အပိုင်း။ ၁၁
တကြုတ်ကြုတ် ဆာလောင်နေတဲ့ဗိုက်ကြောင့် ရှောင်းကျန့်မျက်လုံးတွေ ပွင့်လာတယ်၊ ရေထဲမှာ အချိန်ကြာကြာ ရုန်းကန်ခဲ့ရတဲ့အတွက် နိုးလာတဲ့အချိန်မှာ ရှောင်းကျန့်ရဲ့ခြေတွေလက်တွေက မသယ်ချင်လောက်အောင် တင်းတောင့်နာကျင်နေကြတယ်၊ ပတ်ဝန်းကျင်ကို မျက်စိကစား ကြည့်လိုက်တော့ စွန့်ပစ်ထားတဲ့ ဘုံကျောင်းပျက်တစ်ခုထဲ ရောက်နေမှန်း သိလိုက်တယ်။
ရှောင်းကျန့်အားယူပြီး ထထိုင်လိုက်တယ်၊ သူ့ကို ခေါင်းအုံးဖို့ ပေးထားတာက ချည်သားအဝတ်ဖြူတစ်ထည် ဖြစ်နေတယ်၊ ကောက်ယူပြီး အနံ့ခံ ကြည့်တော့ လတ်ဆတ်တဲ့ စန္ဒကူးနံ့သာ ရနံ့ကို ခံစားလို့ ရနေသေးတယ်။
ရှောင်းကျန့်က အဝတ်အစားကို သေချာပြင်ဝတ်ပြီး အပြင်ထွက်လာတယ်၊ အပြင်ရောက်တော့ လှေကားထစ်တွေရဲ့ အဆုံးမှာထိုင်ပြီး တရားမှတ်နေတဲ့ ဝမ်ရိပေါ်ကို တွေ့လိုက်ရတယ်၊ ယိုယွင်းနေတဲ့ ဘုံးကျောင်းဝင်းထဲက ရုပ်ပွါးတော် အဟောင်းတွေကြားမှာ အလေ့ကျပင်တွေ တောထအောင် ပေါက်နေကြတာ၊ ဝမ်ရိပေါ်ကတော့ နှင်းလိုဖြူတဲ့ဝတ်ရုံကို ဝတ်ထားရင်း တင့်တယ်စွာ ရှိနေတာ။
ရှုပ်ထွေးတဲ့ အခြေအနေမှာ ကြားညပ်ပြီး ဝင်ပါခဲ့ရပေမဲ့ သူ့ပုံစံကတော့ အရာရာအားလုံးကို ဥပေက္ခာပြုထားတဲ့လူလို အေးချမ်းနေတယ်၊ လောကကြီးက ဘယ်လောက်ပဲ ကမောက်ကမ ဖြစ်နေပါစေ၊ သူတစ်ယောက်ကတော့ မယိုင်လဲတဲ့စိတ်နဲ့ စင်ကြယ်နေမဲ့ ဖြစ်တည်မှုမျိုးပဲ။
ဝမ်ရိပေါ်ကို ကြည့်ပြီး ရှောင်းကျန့်စိတ်နှလုံးထဲမှာပါ အေးချမ်းသွားတယ်၊ ရှောင်းကျန့်က အနားကိုလျှောက်သွားပြီး ဘေးမှာ ဆောင့်ကြောင့်လေး ထိုင်ချလိုက်တယ်။
YOU ARE READING
He Dufo [何渡佛] •COMPLETED•
Fanfiction"အမှန်စင်စစ် အတွင်းအထိ ဗလာနတ္ထိ ဖြစ်ရိုးမှန်ရင် ဘယ်လိုကြောင့် ငါ့ကို မကြည့်ဝံ့သလဲ" ⚠️ BJYX, Yizhan, Adventure, Romance, Angst, Historical, Monk and Princess. I do not own this story. Fan translation. All rights reserved to the original author : 橘子...