ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တ...

By Swae_Nyoe

404K 38.7K 340

ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော် More

Description
Part 1
Part 2
Part 3
Part 4
Part 5
တယ်လီဂရုရရှိကြောင်း ကြေညာချက်
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Notice!!
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
ပေးဂရုလေးမှာ အဆုံးထိပြီးသွားပါကြောင်း
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးပါကြောင်း...
Part 99
Part 100
Part 101
Part 102
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 103
Part 104
Telegram ကို လာခဲ့နော်
Part 105
Part 106
🌅Summer Mood Promotion🌅
Part 107
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️
Completed in Telegram
Part 108

Part 90

2.3K 256 1
By Swae_Nyoe

အပိုင်း (၉၀)

ပိတ်ရက်များသည် အင်တာနက်အသုံးပြုသူ အများဆုံးအချိန်များ ဖြစ်လေသည်။

နောက်တစ်ချက်မှာ ထိုပို့စ်အား တရုတ်ပြည်၏ အကြီးမား အကျယ်ပြန့်ဆုံးသော အတင်းအဖျင်းများ ပြောကြလေ့ရှိသော ဝဘ်ဆိုက်တွင် တင်လိုက်ခြင်း ဖြစ်လေသည်။ ထိုပို့စ်တွင် 'ကျောင်းသားဟောင်း တွေ့ဆုံပွဲ' 'မျက်နှာပျက်သွားအောင် အစော်ကား ခံလိုက်ရခြင်း' 'ကျောင်းရဲ့ အလှလေး' စသည်ဖြင့် စကားစုလေးများ ပါဝင်နေသောကြောင့် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ ထို့ကြောင့် ထိုပိုစ့်ကို တင်လျင်တင်ခြင်းတွင် များစွာသော အင်တာနက် အသုံးပြုသူများ၏ အာရုံစိုက်မှုကို ရရှိလိုက်လေသည်။

အင်တာနက် အသုံးပြုသူများကြောင့်ပင် ထိုပို့စ်သည် ထိပ်ဆုံးနေရာသို့ပင် ရောက်ရှိနေလေသည်။ ထိုပို့စ်သည် ဝဘ်ဆိုက်၏ ပင်မစာမျက်နှာပေါ်တွင် နေရာယူထားသောကြောင့် များစွာသော အင်တာနက် အသုံးပြုသူများက မြင်နိုင်လေသည်။

ပို့စ်၌ ပါဝင်သော အကြောင်းအရာများသည် ရယ်စရာကောင်းပြီး လက်တွေ့ထက် ချဲ့ကား၍ ရေးသားထားခြင်းဖြစ်လေသည်။ ပို့စ်တင်သူသည် အရေးအသားမကောင်းလှသော်လည်း ဇာတ်အိမ်မှာတော့ ဆွဲဆောင်မှုရှိလှလေသည်။

ပို့စ်ထဲမှ ကျောင်းအလှလေးဖြစ်သည့် အမျိုးသမီးဇာတ်ကောင်သည် ချေမိုးနေ၍ သူမ၏ ကြွယ်ဝချမ်းသာမှုများကို ဘက်ပေါင်းစုံမှ ဖော်ထုတ်ပြသခဲ့လေသည်။ ထို့ကြောင့် ထိုပို့စ်ကို ဖတ်ပြီးသော သူများအားလုံးသည် လန်းတန်းတက်ကြွ၍ သက်တောင့်သက်သာဖြစ်မှုကို ခံစားခဲ့ရလေသည်။

[ကျောင်းအလှလေးက မိုက်လိုက်တာနော်... အထက်စီးကနေ အနိုင်ယူလိုက်တာကတော့ ရယ်စရာပဲ။ ငါကတော့ ဒီကြားနေကြဖြစ်တဲ့ စော်ကား အနိုင်ယူလိုက်တဲ့ ဇာတ်အိမ်မျိုးကို သဘောကျတယ်...]

[Dior တံဆိပ်နဲ့ ဝတ်စုံက ယွမ် ၁၂၀၀၀၀ ရှိတယ်။ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ EL ပုလဲအိတ်က ဝယ်ဖို့မလွယ်လှဘူး။ ဒေါက်ဖိနပ်က ယွမ် ၁၀၀၀၀ တန်ကြေးရှိတယ်။ သူတို့တွေအားလုံးက နောက်ဆုံးပေါ်တွေပဲ။ ငါသိချင်တာကလေ ကျောင်းအလှလေးက အိမ်မှာ ​ရွှေတွင်းတွေများ ပိုင်နေသလားပဲနော်...]

