70

2.1K 548 51
                                    

အပိုင်း။ ၇၀

ရှောင်းကျန့် စကားကြားလိုက်တာနဲ့ လူ၀ကြီးရဲ့ အမျိုးသမီးက ချက်ချင်း ထ,ရပ်ပြီး စားပွဲခုံကို လက်နဲ့ရိုက်လိုက်တယ်၊ အတော်လေး ဒေါသထွက်သွားတာမို့ သူ့မျက်ခုံးသွယ်လေးတွေက တွန့်ချိုးနေတယ်။

"ဘာပြောလိုက်တယ်!"

လူ၀ကြီးက သူ့အမျိုးသမီးရဲ့ပခုံးကို ဖွဖွပုတ်ကာ စိတ်လျှော့ဖို့ အရင်ပြောပြီး ရှောင်းကျန့်ကိုတော့ မျက်ထောင့်နီကြီးနဲ့ ကြည့်လာတယ်။

"မင်းကဘာသိလို့လဲ.. မဟုတ်တာတွေ လျှောက်မပြောနဲ့"

ရှောင်းကျန့်က ဘာမှမတုံ့ပြန်သေးဘဲ သူလေ‌လံအောင်ထားတဲ့ ကျောက်စိမ်းစာမှတ်ကို ဖယောင်းတိုင်မီးနား ကပ်လိုက်တယ်၊ မီးရောင်က ကျောက်စိမ်းစာမှတ်ကို ထိုးဖောက်၀င်လာတယ်၊ သူ့ကျောက်စိမ်းစာမှတ်က ကြည်လင်တောက်ပလွန်းပြီး၊ အလင်းကောင်းကောင်းဖောက်နိုင်တာ တွေ့ရတယ်၊ မီးရောင်အောက်မှာကြည့်ရင်လဲ အတော်လှတယ်။

"ဖူရှီးတောင်ကြားကလုပ်တဲ့ ကျောက်စိမ်းစာမှတ်တွေက ထွင်းလို့လွယ်ကူတဲ့ အဖြူရောင် ကျောက်စိမ်းနဲ့ လုပ်ကြတာ၊ ဒါပေမဲ့ အဲဒီ ကျောက်စိမ်းအဖြူက ရှားတယ်၊ လူတွေက သူ့နေရာမှာ သလင်းစိမ်းကို အစားထိုးပြီး လိမ်ရောင်းတတ်ကြတယ်။

သာမန်အမြင်နဲ့ ကြည့်ရင်တော့ သူတို့က တူညီတယ်လို့ ထင်ရတယ်၊ ဒါပေမဲ့ သဘာ၀ ကျောက်စိမ်းဖြူကို မီးရောင်မှာ ထောင်ကြည့်ရင် အလုံးစုံကြည်လင်မနေဘူး၊ နှင်းပွင့်တွေ ကပ်နေသလို အနယ်လေးတွေ ရှိနေတတ်တယ်။

ရှောင်းကျန့်က လက်ထဲက ကျောက်စိမ်းစာမှတ်ကို မီးရောင်နဲ့ သေချာကပ်ပြလိုက်ပြီး။

"ဒီကျောက်စိမ်းစာမှတ်ကတော့ အထဲမှာ အနယ်အနှစ်မပါဘဲ လုံး၀ကို ကြည်လင်သန့်စင်နေတယ်.. အလေးချိန်ကလဲ နည်းနည်း ပေါ့ရွှတ်ရွှတ်နဲ့.. ဒါကြောင့် ဒါက ကျောက်စိမ်းဖြူထက် သလင်းစိမ်းဖြစ်နိုင်ခြေ ပိုများတယ်"

လူ၀ကြီးမှာ ရှောင်းကျန့်ပြောတာကြားပြီး နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now