89

2.5K 451 47
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၈၉

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၈၉

စစ်ချီတဲ့နေ့ကတော့ ချူရှောင်းမှာ ရှားရှားပါးပါး နေသာတဲ့ရက် ဖြစ်နေခဲ့တယ်။

သိမ်မွေ့စွာ ဖြာဆင်းနေတဲ့ နွေးထွေးတဲ့နေရောင်ခြည်ကြောင့် စစ်သေနာပတိရဲ့သံချပ်ကာ၀တ်စုံက ပိုမိုတောက်ပသွားတယ်၊ ငွေမျှင်ရောင်သံချပ်ကာကို အမည်းရောင် သားမွေး၊ အနီရောင်ပန်းပွါးစတွေနဲ့ တန်ဆာဆင်ထားတယ်၊ သရဖူငယ်လေးကိုတော့ ငွေစင်နဲ့ခတ်ပြီး ရှားပါးတဲ့ ခရမ်းရောင်ကျောက်စိမ်းနဲ့ အလှဆင်ထားတယ်၊ မြင့်မားထွားကျိုင်းတဲ့ အနက်ရောင်မြင်းကြီးက ဟိတ်ဟန်အပြည့်နဲ့ ရပ်စောင့်နေတယ်။

အဲဒါတွေအားလုံးက ဘေးမှာရှိနေတဲ့ အမျိုးသားရဲ့ တောက်ပမှုကိုတော့ မမီကြဘူး၊ သူက အမည်းရောင် ဘရိုကိတ်၀တ်စုံရဲ့လက်တွေကို သေချာစည်းနှောင်ပြီး ၀တ်ထားတယ်၊ ဆံထုံးမထုံးရသေးပေမဲ့ ဖရိုဖရဲပုံပေါက်မနေဘူး၊ လွတ်လွတ်လပ်လပ်နေတတ်တဲ့ လူငယ်လေး တစ်ယောက်ရဲ့ တက်ကြွတဲ့ဟန်ပန်တွေကို မြင်နေရတယ်၊ မျက်နှာသွင်ပြင်ကနုနယ်တယ်၊ မေးဖျားက ဓားတစ်လက်လိုချွန်ပြီး၊ မျက်လုံးတွေက ကြယ်တွေလို တောက်ပတယ်၊ သူက မြင်းပေါ်ကဆင်းပြီး အထဲကို၀င်လာတာ။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now