Part 98

1.5K 121 0
                                    

98 01

အပိုင်း (၉၈)

"ဟင်... ရှင်က အသံတိတ် ပုံစံတူ သရုပ်ဆောင်ရတာမျိုးကို ရွေးချယ်ချင်တာလား။ တကယ်တော့ ရှင်က ကျွမ်းကျင်သူပဲကိုး..."

သူမသည် ထိုကဲ့သို့ တုံ့ပြန်လိုက်ခြင်းမှာ အံ့သြစရာတော့ မရှိပေ။ အမှန်တကယ်မှာ ယှဉ်ပြိုင်မှု သုံးခုထဲတွင် ထိုအမျိုးအစားသည် အခက်ခဲဆုံးဖြစ်လေသည်။

ထိုအရာသည် ဇာတ်လမ်းတစ်ခုလုံးတွင် စကားတစ်ခွန်းမျှ မပြောဆိုရဘဲ ပုံတူသရုပ်ဆောင်ခြင်းမျိုး ဖြစ်လေသည်။

တစ်ခါတစ်ရံတွင် ဇာတ်ကောင်များသည် လူသားများပင်မဟုတ်ဘဲ တိရိစ္ဆာန်များနှင့် အခြား အကောင်များလည်း ဖြစ်နိုင်လေသည်။

ထို့ကြောင့် ထိုဇာတ်ကောင်မျိုးကို ရွေးချယ်ရဲသောသူများသည် သူတို့၏ သရုပ်ဆောင်စွမ်းရည်အပေါ်တွင် ယုံကြည်မှုရှိသော သူများပင် ဖြစ်လေသည်။

"ကျွမ်းကျင်သူတဲ့လား... မဟုတ်ပါဘူး။ ကျွန်မက အခြေခံတောင် ရှိတာမဟုတ်ဘူး..."

သူမသည် လက်ကို အလျင်အမြန် ဝေ့ရမ်းပြလိုက်လေသည်။ သူမသည် မည်သို့သော ကျွမ်းကျင်သူ ဖြစ်နိုင်မည်နည်း။

သူမသည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဟု ထင်မိလေသည်။

တစ်ကိုယ်တော် တင်ဆက်ရမည်ဆိုလျှင် သူမသည် စာသားများကို မှတ်မိနိုင်ရန် အခက်အခဲရှိနိုင်ပြီး ပြင်းပြသော ခံစားချက်များကို ပုံဖော်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူမသည် သူမ မြင်ဖူးသော တိရိစ္ဆာန်တစ်ကောင်၏ ပုံစံအတိုင်း သရုပ်ဆောင်ပြခြင်းသည် သူမအတွက် သင့်တော်မည်ဟု ခံစားရလေသည်။

သို့သော် အိုက်လီလီမှာ အန်းရှ၏ဖြေရှင်းချက်များကို မယုံကြည်လေဘဲ သူမသည် နိမ့်ချတတ်သူဝုသာ ထင်နေလေသည်။

ကျန်ရှိနေသော ဇာတ်ကောင်အများစုသည် ပုံတူကူး သရုပ်ဆောင်မှုများသာ ဖြစ်လေသည်။

သို့သော် အိုက်လီလီမှာ ကံကောင်းသွားလေသည်။ သူမ လိုချင်သော မိန်းမငယ်လေးဇာတ်ကောင်သည် ကျန်ရှိနေသေးလေသည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now