[ဟားဟားဟား... ပို့စ်တင်တဲ့သူက ဓာတ်ပုံမရိုက်ထားဘူးလား။ အဲဒီ အံ့သြစရာကောင်းတဲ့ ကျောင်းအလှလေးက ဘယ်လိုပုံစံလဲဆိုတာကို ငါ တကယ်ကိုသိချင်လိုက်တာ...]

[ကျန်တဲ့ ကျောင်းသားဟောင်းအဖွဲ့တွေက ဘယ်လိုတုံ့ပြန်လိုက်လဲဆိုတာကို ငါ အရမ်း သိချင်တာပဲ... ]

[ကျောင်းအလှလေးနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ငါခံစားမိတယ်။ သူမက ချမ်းသာကြွယ်ဝမှုကိုပြသဖို့ ဈေးကြီးတဲ့ အသုံးအဆောင်တွေနဲ့ ဖော်ပြခဲ့တယ်။ အဲဒီတော့ ကိုယ်ပေါ်မှာ နာမည်ကြီးတံဆိပ်တွေ ဝတ်ပြတဲ့ အမျိုးသမီးတစ်ယောက်ထက် ဘာမှပိုမှာမဟုတ်ဘူး...]

[ငါကတော့ ကပ်စေးနှဲတဲ့သူမို့လို့လား မသိဘူး။ ကျောင်းအလှလေးက သူမရဲ့ ချမ်းသာကြွယ်ဝမှုကို ပြသဖို့အတွက် ဒီလိုလုပ်စရာ မလိုဘူးလို့ ထင်တာပဲ...]

[ကျောင်းအလှလေးက သူမရဲ့ ချမ်းသာကြွယ်ဝမှုကို ပြသဖို့အတွက် ဟိုတယ်မှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို လုပ်ပြလိုက်တာပဲ။ OMG!... ဒါတော်တော် လန့်စရာကောင်းတာပဲ...]

[ဟေး... ဒီမှာတစ်ခုခုမှားယွင်းနေတယ်လို့ မင်းတို့ မထင်မိကြဘူးလား။ ဟိုတယ်ကို ဖုန်းဆက်တယ်ဆိုတာက ရင်းနှီးမြှုပ်နှံမှု ပြီးသွားပြီလို့ ဆိုလိုတာမလား။ ဇာတ်လမ်းကြီးက လုပ်ဇာတ်ကြီးလိုပဲ...]

[ဟုတ်တယ် မှန်တယ်... ကားဆရာက မင်းသားလေးနဲ့တူတယ်လို့ ပြောထားတာကတော့ လွန်လွန်းတယ်။ ပို့စ်တင်သူက အရမ်းကို ပိုပြောထားတာပဲ...]

[ဟုတ်တယ်။ ဒါက ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးထားတာပဲ...]

[ပုံလည်းမပါဘူး။ အမှန်တရားလည်း မဟုတ်ဘူး။ မင်းတို့အားလုံး သက်သေရှိမှ ယုံသင့်တယ်...]

[လုပ်ဇာတ် ဟုတ်ဟုတ် မဟုတ်ဟုတ် ဇာတ်လမ်းလေးကတော့ ကောင်းတယ်။ ငါတော့ အရမ်းကြိုက်တယ်...]

[ဇာတ်လမ်းက အမှန်တရား ဟုတ်ဟုတ် မဟုတ်ဟုတ် ဖတ်လို့တော့ ကောင်းပါတယ်။ ငါကတော့ ငွေကြေး ကြွယ်ဝချမ်းသာတဲ့ ကျောင်းအလှလေးကို အရမ်း အားကျတာပဲ...]

[ငါ့မှာ ပိုက်ဆံသာရှိရင် အဲဒီလို နတ်သားလေးနဲ့တူတဲ့ ကားဆရာကို ရှာချင်လိုက်တာ...]

