He Dufo [何渡佛] •COMPLETED•

By NTNO1823

296K 45.3K 6.8K

"အမှန်စင်စစ် အတွင်းအထိ ဗလာနတ္ထိ ဖြစ်ရိုးမှန်ရင် ဘယ်လိုကြောင့် ငါ့ကို မကြည့်ဝံ့သလဲ" ⚠️ BJYX, Yizhan, Adventure... More

Warning
1 (Vol 1)
1 (Z)
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31(Vol 2)
32
33
34
35
36
37
38
39
40
41
42
43
43 (Z)
44
45
46
47
48
49
50
51
51 (z)
52
53
54
55
56
57
58
59
60
60 (z)
61
62
63
64 (Vol 3)
65
66
67
68
69
70
71
72
73
74
75
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93 (final)
Extra 1
Extra 2
Extra 3
Extra 4
78 (z)
93 (final) z
Extra 2 (z)
Extra 1 (z)
Extra 3 (z)
Exta 4 (z)

76

2.2K 427 90
By NTNO1823

အပိုင်း။ ၇၆

ရာသီဥတုက ဆိုးသထက် ဆိုးလာတယ်၊ နေ့စဉ်ရက်ဆက် ပြင်းထန်စွာ နှင်းကျနေတဲ့ဒဏ်ကို ရှောင်းကျန့်က ခံနိုင်ရည် မရှိဘူး၊ ဒါကြောင့် အပြင်မထွက်ဘဲ အခန်းထဲမှာပဲ ခွေနေမိတယ်၊ ကျူရှန်းကတော့ သိပ်မကြာခင်မှာပဲ သက်သာလာပြီး အရင်ပုံစံအတိုင်း တက်တက်ကြွကြွ ပြန်ဖြစ်လာတယ်။

ကလေးက ဥာဏ်သိပ်မကောင်းပေမဲ့ ရှောင်းကျန့်က သူ့ကို ကြည့်ရှုပေးနေတဲ့လူမှန်းတော့ သိပုံရတယ်၊ မကြာမကြာ ရှောင်းကျန့်ဆီ လာလည်တတ်တယ်၊ ရှောင်းကျန့် အိပ်နေတာနဲ့ ကြုံရင်လဲ မနှောင့်ယှက်ဘဲ အိပ်ရာစွန်းလေးမှာ ထိုင်ပြီး တစ်ယောက်တည်း ဆော့နေတတ်တယ်။

ဒီနေ့တော့ ယွီ၀မ်ကျယ်ကိုယ်တိုင် ရောက်လာပြီး ရှောင်းကျန့်ကို အိပ်ရာထဲက အတင်းဆွဲထူတယ်၊ ရှောင်းကျန့်က အိပ်မောကျနေတာ၊ အခုက နေ့လားညလား သူမသဲကွဲဘူး၊ အိပ်ချင်မူးတူး မျက်လုံးတွေကို ဖွင့်လိုက်တော့ ယွီ၀မ်ကျယ်မျက်နှာကြီးကို မြင်လိုက်တာမို့ လန့်သွားတယ်၊ အဲဒီနောက်တော့ မျက်တောင် ပုတ်ခတ်ပုတ်ခတ်နဲ့ ယွီ၀မ်ကျယ်ကို ကြည့်နေတယ်။

"နိုးပြီလား?"

ရှောင်းကျန့်က ပွရှုပ်နေတဲ့ ခေါင်းကို လက်နဲ့သပ်လိုက်ပြီး။

"ဘာလုပ်တာလဲ.."

အိပ်ရာနိုးခါစမို့ ရှောင်းကျန့်အသံတွေက ခြောက်ကပ်အက်ကွဲစွာ ထွက်လာတယ်။

"ဒီနေ့ နှစ်သစ်ကူးအကြိုနေ့.. ဒါကြောင့် နန်းတော်မှာ စားသောက်ပွဲကို သွားတက်ရမယ်"

ယွီ၀မ်ကျယ်က လာရင်းကိစ္စကို ပြောပြတယ်။

ရှောင်းကျန့်က ချက်ချင်း စောင်ခြုံထဲ ပြန်၀င်သွားပြီး။

"မသွားဘူး.. အေးတယ်"

ဖြစ်ချင်တော့ အကြောင်းအရင်းနှစ်ခုကြောင့် ရှောင်းကျန့် မငြင်းနိုင်ခဲ့ဘူး၊ ပထမတစ်ခုက ချူရှောင်းနဲ့ မျက်နှာပျက်အောင် လုပ်လို့မရဘူး၊ ဒုတိယတစ်ချက်အနေနဲ့ ဒီအခွင့်အရေးမှာ ယွီ၀မ်ကျယ်ကို မူးအောင်တိုက်ပြီး အရှေ့မျှော်စင်အကြောင်း အစ်အောက်မေးချင်လို့။

ဒီနေ့က ဖြစ်နိုင်ချေ အများကြီးရှိတယ်၊ ဒါကြောင့် အိပ်ရာကထပြီး ပုယွီ ပြင်ဆင်ပေးတာကို ငြိမ်နေလိုက်တယ်၊ အပြင်မသွားခင်မှာ ပုယွီကို မှာခဲ့သေးတာ။

"ဒီညစားပွဲက ဗိုက်ပြည့်မှာမဟုတ်ဘူး.. မင်း ဖက်ထုပ်လုပ်ပြီး စောင့်နေ.. ပန်ကုန်းပြလာရင် စားမယ်..ဂေါ်ဖီနဲ့လုပ်နော်.. ကြက်သွန်မြိတ်မစားဘူး"

ပုယွီက မျက်နှာငယ်လေးနဲ့ ကြည့်လာပြီး။

"အရှင် ငယ်သားက ဖက်ထုပ်မလုပ်တတ်ဘူးလေ"

ချူရှောင်းက နှစ်သစ်ကူးမှာ ဖက်ထုပ်စားတဲ့ ဓလေ့မရှိဘူး၊ ဒါကြောင့် စားဖိုဆောင်ကလဲ ဖက်ထုပ်လုပ်တတ်မှာ မဟုတ်ဘူး။

"ရတဲ့နည်းနဲ့လုပ်ထား"

ရှောင်းကျန့်က လက်မခံသလို ဆက်ပြောတယ်။

"ဖက်ထုပ်မစားဘဲနဲ့ နှစ်သစ်ကို ဘယ်လိုကူးလို့ရမှာလဲ?"

စားသောက်ပွဲကို နန်းတော်ရဲ့ ပင်မခန်းမဆောင်ကြီးမှာ ကျင်းပတာ၊ အပြင်မှာ နှင်းတွေကျပြီး အေးခဲနေပေမဲ့ ခန်းမထဲမှာတော့ နွေးထွေးလင်းထိန်နေတယ်၊ အအေးထဲကလာတာမို့ ရှောင်းကျန့်က တောင့်တင်းနေတဲ့ လက်နှစ်ဖက်ကိုပွတ်ရင်း သက်သာအောင် လုပ်တယ်၊ အဲဒီအချိန်မှာပဲ ယွီ၀မ်ကျယ်က သူ့ရဲ့အပေါ်ထပ်သားမွေး၀တ်ရုံကို ကူညီပြီး ချွတ်ပေးလာတယ်။

လူမြင်ကောင်းအောင် လုပ်နေတာမှန်း ရှောင်းကျန့်လဲသိတာမို့ ယွီ၀မ်ကျယ်ကို တားမနေဘဲ ကြိုးဖြုတ်လို့ လွယ်အောင် လည်ပင်းကိုတောင် မော့ထားပေးလိုက်သေးတယ်။

"အိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးကို ဒီလိုမျိုး ချစ်ချစ်ခင်ခင် မြင်ရတာ မနာလိုဖြစ်မိပါတယ်"

ယွီ၀မ်ကျယ်က ချွတ်လိုက်တဲ့ အပေါ်၀တ်ကို အားကျင်းဘက် လှမ်းပေးလိုက်ပြီး ပြုံးတုံ့တုံ့နဲ့ ပြောတယ်။

"မရီးတော်"

သူတို့နားကို ရောက်လာတဲ့လူက တခြားမဟုတ်ဘူး၊ မင်းသား ၁ ယွီ၀မ်ချန်းရဲ့ ကြင်ယာတော်ချင်ပါပဲ၊ သူက မျိုးရိုးမြင့်မားတဲ့မိသားစုက သမီးပါ၊ စကားအပြောအဆို သိမ်မွေ့တာမို့ ချူရှောင်းကမဟုတ်ဘဲ မင်ကျောက်သူလို့ အထင်မှားစရာရှိတယ်၊ ကြင်ယာတော်ချင်နဲ့ ရှောင်းကျန့်က မကြာခဏဆုံဖူးပြီးသား၊ ဒါပေမဲ့ သူ့ကိုမြင်တိုင်း ရန်ဖေးကို သတိရလာတာမို့ ရှောင်းကျန့်က ဝေးဝေးရှောင်တယ်။

ဒါပေမဲ့ ယဉ်ကျေးမှုအရတော့ ယွီ၀မ်ကျယ် ယူလာတဲ့လက်ဆောင်ကို ကြင်ယာတော်ချင်ကို ပေးလိုက်တယ်၊ ကြင်ယာတော်ချင်က ခပ်ပြုံးပြုံးနဲ့ လက်ခံယူလိုက်ပြီး။

"ဒီနေ့က နှစ်သစ်ကူးအကြိုဆိုတော့ ထုံးစံအရ အစ်မတော်ကမင်းသမီးကို လက်ဆောင်ပေးရမှာလေ"

သူ့စကားဆုံးသွားတာနဲ့ ရံရွေတော်တစ်ယောက်က ဗန်းတစ်ခုကိုင်ပြီး အနားကိုလျှောက်လာတယ်၊ ဗန်းထဲမှာတော့ ပိုးဖဲအနီမှာ နှင်းဆီပန်းပုံပေါင်းများစွာ ရွှေချည်ထိုးထားတဲ့ ၀တ်စုံတစ်စုံ ရှိနေတယ်၊ အဆုပ်လိုက် ပွင့်ဝေနေတဲ့ နှင်းဆီပန်းတွေက ရွှေရောင်တောက်ပပြီး နူးညံ့တဲ့ ပိုးအနီစပေါ်မှာ အသက်၀င်ကာ ကြွတက်နေတယ်။

"ဒါက ချူရှောင်းရိုးရာ၀တ်စုံပါ.. ဒီညက နှစ်သစ်ကူးစားပွဲဆိုတော့ ကံကောင်းအောင် ရိုးရာ၀တ်စုံကို ၀တ်ဆင်ရတယ်.. အိမ်ရှေ့စံမင်းသမီးမှာ ချူရှောင်း၀တ်စုံ မရှိလောက်မှန်းသိတာမို့ အစ်မတော်က ကြိုတင်ပြင်ဆင်လာခဲ့တာ.. စိတ်မရှိဘူးဆိုရင် အတူသွားလဲရအောင်လေ"

ရှောင်းကျန့်စိတ်ရှုပ်ထွေးသွားပြီး လက်ချောင်းထိပ်လေးတွေကို လက်သည်းနဲ့ ဆိတ်လိုက်မိတယ်၊ ကြင်ယာတော််ချင်ရဲ့ ရည်ရွယ်ချက်ကို သူမမှန်းနိုင်ဘူး ဖြစ်သွားတယ်၊ သူတို့ရဲ့ပွဲတော်ရက်တွေမှာ ရိုးရာ၀တ်စုံ မဖြစ်မနေ ၀တ်ရရိုးမှန်ရင် ယွီ၀မ်ကျယ်က မနက်ကတည်းက ရှောင်းကျန့်အတွက် ကြိုပြင်ပေးခဲ့မှာပေါ့။

ကြင်ယာတော််ချင်က ဘာလုပ်ချင်တာလဲ? ရှောင်းကျန့်ကို စမ်းသပ်ချင်တာလား?သူ့ရဲ့လျှို့ဝှက်ချက်ကို ကြင်ယာတော််ချင် ရိပ်မိသွားပြီးလားဆိုတဲ့ သံသယကြောင့် ရှောင်းကျန့်လက်ဖျားတွေ အေးလာတယ်၊ ရုတ်ချည်းဆိုသလိုပဲ ရှောင်းကျန့်လက်ကို နွေးထွေးတဲ့တစ်စုံတရာက ရစ်ပတ်လာတယ်၊ လှည့်ကြည့်လိုက်တော့ ယွီ၀မ်ကျယ်က ရှောင်းကျန့်လက်ကို ထွေးဆုပ်ထားပေးပြီး။

"မရီးတော်ရဲ့စေတနာကို လက်ခံရမှာပေါ့.. လာ..သွားရအောင်လေ"

ရှောင်းကျန့် နည်းနည်းတော့ လန့်လာတယ်၊ ကြင်ယာတော််ချင် အ၀တ်လဲဖို့ ခေါ်လာတဲ့လူတွေက အများကြီးပဲ၊ ဒီဆွေတော်မျိုးတော် တစ်သိုက်နဲ့သာ အတူလဲရရင် ရှောင်းကျန့်ရဲ့ လျှို့ဝှက်ချက်က ဘူးပေါ်သလို ပေါ်သွားမှာလေ၊ ဒါကို သိတာတောင် ယွီ၀မ်ကျယ်က မကူညီဘဲ သူ့ကိုအတင်းသွားခိုင်းနေတယ်။

ဆွဲခေါ်တဲ့နောက်ကို မလိုက်ချင်ဘဲပါသွားတဲ့ ရှောင်းကျန့်ပုံစံက ကြင်စဦးအချိန်မို့ ခင်ပွန်းယောက်ျားနားကနေ မခွါနိုင်တဲ့ ဇနီးအသစ်လေးနဲ့တူနေတယ်၊ ဒီလိုဖြစ်အောင်လဲ ရှောင်းကျန့်က ယွီ၀မ်ကျယ်ကို လှည့်ကြည့်လှည့်ကြည့် လုပ်နေတာလေ။

တကယ်တမ်း ရှောင်းကျန့်က အဝေးကနေပြီး ယွီ၀မ်ကျယ်ကို မျက်လုံးအကြည့်နဲ့ ကျိန်ဆဲနေတဲ့ အဖြစ်မှန်ကိုတော့ ကာယကံရှင်နှစ်ယောက်ပဲ သိကြတာ။

"ကြင်စဦးတွေဆိုတော့ ခဏလေးတောင် မခွဲနိုင်မခွါရက် ဖြစ်နေကြပါလား"

သူတို့ကိုကြည့်ပြီး ဘေးကလူတွေက စနောက်ကုန်တယ်။
ရှောင်းကျန့်မှာ ပတ်၀န်းကျင်ကို အာရုံမထားနိုင်ဘူး၊ ရှေ့မှာကြုံရမဲ့ကိစ္စတွေကို ရင်ဆိုင်ဖို့အတွက် နည်းလမ်းရှာနေရတယ်။

ထင်ထားသလိုပဲ အ၀တ်လဲဖို့ အခန်းကိုရောက်တာနဲ့ ကြင်ယာတော်ချင်က အ၀တ်မလဲရသေးတဲ့ ရှောင်းကျန့်နားကပ်လာပြီး ကူညီပေးဖို့ လုပ်တယ်၊ ရှောင်းကျန့် ငြင်းဆန်ဖို့ လုပ်နေတုန်းမှာပဲ တစ်စုံတယောက်က သူ့ကိုခါးကနေပွေ့ကာ ဆွဲခေါ်တာကို ခံလိုက်ရတယ်။

အနောက်ကနေ လိုက်လာပုံရတဲ့ ယွီ၀မ်ကျယ်က ညစ်ကျယ်ကျယ်ပြုံးနေရင်း ဆိုတယ်။

"အိမ်ရှေ့စံမိဖုရားကို ကူ၀တ်ပေးဖို့ အကူရောက်လာပါပြီ"

ဆွေတော်မျိုးတော်တွေလဲ ပါးစပ်ကို လက်တွေနဲ့အုပ်ပြီး တခစ်ခစ် ရယ်ကုန်ကြတယ်။

တကယ်တော့ သူတို့အားလုံးက သွေးအေးပြီး မျက်နှာတည်တဲ့အိမ်ရှေ့စံကိုပဲ မြင်ဖူးကြတာ၊ ဒါကြောင့် ဇနီးအသစ်လေးနဲ့ မခွဲနိုင်မခွါရက်ဖြစ်နေတဲ့ အိမ်ရှေ့စံက သူတို့အတွက်တော့ ထူးခြားနေတယ်။

ကြင်ယာတော်ချင်ကတော့ မျက်နှာပျက်သွားပြီး။

"ဒါ..ဒါက ထုံးတမ်းနဲ့ မလျော်ညီပါဘူး.. အိမ်ရှေ့စံ.. ဒီအခန်းထဲမှာ အမျိုးသမီးတွေပဲ ရှိနေတာမို့.. အိမ်ရှေ့စံ.."

ရှောင်းကျန့်ခါးပေါ်မှာရှိနေတဲ့ ယွီ၀မ်ကျယ်လက်တွေက ပိုပြီးတင်းကျပ်သွားသလို ခံစားလိုက်ရတယ်၊ အဲဒီနောက်တော့ အေးစက်ပြီး အတက်အကျသိပ်မရှိတဲ့ ယွီ၀မ်ကျယ်ရဲ့ အငြင်းစကားကို ကြားလိုက်ရတယ်။

"သူက ကိုယ်တော့်ရဲ့မိန်းမလေ.. ဘာကို မလျော်ညီတာလဲ?"

ပြောပြီးတာနဲ့ ယွီ၀မ်ကျယ်က ရှောင်းကျန့်ကို အခန်းထဲဆွဲသွင်းပြီး တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်တယ်။

အခန်းထဲ ရောက်ရောက်ချင်းမှာပဲ ရှောင်းကျန့်က ယွီ၀မ်ကျယ်ရဲ့ရင်ဘက်ကို လက်သီးနဲ့ ထိုးပစ်လိုက်တယ်။

"သူသိနေတာလား?"

ထိုးတာခံလိုက်ရပေမဲ့ ယွီ၀မ်ကျယ်က စိတ်မဆိုးဘူး၊ နှုတ််ခမ်းအရှေ့မှာ လက်ညိုးတစ်ချောင်း ထောင်ပြပြီး အခုဘာမှ ဆက်မပြောဖို့ အချက်ပြလိုက်တယ်၊ နောက်တော့ ရှောင်းကျန့်ကို လိုက်ကာအနောက်ထဲ ခေါ်သွားပြီး အ၀တ်အစားတွေ ကမ်းပေးလာတယ်။

"မင်းလဲလိုက်.. ကိုယ်တော်က.. ဒီမှာပဲနေမယ်"

ပြောပြီးတာနဲ့ ရှောင်းကျန့်ကို ကျောခိုင်းပြီး ရပ်နေတယ်။
ရှောင်းကျန့်ကလဲ ၀တ်စုံကိုယူပြီး လဲဖို့လုပ်တယ်၊ အ၀တ်ချွတ်သံတွေ ကြားထဲကနေ ခပ်တိုးတိုး မေးလိုက်တယ်။

"သူဘာလုပ်ချင်တာလို့ မင်းထင်လဲ?"

ယွီ၀မ်ကျယ်က လက်ပိုက်ကာ ကျောခိုင်းထားရင်း။

"မသိသေးဘူး.. ထပ်စောင့်ကြည့်တာပေါ့"

"နှစ်သစ်ကူးနေ့မှာ အေးအေးချမ်းချမ်း မနေကြဘူးလား.. အိမ်ရှေ့စံတို့ချူရှောင်းက အင်မတန်ရှုပ်ထွေးတာပဲ"

ရှောင်းကျန့်က အ၀တ်လဲနေရင်း လှောင်ပြောင်သလို ပြောလာတယ်။

"ဒီထက်ရှုပ်ထွေးတာတွေ ကျန်သေးတယ်"

ယွီ၀မ်ကျယ်ဘက်က တစ်ကိုယ်စာကြားရုံ ရေရွတ်တာကို ရှောင်းကျန့်က မကြားလိုက်တာမို့။

"အမ်?"

ယွီ၀မ်ကျယ်က ပြန်မပြောတော့ဘူး၊ အဲဒီအစား။

"မင်ကျောက်မှာကော.. နှစ်သစ်ကူးရင် ဘာတွေလုပ်ကြသလဲ?"

ရှောင်းကျန့်က ခေါင်းလေးစောင်းသွားတဲ့အထိ စဉ်းစားတယ်၊ တကယ်တော့ မင်ကျောက်ရဲ့နှစ်သစ်ကူးကလဲ မအေးချမ်းလှပါဘူး၊ နှစ်သစ်ကူးပွဲတော်ရောက်တိုင်း ရန်ဖေးနဲ့ ရန်ပွဲတစ်ပွဲတော့ နွှဲရတတ်တာပဲ၊ ဒါပေမဲ့ ခမည်းတော်ကတော့ နှစ်ကူးရောက်တိုင်း သူ့ကို လက်ဆောင်တွေအများကြီးပေးတယ်၊ မီးရှူးမီးပန်းကြည့်ပွဲတွေ လုပ်ပေးတယ်၊ နန်းတော်ကနေထွက်ပြီး ညစျေးမှာ လျှောက်လည်ခွင့်ပေးတယ်။

ဖြစ်ရပ်မှန်တွေ မသိခင်ကာလတွေတုန်းကတော့ ရှောင်းကျန့်ရဲ့ နှစ်သစ်ကူးညတိုင်းက ပျော်စရာကောင်းခဲ့ဖူးတယ်။

ဒါတွေကို ပြန်တွေးမိတော့ ရှောင်းကျန့် ပြုံးမိသွားတယ်။

"မပြီးသေးဘူးလား?"

