Part 55

3.4K 358 3
                                    

"အပိုင်း (၅၅)"

တစ်လတာ ကြာမြင့်သွားပြီးနောက် ဥယျာဉ်ကြီးသည် များစွာ ပြောင်းလဲသွားလေသည်။

ဥယျာဉ်ကြီး၏ ယခင်အနေအထားသည် ထာဝရ ရှင်သန်သူများ နေထိုင်ရာ အရပ်ကဲ့သို့ လှပနေသည်ဆိုလျှင် ယခုကဲ့သို့ များစွာ ပြောင်းလဲသွားသော ဥယျာဉ်ကြီးသည် သေမျိုးတို့၏ သက်ဝင်လှုပ်ရှားမှု အပြည့်အဝရှိနေသော နယ်မြေကြီးကဲ့သို့ပင်။

သက်ဝင်လှုပ်ရှားနေသော ခံစားချက်မျိုးကို ရရှိနေလေသောကြောင့် ထင်ယောင်ထင်မှားဖြစ်နေသည့် အလှတရာမျိုး မဟုတ်ပေ။

အမြီးအတောင်ကို ဖြန့်ပြနေလေသော မြက်ခင်းစိမ်းပေါ်မှ ဒေါင်းငှက်များ၊ ရေကန်ထဲမှ လှပသော ငန်းများ၊ သစ်တောထဲမှ မြင်းဖြူများ၊ အန်းရှကောက်ယူလာသော ပိုင်ရှင်မဲ့ ခွေးနှင့် ကြောင်များ၊ မဖိတ်ခေါ်ထားသော ငှက်များ... အန်းလင်မယားသည် ထိုအရာများကို ကြည့်ရှုနေလေသည်။

အန်းလင်မယားသည် သူတို့ဖွင့်ထားသည်မှာ တည်းခိုအိမ်မဟုတ်လေဘဲ တိရစ္ဆာန်ဖြစ်နေသည်ဟုပင် ခံစားနေရတော့သည်။

ထိုတိရစ္ဆာန်ကလေးများကြောင့် ဥယျာဉ်ကြီးသည် ပိုမိုလှပ၍ သက်ဝင်လှုပ်ရှားနေလေတော့သည်။

ရှုခင်းကြည့်ရှုရန်နှင့် ကင်မရာများတပ်ဆင်ရန် ကြိုတင် လာရောက်ကြသော အစီအစဉ် ရိုက်ကူးရေးအဖွဲ့သားများသည် ဥယျာဉ်ကြီး၏ အနေအထားကြောင့် အံ့သြသွားကြရလေသည်။

ဒါက ဘယ်လိုတောင် ဒဏ္ဍာရီဆန်လိုက်တဲ့ တိုင်းပြည်မျိုးလဲ။

'ဘဝရဲ့ အနားယူအပန်းဖြေချိန်' အစီအစဉ်ကို အပိုင်းများစွာ ရိုက်ကူးပြီးစီးသွားချိန်တွင် ရိုက်ကူးရေး အဖွဲ့သားများသည် အခက်အခဲများစွာကို တွေ့ကြုံခံစားခဲ့ရပြီး ဖြစ်လေသည်။

သူတို့၏ ရိုက်ကူးရာ ပတ်ဝန်းကျင်သည် ဆိုးဝါးလှပြီး သူတို့တည်းခိုခဲ့ရသည့် နေရာ အခြေအနေသည်လည်း အစီအစဉ်တွင် ပါဝင်သော အနုပညာရှင်များ တည်းခိုရာ အုတ်ကြွပ်ပြားဖြင့် ဆောက်လုပ်ထားသော အိမ်များထက် အခြေအနေ ဆိုးဝါးလှလေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now