Part 57

3.3K 314 1
                                    

"အပိုင်း (၅၇)"

'ဘဝရဲ့ အနားယူအပန်းဖြေချိန်' ရသစုံအစီအစဉ်တွင် ပါဝင်ကြသော အနုပညာရှင်များသည် ကျေးလက်ဒေသမှ လူနေမှုဘဝကို တွေ့ကြုံကြရသည်။ ပါဝင်သူ ဧည့်သည်များသည် အစီအစဉ် တစ်လျှောက်လုံးတွင် အသက်ရှင်နေထိုင်နိုင်ရန် အလုပ်ကြိုးစားကြရလေသည်။

ယခင်က ထိုကဲ့သို့သော ပင်ပန်းဆင်းရဲမှုများကို မခံစားဖူးသော အနုပညာရှင်များသည် ထိုသို့ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ ပင်ပန်းနွမ်းနယ်ကုန်ကြပြီး ရယ်မောခြင်းပင် ခံနေရလေသည်။

ကြည့်ရှုသူများ အနေဖြင့် ထိုအစီအစဉ်မှာ သက်တောင့်သက်သာ ရှိလှသည်ဟု ခံစားကြရပြီး ဤအစီအစဉ်သည်လည်း ပြန်လည် တည်းဖြတ်ထားခြင်း မရှိပေ။ အနုပညာရှင်များကြားတွင် သဟဇာတဖြစ်ကြပြီး ဤအစီအစဉ်သည် စုံတွဲဖန်တီးပေးရခြင်းကိုလည်း နှစ်သက်လေသည်။

ထို့ကြောင့် အစီအစဉ်သည် စိတ်အပန်းပြေစေပြီး တဖြည်းဖြည်းနှင့် ထိပ်တန်းသို့ ရောက်လာ၍ တရုတ်ပြည်တွင် လူကြိုက်အများဆုံး ရသစုံအစီအစဉ် ဖြစ်လာတော့သည်။

ဟော်စစ်မှလွဲ၍ အစီအစဉ်တွင် ပါဝင်ကြသော ဧည့်သည်ငါးဦးသည် ညီညွတ်ကြ၍ အချင်းချင်းလည်း ချစ်ခင်ကြလေသည်။ သူတို့သည် မိသားစုကြီးကဲ့သို့ပင် ဖြစ်နေတော့သည်။

အစီအစဉ်တွင် ပါဝင်သော အစ်ကိုအကြီးဆုံးဖြစ်သူ နာမည်ကြီး ဇာတ်ပို့မင်းသား ဟန်ဖန်ဝမ်ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားလေသည်။ သူသည် အစီအစဉ်တွင် ပါဝင်သူများအားလုံးကို အကြံအစည် တစ်စုံတစ်ရာမရှိဘဲ စောင့်ရှောက် ဂရုစိုက်ပေးလေသည်။

ဟစ်ဟော့အဆိုတော် လီကျစ်ရီသည် ချောမောခန့်ညား၍ ချစ်စဖွယ် အသွင်အပြင်ရှိလေသည်။ သူသည် အလွန်လူကြိုက်များသော ခန့်ညားချောမော၍ တောက်ပနေသူ ဖြစ်သည်။

ယောင်ဝိန်ချောင်သည် အနုပညာမိသားစုမှ ဆင်းသက်လာသူဖြစ်၍ လှပချောမောလေသည်။ သူမသည် အနုပညာ နောက်ခံရှိသော်လည်း ထိုလမ်းကြောင်းကို စွန့်ပယ်၍ ဖက်ရှင်​​လောကသို့ သွားရောက်ရန်သာ ရွေးချယ်ခဲ့လေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now