊ ​​အေးစက်ကြော့ရှင်းမှုအားလုံးကို အမိအရ ရိုက်ယူထားသည်။

လီကျဲအသက်ရှူသံ​တွေ မြန်ဆန်လာသည်။
" ကျွန်မ နားကြားမှားသလား ? "

" ကျွန်​တော်တို့ လက်ထပ်မှတ်ပုံတင်ရင် ကျဲကို သက်​သေအရာက ​နေ​ပေးဖို့ မှတ်မှတ်ရရ ဖိတ်ပါ့မယ် "
​ပေါ်ယွီက ခပ်ပြုံးပြုံး ဆိုသည်။Hot Search Topic တွင် တတိယ​မြောက်ချိတ်​နေသည်က #စုန့်​ပေါ်ကာတွန်း# ။

​ပေါ်ယွီ သိလိုတကြီး စပ်စပ်စုစု ၀င်ကြည့်လိုက်သည်။

၎င်းမိန်းမပျို​လေးက ACGN (Anime , Comic , Game , Novel ) ကို အရူးအမူး ကြိုက်သူတစ်​ယောက်ဖြစ်နိုင်သည်။သူမက စုန့်ရှီလင်နှင့်​ပေါ်ယွီတို့အ​ကြောင်း ဆွဲထား​​သော fan comic ​လေးကို Weibo မှာ တင်ထားသည်။

ပုံဆွဲလက်ရာက မဆိုးလှ။ Comic plot ဟာ Hot Search No.1 ​ပေါ်က စုန့်​ပေါ် CP ရဲ့ ဓါတ်ပုံ​တွေကို အ​ခြေခံထားသည်မို့ အနှီ Comic ကပါ ​ရေပန်းအစားဆုံး hashtag list ၌ ဗိုလ်စွဲ​နေခဲ့သည်။

​ပေါ်ယွီ သူ၏လက်​ချောင်းသွယ်သွယ်တို့ကို keyboard ထက်၀ယ် တဖြတ်ဖြတ် ​ပြေးလွှား​စေလိုက်သည်။
[ လက်ရာ​ကောင်း​လေးပဲ ၊ ဆက်ကြိုးစား ! ဒါ​ပေမယ့် အသားခန်း​လေးသာ ထပ်ထည့်လိုက်မယ်ဆိုရင် မြိုင်မြိုင်ဆိုင်ဆိုင် စိုစို​ပြေ​ပြေ​လေးဖြစ်သွားလိမ့်မယ် ၊ ဟုတ်တယ်ဟုတ် ? ]
ထို့​​နောက် ​'ပေးပို့သည်' ခလုတ်အား နှိပ်ချလိုက်၏။

​ချက်ချင်းပင် ပေါ်ယွီ အလန့်တကြား အမှတ်ရသွားသည်။သူ Weibo မှာ log in ၀င်ထားသည့် account က သူ့ရဲ့အရံ Account မဟုတ်။ Offical Weibo account ကြီး !!!

​ပေါ်ယွီ : " ကျွန်​တော်​​လေ  comment ​လေးတစ်ခုကို ကိုယ်ပိုင် Offical Weibo account ကြီးနဲ့ မ​တော်တဆ မန့်လိုက်မိတယ်ရယ် "

လီကျဲခမျာ နိမိတ်မ​ကောင်းသည့် ခံစားချက်ကြီးကို ရလိုက်၏။လီကျဲက ကွန်ပျူတာကို ဖွင့်ကြည့်​နေရင်း ဒုန်းခနဲ ထုကာ ​အော်ဟစ်​သောင်းကျန်းလိုက်သည်။
" ​ပေါ်ယွီ ! ရှင် တကယ်ပဲ ဘာ​တွေ​လျှောက်လုပ်​နေတာလဲ ?! အရူးထ​နေတယ် ! "

လီကျဲကို စိတ်​လေးငြိမ်ငြိမ်​ထား​စေချင်သည့် ရည်ရွယ်ချက်ဖြင့် ​ပေါ်ယွီ ဖုန်းကို နှစ်ခါမငဲ့စတမ်း ချပစ်လိုက်သည်။စကား​ပြောတာက ​နောက်မှ​ပြောရမည်ပင်။

Fan Comic ဆွဲသည့် ​ကောင်မ​လေးထံတွင် သူ ​စော​စော​လေးကတင် မန့်ခဲ့​သော comment ကို ပြန်ကြည့်၍ စကား​ပြောလိုစိတ်​လေး ​​ပျောက်ဆုံးသွားခဲ့သည်။​ပေါ်ယွီ ကွန်ပျူတာကို ပိတ်ပစ်လိုက်သည်။

ထိုအခိုက် တံခါးက အပြင်ဘက်က​နေ တွန်းဖွင့်ခြင်းခံလိုက်ရ၏။

ဆံပင်​လေး​တွေကို တိတိရိရိ ရိတ်ထားတဲ့ ဖရဲသီး​လေးဟာ အခန်းထဲသို့ တံခါးအဟကြားက ​ခေါင်း​လေးပြူကြည့်လာသည်။​ပေါ်ယွီ့ကို ​တွေ့​တွေ့ချင်း သူ့​ခေါင်း​လေးသူ လှစ်ခနဲ ပြန်ဆုတ်သွား၏။

​ပေါ်ယွီ : " .......... "

သူ့သားအူတူတူ​လေးရဲ့ဆံပင်​တွေက ဘယ်မလဲ !!!

ဘယ်သူ ရိတ်​ပေးလိုက်တာလဲကွ !!?

.
.
.
.
.
.

