Part 73

2.9K 356 12
                                    

73 01

"အပိုင်း (၇၃)"

သူမသည် ဘာကိုမျှ သိမထားချေ။ အကြောင်းအရာများအားလုံးသည် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်လေသည်။ သူမသည် ရိုးသားသောသူ ဖြစ်လေသည်။

ကံမကောင်းသည်မှာ အန်းရှသည် မူလပိုင်ရှင် မဟုတ်သော်လည်း ဇာတ်ကြောင်းများကို သိနားလည်ထားသော စာဖတ်သူတစ်ယောက် ဖြစ်နေလေသည်။

ထို့ကြောင့် အမျိုးသမီးဇာတ်ဆောင် ထောင်ကျစ်ရှင်း၏ ခုခံပြောဆိုမှုများသည် လိမ်ညာမှုတစ်ခုသာ ဖြစ်သည်ကို သူမအနေဖြင့် ရှင်းရှင်းလင်းလင်း သိထားလေသည်။

သူသည် မော့ယွီစန်း၏ အခြေအနေ အစစ်အမှန်ကို သိရှိထားပြီး မော့ယွီစန်းပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ကြောင်းကိုလည်း သိရှိထားပြီး ဖြစ်သည်။ သူမသည် တရုတ်ပြည်သို့ ပြန်ရောက်လာသောပခါ မော့ယွီစန်း၏ ကုမ္ပဏီတွင် အလုပ်လုပ်ရန် သွားရောက်ခဲ့ခြင်း ဖြစ်လေသည်။

အန်းရှသည် ထိုကဲ့သို့သော 'ရိုးသား၍' 'ဘာမျှ မသိရှိ' သော အမျိုးသမီးဇာတ်ဆောင်နှင့် ရင်ဆိုင်လိုက်ရသောအခါ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရလေသည်။

သူမသည် ထိုကဲ့သို့ အတူပျော်ရွှင်နေထိုင်သွားကြရန် စီစဉ်ပြီးသားဖြစ်သော အဓိကဇာတ်ဆောင်နှစ်ဦး၏ ဇာတ်လမ်းကြားထဲသို့ ဝင်မပါချင်ပေ။

သူမသည် အသက်ပြင်းပြင်းတစ်ချက်ကို ရှူရှိုက်လိုက်ပြီးနောက် ချန်ရွှယ်မင်ကို တစ်ချက် ကြည့်လိုက်လေသည်။ ယုံကြည်မှုများနှင့် ခွန်းအားများ ပေးနေသော သူမသည် အန်းရှ၏ နံဘေးတွင်ရပ်နေ၍ သူမ ပြောဆိုချင်နေသောပုံစံကို ဖော်ပြနေလေသည်။

ထိုအရာသည် မူလပိုင်ရှင် မသေဆုံးမီက သူမ ပြောချင်နေသော စကားများဖြစ်လေသည်။ သို့သော် သူမသည် ပြောမသွားနိုင်ခဲ့ချေ။

"ထောင်ကျစ်ရှင်း... နင် ပြောပုံအရဆိုရင် နင်က မမှားဘူး။ အားလုံးက ငါ့ အမှားတွေချည်းပဲပေါ့။ ကောင်းပြီလေ... ဒါဆိုရင်လည်း နင်က မော့ယွီစန်းရဲ့ အခြေအနေအစစ်အမှန်ကို မသိခဲ့ဘဲ ငါတို့ အိမ်ထောင်ရေး ကြားထဲကို ဝင်ပါမိတယ်ပဲထား။ အဲဒါဆိုရင် ငါမေးချင်တာက သူက နင့်ကို သဘောကျနေတယ်ဆိုတာကို နင်သိသွားတော့ ဘာဖြစ်လို့ သံသယဖြစ်စရာကိစ္စတွေကို မရှောင်ခဲ့ရတာလဲ..."

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now