He Dufo [何渡佛] •COMPLETED•

By NTNO1823

296K 45.3K 6.8K

"အမှန်စင်စစ် အတွင်းအထိ ဗလာနတ္ထိ ဖြစ်ရိုးမှန်ရင် ဘယ်လိုကြောင့် ငါ့ကို မကြည့်ဝံ့သလဲ" ⚠️ BJYX, Yizhan, Adventure... More

Warning
1 (Vol 1)
1 (Z)
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31(Vol 2)
32
33
34
35
36
37
38
39
40
41
42
43
43 (Z)
44
45
46
47
48
49
50
51
51 (z)
52
53
54
55
56
57
58
59
60
60 (z)
61
62
63
64 (Vol 3)
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93 (final)
Extra 1
Extra 2
Extra 3
Extra 4
78 (z)
93 (final) z
Extra 1 (z)
Extra 3 (z)
Exta 4 (z)

Extra 2 (z)

523 25 3
By NTNO1823

အခ်ပ္ပို။ ၂

ဧကရာဇ်ရဲ့အိပ်ဆောင်

ဝမ်ရိပေါ်ရဲ့ ညာလက်က အနီရောင်မှင်တံကို ကိုင်ထားပြီး တစ်ခုခုကို အာရုံစိုက်ပြီး ရေးနေတယ်၊ ဘယ်လက်ကတော့ ပျော့ပြောင်းအိညက်တဲ့ ထိုင်ဖုံကူရှင်ပေါ် တင်ပေးထားတယ်၊ တော်ဝင်သမားတော်က အောက်မှာဒူးထောက်ထိုင်ပြီး သွေးကြောစမ်းပေးနေတယ်၊ တော်ဝင်သမားတော်ရဲ့မျက်နှာက သိပ်မကောင်းလှဘူး၊ ပြီးသွားတော့ လျှောက်တင်ရမှာ တွန့်ဆုတ်နေဟန်နဲ့ ဧကရာဇ်ကိုမော့ကြည့်လာတယ်။

ဝမ်ရိပေါ်က စာရေးနေတာကို မရပ်လိုက်ဘဲ ခပ်အေးအေးပြောတယ်။

"တွေ့တဲ့အတိုင်း အမှန်တိုင်းလျှောက်တင်"

တော်ဝင်သမားတော်က ပင့်သက်တစ်ချက် ခိုးရှိုက်လိုက်ပြီး။

"လျှောက်တင်ရမှာစိုးရွံ့ပေမဲ့ ကျန်းမာရေး အခြေအနေက အရင်လကထက် ဆိုးလာကြောင်းပါ.. အရှင့်ရဲ့ ခန္ဓာကိုယ်က သာမန်လူတွေထက် အဆပေါင်းများစွာမြန်တဲ့နှုန်းနဲ့ အိုမင်းပျက်ဆီးနေတာပါ.. ပြင်ပရုပ်သွင်က သိသိသာသာ မဟုတ်ပေမဲ့ အတွင်းင်္အဂါတွေကတော့ အတော်လေးပျက်ဆီးနေကြောင်းပါ"

စိတ်ဆန္ဒမဲ့ကျင့်စဉ်ကို ဖျက်ဆီးလိုက်ခြင်းရဲ့ အကျိုးဆက်ကြောင့် သေသွားတဲ့လူတွေကို ဝမ်ရိပေါ် မတွေ့ဖူးခဲ့တာမှ မဟုတ်တာ၊ ဒါကအံ့သြစရာမဟုတ်ဘူး၊ ဝမ်ရိပေါ်က ခေါင်းအသာညိတ်လိုက်ပြီး။

"ဘယ်လောက်ကျန်အုံးမလဲ?"

ဒီလိုခေါင်းပြတ်သွားနိုင်တဲ့ကိစ္စမျိုးကို တော်ဝင်သမားတော်က ဘယ်လိုလုပ်ပြီး ထုတ်ပြောရဲပါ့မလဲ၊ ဒါကြောင့် နဖူးကချွေးစက်တွေ ကြမ်းပေါ်ကျသွားတဲ့အချိန်ထိ အသံမထွက်ရဲဘဲ ငြိမ်နေတယ်၊ အဲဒီတော့မှသာ ချောမောလွန်းတဲ့ ဧကရာဇ်ရဲ့မျက်နှာတော်က အပေါ်ကိုမော့လာပြီး တော်ဝင်သမားတော်ကို အေးစက်စွာ စိုက်ကြည့်လာခဲ့တယ်။

ငယ်ရွယ်လွန်းတဲ့ ဧကရာဇ်က သူ့သားအရွယ်လောက်ပဲရှိသေးတာ၊ ဒါပေမဲ့ နန်းတွင်းသမားတော်ချုပ်ကြီးမှာ မော်မကြည့်ရဲဘူး၊ ခေါင်းငုံ့ထားရင်း တုန်ယင်နေတဲ့အသံနဲ့ ပြောလာတယ်။

"အ..အလွန်ဆုံး ၅ နှစ်ပါ အရှင်"

ကျယ်ဝန်းလှတဲ့ ခန်းမဆောင်ထဲမှာ အသက်ရှူသံသဲ့သဲ့ကိုတောင် ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားတယ်။

အတန်ကြာတော့မှ စုတ်တံပစ်ချလိုက်တဲ့အသံ ထွက်လာပြီး။

"ဒီရက်ပိုင်း မောင်မင်းကို ဧကရီခေါ်တွေ့သေးလား?"

"တွေ့..တွေ့ပါတယ်.. နှစ်ရက်ဆက်တိုက် ခေါ်တွေ့တာပါအရှင်"

"အင်း"

ဝမ်ရိပေါ်က နေရာကနေထပြီး၊ ရေးထားတဲ့စာရွက်ကို ဘေးမှချထားလိုက်တယ်။

"ဘာပြောရမလဲဆိုတာ မောင်မင်းသိတယ်မလား?"

"ကျွန်တော်မျိုး ရှင်းရှင်းလင်းလင်းသိကြောင်းပါ အရှင်"

"နောက်တစ်ခု.. ဟိုတစ်ခါ ဧကရီအတွက်လုပ်ပေးထားတဲ့ ခြေထောက်ဆေးပတ်တီးက အဆင်ပြေတယ်.. အခုသုံးနေတာ ကုန်သလောက်ရှိနေပြီ.. မြန်မြန်အသစ်ထပ်လုပ်ပြီး ပို့လိုက် ကြားလား"

အသစ်တက်တဲ့ဧကရာဇ်က နန်းတက်ပြီးပြီးချင်း သူ့ဧကရီရဲ့ခြေထောက်ဒဏ်အဟောင်းကို ပျောက်ကင်းအောင် ကုသပေးနိုင်မဲ့သမားတော်ကို တိုင်းပြည်အနှံ့ ကြေညာမောင်းခတ်ပြီး ရှာဖွေခဲ့တယ်ဆိုတာ လူတိုင်းသိကြတယ်၊ နောက်တော့ ကျေးလက်မှာနေထိုင်တဲ့ သမားအိုတစ်ယောက်က ထူးခြားတဲ့မြေစေးကို ပတ်တီးမှာမံပြီး ကပ်ဖို့ဆေးနည်း ထုတ်ပေးလာတယ်၊ ဒီဆေးနည်းက ဧကရီနဲ့ အတော်လေးအဆင်ပြေတဲ့အတွက် ဧကရာဇ်က သမားအိုကြီးကို ရွှေစင်ထောင်ပေါင်းများစွာ ဆုတော်ငွေ ချီးမြှင့်ခဲ့တယ်။

"နာခံလျက်ပါအရှင်"

တော်ဝင်သမားတော်ပြန်ထွက်သွားတာနဲ့ ဝမ်ရိပေါ်က တင်းတောင့်နေတဲ့ လည်ပင်းကုပ်ပိုးကို ဘယ်ညာချိုးကာ အညောင်းအညာဖြေလိုက်ပြီး။

"တော်ဝင်ဥယျာဉ်တော်ကို သွားမယ်"

ဝမ်ရိပေါ်ရဲ့အပါးတော်မြဲက ဧကရာဇ်ဘယ်ကိုသွားချင်တယ်ဆိုတာသိနေတာမို့ လျှောက်တင်လာတယ်။

"ဒီနေ့ ဧကရီအရှင် ဥယျာဉ်တော်ကို မသွားပါဘူး အရှင်.. မယ်တော်ကြီး မြောက်ပိုင်းကနေ ကြွရောက်လာတာကြောင့် ကြိုဆိုဖို့ အစောတည်းက ထွက်သွားတာပါ"

"ဒီလိုလား"

ဝမ်ရိပေါ်က ခေါင်းညိတ်လိုက်ပြီး ခုံမှာပြန်ထိုင်တယ်၊ အဲဒီနောက်တော့ ဖတ်လက်စ လျှောက်တင်လွှာကို ကောက်ကိုင်ပြီး။

"ဒါဆိုလဲ မယ်တော်ဟိုတစ်ခါလာတုန်းက ပြောသွားတဲ့ကြက်ကြော် ကြော်ထားဖို့ တော်ဝင်စားတော်ကဲကို ပြောလိုက်.. အဲဒါကို သူတို့နှစ်ယောက်လုံး ကြိုက်ကြတယ်"

နန်းတော်ထဲမှာ ကြက်ကြော်ကြော်ထားပြီး စောင့်နေပေမဲ့ မယ်တော်ကြီးနဲ့ ဧကရီကတော့ ပြန်ရောက်မလာခဲ့ဘူး၊ သူတို့နှစ်ယောက်က နန်းတော်ကို ပြန်လာရမဲ့အစား စစ်ရေးလေ့ကျင့်ရေးကျောင်းကို သွားကြတာပါ။

အရင်တုန်းကတော့ မင်ကျောက်မှာ စစ်သည်လေ့ကျင့်ရေးကျောင်းဆိုပြီး သီးသန့်မရှိခဲ့ဘူး၊ ဒါပေမဲ့ ပေမင်အင်ပါယာဖြစ်လာတော့ ဧကရာဇ်က သီးသန့်ဝင်ခွင့်စာမေးပွဲကျင်းပပြီး စစ်မှုရေးရာသင်တန်းကျောင်းအတွက် ကျောင်းသားတွေ ခေါ်ယူခဲ့တယ်၊ အဲဒီစာမေးပွဲက တော်ဝင်ပညာရှိစာမေးပွဲနီးပါး ခက်ခဲတယ်။