Sorry for late update ❤❤❤

Thanks













Zawgyi

ေပၚယြီနဲ႔စုန္႔႐ွီလင္တို႔ လက္​ေဝွ႔႐ုံထဲက​ေန ​ေဘးခ်င္းယွဥ္ ထြက္လာၾကသည္။႐ုံတံခါးအျပင္ဘက္သို႔ ​ေျခခ်လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ မ​ေကာင္းဆိုးဝါးဆန္လွေသာ ​ေအးစက္စက္ ​ေလျပင္းတ​စ္ေဝွ႔က သူတို႔ႏွစ္​ေယာက္ထံ တိုက္ခတ္လာ၏။​​ေပၚယြီ႕မ်က္ႏွာဟာ သဲပြင့္​ေတြႏွင့္ ပက္ဖ်န္းခံလိုက္ရသည့္အျပင္ တစ္ကိုယ္လုံး အ႐ိုးခဲမတတ္ စိမ့္တက္သြားခဲ့သည္။

" အာ ... ဟက္ခ်ိဳး ! "
​ေပၚယြီ ႏွာ​ေခ်လိုက္မိသည္။

​ေပၚယြီ႕​ေ႐ွ႕က ​ေျခလွမ္းက်ဲက်ဲျဖင့္ ဦး​ေဆာင္လွမ္း​ေန​​ေသာ စုန္႔႐ွီလင္တစ္​ေယာက္ လမ္း​ေလွ်ာက္ျခင္းအမႈကို ခ်က္ခ်င္း ရပ္ကာ ​ေပၚယြီအား လွည့္ၾကည့္သည္။​ေလသံ၌ ​ေဒါသ​ေငြ႕​ေငြ႕က ပါ​ေနသည္။
" ဘာကိစၥ ပါးပါးလွပ္လွပ္​ေလး ၀တ္လာရတာတုန္း ? "

မင္း​ေမႀကီး​ေတာ္ !

​ေပၚယြီ သူ႕စိတ္ထဲတြင္ တိတ္တိတ္​ေလး က်ိန္ဆဲလိုက္ျခင္းသာ။အ​ေပၚယံ၌မူ အင္မတန္ အျပစ္ကင္းစင္၍ သနားစဖြယ္ဟန္​ေလးႏွင့္ တိုးဖြဖြ ​ေျဖသည္။
" အိမ္မွာ သိပ္မ​ေအးခဲ့လို႔ "

စုန္႔႐ွီလင္မ်က္ႏွာက ​ေဒါသ​ေၾကာင့္ စိမ္းဖန္႔​ေန​ေခ်ၿပီ။ထိုအမ်ိဳးသားက ကုတ္အက်ႌကို ခြၽတ္လ်က္ ​ေပၚယြီ႕​ေခါင္း​ေပၚ ပစ္တင္​ေပးသည္။ေပၚယြီ႕ကို ခံစားခ်က္ကင္းမဲ့စြာ ငုံ႔ၾကည့္​ေနသ​ေယာင္႐ွိပါသည့္တိုင္ စင္စစ္ မ်က္၀န္းထဲ၌ ​ေဒါသအခိုးအ​ေငြ႕မ်ားက ျပည့္လွ်ံ​ေန၏။

​ေပၚယြီ 'အြန္း' ဟု ​ေရ႐ြတ္ရင္း ကုတ္အက်ႌကို လိမ္လိမ္မာမာ​ေလး ၀တ္လိုက္သည္။ယင္းေနာက္ စုန္႔႐ွီလင္ဆီ ခပ္​ေသာ့​ေသာ့​ေလး ​အမီေျပးလိုက္သြားသည္။
" မင္း​ေရာ ​ခ်မ္းေနလား ? "

စုန္႔႐ွီလင္က ​ေပၚယြီ႕ကို လ်စ္လ်ဴ႐ွဴထားၿပီး ​ေျခလွမ္းက်ဲႀကီး​ေတြႏွင့္ ဆက္​ေလွ်ာက္​ေနသည္။

လွပ​ေခ်ာ​ေမာခန္႔ညားသည့္ အမ်ိဳးသားႏွစ္ဦး လမ္း​မ​ေပၚမွာ ကိုယ္စီကိုယ္စီ ေလွ်ာက္လာျခင္းက လူအ​ေပါင္း၏စကၡဳအာ႐ုံကို ဆြဲငင္သိမ္းပိုက္လိုက္ႏိုင္သည္။မိန္းမငယ္​ေလး​​ေတာ္​ေတာ္မ်ားမ်ားဟာ သူႏွင့္စုန္႔႐ွီလင္အား မ်က္လုံး​ေလး​ေစြၾကည့္လိုက္ ၊ ​ေခါင္း​ေလး​ေစာင္းၾကည့္လိုက္လုပ္​ေနၾက​ေၾကာင္း ​ေပၚယြီ သတိျပဳလိုက္မိသည္မို႔ စုန္႔႐ွီလင္​အေနာက္ မီ​ေအာင္ ျမန္ျမန္​ေလးလိုက္၍ ထို​ေနရာမွ ​ေဝး​ေဝးဆြဲ​ေခၚသြားလိုက္၏။

မိန္းမပ်ိဳ​ေလးတစ္သိုက္ခမ်ာ ႏွ​ေျမာတသ သက္ျပင္းခ်လိုက္ၾက​သည္။

​ေပၚယြီ စုန္႔႐ွီလင္အနားသို႔ ပိုတိုးကပ္လာသည္။
" ငါ့ကားက ဟိုမွာ ရပ္ထားတယ္။ မင္းကို လိုက္ပို႔​ေပးမယ္​ေလ "

စုန္႔႐ွီလင္က ​ေပၚယြီ႕ကို ​ငဲ့ၾကည့္သည္။

​ေပၚယြီ အ႐ွက္တရားမ်ားကို ခ်ိဳးႏွိမ္ထားလိုက္သည္။
" မင္းရဲ႕ဒါ႐ိုက္ဘာကို သူ႕ဘာသာသူ ျပန္ခိုင္းလိုက္​ေတာ့။ ငါတို႔ အတူတူ သြားၾကရ​ေအာင္ဆို​ "

စုန္႔႐ွီလင္၏ တင္းမာခက္ထန္​ေန​ေသာ မ်က္ႏွာက ပိုမို​ႏူးညံ့ေပ်ာ့​ေပ်ာင္းလာသည့္ႏွယ္။

​ေပၚယြီက ဇြဲမ​ေလ်ာ့တမ္း ​ေျပာလာခဲ့သည္။
" ငါက မင္းနဲ႔အတူတူ သြားခ်င္လို႔​ေလ။ ခဏ​ေနက် တို႔​ေတြ စူပါမားကတ္ကိုပါ ၀င္ၾကမလား ? "

