85

2.3K 491 46
                                    

အပိုင်း။ ၈၅

ယွီဝမ်ကျယ်က ကမ္ဘာပေါ်မှာ စိတ်ပျက်စရာအကောင်းဆုံး ကလေးတစ်ယောက်ပဲ၊ ဒီလိုအမြဲခံစားခဲ့ရတယ်။

သူ့ရဲ့မွေးဖွားလာခြင်းအတွက် ဝမ်းသာပေးမဲ့သူမရှိခဲ့ဘူး၊ အစ်ကိုတော်က သူ့ကိုမုန်းတယ်၊ ခမည်းတော်က သူ့ကိုမကြည်ဖြူဘူး၊ ယုတ်စွအဆုံး သူ့မယ်တော်ကိုယ်တိုင်က သူ့ကို လူ့လောကထဲ ရောက်မလာစေချင်ဘူး။

အစ်ကိုက ထီးနန်းပြိုင်လုမဲ့လူတစ်ယောက်လိုပဲ သဘောထားတယ်၊ သူ့ကိုမွေးရလို့ မယ်တော်နာမကျန်းဖြစ်ရတယ်ဆိုပြီး ခမည်းတော်က သတ်မှတ်တယ်၊ မယ်တော်ကတော့ သူကကံကြမ္မာဆိုးလွန်းပြီး ရှင်သန်ရမဲ့ဘဝက သနားစရာကောင်းလွန်းတယ်လို့ ထင်နေတာ။

စကားနားထောင်ပြီး လိမ်လိမ်မာမာနေပြတာတောင် အချစ်မခံခဲ့ရတဲ့အတွက် ယွီဝမ်ကျယ်ကလဲ သူ့ဘဝကြီးကို စိတ်ပျက်ခဲ့တယ်။

မှတ်မိသလောက် သူ့ကြောင့်ခမည်းတော် ပြုံးဖူးတာ တစ်ကြိမ်တစ်ခါပဲ ရှိခဲ့ဖူးတယ်၊ အဲဒါက သူ့မွေးနေ့မှာမှ ပထမဆုံးတွေ့ဖူးတဲ့ဆရာသခင်က ယွီဝမ်ကျယ်ပခုံးကိုပုတ်ပြီး ပါရမီရှိတဲ့ကလေးဆိုပြီး ချီးကျူးပြောဆိုလိုက်တဲ့ အချိန်ကပါ၊ ခမည်းတော်ပြုံးသွားတာကိုမြင်ရတော့ နောက်ဆုံးတော့ ခမည်းတော်လဲသူ့ကို သဘောကျလာပြီပဲလို့ ယွီဝမ်ကျယ်က ထင်လိုက်မိတာ။

ဆရာသခင်နဲ့အတူ လိုက်သွားခဲ့တုန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ မယ်တော့်ကို လှည့်ကြည့်ပြီး နှုတ်ဆက်ခဲ့တယ်၊ ဒါပေမဲ့ ခမ်းနားတဲ့ ခန်းမကြီးထဲမှာ ထိုင်နေတဲ့မယ်တော်ကတော့ သူ့ကို မျက်ရည်အဝိုင်းသားနဲ့ ကြည့်နေခဲ့တယ်၊ မယ်တော် ဘာလို့ငိုမှန်း ယွီဝမ်ကျယ်နားမလည်ခဲ့ဘူး၊ ယွီဝမ်ကျယ်ကို လွမ်းနေမှာမို့ ငိုနေတာဖြစ်မယ်လို့ပဲ လွယ်လွယ်တွေးခဲ့တယ်။

အစပိုင်းတွေမှာ ယွီဝမ်ကျယ်ကလဲ အိပ်မပျော်နိုင်တဲ့အထိ မယ်တော့်ကို လွမ်းဆွတ်ခဲ့တယ်၊ တောင်ပေါ်က ဘုံကျောင်းမှာနေရတဲ့ဘ၀က အင်မတန်ခက်ခဲတယ်၊ ဒီမှာရှိနေတဲ့ဆရာတူအစ်ကိုအစ်မတွေက မပြုံးမရယ်ကြဘူး၊ တောင်တစ်ခုလုံးက ကြက်သီးထစရာကောင်းလောက်အောင် တိတ်ဆိတ်နေတယ်၊ ညဘက်တိုက်တဲ့လေပြင်းတွေက ငရဲကတက်လာတဲ့ တစ္ဆေအော်သံတွေနဲ့ တူနေတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now