41

2.7K 450 72
                                    

အပိုင်း။ ၄၁

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၄၁

အပြင်ပြန်ထွက်သွားတဲ့ ကျန်းချောင်နင်ရဲ့မျက်နှာက ကြည့်မကောင်းလှဘူး၊ အိပ်ရာထဲရောက်နေတဲ့လူရဲ့မျက်နှာက ပိုတောင်ကြည့်ရဆိုးနေတယ်။

ယာယီနား‌နေတဲ့ တည်းခိုဆောင်ဆိုမှတော့ နန်းတော်ကအဆောင်တွေလောက် အသံမလုံဘူး၊ ဒါပေမဲ့ ကန့်လန့်ကာတွေက ခပ်ပိတ်ပိတ် အ၀တ်သားတွေနဲ့ချုပ်ထားတာမို့၊ အပြင်ကလာတဲ့ ဖယောင်းတိုင်မီးက မှိန်ပျပျပဲ လင်းတယ်။

ရှောင်းကျန့်၀တ်ထားတဲ့ ပိုးသား၀တ်ရုံက အနည်းငယ် ဖရိုဖရဲဖြစ်နေတယ်၊ ဆံနွယ်တွေက ပခုံးပေါ်ကနေကျော်ကာ ၀မ်ရိပေါ် ရင်ဘက်ပေါ်မှာ ပုံကျနေကြတယ်။

ကိုယ်မှာ အ၀တ်အစား အပြည့်အစုံရှိနေပေမဲ့ သူတို့နှစ်ယောက်ရဲ့ လက်ရှိအနေအထားက ဘယ်လိုကြည့်ကြည့် အထင်လွဲစရာကောင်းတယ်၊ အကြောင်းကတော့ ရှောင်းကျန့်ရဲ့လက်တွေက ၀မ်ရိပေါ်ရဲ့အတွင်း၀တ်ရုံအောက်ထဲထိ တိုး၀င်နေပြီး နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ၀မ်ရိပေါ်ရဲ့ရင်ဘက်ပေါ်မှာ ဖိထားတာကြောင့်ပဲ။

၀မ်ရိပေါ်တစ်ကိုယ်လုံး ပူလောင်လာတယ်၊ လက်တွေကို ကူကယ်ရာမဲ့စွာနဲ့ ဘေးတစ်ဖက်တချက်မှာ ချထားတယ်၊ ရှောင်းကျန့်ကတော့ သူ့ပေါ်ကို ပျော်ပျော်ကြီး တက်ဖိိထားတာ၊ သူ့ဆံပင်ဖျားတွေ ၀မ်ရိပေါ်ရဲ့နှာခေါင်းထိပ်မှာ လာထိပြီး ယားယံနေလဲ သူက ဂရုစိုက်တာမဟုတ်ဘူး။

ကျန်းချောင်နင်ရှိတုန်းကတော့ နှစ်ယောက်စလုံးက အသက်ကို ဖွဖွလေးပဲ ရှူရဲကြတယ်၊ အပြင်ပြန်ထွက်သွားသံ ကြားတော့မယ ရှောင်းကျန့်က၀မ်ရိပေါ်ဘက် လှည့်လာပြီး တိုးတိုးလေး ပြောတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now