စုန္႔႐ွီလင္က ဖုန္းထုတ္ကာ ဒါ႐ိုက္ဘာထံ လွမ္းဆက္သည္။ဖုန္းလိုင္း ခ်ိတ္ဆက္သြားသည္ႏွင့္ အဓိကအခ်က္ကို တန္းၫႊန္ၾကားလိုက္၏။
" ကားကို ျပန္​ေမာင္းယူသြားလိုက္ပါ "

​ေပၚယြီ စုန္႔႐ွီလင္အား ကားပါကင္ဆီ တ႐ြတ္ဆြဲ​ေခၚလာခဲ့ၿပီး ဒါ႐ိုက္ဘာခုံ၌ ​ေပ်ာ္႐ႊင္ျမဴးထူးစြာ ထိုင္လိုက္သည္။
" ငါ မင္းကို ကားပတ္​ေမာင္းျပမယ္။ ခါးပတ္ ျမန္ျမန္ ပတ္ ! "

​ေပၚယြီ ကား​​ေမာင္းမည့္အ​ေရးကို စုန္႔႐ွီလင္ ရင္တမမႏွင့္ ခြင့္ျပဳထားလိုက္ရသည္။

ပုံမွန္ ကား​ေမာင္းလွ်င္ ​ေလ​ေပၚ ပ်ံဝဲတက္မည့္အလား ဝွီးခနဲ ဝွီးခနဲ ​ေမာင္းရသည္ကို သ​ေဘာ​ေခြ႕​ေသာ ​ေပၚယြီက ဤတစ္​ေခါက္တြင္ ဂ်ံဳးဂ်ံဳးဂ်က္ဂ်က္ လယ္ထြန္စက္ႀကီးကို ​​ေမာင္းႏွင္​ေနသကဲ့သို႔ ​ေႏွးတိ​ေႏွး​ေကြး ျပဳမူ​ေနသည္။

စုန္႔႐ွီလင္ စိတ္မ႐ွည္​ေတာ့​ေခ်။
" မင္း ဘယ္လို​ေတြ​ေတာင္ ​ေမာင္း​ေနရတာလဲကြာ ? "

​ေပၚယြီက ဘီးတစ္လိမ့္ခ်င္း ​ေမာင္း​ေနသည္။
" ငါ့​ေက်ာ​လည္း နာတယ္။ တင္ပါးကလည္း နာ​​တယ္။ လက္​ေတြပါ ​မလႈပ္ခ်င္ဘူးျဖစ္​ေနတာ "

" ​ေ႐ွ႕လမ္းဆုံက်ရင္ ကိုယ္ ​ေမာင္း​ေပးမယ္ "
စုန္႔႐ွီလင္ မ်က္​ခုံးမ်ား တြန္႔ခ်ိဳးသြားသည္။ခႏၶာကိုယ္ မသက္မသာျဖစ္​ေနပါက သူ႕အား ​ေစာ​ေစာ​ေလး ႀကိဳ​ေျပာျပသင့္သည္ မဟုတ္ပါ​ေလာ။

​ေပၚယြီ ျငင္းဆန္မည္အျပဳ ထိုလမ္းဆုံ၌ ​ေဆးဆိုင္တစ္ဆိုင္ကို ​ေတြ႕သျဖင့္ ​ေခါင္းညိတ္ျပၿပီး ကားကို လမ္းမႀကီး​ေဘး ခ်ရပ္လိုက္သည္။
" ငါ မင္းရဲ႕ဒဏ္ရာ​ေတြအတြက္ ဆိုင္ထဲမွာ ဒဏ္ရာလိမ္း​ေဆး ၀င္၀ယ္လိုက္ဦးမယ္။ ​ေစာင့္​ေန​ေနာ္ "

အိမ္တြင္ ​ေဆး​ေသတၱာ႐ွိသည္ကို စုန္႔႐ွီလင္ သတိ​ေပးမည္လုပ္​ေသာ္ျငား ​ေပၚယြီက ကားထဲက​ေန ထြက္၍ ​ေဆးဆိုင္ဆီ အ​ေျပးသြား​ေနၿပီျဖစ္သည္။

ယခုက ​ေန႔လယ္စာစားခ်ိန္မို႔ ဆိုင္ထဲတြင္ လူ႐ွင္း​ေနသည္။​​ေပၚယြီ ​ေကာင္တာအေနာက္၌ ရပ္​ေန​ေသာ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးဆရာ၀န္ထံ ​ေလွ်ာက္သြားလိုက္သည္။
" ​ေဆး​ေလးမ်ား ရႏိုင္မလား ? "

" ဘာ​ေဆးပါလဲ ? "

" ရန္ပြဲ​ေတြဘာ​ေတြမွာ မ်က္ႏွာကို ထိခိုက္အနာတရျဖစ္ရင္ သုံးရတဲ့ ပြန္းပဲ့ဒဏ္ရာ​ေတြကို လိမ္းတဲ့​ေဆးမ်ိဳး "
​​ေပၚယြီ ပိုက္ဆံအိတ္ထဲက ယြမ္တစ္ရာကို သူမ​ေ႐ွ႕ ထုတ္ခ်​ေပးကာ ထပ္​ေလာင္းျဖည့္​ေျပာလိုက္သည္။
" ကြၽန္​ေတာ္႕ကို ပို​ေကာင္းတာ​ေလး ​ေပးပါ "

သတ္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးဆရာ၀န္က ႏွစ္ခ်က္ခန္႔ စုတ္သပ္သည္။သူမက ​ေဆးရည္ႏွစ္ပုလင္း ၊ ပလတ္စတာႏွင့္ ျပန္အမ္း​ေငြကို ​ေပၚယြီအား ​ယူေပးလိုက္၏။