သိပ်မကြာခင်မှာ စာမေးပွဲကျင်းပဖို့ရှိနေတာမို့ လေ့ကျင့်ရေးကွင်းထဲမှာ ကျောင်းဝင်ခွင့်အတွက် ပါဝင်ယှဉ်ပြိုင်ကြမဲ့ အိမ်တော်သခင်လေးတွေ၊ လူငယ်လူရွယ်တွေနဲ့ ပြည့်နေတယ်၊ ဝမ်ထျင်းရှီက စင်မြင့်ထက်မှာထိုင်ပြီး ပေမင်ရဲ့အနာဂတ် သားကောင်ရတနာလေးတွေကို ကြည့်နေတယ်၊ မျက်နှာပေါ်က ကျေနပ်ပျော်ရွှင်မှုက ဖုံးဖိမရနိုင်အောင် သိသာလွန်းတယ်။

"ငယ်ရွယ်တာက ကောင်းလိုက်တာ"

"အပိုပြောတာမဟုတ်ဘူး.. ဒီမှာက ပေမင်ရဲ့အချောဆုံး ယောက်ျားတွေ စုနေတဲ့နေရာပဲ"

ရှောင်းကျန့်က ရယ်ကျဲကျဲနဲ့ ပြောလာတယ်။

"အရင်တုန်းကဆို တစ်စုံတယောက်ရဲ့ မိဖုရားဖြစ်သွားပြီးဆိုရင် စည်းကမ်းတွေအများကြီးရှိခဲ့တာ.. အခုလိုမျိုး ချောတဲ့ကောင်လေးတွေကို စိတ်ကြိုက်ကြည့်ခွင့်ရှိဖို့ ဝေလာဝေးပဲ.. အခုက အတော်လေး အနေချောင်သွားပြီ.. ခိုးကြည့်စရာမလိုဘူး.. အပေါင်းအဖော်နဲ့အတူ စင်ပေါ်ကနေတောင် ကြည့်လို့ရတဲ့ခေတ် ရောက်နေပြီ"

ဝမ်ထျင်းရှီက ရွှင်ရွှင်မြူးမြူးနဲ့ အားရဝမ်းသာ ပြောလာတယ်။

သိပ်ကြာခင်တုန်းက ဝမ်ရိပေါ်ရဲ့ခမည်းတော်ဧကရာဇ် နတ်ရွာစံသွားတယ်၊ သူက နယ်မြေများစွာကို စုစည်းပြီး ချူရှောင်းကိုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ဧကရာဇ်ပါ၊ အမှန်ဆို ပေမင်အင်ပါယာကို သူပဲဆက်ပြီး အုပ်စိုးရမှာ၊ ဒါပေမဲ့ အိမ်ရှေ့စံဝမ်ရိပေါ်ရဲ့ ဘုန်းတန်ခိုးကို ယှဉ်လို့မရတော့တာမို့ နောက်ဆုံးမှာ တော်ဝင်အရှင်နေရာကို နောက်ဆုတ်ပေးလိုက်ရတယ်၊ အဆိုးဆုံးကတော့ ပေမင်အင်ပါယာရဲ့အရှင်သခင် ဝမ်ရိပေါ် ကိုယ်တိုင်က သူ့ကိုလက်မခံတော့ဘူး။

သူ့ကို နန်းချပြီး မြောက်ပိုင်းမှာပဲ အကျယ်ချုပ်နဲ့ထားခဲ့တာ၊ နာမကျန်းဖြစ်ပြီး နောက်ဆုံးနေဝင်ချိန်အရောက်မှာတော့ စာပို့ပြီး ဝမ်ရိပေါ်ကို တွေ့ချင်ကြောင်းပြောခဲ့တယ်၊ ဒါပေမဲ့ ဝမ်ရိပေါ်က သူ့ကို ဓားမြှောင်လေး တစ်ချောင်းပဲ ပြန်ပို့လိုက်တယ်၊ အဲဒါက ဝမ်ရိပေါ်ကို အဖေတစ်ယောက်အနေနဲ့ ပေးခဲ့ဖူးတဲ့ တစ်ခုတည်းသော လက်ဆောင်ပဲ။

ဝမ်ရိပေါ်က မသွားဘူး၊ ရှောင်းကျန့်ကလဲ သွားတွေ့ဖို့ ဖြောင်းဖျတာမျိုး မလုပ်ဘူး။

ချူရှောင်းဧကရာဇ် နတ်ရွာစံသွားတော့ ဝမ်ထျင်းရှီက ကျင်းလင်ကို လိုက်လာတယ်၊ သူ ဒီကို ရောက်ရောက်ချင်း လုပ်ချင်တဲ့ဆန္ဒက တောင်ပိုင်းသားတွေက သတင်းကြားထားတဲ့အတိုင်း ချောရဲ့လားဆိုတာ သိချင်တာပါတဲ့။

ဒါကြောင့် ရှောင်းကျန့်က သူ့ယောက္ခမတော်ကို လေ့ကျင့်ရေးကျောင်းကို ခေါ်လာပေးတာပဲ၊ လေ့ကျင့်ရေးကွင်းထဲမှာ ငယ်ရွယ်နုပျိုပြီး သန်မာတဲ့ခန္ဓာကိုယ်တွေနဲ့ ပြည့်နေတယ်၊ သင်တန်းသားတွေက လေ့ကျင့်နေတုန်းမို့ အပေါ်ဝတ်တွေကို ချွတ်ထားကြတယ်၊ ကြွက်သားအပြည့်ရှိနေတဲ့ကိုယ်က ချွေးရွဲနေတဲ့အခါ ဆွဲဆောင်မှုက နှစ်ဆပွားပြီး သွားရည်ယိုချင်စရာ ပိုကောင်းသွားတယ်။

ဝမ်ထျင်းရှီက ကွာစေ့ကိုက်နေရင်း စိတ်အားထက်သန်စွာ ကြည့်တယ်။

"အင်း.. ဒီတစ်ယောက် မဆိုးဘူး.. သန်မာပြီး အောက်ခြေခိုင်တယ်"

"အို့.. ဗလကြီးကိုလဲ ကြည့်ပါအုံး!"

"ဟွန့်..သူကတော့ အဆင်မပြေပါဘူး..ခါးက ခွေးပိန်လိုပဲ အားပျော့လွန်းနေတယ်"

"ခွေးပိန်ကဘာပြောတာလဲ"

"အဲဒါက တစ်ခုသောကိစ္စမှာ ညံ့နေတာကိုပြောတာ"

ရှောင်းကျန့်က အူလည်လည်နဲ့ ဝမ်ထျင်းရှီကို ပြန်မေးတယ်။

"တစ်ခုသောကိစ္စကဘာများလဲ?"

"အဲဒါက အားရီရဲ့သားတော် သိပ်တော်တဲ့ကိစ္စလေ"

စကားအသွားအလာကို ပြန်ဆက်စပ်မိသွားတော့မှ ရှောင်းကျန့်သဘောပေါက်သွားပြီး မျက်နှာကြီး ရဲသွားတယ်။

"အားရီ!!"

ဝမ်ထျင်းရှီက ကွာစေ့ခွါနေရင်းကနေ ရုတ်ချည်းရှောင်းကျန့်နားကပ်လာပြီး။

"အားရီရဲ့သားကဘယ်လိုလဲ.. တို့သားကတော့ ခွေးပိန်ဖြစ်စရာအကြောင်း လုံးဝမရှိဘူး!"

ဝမ်ထျင်းရှီက ဂုဏ်ယူစွာပြောတယ်။

"ဘာလဲ.. သူကတကယ်မတော်ဘူးလား?"

ရှောင်းကျန့်က ရှက်ရမ်းရမ်းပြီး။

"ညံ့တယ်"

"ကျစ်.. မဖြစ်နိုင်တာ"

ဝမ်ထျင်းရှီက သေချာသိနေသလိုကို ပြောနေတာ။

"ဒီမုန့်စား အားရီ"

ရှောင်းကျန့်လဲ မျက်နှာပူလွန်းလှတာမို့ ဝမ်ထျင်းရှီပါးစပ်ကိုပိတ်ဖို့ မုန့်တွေပဲ အတင်းထိုးကျွေးရတယ်၊ မုန့်စားနေတုန်းခဏပဲ၊ ပြီးတာနဲ့ ဝမ်ထျင်းရှီက မေးလာပြန်တယ်။

"..ကလေး.. မင်းကိုမေးမယ်.. ဒီမှာလေ..ဟိုလိုဟာ.. ယောက်ျားတွေပဲရှိတဲ့ ဆောင်ကြားမြိုင်ရှိလား.. သူ့ကိုခေါ်တာက ဘာဆိုလား.."

"ရှန့်ကူးအိမ်?"

ရှောင်းကျန့်က ဖြည့်ပြောလိုက်တော့ ဝမ်ထျင်းရှီက သူ့ပေါင်ကိုလာရိုက်ပြီး။

"ခေါင်းသိပ်ကောင်းတဲ့ တို့ချွေးမလေးကတော့ ဒီလိုနေရာမျိုးတွေမှာ နှံ့စပ်လောက်မယ်မှန်း တို့သိသားပဲ"

ရှောင်းကျန့်စိတ်ထဲတော့ ဒီနှစ်ခုက ဆက်စပ်မှုလဲ မရှိလှပဲနဲ့၊ ဒါပေမဲ့ ယောက္ခမစိတ်ကျေနပ်အောင်တော့ မေးပေးပါသေးတယ်။

"အားရီကသွားချင်လို့လား?"

အရင်ကတော့ မင်ကျောက်မှာ အမျိုးသားဆောင်ကြားမြိုင်ရယ်လို့ ပေါ်ပေါ်ထင်ထင် မရှိလှပါဘူး၊ ဒါပေမဲ့ ပေမင်မှာ အမျိုးသားဧကရီရှိလာတဲ့အခါမှာတော့ အမျိုးသားဆောင်ကြားမြိုင်တွေ အလျှိုလျှို ပေါ်လာကြတာပဲ၊ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်လေးတင် ကျင်းလင်မှာ အကောင်းဆုံး ဆောင်ကြားမြိုင်ရွေးချယ်ပွဲ လုပ်ခဲ့သေးတယ်၊ အဲဒီမှာဆုရသွားတဲ့ ဆောင်ကြားမြိုင်က ယောက်ျားဇိမ်မယ်တွေချည်း ရှိတာ။

ဝမ်ထျင်းရှီက ခေါင်းအသေအချာ ညိတ်ပြလာတော့ ရှောင်းကျန့် ဝေသွားပြန်တယ်၊ တကယ်ခေါ်သွားပေးလို့ ဖြစ်ပါ့မလား၊ ပြောကြကြေးဆို ဝမ်ထျင်းရှီက သူ့ယောက္ခမလေ၊ ယောက္ခမကို ဆောင်ကြားမြိုင်ခေါ်သွားတာက ကောင်းပါ့မလား?