ထိုပို့စ်သည် အလွန်ကို လူကြိုက်များသွားသော်လည်း ဇာတ်လမ်းမှာ ထူးဆန်းလှ၍ ယုံကြည်ဖွယ် မကောင်းပေ။ ပြီးလျှင် မှန်ကန်လောက်သော သက်သေများလည်း မရှိပေ။

ပို့စ်တင်သူသည် အံ့သြဖွယ်ကောင်းလှသော ကျောင်းအလှလေး၏ ဓာတ်ပုံကို တင်ထားလေသည်။

သို့သော် ထိုဓာတ်ပုံမှာ မှုန်ဝါးနေသောကြောင့် မည်သူမျှ မယုံကြည်ကြပေ။

ထို့ကြောင့် ထိုပို့စ်သည် လူကြိုက်အများဆုံး ပုံပြင်ဆယ်ပုဒ်ထဲတွင် တစ်ပုဒ်အဖြစ် ပါဝင်နေလေတော့သည်။

လူတိုင်းမှာ ထိုဇာတ်လမ်းအား လုပ်ကြံဇာတ်လမ်းဟု ယုံကြည်ထားကြသော်လည်း ထိုဇာတ်လမ်းကို နှစ်သက်ကြသူများမှာ များစွာ ရှိနေကြလေသည်။

အန်းရှနှင့် သူမ၏ အတန်းဖော်ဟောင်းများမှာ သူတို့အနေဖြင့် အတင်းအဖျင်းများ တင်ကြလေ့ရှိသော ဝက်ဘ်ဆိုက်တွင် နာမည်ကျော်ကြားနေသည်ကို မသိရှိကြချေ။

သို့သော် သူတို့မှာ အမည်တပ်ထားခံရခြင်းတော့ မရှိကြချေ။

ဟော်စစ်၏ ကားထဲတွင်ထိုင်နေရင်း တစ်ခဏမျှကြာအောင် စကားစမြည်ပြောပြီးနောက်တွင် အန်းရှမှာ ကျောင်းသားဟောင်း တွေ့ဆုံပွဲများ အားလုံးမှာ အတူတူပင်ဖြစ်ကြောင်း နားလည်သွားတော့သည်။

သူမသည် စိတ်ညစ်နေတုန်းပင် ဖြစ်လေသည်။

"မင်းကိုကြည့်ရတာ အဲဒီ အပေါ်စားဆန်တဲ့ ကျောင်းသားဟောင်းတွေနဲ့ ပတ်သက်ပြီး စွဲလမ်းနေပုံရတယ်နော်..."

ဟော်စစ်သည် သရုပ်ဆောင်တစ်ဦး ဖြစ်သည့်အလျောက် အခြားသူများ၏ ခံစားချက် အပြောင်းအလဲကို ကောင်းစွာ အကဲခတ်နိုင်လေသည်။

သို့သော် သူ့အနေဖြင့် ဂရုစိုက်သူများမှာ အကန့်အသတ်တော့ ရှိနေလေသည်။

"ကျွန်မက..."

ဟော်စစ်နှင့် အချိန်တစ်ခုအထိကြာအောင် အတူရှိနေပြီးနောက်တွင် အန်းရှသည် သူ့အား သူမ၏ ဒုတိယမြောက် သူငယ်ချင်းအဖြစ် သတ်မှတ်လိုက်လေသည်။ ထို့ကြောင့် သူမသည် ဆက်လက်၍ ဖုံးကွယ်မနေတော့ပဲ သူမ၏ စကားလုံးများကို ပြောင်းလိုက်ကာ သူမ၏ အတွေးများကို ပြောပြလိုက်လေသည်။ "ကျွန်မက တကယ်တော့ ကျောင်းကို နောက်တစ်ခေါက်သွားရတဲ့ ခံစားချက်ကို တွေ့ကြုံခံစားရချင်တာ။ အတန်းဖော်အသစ်တွေနဲ့ တွေ့ချင်တယ်။ သူငယ်ချင်းအသစ်တွေနဲ့လည်း သိချင်တာ..." အန်းရှသည် သူမ၏ စိတ်ကူးများကို စိတ်ချလက်ချပြောနေရင်းဖြင့် 'နောက်တစ်ဖန်' ဆိုသော စကားလုံးကို သုံးမိသွားလေသည်။

ကျောင်းသွားတက်ခဲ့သူမှာ မူလပိုင်ရှင်သာဖြစ်၍ သူမအနေဖြင့် ကျောင်းမတင်ဖူးသလို ကျောင်းသားဘဝ၏ အတွေ့အကြုံများကို လိုချင်သည်ဟု ပြောဆို၍ မရနိုင်ချေ။