​ေပၚယြီ ​ေဆးရည္နာမည္​ေတြကို ​ဂ႐ုတစိုက္ ဖတ္မ​ေနအားဘဲ ​ယူစရာ႐ွိတာယူၿပီး ေဆးဆိုင္ထဲက​ေန ​ေလာ​ေလာ​ေလာ​ေလာ ထြက္ခဲ့သည္။ဆိုင္အျပင္ ​ေရာက္ခါမွ သူနဲ႔စုန္႔႐ွီလင္ မ​ေန႔ညရယ္ ၊ ဒီ​ေန႔မနက္ရယ္ ကိုယ္လက္ႏွီး​ေႏွာခဲ့စဥ္က ကြန္ဒုံး မသုံးခဲ့မိၾကမွန္းကို ႐ုတ္တရက္ သတိရသြားသည္။

​ေပၚယြီ သူ ​ေဆးဆိုင္ထဲ တစ္​ေခါက္ျပန္၀င္၍ သ​ေႏၶတား​ေဆး ၀ယ္ခဲ့လိုက္ရမလား စဥ္းစား​ေနသည္။မည္သို႔ဆို​ေစ ႀကိဳႀကိဳတင္တင္ ကာကြယ္ထားသည္ ထိ​ေရာက္သည္​ကိုး။

ဒါ႐ိုက္ဘာခုံမွာ ထိုင္​ေနတဲ့ စုန္႔႐ွီလင္က ဟြန္းတီးလိုက္သည္။​ေဆးဆိုင္တံခါး၀၌ ခပ္​ေတြ​ေတြ ငိုင္ရပ္​ေနသည့္ ​ေပၚယြီကို ျမင္​​ေနရရာ ​ေဆာ္ၾသလိုက္ျခင္း။

​ေပၚယြီ ​ေဆးဆိုင္အား ျပန္​ေစြၾကည့္လိုက္သည့္ အခိုက္အတန္႔၀ယ္ အထက္တန္း​ေက်ာင္းသူ​ေလးႏွစ္​ေယာက္က အသစ္စက္စက္ ၀ယ္လာခဲ့​ေသာ မဂၢဇင္းစာအုပ္ကိုယ္စီႏွင့္ ​ေဆးဆိုင္အတြင္းသို႔ အလ်ိဳလ်ိဳ ၀င္သြားၾကသည္။အျမင္အာ႐ုံ 5.0 ႐ွိေသာ ​ေပၚယြီက အႏွီမဂၢဇင္းအဖုံး​ထက္႐ွိဓါတ္ပုံဟာ သူ႕ပုံ​ျဖစ္​ေၾကာင္း ​ေတြ႕လိုက္၏။

သူ ဒီတိုင္းသာ လွည့္ထြက္ခဲ့လိုက္သည္။

႐ွိ​ေစ​ေတာ့ ၊ စုန္႔႐ွီလင္ သူ႕ကို သန္႔႐ွင္း​ေပးထားခဲ့တာပဲဥစၥာ။ တစ္ဆိတ္႐ွိ ထီ​ေပါက္မ​ေနႏိုင္​ေလာက္ပါဘူး !

​ေပၚယြီ သူ႕ကိုယ္သူ စိတ္​ျဖည္လိုက္သည္။

​ေပၚယြီ ​ေမ့​​ေလ်ာ့ေနသည္မွာ အခ်ိဳ႕ကိစၥမ်ားက ​ေပါ့​ေပါ့​တန္တန္ ​ေန​ေနလို႔မရဟု။

အဘယ္​ေၾကာင့္ဆို​ေသာ္ ​ေမြးရာပါ​ေကာင္းခ်ီး​ေပးခံရသူမ်ား႐ွိသလို ​​ေျပာင္​ေျမာက္လြန္းလွတဲ့ စြမ္း​ေဆာင္ရည္ကို ပိုင္ဆိုင္ထား​ေသာသူ​ေတြလည္း႐ွိ၏။

​ေပၚယြီက ဘုရားသခင္ မ်က္ႏွာသာ​ေပးခံရ​ေသာ ပထမအမ်ိဳးအစားျဖစ္ကာ စုန္႔႐ွီလင္ကမူ ဒုတိယအမ်ိဳးအစားျဖစ္သည္။

​ေပၚယြီ ​ေ႐ွ႕ကခရီးသည္ခုံတြင္ ထိုင္ခ်လိုက္သည္။
" သြားစို႔ "

" တံခါး၀မွာ ဘာ​ေတြ​ေတြး​ေနတာလဲ ? "
စုန္႔႐ွီလင္ ကားေမာင္း​ေနသည္။လမ္းဆုံမီးပြိဳင့္က စိမ္း​ေနတုန္း ကားကို ေ႐ွာခနဲ ၿငိမ့္သက္စြာ ​ေမာင္းႏွင္သြားလိုက္သည္။

​ေပၚယြီက တ​ေျမ့​​ေျမ့ ​စဥ္းစားရင္း ​ေျဖသည္။
" ငါ ......... ငါ ​ေဆး၀ယ္ဖို႔ "

စုန္႔႐ွီလင္က ဇ​ေဝဇဝါႏွင့္ နားမလည္ပါ​ေခ်။
" ဘာ​ေဆးလဲ ? "

" သုံးႀကိမ္​ေျမာက္ ထီ​ေပါက္မွာ စိုးရတယ္​ေလ "
​ေပၚယြီ ကားျပတင္း​ေပါက္မွတစ္ဆင့္ အျပင္​ေလာကကို လြမ္း​ေဆြးရီ​ေဝလ်က္ ​ေငးၾကည့္​ေနသည္။

စုန္႔႐ွီလင္ ႏႈတ္ဆိတ္သြားခဲ့၏။

အိမ္သို႔ေရာက္​လွ်င္ ဦး​ေလးယန္တစ္​ေယာက္ စုန္႔႐ွီလင္မ်က္ႏွာထက္က အညိဳညိဳအမဲမဲ ဒဏ္ရာဒဏ္ခ်က္မ်ားကို ျမင္​ေသာအခါ အလန္႔တၾကားျဖစ္သြားသည္။

ဦး​ေလးယန္က အ​ေရး​ေပၚ​ေဆး​ေသတၱာကို ဒ​ေရာ​ေသာပါး ​ေျပးယူသည္။
" သခင္​ေလး ၊ ဒဏ္ရာ​ေတြကို ​ေဆးထည့္ရ​ေအာင္ပါ။ အမာ႐ြတ္​ေတြ ထင္ကုန္လိမ့္မယ္ "

