84

2.8K 518 127
                                    

အပိုင်း။ ၈၄

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၈၄

ဒီနေ့ အပြင်မထွက်ခင်လေးမှာ အားကျင်းတင်ပြလာတဲ့ လျှို့ဝှက်အစီရင်ခံစာကို ယွီဝမ်ကျယ် ရုတ်တရက် ပြန်သတိရသွားတယ်။

ချူရှောင်းရဲ့တပ်တွေက နယ်စပ်မှာ အဆင့်သင့်ပြင်ဆင်ပြီး တပ်စွဲထားတဲ့အခြေအနေမှာ ရှိနေကြတယ်၊ စစ်သူကြီးတွေကလဲ စစ်သေနာပတိ ယွီဝမ်ကျယ်ဆီက အမိန့်ပေးလာတာကို စောင့်နေတယ်ဆိုတဲ့အကြောင်း သတင်းပေးပို့လာတာ၊ ယွီဝမ်ကျယ်က လျှို့ဝှက်အစီရင်ခံစာကို မီးရှို့ဖျက်ဆီးပြီး ပြန်လှည့်လာတော့ အားကျင်းက သူ့အရိပ်အကဲကြည့်ပြီးမေးတယ်။

"ဟိုလူကို လွှတ်ပေးလိုက်ရပြီဆိုတော့.. သိပ်မကြာခင်မှာ မင်းသမီး ချူရှောင်းကနေ ထွက်သွားမှာ စိုးရိမ်မိပါတယ် အရှင့်သား.. သူကငယ်သားတို့အတွက် .. လုပ်ပေးပါတော့မလား"

ယွီဝမ်ကျယ်က ဘာမှမတုံ့ပြန်ဘူး။

အဲဒီနောက်တော့ အားကျင်းဆီက စိတ်မကောင်းဖြစ်သလို တီးတိုးပြောသံကို ကြားလိုက်ရတယ်။

"ပြောရရင် သူ့အတွက်အရှင့်သားက.. အဲဒီလူမှ မဟုတ်တာ "

ဟုတ်တယ်၊ ရှောင်းကျန့်အတွက်သူက မျက်နှာတူနေတာပဲ ရှိတာ။

လက်ရှိမှာ ကြေမွသွားတဲ့အဆောင်ကျောက်က ပေးလာတဲ့ ရှတတနာကျင်မှုကလဲ ယွီဝမ်ကျယ်ကို သတိပေးနေတယ်။

သူကဘာကောင်မှမဟုတ်ဘူး။

အများရှေ့မှာ နမ်းဖူးတာတောင်၊ အန္တရာယ်တောထဲကို အတူရောက်ခဲ့ဖူးတာတောင်၊ သူ့ကိုယ်စား နာကျင်ပေးဖူးတာတောင် ရှောင်းကျန့်အတွက်သူက ဘာကောင်မှမဟုတ်ခဲ့ဘူး။

ရှောင်းကျန့်ဆီက ရဖူးတဲ့အပြုံးတွေ၊ အကြင်နာတွေ၊ ကာကွယ်ပေးမှုတွေအားလုံးက ဒီမျက်နှာတစ်ခုကို အရင်းပြုပြီး ရခဲ့တာချည်းပဲ၊ ဒီမျက်နှာအောက်က မကောင်းဆိုးဝါးကိုတော့ ဘယ်သူမှ ချစ်လိမ့်မှာ မဟုတ်ဘူး။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now