ရှောင်းကျန့်ဘက်က အသံတိတ်သွားတော့ ယွီ၀မ်ကျယ်က သူ့ကို လှမ်းမေးတယ်။

သူတို့ချူရှောင်းမိန်းမပျိုတွေရဲ့ ရိုးရာ၀တ်စုံက ၀တ်ရခက်တယ်၊ မင်ကျောက်ထက် အလွှာအထပ်တွေများပြီး ရှုပ်ထွေးတယ်၊ ယက်ကန်းကထွက်လာတဲ့လက်ရာက မသပ်ရပ်တဲ့အပြင်၊ တပ်ချင်တဲ့ ရွှေထည်ငွေထည် အဆင်တန်ဆာတွေကို ကြိုးတွေနဲ့ အဆင့်ဆင့်ချည်ပြီး တပ်ရတယ်၊ ပိုလှအောင် ဖဲကြိုးတွေလဲ ထည့်ထားပေးသေးတာ။

ခက်ရတဲ့အထဲ ယွီ၀မ်ကျယ်က လာပြီးလောနေတော့ ရှောင်းကျန့် ပိုစိတ်ရှုပ်ထွေးလာတယ်၊ ကြာနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြင်ယာတော်ချင်နဲ့ ဆွေတော်မျိုးတော်တသိုက် အခန်းထဲ၀င်လာမှာလဲ စိုးရိမ်ရသေးတာ၊ မှန်မှန်ကန်ကန်၀တ်နိုင်ဖို့ အသားထား ကိုယ်ပေါ်မှာ အ၀တ်ကပ်ဖို့တောင် ရှောင်းကျန့် မနည်းကြိုးစားနေရတာ၊ ပြန်ပြောတဲ့အသံကို နားထောင်ရုံနဲ့တင် ဘယ်လောက် စိတ်လှုပ်ရှားကြောင်း ပေါ်လွင်နေတယ်။

"ပန်ကုန်းက အပြစ်တင်မနေနဲ့..ဒီခါးပတ်ကလဲ ဘာလို့ ဒီလောက်တောင် ပတ်ရခက်တာလဲ.. ဘယ်နေရာကို သွားချည်ရမှာလဲ.."

ရှောင်းကျန့်က လုပ်မရတော့ စိတ်ရှုပ်ပြီး ပွစိပွစိပြောနေတာ၊ အဲဒီအချိန်မှာပဲ လက်တစ်စုံက သူ့ခါးပေါ်ရောက်လာတယ်။

"ဒီမှာချည်ရတာ"

အနောက်ကနေ ကပ်ပြောတဲ့အသံ ထွက်လာတော့ ရှောင်းကျန့်ရဲ့ နားရွက်ဖျားလေးတွေက ယားကျိကျိ ဖြစ်သွားခဲ့တယ်၊ ယွီ၀မ်ကျယ်က သူ့ဘက်လှည့်လာပြီး လက်ထဲက ခါးပတ်ကို ဆွဲယူလိုက်တယ်၊ အနောက်မှာကပ်နေတာမို့ ယွီ၀မ်ကျယ် ရှူထုတ်လိုက်တဲ့ လေပူတွေက ရှောင်းကျန့် ကုပ်ပိုးကို တိုးဝှေ့နေကြတယ်၊ အနေခက်တာမို့ ရှောင်ဖို့လုပ်မိတယ်၊ ဒါပေမဲ့ ယွီ၀မ်ကျယ်က ခါးပတ်ကြိုးနေ ဆွဲထားလိုက်ပြီး ရှောင်းကျန့်ကို အနားပြန်ကပ်ခိုင်းတယ်။

"မလှုပ်နဲ့"

ယွီ၀မ်ကျယ်က ခပ်တိုးတိုး ပြောလာတယ်။

သူ့လက်ချောင်းတွေက ခါးပတ်ကို ခါးပေါ်မှာ သေချာနေရာချပေးပြီး အနောက်မှာ ချည်ပေးလိုက်တယ်။

အပေါ်ထပ်စကတ်ကို အပြည့်အစုံ မ၀တ်ရသေးလို့ပဲလားတော့ မသိဘူး၊ ချူရှောင်းရိုးရာ၀တ်စုံက သိပ်ပြီးဣန္ဒြေမရသလို ခံစားရတယ်၊ အပေါ်အင်္ကျီကတိုလွန်းတယ်၊ လွတ်နေတဲ့ခါးနေရာကို နောက်ဆုံးကျမှ ဖဲကြိုးတစ်ခုနဲ့ပဲ ကာရတယ်၊ ၀တ်လို့မပြီးသေးတော့ သေးသွယ်တဲ့ခါးနေရာက လက်ရှိမှာ လေထုနဲ့ တိုက်ရိုက်ထိတွေ့နေတယ်။

ခါးပတ်၀တ်ပေးရတော့ ယွီ၀မ်ကျယ်ရဲ့လက်ချောင်းထိပ်တွေက မရည်ရွယ်ပါပဲ အ၀တ်မဖုံးထားတဲ့ ရှောင်းကျန့်ရဲ့ ခါးကို ပွတ်တိုက်သွားတယ်၊ တစ်နှစ်ပတ်လုံး လက်နက်တွေကိုင်ခဲ့ရတဲ့ လက်ချောင်းထိပ်တွေက သိသိသာသာ ကြမ်းတမ်းတယ်၊ ငှက်တောင်မွေးလို ပျော့ပြောင်းနူးညံ့တဲ့ ခါးအတွင်းသားက ကြမ်းရှရှလက်နဲ့ ပွတ်တိုက်ခံလိုက်ရတော့ ရှောင်းကျန့် ကိုယ်လေးက တုန်ယင်သွားတယ်။

"ကျပ်နေလို့လား?"

ယွီ၀မ်ကျယ်က ခပ်တိုးတိုး မေးပြန်တယ်။

အကြောင်းပြချက်မဲ့စွာ တုန်ယင်သွာခဲ့တဲ့ ရင်ဘက်ကို ရှောင်းကျန့် မသိကျိုးကျွန်ပြုထားပြီး ခေါင်းခါပြလိုက်တယ်။

"အိမ်ရှေ့စံရဲ့..လက်တွေက အေးလို့"

ယွီဝမ်ကျယ်က ဘာမှပြန်မပြောဘူး၊ ဝတ်စုံကို ဆက်ဝတ်ပေးနေတယ်၊ ဒါပေမဲ့ သူ့မျက်လုံးတွေက သေးသွယ်တဲ့ ခါးနေရာကနေ မခွာနိုင်ခဲ့ဘူး။

လှည့်ကြည့်လိုက်တဲ့ တခဏမှာ အလင်းအားနည်းနေတဲ့ အခန်းထဲမှာ မြင်လိုက်ရတဲ့ သွယ်လျလျခါးလေးက ညအမှောင်ထဲမှာ တောက်ပနေတဲ့ ကျောက်စိမ်းအဆင်တန်ဆာလိုပဲ။

ယောကျ်ားတစ်ယောက်ရဲ့ခါးက ဘာလို့များ ဒီလောက်အထိသေးရတာလဲ၊ သူ့လက်တစ်ဖက်နဲ့ ညှစ်လိုက်ရင်တောင် ကျိုးသွားမယ်ထင်တယ်။

ယွီဝမ်ကျယ်ရဲ့ လက်ချောင်းတွေက သူ့အတွေးကို စိုးမိုးနေတဲ့နေရာလေးကို ထိကိုင်ခွင့်ရဖို့အတွက် ခါးပတ်ရဲ့ ရှုပ်ထွေးနေတဲ့ ဇာအနားသတ်တွေ ကြားထဲကို တိုးဝင်သွားတယ်၊ ဒါပေမဲ့ စိုက်ကြည့်နေတဲ့ မျက်လုံးတွေက မှောင်မိုက်သွားပြီး လှုပ်ရှားမှုတွေက ရပ်တန့်သွားတယ်။

အထပ်ထပ် ရှုပ်ထွေးစွာ ယက်လုပ်ထားတဲ့ကြိုးတွေ ရစ်ပတ်နေတဲ့ ခါးသေးသေးမှာ ညိုမည်းစွဲပြီးနောက် ကျန်ရစ်တတ်တဲ့ စိမ်းဝါရောင် အမှတ်အသားတစ်ခု ရှိနေတယ်၊ အရွယ်အစားက သူ့လက်မအရွယ်အစားနဲ့ အတူတူပဲ။

ဒါ..ဒါက ဟိုရက်က ကျန်ခဲ့တာတွေမလား၊ ခါးကို အကြမ်းပတမ်းကိုင်ပြီး မညာမတာလုပ်ခဲ့မိလို့ ကျန်ခဲ့တဲ့ အမှတ်အသားတွေ။

ရှောင်းကျန့် သူအောက်မှာ ရောက်နေတဲ့အချိန်မှာ ယွီဝမ်ကျယ်လဲ အဆိပ်မိသလို ဖြစ်သွားပြီး စိတ်ထဲမှာ ဗလာကျင်းသွားခဲ့တယ်၊ ယွီဝမ်ကျယ်က ရှောင်းကျန့်ကို ခါးကနေ ထိန်းကိုင်ထားရတာကို သဘောကျတယ်၊ ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက ယွီဝမ်ကျယ်အတွက် သီးသန့်လုပ်ထားပေးသလို အံဝင်ခွင်ကျ ဖြစ်နေတယ်၊ ခံစားမှုကအစ ယွီဝမ်ကျယ်အကြိုက်နဲ့ ကွက်တိကျတယ်၊ ရှောင်းကျန့်ကို သူ့အတွက် ဖန်တီးပေးထားတာ၊ ရှောင်းကျန့် ခန္ဓာကိုယ်ကို စူးစမ်းရှာဖွေဖို့ သူ့မှာတာဝန်ရှိနေသလို ခံစားခဲ့ရတယ်။

အဲဒီနေ့က တကယ်ပဲ စိတ်လွတ်သွားတာမို့ နေရာတော်တော်များများ ညိုမည်းစွဲကျန်ခဲ့တာ၊ ဒါပေမဲ့ ဒီနေ့အထိ အကြွင်းအကျန်တွေ ရှိနေလိမ့်မယ်လို့တော့ ယွီဝမ်ကျယ်လဲ မထင်ခဲ့ဘူးပေါ့။

ယွီဝမ်ကျယ်ရဲ့အသံရှူသံက ပြင်းထန်လာတာမို့ ရှောင်းကျန့်တွန့်သွားတယ်။

"ဘာဖြစ်လို့လဲ"

စစ်မြေပြင်မှာ ညွှန်ကြားချက်တွေ မပြတ်ပေးပြီး နိုင်ပွဲတွေယူခဲ့တဲ့ ယွီဝမ်ကျယ်ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဘယ်လိုတုံ့ပြန်ရမှန်းမသိ ဖြစ်သွားတယ်၊ ဒီအတိုင်း မသိချင်ယောင်ဆောင်နေရမှာလား၊ ဒါမှမဟုတ် တောင်းပန်စကား ပြောသင့်လား?

ယွီဝမ်ကျယ်စကားသံက အနည်းငယ် အက်ရှစွာ ထွက်ပေါ်လာတယ်။

"မင်း..မင်းရဲ့ဒီနေရာမှာ ရှိနေသေး.."

ရှောင်းကျန့်မျက်နှာ ဖြန်းခနဲရဲတက်သွားခဲ့တယ်၊ ယွီဝမ်ကျယ် ပြောချင်တာကို ရှောင်းကျန့် သိလိုက်တယ်။

ရှောင်းကျန့်က အသားအရေက ငယ်ငယ်ကတည်းက ဖြူတာ၊ အထူးသဖြင့် နေမထိတဲ့နေရာတွေက နှင်းပွင့်တွေလို နုနယ်တယ်၊ နောက်ပြီး သူ့ရဲ့နာမည်ဂုဏ်သတင်းနဲ့ လိုက်ဖက်အောင် ခန္ဓာကိုယ်တစ်ခုလုံးကို အကောင်းဆုံးအရာတွေနဲ့ ပြုစုခံခဲ့တာမို့ သူ့ရဲ့အရေပြားက ဒဏ်ရာဖြစ်လွယ်တယ်။

ဆေးမိတဲ့ညတုန်းက အာရုံထွေပြားပြီး ယွီဝမ်ကျယ်ကို ဝမ်ရိပေါ်အထင်နဲ့ ဖျားယောင်းခဲ့မိတယ်၊ နိုးလာတော့ မြင်လိုက်ရတဲ့ အမှတ်အသားတွေကိုမြင်ပြီး ညက သူတို့နှစ်ယောက်လုံး ဆာလောင်နေတဲ့သားရဲတွေလို ကြမ်းတမ်းခဲ့မယ်ဆိုကို ခံစားလို့ရနေတယ်၊ တခြားနေရာက အမှတ်တွေက တဖြည်းဖြည်းနဲ့ လျော့ပါးသွားတာတောင် ခါးပေါ်ကတစ်ခုက ကျန်နေတုန်းပဲ။

ညိုမည်းစွဲနေတာဆိုပေမဲ့ မနာတော့ပါဘူး၊ ဒါပေမဲ့ ရှောင်းကျန့်က အသားဖြူတော့ နည်းနည်း ကြည့်ရတာ ကြောက်စရာကောင်းသလို ဖြစ်နေတာ၊ အခုဒါကို ယွီဝမ်ကျယ်မြင်သွားတော့ ရှောင်းကျန့် မျက်နှာပူလာတယ်၊ ယွီဝမ်ကျယ်ကို ကျိန်ဆဲပစ်ချင်ပေမဲ့ တမင်မူပိုပြီး ပြောတဲ့ပုံစံ ပေါက်သွားမှာ စိုးရသေးတယ်၊ နှစ်ယောက်စလုံးက ဖြစ်ပြီးသားကိစ္စကို ပြန်မပြောဖြစ်ဘဲ မေ့ထားရာကနေ အခုလို ရုတ်တရက်ကြီး ထ,ပြောလိုက်တာက အတော်လေးကို နေရခက်သွားစေတယ်။

ယွီဝမ်ကျယ်က တံတွေးမြိုချမိပြီး ရှောင်းကျန့်ရဲ့ ကျောပြင်ကို ဖိကပ်လိုက်တယ်၊ ရှောင်းကျန့်က ယွီဝမ်ကျယ်ရင်ခွင်ထဲ ရောက်သွားတာမို့ နွေးသွားတယ်၊ အဲဒီနောက်တော့ ပိုမိုအက်ကွဲသွားတဲ့ ယွီဝမ်ကျယ်စကားသံ ထွက်ပေါ်လာတယ်။

"အဲဒီနေ့ကအတွက်..ကိုယ်..ကိုယ်တော်"

တောင်းပန်စကား ပြောချင်ပေမဲ့ စကားလုံးတွေက လည်ချောင်းဝမှာ တစ်ဆို့နေတယ်။

ရှောင်းကျန့်ကလဲ သူပြောတာကို မစောင့်ဘဲ ပြန်ရုန်းထွက်လိုက်ပြီး ယွီဝမ်ကျယ်လက်ထဲက ဖဲကြိုးကိုဆွဲယူတယ်၊ အဲဒီနောက်တော့ ယွီဝမ်ကျယ်ကို မကြည့်ဘဲ အောက်ငုံ့ပြီး ဖဲကြိုးချည်နေရင်း ခပ်တိုးတိုး ပြန်ပြောလာတယ်။

"အိမ်ရှေ့စံက ဘာမှတောင်းပန်စရာမလိုဘူး.. အဲဒီညကကိစ္စက လူ့အသက်ကိုကယ်ပေးတာသက်သက်ပဲ တခြားအကြောင်းအရင်းလဲ ရှိစရာမလိုဘူး"

အေးစက်စက်နဲ့ စည်းခြားလိုတဲ့ ရှောင်းကျန့်ပုံစံက ယွီဝမ်ကျယ်ကို ဆူးနဲ့ထိုးလိုက်သလို ခံစားရစေတယ်၊ လက်ချောင်းထိပ်မှာရှိခဲ့တဲ့ နွေးထွေးမှုလေးကလဲ တမုဟုတ်ချင်း ပျောက်ကွယ်သွားတယ်။

ရှောင်းကျန့်က ဆက်ပြောလာတယ်။

"ကျန်တာကို ကိုယ့်ဘာသာပဲ ဆက်လုပ်လိုက်မယ်.. အိမ်ရှေ့စံပြန်ထွက်လိုက်ပါ.. အထဲမှာအနေကြာရင် သံသယဖြစ်နေကြလိမ့်မယ်"

ရှောင်းကျန့်ကို တုံ့ပြန်လာတာကတော့ တံခါးဆောင့်ပိတ်သွားတဲ့အသံပါပဲ။

ယွီဝမ်ကျယ်က ခန်းမထဲကို ပြန်သွားပြီး ထိုင်နေတယ်၊ ခန်းမထဲက မီးသွေးမီးဖိုက ပူလွန်းတဲ့အတွက် ယွီဝမ်ကျယ် နေရတာ မသက်မသာ ဖြစ်လာတယ်၊ ချူရှောင်းဧကရာဇ်လဲ ကြွလာပြီ၊ အာဏာပြနေတာမျိုးမရှိဘူး၊ အရှိန်အဝါနဲ့ ပြည့်စုံတယ်၊ အထူးသဖြင့် ယွီဝမ်ကျယ်ကို ကြည့်နေတဲ့မျက်လုံးတွေက နူးညံ့နေကြတယ်။

"ရွှမ်အာ.. ဘာပြသနာရှိလို့လဲ?"

ယွီဝမ်ကျယ် ပြန်ဖြေဖို့လုပ်တုန်းမှာပဲ အရှေ့တည့်တည့်မှာ ထိုင်နေတဲ့ယွီဝမ်ချန်းက ကြားဖြတ်ပြီး ပြောတယ်။

"အိမ်ရှေ့စံက သူ့ရဲ့အသစ်စက်စက်ဇနီးလေးကို မရီးတော်က နိုင်ကျင့်လိုက်မှာစိုးရိမ်ပြီး.. အနောက်ကနေ လိုက်သွားပေမဲ့ ကြည့်ရတာ မောင်းထုတ်ခံလိုက်ရတယ်ထင်တယ်"

ယွီဝမ်ကျယ်က ပြုံးလိုက်ပြီး။

"အစ်ကိုတော်ကတော့ နောက်နေပါပြီ"

ချူရှောင်းဧကရာဇ်ကလဲ အတူရယ်လိုက်ပြီး။

"ရွှမ်အာက အလှလေးကို ဘယ်လိုပျိုးထောင်ရမှန်း ကောင်းကောင်းသိနေပြီဆိုတော့ တကယ်ပဲ လူလားမြောက်သွားပြီ ထင်တယ်"

"ညီတော်က အခုလက်ရှိ အချစ်ရေးမှာ နစ်မျောနေတယ်ဆိုတော့.."

ယွီဝမ်ချန်းက စနောက်နေတဲ့လေသံကနေ ပြောင်းလဲလိုက်ပြီး။

"တိုက်ရည်ခိုက်ရည်က အရင်လို ဟုတ်သေးရဲ့လားဆိုတာ သိချင်မိပါရဲ့"

ယွီဝမ်ကျယ်က လက်ထဲမှာကိုင်ထားတဲ့ သေရည်ကို အရင်မော့လိုက်ပြီး ခွက်ပြန်ချလိုက်တယ်။

"အစ်ကိုတော်က ဒီနှစ်ကော ယှဉ်ပြိုင်ချင်သေးတာပဲလား?"

"ညီတော်ဆီကနေ ပညာယူချင်တာပါ"

ယွီဝမ်ချန်းက ပြန်ပြောတယ်။

သူတို့အပြန်အလှန် ပြောဆိုနေတုန်းမှာပဲ ဆူညံနေခဲ့တဲ့ခန်းမက အသံတိတ်ကျသွားတယ်၊ လူတိုင်းရဲ့မျက်လုံးတွေက အမြင့်မှာထိုင်နေတဲ့ လူနှစ်ယောက်ဆီမှာပဲ စုပြုံကျလာတယ်။

မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ညီအစ်ကိုနှစ်ယောက်က အကြည့်ချင်း စစ်ခင်းနေကြတာမို့ လေထုထဲကို မီးပွားတွေ လွင့်စင်လာသလို ခံစားရလိမ့်မယ်။

"ကောင်းတယ်..ကောင်းတယ်"

ထိပ်တိုက်တွေ့နေတဲ့ အခြေအနေကို ချူရှောင်းဧကရာဇ်က ကြားကနေ ရယ်ရယ်မောမောနဲ့ ဝင်ရောက်ဖျန်ဖြေတယ်။

"တကယ်ကို ချူရှောင်းရဲ့ သားကောင်းရတနာတွေ.."