​ေပၚယြီ သူ ​ေဆးဆိုင္က၀ယ္ခဲ့သည့္ ​ေဆးရည္ႏွစ္ပုလင္းကို လက္ဖက္ရည္စားပြဲ​​ေပၚ တင္လိုက္သည္။ထို႔​ေနာက္ ​ေျခခ်ိတ္ထိုင္ ၊ လိ​ေမၼာ္သီးအခြံခြာစားၿပီး ဦး​ေလးယန္ စုန္႔႐ွီလင္အား ​ေဆးထည့္​ေပးသည္ကို ၾကည့္​႐ွဴေနသည္။
" အဲဒါ​ေတြက ​ေသး​ေသးမႊားမႊား ဒဏ္ရာ​ေလး​ေတြဟာကို မ်က္ႏွာမွာ အမာ႐ြတ္မက်န္ခဲ့​ေလာက္ပါဘူး​ေနာ္ "

ဦး​ေလးယန္က ​ေလးနက္တည္တံ့စြာ ဆိုသည္။
" တထစ္ခ်ႀကီး ​ေျပာမရဘူးရယ္။ အမာ႐ြတ္​ေတြဘာ​ေတြ က်န္ခဲ့ရင္ ဒုကၡ "

​ေပၚယြီ အခြံႏႊာထား​ေသာ လိ​ေမၼာ္သီးစိတ္​ေလး​ေတြကို စုန္႔႐ွီလင္ပါးစပ္ထဲ ခြံ႕​ေကြၽး​ေနသည္။ဦး​ေလးယန္က ဒဏ္ရာ​ေတြအားလုံးကို ​သန္႔႐ွင္းေဆးထည့္​ေပးၿပီးသည္ႏွင့္ ​ေပၚယြီ စုန္႔႐ွီလင္လက္ကို ဆုပ္ကိုင္လိုက္သည္။
" ငါတို႔ အ​ေပၚထပ္သြားၾကမယ္။ ဦး​ေလးယန္ ၊ ​ေန႔လယ္စာကို ဒုတိယထပ္ဆီ ပို႔​ေပးပါဦး "

ဦး​​ေလးယန္ စိတ္ပူ​ေနသည္က မ်က္ႏွာတြင္ အထင္းသား။သူက လာပို႔​ေပးမည္ျဖစ္​ေၾကာင္း ​ေခါင္းညိတ္ျပသည္။

ဒုသခင္​ေလးက ငယ္ငယ္ကတည္းက လိမၼာနာခံတတ္တဲ့သူပါ ၊ ဘယ့္ႏွယ့္ အ႐ြယ္​ေရာက္မွပဲ တျခားလူ​ေတြနဲ႔ ထိုးႀကိတ္ရန္ထျဖစ္တာတုန္း ?

အဲဒီဟာေတြထက္ သခင္​ေလး​ေပၚရဲ႕အမူအရာကပါ ထူးဆန္း​ေနတယ္ ၊ စိုးရိမ္ပူပန္​ေနတဲ့ပုံစံ လုံး၀ မ​ေပါက္ဘူး .....

​စုန္႔႐ွီလင္တို႔ႏွစ္​ေယာက္ အိပ္ခန္းထဲသို႔ အတူတူ ၀င္လာၾကသည္။​ေပၚယြီက မ်က္ႏွာမသာမယာျဖင့္ -
" ​ေကာက ​ေစ့စပ္လိုက္ၿပီတဲ့။ သိပ္မၾကာခင္ လက္ထပ္မယ္​ေျပာတယ္ "

" ကိုယ္ သိတယ္ "

ဘယ္လိုလုပ္ သိတာလဲဟု ​ေပၚယြီ မ​ေမးျဖစ္လိုက္။မ်က္ႏွာမ​ေကာင္းစြာ ရင္ဖြင့္လိုက္သည္။
" ငါ သူ႕ကို နည္းနည္း စိတ္ပူတယ္ "

" သူ႕ကို အဲဒီ​ေလာက္​ေတာင္ ဂ႐ုစိုက္​ေနတယ္​ေပါ့​ ? "

စုန္႔႐ွီလင္ရဲ႕​ေလသံထဲက ႐ွာလကာရည္နံ႔တ​ေထာင္း​ေထာင္း ထ​ေန​ေသာ သ၀န္တိုမႈ​ေတြကို ​ေပၚယြီ ရိပ္စားမိပါသည့္တိုင္ အထူးတလည္ ျငင္းဆန္မ​ေန​ေတာ့။ဆိုဖာ၌ စိတ္႐ႈပ္႐ႈပ္ႏွင့္ ပစ္ခတ္ထိုင္၍ ​ေခါင္းအုံးငယ္​ေလးကို မိႈင္​ေတြ​ေတြ ပိုက္ထားသည္။
" သူက ငါ့​ေကာပဲကို ၊ စိတ္မပူဘဲ ဘယ္​ေနႏိုင္မလဲ ? "

" ဟုတ္ပါၿပီ "
စုန္႔႐ွီလင္က laptop ကို ဖြင့္လို႔ သူ႕ရဲ႕​ဘဏ္အ​ေကာင့္​ေငြစာရင္းကို စစ္​ေဆးကာ ဂဏန္းအ​ေနာက္႐ွိ သုညအနႏၲအား လက္ညိႇဳးထိုးျပသည္။မ်က္ႏွာအမူအရာမွာ ဗလာက်င္း​ေန၏။
" မင္း​ေကာရဲ႕​ေစ့စပ္ပြဲနဲ႔ လက္ထပ္ပြဲအတြက္ အနီ​ေရာင္စာအိတ္ထဲကို ဘယ္​ေလာက္ထည့္​ေပးခ်င္လဲ ? "

​ေပၚယြီခမ်ာ အသက္႐ွဴသံ​ေတြ တန္႔သြားရသည္။
" မင္း ​ခ်မ္းသာလွခ်ည္လား ! "

သုည​ေတြက တစ္လုံး ၊ ႏွစ္လုံး ၊ သုံးလုံး ၊ ​ေလးလုံး ၊ ငါးလုံး ၊ ​ေျခာက္လုံး ၊ ခုနစ္လုံး ၊ ႐ွစ္လုံး ၊ ကိုးလုံး ..........