ဒါပေမဲ့ ဝမ်ထျင်းရှီက မုဆိုးမဖြစ်ထားတာ ပူပူလောလောပဲရှိသေးဆိုတော့ အထီးကျန်လွန်းလို့ နှစ်သိမ့်ပေးမဲ့သူ လိုချင်နေတာလဲ ဖြစ်နိုင်တယ်လို့ တွေးမိသွားတော့လဲ မငြင်းရက်တော့ဘူး၊ အတန်ကြာ တွေးတောပြီးမှ ရှောင်းကျန့်မှာ အကြံတစ်ခု ထွက်လာတယ်။

"ဒီလိုလုပ်ပါလား..အပြင်ကလူတွေက ဇစ်မြစ်မသိတာမို့ စိတ်မချရဘူး.. အားရီဆန္ဒရှိတယ်ဆိုရင်တော့ လူရည်သန့်တာလေးတွေ ရှာကြည့်ခိုင်းပေး.."

"ရွေးလို့ရတာလား.. အင်း.. ဟိုးကမြင်နေရတဲ့ တစ်ယောက်ဆိုရင်ကော ဘယ်လိုလဲ.. အလုပ်ဖြစ်လောက်လား?"

ဝမ်ထျင်းရှီက စိတ်အားတက်ကြွစွာပြောလာတာ။

"အားရီက ချောရင်ရပြီဆိုပေမဲ့.. အဲဒီတစ်ယောက်ကတော့ မျက်စိထဲ အတွေ့ဆုံးပဲ"

ရှောင်းကျန့် မျက်လုံးပြူးသွားတယ်၊ လူရွေးပေးမယ်ပြောတာ၊ ဒီသင်တန်းသားတွေထဲက ရွေးခိုင်းတာမှ မဟုတ်တာ။

ဝမ်ထျင်းရှီညွှန်ပြနေတဲ့နေရာကို လိုက်ကြည့်တော့ ရှောင်းကျန့်လန့်ဖျပ်သွားတယ်၊ မျက်လုံးလေးကလဲ ကြည့်တတ်လိုက်တာ၊ အကောင်းတကာ့ အကောင်းဆုံးကိုမှ မြင်တတ်တယ်၊ ရှောင်းကျန့်က ပြုံးပြုံးလေးနဲ့ ပယ်ချဖို့ လုပ်ရတယ်။

"အဲဒီတစ်ယောက်က မဖြစ်နိုင်ပါဘူး.. သူ့နာမည်က မုလီလို့ခေါ်တယ်.. မုစစ်သူကြီးရဲ့သား.. သူတို့က မျိုးရိုးကြီးတယ်.. သူကလဲရည်မှန်းချက်ကြီးတယ်.. မုစစ်သူကြီးနဲ့ ငယ်ငယ်ကတည်းက စစ်စခန်းတွေမှာ လိုက်နေခဲ့တာ.. ကံဆိုးချင်တော့ မုစစ်သူကြီးက အစောကြီးသေသွားတယ်.. တစ်ဦးတည်းရှိတဲ့ အစ်ကိုတော်က မကျန်းမာဘူး.. ဒီလိုနဲ့ သူတို့မိသားစုရဲ့ အင်အားက ယုတ်လျော့လာတယ်.. အခု မုလီက အရွယ်ရောက်လာပြီမို့ လေ့ကျင့်ရေးကျောင်း ဝင်ခွင့်လာဖြေတာ.. သူထူးချွန်တယ်.. ဒီတစ်ခေါက်စာမေးပွဲမှာ ထိပ်ဆုံးက အောင်နိုင်ခြေရှိနေတဲ့ လူငယ်ခြေတက်ကလေး"

ရှောင်းကျန့်စကားကြားတော့ ဝမ်ထျင်းရှီက နှမျောသလို စုတ်သပ်တယ်။

"သူ့အကြောင်းကြားပြီးမှ ပိုတောင်ကြိုက်သွားသလိုပဲ"

"မဖြစ်..မဖြစ်..မဖြစ်ပါဘူး"

ရှောင်းကျန့်က အကြိမ်ကြိမ်ခေါင်းယမ်းပြရတယ်။

တခြားကြောင့်တော့ မဟုတ်ဘူး၊ မုစစ်သူကြီးက မင်ကျောက်ရဲ့စစ်သူကြီးဟောင်း၊ မုလီလေးကလဲ ရှောင်းကျန့်နဲ့ ငယ်ငယ်ကတည်းက ရင်းနှီးတယ်၊ နန်းတွင်းအသိုင်းအဝိုင်းက ကလေးတော်တော်များများက ချင်ဟွေ့မင်းသမီးရဲ့သတင်းကိုကြားပြီး ကြောက်ကြတာများတယ်၊ ဒါပေမဲ့ မုလီကတော့ မကြောက်ဘူး၊ စတွေ့တဲ့နေမှာပဲ ရှောင်းကျန့်ရဲ့ဝတ်ရုံစကိုဆွဲပြီး သူ့ကိုချောတယ်လို့ ပြောခဲ့တာ၊ ရှောင်းကျန့်က ကလေးကို သဘောတကျ ရယ်လိုက်ပြီး စပျစ်သီးတစ်ခိုင်တောင် ဆုချလိုက်သေးတယ်။

နောက်ပြီး နိုင်ငံပေါင်းစည်းပြီး အင်ပါယာတစ်ခုဖြစ်လာတယ်၊ နှစ်နိုင်ငံလုံးမှာ ထူးချွန်တဲ့စစ်သူကြီးဟောင်းတွေ ရှိတာမှန်ပေမဲ့ ဝမ်ရိပေါ်မှာ သူ့အတွက်ပဲ တည်ဆောက်ထားတဲ့ ကိုယ်ပိုင်စစ်အင်အား ရှိဖို့လိုသေးတယ်လို့ ရှောင်းကျန့်ကတွေးတယ်၊ ရှောင်းကျန့်တို့နှစ်ယောက်က ရှေ့တန်းထွက်နေဖို့ မသင့်တော်ဘူး၊ ပေမင်က သွေးသစ်တွေ မဖြစ်မနေ လိုအပ်တယ်။

ဒါကြောင့် မုလီကို အများကြီးဖြစ်ထွန်းစေချင်တယ်၊ ရည်မှန်းချက်ကြီးတဲ့လူငယ်လေးကို မယ်တော်ကြီးရဲ့ အချစ်တော်လုပ်ခိုင်းလို့ ဘယ်ဖြစ်မလဲ။

ဝမ်ထျင်းရှီက ဘာမှထပ်မပြောတော့ဘူး၊ မုလီကိုပဲ သဘောကျတဲ့မျက်လုံးတွေနဲ့ ကြည့်နေတယ်၊ လူငယ်လေးက အမှန်တကယ်ကို ချောမောပြီး ယောက်ျားပီသတယ်၊ မျက်လုံးတွေက ကြယ်တာရာတွေလို တောက်ပနေတယ်၊ ပေါ့ပါးတဲ့လေ့ကျင့်ရေးဝတ်စုံကိုဝတ်ကာ သစ်သားဓားကိုင်ပြီး ကွင်းထဲမှာ ယှဉ်ပြိုင်နေတာ၊ နိုင်ပွဲတွေ ဆက်တိုက်ရနေပုံက အင်မတန်ကြည့်ကောင်းလှတယ်။

ကြည့်နေတဲ့မျက်လုံးတွေမှာပဲ ဗို့အားတွေ သိပ်ပါသွားလို့လားတော့ မသိဘူး၊ ပြိုင်ပွဲထဲကလူတချို့က ရှောင်းကျန့်တို့ဘက်ကို လှည့်ကြည့်လာတယ်၊ လူငယ်လေးကလဲ ခေါင်းမော့လိုက်ပြီး စင်မြင့်ပေါ်ကို လှမ်းကြည့်တယ်၊ သူတို့ကိုမြင်သွားတာနဲ့ အံ့သြသွားတဲ့မျက်နှာဖြစ်သွားပြီး အဝေးကနေဦးညွှတ်ကာ နှုတ်ဆက်လာတယ်၊ ခေါင်းပြန်မော့လာချိန်မှာတော့ နှုတ်ခမ်းတွေက ပြုံးရယ်နေတာကို မြင်ကြရတယ်။

တောက်ပလွန်းတဲ့အပြုံးကိုမြင်တော့ ဝမ်ထျင်းရှီက ပြောလာပြန်တယ်။

"မင်းကိုပြုံးပြနေပါလား.. မင်းတို့ချင်းသိကြလို့လား?"

ရှောင်းကျန့်ကလဲ ပြုံးလိုက်ပြီး။

"တစ်ခါနှစ်ခါ တွေ့ဖူးရုံပါ"

"ဟုတ်ရဲ့လား.. အားရီကထင်နေတာက.. ဟင်.. ဧကရာဇ်ဘယ်တုန်းက ရောက်လာတာလဲ?!"

ဝမ်ထျင်းရှီက ရှောင်းကျန့်နောက်ကို လှမ်းကြည့်ရင်း ပြောလိုက်တာမို့ ရှောင်းကျန့် ကျောထဲမှာ စိမ့်ခနဲဖြစ်သွားတယ်၊ ခေါင်းလှည့်ကြည့်လိုက်တော့ ဘယ်ချိန်ကတည်းက ရောက်နေမှန်းမသိဘဲ၊ အမှောင်ထဲကနေ သူ့ကိုရပ်ကြည့်နေတဲ့ ဝမ်ရိပေါ်ကို တွေ့လိုက်ရတာပဲ။

ရှောင်းကျန့်မှာ ပျာပျာသလဲ ကြိုရတယ်။

"ဧကရာဇ်က ဘာလို့ရောက်လာတာလဲ?"

"ကိုယ်တော်ကလာလို့မရဘူးလား?"

ဝမ်ရိပေါ်က ဘောက်ဆတ်ဆတ်တုံ့ပြန်တော့ ရှောင်းကျန့်က ပြေရာပြေကြောင်း ချော့ရတယ်။

"ညနေစာစားပြီးပြီလား?"

ဝမ်ရိပေါ်က သူ့မေးခွန်းကို မဖြေဘဲ၊ နောက်လိုက် မိန်းမစိုးကို လှည့်ပြောတယ်။

"ငါကိုယ်တော်ရဲ့ လက်သုံးတော်ဓားယူခဲ့"

မိန်းမစိုးက ကတ္တီပါသားနဲ့ချုပ်ထားတဲ့ဘူးတစ်ခု အရှေ့တော်ကို ယူလာတယ်။

"ဧကရာဇ်ကဘာလုပ်မလို့လဲ?"

