Part 92

2.9K 247 1
                                    

အပိုင်း (၉၂)

'ပန်းပွင့်လေးတစ်ပွင့် မွေးဖွားခြင်း' သည် သရုပ်ဆောင်မှုနှင့် ပတ်သက်သော အစီအစဉ်တစ်ခု ဖြစ်လေသည်။

'ပန်းပွင့်လေးတစ်ပွင့် မွေးဖွားခြင်း' အစီအစဉ် ပထမပိုင်း၏ လူကြိုက်များမှုကြောင့် ရွေးချယ်ခံရသော ပါဝင်ယှဉ်ပြိုင်သူ ခြောက်ဦးအနက်မှ နှစ်ဦးသည် နာမည်ကြီးသော အနုပညာရှင်များ ဖြစ်လာကြပြီး ထိုအစီအစဉ်သည်လည်း အရည်အချင်းများ ယှဉ်ပြိုင်ကြသော အစီအစဉ်များကြားတွင် အောင်ပန်းဆင်စေနိုင်ခဲ့လေသည်။

ထိုနှစ်တွင် ဤအစီအစဉ်သည် လူကြည့်အများဆုံး အစီအစဉ်တစ်ခု ဖြစ်လာခဲ့လေသည်။

ဟော်စစ်သည် ထိုအစီအစဉ်အတွက် လူတစ်ယောက်အား ထောက်ခံပေးချင်သော အကြောင်းပြချက်မှာ သူသည် အန်းရှ၏ စိတ်ကူးအိပ်မက်များကို အကောင်အထည် ဖော်ပေးချင်သောကြောင့် ဖြစ်လေသည်။

အန်းရှသည် မတူညီသော ဘဝအခြေအနေများကို တွေ့ကြုံချင်နေသူ ဖြစ်လေသည်။ အန်းရှထံတွင် သရုပ်ဆောင်ခြင်းနှင့် ပတ်သက်သော အရည်အချင်းများ ရှိနေခြင်းကိုလည်း ဟော်စစ်မှ သိရှိထားလေသည်။

အရေးအကြီးဆုံးသော အချက်မှာ အန်းရှသည် ကျောင်းသားဘဝနှင့် ပတ်သက်၍ တမ်းတလွမ်းဆွတ်မှုများ ရှိနေသည်ဟု ပြောဆိုခဲ့ဖူးခြင်း ဖြစ်လေသည်။

ထို့အပြင် 'ပန်းပွင့်လေးတစ်ပွင့် မွေးဖွားခြင်း' အစီအစဉ်သည် ကောလိပ်ဘဝနှင့် သက်ဆိုင်သောအကြောင်း ဖြစ်လေသည်။

ပါဝင် ယှဉ်ပြိုင်သူများအားလုံးသည် ကျောင်းဝတ်စုံများ ဝတ်ဆင်ကြရ၍ တင်းကြပ်သော စည်းကမ်းများရှိနေသည့် ကျောင်းအဆောင်တွင် နေကြရမည် ဖြစ်လေသည်။

"ရှရှ... ငါ မင်းကို ပြောစရာတစ်ခုရှိတယ်..."

အန်းရှသည် ဟော်စစ်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သောအခါ ပန်းများစိုက်ပျိုးထားသော ဖန်လုံအိမ်ထဲသို့ စိတ်တွေဝေစွာဖြင့် ရောက်ရှိလာလေသည်။

နွေဦးရာသီ ဖြစ်သည့်အလျောက် ပန်းများစိုက်ပျိုးထားသော မြင်ကွင်းသည် လွန်စွာ လှပနေတော့သည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now