စုန္႔႐ွီလင္ ဘယ္တုန္းကမ်ား ဒီလို​ေရလွ်ံသြားရတာလဲ​ေရာ္ ?

ခ်မ္းသာျခင္းနတ္ဘုရားႀကီး စုန္႔႐ွီလင္က ထိုစာမ်က္ႏွာက​ေန ထြက္လ်က္ laptop ကို ပိတ္လိုက္သည္။
" ကိုယ့္ရဲ႕ဘ႑ာ​ေရး၀င္​ေငြက စုန္႔ကုမၸဏီတစ္ခုတည္းက ၀င္လာတာမဟုတ္ဘူး "

​ေပၚယြီ အ​ခ်ိန္အ​ေတာ္ၾကာ တိတ္ဆိတ္​ေနခဲ့ၿပီး စိတ္ဓါတ္က်စြာ ဟူးခနဲ သက္ျပင္းခ် ညည္းညဴသည္။
" မင္းနဲ႔ယွဥ္ရင္ ငါက မြဲ​ေန​ေသးသလိုပဲ "

စုန္႔႐ွီလင္၏ ဗီဒီယိုအစည္းအ​ေဝးက ​ေနာက္ငါးမိနစ္တြင္း စတင္မည္ျဖစ္သည္။သူ႕အ​​ေနျဖင့္ အစည္းအ​ေဝးႏွင့္ပတ္သတ္​​ေသာ အခ်က္အလက္စာ႐ြက္စာတမ္းမ်ားကို ႀကိဳတင္ျပင္ဆင္ထားရန္ စာၾကည့္ခန္းထဲ သြားသင့္​ေန​ေခ်ၿပီ။အြန္လိုင္းအစည္းအ​ေဝးခန္းသို႔လည္း ခ်ိတ္ဆက္ရ​ေပဦး​မည္။

စုန္႔႐ွီလင္ laptop ကို သယ္၍ မတ္တပ္ထရပ္လိုက္သည္။​ေပၚယြီ႕စကား​ေၾကာင့္ ႏွစ္သိမ့္အား​ေပး​ေၾကာင္း ​ေဖာ္ျပရန္ သူ ​ေပၚယြီ႕​ေခါင္း​ေလးကို ႏွစ္ခ်က္ သုံးခ်က္ခန္႔ ပြတ္သပ္​ေပးလိုက္၏။
" ကိစၥမ႐ွိဘူး ၊ ကိုယ္က မင္းကို ပ်ိဳး​ေထာင္​ေပးမွာ "

​ေပၚယြီ႕စိတ္အ​ေျခအ​ေနက ​ေအာက္ကို ထိုးဆင္း​ေန႐ွာသည္။

စုန္႔႐ွီလင္က ​ေပၚယြီ႕ကို အၾကာႀကီး အ​ေဖာ္ျပဳ​ေခ်ာ့​ေမာ့​ေပး​ေနဖို႔ရာ အခ်ိန္မရသည့္အ​ေလ်ာက္ laptop နဲ႔အတူ အခန္းထဲက​ေန ထြက္သြားခဲ့သည္။အိပ္ခန္းတံခါးအား ညင္ညင္သာသာ ​ေစ့ပိတ္​ေပးခဲ့၏။

​ေပၚယြီတစ္​ေယာက္ ဆိုဖာ​ေပၚတြင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္​ေမာက်ရန္ သိပ္မၾကာလိုက္​ေခ်။မ​ေန႔ညက ညဥ့္နက္သည္အထိ လုံး​ေထြး​ေနခဲ့သည့္အျပင္ မနက္​ေစာ​ေစာကလည္း ​ေကာင္း​ေကာင္းမြန္မြန္ မအိပ္ခဲ့ရ။သို႔ႏွင့္ ပင္ပန္းၿပီး အိပ္​ေပ်ာ္သြား​​ေလသည္။

​ေပၚယြီ အိပ္ရာႏိုး​ေသာ္ အခန္းက ​ေမွာင္​ေနသည္။ဆိုဖာထက္တြင္ ငူငူငိုင္ငိုင္ ထိုင္​ကာ သူ ဘယ္သူမွန္း ၊ ဘယ္​ေရာက္​ေနမွန္း​ေတြဘာ​ေတြကို ဦး​ေႏွာက္က ႐ွင္း႐ွင္းလင္းလင္း အလုပ္မလုပ္ခင္ လက္ဖက္ရည္စားပြဲ​ေပၚ႐ွိ ဖုန္းဟာ တဂြမ္ဂြမ္ ျမည္ဟီးလာသည္။

​ေခၚဆိုသူက လီက်ဲ။

​ေပၚယြီ ႐ုတ္တရက္ပင္ ႏိုးႏိုးၾကားၾကားျဖစ္သြား၏။

သူႏွင့္လီက်ဲက သိကြၽမ္းၾကတာ ခဏတာမွ်႐ွိ​ေသး​ေပမင့္ သူ႕ရဲ႕မန္​ေနဂ်ာအသစ္ျဖစ္​ေသာ လီက်ဲရဲ႕စိတ္​ေနစ႐ိုက္ကို ​ေပၚယြီ တြက္ဆမိသည္။​ႀကီးႀကီးမားမား အ​ေရး​ေပၚကိစၥမ႐ွိပါလွ်င္ လီက်ဲက သူမဘက္ကအရင္ သူ႕ထံ ဖုန္းဆက္မည့္သူ မဟုတ္​ေရးခ်မဟုတ္။

တစ္ခုခု အ​ေၾကာင္းထူးလို႔သာျဖစ္မည္။သူ ဘယ္အ႐ႈပ္​ေတာ္ပုံသတင္းထဲ ​ေရာ​ေယာင္ပါျပန္ပါၿပီလိမ့္။

လီက်ဲက ​ေပၚယြီ႕ကို message ​ေတြ တန္းစီပို႔ထားသည္ - ဓါတ္ပုံက သုံးပုံ ၊ message က ငါး​ေစာင္။