ဝမ်ရိပေါ်က မဖြေဘူး၊ ဓားယူပြီးတာနဲ့ စင်ပေါ်ကနေ လေ့ကျင့်ရေးကွင်းထဲကို ချက်ချင်းဆင်းသွားတယ်၊ ကွင်းထဲကလူတွေမှာလဲ ရုတ်ချည်းရောက်ချလာတဲ့ ဧကရာဇ်ကို ဒူးထောက်ပြီး အရိုအသေပေးကြရတယ်၊ ဝမ်ရိပေါ်က အားလုံးကို ထခိုင်းပြီး သင်တန်းသားအလောင်းအလျာတွေကို တစ်ယောက်ချင်းစီ စစ်ဆေးသလို ကြည့်သွားတယ်၊ နောက်ဆုံးမှာတော့ ရုပ်ရည်အချောဆုံး လူငယ်လေးကို မေးဆတ်ပြလိုက်ပြီး လေးဖင့်ဖင့်အသံနဲ့ ပြောတယ်။

"ဒီရက်ပိုင်း လှုပ်ရှားမှုနည်းတော့ ငါကိုယ်တော်ရဲ့ ခြေတွေလက်တွေ ညောင်းညာနေတယ်.. မင်း ရှေ့ထွက်လာပြီး ငါကိုယ်တော်နဲ့အတူ လေ့ကျင့်ချည်"

ခေါ်လိုက်တော့ မုလီကလဲ ရှေ့ကိုထွက်လာပြီး ဧကရာဇ်ကို သိုင်းသမားတွေလို နှုတ်ဆက်ပြီး လေးစာသမှုပြလိုက်တယ်၊ မုလီရဲ့မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ အရောင်တောက်နေတယ်၊ သူတို့ရဲ့ ဧကရာဇ်အသစ်က လက်ရုံရည်ကော၊ နှလုံးရည်ပါ ပြည့်စုံတယ်လို့ ကြားဖူးနေတာကြာခဲ့ပြီ၊ သူက စစ်ပွဲတွေမှာ ရှေ့ဆုံးကနေဦးဆောင်ခဲ့တဲ့ တုနှိုင်းမဲ့ စစ်နတ်ဘုရား၊ ဒီလိုဧကရာဇ်နဲ့ ဓားရေးယှဉ်ခွင့်ရတဲ့ကိစ္စလောက် ဂုဏ်ယူစရာကောင်းတာ ဘယ်မှာရှိအုန်းမှာလဲ။

စည်းဝိုင်းအလယ်ကို ယုံကြည်ချက်အပြည့်နဲ့ဝင်လာပေမဲ့ အချိန်ခဏလေးအတွင်းမှာတင် အရေးနိမ့်သွားရှာတယ်၊ ဧကရာဇ်ရဲ့ဓားချက်တွေက အလွန်မြန်ဆန်တိကျတယ်၊ စစ်ပွဲတွေမှာ နှစ်ပေါင်းများစွာတိုက်ခဲ့တဲ့ စစ်သူကြီးတွေလို ဟာကွက်မရှိ တည်ငြိမ်တယ်၊ မုလီ တစ်ခါမှမမြင်ဖူးတဲ့ တိုက်ကွက်အသစ်တွေတောင် ပါသေးတယ်။

ဧကရာဇ်ရဲ့ လှုပ်ရှားမှုက နဂါးတစ်ကောင် တိမ်ပေါ်မှာ ကူးခတ်နေသလို ပေါ့ပါးတယ်၊ လမင်းကို ပွေ့ဖက်ထားတဲ့လေပြေလို သိမ်မွေ့တယ်၊ ဒါပေမဲ့ ဘယ်လောက်ထိ အတွင်းအားမြင့်မားလဲဆိုတာ ရင်ဆိုင်နေရတဲ့လူပဲ ကောင်းကောင်းသိတယ်၊ တိုက်ကွက် ၂၀ လောက်အတွင်းမှာတင် မုလီကို မရှုမလှ ရှုံးနှိမ့်သွားစေခဲ့တယ်။

ဝမ်ရိပေါ်ရဲ့ဓားဦးက မုလီရဲ့လည်စေ့ကို တည့်တည့်ချိန်လျက် ရှေ့တိုးလာပြီး စပါးစေ့တစ်စေ့ အကွာခန့်မှာ တည်ငြိမ်စွာ ရပ်တန့်သွားတယ်၊ စိတ်လှုပ်ရှားမှုကြောင့် မုလီရဲ့လည်စေ့က အပေါ်အောက် ရွေ့လျားသွားတယ်၊ နဖူးမှာချွေးစေးတွေပြန်နေတယ်။

ဝမ်ရိပေါ်ကိုသူ့ကို တစ်ချက်ပဲကြည့်ပြီး ဓားကိုဖယ်လိုက်တယ်၊ ပြီးတာနဲ့ နောက်လှည့်ကာ အသင့်စောင့်နေတဲ့ မိန်းမစိုးလက်ထဲ ဓားပြန်ထည့်လိုက်တယ်၊ သူ့စကားသံက သိပ်မကျယ်ပါဘူး၊ ဒါပေမဲ့ စင်ပေါ်ကလူတွေတော့ ကောင်းကောင်း ကြားရလောက်တဲ့အနေအထားပါ။

"ကြွားဝါးလွန်းတယ်.."

ရှောင်းကျန့်မှာ ကလေးဆန်လွန်းတဲ့ ဝမ်ရိပေါ်ကြောင့် မအောင့်နိုင်တော့ပဲ စင်ပေါ်ကနေ ခပ်တိုးတိုး ရယ်လိုက်တယ်။

ဝမ်ရိပေါ်က ဒီလောက်နဲ့ မပြီးသွားဘူး၊ မုလီကို ထပ်ပြောတယ်။

"မင်းလေ့ကျင့်ဖို့လိုနေသေးတယ်"

မုလီကတော့ ရှက်ပြီးမျက်နှာကြီးရဲသွားတာပေါ့၊ ဒါပေမဲ့ ဧကရာဇ်ကိုတော့ ဘာပြန်ပြောနိုင်မှာလဲ၊ တရိုတသေ ဦးညွှတ်လိုက်ပြီး။

"သင်ယူခွင့်ပေးတဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်လှပါတယ် အရှင်မင်းကြီး.. ကျွန်တော်မျိုး အခုထက်ပိုပြီး ကြိုးစားပါ့မယ်"

ဘေးမှာရပ်နေတဲ့ သူ့ဆရာသခင်စစ်သူကြီးကတော့ တပည့်ဖြစ်သူမုလီအတွက် စိတ်မကောင်းတာမို့ ရှေ့ထွက်လာပြီး ပြောပေးတယ်။

"မုလီက ဓားရေးထက် မြားပစ်တာနဲ့ မြင်းစီးမှာ ပိုကျွမ်းကျင်တာပါ အရှင်မင်းကြီး.. သင်တန်းသားတွေတင်မဟုတ်ဘူး.. ဆရာတွေထက်တောင် ကျွမ်းကျင်ပါသေးတယ်"

"တကယ်လား?"

ဝမ်ရိပေါ် လက်ချောင်းထိပ်တွေကို ပိုးပဝါနဲ့သုတ်နေရင်း ဖြည်းညင်းစွာပြောတယ်။

"ကိုယ်တော်ရဲ့မြင်းစီးနဲ့ မြားပစ်စွမ်းရည်က သိပ်မကောင်းလှဘူးဆိုတော့ ယှဉ်ကြည့်ဖို့ ခက်မယ်ထင်တယ်"

ဧကရာဇ်စကားကြားတော့ ရှိသမျှလူကုန် လန့်ဖျပ်ကုန်တယ်။

မြောက်ပိုင်းချူရှောင်းတွေက မြားအတတ်မှာ ဘယ်လောက်တောင် ကျွမ်းကျင်သလဲဆိုတာ မသိတဲ့လူ ဘယ်မှာရှိလို့လဲ၊ ဧကရာဇ် စစ်ပွဲတွေတိုက်တုန်းက ရန်ဇီမြစ်ကိုတောင် မြင်းတစ်စီးနဲ့ဖြတ်ကူးလာတာ မဟုတ်ဘူးလား၊ ချူရှောင်းအိမ်ရှေ့စံက မြင်းစီးမြားပစ်စွမ်းရည်မကောင်းဘူးဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ?

ဒါပေမဲ့ ဘုန်းရှိန်ဝါကြီးမားလွန်းတဲ့ ဧကရာဇ်ကို ဘယ်သူက ငြင်းဝံ့မှာလဲ?

"ကံကောင်းချင်တော့ ကိုယ်တော့်ရဲ့ဧကရီကတော့ မြင်းစီးတာကော မြားပစ်တာပါ ကျွမ်းကျင်တယ်"

ဧကရာဇ်ရဲ့စကားက ရိုးရှင်းတယ်၊ ခံစားချက် အဓိပ္ပါယ်အပို မပါဘူး။

ဧကရာဇ်က စင်မြင့်ပေါ်ကို လက်ဆန့်ထုတ်လိုက်ပြီး ပြောတယ်။

"ဆင်းလာခဲ့"

ရှောင်းကျန့်ဆင်းလာတော့ အားလုံးက အရိုအသေပေးကြတယ်၊ မုလီက ရှောင်းကျန့်နားရောက်လာပြီး။

"ကျန်းမာပါစအရှင်.. လူချင်းမတွေ့တာ အတော့်ကိုကြာခဲ့ပါပြီ"

ရှောင်းကျန့်က ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်ပြီး။

"ဟုတ်ပါရဲ့.. မင်းတောင်အရပ်ကြီးရှည်လာတယ်"

"ဧကရီအရှင်ကတော့ အရင်အတိုင်း နုပျိုချောမောတုန်းပါပဲ.. အရှင် မြားပစ်ကျွမ်းကျင်မှန်း ကျွန်တော်မျိုး မသိခဲ့ဘူး"

"အားလပ်တဲ့အချိန် တစ်ခါတလေ လေ့ကျင့်တာမျိုးပါ"

ရှောင်းကျန့်က မယုတ်မလွန်ပြောပြီး လေးတင်ကာ ဗဟိုချက်တည့်တည့်ကို ပစ်ပြလိုက်တယ်။

ဧကရီအရှင်ရဲ့ မြားပစ်စွမ်းရည်မှာ လူအားလုံးပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတယ်၊ မုလီကတော့ သူများထက်ပိုတာပေါ့။