မီးနီချိန်တွင် ဟော်စစ်သည် ကားကိုရပ်လိုက်ကာ အန်းရှအား လှမ်းကြည့်လိုက်လေသည်။ သူမ၏ စိတ်ပျက်နေဟန်ပုံစံကို တွေ့မြင်လိုက်ရသောအခါ ဟော်စစ်၏ မျက်ခုံးများသည် လှုပ်ရှားသွားလေသည်။ ထို ချစ်စဖွယ်ကောင်းလှသော စားဖိုမှူးမလေးသည် သူ့အား စိတ်ဝင်စားဖွယ် ကောင်းစေလေသည်။

သူမသည် မည်သည့်အရာများကို ကြုံတွေ့ခဲ့ရသနည်း။

သူမသည် အဘယ့်ကြောင့်များ သာမန်လူများနှင့် အတွေးမတူညီရသနည်း။

အန်းရှသည် ဟော်စစ်အား ရင်ဖွင့်နေလေသည်။ အန်းရှသည် စကားပြောဆိုရန် လူတစ်ယောက် လိုအပ်နေခြင်း ဖြစ်နိုင်လေသည်။

ထို့ကြောင့် အန်းရှသည် တစ်လမ်းလုံးတွင် စကားများ ပြောဆိုနေခဲ့ပြီး ဟော်စစ်မှာလည်း နားထောင်နေခဲ့လေသည်။

အန်းရှသည် သူမ၏ဥယျာဉ်ကြီးထဲသို့ ပြန်ရောက်သွားသောအခါ သူမ၏ စိတ်အခြေအနေသည် လုံးဝကို တည်ငြိမ်အေးချမ်းသွားပြီး သူမအား ဒေါသထွက်စေခဲ့သောသူများအား မေ့ဖျောက်ထားလိုက်လေသည်။

"ရှရှ... ဘာဖြစ်လို့ အစောကြီးပြန်လာတာလဲ။ ကျောင်းသားဟောင်း တွေ့ဆုံပွဲက ညနေကျမှ ပြီးမှာမဟုတ်ဘူးလား..." အန်းရှသည် အစောကြီး အိမ်ပြန်လာသောကြောင့် အန်းလင်မယားက မေးလိုက်လေသည်။

အန်းရှသည် သူမအနေဖြင့် တွေ့ဆုံပွဲ၌ ကြုံတွေ့ခဲ့သော အခြေအနေများကို အန်းလင်မယားအား မပြောပြလိုသောကြောင့် ဆင်ခြေများစွာပေးရင်း ရှောင်ပြေးနေခဲ့လေသည်။

အန်းရှသည် ထိုလင်မယားအား မလိမ်ညာဖူးပေ။ သူတို့သည် သူမ၏စကားများကို သံသယမဝင်ခဲ့သလို သူမ၏ စိတ်ခံစားချက်များကိုလည်း ရိပ်မိပုံမပေါ်ပေ။

သူမ၏ အိပ်ခန်းထဲသို့ ဝင်လိုက်ပြီးနောက် အန်းရှသည် ထိုဈေးကြီးလှသော အဝတ်အစားများကို ချွတ်လိုက်ကာ လက်ဆောင်ဘူးထဲသို့ ဂရုတစိုက်ဖြင့် ပြန်ထည့်လိုက်လေသည်။

ထိုဝတ်စုံအဖြူလေးကို ကြည့်လိုက်ရင်း အန်းရှသည် သူမ၏ ပရိသတ်တစ်ဦးဖြစ်သည့် ထောင်ချီချီကို တွေးမိလိုက်လေသည်။

သူမသည် ထိုချစ်စဖွယ်ကောင်းလှသော အစားအသောက် နှစ်သက်သူလေးအား သဘောကျလှသောကြောင့် သူမအား Wechat အကောင့်တွင် မိတ်ဖွဲ့လိုက်လေသည်။

သူမသည် အင်တာနက်ပေါ်မှ သုံးစွဲသူတစ်ဦး ဖြစ်နေသော်လည်း အန်းရှသည် ထိုသူအား သူမ၏ တတိယမြောက် သူငယ်ချင်းအဖြစ် သတ်မှတ်ထားလိုက်လေသည်။

