Part 88

2.9K 332 2
                                    

88 01

အပိုင်း (၈၈)

ထိုနည်းလမ်းအားဖြင့် သူမသည် ပိုက်ဆံရှာနိုင်ရုံပင်မကဘဲ သူမ၏ ချမ်းသာကြွယ်ဝမှုများကိုပါ ကြွားဝါပြီးသား ဖြစ်သွားလေသည်။ သူမသည် သူတို့အားလုံးအား သူမအနေဖြင့် အတုများ ဝတ်ဆင်ထားခြင်း မဟုတ်လေဘဲ Brand အစစ်များကိုသာ ဝတ်ဆင်ထားခြင်းဖြစ်ကြောင်း ဖော်ထုတ်ပြလိုက်သလိုပင်။

ဖုန်းခေါ်ဆိုခြင်းအားဖြင့် သူတို့အား သူမမှ အမှန်တရားများပြောဆိုနေသည်ဟု မယုံကြည်ကြပေ။

ဆန့်ကျင်ဘက်အားဖြင့် သူတို့၏ ကျောင်းအလှလေးသည် မာနကြီးတတ်သူဟုသာ ခံစားလိုက်ရလေသည်။

သူမသည် ထိုသူတို့အား တုံးအသူများဟု ထင်မြင်နေရော့သလား။ ဤဟိုတယ်သည် မြို့ထဲတွင် အကောင်းဆုံးဟိုတယ် ဖြစ်လေသည်။ ဤနေရာတွင် ရင်းနှီးမြှုပ်နှံမည်တဲ့လား။ ထိုအရာသည် နောက်ပြောင်လို့ကောင်းသော ကိစ္စတစ်ခု မဟုတ်ပေ။

"ဟားဟား... အန်းရှ... နင် ရူးနေတာလား။ ငါတို့ကို ငတုံးလို့များ ထင်နေတာလား။ ဒီလိုမျိုး အလိမ်အညာကိုတောင် ပြောတယ်ဆိုတော့လေ။ ငါတို့ကို ယုံမယ်များ ထင်နေတာလား။ ငါတကယ် နင့်ကို ဦးညွတ်ချင်လာပြီ..." ချောင်ယွီထုန်သည် လှောင်ပြောင်၍ အော်ဟစ် ရယ်မောနေလေသည်။

အန်းရှကိုကြည့်ကာ သူမသည် သေလောက်အောင် ရယ်မောနေလေသည်။

အခြားသူများသည်လည်း အနည်းငယ် ရယ်မောချင်ကြသော်လည်း ထိန်းထားကြလေသည်။ သို့သော် ချောင်ယွီထုန် ရယ်မောနေသည်ကို တွေ့မြင်လိုက်ကြသောအခါ သူတို့ပါ လိုက်လံ ရယ်မောကြလေသည်။

"ငါတို့ရဲ့ ကျောင်းအလှလေးက အရမ်းကို ချစ်ဖို့ကောင်းတာပဲ..."

"အန်းရှ... နင် ဖုန်းခေါ်လိုက်တာက တကယ့်အစစ်လိုပဲနော်။ နင် အရမ်းတော်တာပဲ..."

အန်းရှသည် အနည်းငယ် ပျင်းရိလာလေသည်။

သူမသည် သူတို့အားလုံးကို လျစ်လျူရှုထားလိုက်ကာ ဖုန်းမျက်နှာပြင်ကို ထောက်၍ သူမ၏အစ်ကိုအား စာတိုတစ်စောင် ပို့လိုက်လေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now