12

3K 467 32
                                    

အပိုင်း။ ၁၂

အမှန်တော့ ရှောင်းကျန့်ရဲ့အတွေးကို ခန့်မှန်းဖို့ သိပ်မခက်ပါဘူး။

မင်ကျောက်ရဲ့ တော်၀င်မင်းသမီးက ရေထဲပြုတ်ကျပြီး ပျောက်ဆုံးနေတယ်၊ ဒါပေမဲ့ ကမ်းခြေတလျှောက်မှာ ဘယ်စစ်သည်၊ ဘယ်နောက်လိုက်မှ သူ့ကိုလိုက်ရှာနေတာ မတွေ့ရဘူး၊ ဒါကိုကြည့်တာနဲ့တင် သံသယဖြစ်စရာကောင်းနေပြီလေ။

"နောက်ပြီး အရှင်မင်းသမီး ခေါ်လာတဲ့လူတွေထဲမှာ အရှင်မင်းသမီးနဲ့ ရုပ်ချင်းသိပ်ဆင်တဲ့ လူတချို့ ပါနေတယ်"

၀မ်ရိပေါ်နဲ့ရှောင်းကျန့်က စကားတပြောပြောနဲ့ လျှောက်လာတာ၊ ကံကောင်းထောက်မစွာပဲ တစ်ညတာ နားလို့ရမဲ့ ယာတောအိမ်တစ်လုံးကို သွားတွေ့တယ်၊ ကျေးလက်ကလူအများစုက ရိုးသားပြီး သဘောကောင်းကြတယ်၊ အိမ်ရှင်လင်မယားက ရှောင်းကျန့်တို့နားဖို့အတွက် သားဖြစ်သူရဲ့အခန်းကို စိတ်အားထက်သန်စွာနဲ့ ပေးလာတယ်။

ရှောင်းကျန့်က အိပ်ခန်းရဲ့ ဟောင်းနွမ်းနေတဲ့ ဝါညစ်ညစ်နံရံက အပေါက်တွေကို လိုက်ကြည့်ရင်းကနေ ခုံမှာထိုင်နေတဲ့ ဝမ်ရိပေါ်ကို ပြုံးတုံ့တုံ့နဲ့ လှည့်ပြောတယ်။

"မင်းက ပန်ကုန်းရဲ့ခန္ဓာကိုယ်ကို ဒီလောက်တောင် ရင်းနှီးနေတာလား.. ဘာလဲ ခဏခဏ ချောင်းကြည့်ဖူးလို့လား?"

ရှောင်းကျန့်က စနောက်လိုက်တာဆိုပေမဲ့ ၀မ်ရိပေါ်ကတော့ တံတွေးသီးပြီး ချောင်းတွေဆိုးသွားတယ်၊ ခဏကြာမှ ပြန်ချေပနိုင်တယ်။

"အရှင်မင်းသမီးလောက် အရပ်မြင့်တဲ့ မိန်းမပျိုက ရှားတယ်လေ"

ရှောင်းကျန့် အံ့အားသင့်သွားတယ်၊ ဒီဟယ်ရှန်က ရှောင်းကျန့်နဲ့ လိုက်လာပြီးကတည်းက အရင်နဲ့မတူတော့ဘဲ စကားတွေအများကြီး ပြောလာတယ်၊ တစ်ခွန်းနှစ်ခွန်းပြောပြီး ရှောင်းကျန့်ကို ပါးစပ်ပိတ်သွားအောင် လုပ်နိုင်တဲ့နေရာမှာလဲ ထူးချွန်နေသေးတာ။

ရှောင်းကျန့်က ပြုံးတ၀က်နဲ့ ပြန်ပြောလိုက်တယ်။

"သိတာသိပ်များလွန်းတဲ့လူတွေက သက်ဆိုးမရှည်တတ်ဘူး"

He Dufo [何渡佛] •COMPLETED•Where stories live. Discover now