"ဧကရီအရှင်က အဘက်ဘက်မှာ ထူးချွန်တဲ့ ဖီးနစ်ငှက်လိုလူဆိုတာ သိသာလွန်းပါတယ်"

ဧကရီအရှင်က မုလီကလေးဘဝကတည်းက စွဲလမ်းခဲ့ရတဲ့နတ်သမီး၊ ဘဝအဆင့်က မိုးနဲ့မြေလောက် ကွာခြားနေတဲ့အခါ အားမတန်မာန်လျှော့ခဲ့ရတယ်၊ ဒီနှစ်ပိုင်းမှာ ရှုပ်ထွေးလှတဲ့ အခြေအနေအရပ်ရပ်ကြောင့် မင်းသမီးနဲ့ မတွေ့ရတော့ဘူး၊ မြောက်ပိုင်းကို ထိမ်းမြားဖို့ထွက်ခွာသွားရတဲ့မင်းသမီးအတွက် စိုးရိမ်ခဲ့တယ်၊ အရင်လို အဆင့်အတန်းကွာခြားနေဆဲဆိုပေမဲ့ အခုသူတို့ပြန်ဆုံကြပြီမို့ မုလီဝမ်းသာတယ်၊ တချို့လူတွေအတွက်က ဆုံတွေ့ခွင့်ရရုံနဲ့တင် ကံကောင်းပြီလို့ သတ်မှတ်လို့ရတာ မဟုတ်လား။

အတိတ်အကြောင်းတွေ စမြုံ့ပြန်နေတဲ့အချိန်မှာပဲ ဘေးကနေ ချောင်းဟန်သံ နှစ်ချက်တိတိ ထွက်လာတယ်။

ရှောင်းကျန့်က ရယ်ချင်တာကို ထိန်းထားရင်း ဝမ်ရိပေါ်ကို လှည့်မေးတယ်။

"ဧကရာဇ်ဘာများ အလိုရှိပါသလဲ?"

"သူတို့တွေက ကိုယ်တော့်ကို မြားပစ်နဲ့ မြင်းစီးပါ ပြိုင်စေချင်နေကြတယ်.. ကိုယ်တော်က မကျွမ်းကျင်တော့ ရှုံးသွားမှာစိုးတာမို့.. ဧကရီ့ဆီက စစ်ကူတောင်းရတာပဲ"

ပြောပြီးတာနဲ့ သူ့ရဲ့ဧကရီကို စဉ်းစားချိန်တောင် မပေးတော့ဘဲ ရင်ခွင်ထဲကို ဆွဲသွင်းလိုက်ပြီး နားရွက်နားကပ်ကာ ပြောတယ်၊ ဒါပေမဲ့ အသံကတော့ ဘေးကလူတိုင်းကြားရလောက် ကျယ်ပါတယ်။

"ကိုယ်တော့်ရဲ့ဧကရီကတော့ ကိုယ်တော့်ကို ရှုံးစေချင်မှာမဟုတ်ဘူးလေ..  မှန်ရဲ့လား?"

ကွင်းထဲမှာ တိတ်တခိုးသက်ပြင်းချသံတချို့ ကြားလိုက်ရတယ်၊ အရှင်နှစ်ပါးက တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်ကြတယ်ဆိုတဲ့စကားတွေ ကြားဖူးခဲ့ပေမဲ့ ဒီလိုမျိုး ရင်နှီးလွန်းတဲ့ပုံစံအထိတော့ ကွက်ကွက်ကွင်းကွင်း ဘယ်မြင်ဖူးပါ့မလဲ၊ တစ်ဖက်လူကို သိုင်းကွက် ၂၀ အတွင်း အရေးနိမ့်သွားအောင် တိုက်ပြခဲ့တဲ့ဧကရာဇ်က ဧကရီအနားမှာပူးကပ်ပြီး ခွေးပေါက်လေးတစ်ကောင်လို ချွဲနေတာလေ။

ဧကရာဇ်ကိုယ်တိုင်လုပ်ပြတာကို မျက်စိနဲ့ တပ်အပ်မြင်နေလို့သာ ယုံရတယ်၊ ကိုယ့်ရဲ့ဧကရာဇ်မို့ မဝေဖန်သင့်ဘူး၊ မဝေဖန်သင့်ဘူး။

မုလီရှေ့မှာမို့ ဝမ်ရိပေါ် ပိုပိုသာသာတွေ လုပ်ပြနေတာကို ရှောင်းကျန့်က မရိပ်မိသေးဘူး၊ ဝမ်ရိပေါ်ကို မနိုင်တာမို့ ရယ်နေရင်း ပြောတဲ့အတိုင်းလုပ်ပေးရတယ်။

"ကောင်းပါပြီ ကျွန်တော်မျိုးသင်ပေးမှာမို့ အရှင်ကဒီနားမှာ မှန်မှန်ကန်ကန်အနေအထားနဲ့ လာရပ်ပေးပါ"

ရှောင်းကျန့်က ဝမ်ရိပေါ်အတွက် လေးမြားတစ်စုံယူပေးလိုက်ပြီ။

"လေးကိုအားထည့်ပြီးဆွဲဖို့လိုပါမယ် အရှင်"

ရှောင်းကျန့်က အလေးအနက်ထားပြီး သင်ပေးတာပါ။

"ဒီလိုလား.. ကိုယ်တော်လုပ်တာ မှန်ရဲ့လား?"

ဝမ်ရိပေါ်က ပြုံးပြုံးကြီး ဘေးကိုလှည့်ကြည့်ပြီး ရှောင်းကျန့်ကို မေးတယ်။

"ကျွန်တော်မျိုးကိုမကြည့်ဘဲ ပစ်မှတ်ကို ကြည့်နေရမှာလေ"

ရှောင်းကျန့်က ဝမ်ရိပေါ်ခေါင်းကို ပြန်တည့်ပေးရင်းဆိုတယ်။

"ကိုယ်တော့်ရဲ့လက်တွေက ညောင်းလာတော့ နည်းနည်းတုန်ချင်နေတယ်.. ကူပေးပါအုံး ဧကရီရယ်"

ဒါတမင်သက်သက်လုပ်နေတာ။

ရှောင်းကျန့် သက်ပြင်းချလိုက်ပြီး အနားကပ်လာတယ်၊ ပြီးတော့ အနောက်နေသိုင်းဖက်ကာ လေးတင်ထားတဲ့ ဝမ်ရိပေါ်လက်ပေါ်ကို ထပ်ကိုင်လိုက်တယ်၊ နှစ်ယောက်သားကို သိပ်ကိုနီးကပ်နေတာမို့ ဧကရီစကားပြောလိုက်တိုင်း ထွက်သက်နွေးနွေးကြောင့် ဧကရာဇ်ရဲ့ဆံစတချို့တောင် ရွေ့ကုန်တယ်။

အနောက်ကနေ သိုင်းဖက်ထားခံထားရတဲ့ ဧကရာဇ်က အနောက်ကလူကို ပျင်းရိလေးတွဲ့စွာ မှီချလိုက်ပြီး။

"မြားကိုဘယ်ချိန်လွှတ်ရမှာလဲ?"

ဘေးကိုလှည့်ပြီးပြောနေတာမို့ ဧကရာဇ်ရဲ့နှုတ်ခမ်းက ဧကရီရဲ့ပါးပြင်ကို ပွတ်တိုက်သွားတယ်။

ပစ်မှတ်ကိုပဲအာရုံစိုက်နေတဲ့ ရှောင်းကျန့်ဆီက စကားသံ ထွက်လာတယ်။

"အခု"

နှစ်ယောက်ရဲ့စုပေါင်းအားနဲ့ ထွက်သွားတဲ့မြားက အလယ်ဗဟိုချက်တည့်တည့်မှာ စိုက်ဝင်သွားခဲ့တယ်။

ကြည့်နေတဲ့လူတွေအားလုံးကတော့ မျက်နှာမသာမယာနဲ့ တွေးနေကြတယ်။

ငါတို့ကော ဒီနေရာမှာ ဆက်ရှိနေရမှာလား၊ ရှောင်ပေးရမှာလား?

ဝမ်ရိပေါ်က လေးကိုဖယ်လိုက်ပြီး ရှောင်းကျန့်ရဲ့လက်ကိုဆွဲယူကာ ဖိကပ်နမ်းရှိုက်လိုက်တယ်။

"ကိုယ်တော့်ရဲ့ဧကရီက သိပ်ကိုတော်တာပဲ"

ဝမ်ရိပေါ်က ရှောင်းကျန့်လက်ကိုနမ်းနေတာဆိုပေမဲ့ မျက်လုံးတွေကတော့ သင်တန်းသားလေးမုလီကို ကြည့်နေတာ။

"မင်းအလှည့်"

ဧကရာဇ်ရဲ့မျက်လုံးတွေက အေးစက်လွန်းတာမို့ မုလီကျောရိုးထဲကနေတောင် စိမ့်ခနဲအေးသွားတယ်၊ မုလီရဲ့မြားကတော့ အလယ်ဗဟိုချက်ကိုမထိဘဲ ဘေးအနည်းငယ်ရောက်သွားတာမို့ ရှုံးနိမ့်သွားခဲ့တယ်၊ ဒါပေမဲ့ ဝမ်ရိပေါ်ကသူ့ကို ရက်ရက်ရောရော ဆုလာဘ်တွေအများကြီး ပေးလိုက်ပါတယ်။

ပြသနာရှာတာတော်လောက်ပြီမို့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ကြည့်လာပြီး။

"ပြန်ကြတော့မလားအရှင်?"

ဒါပေမဲ့ ဝမ်ရိပေါ်က အကြံကြီးတဲ့အပြုံးကြီးနဲ့ သူ့ကို ကြည့်လာတယ်။

"ဧကရီကကိုယ်တော့်ကို မြားပစ်ပဲသင်ပေးရသေးတာ.. မြင်းစီးသင်ပေးဖို့ ကျန်နေသေးတယ်လေ"

ပြောနေရင်းမှာပဲ အပါးတော်မြဲ မိန်းမစိုးယူလာတဲ့မြင်းပေါ် တက်သွားပြီး၊ ရှည်လျားတဲ့လက်နဲ့ ရှောင်းကျန့်ကိုပါ တစ်ခါတည်း မြင်းပေါ်ဆွဲတင်လိုက်တယ်။

"တကယ်တော့ ဧကရီက.. ကောင်းကောင်းသင်ပြပေးဖို့ လိုနေတာ"

ပြောပြီးတာနဲ့ မြင်းကိုကြာပွတ်နဲ့ရိုက်ကာ ရှေ့ခြေနှစ်ချောင်းကို ပင့်မြှောက်စေပြီး လေ့ကျင့်ရေးကွင်းရဲ့ မြောက်အရပ်မှာရှိတဲ့ တောင်တန်းတွေဘက်ကို ဒုန်းစိုင်းမောင်းထွက်သွားခဲ့တယ်။

ကွင်းထဲကလူတွေကတော့ ဘာဆက်လုပ်ရမှန်းမသိဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကျန်ခဲ့ကြတယ်။

မြင်းကမြန်လွန်းတဲ့အတွက် ရှောင်းကျန့် သေချာကိုင်ထားရတယ်၊ နောက်တော့ ဝမ်ရိပေါ်ကို လှည့်ကြည့်ပြီးမေးတယ်။

"ပြသနာလုပ်တာပြီးပြီလား?"