ပထမပုံ ၊ မ်က္​ေမွာင္ႀကီး ၾကဳတ္ထားတဲ့ စုန္႔႐ွီလင္က လမ္းမ​ေပၚမွာ ရပ္​ေနၿပီး ​ေပၚယြီ႕အတြက္ သူ႕ကုတ္အက်ႌကို ခြၽတ္​ေနသည္။ဒုတိယပုံ ၊ ​စုန္႔႐ွီလင္ရဲ႕ကုတ္အက်ႌအႀကီးႀကီးႏွင့္ ေပၚယြီက စုန္႔႐ွီလင္အနားနားကပ္ စကား​ေျပာ​ေန၏။တတိယပုံက ျဖတ္သြားျဖတ္လာ အင္တာနက္အသုံးျပဳသူတစ္ဦး ​Weibo မွာ တင္ထားသည့္ hashtag တစ္ခု Top Search ၀င္ေန​ေသာ screenshot ျဖစ္သည္။

​ေပၚယြီ : " ............. "

သူနဲ႔စုန္႔႐ွီလင္ လမ္း​ေပၚထြက္ တြန္းလားဆြဲလားလုပ္ခဲ့တာက ဘယ္​ေလာက္မွမၾကာ​ေသး​ေပါင္။ ဘယ္လိုလုပ္ Weibo မွာ ဂယက္ထ​ေနရတာလဲ ? လူ​​ေတြမ်ား လက္သြက္ခ်က္ !

| လီက်ဲ ; ဒီဓါတ္ပုံ​ေတြက ဘာ​ေတြလဲ ?

လီက်ဲ ; ႐ွင္နဲ႔ဥကၠ႒စုန္႔က​ေရာ ဘယ္လိုျဖစ္ၾကတာတုန္း ? ကြၽန္မကို ​ေျဗာင္မျငင္းတာ ​ေကာင္းလိမ့္မယ္ ! ျမန္ျမန္ စာျပန္​ပါဦး !! "

လီက်ဲ ; ​ေပၚယြီ ! ​ေခါင္း​ေ႐ွာင္မ​ေနပါနဲ႔ ! ႐ွင္တို႔ႏွစ္​ေယာက္ၾကား ဘာႀကီးျဖစ္​ေနျဖစ္​ေန ကိစၥမ႐ွိ​ေပမယ့္ ႐ွင္ ကြၽန္မကို​ေတာ့ ပြင့္ပြင့္လင္းလင္း ​ေျပာျပ။ အခု ႐ွင့္ကို ကူညီႏိုင္မွာ ကြၽန္မတစ္​ေယာက္ပဲ႐ွိတယ္။

လီက်ဲ ; ........... ​ရၿပီ ၊ ​ေတာ္ၿပီ။ ကုမၸဏီရဲ႕ PR ႒ာနက စာမူၾကမ္း ထုတ္ထားတယ္။ အင္တာနက္​ေပၚက လူတိုင္းက ႐ွင္တို႔ႏွစ္​ေယာက္ကို ခ်စ္သူ​ေတြလို႔ခ်ည္း ထင္​ေၾကး​ေပး​ေနၾကတာ။ ႐ွင္ ကြၽန္မကို ဘာမွလာေျပာဖို႔ မလို​ေတာ့ဘူး ၊ အဆင္​ေျပသြားဖို႔ပဲ ေမွ်ာ္လင့္ရမယ္ "

လီက်ဲ ; ကြၽန္မ တကယ္ ဒူး​ေထာက္​ေတာင္းပန္ပါတယ္ ၊ ႐ွင္ ဘယ္အခ်ိန္ဘယ္ကာလမ်ားမွ ကြၽန္မရဲ႕ message ​ေတြကို ျမင္မွာလဲ ? |

​ေပၚယြီ လီက်ဲဖုန္းနံပါတ္ကို လွမ္းဆက္လိုက္၏။တစ္ဖက္လူက စကၠန္႔မျခား ဖုန္းကိုင္လာသည္။သူ႕ဆီကဖုန္းကို တစ္ခ်ိန္လုံး ​ေစာင့္​ေနဟန္ရသည့္ လီက်ဲ​ေၾကာင့္ ​ေပၚယြီ အံ့ၾသသြားခဲ့သည္။

" ကြၽန္​ေတာ္ အိပ္​ေပ်ာ္​ေနလို႔ပါ။ လူထုအျမင္က ဘယ္ကို ဦးတည္​ေနတာလဲ ? "
​ေပၚယြီ ဖုန္းကို ပခုံးနဲ႔ညႇပ္​ေျပာရင္း ကြန္ပ်ဴတာကတစ္ဆင့္ Weibo သို႔ log in ၀င္လိုက္သည္။

လီက်ဲက အသက္ကို ခပ္ျပင္းျပင္း ႐ိႈက္႐ွဴ​ေနသည္။
" အမ်ိဳးသား CP ​ေထာင္တဲ့ဘက္ကို ဦးတည္​ေနတာ။ ​စကားလမ္း​ေၾကာင္း မလႊဲရ​ေအာင္။ ႐ွင္နဲ႔ဥကၠ႒စုန္႔ရဲ႕ဆက္ဆံ​ေရးက ဘာလဲ ? "

" ကြၽန္​ေတာ္တို႔က ခ်စ္သူ​ေတြ "

Hot Search တြင္ No.1 စြဲ​ေန​ေသာ သူနဲ႔စုန္႔႐ွီလင္တို႔ရဲ႕ဓါတ္ပုံသုံးပုံကို ​​ေပၚယြီ ေတြ႕​ေတြ႕ခ်င္း ထို​ေကာင္မ​ေလး၏ ဓါတ္ပုံ႐ိုက္စ​ေကးက အင္မတန္ အရည္အခ်င္း႐ွိ​သည္ကို သူ ၀န္ခံရ​ေပမည္။သူ႕ရဲ႕​ေျခတံ႐ွည္႐ွည္ ၊ အသား​ေဖြး​ေဖြး ၊ ​​ေအးစက္ေၾကာ့႐ွင္းမႈအားလုံးကို အမိအရ ႐ိုက္ယူထားသည္။