ချူရှောင်းဧကရာဇ်က သေရည်ခွက်မြှောက်ပြီး ဆက်ပြောဖို့လုပ်ပေမဲ့ စကားကတစ်ဝက်တပြတ်နဲ့ ရပ်တန့်သွားတယ်၊ သူ့ရဲ့မျက်လုံးတွေက ဝင်ပေါက်တည့်တည့်ကို စိုက်ကြည့်နေခဲ့တယ်။

ခန်းမတံခါးပွင့်လာပြီး အထဲကို လှပတဲ့ဝတ်စုံတွေကို ဆင်မြန်းထားတဲ့ အမျိုးသမီး ဆွေတော်မျိုးတော်တသိုက် ဝင်လာကြတယ်၊ ပတ်ဝန်းကျင်လေထုကလဲ တမုဟုတ်ချင်း မွှေးပျံ့သွားခဲ့တယ်၊ သူတို့ရဲ့အလယ်မှာ လှည့်ကြည့်လာတဲ့လူတိုင်းကို အာရုံမလွှဲနိုင်အောင် ဖမ်းစားထားလိုက်နိုင်တဲ့ လူတစ်ယောက်ရှိနေတယ်။

ထိုသူက အရပ်ရှည်သူမို့ အများထဲမှာ ပေါ်လွင်လွန်းတယ်၊ အနီရောင်ပေါ်မှာ ရွှေချည်ထိုးထားတဲ့ဝတ်စုံက သူ့ရဲ့ဖြူဝင်းတဲ့ အသားအရေကို ပိုပြီးထင်လင်းသွားစေတယ်၊ ပိတုန်းရောင်ဆံနွယ်တွေကို ကျောမှာဖြန့်ချထားပြီး ပတ္တမြားနဲ့မဟူရာ ရောနှောတန်ဆာဆင်ထားတဲ့ ခေါင်းဆောင်းကို ဆောင်းထားတယ်၊ မျက်ခုံးတန်းနှစ်ခုရဲ့ အလည်တည့်တည့်မှာ တလည်းသီးလိုနီရဲတဲ့ ပတ္တမြားတစ်လုံး တွဲလောင်းကျကာ လှုပ်လီလှုပ်လဲ့ဖြစ်နေတယ်၊ သီတန်းထားတဲ့ ရတနာကြိုးတချို့ကို ဆံနွယ်တွေကြားမှာ တွယ်ဆက်ပြီး ချထားတာမို့၊ ခြေလှမ်းတွေကို ညင်သာစွာ လှုပ်ရှားလိုက်တိုင်း ချိုလွင်တဲ့အသံတွေ ထွက်လာတတ်တယ်။

ရွှေနားသတ် အနီရောင်ပဝါက အနောက်မှာ ရှည်လျားစွာ ကျနေတယ်၊ ပိတ်ကျဲသားအထပ်ထပ်နဲ့ ချုပ်ထားတဲ့ ဝတ်ရုံရှည်က မိုးမခကိုင်းလို ရှည်သွယ် ခန္ဓာကိုယ်အောက်ပိုင်းမှာ ကျနစွာနေရာယူတယ်၊ ခေါင်းလောင်းငယ်လေးတွေကို ရွှေကြိုးနဲ့သီပြီး သွယ်လျတဲ့ခါးမှာ ရစ်ပတ်တန်ဆာဆင်ထားတယ်။

ဖြောင့်စင်းတဲ့ခြေတံတွေက ကျူပင်လို သွယ်လျလှပတယ်၊ လှမ်းလိုက်တိုင်း အရှေ့ခွဲကြောင်း အောက်ကနေ ပေါ်လာတတ်တဲ့ ပေါင်တံဖြူဖြူမှာ ရွှေကွင်းတစ်ခုကို ရစ်ပတ်ဝတ်ဆင်ထားတယ်၊ အဲဒီကွင်းကနေ တွဲလောင်းကျနေတဲ့ ရွေကြိုးလေးတွေရဲ့ အဆုံးသတ်မှာတော့ နူးညံ့တဲ့ လင်းယုန်ငှက်ရဲ့အမွေးအတောင်တွေ တွယ်ချိတ်ထားတယ်။

လင်းယုန်ငှက်က ချူရှောင်းသူရဲကောင်းတွေရဲ့ သင်္ကေတပါ၊ အခုချိန်မှာတော့ အလှလေးရဲ့ နှင်းလိုဖြူတဲ့ ပေါင်တံမှာ ရစ်တွယ်ပြီး အလှဆင်ထားခံရတယ်၊ စွဲမက်စရာကောင်းတဲ့အရာတွေကို ဒီလိုနှိုင်းယှဉ်ပြထားတာက လူတွေရဲ့စိတ်ကို မရိုးမရွဖြစ်သွားစေတယ်။

မင်ကျောက်မင်းသမီးရဲ့အလှက ယုံတမ်းစကားတွေထဲက ထက်တောင် သာလွန်နေသေးတယ်၊ ကောလဟလတွေက မင်းသမီးရဲ့အလှကို စာဖွဲ့နိုင်ခဲ့ပေမဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်နေတဲ့ သူ့အရှိန်အဝါကိုတော့ လုံလုံလောက်လောက် ဖော်ပြနိုင်ခဲ့ခြင်း မရှိဘူး။

ချူရှောင်းမှာ ရှေးယခင်ကတည်းက အမျိုးသမီးတွေကို ယောက်ျားတွေရဲ့ အသုံးတော်ခံပစ္စည်းလို သတ်မှတ်ထားခဲ့တာမို့ ဝတ်စုံတွေကလဲ ယောက်ျားတွေကို ဆွဲဆောင်ဖို့ အဓိကရည်ရွယ်တယ်၊ ဒါကြောင့် ရိုးရာဝတ်စုံ အများစုက အနောက်တိုင်းက ကချေသည်တွေ ဝတ်ဆင်လေ့ရှိတဲ့ ပေါ်ပေါ်လော်လော် ဝတ်စုံတွေ များတယ်။

ဒါပေမဲ့ မင်ကျောက်မင်းသမီး ဒီဝတ်စုံကို ဝတ်ဆင်လိုက်ချိန်မှာတော့ မီးလျှံကြားက အနီရဲရဲနှင်းဆီတစ်ပွင့်လို လှပနေတာကို မြင်ကြရတယ်၊ ကျော့ရှင်းတဲ့နဖူးပြင်ပေါ်က လှုပ်လီလှုပ်လဲ့ ပတ္တမြားအဆင်တန်ဆာ အောက်မှာတော့ မာန်ပါပြီး တော်ဝင်ဟိတ်ဟန်တွေနဲ့ ပြည့်ဝနေတဲ့ မျက်နှာလေးကို ရှိနေတယ်၊ ဖီးနစ်မျက်ဝန်းတွေက လရောင်စမ်းတဲ့စိမ့်စမ်းရေလို တောက်ပနေတယ်၊ မျက်စိအကြည့်ကတော့စူးရဲပြီး နှစ်ပေါင်းများစွာကြာအောင် အရည်မပျော်နိုင်တဲ့ ရေခဲကန်လို တည်တံ့အေးစက်လွန်းတယ်။

လောကကြီးအတွက်တော့ မင်ကျောက်မင်းသမီးရဲ့အလှက သေစေနိုင်တဲ့ လျှို့ဝှက်လက်နက်တစ်ခုလိုပဲ၊ ယောက်ျားတွေကို သွေးပွက်ပွက်ဆူစေပြီး ကမောက်ကမဖြစ်အောင် ဖန်တီးနိုင်တဲ့အလှမျိုး၊ စွဲလန်းပြီး ပိုင်ဆိုင်ချင်အောင်ပြုစားနိုင်တဲ့ အလှမျိုး၊ လက်မောင်းသွေး သောက်ချင်တယ်လို့ ပြောလာရင်တောင် အလိုလိုက်ပြီး ဖောက်တိုက်မိစေမဲ့ အလှမျိုး၊ တစ်ဦးတည်းအပိုင်အဖြစ် သိမ်းဖွက်ထားချင်မိတဲ့ အလှမျိုးပဲ။

ခန်းမထဲမှာရှိနေတဲ့ လူတိုင်းက သူ့ကို သမင်လည်ပြန် ငေးမောမိကုန်ကြတယ်။

အဲဒီအထဲမှာ ယွီဝမ်ကျယ်လဲ ပါတယ်၊ ကျန်တဲ့လူတွေနဲ့ ကွာခြားတာကတော့ ယွီဝမ်ကျယ်က သတိလက်လွတ်နဲ့ လက်ထဲက သေရည်ခွက်ကို ဖိကိုင်ထားမိတာပဲ။

'ဒါ ငါ့ဇနီးပဲ' ဆိုတဲ့ စကားတစ်ခွန်းကတော့ ယွီဝမ်ကျယ်ရင်ထဲမှာ အလီလီ ပဲ့တင်ထပ်နေခဲ့တယ်။

ရှောင်းကျန့် အနားမရောက်ခင်မှာပဲ ယွီဝမ်ကျယ်က မတ်တပ်ရပ်လိုက်ပြီး ရှောင်းကျန့်ကို လက်တစ်ဖက် ကမ်းပေးလိုက်တယ်၊ ရှောင်းကျန့်ကလဲ ယွီဝမ်ကျယ်လက်ကို အလိုက်သင့်ကိုင်ပြီး ထိုင်ချလိုက်တယ်၊ လူချင်းတွေ့တွေ့ချင်းမှာပဲ အနားကပ်ပြီး ရှောင်းကျန့်ပြောလာတာက။

"ဒီအင်္ကျီက ရှုပ်ထွေးလွန်းတယ်..ပန်ကုန်းမှာ အစကို တက်နင်းပြီး ချော်လဲတော့မလို့"

ယွီဝမ်ကျယ်လဲ မအောင့်နိုင်ဘဲ ပြုံးမိသွားတယ်။

အဲဒီနောက်တော့ အားလုံဆီကနေ ချီးကျူထောပနာ ပြုသံတွေ ထွက်လာတယ်၊ ချူရှောင်းဧကရာဇ်ဆို ရှောင်းကျန့်ကို ဆုချလိုက်တဲ့ ရတနာတွေမှ အများကြီးပဲ၊ ရှောင်းကျန့်က ကျေးဇူးတင်ကြောင်းပြောပြီး လက်ခံလိုက်တယ်၊ အဲဒီနောက်တော့ အစားအသောက်ကိုပဲ အာရုံပို့ထားတယ်။

ထင်ထားသလိုပဲ ချူရှောင်းရဲ့ နှစ်သစ်ကူး ကြိုဆိုပွဲက မင်ကျောက်လောက် မမြိုင်ဆိုင်ဘူး၊ ဒါပေမဲ့ သိုးကောင်လုံးကင်ရဲ့ အသားလွှာတွေကတော့ မွှေးပျံ့ရုံမကဘူး၊ လျှာပေါ်တင်တာနဲ့ ပျော်ကျသွားသလို နူးညံ့တယ်၊ ယွီဝမ်ကျယ်က ရှောင်းကျန့်စားဖို့အတွက် ဓားနဲ့ဂရုတစိုက် လှီးဖြတ်ပြီးကျွေးတယ်။

ရှောင်းကျန့်က ယွီဝမ်ကျယ်ကို တားအုံးမလို့ဘဲ၊ ဒါပေမဲ့ သူတို့နှစ်ယောက်ကိုကြည့်ပြီး စိတ်ချကျေနပ်နေပုံရတဲ့ ချုရှောင်းဧကရာဇ်ကြောင့် လွှတ်ထားပေးလိုက်မိတယ်၊ အသားကို နည်းနည်းစီစားနေရင်း ကြာလာတော့ ခါးပေါ်တဲ့ဝတ်စုံ ဝတ်ထားရတာကို သတိရသွားပြီး ထပ်မထည့်ပေးတော့ဖို့ ယွီဝမ်ကျယ်ကို လက်ကာပြလိုက်တယ်။

"ဗိုက်ပြည့်သွားပြီလား?"

ရှောင်းကျန့်က ခေါင်းညိတ်ပြလိုက်ပြီး ခန်းမထဲကို လှမ်းကြည့်ရင်း မေးတယ်။

"ချူရှောင်းရဲ့နှစ်သစ်ကူးက အဆိုအကတွေ မပါဘူးလား?"

"ပျော်စရာကောင်းတာ မြင်ချင်တာလား?"

"အင်းပေါ့ နှစ်သစ်ကူးစားပွဲ မဟုတ်လား"

ယွီဝမ်ကျယ်က ပြုံးလိုက်ပြီး။

"မင်းသမီး လန့်သွားမှာ စိုးရိမ်လို့ပါ"

"..."

ယွီဝမ်ကျယ်က ဆက်မပြောတော့ဘူး၊ လက်ထဲကဓားကို ချထားလိုက်ပြီး ပိုးပဝါနဲ့ လက်ချောင်းတွေကို ဖြည်းဖြည်းချင်း သန့်ရှင်းရေးလုပ်နေတယ်၊ တစ်ချိန်တည်းမှာပဲ မျက်နှာချင်းဆိုင်ခုံက ယွီဝမ်ချန်းကလဲ ဓားကိုပစ်ချလိုက်တယ်၊ ဓားက ခုံကိုထိုးဖောက်ပြီး စိုက်ဝင်သွားခဲ့တယ်။

ပတ်ဝန်းကျင်က ချက်ချင်းဆိုသလိုပဲ တိတ်ကျသွားတယ်၊ ယွီဝမ်ကျယ်က ပိုးပဝါကိုချထားလိုက်ပြီး စမေးတယ်။

"စားလို့ပြီးသွားပြီလား အစ်ကိုတော်"

"အဆင်သင့်ပါပဲ ညီတော်"

ရှောင်းကျန့် လန့်ဖျပ်သွားတယ်၊ ဘေးက ယွီဝမ်ကျယ်ကတော့ ထရပ်လိုက်ပြီး ရိုင်းစိုင်းမာန်ဖီတဲ့ ကျားသစ်နက်တစ်ကောင်လို အပေါ်ဝတ်ရုံကိုဆွဲချွတ်ကာ ကြွက်သားတွေကို ပြသလိုက်တယ်။

ထိုအချိန် အားမာန်အပြည့်ပါပြီး တက်ကြွလွန်းတဲ့ စစ်ချီဗုံသံက ခန်းမထဲမှာ လွင့်ပျံနေခဲ့တဲ့ တေးသံသာကို အစားထိုးသွားတယ်၊ ခန်းမအလယ်မှာ ပြင်ဆင်ထားတဲ့စင်မြင့်က ကပြဖျော်ဖြေဖို့ မဟုတ်ဘဲ၊ စီးချင်းထိုးပြီး ယှဉ်တိုက်ဖို့အတွက် ဖြစ်နေခဲ့တာလား။

အဖြစ်အပျက်က မြန်ဆန်လွန်းတာမို့ ရှောင်းကျန့်မှာ လိုက်မမီနိုင်အောင် ဖြစ်ရတယ်၊ သူ့ဘက်က ငေးကြောင်နေတုန်းမှာပဲ ယွီဝမ်ကျယ်တို့ ညီအစ်ကိုနှစ်ယောက်က စင်မြင့်ပေါ်မှာ အသင့်နေရာယူပြီးကြပြီ။

ယွီဝမ်ချန်းက ရုတ်ချည်းထပြောတယ်။

"ဒီနှစ်လဲ ကံကောင်းအုံးမယ်လို့ တွေးနေတုန်းလား ညီတော်?"

ယွီဝမ်ကျယ်က ပြန်ပြောတယ်။

"အစ်ကိုတော်သာနိုင်ခဲ့ရင် ညီတော်က ဘာမဆို လိုက်လျောမှာပါ"

"ကောင်းပြီလေ"

ယွီဝမ်ချန်က ကျေနပ်သွားဟန်နဲ့ ရှောင်းကျန့်ဘက်ကို လှည့်ကြည့်လာတယ်။

သူ့ရဲ့မှောင်မိုက်ညစ်ထွေးတဲ့ အကြည့်တွေက ရှောင်းကျန့်ခန္ဓာကိုယ်ကို ဓားတစ်ချောင်းလို ဖောက်ထွင်း ဖြတ်သန်းသွားခဲ့တယ်၊ အဲဒီနောက်တော့ သူလိုချင်တာကို တစ်လုံးချင်း ထုတ်ပြောလိုက်တယ်။

"သူ့ရဲ့..ရွှေခြေစွပ်ကို ယူမယ်"

ရှောင်းကျန့်ပေါင်မှာ စွပ်ထားရတဲ့ ရွှေခြေစွပ်က ကြင်ရာတော်ချင်ပဲ ပေးထားတာ၊ ချူရှောင်းအမျိုးသမီးတွေ ဝတ်လေ့ရှိတဲ့ ရွှေခြေစွပ်အကြောင်းကိုလဲ ရှောင်းကျန့်က ဆွေတော်မျိုးတော် မိန်းကလေးတွေဆီက ကြားခဲ့ပြီးသား၊ ချူရှောင်းဓလေ့မှာ ခြေစွပ်ရှိနေတဲ့ မိန်းကလေးဆိုတာက ပိုင်ရှင်ရှိတဲ့သဘောကို ဆိုလိုတာ၊ အမျိုးသမီးပေါင်မှာ ဝတ်ထားတဲ့ခြေစွပ်ကို သူ့ပိုင်ရှင်ဖြစ်တဲ့ ခင်ပွန်းသည် လင်ယောက်ျားကပဲ ချွတ်ခွင့်ရှိတယ်။

နောက်ပိုင်းမှာ ချူရှောင်းက အလယ်ပိုင်းဒေသနဲ့ ပိုနီးစပ်လာပြီး ရိုးရာယဉ်ကျေးမှုတွေ ပြောင်းလဲလာတာမို့ ခြေစွပ်စွပ်ထားရတဲ့ဓလေ့က တိမ်ကောလုနီးနီးဖြစ်နေပြီ၊ ဒါပေမဲ့ ယွီဝမ်ချန်းပြောလိုက်တဲ့ တခဏမှာတော့ ရှောင်းကျန့်ပေါင်မှာစွပ်ထားရတဲ့ရွှေကွင်းက မီးမြိုက်ထားသလို ပူသွားတယ်။

ဒါပေမဲ့ ခန်းမထဲမှာရှိနေတဲ့ ဘယ်သူကမှ ယွီဝမ်ချန်းရဲ့ ရိုင်းစိုင်းပြီး အရှက်မဲ့လွန်းတဲ့စကားကို ထူးဆန်းတယ်လို့ တွေးပုံမပေါ်ဘူး၊ ချူရှောင်းဧကရာဇ်ဆို အလှလေးကိုတော့ ဘယ်သူကလက်လွတ်ခံနိုင်မှာလဲဆိုပြီး စနောက်ကာ ရယ်လိုက်သေးတယ်။

အမျိုးသမီးတွေကို အလဲအလှယ်လုပ်တဲ့ ပစ္စည်းတစ်ခုလို သဘောထားတဲ့ ချူရှောင်းကို မျက်မြင်တွေ့လိုက်ရတော့ ရှောင်းကျန့်မှာ အတော်လေး စိတ်ပျက်သွားတယ်။

ရှောင်းကျန့်ဘေးမှာထိုင်နေတဲ့ ကြင်ရာတော်ချင်ကတော့ ရှောင်းကျန့်ကို ခပ်ပြုံးပြုံးနဲ့ ကြည့်လာပြီး။

"ယောက်မတော် စိတ်အနှောင့်အယှက် ဖြစ်နေပြီထင်တယ်"

တည်ငြိမ်နေတဲ့ ကြင်ရာတော်ချင်မျက်နှာကို မြင်တော့ ရှောင်းကျန့် ပေါ်တင်ပဲ ထုတ်မေးလိုက်တယ်။

"ဒီလိုပြောတာကို စိတ်မဆိုးဘူးလား?"

"မိန်းမကိစ္စတွေက ရှောင်လွှဲလို့မှမရတာ.. မင်းမဟုတ်လဲ တခြားသူ ထပ်ရှိလာမှာပဲ.. မင်းသာဆိုရင်တော့ သူများထက် ပိုကောင်းတာပေါ့ မဟုတ်ဘူးလား"

နောက်ဆုံးတော့ ရှောင်းကျန့်ပဲဆွံ့အပြီး ပြောစရာမဲ့သွားတာပါ။

စစ်ချီဗုံသံက ပိုမိုမြန်ဆန်လာတယ်၊ ခန်းမထဲမှာ အမွှေးတိုင်တစ်တိုင်ကို စတင်ထွန်းညှိလိုက်ချိန်မှာတော့ စင်ပေါ်က လူနှစ်ယောက် စတင်ပြီး တိုက်ခိုက်တော့တယ်၊ ယွီဝမ်ချန်းက ယွီဝမ်ကျယ်ဆီ တစ်ဟုန်ထိုး ပြေးဝင်သွားတာလို့ ပြောရင်တော့ ပိုမှန်တယ်။

ရှောင်းကျန့် အသက်ရှူပါ အောင့်ထားမိသွားခဲ့တယ်။

ယွီဝမ်ချန်းက ယွီဝမ်ကျယ်ကို အညှာအတာကင်းမဲ့စွာ တိုက်ခိုက်တယ်၊ သူ့ဆီမှာ အမှန်တကယ် တိုက်ခိုက်သတ်ဖြတ်လိုတဲ့ အရိပ်အယောင်တွေ မြင်နေရတယ်၊ ရှောင်းကျန့် စိုးရိမ်ပြီး ပတ်ဝန်းကျင်ကို လိုက်ကြည့်တယ်၊ ဘယ်သူကမှ သူ့လောက် လှုပ်လှုပ်ရှားရှား ဖြစ်မနေဘူး၊ ဒါကို ကြင်ရာတော်ချင်က သတိထားမိသွားပုံရပြီး ခပ်တိုးတိုး ပြောလာတယ်။

"နှစ်သစ်ကူး စီးချင်းထိုးပွဲဆိုတာက ဒီလိုပဲ ပြင်းထန်တယ်..အမွှေးတိုင်းတစ်တိုင်စာ ပွဲချိန်အတွင်းမှာ ယှဉ်ပြိုင်သူ နှစ်ယောက်ထဲက တစ်ယောက်သေသွားမှ ဒါမှမဟုတ် တစ်ဖက်က ကျေကျေနပ်နပ် လက်နက်ချအရှုံးပေးလိုက်တော့မှ ပွဲပြီးတယ်လို့ သတ်မှတ်တယ်"

အသက်သေသွားရင်တောင် ကိစ္စမရှိဘူးဆိုတဲ့ သဘောလား။

ရှောင်းကျန့် ကျောရိုးထဲကနေ စိမ့်သွားခဲ့တယ်၊ စီးချင်းထိုးတဲ့ပြိုင်ပွဲတွေ အများကြီး ကြည့်ခဲ့ဖူးပေမဲ့၊ သူသေကိုယ်သေ ရက်ရက်စက်စက် တိုက်တာမျိုးတော့ သူမကြည့်ဖူးဘူး၊ ချူရှောင်းအတွက် နှစ်သစ်ကူးပွဲဆိုတာက မိသားစုတွေ ချစ်ချစ်ခင်ခင်နဲ့ ပြန်ဆုံစည်းကြတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလား?

ရန်ဖေးနဲ့ ရှောင်းကျန့်တို့တောင် နှစ်သစ်ကူးပွဲရောက်ရင် အချင်းချင်း သည်းညည်းခံပြီး ရန်မလုပ်ကြဘူးလေ။

"နှစ်တိုင်းဒီလိုပဲလား?"

"နှစ်တိုင်းဒီလိုပဲ.. လက်ရှိအိမ်ရှေ့စံ အသက် ၅ နှစ်အရွယ်မှာ ပထမဆုံး စီးချင်းထိုးပွဲ စပြိုင်တယ်.. အဲဒီပွဲမှာ မင်းသားကြီးက ရှုံးသွားတာမို့ အရှေ့နန်းဆောင်ကို လက်လွှတ်ခဲ့ရတယ်.. နှစ်တိုင်းဒီအချိန်ရောက်ဖို့ သူစောင့်နေခဲ့တာ"

ရှောင်းကျန့်မှာ အသက်ရှူမဝတော့သလို ဖြစ်လာတယ်။

ကြင်ရာတော်ချင်က ကြမ်းတမ်းတဲ့သားရဲတွေလို အချင်းချင်း တိုက်ခိုက်နေကြတဲ့ ညီအစ်ကိုနှစ်ယောက်ကို ကြည့်နေရင်း ပြုံးလိုက်ပြီး။

"ဒါက ချူရှောင်းရဲ့ထုံးတမ်းပဲ.. အနိုင်ရတဲ့သူက ဘုရင်.. ချူရှောင်းရဲ့ထီးနန်းနဲ့ ဂုဏ်သရေကို အရက်စက် အကြမ်းကြုတ်ဆုံး သူရဲကောင်းကသာ ပိုင်ဆိုင်ခွင့်ရတယ်"

"ဧကရာဇ်ကလဲ ဒီအတိုင်း ကြည့်နေသလား?"