ထို့ကြောင့် သူမသည် အင်တာနက်ပေါ်တွင် အဝတ်အစားနှင့် ပတ်သက်၍ အကူအညီတောင်းစဉ်တွင် သူမနှင့် စကားများစွာ ပြောဖြစ်ခဲ့လေသည်။

အန်းရှသည် သူမအား ယုံကြည်လှသောကြောင့် သူမ၏ အဝတ်အစား အရွယ်နှင့် အိမ်လိပ်စာများကိုပါ ပြောပြထားလေသည်။

သို့သော် ထိုပရိသတ်လေးသည် သူမအား ဤမျှလောက် တန်ဖိုးကြီးလှသော ဝတ်စုံအား လက်ဆောင်ပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ထိုပရိသတ်လေးသည် အန်းရှအား သူမကိုယ်သူမ အဝတ်အစား ဒီဇိုင်နာတစ်ဦးဖြစ်ကြောင်း ပြောပြထားလေသည်။ သူမသည် အန်းရှအား အဝတ်အစားနှင့် ပတ်သက်၍ တာဝန်ယူပေးချင်ကြောင်း ပြောခဲ့လေသည်။

အန်းရှသည် သူမအား အိမ်လိပ်စာတောင်းခဲ့သော ပရိသတ်အား မငြင်းဆိုခဲ့မိသည့်အတွက် နောင်တရနေလေသည်။

များစွာ တွေးတောပြီးနောက်တွင် အန်းရှသည် ထိုသူအား ယွမ် ၁၂၀၀၀၀ ပြန်ပေးရန် စဉ်းစားမိသွားတော့သည်။

သို့သော် ပြန်ပေးရန်မှာ ပြဿနာရှိနေလေသည်။

သူမသည် စဉ်းစားနေစဉ်တွင် ဖုန်းဝင်လာခဲ့လေသည်။

သူမသည် တစ်ခဏမျှကြာအောင် နာမည်ကို စဉ်းစားပြီးနောက်တွင် ဖုန်းဖြေဆိုလိုက်လေသည်။

"ဟဲလို ရှရှ..."

"ဟဲလို လင်မေ့ကျွင်း..."

ကျောင်းသားဟောင်း တွေ့ဆုံပွဲတွင် လူပေါင်းများစွ၏ မျက်နှာများသည် အန်းရှအား စိတ်မသက်မသာ ​ဖြစ်စေသော်လည်း ပုံမှန်ကဲ့သို့ ခံစားရသော အတန်းဖော်အချို့လည်း ရှိနေသေးသည်။

ထိုသူများထဲမှ အဆင်အပြေဆုံးတစ်ယောက်မှာ လင်မေ့ကျွင်းပင် ဖြစ်လေသည်။

ထို့ကြောင့် သူမသည် လင်မေ့ကျွင်းနှင့် အတွင်းရေး အချက်အလက်အချို့ကို ဖလှယ်ခဲ့ကြလေသည်။

သူတို့သည် သူငယ်ချင်းများ ဖြစ်မလာနိုင်ကြသော်လည်း အနည်းဆုံးတော့ သူမထံတွင် အတန်းဖော်တစ်ယောက် ရရှိသွားပြီ ဖြစ်လေသည်။

"ရှရှ... နင် ဒေါသထွက်နေလား။ နင် အများကြီး စဉ်းစားနေစရာ မလိုဘူးနော်။ သူတို့က နင့်ကို မနာလိုဖြစ်နေကြတာ..."

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

8.7K 1.2K 14
I Do Not Own This Story and I decided to translate the story cause I just love it . ( Available in both Zawgyi & Unicode Vers ) Original Author is @...
683K 86.4K 200
ခေါင်းစဉ် - သက်တန့်ရောင် မိန်းမပျို (ဘာသာပြန်) မူရင်းခေါင်းစဉ် - Fields of Gold အမျိုးအစား - သဘာဝလွန်၊ စိတ်ကူးယဉ်၊ အချစ်ဇာတ်လမ်း၊ ဘဝအတွေ့အကြုံ အပိုင်...
818K 148K 163
Title - ကောင်းကင်ဘုံသို့ ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်ယှက်ရ။ ကောင်းကင်ဘုံသို့ ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်ယှက်ရ။ Happy Ending Both Zawgyi & Unicod...