47

2.5K 422 56
                                    

အပိုင်း။ ၄၇

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၄၇

ရှောင်းကျန့်မျက်ဝန်းကနေ မျက်ရည်ပူတွေက အေးစက်တဲ့မိုးရေတွေနဲ့အတူ အတားအဆီးမရှိ ပြိုကျလာပြီး ဝမ်ရိပေါ်ရဲ့ပခုံးကို စိုရွှဲသွားစေခဲ့တယ်။

အမှန်တော့ သူ့စိတ်က ဆယ်ကျော်သက်အရွယ်လေးမှာပဲ ရှိသေးတာ၊ ဒါပေမဲ့ ပြန်မှတ်မိလာတဲ့ မှတ်ဥာဏ်တွေထဲက မပြီးဆုံးသေးတဲ့တာ၀န်တွေကို အတင်းအကျပ် လုပ်နေရတယ်၊ ဒီအခိုက်အတန့်မှာ ရင်ထဲမှာနာကျင်ပြီး ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေတာကိုတော့ ဖုံးကွယ်လို့မရနိုင်ဘူး။

မေ့နေလို့သာ မသိတာပါ၊ တကယ်တော့ ရှောင်းကျန့်က ဒီလိုဆိုးရွားလွန်းတဲ့ကိစ္စတွေကို တစ်ယောက်တည်းဖြတ်ကျော်ခဲ့ရပြီး အခုအသက်အရွယ်ထိ နေထိုင်ခဲ့ဖူးတာပဲ၊ အဲဒီအရွယ်ရောက်လာတဲ့အခါမှာကော သည်းခံဖို့ခက်ခဲနေတုန်းလား? ဒါမှမဟုတ် ကြုံရပါများပြီး ထုံသွားသလားဆိုတာကိုတော့  သူ အမှန်တကယ်ပဲ သိချင်မိတယ်။

အခုလက်ရှိမှာ ရှောင်းကျန့်က အရင်လို သန်မာတဲ့လူမဟုတ်သေးလို့ပဲလား ဒါမှမဟုတ် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခံထားရလို့ပဲလားတော့ မသိဘူး၊ ခံစားနေရတဲ့ နာကျင်မှုတွေနဲ့ ဒေါသတွေကို ထိန်းချုပ်နိုင်စွမ်းမဲ့ကုန်တယ်၊ ဒါကြောင့် ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲမှာ မှီတွယ်နေရင်း စိတ်ရှိသလိုငိုချမိတယ်၊ ဒီနေရာလေးမှာတော့ စိတ်တိုင်းကျ ဝမ်းနည်းခွင့်ရှိတယ်၊ ခံစားနေရတဲ့ အပြစ်ရှိစိတ်၊ နာကြည်းချက်နဲ့ မနှစ်မြို့မှုတွေကို မျက်ရည်စက်တွေအဖြစ်ပြောင်းလဲပြီး စီးကျခွင့်ပေးလိုက်လို့ရတယ်၊ သူတို့အားလုံးကို မိုးရွာနေတဲ့ညထဲမှာ ပျော်ဝင်သွားအောင် လုပ်ခွင့်ရှိတယ်လို့ ခံစားနေရတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now