Part 67

3.4K 334 4
                                    

အပိုင်း (၆၇)

"ညီမလေး... မင်းဒီနေ့ အနုပညာရှင်တွေအတွက် ချက်ပြုတ်ပေးလိုက်တယ်လို့ အမေတို့ဆီကနေ ကြားခဲ့တယ်...။ အန်းသုန်သည် အိမ်သို့ ပြန်ရောက်ရောက်ချင်းတွင် မျက်မှောင်ကြုတ်၍ အန်းရှဆီသို့ လာခဲ့လေသည်။

သူ၏ မျက်လုံးထဲတွင်တော့ သူ၏ ညီမလေးသည် ထိုအနုပညာရှင်များကို ပြုစုပေးနေစရာ မလိုဟု ပြောနေသကဲ့သို့ပင်။

မည်သို့ပင်ဆိုဆို သူတို့သည် ထိုသူများထံမှ ငွေကြေးရရှိရန်မလိုချေ။ ငွေကြေးရရှိစေရန် ချက်ပြုတ်ပေးရခြင်းသည် ပို၍တောင် မလိုအပ်လှသေးချေ။

"အစ်ကို မနက်ဖြန်ကျရင် သူတို့အတွက် စားဖိုမှူးတစ်ယောက် ရှာလိုက်မယ်..."

အစ်ကိုဖြစ်သူသည် သူမအတွက် အလွန်အမင်း စိတ်ဆင်းရဲနေရှာသည်။ သို့သော် သူမသည် ဂရုမစိုက်ဟန်ဖြင့် ပြုံးပြလိုက်လေသည်။ "အစ်ကိုကြီး... ကျွန်မက သူတို့ကို ပိုက်ဆံရဖို့အတွက် ချက်ပြုတ်ပေးလိုက်တာ မဟုတ်ပါဘူး။ အမေနဲ့ အဖေတို့ ဖွင့်ဖို့စီစဉ်ထားတဲ့ တည်းခိုအိမ်အတွက် လူသိအောင် ပံ့ပိုးပေးတဲ့သဘောပါ..."

'ဘဝရဲ့ အနားယူအပန်းဖြေချိန်' အစီအစဉ်သည် နာမည်ကြီး အစီအစဉ် တစ်ခုဖြစ်ပြီး ကြည့်ရှုသူများမှာလည်း မြောက်များစွာ ရှိနေကြလေသည်။

သူတို့၏ တည်းခိုအိမ်သည် ပတ်ဝန်းကျင် သာယာလှပရုံတင်မက အစားအသောက်များမှာလည်း ကောင်းမွန်လှသည် ဟူ၍။

ထို့ကြောင့် သူမသည် တည်းခိုအိမ်ကြီးကို လူသိများစေရန်အတွက် ထိုအစီအစဉ်မှ အနုပညာရှင်များအတွက် အထူးစားဖိုမှူး ပြုလုပ်ပေးခြင်းကို လက်ခံခဲ့ခြင်း ဖြစ်လေသည်။

အန်းသုန်သည် ညီမဖြစ်သူကို ကြည့်လိုက်ကာ သူမသည် မိဘများအတွက် အလွန် စဉ်းစားပေးတတ်သူဖြစ်သည်ဟု တွေးတောနေမိတော့သည်။

"ညီမလေး... တကယ်တော့ မင်းအနေနဲ့ မိဘတွေအတွက် ဒီလိုမျိုး ဂရုစိုက်ပေးနေစရာ မလိုပါဘူး။ မင်းက ငါးနှစ်လုံး အိမ်ပြန်မလာဘဲ မိဘတွေကို လာမတွေ့ခဲ့ဘူးဆိုတာနဲ့ အဲဒါတွေအားလုံးကို တစ်ထိုင်ထဲနဲ့ ပြန်လုပ်ပေးစရာ မလိုပါဘူး..."

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now