Part 32

4.2K 420 3
                                    

32 01

အခန်း (၃၂)

"ဝမ်ဖောင်မိန်သည် တုံ့ဆိုင်းခြင်း မရှိဘဲ ပြောလိုက်လေသည်။ "သေချာပေါက် ပိုက်ဆံပဲပေါ့"။

"အန်တီ...အဲဒါကြောင့် ကျွန်မ ကွာရှင်းလိုက်တာလေ"

"ဟင်...မင်း ဘာပြောလိုက်တာလဲ"

သူမ၏ သမီးဖြစ်သူသည် ယောင်းမကို လှည့်စားနေခြင်းကို တွေ့သောအခါ နံဘေးတွင်ထိုင်နေသော အမျိုးသမီးအန်းသည် မရယ်ဘဲနှင့် မနေနိုင်တော့ချေ။

"ဟားဟား...ရှရှ ဒီကလေးမလေးကတော့.."

"ဟေး..."

ဝမ်ဖောင်မိန်သည် အတူတကွ ရယ်မောနေကြသော သားအမိနှစ်ယောက်ကို ကြည့်လိုက်လေသည်။ သူမသည် ထိုနှစ်ဦးကို စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လျက် မေးလိုက်လေသည်။ "ရှင်တို့နှစ်ယောက် ဘာတွေရယ်နေကြတာလဲ"

"ယောင်းမလေး...ရှရှက ပိုင်ဆိုင်မှုတွေ အများကြီးရလိုက်တယ်။ သူ ဒီတစ်ခေါက်ပြန်လာတာက ကျွန်မနဲ့ သူ့အဖေအတွက် စံအိမ်တစ်လုံး ဝယ်ပေးမလို့လေ။ ကျွန်မရဲ့ အသက် ၅၀ ပြည့်မွေးနေ့အတွက် ကုန်ကျစရိတ်ကိုလည်း ကျွန်မသမီး ပေးဖို့အဆင်ပြေနေပြီလေ။ အဲဒီတော့ ကျွန်မတို့ကို စိတ်မပူလည်း ရပါတယ်"

အမျိုးသမီးအန်းသည် ယောင်းမဖြစ်သူ၏ အနိုင်ယူမှုကို အမြဲခံစားခဲ့ရသူဖြစ်သည်။ ယခုအချိန်တွင်တော့ အခြေအနေများသည် ပြောင်းပြန် ဖြစ်သွားလေပြီဖြစ်သောကြောင့် ခံစားချက်အသစ်ကို ရရှိလိုက်ရသည်။

သို့သော်လည်း သူမသည် တမင်ရည်ရွယ်၍ ပြုလုပ်လိုက်ခြင်း မဟုတ်ဘဲ အမှန်တရားကိုသာ ပြောလိုက်ခြင်းဖြစ်သည်။

"ဟင်...ရှရှက ကွာရှင်းလိုက်တော့ သူ့ရဲ့ချမ်းသာတဲ့ ယောက်ျားဆီက ပိုင်ဆိုင်မှုတွေ အများကြီး ရလိုက်တယ်ပေါ့ ...ဘယ်လောက်တောင်လဲ"

ဝမ်ဖောင်မိန်သည် ပြန်လည်သတိကပ်သွားပြီးနောက် သူမ၏ မျက်လုံးများကို လှန်ကြည့်လိုက်၍ ပိုက်ဆံအကြောင်းကို မေးလေတော့သည်။

ကြွယ်ဝချမ်းသာမှုကို ထုတ်ဖော်မပြောကြားခြင်းအားဖြင့် အန်းမိသားစုသည် စွန့်စားမှု မပြုလုပ်လိုက်ပါ။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Waar verhalen tot leven komen. Ontdek het nu