44

2.8K 427 34
                                    

အပိုင်း။ ၄၄

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၄၄

ဆောင်းဦးရာသီက မြို့တော်ကျင်းလင်ရဲ့ အလှဆုံးအချိန်လို့ ပြောရမယ်၊ အဓိကလမ်းမကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်က သစ်ပင်ကြီးတွေမှာ အဝါရောင်၊ နီညိုရောင် သစ်ရွက်တွေနဲ့ လွမ်းမောဖွယ် ကောင်းလောက်အောင် ဝေဆာနေတယ်၊ လေပွေတစ်ချက် ဝေ့ဝဲသွားတဲ့အချိန်တိုင်း လမ်းမတွေပေါ်မှာ ရွှေရောင်လွှမ်းသွားတတ်တယ်။

မင်ကျောက်က ကုန်သွယ်ရေးကို အဓိကထားတဲ့တိုင်းပြည်ပါ၊ ဈေးသည်တွေနဲ့ အမြဲလို စည်ကားနေတဲ့ လမ်းမကြီးတွေမှာ ပျားရည်မုန့်နံ့ မွှေးပျံ့နေခြင်းက ငြိတွယ်ချင်စရာ ခံစားချက်ကို ပေးတယ်၊ ညပိုင်းတွေမှာတော့ မီးပန်းဗျောက်အိုးသံတွေနဲ့ ဆူညံနေလေ့ရှိတယ်။

လှည်းထဲပြန်ရောက်တဲ့အချိန်မှာတော့ စိတ်ရောကိုယ်ပါနွမ်းနယ်နေတဲ့ ရှောင်းကျန့်က ကူရှင်ပေါ်မှာ ခြေပစ်လက်ပစ် မှီထိုင်လိုက်တယ်၊ လက်ထဲမှာတော့ ဟွာအန်းပေးလိုက်တဲ့ အမွှေးအိတ်ကို ကိုင်ထားတယ်၊ သူဘာတွေးနေလဲဆိုတာ ဘယ်သူမှမသိဘူး။

"ဒါကဘာလဲ?"

ဝမ်ရိပေါ်က ရှောင်းကျန့်အတွက် အခါးရည်ငှဲ့ပေးရင်း မေးလာတယ်၊ ရှောင်းကျန့်က အမွှေးအိတ်ကို ကပျာကယာ အင်္ကျီလက်ထဲ ထိုးထည့်ကာ ဖွက်လိုက်ပြီး။

"ဒီတိုင်း.. လက်ဆောင်ရလာတာပါ"

ဝမ်ရိပေါ်က ရှောင်းကျန့်ကို စောင်းငဲ့ကြည့်လိုက်ပေမဲ့ ဘာမှတော့ ဆက်မမေးပါဘူး၊ ရှောင်းကျန့်မှာတော့ အဲဒီအကြည့်လေး တစ်ချက်နဲ့တင် အပြစ်ရှိသလို ခံစားသွားရတယ်၊ ဒါကြောင့် အနားကပ်လာပြီး ခပ်ချွဲချွဲလေး မေးလိုက်တယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now