"အဲဒါမင်းကိုမေးရမှာ..မင်းကော ပြသနာရှာတာတော်ပြီလား?"

ဝမ်ရိပေါ်က ရှောင်းကျန့်ခါးကအသားနုကို မကျေမနပ်ညှစ်လိုက်ပြီး ဆက်ပြောတယ်။

"လူငယ်လေးတွေကိုကြည့်ဖို့ မယ်တော်ကြီးကိုတောင် ခေါ်လာရဲတယ်.. တော်တော်သတ္တိကောင်းနေတယ်ပေါ့ ဟုတ်လား?"

သူများကတော့ သူတို့ကြိုက်မဲ့အစားအသောက်တွေ ပြင်ဆင်ခိုင်းပြီးစောင့်နေရတာ၊ အဲဒါကို အိမ်စောစော ပြန်မလာဘူး၊ ယောက်ျားပျိုလေးတွေကို လာကြည့်ပြီး ချီးကျူးပြောဆိုလိုက်သေးတယ်။

"အဲဒါကျွန်တော်မျိုးအမှားမဟုတ်ဘူး"

ရှောင်းကျန့်က ငြင်းတယ်။

"မယ်တော်ကြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာစေဖို့ လုပ်ရတာ"

"ပြန်ပြောရဲသေးတယ်လား ဟမ်?"

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုယ်ကို အနောက်ကနေဖိချလိုက်ပြီး ကျောပြင်တစ်ခုလုံး ပေါ်အောင်လုပ်တယ်၊ ပြီးတာနဲ့ လုံးကိတ်နေတဲ့တင်ပါးမြွှာလေးတွေကို ကြာပွတ်နဲ့ ခပ်စပ်စပ်ရိုက်ပစ်တယ်။

ရှောင်းကျန့်မှာ နာကလဲနာ၊ ရှက်ကလဲရှက်မို့ ဝမ်ရိပေါ်ကို အသံကျယ်ကျယ်နဲ့ ပြန်အော်တော့တယ်။

"ငါ့အမှားမလုပ်ထားဘူးလို့"

"အခုထိမှားပါတယ်လို့ မပြောသေးဘူးလား?"

ဝမ်ရိပေါ်က နောက်တစ်ချက်ထပ်ရိုက်တယ်။

"မမှားဘူး"

"ကိုယ်တော့်ရဲ့ဧကရီလို့မပြောရဘူး လျှာစောင်းသိပ်ထက်တယ်"

ဝမ်ရိပေါ်စကားတွေက သွားကြားထဲကထွက်ကျလာတာ။

ဝမ်ရိပေါ်က မြင်းကိုပိုမြန်အောင်နှင်တယ်၊ ရှောင်းကျန့်မှာ ထလို့မရအောင် အဖိခံထားရတယ်၊ ရုတ်ချည်းဆိုသလိုပဲ သူ့အနောက်ပိုင်းက ပြင်ပကလေထုနဲ့ တိုက်ရိုက်ထိသလို အေးခနဲဖြစ်သွားတယ်၊ ဝမ်ရိပေါ်က ဝတ်ရုံကိုမလိုက်ပြီး အောက်ခံရေလဲဘောင်းဘီကိုပါ ဆွဲဖြဲလိုက်တာ။

ရှောင်းကျန့် လန့်ဖျပ်သွားပြီး ပြင်းထန်စွာရုန်းတယ်။

"ဝမ်ရိပေါ် အရူးမထနဲ့!!"

နူးညံ့အိစက်နေတဲ့ တင်ပါးမြွှာလေးတွေပေါ်မှာ ကြာပွတ်ရာရဲရဲနှစ်ခုက သိသိသာသာဖြစ်နေတယ်၊ မြင်းကသွားနေတုန်းမို့ အိစက်စက်အသားစိုင်တွေကလဲ တုန်ခါနေကြတယ်၊ ဝမ်ရိပေါ်က တင်ပါးမြွှာလေးတွေကို လက်နဲ့အပြည့်အသိပ်ဆွဲညှစ်ပြီး ပွတ်သပ်လိုက်တယ်၊ ဖြစ်နိုင်ရင် ကုန်ပြီးတောင်ကိုက်လိုက်ချင်တာ။

ရှောင်းကျန့်က ရုန်းဖို့လုပ်တယ်၊ ဒါပေမဲ့ မြင်းကသွားနေတုန်းမို့ အရမ်းလှုပ်ရှားလိုက်တာနဲ့ ဟန်ချက်ပျက်ပြီး မြင်းပေါ်ကို ပြုတ်ကျသွားမှာ စိုးရိမ်တယ်၊ ဒါကြောင့် ဘာမှမတတ်နိုင်ဘဲ ဒီအနေအထားတိုင်း မြင်းကိုဖက်ထားရင်း အော်ရတယ်။

"မလုပ်နဲ့.. အား..မလုပ်!!!"

ဝမ်ရိပေါ်က ဖိနယ်ရုံတင်အားမရတော့ဘဲ၊ တင်ပါးမြွှာနှစ်ခုကြားတိုးဝင်သွားပြီး ဂန္ဓာမာပွင့်လေးထဲကို လက်ချောင်းထည့်ဖို့ လုပ်တယ်၊ ညကအရှိန်လဲရှိသေးတာမို့ ရှောင်းကျန့်ရဲ့ ဂန္ဓာမာပွင့်လေးက နီရဲနူးညံ့နေတယ်၊ လက်ချောင်းထိပ်လေးနဲ့ ထိလိုက်တာနဲ့တင် ရှောင်းကျန့်ကိုယ်လေးက တုန်တက်သွားတယ်။

ဝမ်ရိပေါ်က ဂန္ဓမာပွင့်လေးကို အကြိမ်ရေအနည်းငယ်လောက် နူးနှပ်ပေးလိုက်ပြီး လက်ချောင်းကို ကျွမ်းကျွမ်းကျင်ကျင်ပဲ ထိုးထည့်လိုက်တော့တယ်၊ ဒါပေမဲ့ ခါတိုင်းနဲ့ အနည်းငယ်ကွဲပြားနေတဲ့ စိုစွတ်ပူနွေးမှုပမာဏကို ဝမ်ရိပေါ် ခံစားမိလိုက်တယ်၊ ဝမ်ရိပေါ်က နူးညံ့တဲ့အတွင်းသားထဲကို ဆာလောင်နေတဲ့လက်ချောင်းနဲ့ ထိုးမွှေလိုက်တယ်၊ အထဲကနေ အသံတွေပါ ထွက်လာတယ်၊ လက်ချောင်းထိပ်ကိုကွေးပြီး အထဲကအရာတွေကို ဆွဲခေါ်လိုက်ချိန်မှာတော့ ကျပ်သိပ်နေတဲ့ဂန္ဓာပွင့်လေးကနေ စေးကပ်နေတဲ့အဖြူရည်တွေ ထွက်လာတော့တယ်။

ဝမ်ရိပေါ်မျက်ဆန်တွေက ကျဉ်းမြောင်းသွားပြီး ခေါင်းငုံ့ချကာ ရှောင်းကျန့်ရဲ့ကျောပြင်ကို ကိုက်ခဲလိုက်တယ်။

"ဒါဘာတွေလဲ..ပြောစမ်းချင်ချင်?"

သိရဲ့သားနဲ့ တမင်မေးနေတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်စိတ်တိုသွားတယ်၊ ဒီနေ့မနက် ရေငတ်လို့ ရေထသောက်အပြီးမှာ တစ်ရေးနိုးလာတဲ့လူက သရဲမရဲစီးသလို သူ့ကိုဆွဲချပြီး အင်္ကျီအတင်းဆွဲချွတ်တော့တာပဲ။

အမှန်တော့ ဝမ်ရိပေါ်က မနက်စောစော ညီလာခံတက်ဖို့ရှိတာ၊ ဒါတောင် ရှောင်းကျန့်ကို အိပ်ရာပေါ်မှာ အော်ငိုတဲ့အထိ ကြမ်းကြမ်းလုပ်နေတုန်း၊ အပါးတော်မြဲမိန်းမစိုးက အပြင်ကနေ အတင်းလာခေါ်တော့မှသာ ရှောင်းကျန့်ကို လွှတ်ပေးဖို့လုပ်တာ။

ဒါပေမဲ့ အဲဒီအချိန်မှာ ရှောင်းကျန့်က တအားခံစားလို့ကောင်းနေတာမို့ ဝမ်ရိပေါ်မသွားအောင် ခါးကိုမြင့်မြင့်မြှောက်ပေးပြီး မြှူဆွယ်တယ်၊ ဝမ်ရိပေါ်က အထဲမှာမပြီးချင်ဘူး၊ သူမှသန့်ရှင်းရေး မလုပ်ပေးရင်း ရှောင်းကျန့် ဆက်ပြီးအိပ်ပျော်သွားမယ်ဆိုတာ သိတယ်၊ သူကလဲ ညီလာခံတက်ရတော့မှာမို့ လုပ်ပေးဖို့အချိန်မရှိဘူး၊ ဒါကို ရှောင်းကျန့်က ဗိုက်ဆာလို့ အထဲမှာပြီးဖို့ချည်း ပြောနေခဲ့တာ၊ နောက်ဆုံးတော့ ဝမ်ရိပေါ်လဲ သည်းမခံနိုင်တော့ဘဲ အကုန်အစင်သွန်ချပေးလိုက်မိတယ်။

ညီလာခံမသွားခင်မှာတော့ ရှောင်းကျန့်ကို အိပ်ရာထပြီး သန့်ရှင်းရေးလုပ်ဖို့ အကြိမ်ကြိမ်မှာခဲ့တယ်၊ ရှောင်းကျန့်ကလဲ ကတိအထပ်ထပ်ပေးပြီး သူ့ကိုသွားခိုင်းတာ၊ ထင်ထားသလိုပဲ ရှောင်းကျန့်က သူထားခဲ့တဲ့အတိုင်း အိပ်ပျော်သွားခဲ့တဲ့ပုံပဲ။

ရှောင်းကျန့်ရဲ့ ဂန္ဓမာပွင့်လေးက သိပ်ကျပ်တာမို့ အထဲမှာပြည့်ရင်တောင် အပြင်ထွက်မကျဘူး၊ ဝမ်ရိပေါ် လက်ချောင်းနဲ့ လုပ်လိုက်တော့မှသာ အများကြီးထွက်လာတာ၊ ဝမ်ရိပေါ်က စိတ်တိုတိုနဲ့ ရှောင်းကျန့်တင်ပါးကို ဖြန်းခနဲ ရိုက်လိုက်တယ်။

"သန့်ရှင်းရေးလုပ်မယ်လို့ ကတိပေးထားတယ် မဟုတ်ဘူးလား.. ဘာလို့မလုပ်ထားတာလဲ?"