"သူ့အသက် ၃၀ အရွယ်မှာ သူ့ညီတော်နဲ့ စီးချင်းထိုးရင်း သတ်ပစ်နိုင်ခဲ့လို့ အခုလိုဧကရာဇ်ဖြစ်ပြီး ထီးနန်းကို စိုးစံခဲ့တာ"

ကြင်ရာတော်ချင်ရဲ့လေသံက သိပ်မထူးခြားတဲ့ကိစ္စတစ်ခု ပြန်ပြောနေသလို ပေါ့ပေါ့ပါးပါးပဲ။

"ရူးနေကြတာပဲ"

ရှောင်းကျန့်က ခပ်တိုးတိုး ရေရွတ်လိုက်တယ်။

တော်ဝင်မိသားစုကြားက ထီးနန်းလုပွဲတွေရဲ့ ပြင်းထန်မှုကို မသိလို့ မဟုတ်ဘူး၊ မင်ကျောက်မှာပဲ ဖြစ်ဖြစ်၊ တခြားတိုင်းပြည်ပဲဖြစ်ဖြစ် မိသားစုကြားမှာ အာဏာဆိုတဲ့အရာပါလာရင် သွေးချောင်းစီးတတ်ကြတာပဲ၊ ဒါပေမဲ့ အသက်ကို ကြက်ကလေးငှက်ကလေးလို သတ်ပစ်ရလောက်အောင်အထိ သွေးစွန်းနေတဲ့ ထီးနန်းလုပွဲမျိုးကိုတော့ သူ့ဘဝမှာ ပထမဆုံး မြင်ဖူးခြင်းပဲ၊ အမွှေးတိုင်တစ်ချောင်းက ပေးထားတဲ့အချိန်က လူနှစ်ယောက်ရဲ့ အသက်ကို အဆုံးအဖြတ်ပေးထားတာမို့ ကိုယ့်ဘက်က အရင်ဦးအောင် အသေအကြေတိုက်နိုင်မှ အသက်ရှင်နိုင်ခြေ များလိမ့်မယ်။

"အမွှေးတိုင်က တစ်ချောင်းစာဆိုတာက တိုလွန်းတယ်.. ဒီအတိုင်းအတာလောက်နဲ့ ရည်မှန်းချက်ကြီးလွန်းတဲ့ မင်းသားနှစ်ပါးကို အဆုံးအဖြတ်ပေးနိုင်ဖို့ ခက်တယ်.. သူတို့ထဲကတစ်ယောက် သေသွားရင်တော့ အကောင်းဆုံးပဲ.. ဒါမှ ဒီလိုညင်းပန်းမှုမျိုး တို့တွေထပ်မခံစားရတော့မှာ"

ရှောင်းကျန့်က မျက်လုံးကြီးပြူးပြီး ကြင်ရာတော်ချင်ကို လှည့်ကြည့်မိသွားတယ်၊ ကြင်ရာတော်ချင်က ပြုံးတုံ့တုံ့နဲ့ ပြန်ကြည့်လာပြီး။

"အစ်မတော်က နောက်တာပါ"

စင်ပေါ်မှာ သွေးတွေအများကြီး မြင်နေရပြီ၊ ယွီဝမ်ချန်းရဲ့ ညာလက်မှာက သံချွန်တွေပါတဲ့ လက်အိတ်ဝတ်ထားတယ်၊ သူက ညာလက်သီးကိုအားပြုပြီး ယွီဝမ်ကျယ်ကို တိုက်ခိုက်တယ်၊ ယွီဝမ်ကျယ် အတော်လေး ထိခိုက်ထားလိမ့်မယ်ထင်တယ်၊ ရှောင်းကျန့် မျက်မှောက်ကြုတ်သွားပြီး။

"ပြိုင်ပွဲကမညီမျှဘူး"

"စီးချင်းထိုးတဲ့နေရာမှာ တားမြစ်ချက် မယ်မယ်ရရမရှိဘူး.. ရန်သူ့လက်ထဲမှာ ဘာရှိနေလဲဆိုတာကို ကြိုတင် အကဲမခတ်နိုင်တဲ့ အိမ်ရှေ့စံကိုပဲ အပြစ်တင်ရမယ်.. စစ်မြေပြင်က စစ်သည်တွေလဲ ဒီလိုပဲလေ ရိုးသားနေရင် ကိုယ်ပဲခံရလိမ့်မယ်"

လက်သီးအားက ပြင်းလွန်းတဲ့အတွက် ယွီဝမ်ကျယ် ကြမ်းပြင်ပေါ်ကို လှဲချခံလိုက်ရတယ်၊ ယွီဝမ်ချန်းက မရပ်မနားထိုးတဲ့အခါ ယွီဝမ်ကျယ်မျက်နှာတစ်ခုလုံး သွေးတွေနဲ့ ဖုံးသွားတယ်။

ရှောင်းကျန့် တကယ်ပဲ ကြောက်လန့်လာတာမို့ အသက်ရှူ မြန်လာတယ်။

ရှောင်းကျန့် သည်းမခံနိုင်ဘူး၊ ယွီဝမ်ကျယ်မျက်နှာ ဒီလိုသွေးစွန်းနေတာမျိုး ရှောင်းကျန့် မကြည့်နိုင်ဘူး၊ ဒါက မြေအောက်အကျဉ်းထောင်ထဲမှာ နှိပ်စက်ခံထားရတဲ့ ဝမ်ရိပေါ်ကို ပြန်အမှတ်ရသွားစေတယ်၊ ရှောင်းကျန့် နှလုံးသားကလဲ အတူတကွအထိုးခံရသလို နာလာတယ်။

ကံကောင်းချင်တော့ ယွီဝမ်ကျယ်က ကြာကြာခံမနေဘူး၊ ခပ်မြန်မြန်ပြန်ထလာတယ်၊ နှစ်ယောက်သားက တောနက်ထဲက စာနာမှုနဲ့ခံစားချက်မရှိတဲ့ သားရဲတွေလို တိုက်ခိုက်တယ်၊ တစ်ယောက်ကိုတစ်ယောက် သတ်ပစ်ဖို့ တစ်ခုပဲ ခေါင်းထဲမှာ ရှိကြတယ်။

ရှောင်းကျန့်ရဲ့ စိတ်ပူပန်မှုက အမြင့်ဆုံးကိုရောက်လာပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်၊ တကယ်တော့ ယွီဝမ်ကျယ်က အစပိုင်းမှာ အလျှော့ပေးထားခဲ့တာ၊ လဲကျသွားပြီး ပြန်ထလာတော့မှသာ ယွီဝမ်ကျယ် အစစ်အမှန်ကို မြင်လိုက်ရတယ်၊ ယွီဝမ်ကျယ်က ကျားသစ်နက်တစ်ကောင်လိုပဲ သန်မာလွန်းတယ်၊ သူက ရန်သူကိုခုန်အုပ်ပြီး ချွန်ထက်တဲ့လက်သည်းတွေနဲ့ လည်မျိုကို ဖမ်းဆုပ်ထား လိုက်တယ်။

ရှောင်းကျန့်ကတော့ အမွေးတိုင် မြန်မြန်လောင်သွားဖို့ပဲ ဆုတောင်းနေရတယ်။

အဲဒါက ဝမ်ရိပေါ် မျက်နှာလေ၊ ဝမ်ရိပေါ်မျက်နှာက ဒီလို သွေးမစွန်းသင့်ဘူး၊ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားလို ကြောက်စရာကောင်းနေလို့ မဖြစ်ဘူး။

အဲဒီအချိန်မှာပဲ ဗုံသံ ၃ ချက် ထွက်လာတယ်။

ဒုန်း ဒုန်း ဒုန်း ! ! !

အမွှေးနံ့ပျောက်သွားပြီး ပြာပဲကျန်ခဲ့ချိန်မှာတော့ စင်ပေါ်က လူနှစ်ယောက်ကို အတင်းဆွဲခွာလိုက်တယ်၊ သူတို့ကိုယ်မှာ သွေးချင်းချင်းနီနေတယ်။

အမွှေးတိုင် တစ်ချောင်းစာဆိုတာက တိုလွန်းတယ်၊ ဒီအတိုင်းအတာလောက်နဲ့ ရည်မှန်းချက် ကြီးလွန်းတဲ့ မင်းသားနှစ်ပါးရဲ့ အနိုင်အရှုံးကို အဖြေမပေးနိုင်ခဲ့ဘူး၊ ဒါကို မဆုံးဖြတ်နိုင်သ၍ နောက်လာမဲ့နှစ်တွေမှာလဲ အဆုံးမရှိတဲ့ စီးချင်းထိုးပွဲတွေ ရှိနေအုန်းမှာပဲ။

အကြီးအကျယ် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ယွီဝမ်ကျယ်ကို မြင်လိုက်ရတော့ ရှောင်းကျန့်ရဲ့ ပူလောင်နေတဲ့စိတ်က ပြန်ပြီးအေးခဲသွားတယ်၊ ရက်စက်လွန်းတဲ့ ချူရှောင်းရဲ့ထုံးတမ်းကိုပဲ အပြစ်တင်ရမလား၊ တော်ဝင်သွေးသားတွေကြားက နည်းပါးလှတဲ့သံယောဇဉ်ကိုပဲ စိတ်မကောင်းဖြစ်ရမလားဆို သူမသဲကွဲတော့ဘူး။

ယွီဝမ်ကျယ် ဘဝတစ်လျောက်လုံး... ဒီလိုပုံစံအတိုင်း ရှင်သန်ခဲ့ရတာလား?

ရှောင်းကျန့်မှာတော့ ယွီဝမ်ကျယ်ကို အံ့သြဆွံ့အစွာ ကြည့်နေမိတယ်။

ယွီဝမ်ကျယ်က သူ့ကိုမကြည့်ဘူး၊ ခေါင်းငုံ့ချထားရင်း စင်ပေါ်မှာ ဖြည်းညင်းစွာ ထ,ရပ်လိုက်တယ်၊ သံလက်အိတ်နဲ့ ခြစ်မိထားတဲ့ ဒဏ်ရာ ၅ ချက်က လည်ပင်းမှာ အတန်းလိုက်နေရာယူတယ်၊ ဒါလဲ သူက နာကျင်ပုံမရဘူး၊ ရှေ့ဆက်မလှမ်းခင်မှာ လက်မြှောက်ပြီး လည်ပင်းမှာထွက်နေတဲ့သွေးတွေကို သုတ်ချလိုက်တယ်၊ ပြီးမှ စင်ပေါ်ကနေ တစ်လှမ်းချင်း ဆင်းလာတယ်။

ဒယီးဒယိုင်နဲ့ လျှောက်လာတဲ့ ယွီဝမ်ကျယ်ကို ရှောင်းကျန့် ကြည့်နေမိတယ်၊ သူ မတ်တပ်ထရပ်လိုက်တဲ့ပုံစံကို မြင်ရတော့ ရှောင်းကျန့် လက်ချောင်းတွေ တုန်ယင်သွားတယ်၊ အဲဒီအချိန် ယွီဝမ်ကျယ်ပခုံးပေါ်ကနေ ကျော်ကြည့်မိတော့ စင်ပေါ်က မဆင်းသေးတဲ့ ယွီဝမ်ချန်းက လက်ကိုရုတ်ချည်းမြှောက်လိုက်ပြီး သံလက်အိတ်ထဲမှာဖွက်ထားတဲ့ လျှို့ဝှက်မြားကို ပစ်လိုက်တယ်။

"သတိထား!!"

လက်ရှိမှာ ရှောင်းကျန့်ခန္ဓာကိုယ်က သူ့ဦးနှောက်ထက် ပိုမိုလျင်မြန်စွာ တုံ့ပြန်သွားတယ်၊ ရှောင်းကျန့်က ယွီဝမ်ကျယ်ကို လှမ်းဆွဲလိုက်ပြီး မြားကိုလက်နဲ့ အမြန်ဖမ်းထားဖို့ လုပ်မိတယ်၊ ဒါပေမဲ့ မြားကအရှိန်များလွန်းတဲ့အတွက် ရှောင်းကျန့်လက်ဖဝါးထဲကနေ ချော်ထွက်သွားပြီး ပြတ်ရှဒဏ်ရာတစ်ခု ချန်ထားခဲ့တယ်။

ယွီဝမ်ကျယ်ကတော့ အရှေ့ကို ပြိုကျလာတယ်၊ ရှောင်းကျန့်က လက်ဆန့်ထုတ်ပြီး ဖက်ထားလိုက်တယ်။

ယွီဝမ်ကျယ်က ရှောင်းကျန့်ကို မော့ကြည့်လာတယ်၊ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိတယ်၊ နှစ်ယောက်လုံးရဲ့ ရင်ခုန်သံက အဲဒီအချိန်မှာ ထပ်တူညီနေလောက်တယ်။

ယွီဝမ်ကျယ်အကြည့်က ရှောင်းကျန့်ရဲ့စိတ်ဝိညာဉ်အထိ ဖောက်ထွင်းပြီး မြင်ချင်နေတဲ့အတိုင်း နက်ရှိုင်းလွန်းတယ်၊ ရှောင်းကျန့်မှာ မိုးကြိုးပစ်ခံရသလို တောင့်တင်းသွားပြီး ယွီဝမ်ကျယ်ကို ပြန်ကြည့်နေမိတယ်၊ စူးရှလွန်းတဲ့အကြည့်တွေမှာ ခါတိုင်းနဲ့မတူတဲ့ ခံစားချက် အရိပ်အငွေ့တွေပါနေတာကို အပြန်အလှန် ခံစားလို့ရနေတယ်။

သိပ်ကိုတူလွန်းတယ်။

ယွီဝမ်ကျယ်နဲ့ ဝမ်ရိပေါ်ကို တူတယ်လို့ ရှောင်းကျန့် ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး၊ ဒါပေမဲ့ အခုသူ့ကို ကြည့်နေတဲ့မျက်လုံးတွေက နက်နဲလွန်းပြီး အဆုံးမရှိတဲ့ ခံစားချက်မျိုးစုံ ပါဝင်နေတယ်၊ အကြည့်တစ်ချက်နဲ့တင် ရှောင်းကျန့်ရင်ကို ပရမ်းပတာ ခုန်လှုပ်သွားအောင် လုပ်လိုက်နိုင်တယ်။

ယွီဝမ်ကျယ်ဆီ ဘာကြောင့်ပြေးထွက်သွားမိမှန်း ရှောင်းကျန့်ကိုယ်တိုင်တောင် မသိဘူး၊ ဒီလူက ဝမ်ရိပေါ်မျက်နှာနဲ့မို့ ရှောင်းကျန့်ရဲ့မသိစိတ်နဲ့ခန္ဓာကိုယ်က သူ့ကိုတုံ့ဆိုင်းတွေဝေခွင့်မပြုခဲ့တာ ဖြစ်နိုင်တယ်။

ဒဏ်ရာရသွားတဲ့ ရှောင်းကျန့်လက်ဖဝါးကို ငုံ့ကြည့်နေရင်း ယွီဝမ်ကျယ်မျက်လုံးတွေက မီးဝင်းဝင်းတောက်လာတယ်။

"ချန်းအာ.. မင်းက သူရဲကောင်းတစ်ယောက် စောင့်စည်းရမဲ့ စည်းကမ်းကို ချိုးဖောက်လိုက်ပြီ.. အခုချက်ချင်း အောက်ဆင်းပြီး အပြစ်ဒဏ်လက်ခံ"

ချူရှောင်းဧကရာဇ်က အေးစက်စွာ ပြောလိုက်တယ်။

မျက်ကွယ်ကနေ လျှို့ဝှက်မြားနဲ့ ပစ်ခတ်တယ်ဆိုတာက ရှက်စရာကောင်းတဲ့ အပြုအမူလို့ သတ်မှတ်တယ်၊ ဒါပေမဲ့ ယွီဝမ်ချန်းက တော်ဝင်ဂုဏ်သိက္ခာဆိုတာကိုလဲ ဂရုစိုက်ပုံမရဘူး၊ မထီတရီရယ်လိုက်ပြီး ထွက်သွားဖို့ လုပ်တယ်၊ အဲဒီအချိန်မှာပဲ ယွီဝမ်ကျယ်က ဖြည်းဖြည်းချင်းထရပ်ပြီး နောက်လှည့်ကြည့်ကာ တစ်လုံးချင်းပြောတယ်။

"မင်းရှုံးပြန်ပြီ အစ်ကိုတော်"

ယွီဝမ်ချန်က ဟွန့်ခနဲ နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားတယ်။

ယွီဝမ်ကျယ်က ရှောင်းကျန့်ကို ပြန်ကြည့်လာတယ်၊ မျက်လုံးတွေက နီနေတုန်းပဲ၊ ဒါပေမဲ့ အဲဒါက အနိုင်ရသူတစ်ယောက်ရဲ့ ပျော်ရွှင်မှုမီးတောက်လေး ကခုန်နေတာကြောင့် တောက်ပနေတာပါ။

ရှောင်းကျန့်မှာ ယွီဝမ်ကျယ်ကို ကြောင်အမ်းအမ်း ရပ်ကြည့်နေရင်း ရင်တွေအဆမတန်ခုန်လာတယ်။

ယွီဝမ်ကျယ်က ရှောင်းကျန့်အရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်ကာ ရှောင်းကျန့်ရဲ့ခြေကျင်းဝတ်ကို ဆွဲယူပြီး ထောက်ထားတဲ့ဒူးပေါ်မှာ တင်လိုက်တယ်၊ နောက်တော့ ကွေးထားတဲ့ရှောင်းကျန့်ဒူးကို နဖူးနဲ့လာထိထားတယ်။

အားလုံးအရှေ့မှာပဲ ယွီဝမ်ကျယ်လက်က သူ့ဝတ်စုံရဲ့ခွဲကြောင်းအောက်ကို တိုးဝင်သွားတယ်၊ သွေးစွန်းနေတဲ့လက်ချောင်းထိပ်တွေက ရှောင်းကျန့်ရဲ့ပေါင်တံဖွေးဖွေးကို ပွတ်တိုက်သွားပြီး နောက်ဆုံးမှာတော့ ဝတ်ထားတဲ့ ရွှေခြေကွင်းကို ဆွဲဖြုတ်လိုက်တော့တယ်။

ယွီဝမ်ကျယ်ရဲ့လက်ချောင်းထိပ်တွေက ပူလောင်လွန်းတာမို့ ရှောင်းကျန့်တုန်ယင်လာတယ်။

အဲဒီနောက်တော့ ယွီဝမ်ကျယ်က မတ်တပ်ရပ်လိုက်ပြီး ရှောင်းကျန့်ကို ကုပ်ပိုးကနေ ဆွဲခေါ်ကာ နှုတ်ခမ်းလွှာတွေကို မက်မောစွာ ဖိကပ်နမ်းရှိုက်လိုက်တော့တယ်။

next 🥰



......

အပိုင္း။ ၇၆

ရာသီဥတုက ဆိုးသထက္ ဆိုးလာတယ္၊ ေန႔စဥ္ရက္ဆက္ ျပင္းထန္စြာ ႏွင္းက်ေနတဲ့ဒဏ္ကို ေရွာင္းက်န္႔က ခံႏိုင္ရည္ မရွိဘူး၊ ဒါေၾကာင့္ အျပင္မထြက္ဘဲ အခန္းထဲမွာပဲ ေခြေနမိတယ္၊ က်ဴရွန္းကေတာ့ သိပ္မၾကာခင္မွာပဲ သက္သာလာၿပီး အရင္ပုံစံအတိုင္း တက္တက္ႂကြႂကြ ျပန္ျဖစ္လာတယ္။

ကေလးက ဥာဏ္သိပ္မေကာင္းေပမဲ့ ေရွာင္းက်န္႔က သူ႔ကို ၾကည့္ရႈေပးေနတဲ့လူမွန္းေတာ့ သိပုံရတယ္၊ မၾကာမၾကာ ေရွာင္းက်န္႔ဆီ လာလည္တတ္တယ္၊ ေရွာင္းက်န္႔ အိပ္ေနတာနဲ႔ ႀကဳံရင္လဲ မေႏွာင့္ယွက္ဘဲ အိပ္ရာစြန္းေလးမွာ ထိုင္ၿပီး တစ္ေယာက္တည္း ေဆာ့ေနတတ္တယ္။

ဒီေန႔ေတာ့ ယြီ၀မ္က်ယ္ကိုယ္တိုင္ ေရာက္လာၿပီး ေရွာင္းက်န္႔ကို အိပ္ရာထဲက အတင္းဆြဲထူတယ္၊ ေရွာင္းက်န္႔က အိပ္ေမာက်ေနတာ၊ အခုက ေန႔လားညလား သူမသဲကြဲဘူး၊ အိပ္ခ်င္မူးတူး မ်က္လုံးေတြကို ဖြင့္လိုက္ေတာ့ ယြီ၀မ္က်ယ္မ်က္ႏွာႀကီးကို ျမင္လိုက္တာမို႔ လန္႔သြားတယ္၊ အဲဒီေနာက္ေတာ့ မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္နဲ႔ ယြီ၀မ္က်ယ္ကို ၾကည့္ေနတယ္။

"ႏိုးၿပီလား?"

ေရွာင္းက်န္႔က ပြရႈပ္ေနတဲ့ ေခါင္းကို လက္နဲ႔သပ္လိုက္ၿပီး။

"ဘာလုပ္တာလဲ.."

အိပ္ရာႏိုးခါစမို႔ ေရွာင္းက်န္႔အသံေတြက ေျခာက္ကပ္အက္ကြဲစြာ ထြက္လာတယ္။

"ဒီေန႔ ႏွစ္သစ္ကူးအႀကိဳေန႔.. ဒါေၾကာင့္ နန္းေတာ္မွာ စားေသာက္ပြဲကို သြားတက္ရမယ္"

ယြီ၀မ္က်ယ္က လာရင္းကိစၥကို ေျပာျပတယ္။

ေရွာင္းက်န္႔က ခ်က္ခ်င္း ေစာင္ၿခဳံထဲ ျပန္၀င္သြားၿပီး။

"မသြားဘူး.. ေအးလြန္းတယ္"

ျဖစ္ခ်င္ေတာ့ အေၾကာင္းအရင္းႏွစ္ခုေၾကာင့္ ေရွာင္းက်န္႔ မျငင္းႏိုင္ခဲ့ဘူး၊ ပထမတစ္ခုက ခ်ဴေရွာင္းနဲ႔ မ်က္ႏွာပ်က္ေအာင္ လုပ္လို႔မရဘူး၊ ဒုတိယတစ္ခ်က္အေနနဲ႔ ဒီအခြင့္အေရးမွာ ယြီ၀မ္က်ယ္ကို မူးေအာင္တိုက္ၿပီး အေရွ႕ေမွ်ာ္စင္အေၾကာင္း အစ္ေအာက္ေမးခ်င္လို႔။

ဒီေန႔က ျဖစ္ႏိုင္ေခ် အမ်ားႀကီးရွိတယ္၊ ဒါေၾကာင့္ အိပ္ရာကထၿပီး ပုယြီ ျပင္ဆင္ေပးတာကို ၿငိမ္ေနလိုက္တယ္၊ အျပင္မသြားခင္မွာ ပုယြီကို မွာခဲ့ေသးတာ။

"ဒီညစားပြဲက ဗိုက္ျပည့္မွာမဟုတ္ဘူး.. မင္း ဖက္ထုပ္လုပ္ၿပီး ေစာင့္ေန.. ပန္ကုန္းျပလာရင္ စားမယ္..ေဂၚဖီနဲ႔လုပ္ေနာ္.. ၾကက္သြန္ၿမိတ္မစားဘူး"

ပုယြီက မ်က္ႏွာငယ္ေလးနဲ႔ ၾကည့္လာၿပီး။

"အရွင္ ငယ္သားက ဖက္ထုပ္မလုပ္တတ္ဘူးေလ"

ခ်ဴေရွာင္းက ႏွစ္သစ္ကူးမွာ ဖက္ထုပ္စားတဲ့ ဓေလ့မရွိဘူး၊ ဒါေၾကာင့္ စားဖိုေဆာင္ကလဲ ဖက္ထုပ္လုပ္တတ္မွာ မဟုတ္ဘူး။

"ရတဲ့နည္းနဲ႔လုပ္ထား"

ေရွာင္းက်န္႔က လက္မခံသလို ဆက္ေျပာတယ္။

"ဖက္ထုပ္မစားဘဲနဲ႔ ႏွစ္သစ္ကို ဘယ္လိုကူးလို႔ရမွာလဲ?"

