Extra 1

3.7K 513 174
                                    

အချပ်ပို။ ၁

မြေခွေးမိစ္ဆာလေးရဲ့ကံကြမ္မာ

ထျန်းရှီပထမနှစ်မှာတော့ နှစ်ရာပေါင်းများစွာ သီးခြားစီ အုပ်ချုပ်မင်းလုပ်နေခဲ့ နယ်မြေအားလုံးကို ပြန်လည်စုပေါင်းပြီး အင်ပါယာကြီးတစ်ခု တည်ထောင်ခဲ့တယ်၊ ဧကရာဇ်အသစ် နန်းတက်ပြီးတဲ့နောက်မှာ အင်ပါယာကြီးကို ပေမင်လို့ အမည်ခေါ်တွင်စေတယ်၊ တောင်ပိုင်းရဲ့မြို့တော်ဖြစ်တဲ့ကျင်းလင်ကိုတော့ မင်းနေပြည်တော်အဖြစ် သတ်မှတ်ပြီး စိုးစံတော်မူတယ်၊ နိုင်ငံနှစ်ခုပေါင်းစည်းကာ အတူယှဉ်တွဲနေထိုင်ရင်း သာယာဝပြောတဲ့လောကတစ်ခု ဖန်တီးခဲ့ကြတယ်။

နန်းတက်တက်ချင်း ဧကရာဇ်ထုတ်လိုက်တဲ့ အမိန့်တော်ကတော့ ပေမင်အင်ပါယာမှာ ဧကရာဇ်နဲ့ ဧကရီဟာ လုပ်ပိုင်ခွင့်အာဏာ အတူတူလို့ သတ်မှတ်တယ်၊ နောက်တစ်ခုအနေနဲ့ ဧကရာဇ်က ဧကရီမိဖုရားကလွဲရင် တခြားကိုယ်လုပ်တော် မထားရှိဘူးဆိုပြီး တစ်ချက်လွှတ်အမိန့် ထုတ်ခဲ့တယ်။

ဒီအမိန့်စာထွက်လာတော့ အားလုံးအံ့သြကုန်ကြတယ်၊ ဧကရီဟာ ဧကရာဇ်မင်းမြတ် အိမ်ရှေ့စံမင်းသားဘဝနဲ့ လက်ဆက်ခဲ့တဲ့ ကြင်ရာတော် ဖြစ်တယ်၊ သူက ချူရှောင်းကိုထိမ်းမြားဖို့ အပို့ခံလိုက်ရပြီးနောက် ခင်ပွန်းသည် အိမ်ရှေ့စံကိုယ်စား စစ်တပ်ကိုဦးဆောင်ခဲ့သလို၊ နောက်ဆုံးမှာ မင်းသားတစ်ပါးဆိုတဲ့ သရုပ်မှန်ကိုပါ ပွင့်လင်းစွာဖော်ထုတ်ခဲ့တဲ့ ယခင်မင်ကျောက်ဧကရာဇ်ရဲ့ သမီးတော်ပဲဖြစ်တယ်။

ယောက်ျားတစ်ယောက်က ဘယ်လိုလုပ်ပြီး နိုင်ငံရဲ့မိခင်ဖြစ်လို့ရမလဲ?

ဧကရာဇ်က လက်ရှိထီးနန်းကိုတောင် ပေးခဲ့တာဖြစ်ပေမဲ့ သူကတော့ ဧကရာဇ်နဲ့ ဂုဏ်ရည်တူတဲ့ ဧကရီရာထူးကိုသာ တောင်းဆိုခဲ့တယ်၊ မင်ကျောက်အမတ်တွေကတော့ သဘောကျတယ်၊ ဧကရာဇ်နဲ့ဧကရီက ရာထူးအတူတူပဲမို့ သူတို့အတွက် မျက်နှာငယ်စရာမလိုဘူးလို့ ယူဆကြတယ်၊ ချူရှောင်းဘက်က တချို့အမတ်တွေကတော့ ဆန့်ကျင်ချင်ကြတယ်။

အဲဒီမှာ ဧကရာဇ်က သူတို့ကိုထိမ်းမြားပေးခဲ့တုန်းက ထိပ်ဆုံးကနေ လက်ခုပ်လက်ဝါးတီးခဲ့တာလဲ ဒီအမတ်တွေပဲမို့၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သူ့ကြင်ရာတော်ကိုပဲ ဧကရီအဖြစ်လက်ခံရမယ်လို့ ရာဇသံပေးခဲ့တယ်၊ ဧကရာဇ်စကားက မှန်ကန်နေတာမို့ မကျေနပ်ပေမဲ့လဲ နောက်ဆုံးမှာ အောင့်သက်သက်နဲ့ လက်ခံလိုက်ရတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now