"ဝူး..ဝူး..ဝူး..ဝူး.. မရိုက်ပါနဲ့တော့.. ဟင့်.. မယ်တော့်ကိုသွာကြိုဖို့ နောက်ကျနေ.."

ပြောသာပြောနေတာ ဝမ်ရိပေါ်မျက်လုံးတွေက အဲဒီနေရာကနေ မခွာနိုင်ဘူး၊ ဒီနေရာက သူ့ကိုဆွဲဆောင်ထားတယ်၊ ပန်းနုရောင်ဂန္ဓာပွင့်လေးက ဒိန်ချဉ်စမ်းထားသလိုဖြစ်နေတာလေ၊ ဝမ်ရိပေါ်က လက်ချောင်းတွေကို ညင်သာစွာ အသွင်းအထုတ်လုပ်ပေးတယ်၊ နောက်တော့ လက်သုံးချောင်းထည့်လိုက်ပြီး sweet point လေးကို တိုက်ရိုက်တိုက်ခိုက်လာတယ်။

"ကိုယ်တော့်ရဲ့နဂါးမျိုးစေ့တွေ အထဲမှာထည့်ထားပြီး လေ့ကျင့်ရေးကွင်းက ပထမဆုရှင်လေးကို သွားကြည့်တာပေါ့ ဟုတ်သလား?"

ရှောင်းကျန့်တို့ပြောတာတွေ ကြားသွားပြီး ဒီယောက်ျားရဲ့သဝန်တိုမှုရေချိန်က အတော်လေးမြင့်နေပြီမို့ အာခံလို့မဖြစ်မှန်း ရှောင်းကျန့်သိတယ်။

"အဲဒီပထမဆုရှင် မင်းနားရစ်သီရစ်သီနဲ့လာဝဲပြီး စကားပြောနေတုန်းကလဲ မင်းအတွင်းသားတွေထဲမှာ ကိုယ်တော့်ရဲ့ နဂါးမျိုးစေ့တွေ သယ်ထားတာပေါ့ ဟုတ်သလား?"

ဝမ်ရိပေါ်က ပြောနေရင်း ရှောင်းကျန့်ရဲ့ဝတ်ရုံကို ဆွဲချပစ်တယ်၊ ပေါ်လာတဲ့ ပခုံးသားဖြူဖြူကို တစ်ချက်ကိုက်လိုက်ပြီး ဆက်ပြောတယ်။

"တမင်သန့်ရှင်းရေး မလုပ်ပဲထွက်လာတာမလား.. ကိုယ်တော့်အတွက် သားတော်လေး မွေးပေးချင်လို့လား.. ဟုတ်သလား ချင်ချင်"

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုဘာမှမလုပ်ရသေးဘူး၊ သူ့စကားတွေနဲ့တင် ရှောင်းကျန့်မှာရှက်ပြီး တစ်ကိုယ်လုံး ပန်းရောင်သန်းလာပြီ၊ လေပြင်းတွေက ပေါ်နေတဲ့ပေါင်တံသွယ်တွေကြားကနေ တိုးဝင်သွားတယ်၊ မြင်းကလဲဆက်သွားနေတုန်းပဲ၊ ကြမ်းတမ်းလှတဲ့မြင်းမွေးက ရှောင်းကျန့်ရဲ့ထောင်ချင်နေတဲ့ ချယ်ရီသီးလေးတွေကို ပွတ်တိုက်နေတာမို့ ချယ်ရီသီးလေးတွေက ယားကျိကျိနဲ့ထုံလာတယ်၊ ရှောင်းကျန့်မှာ ခံနိုင်ရည်မရှိတော့ဘဲ ဝမ်ရိပေါ်ကို တောင်းပန်ရတော့တယ်။

"မ..မပြောပါနဲ့တော့.."

"မပြောရဘူးလား?"

ဝမ်ရိပေါ်ရဲ့ကျောက်စိမ်းချောင်းကြီးက ပျော့အိနေတဲ့ဂန္ဓမာပွင့်လေးရဲ့ အနက်ရှိုင်းဆုံးနေရာအထိ အလွယ်တကူပဲ တိုးဝင်သွားတယ်၊ ရှောင်းကျန့်မှာ အစာအိမ်ကိုထိုးမိသွားပြီးလို့တောင် ထင်သွားတယ်၊ သည်းမခံနိုင်လောက်တဲ့အရှိန်မို့ ဂန္ဓမာပွင့်လေးကကျုံ့သွားပြီး အပြင်ကို အဖြူရည်တချို့ ပန်းထုတ်လိုက်တယ်။

"မြန်လှချည်လား ချင်ချင်"

ဝမ်ရိပေါ်က ရှောင်းကျန့်ခါးကို ဆွဲဖက်ထားတယ်၊ ရှောင်းကျန့်တစ်ကိုယ်လုံး ပျော့ခွေသွားပြီး ရုန်းနိုင်စွမ်းမဲ့သွားတာမို့ မြင်းပေါ်မှာမှောက်လျက်သား ငြိမ်နေတယ်၊ ဝမ်ရိပေါ် ဝင်ထွက်ရလွယ်အောင် တင်ပါးတွေကိုတော့ ပင့်ပေးထားတယ်၊ ဝမ်ရိပေါ်လှုပ်ရှားတိုင်း မြင်းကိုဖက်ထားရင်း ညည်းညူသံပြုတယ်။

မြင်းပေါ်မှာလုပ်ရတာ အတော်လေး စိတ်လှုပ်ရှားဖို့ကောင်းတယ်၊ မြေမညီတဲ့လမ်းမို့ ချိုင့်ထဲကျသွားတိုင်း ဝမ်ရိပေါ်ရဲ့ ကျောက်စိမ်းချောင်းကြီးက ခပ်နက်နက်စိုက်ဝင်တယ်၊ sweet point လေးကိုပါ ဖိကြိတ်သွားတာမို့ ရှောင်းကျန့်မှာ ကောင်းလွန်းလို့ တုန်တက်သွားတတ်တယ်။

လိမ်လိမ်မာမာနဲ့ ပင့်ထားပေးတဲ့ တင်ပါးဖွေးဖွေးလုံးလုံး ကို ဝမ်ရိပေါ် ငုံ့ကြည့်လိုက်တယ်၊ ရှောင်းကျန့်က ဝမ်ရိပေါ်ကိုကြိုက်တာလုပ်ခွင့်ပြုထားတယ်၊ သူကတော့ မြင်းကိုဖက်ထားရင်း အသံထွက်ညည်းနေတယ်၊ ရှောင်းကျန့်က သိပ်လိမ္မာတယ်၊ အထူးသဖြင့် သူ့ရဲ့ဂန္ဓမာပွင့်လေးက ပိုလိမ္မာတယ်၊ ဝမ်ရိပေါ် ဝင်ထွက်လိုက်တိုင်း မနက်ကသူထားခဲ့တဲ့လက်ကျန်တွေက အပြင်ထွက်လာတတ်တယ်၊ တစ်ခုပဲမြင်းပေါ်ရောက်တာမို့ စိတ်လှုပ်ရှားပြီး သူ့ကိုအသေညှစ်ထားတာ၊ ကြာတော့ ဝမ်ရိပေါ် နာလာတယ်။

ဒါပေမဲ့ လုပ်ချင်တာလုပ်လိုက်ရတာမို့ ဝမ်ရိပေါ်ရဲ့ရင်ထဲက မီးတောက်တွေက အတော်အသင့် ငြိမ်းသွားတယ်လို့ ပြောလို့ရပါပြီ၊ ဝမ်ရိပေါ်က တင်ပါးလုံးလုံးလေးကို ကြမ်းတမ်းတဲ့ကြာပွတ်နဲ့ တစ်ချက်ရိုက်လိုက်ပြီး။

"အရမ်းကောင်းနေသလား ချင်ချင်.. မြင်းပေါ်လုပ်ရတာ အဲလောက်တောင် ကြိုက်သလား.."

ဝမ်ရိပေါ်ရဲ့ ခပ်တိုးတိုး ခပ်နိမ့်နိမ့်လေသံက ရူးခါးနေအောင် ရမ္မက်ဆန်တယ်၊ လေပူနဲ့ထိတွေ့သွားတဲ့ ရှောင်းကျန့်နားရွက်ကော ပါးပြင်တွေပါ နီရဲတက်သွားတယ်၊ ရှောင်းကျန့်က ဝမ်ရိပေါ် ထပ်မပြောတော့အောင် တားမြစ်သတိပေးတဲ့သဘောနဲ့ သူ့ရဲ့ကျောက်စိမ်းချောင်းကို အထဲကနေ ညှစ်ပစ်လိုက်တယ်။

ရှောင်းကျန့်တို့ ပြန်အဆင်ပြေသွားကတည်းက ရှောင်းကျန့်က နားလည်သွားတာ၊ ဝမ်ရိပေါ်က ဒီအပိုင်းမှာ အင်မတန်မှ ပါရမီထူးတယ်၊ သင်ယူနိုင်စွမ်းမြင့်မားတယ်၊ အရင်တုန်းကတော့ ရှောင်းကျန့် စနောက်ရင်တောင် ထိတ်ထိတ်လန့်လန့်နဲ့ မျက်နှာကြီးရဲသွားပြီး သူ့ကိုယ်သူ ဖုံးကွယ်ထားတတ်တာ မဟုတ်လား၊ အခုများတော့ ဝမ်ရိပေါ်ကို အရင်လို မစနောက်ရဲသလောက်ပဲ၊ ရှောင်းကျန့်ပြောသမျှကို ဝမ်ရိပေါ်က တစ်ခုမကျန်လုပ်ပြလိမ့်မယ်၊ ဒီနေရာမှာတော့ ရှောင်းကျန့်ကို နည်းနည်းတောင် ညှာမှာမဟုတ်ဘူး။

