Part 76

2.9K 355 6
                                    

76 01

အပိုင်း (၇၆)

"ကျားရှု... သား... သား ဘာဖြစ်လို့လဲဟင်..." မော့ကျားရှု၏ မတူကွဲပြားနေသော အပြုအမူများကို တွေ့လိုက်ရသောပခါ ထောင်ကျစ်ရှင်းသည် မသိလိုက်ဘာသာဖြင့် သူမ၏ ​ခြေလှမ်းများကို အနောက်ဆုတ်လိုက်မိလေသည်။

ထိုကဲ့သို့ မဖြစ်နိုင်ပါ။ မော့ကျားရှုဆိုသော ထိုကလေး သူမအနေဖြင့် သူ့အား များစွာ ဂရုစိုက်ပေးမှုများကို သိရှိထားသူ ဖြစ်လေသည်။ ထိုကလေးတွင် ဤကဲ့သို့သော သဘောထားများ မရှိချေ။

"သား တစ်နေရာရာကများ သက်တောင့်သက်သာ မရှိလို့လား..."

ထောင်ကျစ်ရှင်းသည် မော့ကျားရှုမှာ သူမအား ယခုကဲ့သို့ ဆက်ဆံနေရခြင်းမှာ ဖျားနာနေပြီး စိတ်ရှုပ်ထွေးနေခြင်းကြောင့် ဖြစ်မည်ဟု တွေးထင်မိလေသည်။

သို့သော် မော့ကျားရှုသည် သူမ၏ တစ်ဖက်သတ်အတွေးများကို ဖျက်ဆီးပစ်လိုက်လေသည်။ "မဟုတ်ဘူး အန်တီ... ကျွန်တော် နေကောင်းပါတယ်..."

ထိုသို့ ပြောလိုက်ရင်းဖြင့် မော့ကျားရှုသည် အန်းရှအား စေ့စေ့ကြည့်လိုက်လေသည်။

သူ့အနေဖြင့် ယခုကဲ့သို့ ကောင်းမွန်သော အခြေအနေကို မခံစားခဲ့ရဖူးပေ။

"ကျားရှု... သား တစ်ခုခု ဖြစ်နေပါတယ်။ အန်တီ ဆရာဝန်ကို သွားခေါ်လိုက်ဦးမယ်..." ထောင်ကျစ်ရှင်းသည် မော့ကျားရှုအနေဖြင့် ဖျားနာနေသည်ကို သေချာသည်ဟု ခံစားနေရလေသည်။

သို့သော် မော့ကျားရှုသည် စိတ်ထဲတွင် မသက်မသာ ခံစားလာရ၍ ညင်ညင်သာသာ ပြောလိုက်လေသည်။ "အန်တီထောင်... အန်တီက ဒီနေရာမှာ ကျွန်တော့်ကို စိတ်ပူပေးဖို့ အချိန်ရှိနေသေးတယ်ဆိုရင် အန်တီ့ရဲ့ ကလေးနှစ်ယောက်ကိုပဲ သွားပြီး ဂရုစိုက်ပေးလိုက်ပါလား..."

ထောင်ကျားနန်နှင့် ထောင်ကျားချီမှာ သူ့အပေါ်တွင် လွန်စွာမုန်းတီးနေရသော အကြောင်းပြချက်မှာ ထောင်ကျစ်ရှင်း၏ တစ်မူထူးခြားသော အပြုအမူများကြောင့်ပင် ဖြစ်လေသည်။

သို့သော် ဤကိစ္စအတွက်ကြောင့် ထိုမောင်နှမများသည် သူ၏ ပိုင်ဆိုင်မှုများအပေါ်တွင် ထောက်လှမ်းကြံစည်နေစရာ အကြောင်းမရှိပေ။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now