Part 103

1K 85 1
                                    

အပိုင်း (၁၀၃)

"ဒါရိုက်တာ... ကျွန်မ မပြောဘူးလား။ ပြိုင်ပွဲဝင်နံပါတ် ၆၆ က ကျိန်းသေပေါက် နာမည်ကြီးမှာပါလို့..."

အစီအစဉ်၏ ဇာတ်ညွှန်းဆရာသည် အင်တာနက်ပေါ်မှ ပြိုင်ပွဲဝင်အကြောင်းအား ကြည့်လိုက်လေသည်။ သူမ၏ ဥဒေါင်းသဖွယ် သရုပ်ဆောင်မှုများသည်ပင် ရှာဖွေမှုအများဆုံး ဖြစ်​နေတော့သည်။

သူ့မကိုယ်သူမတော့ ကောင်းမွန်သော အမြင်ရှိသည်ဟု ထင်လိုက်လေသည်။

စိတ်ထဲတွင်တော့ ထိုမိန်းမငယ်လေးအား ရိုက်ကူးမှုများစွာ ပြုလုပ်ပေးချင်နေတော့သည်။

နှမျောစရာ ကောင်းလှလေသည်။

"ဒါရိုက်တာကြီး... အန်းကို အခုအချိန်ကစပြီးတော့ ပိုပြီး ရိုက်ကူးပေးကြမလား..."

ဇာတ်ညွှန်းဆရာ၏ စိတ်ထဲတွင်တော့ အောင်မြင်ကျော်ကြားမှုနှင့် ငွေကြေးကို မမက်မောသူမှာ မရှိလောက်ဟု တွေးထင်ထားလေသည်။

လူတစ်ယောက်သည် ငွေကြေးပိုင်း ပြည့်စုံနေလျှင်တောင် ထိုသူသည် ငွေကြေးနှင့်ပတ်သက်၍ မုန်းတီးမှုများ မရှိနိုင်ပေ။

"အိုး... မင်း နားမလည်ပါဘူး။ လူတွေက ငါတို့အစီအစဉ်ကို စိတ်မဝင်စားလောက်တော့ဘူးလို့ ထင်တယ်..."

ရွှင်မြူးတက်ကြွနေသော အစီအစဉ်၏ ဇာတ်ညွှန်းဆရာနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင် ဒါရိုက်တာကော်သည် ကူကယ်ရာမဲ့ပုံစံမျိုး ဖြစ်နေလေသည်။

သူသည် ပြိုင်ပွဲဝင်နံပါတ် ၆၆ နှင့် စကားပြောဆိုခဲ့လေသည်။ သူသည် ထိုအကြောင်းနှင့် ပတ်သက်၍ သူမနှင့် စကားပြောဆိုဖူးသော်လည်း သူမသည် ငွေကြေးနှင့် အောင်မြင်မှုများကို အညစ်အကြေးသာသာပင် သဘောထားသူဖြစ်သည်ဟု သဘောပေါက်သွားလေသည်။

သူမသည် ဤအစီအစဉ်သို့ အတွေ့အကြုံယူရန်သာ အမှန်တကယ် လာရောက်ခြင်း ဖြစ်လေသည်။

သူသည် ချမ်းသာသူများ၏လောကကို နားမလည်နိုင်တော့ပေ။

'ပန်းပွင့်လေးတစ်ပွင့် မွေးဖွားခြင်း' သည် အရှိန်အဟုတ်မြင့်မားစွာနှင့် ထုတ်လွှင့်နေလေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Waar verhalen tot leven komen. Ontdek het nu