Part 74

3.6K 427 10
                                    

74 01

အပိုင်း (၇၄)

အကယ်၍ သင့်၏ဘဝတွင် ပြုလုပ်ခဲ့ဖူးသော အရူးနှမ်းဆုံးသောအရာကို ပြောပြပါဟု မော့ကျားရှုကို မေးလိုက်မည်ဆိုလျှင်...

မော့ကျားရှုသည် အမြင်များမှောင်မိုက်၍ ကန်းနေခဲ့ခြင်းဖြစ်သည်ဟု သေချာပေါက် ပြန်လည်ဖြေဆိုမည် ဖြစ်လေသည်။ သူသည် ထောင်ကျစ်ရှင်းအား ဆန္ဒရှိစွာဖြင့် အမေအဖြစ် အသိအမှတ်ပြုထားခဲ့ပြီး ထောင်ကျားနန်နှင့် ထောင်ကျားရှုတို့ကိုလည်း ရိူးသားစွာဖြင့် မောင်နှမများကဲ့သို့ သတ်မှတ်ထားခဲ့လေသည်။

အကယ်၍ သင့်အနေဖြင့် နောက်ဆုံးပြုလုပ်ခဲ့သော နောင်တရစရာကိစ္စကို ပြောပြပါဟု မော့ကျားရှုအား မေးလိုက်မည်ဆိုလျှင်...

သူ့အနေဖြင့် ပြန်လည် ဖြေဆိုမည်မှာ...

သူသည် အမေဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေ၍ သူ့အနေဖြင့် နောင်တအရဆုံးကိစ္စမှာလည်း အမေနှင့် ပတ်သက်သော အကြောင်းများပင် ဖြစ်လေသည်။

မော့ကျားရှုအနေဖြင့် နောင်တအရဆုံးကိစ္စမှာ သူ၏အမေမှာ သေလောက်အောင် နာမကျန်းဖြစ်နေချိန်တွင် သူပြောခဲ့သော စကားလုံးများအတွက် ဖြစ်လိမ့်မည်။

ဒါ့အပြင် ထိုအရာသည် အမေဖြစ်သူ၏ အခြေအနေကို ပိုဆိုးသွားစေ၍ နောက်ဆုံးတွင်တော့ သူမသည် ရက်အနည်းငယ်ကြာအောင် ပျောက်ကွယ်သွားတော့လေသည်။

ကံမကောင်းခဲ့သည်က သူသည် ကလေးတစ်ယောက်ဖြစ်သည့်အားလျော်စွာ သူ၏လုပ်ရပ်များသည် မှားယွင်းနေသည်ဟု မခံစားခဲ့ရပေ။

သူသည် ပျော်ရွှင်စွာဖြင့် ထိုအမျိုးသမီးကို သူ၏ အမေအသစ် ဖြစ်လာရန်ကိုသာ စောင့်မျှော်နေခဲ့လေသည်။

ထိုစဉ်အချိန်တုန်းက သူလိုချင်နေသော မိခင်မေတ္တာများကို ထောင်ကျစ်ရှင်းထံမှ ရရှိနိုင်လိမ့်မည်ဟု ရိုးသားစွာ တွေးထင်မိခဲ့လေသည်။

သူသည် ထိုသူများကို မိသားစုကဲ့သို့ ခံစားရသည်ဟု ရူးနှမ်းစွာ တွေးထင်မိခဲ့လေသည်။

သို့သော် အမှန်တရားမှာ...

သူသည် အဖေဖြစ်သူနှင့် တူသောအချက်မှာ လောကကြီးထဲတွင် အတုံးဆုံးသော အရူးများ ဖြစ်နေသည်ပဲ ဖြစ်လိမ့်မည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now