Part 10

5.1K 545 2
                                    

Unicode
အခန်း ၁၀

သူမသည် ပျော်ပျော်ရွှင်ရွှင် ပြုံးရယ်လို့နေသည်။ သို့သော်လည်း ချန်ရွှယ်မင်သည် အန်းရှက သူမကို စိတ်မပူစေချင်သောကြောင့်သာ ပျော်ရွှင်ချင်ဟန်ဆောင်နေခြင်းဖြစ်သည်ဟု ထင်နေမိသည်။

"အင်း...နင် နောက်ဆုံးတော့ ကွာရှင်းတော့မယ်။ နင် အိမ်ထောင်ပြုရင်တော့ စိုးရိမ်ပူပန်နေရမှာပဲလေ"။ ချန်ရွှယ်မင်သည် အန်းရှ၏ ပုခုံးကို ညင်ညင်သာသာပုတ်၍ နှစ်သိမ့်လိုက်လေသည်။

အန်းရှ၏ အိမ်ထောင်ရေးကို အခြားသူများ မသိလောက်ကြသော်လည်း သူမကတော့ သေသေချာချာ သိနားလည်ထားသူတစ်ယောက် ဖြစ်သည်။

သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်နှစ်သက်ကြသည်ဟု မည်မျှပင်ဆိုစေကာမူ သူမကတော့ ထိုကဲ့သို့ မထင်မိပါ။ သူတို့နှစ်ဦး လက်ထပ်လိုက်ခြင်းမှာလည်း တိုက်ဆိုင်မှု တစ်ခုကြောင့်သာဖြစ်သည်။

လက်ထပ်ပြီးနောက်တွင်လည်း မော့ယွီစန်း၏ အန်းရှအပေါ်တွင်ထားသော ချစ်ခြင်းမေတ္တာကို သူမ မခံစားမိပါ။

အန်းရှ တည်ရှိနေခြင်းကိုပင် ဖော်ပြခြင်းမရှိခဲ့ပါ။

ထို့အပြင် မော့ယွီစန်း၏ လူယုံများနှင့် အခြားသော အပြင်လူများသည်လည်း အန်းရှသည် မော့ယွီစန်း၏ ဇနီးဖြစ်သည်ကိုပင် မသိကြပါ။

အမှန်တကယ်တော့ မော့ယွီစန်းသည် သူ၏ လုပ်ငန်းခွင်နယ်ပယ်အတွင်းသို့ အန်းရှကို တစ်ခါမျှ ချမပြခြင်းပင်ဖြစ်သည်။ မော့ယွီစန်းငည် သူတို့၏သားကိုလည်း အရစ်စတိုခရက်တစ် ကဲ့သို့ ဂုဏ်သရေရှိသူတို့သာ တက်ရောက်ကြသော ကျောင်းသို့ အချိန်ပြည့် တက်ရောက်စေသောကြောင့် အန်းရှသည် အိမ်တွင်သာ တစ်ဦးတည်း ကျန်နေခဲ့ရသည်။ 

ထိုအကြောင်းများကြောင့်ပင် သူမ၏ သူငယ်ချင်း အန်းရှသည် ခင်ပွန်းနှင့်သားကို ဂရုမစိုက်တော့ဘဲ သူမအတွက် ပစ္စည်းများဝယ်ရန်အတွက်ကိုသာ စိတ်ဝင်စားခဲ့တော့သည်။

ဤကွာရှင်းမှုသည် သူမသူငယ်ချင်း၏ အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်တစ်ခုပင် ဖြစ်နေနိုင်သည်လေ။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now