စားေသာက္ပြဲကို နန္းေတာ္ရဲ႕ ပင္မခန္းမေဆာင္ႀကီးမွာ က်င္းပတာ၊ အျပင္မွာ ႏွင္းေတြက်ၿပီး ေအးခဲေနေပမဲ့ ခန္းမထဲမွာေတာ့ ေႏြးေထြးလင္းထိန္ေနတယ္၊ အေအးထဲကလာတာမို႔ ေရွာင္းက်န္႔က ေတာင့္တင္းေနတဲ့ လက္ႏွစ္ဖက္ကိုပြတ္ရင္း သက္သာေအာင္ လုပ္တယ္၊ အဲဒီအခ်ိန္မွာပဲ ယြီ၀မ္က်ယ္က သူ႔ရဲ႕အေပၚထပ္သားေမြး၀တ္႐ုံကို ကူညီၿပီး ခြၽတ္ေပးလာတယ္။

လူျမင္ေကာင္းေအာင္ လုပ္ေနတာမွန္း ေရွာင္းက်န္႔လဲသိတာမို႔ ယြီ၀မ္က်ယ္ကို တားမေနဘဲ ႀကိဳးျဖဳတ္လို႔ လြယ္ေအာင္ လည္ပင္းကိုေတာင္ ေမာ့ထားေပးလိုက္ေသးတယ္။

"အိမ္ေရွ႕စံမင္းသားနဲ႔ မင္းသမီးကို ဒီလိုမ်ိဳး ခ်စ္ခ်စ္ခင္ခင္ ျမင္ရတာ မနာလိုျဖစ္မိပါတယ္"

ယြီ၀မ္က်ယ္က ခြၽတ္လိုက္တဲ့ အေပၚ၀တ္ကို အားက်င္းဘက္ လွမ္းေပးလိုက္ၿပီး ၿပဳံးတုံ႔တုံ႔နဲ႔ ေျပာတယ္။

"မရီးေတာ္"

သူတို႔နားကို ေရာက္လာတဲ့လူက တျခားမဟုတ္ဘူး၊ မင္းသား ၁ ယြီ၀မ္ခ်န္းရဲ႕ ၾကင္ယာေတာ္ခ်င္ပါပဲ၊ သူက မ်ိဳး႐ိုးျမင့္မားတဲ့မိသားစုက သမီးပါ၊ စကားအေျပာအဆို သိမ္ေမြ႕တာမို႔ ခ်ဴေရွာင္းကမဟုတ္ဘဲ မင္ေက်ာက္သူလို႔ အထင္မွားစရာရွိတယ္၊ ၾကင္ယာေတာ္ခ်င္နဲ႔ ေရွာင္းက်န္႔က မၾကာခဏဆုံဖူးၿပီးသား၊ ဒါေပမဲ့ သူ႔ကိုျမင္တိုင္း ရန္ေဖးကို သတိရလာတာမို႔ ေရွာင္းက်န္႔က ေဝးေဝးေရွာင္တယ္။

ဒါေပမဲ့ ယဥ္ေက်းမႈအရေတာ့ ယြီ၀မ္က်ယ္ ယူလာတဲ့လက္ေဆာင္ကို ၾကင္ယာေတာ္ခ်င္ကို ေပးလိုက္တယ္၊ ၾကင္ယာေတာ္ခ်င္က ခပ္ၿပဳံးၿပဳံးနဲ႔ လက္ခံယူလိုက္ၿပီး။

"ဒီေန႔က ႏွစ္သစ္ကူးအႀကိဳဆိုေတာ့ ထုံးစံအရ အစ္မေတာ္ကမင္းသမီးကို လက္ေဆာင္ေပးရမွာေလ"

သူ႔စကားဆုံးသြားတာနဲ႔ ရံေ႐ြေတာ္တစ္ေယာက္က ဗန္းတစ္ခုကိုင္ၿပီး အနားကိုေလွ်ာက္လာတယ္၊ ဗန္းထဲမွာေတာ့ ပိုးဖဲအနီမွာ ႏွင္းဆီပန္းပုံေပါင္းမ်ားစြာ ေ႐ႊခ်ည္ထိုးထားတဲ့ ၀တ္စုံတစ္စုံ ရွိေနတယ္၊ အဆုပ္လိုက္ ပြင့္ေဝေနတဲ့ ႏွင္းဆီပန္းေတြက ေ႐ႊေရာင္ေတာက္ပၿပီး ႏူးညံ့တဲ့ ပိုးအနီစေပၚမွာ အသက္၀င္ကာ ႂကြတက္ေနတယ္။

"ဒါက ခ်ဴေရွာင္း႐ိုးရာ၀တ္စုံပါ.. ဒီညက ႏွစ္သစ္ကူးစားပြဲဆိုေတာ့ ကံေကာင္းေအာင္ ႐ိုးရာ၀တ္စုံကို ၀တ္ဆင္ရတယ္.. အိမ္ေရွ႕စံမင္းသမီးမွာ ခ်ဴေရွာင္း၀တ္စုံ မရွိေလာက္မွန္းသိတာမို႔ အစ္မေတာ္က ႀကိဳတင္ျပင္ဆင္လာခဲ့တာ.. စိတ္မရွိဘူးဆိုရင္ အတူသြားလဲရေအာင္ေလ"

ေရွာင္းက်န္႔စိတ္ရႈပ္ေထြးသြားၿပီး လက္ေခ်ာင္းထိပ္ေလးေတြကို လက္သည္းနဲ႔ ဆိတ္လိုက္မိတယ္၊ ၾကင္ယာေတာ္္ခ်င္ရဲ႕ ရည္႐ြယ္ခ်က္ကို သူမမွန္းႏိုင္ဘူး ျဖစ္သြားတယ္၊ သူတို႔ရဲ႕ပြဲေတာ္ရက္ေတြမွာ ႐ိုးရာ၀တ္စုံ မျဖစ္မေန ၀တ္ရ႐ိုးမွန္ရင္ ယြီ၀မ္က်ယ္က မနက္ကတည္းက ေရွာင္းက်န္႔အတြက္ ႀကိဳျပင္ေပးခဲ့မွာေပါ့။

ၾကင္ယာေတာ္္ခ်င္က ဘာလုပ္ခ်င္တာလဲ? ေရွာင္းက်န္႔ကို စမ္းသပ္ခ်င္တာလား?သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို ၾကင္ယာေတာ္္ခ်င္ ရိပ္မိသြားၿပီးလားဆိုတဲ့ သံသယေၾကာင့္ ေရွာင္းက်န္႔လက္ဖ်ားေတြ ေအးလာတယ္၊ ႐ုတ္ခ်ည္းဆိုသလိုပဲ ေရွာင္းက်န္႔လက္ကို ေႏြးေထြးတဲ့တစ္စုံတရာက ရစ္ပတ္လာတယ္၊ လွည့္ၾကည့္လိုက္ေတာ့ ယြီ၀မ္က်ယ္က ေရွာင္းက်န္႔လက္ကို ေထြးဆုပ္ထားေပးၿပီး။

"မရီးေတာ္ရဲ႕ေစတနာကို လက္ခံရမွာေပါ့.. လာ..သြားရေအာင္ေလ"

ေရွာင္းက်န္႔ နည္းနည္းေတာ့ လန္႔လာတယ္၊ ၾကင္ယာေတာ္္ခ်င္ အ၀တ္လဲဖို႔ ေခၚလာတဲ့လူေတြက အမ်ားႀကီးပဲ၊ ဒီေဆြေတာ္မ်ိဳးေတာ္ တစ္သိုက္နဲ႔သာ အတူလဲရရင္ ေရွာင္းက်န္႔ရဲ႕ လွ်ိဳ႕ဝွက္ခ်က္က ဘူးေပၚသလို ေပၚသြားမွာေလ၊ ဒါကို သိတာေတာင္ ယြီ၀မ္က်ယ္က မကူညီဘဲ သူ႔ကိုအတင္းသြားခိုင္းေနတယ္။

ဆြဲေခၚတဲ့ေနာက္ကို မလိုက္ခ်င္ဘဲပါသြားတဲ့ ေရွာင္းက်န္႔ပုံစံက ၾကင္စဦးအခ်ိန္မို႔ ခင္ပြန္းေယာက္်ားနားကေန မခြါႏိုင္တဲ့ ဇနီးအသစ္ေလးနဲ႔တူေနတယ္၊ ဒီလိုျဖစ္ေအာင္လဲ ေရွာင္းက်န္႔က ယြီ၀မ္က်ယ္ကို လွည့္ၾကည့္လွည့္ၾကည့္ လုပ္ေနတာေလ။

တကယ္တမ္း ေရွာင္းက်န္႔က အေဝးကေနၿပီး ယြီ၀မ္က်ယ္ကို မ်က္လုံးအၾကည့္နဲ႔ က်ိန္ဆဲေနတဲ့ အျဖစ္မွန္ကိုေတာ့ ကာယကံရွင္ႏွစ္ေယာက္ပဲ သိၾကတာ။

"ၾကင္စဦးေတြဆိုေတာ့ ခဏေလးေတာင္ မခြဲႏိုင္မခြါရက္ ျဖစ္ေနၾကပါလား"

သူတို႔ကိုၾကည့္ၿပီး ေဘးကလူေတြက စေနာက္ကုန္တယ္။
ေရွာင္းက်န္႔မွာ ပတ္၀န္းက်င္ကို အာ႐ုံမထားႏိုင္ဘူး၊ ေရွ႕မွာႀကဳံရမဲ့ကိစၥေတြကို ရင္ဆိုင္ဖို႔အတြက္ နည္းလမ္းရွာေနရတယ္။

ထင္ထားသလိုပဲ အ၀တ္လဲဖို႔ အခန္းကိုေရာက္တာနဲ႔ ၾကင္ယာေတာ္ခ်င္က အ၀တ္မလဲရေသးတဲ့ ေရွာင္းက်န္႔နားကပ္လာၿပီး ကူညီေပးဖို႔ လုပ္တယ္၊ ေရွာင္းက်န္႔ ျငင္းဆန္ဖို႔ လုပ္ေနတုန္းမွာပဲ တစ္စုံတေယာက္က သူ႔ကိုခါးကေနေပြ႕ကာ ဆြဲေခၚတာကို ခံလိုက္ရတယ္။

အေနာက္ကေန လိုက္လာပုံရတဲ့ ယြီ၀မ္က်ယ္က ညစ္က်ယ္က်ယ္ၿပဳံးေနရင္း ဆိုတယ္။

"အိမ္ေရွ႕စံမိဖုရားကို ကူ၀တ္ေပးဖို႔ အကူေရာက္လာပါၿပီ"

ေဆြေတာ္မ်ိဳးေတာ္ေတြလဲ ပါးစပ္ကို လက္ေတြနဲ႔အုပ္ၿပီး တခစ္ခစ္ ရယ္ကုန္ၾကတယ္။

တကယ္ေတာ့ သူတို႔အားလုံးက ေသြးေအးၿပီး မ်က္ႏွာတည္တဲ့အိမ္ေရွ႕စံကိုပဲ ျမင္ဖူးၾကတာ၊ ဒါေၾကာင့္ ဇနီးအသစ္ေလးနဲ႔ မခြဲႏိုင္မခြါရက္ျဖစ္ေနတဲ့ အိမ္ေရွ႕စံက သူတို႔အတြက္ေတာ့ ထူးျခားေနတယ္။

ၾကင္ယာေတာ္ခ်င္ကေတာ့ မ်က္ႏွာပ်က္သြားၿပီး။

"ဒါ..ဒါက ထုံးတမ္းနဲ႔ မေလ်ာ္ညီပါဘူး.. အိမ္ေရွ႕စံ.. ဒီအခန္းထဲမွာ အမ်ိဳးသမီးေတြပဲ ရွိေနတာမို႔.. အိမ္ေရွ႕စံ.."

ေရွာင္းက်န္႔ခါးေပၚမွာရွိေနတဲ့ ယြီ၀မ္က်ယ္လက္ေတြက ပိုၿပီးတင္းက်ပ္သြားသလို ခံစားလိုက္ရတယ္၊ အဲဒီေနာက္ေတာ့ ေအးစက္ၿပီး အတက္အက်သိပ္မရွိတဲ့ ယြီ၀မ္က်ယ္ရဲ႕ အျငင္းစကားကို ၾကားလိုက္ရတယ္။

"သူက ကိုယ္ေတာ့္ရဲ႕မိန္းမေလ.. ဘာကို မေလ်ာ္ညီတာလဲ?"

ေျပာၿပီးတာနဲ႔ ယြီ၀မ္က်ယ္က ေရွာင္းက်န္႔ကို အခန္းထဲဆြဲသြင္းၿပီး တံခါးကို ဝုန္းခနဲ ပိတ္ခ်လိုက္တယ္။

အခန္းထဲ ေရာက္ေရာက္ခ်င္းမွာပဲ ေရွာင္းက်န္႔က ယြီ၀မ္က်ယ္ရဲ႕ရင္ဘက္ကို လက္သီးနဲ႔ ထိုးပစ္လိုက္တယ္။

"သူသိေနတာလား?"

ထိုးတာခံလိုက္ရေပမဲ့ ယြီ၀မ္က်ယ္က စိတ္မဆိုးဘူး၊ ႏႈတ္္ခမ္းအေရွ႕မွာ လက္ညိဳးတစ္ေခ်ာင္း ေထာင္ျပၿပီး အခုဘာမွ ဆက္မေျပာဖို႔ အခ်က္ျပလိုက္တယ္၊ ေနာက္ေတာ့ ေရွာင္းက်န္႔ကို လိုက္ကာအေနာက္ထဲ ေခၚသြားၿပီး အ၀တ္အစားေတြ ကမ္းေပးလာတယ္။

"မင္းလဲလိုက္.. ကိုယ္ေတာ္က.. ဒီမွာပဲေနမယ္"

ေျပာၿပီးတာနဲ႔ ေရွာင္းက်န္႔ကို ေက်ာခိုင္းၿပီး ရပ္ေနတယ္။
ေရွာင္းက်န္႔ကလဲ ၀တ္စုံကိုယူၿပီး လဲဖို႔လုပ္တယ္၊ အ၀တ္ခြၽတ္သံေတြ ၾကားထဲကေန ခပ္တိုးတိုး ေမးလိုက္တယ္။

"သူဘာလုပ္ခ်င္တာလို႔ မင္းထင္လဲ?"

ယြီ၀မ္က်ယ္က လက္ပိုက္ကာ ေက်ာခိုင္းထားရင္း။

"မသိေသးဘူး.. ထပ္ေစာင့္ၾကည့္တာေပါ့"

"ႏွစ္သစ္ကူးေန႔မွာ ေအးေအးခ်မ္းခ်မ္း မေနၾကဘူးလား.. အိမ္ေရွ႕စံတို႔ခ်ဴေရွာင္းက အင္မတန္ရႈပ္ေထြးတာပဲ"

ေရွာင္းက်န္႔က အ၀တ္လဲေနရင္း ေလွာင္ေျပာင္သလို ေျပာလာတယ္။

"ဒီထက္ရႈပ္ေထြးတာေတြ က်န္ေသးတယ္"

ယြီ၀မ္က်ယ္ဘက္က တစ္ကိုယ္စာၾကား႐ုံ ေရ႐ြတ္တာကို ေရွာင္းက်န္႔က မၾကားလိုက္တာမို႔။

"အမ္?"

ယြီ၀မ္က်ယ္က ျပန္မေျပာေတာ့ဘူး၊ အဲဒီအစား။

"မင္ေက်ာက္မွာေကာ.. ႏွစ္သစ္ကူးရင္ ဘာေတြလုပ္ၾကသလဲ?"

ေရွာင္းက်န္႔က ေခါင္းေလးေစာင္းသြားတဲ့အထိ စဥ္းစားတယ္၊ တကယ္ေတာ့ မင္ေက်ာက္ရဲ႕ႏွစ္သစ္ကူးကလဲ မေအးခ်မ္းလွပါဘူး၊ ႏွစ္သစ္ကူးပြဲေတာ္ေရာက္တိုင္း ရန္ေဖးနဲ႔ ရန္ပြဲတစ္ပြဲေတာ့ ႏႊဲရတတ္တာပဲ၊ ဒါေပမဲ့ ခမည္းေတာ္ကေတာ့ ႏွစ္ကူးေရာက္တိုင္း သူ႔ကို လက္ေဆာင္ေတြအမ်ားႀကီးေပးတယ္၊ မီးရွဴးမီးပန္းၾကည့္ပြဲေတြ လုပ္ေပးတယ္၊ နန္းေတာ္ကေနထြက္ၿပီး ညေစ်းမွာ ေလွ်ာက္လည္ခြင့္ေပးတယ္။

ျဖစ္ရပ္မွန္ေတြ မသိခင္ကာလေတြတုန္းကေတာ့ ေရွာင္းက်န္႔ရဲ႕ ႏွစ္သစ္ကူးညတိုင္းက ေပ်ာ္စရာေကာင္းခဲ့ဖူးတယ္။

ဒါေတြကို ျပန္ေတြးမိေတာ့ ေရွာင္းက်န္႔ ၿပဳံးမိသြားတယ္။

"မၿပီးေသးဘူးလား?"

ေရွာင္းက်န္႔ဘက္က အသံတိတ္သြားေတာ့ ယြီ၀မ္က်ယ္က သူ႔ကို လွမ္းေမးတယ္။

သူတို႔ခ်ဴေရွာင္းမိန္းမပ်ိဳေတြရဲ႕ ႐ိုးရာ၀တ္စုံက ၀တ္ရခက္တယ္၊ မင္ေက်ာက္ထက္ အလႊာအထပ္ေတြမ်ားၿပီး ရႈပ္ေထြးတယ္၊ ယက္ကန္းကထြက္လာတဲ့လက္ရာက မသပ္ရပ္တဲ့အျပင္၊ တပ္ခ်င္တဲ့ ေ႐ႊထည္ေငြထည္ အဆင္တန္ဆာေတြကို ႀကိဳးေတြနဲ႔ အဆင့္ဆင့္ခ်ည္ၿပီး တပ္ရတယ္၊ ပိုလွေအာင္ ဖဲႀကိဳးေတြလဲ ထည့္ထားေပးေသးတာ။

ခက္ရတဲ့အထဲ ယြီ၀မ္က်ယ္က လာၿပီးေလာေနေတာ့ ေရွာင္းက်န္႔ ပိုစိတ္ရႈပ္ေထြးလာတယ္၊ ၾကာေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ၾကင္ယာေတာ္ခ်င္နဲ႔ ေဆြေတာ္မ်ိဳးေတာ္တသိုက္ အခန္းထဲ၀င္လာမွာလဲ စိုးရိမ္ရေသးတာ၊ မွန္မွန္ကန္ကန္၀တ္ႏိုင္ဖို႔ အသားထား ကိုယ္ေပၚမွာ အ၀တ္ကပ္ဖို႔ေတာင္ ေရွာင္းက်န္႔ မနည္းႀကိဳးစားေနရတာ၊ ျပန္ေျပာတဲ့အသံကို နားေထာင္႐ုံနဲ႔တင္ ဘယ္ေလာက္ စိတ္လႈပ္ရွားေၾကာင္း ေပၚလြင္ေနတယ္။

"ပန္ကုန္းက အျပစ္တင္မေနနဲ႔..ဒီခါးပတ္ကလဲ ဘာလို႔ ဒီေလာက္ေတာင္ ပတ္ရခက္တာလဲ.. ဘယ္ေနရာကို သြားခ်ည္ရမွာလဲ.."

ေရွာင္းက်န္႔က လုပ္မရေတာ့ စိတ္ရႈပ္ၿပီး ပြစိပြစိေျပာေနတာ၊ အဲဒီအခ်ိန္မွာပဲ လက္တစ္စုံက သူ႔ခါးေပၚေရာက္လာတယ္။

"ဒီမွာခ်ည္ရတာ"

အေနာက္ကေန ကပ္ေျပာတဲ့အသံ ထြက္လာေတာ့ ေရွာင္းက်န္႔ရဲ႕ နား႐ြက္ဖ်ားေလးေတြက ယားက်ိက်ိ ျဖစ္သြားခဲ့တယ္၊ ယြီ၀မ္က်ယ္က သူ႔ဘက္လွည့္လာၿပီး လက္ထဲက ခါးပတ္ကို ဆြဲယူလိုက္တယ္၊ အေနာက္မွာကပ္ေနတာမို႔ ယြီ၀မ္က်ယ္ ရွဴထုတ္လိုက္တဲ့ ေလပူေတြက ေရွာင္းက်န္႔ ကုပ္ပိုးကို တိုးေဝွ႔ေနၾကတယ္၊ အေနခက္တာမို႔ ေရွာင္ဖို႔လုပ္မိတယ္၊ ဒါေပမဲ့ ယြီ၀မ္က်ယ္က ခါးပတ္ႀကိဳးေန ဆြဲထားလိုက္ၿပီး ေရွာင္းက်န္႔ကို အနားျပန္ကပ္ခိုင္းတယ္။

"မလႈပ္နဲ႔"

ယြီ၀မ္က်ယ္က ခပ္တိုးတိုး ေျပာလာတယ္။

သူ႔လက္ေခ်ာင္းေတြက ခါးပတ္ကို ခါးေပၚမွာ ေသခ်ာေနရာခ်ေပးၿပီး အေနာက္မွာ ခ်ည္ေပးလိုက္တယ္။

အေပၚထပ္စကတ္ကို အျပည့္အစုံ မ၀တ္ရေသးလို႔ပဲလားေတာ့ မသိဘူး၊ ခ်ဴေရွာင္း႐ိုးရာ၀တ္စုံက သိပ္ၿပီးဣေျႏၵမရသလို ခံစားရတယ္၊ အေပၚအက်ႌကတိုလြန္းတယ္၊ လြတ္ေနတဲ့ခါးေနရာကို ေနာက္ဆုံးက်မွ ဖဲႀကိဳးတစ္ခုနဲ႔ပဲ ကာရတယ္၊ ၀တ္လို႔မၿပီးေသးေတာ့ ေသးသြယ္တဲ့ခါးေနရာက လက္ရွိမွာ ေလထုနဲ႔ တိုက္႐ိုက္ထိေတြ႕ေနတယ္။

ခါးပတ္၀တ္ေပးရေတာ့ ယြီ၀မ္က်ယ္ရဲ႕လက္ေခ်ာင္းထိပ္ေတြက မရည္႐ြယ္ပါပဲ အ၀တ္မဖုံးထားတဲ့ ေရွာင္းက်န္႔ရဲ႕ ခါးကို ပြတ္တိုက္သြားတယ္၊ တစ္ႏွစ္ပတ္လုံး လက္နက္ေတြကိုင္ခဲ့ရတဲ့ လက္ေခ်ာင္းထိပ္ေတြက သိသိသာသာ ၾကမ္းတမ္းတယ္၊ ငွက္ေတာင္ေမြးလို ေပ်ာ့ေျပာင္းႏူးညံ့တဲ့ ခါးအတြင္းသားက ၾကမ္းရွရွလက္နဲ႔ ပြတ္တိုက္ခံလိုက္ရေတာ့ ေရွာင္းက်န္႔ ကိုယ္ေလးက တုန္ယင္သြားတယ္။

"က်ပ္ေနလို႔လား?"

