Part 60

3.2K 356 3
                                    

60 01

"အပိုင်း (၆၀)"

'ဘဝရဲ့ အနားယူအပန်းဖြေချိန်' အဖွဲ့သားများသည် တစ်နေ့နေ့တွင် အစီအစဉ်မှ ထိုကဲ့သို့ကိစ္စမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားမိချေ။ သူတို့သည် ဟော်စစ်၏ မျက်နှာပေါ်မှ အပြုံးကို မြင်တွေ့လိုက်ရလေသည်။

အစီအစဉ် အဖွဲ့သားများသည်သာမက ပါဝင်ကြသော အနုပညာရှင်များ အားလုံးသည်လည်း ဟော်စစ်၏ ယခုပုံစံကို မမျှော်လင့်ထားမိခဲ့ချေ။

အထူးသဖြင့် ကျောင်းမီနီဖြစ်လေသည်။

သူသည် ဤအစီအစဉ်တွင် ဟော်စစ်နှင့်အတူတကွ ပါဝင်တင်ဆက်နေသော ကာလတစ်လျှောက်တွင် ဟော်စစ်၏ အပြုံးကို အနည်းငယ်မျှတောင် မမြင်ဖူးချေ။

သူမအနေဖြင့် သူနှင့် ရင်ဆိုင်လိုက်လေတိုင်း သူ့အပေါ်တွင် သူမကပဲ အကြွေးတင်နေသကဲ့သို့ အေးစက်နေသော အမူအယာကိုသာ မြင်တွေ့ခဲ့ရလေသည်။

ယခုအချိန်တွင် ထိုလူသည် သတိပေးချက် တစ်စုံတစ်ရာ မပြုလုပ်လေဘဲ သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် ရုတ်တရက် ကွေးညွတ်တက်သွားလေသည်။

နှလုံးသားထဲမှလာသော ထိုအပြုံးသည် ကျောင်းမီနီ၏ အသည်းနှလုံးကို လှုပ်ရှားသွားစေနိုင်သည်။

သို့သော်...

ဟော်စစ်ကို ပြုံးရယ်သွားစေသူမှာ စားဖိုမှူးအသစ်ဖြစ်သည့် အန်းရှပင် ဖြစ်လေသည်။

ထိုအရာသည် သူမကို အလွန်အမင်း ထိတ်လန့်သွားစေသည်။

ဟော်စစ်၏ တောက်ပနေသော အကြည့်အနောက်သို့လိုက်ကာ ကျောင်းမီနီသည် အန်းရှကို ကြည့်လိုက်လေသည်။

ယခုအချိန်တွင်တော့ သူမသည် ထိုအမျိုးသမီးကို လေးလေးနက်နက် ကြည့်လိုက်ခြင်း ဖြစ်သည်။

သူမအနေဖြင့် လက်သင့်မခံချင်လျှင်တောင် ထိုဧည့်သည်အသစ်လေးသည် လှပသော အသွင်အပြင်ရှိသည်ကိုတော့ ဝန်ခံရမည် ဖြစ်သည်။

သူမ၏ ရုပ်ဆင်းသွင်ပြင်သည် ထူးခြားလှသည်။ လူများအားလုံးသည် ရှင်းမပြနိုင်သော ခံစားချက်တစ်ခုကို သူမထံမှ ရရှိနေလေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now