57

3.5K 453 50
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၅၇

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၅၇

၀မ်ရိပေါ်ရင်ခွင်ထဲမှာပဲ ရှောင်းကျန့် အိပ်ပျော်သွားခဲ့တယ်၊ ပြန်နိုးလာတဲ့အချိန်က ညနေခင်း ၃နာရီတောင် ဖြစ်နေပြီ။

ရှောင်းကျန့်နိုးလာတာနဲ့ ကိုယ်လက်သန့်စင်ပြီး အ၀တ်လဲပေးရအောင် ပု၀မ်တို့နှစ်ယောက်က ကော်ရစ်ဒါအပြင်မှာ အဆင်သင့် စောင့်နေကြတယ်၊ သူတို့၀င်လာတော့ ရှောင်းကျန့်က အိပ်ရာပေါ်မှာ ဆန့်ဆန့်ကြီးလှဲနေတုန်း ရှိသေးတယ်၊ လူလာတော့မှ စောင်အတင်းဆွဲခြုံပြီး အနားမကပ်ဖို့ တားမြစ်လိုက်ရတယ်။

ရှောင်းကျန့်ခန္ဓာကိုယ်ပေါ်မှာ ဒီလောက်တောင်  အမှတ်အသားတွေနဲ့ ပွစကြဲနေတာ၊ ဒီလိုပုံစံအတိုင်း သူ့လက်အောက်ငယ်သားတွေကို ပြရမှာ ရှက်တာပေါ့၊ ဒါပေမဲ့ ဟန်ကိုယ့်ဖို့လုပ်ရင်း မေးတယ်။

"သူကော?"

ပု၀မ်က သယ်လာတဲ့၀တ်လဲတော်ကို ချထားလိုက်ပြီး။

"ညတုန်းက အရှင်ပြန်လာတာ နောက်ကျတဲ့အတွက် အိမ်တော်မှာရှိတဲ့ သခင်လေးတွေနဲ့ အပြင်ဧည့်သည်တော်တွေက အရှင့်ကို ဂါရ၀မပြုခဲ့ရဘူး.. ဒါကြောင့် မနက်မိုးလင်းတာနဲ့ မွေးနေ့လက်ဆောင်တွေ သယ်လာပြီး ခန်းမထဲမှာစောင့်နေကြတယ်.. ဒါပေမဲ့ သူတို့ကဆူညံလွန်းတော့ အရှင့်ရဲ့အနားယူချိန်မှာ အနှောင့်အယှက်ဖြစ်သွားမှာကို သာ့ရှီးက စိုးရိမ်တယ်.. ဒါကြောင့် ဖြေရှင်းဖို့ ခန်းမထဲကို ခဏသွားတာပါ"

He Dufo [何渡佛] •COMPLETED•Where stories live. Discover now