ယြီ၀မ္က်ယ္က ခပ္တိုးတိုး ေမးျပန္တယ္။

အေၾကာင္းျပခ်က္မဲ့စြာ တုန္ယင္သြာခဲ့တဲ့ ရင္ဘက္ကို ေရွာင္းက်န႔္ မသိက်ိဳးကြၽန္ျပဳထားၿပီး ေခါင္းခါျပလိုက္တယ္။

"အိမ္ေရွ႕စံရဲ႕..လက္ေတြက ေအးလို႔"

ယြီဝမ္က်ယ္က ဘာမွျပန္မေျပာဘူး၊ ဝတ္စုံကို ဆက္ဝတ္ေပးေနတယ္၊ ဒါေပမဲ့ သူ႔မ်က္လုံးေတြက ေသးသြယ္တဲ့ ခါးေနရာကေန မခြာႏိုင္ခဲ့ဘူး။

လွည့္ၾကည့္လိုက္တဲ့ တခဏမွာ အလင္းအားနည္းေနတဲ့ အခန္းထဲမွာ ျမင္လိုက္ရတဲ့ သြယ္လ်လ်ခါးေလးက ညအေမွာင္ထဲမွာ ေတာက္ပေနတဲ့ ေက်ာက္စိမ္းအဆင္တန္ဆာလိုပဲ။

ေယာက်္ားတစ္ေယာက္ရဲ႕ခါးက ဘာလို႔မ်ား ဒီေလာက္အထိေသးရတာလဲ၊ သူ႔လက္တစ္ဖက္နဲ႔ ညႇစ္လိုက္ရင္ေတာင္ က်ိဳးသြားမယ္ထင္တယ္။

ယြီဝမ္က်ယ္ရဲ႕ လက္ေခ်ာင္းေတြက သူ႔အေတြးကို စိုးမိုးေနတဲ့ေနရာေလးကို ထိကိုင္ခြင့္ရဖို႔အတြက္ ခါးပတ္ရဲ႕ ရႈပ္ေထြးေနတဲ့ ဇာအနားသတ္ေတြ ၾကားထဲကို တိုးဝင္သြားတယ္၊ ဒါေပမဲ့ စိုက္ၾကည့္ေနတဲ့ မ်က္လုံးေတြက ေမွာင္မိုက္သြားၿပီး လႈပ္ရွားမႈေတြက ရပ္တန႔္သြားတယ္။

အထပ္ထပ္ ရႈပ္ေထြးစြာ ယက္လုပ္ထားတဲ့ႀကိဳးေတြ ရစ္ပတ္ေနတဲ့ ခါးေသးေသးမွာ ညိဳမည္းစြဲၿပီးေနာက္ က်န္ရစ္တတ္တဲ့ စိမ္းဝါေရာင္ အမွတ္အသားတစ္ခု ရွိေနတယ္၊ အ႐ြယ္အစားက သူ႔လက္မအ႐ြယ္အစားနဲ႔ အတူတူပဲ။

ဒါ..ဒါက ဟိုရက္က က်န္ခဲ့တာေတြမလား၊ ခါးကို အၾကမ္းပတမ္းကိုင္ၿပီး မညာမတာလုပ္ခဲ့မိလို႔ က်န္ခဲ့တဲ့ အမွတ္အသားေတြ။

ေရွာင္းက်န႔္ သူေအာက္မွာ ေရာက္ေနတဲ့အခ်ိန္မွာ ယြီဝမ္က်ယ္လဲ အဆိပ္မိသလို ျဖစ္သြားၿပီး စိတ္ထဲမွာ ဗလာက်င္းသြားခဲ့တယ္၊ ယြီဝမ္က်ယ္က ေရွာင္းက်န႔္ကို ခါးကေန ထိန္းကိုင္ထားရတာကို သေဘာက်တယ္၊ ေရွာင္းက်န႔္ရဲ႕ ခႏၶာကိုယ္ အစိတ္အပိုင္းတိုင္းက ယြီဝမ္က်ယ္အတြက္ သီးသန႔္လုပ္ထားေပးသလို အံဝင္ခြင္က် ျဖစ္ေနတယ္၊ ခံစားမႈကအစ ယြီဝမ္က်ယ္အႀကိဳက္နဲ႔ ကြက္တိက်တယ္၊ ေရွာင္းက်န႔္ကို သူ႔အတြက္ ဖန္တီးေပးထားတာ၊ ေရွာင္းက်န႔္ ခႏၶာကိုယ္ကို စူးစမ္းရွာေဖြဖို႔ သူ႔မွာတာဝန္ရွိေနသလို ခံစားခဲ့ရတယ္။

အဲဒီေန႔က တကယ္ပဲ စိတ္လြတ္သြားတာမို႔ ေနရာေတာ္ေတာ္မ်ားမ်ား ညိဳမည္းစြဲက်န္ခဲ့တာ၊ ဒါေပမဲ့ ဒီေန႔အထိ အႂကြင္းအက်န္ေတြ ရွိေနလိမ့္မယ္လို႔ေတာ့ ယြီဝမ္က်ယ္လဲ မထင္ခဲ့ဘူးေပါ့။

ယြီဝမ္က်ယ္ရဲ႕အသံရွဴသံက ျပင္းထန္လာတာမို႔ ေရွာင္းက်န႔္တြန႔္သြားတယ္။

"ဘာျဖစ္လို႔လဲ"

စစ္ေျမျပင္မွာ ၫႊန္ၾကားခ်က္ေတြ မျပတ္ေပးၿပီး ႏိုင္ပြဲေတြယူခဲ့တဲ့ ယြီဝမ္က်ယ္ဘဝမွာ ပထမဆုံးအႀကိမ္အျဖစ္ ဘယ္လိုတုံ႔ျပန္ရမွန္းမသိ ျဖစ္သြားတယ္၊ ဒီအတိုင္း မသိခ်င္ေယာင္ေဆာင္ေနရမွာလား၊ ဒါမွမဟုတ္ ေတာင္းပန္စကား ေျပာသင့္လား?

ယြီဝမ္က်ယ္စကားသံက အနည္းငယ္ အက္ရွစြာ ထြက္ေပၚလာတယ္။

"မင္း..မင္းရဲ႕ဒီေနရာမွာ ရွိေနေသး.."

ေရွာင္းက်န႔္မ်က္ႏွာ ျဖန္းခနဲရဲတက္သြားခဲ့တယ္၊ ယြီဝမ္က်ယ္ ေျပာခ်င္တာကို ေရွာင္းက်န႔္ သိလိုက္တယ္။

ေရွာင္းက်န႔္က အသားအေရက ငယ္ငယ္ကတည္းက ျဖဴတာ၊ အထူးသျဖင့္ ေနမထိတဲ့ေနရာေတြက ႏွင္းပြင့္ေတြလို ႏုနယ္တယ္၊ ေနာက္ၿပီး သူ႔ရဲ႕နာမည္ဂုဏ္သတင္းနဲ႔ လိုက္ဖက္ေအာင္ ခႏၶာကိုယ္တစ္ခုလုံးကို အေကာင္းဆုံးအရာေတြနဲ႔ ျပဳစုခံခဲ့တာမို႔ သူ႔ရဲ႕အေရျပားက ဒဏ္ရာျဖစ္လြယ္တယ္။

ေဆးမိတဲ့ညတုန္းက အာ႐ုံေထြျပားၿပီး ယြီဝမ္က်ယ္ကို ဝမ္ရိေပၚအထင္နဲ႔ ဖ်ားေယာင္းခဲ့မိတယ္၊ ႏိုးလာေတာ့ ျမင္လိုက္ရတဲ့ အမွတ္အသားေတြကိုျမင္ၿပီး ညက သူတို႔ႏွစ္ေယာက္လုံး ဆာေလာင္ေနတဲ့သားရဲေတြလို ၾကမ္းတမ္းခဲ့မယ္ဆိုကို ခံစားလို႔ရေနတယ္၊ တျခားေနရာက အမွတ္ေတြက တျဖည္းျဖည္းနဲ႔ ေလ်ာ့ပါးသြားတာေတာင္ ခါးေပၚကတစ္ခုက က်န္ေနတုန္းပဲ။

ညိဳမည္းစြဲေနတာဆိုေပမဲ့ မနာေတာ့ပါဘူး၊ ဒါေပမဲ့ ေရွာင္းက်န႔္က အသားျဖဴေတာ့ နည္းနည္း ၾကည့္ရတာ ေၾကာက္စရာေကာင္းသလို ျဖစ္ေနတာ၊ အခုဒါကို ယြီဝမ္က်ယ္ျမင္သြားေတာ့ ေရွာင္းက်န႔္ မ်က္ႏွာပူလာတယ္၊ ယြီဝမ္က်ယ္ကို က်ိန္ဆဲပစ္ခ်င္ေပမဲ့ တမင္မူပိုၿပီး ေျပာတဲ့ပုံစံ ေပါက္သြားမွာ စိုးရေသးတယ္၊ ႏွစ္ေယာက္စလုံးက ျဖစ္ၿပီးသားကိစၥကို ျပန္မေျပာျဖစ္ဘဲ ေမ့ထားရာကေန အခုလို ႐ုတ္တရက္ႀကီး ထ,ေျပာလိုက္တာက အေတာ္ေလးကို ေနရခက္သြားေစတယ္။

ယြီဝမ္က်ယ္က တံေတြးၿမိဳခ်မိၿပီး ေရွာင္းက်န္႔ရဲ႕ ေက်ာျပင္ကို ဖိကပ္လိုက္တယ္၊ ေရွာင္းက်န္႔က ယြီဝမ္က်ယ္ရင္ခြင္ထဲ ေရာက္သြားတာမို႔ ေႏြးသြားတယ္၊ အဲဒီေနာက္ေတာ့ ပိုမိုအက္ကြဲသြားတဲ့ ယြီဝမ္က်ယ္စကားသံ ထြက္ေပၚလာတယ္။

"အဲဒီေန႔ကအတြက္..ကိုယ္..ကိုယ္ေတာ္"

ေတာင္းပန္စကား ေျပာခ်င္ေပမဲ့ စကားလုံးေတြက လည္ေခ်ာင္းဝမွာ တစ္ဆို႔ေနတယ္။

ေရွာင္းက်န႔္ကလဲ သူေျပာတာကို မေစာင့္ဘဲ ျပန္႐ုန္းထြက္လိုက္ၿပီး ယြီဝမ္က်ယ္လက္ထဲက ဖဲႀကိဳးကိုဆြဲယူတယ္၊ အဲဒီေနာက္ေတာ့ ယြီဝမ္က်ယ္ကို မၾကည့္ဘဲ ေအာက္ငုံ႔ၿပီး ဖဲႀကိဳးခ်ည္ေနရင္း ခပ္တိုးတိုး ျပန္ေျပာလာတယ္။

"အိမ္ေရွ႕စံက ဘာမွေတာင္းပန္စရာမလိုဘူး.. အဲဒီညကကိစၥက လူ႔အသက္ကိုကယ္ေပးတာသက္သက္ပဲ တျခားအေၾကာင္းအရင္းလဲ ရွိစရာမလိုဘူး"

ေအးစက္စက္နဲ႔ စည္းျခားလိုတဲ့ ေရွာင္းက်န႔္ပုံစံက ယြီဝမ္က်ယ္ကို ဆူးနဲ႔ထိုးလိုက္သလို ခံစားရေစတယ္၊ လက္ေခ်ာင္းထိပ္မွာရွိခဲ့တဲ့ ေႏြးေထြးမႈေလးကလဲ တမုဟုတ္ခ်င္း ေပ်ာက္ကြယ္သြားတယ္။

ေရွာင္းက်န႔္က ဆက္ေျပာလာတယ္။

"က်န္တာကို ကိုယ့္ဘာသာပဲ ဆက္လုပ္လိုက္မယ္.. အိမ္ေရွ႕စံျပန္ထြက္လိုက္ပါ.. အထဲမွာအေနၾကာရင္ သံသယျဖစ္ေနၾကလိမ့္မယ္"

ေရွာင္းက်န႔္ကို တုံ႔ျပန္လာတာကေတာ့ တံခါးေဆာင့္ပိတ္သြားတဲ့အသံပါပဲ။

ယြီဝမ္က်ယ္က ခန္းမထဲကို ျပန္သြားၿပီး ထိုင္ေနတယ္၊ ခန္းမထဲက မီးေသြးမီးဖိုက ပူလြန္းတဲ့အတြက္ ယြီဝမ္က်ယ္ ေနရတာ မသက္မသာ ျဖစ္လာတယ္၊ ခ်ဴေရွာင္းဧကရာဇ္လဲ ႂကြလာၿပီ၊ အာဏာျပေနတာမ်ိဳးမရွိဘူး၊ အရွိန္အဝါနဲ႔ ျပည့္စုံတယ္၊ အထူးသျဖင့္ ယြီဝမ္က်ယ္ကို ၾကည့္ေနတဲ့မ်က္လုံးေတြက ႏူးညံ့ေနၾကတယ္။

"႐ႊမ္အာ.. ဘာျပသနာရွိလို႔လဲ?"

ယြီဝမ္က်ယ္ ျပန္ေျဖဖို႔လုပ္တုန္းမွာပဲ အေရွ႕တည့္တည့္မွာ ထိုင္ေနတဲ့ယြီဝမ္ခ်န္းက ၾကားျဖတ္ၿပီး ေျပာတယ္။

"အိမ္ေရွ႕စံက သူ႔ရဲ႕အသစ္စက္စက္ဇနီးေလးကို မရီးေတာ္က ႏိုင္က်င့္လိုက္မွာစိုးရိမ္ၿပီး.. အေနာက္ကေန လိုက္သြားေပမဲ့ ၾကည့္ရတာ ေမာင္းထုတ္ခံလိုက္ရတယ္ထင္တယ္"

ယြီဝမ္က်ယ္က ၿပဳံးလိုက္ၿပီး။

"အစ္ကိုေတာ္ကေတာ့ ေနာက္ေနပါၿပီ"

ခ်ဴေရွာင္းဧကရာဇ္ကလဲ အတူရယ္လိုက္ၿပီး။

"႐ႊမ္အာက အလွေလးကို ဘယ္လိုပ်ိဳးေထာင္ရမွန္း ေကာင္းေကာင္းသိေနၿပီဆိုေတာ့ တကယ္ပဲ လူလားေျမာက္သြားၿပီ ထင္တယ္"

"ညီေတာ္က အခုလက္ရွိ အခ်စ္ေရးမွာ နစ္ေမ်ာေနတယ္ဆိုေတာ့.."

ယြီဝမ္ခ်န္းက စေနာက္ေနတဲ့ေလသံကေန ေျပာင္းလဲလိုက္ၿပီး။

"တိုက္ရည္ခိုက္ရည္က အရင္လို ဟုတ္ေသးရဲ႕လားဆိုတာ သိခ်င္မိပါရဲ႕"

ယြီဝမ္က်ယ္က လက္ထဲမွာကိုင္ထားတဲ့ ေသရည္ကို အရင္ေမာ့လိုက္ၿပီး ခြက္ျပန္ခ်လိုက္တယ္။

"အစ္ကိုေတာ္က ဒီႏွစ္ေကာ ယွဥ္ၿပိဳင္ခ်င္ေသးတာပဲလား?"

"ညီေတာ္ဆီကေန ပညာယူခ်င္တာပါ"

ယြီဝမ္ခ်န္းက ျပန္ေျပာတယ္။

သူတို႔အျပန္အလွန္ ေျပာဆိုေနတုန္းမွာပဲ ဆူညံေနခဲ့တဲ့ခန္းမက အသံတိတ္က်သြားတယ္၊ လူတိုင္းရဲ႕မ်က္လုံးေတြက အျမင့္မွာထိုင္ေနတဲ့ လူႏွစ္ေယာက္ဆီမွာပဲ စုၿပဳံက်လာတယ္။

မ်က္ႏွာခ်င္းဆိုင္ထိုင္ေနတဲ့ ညီအစ္ကိုႏွစ္ေယာက္က အၾကည့္ခ်င္း စစ္ခင္းေနၾကတာမို႔ ေလထုထဲကို မီးပြားေတြ လြင့္စင္လာသလို ခံစားရလိမ့္မယ္။

"ေကာင္းတယ္..ေကာင္းတယ္"

ထိပ္တိုက္ေတြ႕ေနတဲ့ အေျခအေနကို ခ်ဴေရွာင္းဧကရာဇ္က ၾကားကေန ရယ္ရယ္ေမာေမာနဲ႔ ဝင္ေရာက္ဖ်န္ေျဖတယ္။

"တကယ္ကို ခ်ဴေရွာင္းရဲ႕ သားေကာင္းရတနာေတြ.."

ခ်ဴေရွာင္းဧကရာဇ္က ေသရည္ခြက္ေျမႇာက္ၿပီး ဆက္ေျပာဖို႔လုပ္ေပမဲ့ စကားကတစ္ဝက္တျပတ္နဲ႔ ရပ္တန႔္သြားတယ္၊ သူ႔ရဲ႕မ်က္လုံးေတြက ဝင္ေပါက္တည့္တည့္ကို စိုက္ၾကည့္ေနခဲ့တယ္။

ခန္းမတံခါးပြင့္လာၿပီး အထဲကို လွပတဲ့ဝတ္စုံေတြကို ဆင္ျမန္းထားတဲ့ အမ်ိဳးသမီး ေဆြေတာ္မ်ိဳးေတာ္တသိုက္ ဝင္လာၾကတယ္၊ ပတ္ဝန္းက်င္ေလထုကလဲ တမုဟုတ္ခ်င္း ေမႊးပ်ံ႕သြားခဲ့တယ္၊ သူတို႔ရဲ႕အလယ္မွာ လွည့္ၾကည့္လာတဲ့လူတိုင္းကို အာ႐ုံမလႊဲႏိုင္ေအာင္ ဖမ္းစားထားလိုက္ႏိုင္တဲ့ လူတစ္ေယာက္ရွိေနတယ္။

ထိုသူက အရပ္ရွည္သူမို႔ အမ်ားထဲမွာ ေပၚလြင္လြန္းတယ္၊ အနီေရာင္ေပၚမွာ ေ႐ႊခ်ည္ထိုးထားတဲ့ဝတ္စုံက သူ႔ရဲ႕ျဖဴဝင္းတဲ့ အသားအေရကို ပိုၿပီးထင္လင္းသြားေစတယ္၊ ပိတုန္းေရာင္ဆံႏြယ္ေတြကို ေက်ာမွာျဖန႔္ခ်ထားၿပီး ပတၱျမားနဲ႔မဟူရာ ေရာေႏွာတန္ဆာဆင္ထားတဲ့ ေခါင္းေဆာင္းကို ေဆာင္းထားတယ္၊ မ်က္ခုံးတန္းႏွစ္ခုရဲ႕ အလည္တည့္တည့္မွာ တလည္းသီးလိုနီရဲတဲ့ ပတၱျမားတစ္လုံး တြဲေလာင္းက်ကာ လႈပ္လီလႈပ္လဲ့ျဖစ္ေနတယ္၊ သီတန္းထားတဲ့ ရတနာႀကိဳးတခ်ိဳ႕ကို ဆံႏြယ္ေတြၾကားမွာ တြယ္ဆက္ၿပီး ခ်ထားတာမို႔၊ ေျခလွမ္းေတြကို ညင္သာစြာ လႈပ္ရွားလိုက္တိုင္း ခ်ိဳလြင္တဲ့အသံေတြ ထြက္လာတတ္တယ္။

ေ႐ႊနားသတ္ အနီေရာင္ပဝါက အေနာက္မွာ ရွည္လ်ားစြာ က်ေနတယ္၊ ပိတ္က်ဲသားအထပ္ထပ္နဲ႔ ခ်ဳပ္ထားတဲ့ ဝတ္႐ုံရွည္က မိုးမခကိုင္းလို ရွည္သြယ္ ခႏၶာကိုယ္ေအာက္ပိုင္းမွာ က်နစြာေနရာယူတယ္၊ ေခါင္းေလာင္းငယ္ေလးေတြကို ေ႐ႊႀကိဳးနဲ႔သီၿပီး သြယ္လ်တဲ့ခါးမွာ ရစ္ပတ္တန္ဆာဆင္ထားတယ္။

ေျဖာင့္စင္းတဲ့ေျခတံေတြက က်ဴပင္လို သြယ္လ်လွပတယ္၊ လွမ္းလိုက္တိုင္း အေရွ႕ခြဲေၾကာင္း ေအာက္ကေန ေပၚလာတတ္တဲ့ ေပါင္တံျဖဴျဖဴမွာ ေ႐ႊကြင္းတစ္ခုကို ရစ္ပတ္ဝတ္ဆင္ထားတယ္၊ အဲဒီကြင္းကေန တြဲေလာင္းက်ေနတဲ့ ေ႐ြႀကိဳးေလးေတြရဲ႕ အဆုံးသတ္မွာေတာ့ ႏူးညံ့တဲ့ လင္းယုန္ငွက္ရဲ႕အေမြးအေတာင္ေတြ တြယ္ခ်ိတ္ထားတယ္။

