86

2.9K 551 98
                                    

အပိုင်း။ ၈၆

ယွီဝမ်ကျယ်မျက်လုံးတွေမှာ ဝေခွဲမရတဲ့ အရိပ်အငွေ့တွေ ဖုံးလွှမ်းသွားတယ်၊ ပြီးတာနဲ့ ချက်ချင်းမျက်မှောင်ကြုတ်သွားပြီး။

"မင်းသိနေတယ်"

ရှောင်းကျန့် ခေါင်းညိတ်ပြလိုက်တော့ ယွီဝမ်ကျယ်က ထပ်မေးတယ်။

"ဘယ်တုန်းကတည်းက သိနေတာလဲ?"

"သိပ်မကြာခင်တုန်းက"

ယွီဝမ်ကျယ် နှုတ်ခမ်းလွှာတွေကို တင်းတင်းစေ့ထားပြီး ရှောင်းကျန့်ကို ကြည့်တယ်။

"အခုလိုလုပ်ခဲ့တာက သူ့အတွက်ပေါ့ ဟုတ်သလား?"

ရှောင်းကျန့်တစ်ယောက်တည်းကပဲ နှစ်ယောက်ထင်နေတာမဟုတ်ဘူး၊ ဝမ်ရိပေါ်ကိုယ်တိုင်ကပါ နှစ်ခြမ်းကွဲနေတဲ့ပုံ၊ တကယ်တော့ သူတို့ကတစ်ယောက်တည်းပဲလေ၊ ဘာလို့ ရှောင်းကျန့်တို့က ဒီမှာရှိမနေတဲ့ တတိယလူအကြောင်း ဆွေးနွေးနေသလို ဖြစ်နေရတာလဲ။

"အဲဒါက အရေးကြီးလို့လား..ဘယ်သူအတွက်ပဲ လုပ်လုပ် ကိစ္စတွေက ဖြစ်ပြီးသွားပြီ.. မင်းလိုချင်တာလဲ ရသွားပြီ.. ငါတို့ကြားမှာ ဘာမှမရှိတော့ဘူး"

ရှောင်းကျန့်ရဲ့ စကားသံတိုးတိုးက ကိုယ်ပျောက်လက်တစ်စုံလို ယွီဝမ်ကျယ်ရဲ့လည်မျိုကို ညှစ်ထားတယ်၊ ယွီဝမ်ကျယ် တဖြည်းဖြည်း အသက်ရှူရခက်လာတယ်။

"တကယ်လို့ ကိုယ်တော်က ဝမ်ရိပေါ် မဟုတ်ရင်.. မင်းက ကူညီမှာမဟုတ်ဘူးပေါ့"

သူတို့နှစ်ယောက်က အဓိပ္ပါယ်မဲ့တဲ့ အကြောင်းအရာတစ်ခုကို ပြောဆိုနေရသလို ရှောင်းကျန့် ခံစားနေရတယ်။

"ဒါပေမဲ့ မင်းကဝမ်ရိပေါ်လေ.. မင်းမှာ သူ့မှတ်ဉာဏ်တွေမရှိတော့ပေမဲ့ မင်းကသူပဲလေ.. ဒီကိစ္စတွေပြောပြီး ဘာလုပ်မှာလဲ.. သူက မင်းရဲ့တစိတ်တပိုင်း ဖြစ်နေတုန်းပဲ.. ဒီတိုင်းထားလိုက်လို့ မရဘူးလား?"

"ဒီတိုင်းမထားလိုက်နိုင်တာ ကိုယ်တော်မဟုတ်ဘဲ.. မင်းဖြစ်နေတာမဟုတ်ဘူးလား?"

ယွီဝမ်ကျယ်က အစွယ်တွေထုတ်လိုက်ပြီး ဒဏ်ရာဟောင်းကို အတိအကျကိုက်ပစ်တယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now