ဝမ်ရိပေါ်ရဲ့ခါးအောက်ပိုင်းက မီးတောက်နေသလိုပဲ၊ ဦးခေါင်းအရေပြားက သာယာမှုအစုံစုံကြောင့် ထုံကျဉ်နေတယ်၊ ဝမ်ရိပေါ်က ရင်ဘက်ကို နိမ့်ချည်မြင့်ချည်ဖြစ်တဲ့အထိ အသက်ရှူနေရင်း အင်တိုက်အားတိုက် တိုးဝင်တယ်၊ သူ့ရဲ့လက်တွေက ရှောင်းကျန့်ခါးသိမ်သိမ်ကို မြဲမြန်စွာထိန်းထားတယ်၊ ခန္ဓာကိုယ်ချင်း မကွာသွားရအောင် ပူးကပ်ထားတယ်၊ ရှောင်းကျန့်က မြင်းပေါ်မှာ မှောက်ခုံလေး၊ ဝမ်ရိပေါ်က မြင်းပေါ်ထိုင်နေပြီး ခါးကိုလှုပ်နေတာ၊ မြင်းစီးနေတာမှန်ပေမဲ့ မြင်းချည်းပဲစီးနေတာတော့ မဟုတ်ဘူး။

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပိုရှက်အောင်လုပ်ချင်လာတယ်၊ ဝမ်ရိပေါ်က ရှောင်းကျန့်နားရွက်ထဲ လျှာထိုးထည့်ကာ မွှေလိုက်ပြီးမှ လေသံသဲ့သဲ့နဲ့ ပြောတယ်။

"ဧကရီကမြင်းစီး.. ကိုယ်တော်ကဧကရီ့ကိုစီးမယ်"

ပြောပြီးတာနဲ့ ကြာပွတ်နဲ့မြင်းကိုရိုက်ပြီး အရှိန်တင်ပစ်လိုက်တာမို့ မြင်းက တစ်ဟုန်ထိုးပြေးတော့တယ်၊ ရှောင်းကျန့်က ငယ်သံပါအောင်အော်တယ်၊ သူ့ခြေထောက်တွေကထားစရာမရှိဘဲ လေထဲမှာလွင့်နေတယ်၊ မြင်းကို မနည်းကိုင်ထားရတယ်၊ မြင်းခုန်တာကို အားပြုပြီး ဝမ်ရိပေါ်က အပေါ်ကနေလှုပ်ရှားတယ်၊ မြင်းခွာသံ၊ အသားစိုင်တွေ ပွတ်တိုင်သံနဲ့ ညည်းညူသံတွေကြားမှာ အရှိန်ကလဲ ခါတိုင်းထက် နှစ်ဆမြန်သလို ဖြစ်နေတာမို့ ရှောင်းကျန့်ရဲ့ ဂန္ဓမာပွင့်လေး ကြွေလုမတတ်ပါပဲ။

မြင်းမွေးနဲ့ပွတ်တိုက်တာကြာလို့ နာလာပြီဖြစ်တဲ့ ချယ်ရီသီးလေးတွေကို ရှောင်းကျန့်က လက်နဲ့အုပ်ထားဖို့လုပ်တယ်၊ ဒါကိုမြင်လိုက်တဲ့ ဝမ်ရိပေါ်က လက်ဦးမှုယူသွားပြီး ရှောင်းကျန့်ရဲ့ ချယ်ရီသီးလေးတွေကို လိမ်ဆွဲတယ်၊ ရှောင်းကျန့်မှာ ခံနိုင်ရည်မရှိတော့ဘဲ ငိုနေရတယ်။

"Ughh.... မ..မလုပ်ပါနဲ့တော့.. မ..မခံ..နိုင်တော့ဘူး..Ahhhh..aaaa..."

အဲဒီတော့မှ ဝမ်ရိပေါ်က မြင်းဇက်ကြိုးကိုဆွဲပြီး အရှိန်အနည်းငယ်လျှော့ကာ ဖြည်းဖြည်းချင်း နှဲ့သွင်းနေတဲ့အခြေအနေမျိုးရောက်အောင် ဖန်တီးလိုက်တယ်၊ ကျောက်စိမ်းချောင်းကြီးတစ်ခုလုံးက အထဲဝင်ပြီးမွှေနေတာမို့ ရှောင်းကျန့်က ပိုပြီးခံစားလို့ကောင်းသွားတယ်။

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ချယ်ရီသီးလေးတွေကို ဆုပ်နယ်နေရင်း မေးတယ်။

"ကိုယ်တော့်ကို ခွေးပိန်လို ညံ့တယ်ထင်နေသေးလား?"

ဒုက္ခပဲ၊ အကုန်ကြားသွားတာပါလား။

ဝမ်ရိပေါ်က ရှောင်းကျန့်မခံနိုင်တဲ့နေရာတွေးချည်း ရွေးလုပ်တယ်၊ ရှောင်းကျန့်မှာ ဝမ်ရိပေါ်ကို ဘယ်လိုလုပ်ပြီး အာခံရဲပါတော့မလဲ။

"ဟင့်အင်း... ခွေးပိန်မဟုတ်ပါဘူး.. အရှင်က အားလုံးထဲမှာ အင်အားအကြီးဆုံးပါ.. ချင်ချင့်ကို လုပ်တာအတော်ဆုံးပါ.. "

"အားလုံးထဲမှာ?"

ဝမ်ရိပေါ်က အထအနလဲကောက်သေးတာ။

ရှောင်းကျန့်က အော်ငိုနေရင်း။

"မဟုတ်ပါဘူး.. တစ်ယောက်တည်းပါ... အရှင်တစ်ယောက်တည်းပဲရှိတာပါ.. "

အဲဒီတော့မှ ကျေနပ်သွားပြီး ရှောင်းကျန့်ကို သူနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ဆွဲလှည့်လိုက်တယ်။

ဒါပေမဲ့ ဒီအနေအထားက ပိုလို့တောင်အထဲရောက်သွားသေးတယ်၊ မြင်းခုန်လိုက်တိုင်း ရှောင်းကျန့်မှာ အော်ရတယ်၊ ဝမ်ရိပေါ်ကို သိုင်းဖက်ထားရင်း တစ်ကိုယ်လုံးကို တုန်ခါလာတယ်၊ ခံစားရတဲ့သာယာမှုတွေကို ဘယ်လိုဖြေရမှန်းမသိတော့တာမို့ ဝမ်ရိပေါ်ပခုံးကို ကိုက်ထားမိတယ်၊ နာပေမဲ့ ဝမ်ရိပေါ်က ဘာမှမပြောဘူး၊ စိတ်ကောကိုယ်ပါ ပျော်ရွှင်ကျေနပ်မှုကို ခံစားနေတယ်။

ကောင်းလွန်းတယ်၊ သိပ်ကြိုက်တယ်။

အဲဒီနောက်ဆော့ ဝမ်ရိပေါ်က ပခုံးမှာရုံထားတဲ့ အပေါ်ရုံကိုဆွဲယူပြီး ရှောင်းကျန့်ကိုလုံခြုံအောင် ဖုံးလိုက်တယ်၊ အောက်ကရေသံနဲ့ ရှောင်းကျန့်ရဲ့ ကြောင်အော်သလောက် ညည်းညူသံလေးကလွဲရင် ကျန်တာမမြင်ရတော့ဘူး၊ သူတို့ဘာလုပ်နေလဲဆိုတာ ကြည်ရုံနဲ့မသိနိုင်ဘူး။

ရှောင်းကျန့်က အတော်လေးနွမ်းနယ်နေပြီ၊ ဝမ်ရိပေါ်က ရှောင်းကျန့်ကို နမ်းရုံနဲ့တင်အားမရဘူး၊ လျှာဖျားလေးကို ရစ်ပတ်ပြီး အားမလိုအားမရ ကိုက်ခဲသေးတာ၊ နမ်းလို့ဝတော့ ရှောင်းကျန့်ကို မေးတယ်။

"ဘာအမှားလုပ်ထားလဲ သိသွားပြီလား?"

"အွန်း...အမှားလုပ်ထားမိပါတယ်"

"ဘယ်ဟာကမှားတာလဲ?"

"တခြားယောက်ျားတွေကို မကြည့်သင့်ပါဘူး"

"မင်းကဘယ်သူ့အပိုင်လဲ?"

"အရှင့်အပိုင်ပါ"

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းတွေကို ဖိကပ်လာရင်း ဖြေတယ်။

"ဝမ်ရိပေါ်တစ်ယောက်တည်းရဲ့အပိုင်ပါ"

ဝမ်ရိပေါ်လဲ ကျေနပ်သွားပြီး ရှောင်းကျန့်ကို တယုတယနမ်းပေးတယ်၊ မျက်လုံးတွေကတော့ ချုံပုတ်ကိုအကာအကွယ်ယူထားတဲ့ ချောင်းကြည့်သူဆီမှာ ရှိနေတယ်၊ ဝမ်ရိပေါ်ကတော့ စိန်ခေါ်ရင်တိမ်ပေါ်အထိလိုက်ရဲကြောင်းကို မကောင်းဆိုးဝါးဆန်ဆန် လက်တွေ့ပြခဲ့တယ်။

240402 🥹

Continue Reading

You'll Also Like

192K 6.2K 22
Kuzuryu Nao, the 2nd daughter of the head of her clan, is sent to marry the head of the Uchiha clan Uchiha Madara to strengthen the bonds of the two...
5.7K 282 56
Cassie DeMarco is the girl who became abused by her boyfriend, but what happens when she moves with her family to Beacon Hills where she meets Scott...
2.9K 133 17
・゜・♱・゜・ 𝚃𝚑𝚎 𝚋𝚘𝚢𝚜, 𝚝𝚑𝚎 𝚐𝚒𝚛𝚕𝚜, 𝚝𝚑𝚎𝚢 𝚊𝚕𝚕 𝚕𝚒𝚔𝚎 𝙲𝚊𝚛𝚖𝚎𝚗. 𝚂𝚑𝚎 𝚐𝚒𝚟𝚎𝚜 𝚝𝚑𝚎𝚖 𝚋𝚞𝚝𝚝𝚎𝚛𝚏𝚕𝚒𝚎𝚜, 𝚋𝚊𝚝𝚜 �...
608K 37K 101
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...