လင္းယုန္ငွက္က ခ်ဴေရွာင္းသူရဲေကာင္းေတြရဲ႕ သေကၤတပါ၊ အခုခ်ိန္မွာေတာ့ အလွေလးရဲ႕ ႏွင္းလိုျဖဴတဲ့ ေပါင္တံမွာ ရစ္တြယ္ၿပီး အလွဆင္ထားခံရတယ္၊ စြဲမက္စရာေကာင္းတဲ့အရာေတြကို ဒီလိုႏႈိင္းယွဥ္ျပထားတာက လူေတြရဲ႕စိတ္ကို မ႐ိုးမ႐ြျဖစ္သြားေစတယ္။

မင္ေက်ာက္မင္းသမီးရဲ႕အလွက ယုံတမ္းစကားေတြထဲက ထက္ေတာင္ သာလြန္ေနေသးတယ္၊ ေကာလဟလေတြက မင္းသမီးရဲ႕အလွကို စာဖြဲ႕ႏိုင္ခဲ့ေပမဲ့ ပတ္ဝန္းက်င္အေပၚ သက္ေရာက္ေနတဲ့ သူ႔အရွိန္အဝါကိုေတာ့ လုံလုံေလာက္ေလာက္ ေဖာ္ျပႏိုင္ခဲ့ျခင္း မရွိဘူး။

ခ်ဴေရွာင္းမွာ ေရွးယခင္ကတည္းက အမ်ိဳးသမီးေတြကို ေယာက္်ားေတြရဲ႕ အသုံးေတာ္ခံပစၥည္းလို သတ္မွတ္ထားခဲ့တာမို႔ ဝတ္စုံေတြကလဲ ေယာက္်ားေတြကို ဆြဲေဆာင္ဖို႔ အဓိကရည္႐ြယ္တယ္၊ ဒါေၾကာင့္ ႐ိုးရာဝတ္စုံ အမ်ားစုက အေနာက္တိုင္းက ကေခ်သည္ေတြ ဝတ္ဆင္ေလ့ရွိတဲ့ ေပၚေပၚေလာ္ေလာ္ ဝတ္စုံေတြ မ်ားတယ္။

ဒါေပမဲ့ မင္ေက်ာက္မင္းသမီး ဒီဝတ္စုံကို ဝတ္ဆင္လိုက္ခ်ိန္မွာေတာ့ မီးလွ်ံၾကားက အနီရဲရဲႏွင္းဆီတစ္ပြင့္လို လွပေနတာကို ျမင္ၾကရတယ္၊ ေက်ာ့ရွင္းတဲ့နဖူးျပင္ေပၚက လႈပ္လီလႈပ္လဲ့ ပတၱျမားအဆင္တန္ဆာ ေအာက္မွာေတာ့ မာန္ပါၿပီး ေတာ္ဝင္ဟိတ္ဟန္ေတြနဲ႔ ျပည့္ဝေနတဲ့ မ်က္ႏွာေလးကို ရွိေနတယ္၊ ဖီးနစ္မ်က္ဝန္းေတြက လေရာင္စမ္းတဲ့စိမ့္စမ္းေရလို ေတာက္ပေနတယ္၊ မ်က္စိအၾကည့္ကေတာ့စူးရဲၿပီး ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အရည္မေပ်ာ္ႏိုင္တဲ့ ေရခဲကန္လို တည္တံ့ေအးစက္လြန္းတယ္။

ေလာကႀကီးအတြက္ေတာ့ မင္ေက်ာက္မင္းသမီးရဲ႕အလွက ေသေစႏိုင္တဲ့ လွ်ိဳ႕ဝွက္လက္နက္တစ္ခုလိုပဲ၊ ေယာက္်ားေတြကို ေသြးပြက္ပြက္ဆူေစၿပီး ကေမာက္ကမျဖစ္ေအာင္ ဖန္တီးႏိုင္တဲ့အလွမ်ိဳး၊ စြဲလန္းၿပီး ပိုင္ဆိုင္ခ်င္ေအာင္ျပဳစားႏိုင္တဲ့ အလွမ်ိဳး၊ လက္ေမာင္းေသြး ေသာက္ခ်င္တယ္လို႔ ေျပာလာရင္ေတာင္ အလိုလိုက္ၿပီး ေဖာက္တိုက္မိေစမဲ့ အလွမ်ိဳး၊ တစ္ဦးတည္းအပိုင္အျဖစ္ သိမ္းဖြက္ထားခ်င္မိတဲ့ အလွမ်ိဳးပဲ။

ခန္းမထဲမွာရွိေနတဲ့ လူတိုင္းက သူ႔ကို သမင္လည္ျပန္ ေငးေမာမိကုန္ၾကတယ္။

အဲဒီအထဲမွာ ယြီဝမ္က်ယ္လဲ ပါတယ္၊ က်န္တဲ့လူေတြနဲ႔ ကြာျခားတာကေတာ့ ယြီဝမ္က်ယ္က သတိလက္လြတ္နဲ႔ လက္ထဲက ေသရည္ခြက္ကို ဖိကိုင္ထားမိတာပဲ။

'ဒါ ငါ့ဇနီးပဲ' ဆိုတဲ့ စကားတစ္ခြန္းကေတာ့ ယြီဝမ္က်ယ္ရင္ထဲမွာ အလီလီ ပဲ့တင္ထပ္ေနခဲ့တယ္။

ေရွာင္းက်န႔္ အနားမေရာက္ခင္မွာပဲ ယြီဝမ္က်ယ္က မတ္တပ္ရပ္လိုက္ၿပီး ေရွာင္းက်န႔္ကို လက္တစ္ဖက္ ကမ္းေပးလိုက္တယ္၊ ေရွာင္းက်န႔္ကလဲ ယြီဝမ္က်ယ္လက္ကို အလိုက္သင့္ကိုင္ၿပီး ထိုင္ခ်လိုက္တယ္၊ လူခ်င္းေတြ႕ေတြ႕ခ်င္းမွာပဲ အနားကပ္ၿပီး ေရွာင္းက်န႔္ေျပာလာတာက။

"ဒီအက်ႌက ရႈပ္ေထြးလြန္းတယ္..ပန္ကုန္းမွာ အစကို တက္နင္းၿပီး ေခ်ာ္လဲေတာ့မလို႔"

ယြီဝမ္က်ယ္လဲ မေအာင့္ႏိုင္ဘဲ ၿပဳံးမိသြားတယ္။

အဲဒီေနာက္ေတာ့ အားလုံဆီကေန ခ်ီးက်ဴေထာပနာ ျပဳသံေတြ ထြက္လာတယ္၊ ခ်ဴေရွာင္းဧကရာဇ္ဆို ေရွာင္းက်န႔္ကို ဆုခ်လိုက္တဲ့ ရတနာေတြမွ အမ်ားႀကီးပဲ၊ ေရွာင္းက်န႔္က ေက်းဇူးတင္ေၾကာင္းေျပာၿပီး လက္ခံလိုက္တယ္၊ အဲဒီေနာက္ေတာ့ အစားအေသာက္ကိုပဲ အာ႐ုံပို႔ထားတယ္။

ထင္ထားသလိုပဲ ခ်ဴေရွာင္းရဲ႕ ႏွစ္သစ္ကူး ႀကိဳဆိုပြဲက မင္ေက်ာက္ေလာက္ မၿမိဳင္ဆိုင္ဘူး၊ ဒါေပမဲ့ သိုးေကာင္လုံးကင္ရဲ႕ အသားလႊာေတြကေတာ့ ေမႊးပ်ံ႕႐ုံမကဘူး၊ လွ်ာေပၚတင္တာနဲ႔ ေပ်ာ္က်သြားသလို ႏူးညံ့တယ္၊ ယြီဝမ္က်ယ္က ေရွာင္းက်န႔္စားဖို႔အတြက္ ဓားနဲ႔ဂ႐ုတစိုက္ လွီးျဖတ္ၿပီးေကြၽးတယ္။

ေရွာင္းက်န႔္က ယြီဝမ္က်ယ္ကို တားအုံးမလို႔ဘဲ၊ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး စိတ္ခ်ေက်နပ္ေနပုံရတဲ့ ခ်ဳေရွာင္းဧကရာဇ္ေၾကာင့္ လႊတ္ထားေပးလိုက္မိတယ္၊ အသားကို နည္းနည္းစီစားေနရင္း ၾကာလာေတာ့ ခါးေပၚတဲ့ဝတ္စုံ ဝတ္ထားရတာကို သတိရသြားၿပီး ထပ္မထည့္ေပးေတာ့ဖို႔ ယြီဝမ္က်ယ္ကို လက္ကာျပလိုက္တယ္။

"ဗိုက္ျပည့္သြားၿပီလား?"

ေရွာင္းက်န႔္က ေခါင္းညိတ္ျပလိုက္ၿပီး ခန္းမထဲကို လွမ္းၾကည့္ရင္း ေမးတယ္။

"ခ်ဴေရွာင္းရဲ႕ႏွစ္သစ္ကူးက အဆိုအကေတြ မပါဘူးလား?"

"ေပ်ာ္စရာေကာင္းတာ ျမင္ခ်င္တာလား?"

"အင္းေပါ့ ႏွစ္သစ္ကူးစားပြဲ မဟုတ္လား"

ယြီဝမ္က်ယ္က ၿပဳံးလိုက္ၿပီး။

"မင္းသမီး လန႔္သြားမွာ စိုးရိမ္လို႔ပါ"

"..."

ယြီဝမ္က်ယ္က ဆက္မေျပာေတာ့ဘူး၊ လက္ထဲကဓားကို ခ်ထားလိုက္ၿပီး ပိုးပဝါနဲ႔ လက္ေခ်ာင္းေတြကို ျဖည္းျဖည္းခ်င္း သန႔္ရွင္းေရးလုပ္ေနတယ္၊ တစ္ခ်ိန္တည္းမွာပဲ မ်က္ႏွာခ်င္းဆိုင္ခုံက ယြီဝမ္ခ်န္းကလဲ ဓားကိုပစ္ခ်လိုက္တယ္၊ ဓားက ခုံကိုထိုးေဖာက္ၿပီး စိုက္ဝင္သြားခဲ့တယ္။

ပတ္ဝန္းက်င္က ခ်က္ခ်င္းဆိုသလိုပဲ တိတ္က်သြားတယ္၊ ယြီဝမ္က်ယ္က ပိုးပဝါကိုခ်ထားလိုက္ၿပီး စေမးတယ္။

"စားလို႔ၿပီးသြားၿပီလား အစ္ကိုေတာ္"

"အဆင္သင့္ပါပဲ ညီေတာ္"

ေရွာင္းက်န႔္ လန႔္ဖ်ပ္သြားတယ္၊ ေဘးက ယြီဝမ္က်ယ္ကေတာ့ ထရပ္လိုက္ၿပီး ႐ိုင္းစိုင္းမာန္ဖီတဲ့ က်ားသစ္နက္တစ္ေကာင္လို အေပၚဝတ္႐ုံကိုဆြဲခြၽတ္ကာ ႂကြက္သားေတြကို ျပသလိုက္တယ္။

ထိုအခ်ိန္ အားမာန္အျပည့္ပါၿပီး တက္ႂကြလြန္းတဲ့ စစ္ခ်ီဗုံသံက ခန္းမထဲမွာ လြင့္ပ်ံေနခဲ့တဲ့ ေတးသံသာကို အစားထိုးသြားတယ္၊ ခန္းမအလယ္မွာ ျပင္ဆင္ထားတဲ့စင္ျမင့္က ကျပေဖ်ာ္ေျဖဖို႔ မဟုတ္ဘဲ၊ စီးခ်င္းထိုးၿပီး ယွဥ္တိုက္ဖို႔အတြက္ ျဖစ္ေနခဲ့တာလား။

အျဖစ္အပ်က္က ျမန္ဆန္လြန္းတာမို႔ ေရွာင္းက်န႔္မွာ လိုက္မမီႏိုင္ေအာင္ ျဖစ္ရတယ္၊ သူ႔ဘက္က ေငးေၾကာင္ေနတုန္းမွာပဲ ယြီဝမ္က်ယ္တို႔ ညီအစ္ကိုႏွစ္ေယာက္က စင္ျမင့္ေပၚမွာ အသင့္ေနရာယူၿပီးၾကၿပီ။

ယြီဝမ္ခ်န္းက ႐ုတ္ခ်ည္းထေျပာတယ္။

"ဒီႏွစ္လဲ ကံေကာင္းအုံးမယ္လို႔ ေတြးေနတုန္းလား ညီေတာ္?"

ယြီဝမ္က်ယ္က ျပန္ေျပာတယ္။

"အစ္ကိုေတာ္သာႏိုင္ခဲ့ရင္ ညီေတာ္က ဘာမဆို လိုက္ေလ်ာမွာပါ"

"ေကာင္းၿပီေလ"

ယြီဝမ္ခ်န္က ေက်နပ္သြားဟန္နဲ႔ ေရွာင္းက်န႔္ဘက္ကို လွည့္ၾကည့္လာတယ္။

သူ႔ရဲ႕ေမွာင္မိုက္ညစ္ေထြးတဲ့ အၾကည့္ေတြက ေရွာင္းက်န႔္ခႏၶာကိုယ္ကို ဓားတစ္ေခ်ာင္းလို ေဖာက္ထြင္း ျဖတ္သန္းသြားခဲ့တယ္၊ အဲဒီေနာက္ေတာ့ သူလိုခ်င္တာကို တစ္လုံးခ်င္း ထုတ္ေျပာလိုက္တယ္။

"သူ႔ရဲ႕..ေ႐ႊေျခစြပ္ကို ယူမယ္"

ေရွာင္းက်န႔္ေပါင္မွာ စြပ္ထားရတဲ့ ေ႐ႊေျခစြပ္က ၾကင္ရာေတာ္ခ်င္ပဲ ေပးထားတာ၊ ခ်ဴေရွာင္းအမ်ိဳးသမီးေတြ ဝတ္ေလ့ရွိတဲ့ ေ႐ႊေျခစြပ္အေၾကာင္းကိုလဲ ေရွာင္းက်န႔္က ေဆြေတာ္မ်ိဳးေတာ္ မိန္းကေလးေတြဆီက ၾကားခဲ့ၿပီးသား၊ ခ်ဴေရွာင္းဓေလ့မွာ ေျခစြပ္ရွိေနတဲ့ မိန္းကေလးဆိုတာက ပိုင္ရွင္ရွိတဲ့သေဘာကို ဆိုလိုတာ၊ အမ်ိဳးသမီးေပါင္မွာ ဝတ္ထားတဲ့ေျခစြပ္ကို သူ႔ပိုင္ရွင္ျဖစ္တဲ့ ခင္ပြန္းသည္ လင္ေယာက္်ားကပဲ ခြၽတ္ခြင့္ရွိတယ္။

ေနာက္ပိုင္းမွာ ခ်ဴေရွာင္းက အလယ္ပိုင္းေဒသနဲ႔ ပိုနီးစပ္လာၿပီး ႐ိုးရာယဥ္ေက်းမႈေတြ ေျပာင္းလဲလာတာမို႔ ေျခစြပ္စြပ္ထားရတဲ့ဓေလ့က တိမ္ေကာလုနီးနီးျဖစ္ေနၿပီ၊ ဒါေပမဲ့ ယြီဝမ္ခ်န္းေျပာလိုက္တဲ့ တခဏမွာေတာ့ ေရွာင္းက်န္႔ေပါင္မွာစြပ္ထားရတဲ့ေ႐ႊကြင္းက မီးၿမိဳက္ထားသလို ပူသြားတယ္။

ဒါေပမဲ့ ခန္းမထဲမွာရွိေနတဲ့ ဘယ္သူကမွ ယြီဝမ္ခ်န္းရဲ႕ ႐ိုင္းစိုင္းၿပီး အရွက္မဲ့လြန္းတဲ့စကားကို ထူးဆန္းတယ္လို႔ ေတြးပုံမေပၚဘူး၊ ခ်ဴေရွာင္းဧကရာဇ္ဆို အလွေလးကိုေတာ့ ဘယ္သူကလက္လြတ္ခံႏိုင္မွာလဲဆိုၿပီး စေနာက္ကာ ရယ္လိုက္ေသးတယ္။

အမ်ိဳးသမီးေတြကို အလဲအလွယ္လုပ္တဲ့ ပစၥည္းတစ္ခုလို သေဘာထားတဲ့ ခ်ဴေရွာင္းကို မ်က္ျမင္ေတြ႕လိုက္ရေတာ့ ေရွာင္းက်န႔္မွာ အေတာ္ေလး စိတ္ပ်က္သြားတယ္။

ေရွာင္းက်န႔္ေဘးမွာထိုင္ေနတဲ့ ၾကင္ရာေတာ္ခ်င္ကေတာ့ ေရွာင္းက်န႔္ကို ခပ္ၿပဳံးၿပဳံးနဲ႔ ၾကည့္လာၿပီး။

"ေယာက္မေတာ္ စိတ္အေႏွာင့္အယွက္ ျဖစ္ေနၿပီထင္တယ္"

တည္ၿငိမ္ေနတဲ့ ၾကင္ရာေတာ္ခ်င္မ်က္ႏွာကို ျမင္ေတာ့ ေရွာင္းက်န႔္ ေပၚတင္ပဲ ထုတ္ေမးလိုက္တယ္။

"ဒီလိုေျပာတာကို စိတ္မဆိုးဘူးလား?"

"မိန္းမကိစၥေတြက ေရွာင္လႊဲလို႔မွမရတာ.. မင္းမဟုတ္လဲ တျခားသူ ထပ္ရွိလာမွာပဲ.. မင္းသာဆိုရင္ေတာ့ သူမ်ားထက္ ပိုေကာင္းတာေပါ့ မဟုတ္ဘူးလား"

ေနာက္ဆုံးေတာ့ ေရွာင္းက်န႔္ပဲဆြံ႕အၿပီး ေျပာစရာမဲ့သြားတာပါ။

စစ္ခ်ီဗုံသံက ပိုမိုျမန္ဆန္လာတယ္၊ ခန္းမထဲမွာ အေမႊးတိုင္တစ္တိုင္ကို စတင္ထြန္းညႇိလိုက္ခ်ိန္မွာေတာ့ စင္ေပၚက လူႏွစ္ေယာက္ စတင္ၿပီး တိုက္ခိုက္ေတာ့တယ္၊ ယြီဝမ္ခ်န္းက ယြီဝမ္က်ယ္ဆီ တစ္ဟုန္ထိုး ေျပးဝင္သြားတာလို႔ ေျပာရင္ေတာ့ ပိုမွန္တယ္။

ေရွာင္းက်န႔္ အသက္ရွဴပါ ေအာင့္ထားမိသြားခဲ့တယ္။

ယြီဝမ္ခ်န္းက ယြီဝမ္က်ယ္ကို အညႇာအတာကင္းမဲ့စြာ တိုက္ခိုက္တယ္၊ သူ႔ဆီမွာ အမွန္တကယ္ တိုက္ခိုက္သတ္ျဖတ္လိုတဲ့ အရိပ္အေယာင္ေတြ ျမင္ေနရတယ္၊ ေရွာင္းက်န႔္ စိုးရိမ္ၿပီး ပတ္ဝန္းက်င္ကို လိုက္ၾကည့္တယ္၊ ဘယ္သူကမွ သူ႔ေလာက္ လႈပ္လႈပ္ရွားရွား ျဖစ္မေနဘူး၊ ဒါကို ၾကင္ရာေတာ္ခ်င္က သတိထားမိသြားပုံရၿပီး ခပ္တိုးတိုး ေျပာလာတယ္။

"ႏွစ္သစ္ကူး စီးခ်င္းထိုးပြဲဆိုတာက ဒီလိုပဲ ျပင္းထန္တယ္..အေမႊးတိုင္းတစ္တိုင္စာ ပြဲခ်ိန္အတြင္းမွာ ယွဥ္ၿပိဳင္သူ ႏွစ္ေယာက္ထဲက တစ္ေယာက္ေသသြားမွ ဒါမွမဟုတ္ တစ္ဖက္က ေက်ေက်နပ္နပ္ လက္နက္ခ်အရႈံးေပးလိုက္ေတာ့မွ ပြဲၿပီးတယ္လို႔ သတ္မွတ္တယ္"

အသက္ေသသြားရင္ေတာင္ ကိစၥမရွိဘူးဆိုတဲ့ သေဘာလား။

ေရွာင္းက်န႔္ ေက်ာ႐ိုးထဲကေန စိမ့္သြားခဲ့တယ္၊ စီးခ်င္းထိုးတဲ့ၿပိဳင္ပြဲေတြ အမ်ားႀကီး ၾကည့္ခဲ့ဖူးေပမဲ့၊ သူေသကိုယ္ေသ ရက္ရက္စက္စက္ တိုက္တာမ်ိဳးေတာ့ သူမၾကည့္ဖူးဘူး၊ ခ်ဴေရွာင္းအတြက္ ႏွစ္သစ္ကူးပြဲဆိုတာက မိသားစုေတြ ခ်စ္ခ်စ္ခင္ခင္နဲ႔ ျပန္ဆုံစည္းၾကတဲ့ အဓိပၸါယ္မဟုတ္ဘူးလား?

ရန္ေဖးနဲ႔ ေရွာင္းက်န႔္တို႔ေတာင္ ႏွစ္သစ္ကူးပြဲေရာက္ရင္ အခ်င္းခ်င္း သည္းညည္းခံၿပီး ရန္မလုပ္ၾကဘူးေလ။

"ႏွစ္တိုင္းဒီလိုပဲလား?"

"ႏွစ္တိုင္းဒီလိုပဲ.. လက္ရွိအိမ္ေရွ႕စံ အသက္ ၅ ႏွစ္အ႐ြယ္မွာ ပထမဆုံး စီးခ်င္းထိုးပြဲ စၿပိဳင္တယ္.. အဲဒီပြဲမွာ မင္းသားႀကီးက ရႈံးသြားတာမို႔ အေရွ႕နန္းေဆာင္ကို လက္လႊတ္ခဲ့ရတယ္.. ႏွစ္တိုင္းဒီအခ်ိန္ေရာက္ဖို႔ သူေစာင့္ေနခဲ့တာ"

ေရွာင္းက်န႔္မွာ အသက္ရွဴမဝေတာ့သလို ျဖစ္လာတယ္။

ၾကင္ရာေတာ္ခ်င္က ၾကမ္းတမ္းတဲ့သားရဲေတြလို အခ်င္းခ်င္း တိုက္ခိုက္ေနၾကတဲ့ ညီအစ္ကိုႏွစ္ေယာက္ကို ၾကည့္ေနရင္း ၿပဳံးလိုက္ၿပီး။

"ဒါက ခ်ဴေရွာင္းရဲ႕ထုံးတမ္းပဲ.. အႏိုင္ရတဲ့သူက ဘုရင္.. ခ်ဴေရွာင္းရဲ႕ထီးနန္းနဲ႔ ဂုဏ္သေရကို အရက္စက္ အၾကမ္းၾကဳတ္ဆုံး သူရဲေကာင္းကသာ ပိုင္ဆိုင္ခြင့္ရတယ္"

"ဧကရာဇ္ကလဲ ဒီအတိုင္း ၾကည့္ေနသလား?"