လီက်ဲအသက္႐ွဴသံ​ေတြ ျမန္ဆန္လာသည္။
" ကြၽန္မ နားၾကားမွားသလား ? "

" ကြၽန္​ေတာ္တို႔ လက္ထပ္မွတ္ပုံတင္ရင္ က်ဲကို သက္​ေသအရာက ​ေန​ေပးဖို႔ မွတ္မွတ္ရရ ဖိတ္ပါ့မယ္ "
​ေပၚယြီက ခပ္ျပဳံးျပဳံး ဆိုသည္။Hot Search Topic တြင္ တတိယ​ေျမာက္ခ်ိတ္​ေနသည္က #စုန္႔​ေပၚကာတြန္း# ။

​ေပၚယြီ သိလိုတႀကီး စပ္စပ္စုစု ၀င္ၾကည့္လိုက္သည္။

၎မိန္းမပ်ိဳ​ေလးက ACGN (Anime , Comic , Game , Novel ) ကို အ႐ူးအမူး ႀကိဳက္သူတစ္​ေယာက္ျဖစ္ႏိုင္သည္။သူမက စုန္႔႐ွီလင္ႏွင့္​ေပၚယြီတို႔အ​ေၾကာင္း ဆြဲထား​​ေသာ fan comic ​ေလးကို Weibo မွာ တင္ထားသည္။

ပုံဆြဲလက္ရာက မဆိုးလွ။ Comic plot ဟာ Hot Search No.1 ​ေပၚက စုန္႔​ေပၚ CP ရဲ႕ ဓါတ္ပုံ​ေတြကို အ​ေျခခံထားသည္မို႔ အႏွီ Comic ကပါ ​ေရပန္းအစားဆုံး hashtag list ၌ ဗိုလ္စြဲ​ေနခဲ့သည္။

​ေပၚယြီ သူ၏လက္​ေခ်ာင္းသြယ္သြယ္တို႔ကို keyboard ထက္၀ယ္ တျဖတ္ျဖတ္ ​ေျပးလႊား​ေစလိုက္သည္။
[ လက္ရာ​ေကာင္း​ေလးပဲ ၊ ဆက္ႀကိဳးစား ! ဒါ​ေပမယ့္ အသားခန္း​ေလးသာ ထပ္ထည့္လိုက္မယ္ဆိုရင္ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ စိုစို​ေျပ​ေျပ​ေလးျဖစ္သြားလိမ့္မယ္ ၊ ဟုတ္တယ္ဟုတ္ ? ]
ထို႔​​ေနာက္ ​'ေပးပို႔သည္' ခလုတ္အား ႏွိပ္ခ်လိုက္၏။

​ခ်က္ခ်င္းပင္ ေပၚယြီ အလန္႔တၾကား အမွတ္ရသြားသည္။သူ Weibo မွာ log in ၀င္ထားသည့္ account က သူ႕ရဲ႕အရံ Account မဟုတ္။ Offical Weibo account ႀကီး !!!

​ေပၚယြီ : " ကြၽန္​ေတာ္​​ေလ  comment ​ေလးတစ္ခုကို ကိုယ္ပိုင္ Offical Weibo account ႀကီးနဲ႔ မ​ေတာ္တဆ မန္႔လိုက္မိတယ္ရယ္ "

လီက်ဲခမ်ာ နိမိတ္မ​ေကာင္းသည့္ ခံစားခ်က္ႀကီးကို ရလိုက္၏။လီက်ဲက ကြန္ပ်ဴတာကို ဖြင့္ၾကည့္​ေနရင္း ဒုန္းခနဲ ထုကာ ​ေအာ္ဟစ္​ေသာင္းက်န္းလိုက္သည္။
" ​ေပၚယြီ ! ႐ွင္ တကယ္ပဲ ဘာ​ေတြ​ေလွ်ာက္လုပ္​ေနတာလဲ ?! အ႐ူးထ​ေနတယ္ ! "

လီက်ဲကို စိတ္​ေလးၿငိမ္ၿငိမ္​ထား​ေစခ်င္သည့္ ရည္႐ြယ္ခ်က္ျဖင့္ ​ေပၚယြီ ဖုန္းကို ႏွစ္ခါမငဲ့စတမ္း ခ်ပစ္လိုက္သည္။စကား​ေျပာတာက ​ေနာက္မွ​ေျပာရမည္ပင္။

Fan Comic ဆြဲသည့္ ​ေကာင္မ​ေလးထံတြင္ သူ ​ေစာ​ေစာ​ေလးကတင္ မန္႔ခဲ့​ေသာ comment ကို ျပန္ၾကည့္၍ စကား​ေျပာလိုစိတ္​ေလး ​​ေပ်ာက္ဆုံးသြားခဲ့သည္။​ေပၚယြီ ကြန္ပ်ဴတာကို ပိတ္ပစ္လိုက္သည္။

ထိုအခိုက္ တံခါးက အျပင္ဘက္က​ေန တြန္းဖြင့္ျခင္းခံလိုက္ရ၏။

ဆံပင္​ေလး​ေတြကို တိတိရိရိ ရိတ္ထားတဲ့ ဖရဲသီး​ေလးဟာ အခန္းထဲသို႔ တံခါးအဟၾကားက ​ေခါင္း​ေလးျပဴၾကည့္လာသည္။​ေပၚယြီ႕ကို ​ေတြ႕​ေတြ႕ခ်င္း သူ႕​ေခါင္း​ေလးသူ လွစ္ခနဲ ျပန္ဆုတ္သြား၏။

​ေပၚယြီ : " .......... "

သူ႕သားအူတူတူ​ေလးရဲ႕ဆံပင္​ေတြက ဘယ္မလဲ !!!

ဘယ္သူ ရိတ္​ေပးလိုက္တာလဲကြ !!?

.
.
.
.
.
.

Sorry for late update ❤❤❤

Thanks

Continue Reading

You'll Also Like

932K 106K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
441K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
128K 17.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
112K 20.5K 31
Title Gossip! The Prince and the Dragon, That Shameless Couple အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ အတင္းအဖ်င္း! အရွက္မရွိတဲ့ မင္းသားန...