"သူ႔အသက္ ၃၀ အ႐ြယ္မွာ သူ႔ညီေတာ္နဲ႔ စီးခ်င္းထိုးရင္း သတ္ပစ္ႏိုင္ခဲ့လို႔ အခုလိုဧကရာဇ္ျဖစ္ၿပီး ထီးနန္းကို စိုးစံခဲ့တာ"

ၾကင္ရာေတာ္ခ်င္ရဲ႕ေလသံက သိပ္မထူးျခားတဲ့ကိစၥတစ္ခု ျပန္ေျပာေနသလို ေပါ့ေပါ့ပါးပါးပဲ။

"႐ူးေနၾကတာပဲ"

ေရွာင္းက်န႔္က ခပ္တိုးတိုး ေရ႐ြတ္လိုက္တယ္။

ေတာ္ဝင္မိသားစုၾကားက ထီးနန္းလုပြဲေတြရဲ႕ ျပင္းထန္မႈကို မသိလို႔ မဟုတ္ဘူး၊ မင္ေက်ာက္မွာပဲ ျဖစ္ျဖစ္၊ တျခားတိုင္းျပည္ပဲျဖစ္ျဖစ္ မိသားစုၾကားမွာ အာဏာဆိုတဲ့အရာပါလာရင္ ေသြးေခ်ာင္းစီးတတ္ၾကတာပဲ၊ ဒါေပမဲ့ အသက္ကို ၾကက္ကေလးငွက္ကေလးလို သတ္ပစ္ရေလာက္ေအာင္အထိ ေသြးစြန္းေနတဲ့ ထီးနန္းလုပြဲမ်ိဳးကိုေတာ့ သူ႔ဘဝမွာ ပထမဆုံး ျမင္ဖူးျခင္းပဲ၊ အေမႊးတိုင္တစ္ေခ်ာင္းက ေပးထားတဲ့အခ်ိန္က လူႏွစ္ေယာက္ရဲ႕ အသက္ကို အဆုံးအျဖတ္ေပးထားတာမို႔ ကိုယ့္ဘက္က အရင္ဦးေအာင္ အေသအေၾကတိုက္ႏိုင္မွ အသက္ရွင္ႏိုင္ေျခ မ်ားလိမ့္မယ္။

"အေမႊးတိုင္က တစ္ေခ်ာင္းစာဆိုတာက တိုလြန္းတယ္.. ဒီအတိုင္းအတာေလာက္နဲ႔ ရည္မွန္းခ်က္ႀကီးလြန္းတဲ့ မင္းသားႏွစ္ပါးကို အဆုံးအျဖတ္ေပးႏိုင္ဖို႔ ခက္တယ္.. သူတို႔ထဲကတစ္ေယာက္ ေသသြားရင္ေတာ့ အေကာင္းဆုံးပဲ.. ဒါမွ ဒီလိုညင္းပန္းမႈမ်ိဳး တို႔ေတြထပ္မခံစားရေတာ့မွာ"

ေရွာင္းက်န႔္က မ်က္လုံးႀကီးျပဴးၿပီး ၾကင္ရာေတာ္ခ်င္ကို လွည့္ၾကည့္မိသြားတယ္၊ ၾကင္ရာေတာ္ခ်င္က ၿပဳံးတုံ႔တုံ႔နဲ႔ ျပန္ၾကည့္လာၿပီး။

"အစ္မေတာ္က ေနာက္တာပါ"

စင္ေပၚမွာ ေသြးေတြအမ်ားႀကီး ျမင္ေနရၿပီ၊ ယြီဝမ္ခ်န္းရဲ႕ ညာလက္မွာက သံခြၽန္ေတြပါတဲ့ လက္အိတ္ဝတ္ထားတယ္၊ သူက ညာလက္သီးကိုအားျပဳၿပီး ယြီဝမ္က်ယ္ကို တိုက္ခိုက္တယ္၊ ယြီဝမ္က်ယ္ အေတာ္ေလး ထိခိုက္ထားလိမ့္မယ္ထင္တယ္၊ ေရွာင္းက်န႔္ မ်က္ေမွာက္ၾကဳတ္သြားၿပီး။

"ၿပိဳင္ပြဲကမညီမွ်ဘူး"

"စီးခ်င္းထိုးတဲ့ေနရာမွာ တားျမစ္ခ်က္ မယ္မယ္ရရမရွိဘူး.. ရန္သူ႔လက္ထဲမွာ ဘာရွိေနလဲဆိုတာကို ႀကိဳတင္ အကဲမခတ္ႏိုင္တဲ့ အိမ္ေရွ႕စံကိုပဲ အျပစ္တင္ရမယ္.. စစ္ေျမျပင္က စစ္သည္ေတြလဲ ဒီလိုပဲေလ ႐ိုးသားေနရင္ ကိုယ္ပဲခံရလိမ့္မယ္"

လက္သီးအားက ျပင္းလြန္းတဲ့အတြက္ ယြီဝမ္က်ယ္ ၾကမ္းျပင္ေပၚကို လွဲခ်ခံလိုက္ရတယ္၊ ယြီဝမ္ခ်န္းက မရပ္မနားထိုးတဲ့အခါ ယြီဝမ္က်ယ္မ်က္ႏွာတစ္ခုလုံး ေသြးေတြနဲ႔ ဖုံးသြားတယ္။

ေရွာင္းက်န႔္ တကယ္ပဲ ေၾကာက္လန႔္လာတာမို႔ အသက္ရွဴ ျမန္လာတယ္။

ေရွာင္းက်န႔္ သည္းမခံႏိုင္ဘူး၊ ယြီဝမ္က်ယ္မ်က္ႏွာ ဒီလိုေသြးစြန္းေနတာမ်ိဳး ေရွာင္းက်န႔္ မၾကည့္ႏိုင္ဘူး၊ ဒါက ေျမေအာက္အက်ဥ္းေထာင္ထဲမွာ ႏွိပ္စက္ခံထားရတဲ့ ဝမ္ရိေပၚကို ျပန္အမွတ္ရသြားေစတယ္၊ ေရွာင္းက်န႔္ ႏွလုံးသားကလဲ အတူတကြအထိုးခံရသလို နာလာတယ္။

ကံေကာင္းခ်င္ေတာ့ ယြီဝမ္က်ယ္က ၾကာၾကာခံမေနဘူး၊ ခပ္ျမန္ျမန္ျပန္ထလာတယ္၊ ႏွစ္ေယာက္သားက ေတာနက္ထဲက စာနာမႈနဲ႔ခံစားခ်က္မရွိတဲ့ သားရဲေတြလို တိုက္ခိုက္တယ္၊ တစ္ေယာက္ကိုတစ္ေယာက္ သတ္ပစ္ဖို႔ တစ္ခုပဲ ေခါင္းထဲမွာ ရွိၾကတယ္။

ေရွာင္းက်န႔္ရဲ႕ စိတ္ပူပန္မႈက အျမင့္ဆုံးကိုေရာက္လာၿပီး လက္သီးက်စ္က်စ္ပါေအာင္ ဆုပ္ထားမိတယ္၊ တကယ္ေတာ့ ယြီဝမ္က်ယ္က အစပိုင္းမွာ အေလွ်ာ့ေပးထားခဲ့တာ၊ လဲက်သြားၿပီး ျပန္ထလာေတာ့မွသာ ယြီဝမ္က်ယ္ အစစ္အမွန္ကို ျမင္လိုက္ရတယ္၊ ယြီဝမ္က်ယ္က က်ားသစ္နက္တစ္ေကာင္လိုပဲ သန္မာလြန္းတယ္၊ သူက ရန္သူကိုခုန္အုပ္ၿပီး ခြၽန္ထက္တဲ့လက္သည္းေတြနဲ႔ လည္မ်ိဳကို ဖမ္းဆုပ္ထား လိုက္တယ္။

ေရွာင္းက်န႔္ကေတာ့ အေမြးတိုင္ ျမန္ျမန္ေလာင္သြားဖို႔ပဲ ဆုေတာင္းေနရတယ္။

အဲဒါက ဝမ္ရိေပၚ မ်က္ႏွာေလ၊ ဝမ္ရိေပၚမ်က္ႏွာက ဒီလို ေသြးမစြန္းသင့္ဘူး၊ ရက္စက္ၾကမ္းၾကဳတ္တဲ့ လူသတ္သမားလို ေၾကာက္စရာေကာင္းေနလို႔ မျဖစ္ဘူး။

အဲဒီအခ်ိန္မွာပဲ ဗုံသံ ၃ ခ်က္ ထြက္လာတယ္။

ဒုန္း ဒုန္း ဒုန္း ! ! !

အေမႊးနံ႔ေပ်ာက္သြားၿပီး ျပာပဲက်န္ခဲ့ခ်ိန္မွာေတာ့ စင္ေပၚက လူႏွစ္ေယာက္ကို အတင္းဆြဲခြာလိုက္တယ္၊ သူတို႔ကိုယ္မွာ ေသြးခ်င္းခ်င္းနီေနတယ္။

အေမႊးတိုင္ တစ္ေခ်ာင္းစာဆိုတာက တိုလြန္းတယ္၊ ဒီအတိုင္းအတာေလာက္နဲ႔ ရည္မွန္းခ်က္ ႀကီးလြန္းတဲ့ မင္းသားႏွစ္ပါးရဲ႕ အႏိုင္အရႈံးကို အေျဖမေပးႏိုင္ခဲ့ဘူး၊ ဒါကို မဆုံးျဖတ္ႏိုင္သ၍ ေနာက္လာမဲ့ႏွစ္ေတြမွာလဲ အဆုံးမရွိတဲ့ စီးခ်င္းထိုးပြဲေတြ ရွိေနအုန္းမွာပဲ။

အႀကီးအက်ယ္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနတဲ့ ယြီဝမ္က်ယ္ကို ျမင္လိုက္ရေတာ့ ေရွာင္းက်န႔္ရဲ႕ ပူေလာင္ေနတဲ့စိတ္က ျပန္ၿပီးေအးခဲသြားတယ္၊ ရက္စက္လြန္းတဲ့ ခ်ဴေရွာင္းရဲ႕ထုံးတမ္းကိုပဲ အျပစ္တင္ရမလား၊ ေတာ္ဝင္ေသြးသားေတြၾကားက နည္းပါးလွတဲ့သံေယာဇဥ္ကိုပဲ စိတ္မေကာင္းျဖစ္ရမလားဆို သူမသဲကြဲေတာ့ဘူး။

ယြီဝမ္က်ယ္ ဘဝတစ္ေလ်ာက္လုံး... ဒီလိုပုံစံအတိုင္း ရွင္သန္ခဲ့ရတာလား?

ေရွာင္းက်န႔္မွာေတာ့ ယြီဝမ္က်ယ္ကို အံ့ၾသဆြံ႕အစြာ ၾကည့္ေနမိတယ္။

ယြီဝမ္က်ယ္က သူ႔ကိုမၾကည့္ဘူး၊ ေခါင္းငုံ႔ခ်ထားရင္း စင္ေပၚမွာ ျဖည္းညင္းစြာ ထ,ရပ္လိုက္တယ္၊ သံလက္အိတ္နဲ႔ ျခစ္မိထားတဲ့ ဒဏ္ရာ ၅ ခ်က္က လည္ပင္းမွာ အတန္းလိုက္ေနရာယူတယ္၊ ဒါလဲ သူက နာက်င္ပုံမရဘူး၊ ေရွ႕ဆက္မလွမ္းခင္မွာ လက္ေျမႇာက္ၿပီး လည္ပင္းမွာထြက္ေနတဲ့ေသြးေတြကို သုတ္ခ်လိုက္တယ္၊ ၿပီးမွ စင္ေပၚကေန တစ္လွမ္းခ်င္း ဆင္းလာတယ္။

ဒယီးဒယိုင္နဲ႔ ေလွ်ာက္လာတဲ့ ယြီဝမ္က်ယ္ကို ေရွာင္းက်န႔္ ၾကည့္ေနမိတယ္၊ သူ မတ္တပ္ထရပ္လိုက္တဲ့ပုံစံကို ျမင္ရေတာ့ ေရွာင္းက်န႔္ လက္ေခ်ာင္းေတြ တုန္ယင္သြားတယ္၊ အဲဒီအခ်ိန္ ယြီဝမ္က်ယ္ပခုံးေပၚကေန ေက်ာ္ၾကည့္မိေတာ့ စင္ေပၚက မဆင္းေသးတဲ့ ယြီဝမ္ခ်န္းက လက္ကို႐ုတ္ခ်ည္းေျမႇာက္လိုက္ၿပီး သံလက္အိတ္ထဲမွာဖြက္ထားတဲ့ လွ်ိဳ႕ဝွက္ျမားကို ပစ္လိုက္တယ္။

"သတိထား!!"

လက္ရွိမွာ ေရွာင္းက်န႔္ခႏၶာကိုယ္က သူ႔ဦးေႏွာက္ထက္ ပိုမိုလ်င္ျမန္စြာ တုံ႔ျပန္သြားတယ္၊ ေရွာင္းက်န႔္က ယြီဝမ္က်ယ္ကို လွမ္းဆြဲလိုက္ၿပီး ျမားကိုလက္နဲ႔ အျမန္ဖမ္းထားဖို႔ လုပ္မိတယ္၊ ဒါေပမဲ့ ျမားကအရွိန္မ်ားလြန္းတဲ့အတြက္ ေရွာင္းက်န႔္လက္ဖဝါးထဲကေန ေခ်ာ္ထြက္သြားၿပီး ျပတ္ရွဒဏ္ရာတစ္ခု ခ်န္ထားခဲ့တယ္။

ယြီဝမ္က်ယ္ကေတာ့ အေရွ႕ကို ၿပိဳက်လာတယ္၊ ေရွာင္းက်န႔္က လက္ဆန႔္ထုတ္ၿပီး ဖက္ထားလိုက္တယ္။

ယြီဝမ္က်ယ္က ေရွာင္းက်န႔္ကို ေမာ့ၾကည့္လာတယ္၊ သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ေနမိတယ္၊ ႏွစ္ေယာက္လုံးရဲ႕ ရင္ခုန္သံက အဲဒီအခ်ိန္မွာ ထပ္တူညီေနေလာက္တယ္။

ယြီဝမ္က်ယ္အၾကည့္က ေရွာင္းက်န႔္ရဲ႕စိတ္ဝိညာဥ္အထိ ေဖာက္ထြင္းၿပီး ျမင္ခ်င္ေနတဲ့အတိုင္း နက္ရႈိင္းလြန္းတယ္၊ ေရွာင္းက်န႔္မွာ မိုးႀကိဳးပစ္ခံရသလို ေတာင့္တင္းသြားၿပီး ယြီဝမ္က်ယ္ကို ျပန္ၾကည့္ေနမိတယ္၊ စူးရွလြန္းတဲ့အၾကည့္ေတြမွာ ခါတိုင္းနဲ႔မတူတဲ့ ခံစားခ်က္ အရိပ္အေငြ႕ေတြပါေနတာကို အျပန္အလွန္ ခံစားလို႔ရေနတယ္။

သိပ္ကိုတူလြန္းတယ္။

ယြီဝမ္က်ယ္နဲ႔ ဝမ္ရိေပၚကို တူတယ္လို႔ ေရွာင္းက်န႔္ ဘယ္တုန္းကမွ မထင္ခဲ့ဖူးဘူး၊ ဒါေပမဲ့ အခုသူ႔ကို ၾကည့္ေနတဲ့မ်က္လုံးေတြက နက္နဲလြန္းၿပီး အဆုံးမရွိတဲ့ ခံစားခ်က္မ်ိဳးစုံ ပါဝင္ေနတယ္၊ အၾကည့္တစ္ခ်က္နဲ႔တင္ ေရွာင္းက်န႔္ရင္ကို ပရမ္းပတာ ခုန္လႈပ္သြားေအာင္ လုပ္လိုက္ႏိုင္တယ္။

ယြီဝမ္က်ယ္ဆီ ဘာေၾကာင့္ေျပးထြက္သြားမိမွန္း ေရွာင္းက်န႔္ကိုယ္တိုင္ေတာင္ မသိဘူး၊ ဒီလူက ဝမ္ရိေပၚမ်က္ႏွာနဲ႔မို႔ ေရွာင္းက်န႔္ရဲ႕မသိစိတ္နဲ႔ခႏၶာကိုယ္က သူ႔ကိုတုံ႔ဆိုင္းေတြေဝခြင့္မျပဳခဲ့တာ ျဖစ္ႏိုင္တယ္။

ဒဏ္ရာရသြားတဲ့ ေရွာင္းက်န႔္လက္ဖဝါးကို ငုံ႔ၾကည့္ေနရင္း ယြီဝမ္က်ယ္မ်က္လုံးေတြက မီးဝင္းဝင္းေတာက္လာတယ္။

"ခ်န္းအာ.. မင္းက သူရဲေကာင္းတစ္ေယာက္ ေစာင့္စည္းရမဲ့ စည္းကမ္းကို ခ်ိဳးေဖာက္လိုက္ၿပီ.. အခုခ်က္ခ်င္း ေအာက္ဆင္းၿပီး အျပစ္ဒဏ္လက္ခံ"

ခ်ဴေရွာင္းဧကရာဇ္က ေအးစက္စြာ ေျပာလိုက္တယ္။

မ်က္ကြယ္ကေန လွ်ိဳ႕ဝွက္ျမားနဲ႔ ပစ္ခတ္တယ္ဆိုတာက ရွက္စရာေကာင္းတဲ့ အျပဳအမူလို႔ သတ္မွတ္တယ္၊ ဒါေပမဲ့ ယြီဝမ္ခ်န္းက ေတာ္ဝင္ဂုဏ္သိကၡာဆိုတာကိုလဲ ဂ႐ုစိုက္ပုံမရဘူး၊ မထီတရီရယ္လိုက္ၿပီး ထြက္သြားဖို႔ လုပ္တယ္၊ အဲဒီအခ်ိန္မွာပဲ ယြီဝမ္က်ယ္က ျဖည္းျဖည္းခ်င္းထရပ္ၿပီး ေနာက္လွည့္ၾကည့္ကာ တစ္လုံးခ်င္းေျပာတယ္။

"မင္းရႈံးျပန္ၿပီ အစ္ကိုေတာ္"

ယြီဝမ္ခ်န္က ဟြန႔္ခနဲ ႏွာမႈတ္လိုက္ၿပီး လွည့္ထြက္သြားတယ္။

ယြီဝမ္က်ယ္က ေရွာင္းက်န႔္ကို ျပန္ၾကည့္လာတယ္၊ မ်က္လုံးေတြက နီေနတုန္းပဲ၊ ဒါေပမဲ့ အဲဒါက အႏိုင္ရသူတစ္ေယာက္ရဲ႕ ေပ်ာ္႐ႊင္မႈမီးေတာက္ေလး ကခုန္ေနတာေၾကာင့္ ေတာက္ပေနတာပါ။

ေရွာင္းက်န႔္မွာ ယြီဝမ္က်ယ္ကို ေၾကာင္အမ္းအမ္း ရပ္ၾကည့္ေနရင္း ရင္ေတြအဆမတန္ခုန္လာတယ္။

ယြီဝမ္က်ယ္က ေရွာင္းက်န႔္အေရွ႕မွာ ဒူးတစ္ဖက္ေထာက္ထိုင္ကာ ေရွာင္းက်န႔္ရဲ႕ေျခက်င္းဝတ္ကို ဆြဲယူၿပီး ေထာက္ထားတဲ့ဒူးေပၚမွာ တင္လိုက္တယ္၊ ေနာက္ေတာ့ ေကြးထားတဲ့ေရွာင္းက်န႔္ဒူးကို နဖူးနဲ႔လာထိထားတယ္။

အားလုံးအေရွ႕မွာပဲ ယြီဝမ္က်ယ္လက္က သူ႔ဝတ္စုံရဲ႕ခြဲေၾကာင္းေအာက္ကို တိုးဝင္သြားတယ္၊ ေသြးစြန္းေနတဲ့လက္ေခ်ာင္းထိပ္ေတြက ေရွာင္းက်န႔္ရဲ႕ေပါင္တံေဖြးေဖြးကို ပြတ္တိုက္သြားၿပီး ေနာက္ဆုံးမွာေတာ့ ဝတ္ထားတဲ့ ေ႐ႊေျခကြင္းကို ဆြဲျဖဳတ္လိုက္ေတာ့တယ္။

ယြီဝမ္က်ယ္ရဲ႕လက္ေခ်ာင္းထိပ္ေတြက ပူေလာင္လြန္းတာမို႔ ေရွာင္းက်န႔္တုန္ယင္လာတယ္။

အဲဒီေနာက္ေတာ့ ယြီဝမ္က်ယ္က မတ္တပ္ရပ္လိုက္ၿပီး ေရွာင္းက်န႔္ကို ကုပ္ပိုးကေန ဆြဲေခၚကာ ႏႈတ္ခမ္းလႊာေတြကို မက္ေမာစြာ ဖိကပ္နမ္းရႈိက္လိုက္ေတာ့တယ္။

next 🥰

Continue Reading

You'll Also Like

5.7K 282 56
Cassie DeMarco is the girl who became abused by her boyfriend, but what happens when she moves with her family to Beacon Hills where she meets Scott...
287K 13.6K 50
[COMPLETED] Do Kyungsoo and Kim Jongin were happily marriedㅡuntil Jung Soojung entered the picture. Kyungsoo was pregnant that time and Soojung was...
192K 6.2K 22
Kuzuryu Nao, the 2nd daughter of the head of her clan, is sent to marry the head of the Uchiha clan Uchiha Madara to strengthen the bonds of the two...
2.9K 133 17
・゜・♱・゜・ 𝚃𝚑𝚎 𝚋𝚘𝚢𝚜, 𝚝𝚑𝚎 𝚐𝚒𝚛𝚕𝚜, 𝚝𝚑𝚎𝚢 𝚊𝚕𝚕 𝚕𝚒𝚔𝚎 𝙲𝚊𝚛𝚖𝚎𝚗. 𝚂𝚑𝚎 𝚐𝚒𝚟𝚎𝚜 𝚝𝚑𝚎𝚖 𝚋𝚞𝚝𝚝𝚎𝚛𝚏𝚕𝚒𝚎𝚜, 𝚋𝚊𝚝𝚜 �...